Aung Pyitan

Call Directions Website Contact the business

Aung Pyitan Technical Expert on -
• Construction Chemicals
• Construction Machinery
• Engineering Consultation
(1)

✨မင်္ဂလာရှိသော ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများ ဒီရေအလား ကြီးပွါးတိုးတက်ကြပါစ...
24/10/2026

✨မင်္ဂလာရှိသော ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများ ဒီရေအလား ကြီးပွါးတိုးတက်ကြပါစေကြောင်း Aung Pyitan မှဆုမွန်ကောင်း တောင်းအပ်ပါသည်။ ✨

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ရက် (စနေနေ့)မှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် (အင်္ဂါနေ့)အထိသည် Aung Pyitan ၏ ရုံးပိတ်ရက် ဖြစ်ပါကြောင်း လေးစားစွာဖြင့် ကြိုတင်သတိပေး အကြောင်းကြားအပ်ပါသည်။

🔰ရေယိုစိမ့်နေသော အမိုးစလပ်ကို စနစ်တကျ ဘယ်လို ပြုပြင်မလဲ။ ‌ရေစိမ့်မှုကို ပြုပြင်ရာတွင် ရွေးချယ်သည့် ရေလုံဆေး အမျိုးအစားကိ...
19/10/2026

🔰ရေယိုစိမ့်နေသော အမိုးစလပ်ကို စနစ်တကျ ဘယ်လို ပြုပြင်မလဲ။

‌ရေစိမ့်မှုကို ပြုပြင်ရာတွင် ရွေးချယ်သည့် ရေလုံဆေး အမျိုးအစားကိုသာမက ပြုပြင်သည့် နည်းစနစ်မှန်ကန်ရန်လည်း လိုအပ်သည်။

🔰စနစ်တကျပြုပြင်ပုံ အဆင့်ဆင့်မှာ

(၁)ကွန်ကရိမျက်နှာပြင်ကို သန့်ရှင်းပြင်ဆင်ခြင်း
ရေလုံဆေး ကောင်းစွာကပ်ငြိနိုင်ရန် ကွန်ကရိမျက်နှာပြင်ပေါ်ရှိ မကောင်းသော ကွန်ကရိအလွှာများ၊ ဆီ၊ ဖုန်မှုန့်နှင့် အညစ်အကြေးများကို Grinding ပြုလုပ်၍ သေချာစွာ ဖယ်ရှားပေးရမည်။

(၂)အက်ကွဲကြောင်းများကို စစ်ဆေးပြုပြင်ခြင်း
ကွန်ကရိအမိုးစလပ်တွင် အက်ကွဲကြောင်းများ ရှိနေပါက အက်ကြောင်း၏ အခြေအနေနှင့် အနက်ကို စစ်ဆေးပြီး သင့်လျော်သော ပြုပြင်ပစ္စည်းကို ရွေးချယ်အသုံးပြုရန် လိုအပ်သည်။
အပေါ်ယံအက်ကွဲကြောင်းများကို ပြုပြင်ရာတွင် Epoxy အခြေခံကော် APT Epoxy 100 ကို အသုံးပြုနိုင်ပြီး အတွင်းပိုင်းအက်ကွဲကြောင်းများကို ပြုပြင်ရာတွင် APT Epobond 200 ကို အသုံးပြုနိုင်သည်။

(၃) အသုံးပြုမည့် နေရာအလိုက် ရေလုံဆေးမှန်ကန်စွာ ရွေးချယ်ခြင်း
ကျယ်ဝန်းသော ကွန်ကရိအမိုးစလပ်တွင် ရေယိုစိမ့်မှုကို ပြုပြင်ရန်အတွက် ကျုံ့ကြွမှုဒဏ်ခံနိုင်သော ဘိလပ်မြေအခြေခံရေလုံဆေး APT AquaCem 200 Flex ကို အသုံးပြုနိုင်ပြီး ဧရိယာကျဉ်းသော အမိုးစလပ်များတွင် ဘိလပ်မြေအခြေခံရေလုံဆေးAPT AquaCem 100 ကို အသုံးပြုနိုင်ပါသည်။
တော်ပင်မတင်ချင်သော အမိုးစလပ်များနှင့် ၊ ကြွေပြားကပ်ပြီးသော အမိုးစလပ်များတွင် UVဒဏ်နှင့် ပွတ်တိုက်မှုဒဏ်ခံနိုင်သော အသင့်သုံးရေလုံသုတ်ဆေး APT RoofGuard Classicကို အသုံးပြုနိုင်ပါသည်။

✅အသုံးပြုမည့်နေရာနှင့် လုပ်ငန်းအခြေအနေအလိုက် သင့်လျော်သော ရေလုံဆေးနှင့် အသုံးပြုပုံနည်းများကို Aung Pyitan နှင့် အသေးစိတ် ဆွေးနွေးနိုင်ပါသည်။

Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅ 09 881 881 420

18/10/2026

ကွန်ကရိကြမ်းခင်းတွေမှာ APT Floor Hardener ကို ဘာကြောင့် အသုံးပြုသင့်တာလဲ?

