17/06/2026
နှစ်မျိုးစပ် ဘိလပ်မြေအခြေခံရေလုံဆေး AquaCem 100 နှင့် AquaCem 200 Flex က ဘာကွာလဲ?
🔰AquaCem 100 (နှစ်မျိုးစပ် ဘိလပ်မြေ အခြေခံ ရေလုံဆေး)
ဧရိယာသိပ်မကျယ်သည့် ရေချိုးခန်း၊ အိမ်သာနှင့် ဝရံတာ များတွင် ရေစိမ့်မှုမှ ကာကွယ်ရန်အတွက် AquaCem 100 ရေလုံဆေးကို အသုံးပြုရန် လိုအပ်ပါသည်။
ထိုနေရာများတွင် AquaCem 100 နှစ်မျိုးစပ် ဘိလပ်မြေ အခြေခံ ရေလုံဆေးကို အသုံးပြုသင့်ပြီး AquaCem 100 အသုံးပြုထားသော ရေလုံဆေး အပေါ်တွင် တော်ပင် (သို့) ကြွေပြား ကပ်ရန် လိုအပ်ပါ သည်။
AquaCem 100 - (25 kg) တစ်စုံတွင် ဆေးရည် (20) kg နှင့် ဆေးမှုန့် (5) kg ပါဝင်ပြီး တစ်စုံ လျှင် 1 ကျင်းခန့် အသုံးပြုနိုင်ပါတယ်။
🔰AquaCem 200 Flex (ကျုံ့ကြွဒဏ်ခံ နှစ်မျိုးစပ် ဘိလပ်မြေ အခြေခံ ရေလုံဆေး)
ဧရိယာ ကျယ်ဝန်းသည့် အမိုးစလပ်၊ ရေကူးကန်နှင့် လသာဆောင်များသည် ရေထိတွေ့မှုဒဏ်၊ တုန်ခါမှုဒဏ်နှင့် အက်ကွဲဒဏ်တို့ကို ခံရသဖြင့် ကျုံ့ကြွမှုဒဏ်ခံ AquaCem 200 Flex ရေလုံဆေးကို အသုံးပြုသင့်သည်။
AquaCem 200 FLex အသုံးပြုထားသော ရေလုံဆေး အပေါ်တွင် တော်ပင် (သို့) ကြွေပြား ကပ်ရန် လိုအပ်သည်။
AquaCem 200 Flex တွင် ထုတ်ပိုးမှု Size အနေဖြင့် (4) kg နှင့် (28) kg နှစ်မျိုး ရှိပြီး (4) kg ထုတ်ပိုးမှု ပုံစံတွင် ဆေးမှုန့် (3) kg နှင့် ဆေးရည် (1) kg ပါရှိကာ (28) kg ထုတ်ပိုးမှု ပုံစံတွင် ဆေးမှုန့် (21) kg နှင့် ဆေးရည် (7) kg ပါရှိပါသည်။
✅အသုံးပြုမည့် နေရာပေါ်မူတည်၍ အသုံးပြုသင့်သည့် ရေလုံဆေး အမျိုးအစား အကြောင်း အသေးစိတ် သိရှိလိုပါက Aung Pyitan နှင့် တိုင်ပင် ဆွေးနွေးနိုင်ပါသည်။
Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅09 881 881 420