🔰ရေလုံဆေးမသုံးလို့ အဆောက်အဦအတွင်း ရေစိမ့်ဝင်ရင် ဘာတွေဖြစ်နိုင်လဲ🔰အဆောက်အဦအတွင်း ရေစိမ့်ဝင်မှုဖြစ်ပေါ်ပါက နံရံနှင့် မျက်...
13/10/2026

🔰ရေလုံဆေးမသုံးလို့ အဆောက်အဦအတွင်း ရေစိမ့်ဝင်ရင် ဘာတွေဖြစ်နိုင်လဲ🔰

အဆောက်အဦအတွင်း ရေစိမ့်ဝင်မှုဖြစ်ပေါ်ပါက နံရံနှင့် မျက်နှာကျက်များတွင် မှိုတက်ခြင်း၊ ဆေးသားများ ဖောင်းတက်ခြင်း၊ ပလာစတာကွာကျခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ ထို့အပြင် ကွန်ကရိအတွင်းရှိ သံချောင်းများ သံချေးတက်လာပါက အဆောက်အဦ၏ ခိုင်ခံ့မှုကိုပါ ထိခိုက်လာနိုင်ပါသည်။

ရေစိမ့်ဝင်မှုကို အချိန်မီ မပြုပြင်ပါက ပျက်စီးမှုများ ပိုမိုများပြားလာနိုင်ပြီး ပြုပြင်ထိန်းသိမ်းစရိတ်လည်း ပိုမိုကုန်ကျနိုင်ပါသည်။ ထို့ကြောင့် ရေစိမ့်ဝင်မှုမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ခြင်းနှင့် သင့်တော်သော ရေလုံဆေးများ အသုံးပြုခြင်းတို့သည် အရေးကြီးပါသည်။

✅ရေလုံဆေး အသုံးပြုသည့်အခါ ရေလုံဆေး ကြာရှည်ခံရန် အောက်ခံမျက်နှာပြင်ကို သန့်ရှင်းရေး သေချာ ပြုလုပ်ပြီးမှ ရေလုံဆေး အသုံးပြုသင့်သည်။

✅ရေစိမ့်ဝင်မှုကို ကြိုတင် ကာကွယ်ရန်အတွက် APT construction chemical Brandဖြစ်သော ဘိလပ်မြေ အခြေခံရေလုံဆေး APT AquaCem 100 နှင့် APT AquaCem 200 Flex၊ Acrylic အခြေခံ Exposed Type အသင့်သုံးရေလုံသုတ်ဆေးဖြစ်သော APT RoofGuard Classic တို့ကို ရွေးချယ် အသုံးပြုနိုင်သည်။

📌ရေလုံဆေး ရွေးချယ်ရာတွင် အသုံးပြုမည့်နေရာပေါ်မူတည်၍ အသုံးပြုသင့်သည့် ရေလုံဆေး အမျိုးအစားကို Aung Pyitan နှင့် အသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅ 09 881 881 420

အက်ကြောင်းတွေကို ဖာထေးပြုပြင်ပေးနိုင်တဲ့ နှစ်မျိုးစပ် ပတ်တီးကော် APT Epoxy 100
12/10/2026

အက်ကြောင်းတွေကို ဖာထေးပြုပြင်ပေးနိုင်တဲ့ နှစ်မျိုးစပ် ပတ်တီးကော် APT Epoxy 100

✅အက်ကြောင်းတွေ ဖာထေးဖို့ နှစ်မျိုးစပ် Epoxy 100

🔰ကွန်ကရိ အပေါက်၊ အပေါ်ယံ အက်ကြောင်းနှင့် Gap (အဟ) နေရာများကို ဖာထေးပြုပြင်တဲ့အခါ A/B နှစ်မျိုး ရောစပ် အသုံးပြုရတဲ့ APT Epoxy 100 ပတ်တီးကော်ကို အသုံးပြုနိုင်ပါတယ်။

🔰Epoxy 100 ပတ်တီးကော်သည် စေးပျစ်မှုကောင်းမွန်သောကြောင့် နံရံအက်ကြောင်းများ ပြုပြင်ရာတွင် စီးကျခြင်းမရှိဘဲ အလွယ်တကူ ဖာထေးပြုပြင်နိုင်ပြီး ကျုံ့ကြွမှုမရှိသည့်အတွက် ပွတ်တိုက်မှုနှင့် ပွန်းပဲ့မှုဒဏ်များကို ကောင်းစွာခံနိုင်ရည်ရှိပါတယ်။

📌APT Epoxy 100 အသုံးပြုပုံ အဆင့်ဆင့်

✔အက်ကွဲကြောင်းများ ပြုပြင်ရာတွင် ဦးစွာ V Shape ပုံစံထွင်းရပါမယ်။

✔ထို့နောက် အသုံးပြုမယ့် မျက်နှာပြင်ကို ဖုန်မှုန့်၊ ချောဆီနှင့် အညစ်အကြေးများ မရှိသည် အထိ သန့်ရှင်းရေး ပြုလုပ် ပေးရပါမယ်။

✔ဆေးရောစပ်ရာတွင် Epoxy 100 Part A (၂) ဆ၊ Part B (၁) ဆကို မီးခိုးရောင်ဖြစ်ပြီး တစ်သားတည်း ဖြစ်သည် အထိ ဖြည်းညှင်းစွာ မွှေပြီးနောက် ကိုင်းပြားသုံးပြီး လွယ်ကူစွာ ပြုပြင်နိုင်ပါတယ်။

For more information and Technical Datasheets, message or call us:
📞📞Phone (or) Viber
✅ 09 881 881 420

🔰Stronghold သံချောင်းစိုက်ကော် (၃) မျိုး အကြောင်း🔰Stronghold အမှတ်တံဆိပ်တွင်  SH-EP1, SH-EP3 နှင့် SH-EP5 သံချောင်းစိုက်...
06/10/2026

🔰Stronghold သံချောင်းစိုက်ကော် (၃) မျိုး အကြောင်း🔰

Stronghold အမှတ်တံဆိပ်တွင် SH-EP1, SH-EP3 နှင့် SH-EP5 သံချောင်းစိုက်ကော် အမျိုးအစား ၃ မျိုးရှိပြီး အသုံးပြုမည့် လိုအပ်ချက်ပေါ်မူတည်ပြီး လုပ်ငန်းအမျိုးအစားအလိုက် ရွေးချယ်အသုံးပြုနိုင်ပါသည်။

✔ဝန်အားခံနိုင်ရန် လိုအပ်သော Structural Work များအတွက် SH-EP1 နှင့် SH-EP3 အသုံးပြုနိုင်ပြီး ဝန်သိပ်မထမ်းရသော Non-structural Work များ တပ်ဆင်ရာတွင် SH-EP5 ကိုအသုံးပြုနိုင်ပါသည်။

✅Stronghold SH-EP1

SH-EP1 သည် High Strength Epoxy အခြေခံ သံချောင်းစိုက်ကော်ဖြစ်ပြီး ဝန်အားပိုမိုခံနိုင်ရည်လိုအပ်တဲ့ Structural Anchoring အတွက်အသုံးပြုနိုင်ပါသည်။

Dowel Bar စိုက်ခြင်း၊ Concrete Slab Extension ပြုလုပ်ခြင်းနှင့် Steel Structure Column များတွင် Bolt နှင့် Nut များ စိုက်သွင်းခြင်းတို့အတွက် အသုံးပြုနိုင်ပါသည်။

SH-EP1 သည် Cracked & Uncracked ကွန်ကရိ နှစ်မျိုးလုံးတွင် အသုံးပြုနိုင်ပြီး မီးဒဏ်ကို ၄ နာရီအထိ ခံနိုင်ရည်ရှိကာ ငလျင်ဒဏ် C1 နှင့် C2 အထိ ခံနိုင်ရည်ရှိပါသည်။

ကွန်ကရိ အပူချိန် 25°C နှင့် 30°C တွင် အသုံးပြုပါက ဆေးရည်ခဲချိန် (gel time) မှာ ၂၂ မိနစ် ဖြစ်ပြီး ဆေးအသားသေချိန် (curing time) မှာ ၈ နာရီ ဖြစ်ပါသည်။

📌SH-EP1 တစ်တောင့်တွင် 600 ml ပါဝင်ပြီး Dispenser Gun ဖြင့် အသုံးပြုရပါသည်။

✅Stronghold SH-EP3

SH-EP3 သည် Medium Strength Epoxy အခြေခံ သံချောင်းစိုက်ကော် ဖြစ်ပြီး Medium Strength အဆင့် လိုအပ်သည့် Structural Work များတွင် အသုံးပြုနိုင်ပါသည်။

Dowel Bar စိုက်ခြင်း၊ Concrete Beam, Slab, Column များ Extension ပြုလုပ်ခြင်းနှင့် Steel Structure Column များတွင် Bolt နှင့် Nut များ စိုက်သွင်းခြင်းတို့အတွက် အသုံးပြုနိုင်ပါသည်။

SH-EP3 သည် Uncracked ကွန်ကရိ တွင်သာ အသုံးပြုနိုင်ပြီး မီးဒဏ်ကို ၄ နာရီအထိ ခံနိုင်ပါသည်။

ကွန်ကရိ မျက်နှာပြင် အပူချိန် 35°C တွင် အသုံးပြုပါက ဆေးရည်ခဲချိန် (gel time) မှာ ၁၂ မိနစ်ဖြစ်ပြီး ဆေးအသားသေချိန်မှာ ၅ နာရီ ဖြစ်သည်။

📌SH-EP3 တစ်တောင့်တွင် 600 ml ပါဝင်ပြီး Dispenser Gun ဖြင့် အသုံးပြုရပါသည်။

✅Stronghold SH-EP5

SH-EP5 သံချောင်းစိုက်ကော်ကို Non-Structure Member များဖြစ်သော Sun Shade၊ ဝရံတာ ၊‌လှေကား လက်ရန်း၊ ရေပိုက်နှင့် မီးကြိုးဆင်ခြင်းလုပ်ငန်းများတွင် အောက်ခံကွန်ကရိနှင့် တွဲဆက်မှု အားကောင်းစေရန်အတွက် အသုံးပြုနိုင်သည်။

SH-EP5 ကို သာမန် အပူချိန် 35°C တွင် အသုံးပြုပါက ဆေးရည်ခဲချိန် (gel time) မှာ ၃ မိနစ် ဖြစ်ပြီး ဆေးအသားသေချိန် (curing time) မှာ ၂၀မိနစ်ဖြစ်သည့်အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန် မလိုပါ။

📌ထုတ်ပိုးမှုမှာ 300 ml ပါဝင်ပြီး ပုံမှန်အသုံးပြုနေကျ Gun ဖြင့် အသုံးပြုနိုင်ပါသည်။

Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅ 09 881 881 420

26/09/2026

နို့ရည်လို့ ခေါ်တဲ့ Latex က ဘယ်ကနေ စတင်ပြီးဖြစ်ပေါ်လာတာလဲ?
သဘာဝအလျောက် အပင်တွေ၊ သစ်ရွက် သစ်ကိုင်းလေးတွေ ချိုးလိုက်ရင် ထွက်လာတဲ့ အဖြူရောင် အစေးစက်လေးတွေရှိပါတယ်။ အဲ့ဒီ အဖြူရောင် အစေးစက်တွေမှာ rubber-base နဲ့ polymer-base particles လေးတွေ ပါတယ် ပြီးတော့ အပင်ကထွက်တဲ့ ရေလည်း ပါဝင်ပါတယ်။
အဲ့ဒီရေထဲမှာ particles လေးတွေ သဘာဝအလျောက် ပါနေတာကို Latex လို့ တင်စားပြီး ခေါ်ခဲ့ကြတာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ chemical processing အပိုင်းတွေ တိုးတက်လာတဲ့အခါမှာ သဘာဝ မဟုတ်ဘဲ chemical process နဲ့ထုတ်တဲ့
synthetic latex တွေ ထုတ်လုပ်လာကြပြီး Latex bonding agent အနေနဲ့ သုံးဖို့အတွက် ထုတ်လုပ်လာကြတာဖြစ်ပါတယ်။

🔰နံရံ ရေစိမ့်လာရင် ဘာလုပ်သင့်လဲ?🔰✅ရေစိမ့်နေတဲ့ နံရံတွေ ဘယ်လိုပြုပြင်သင့်လဲဆိုသည်မှာ  မိုးရာသီတွင် အမေးများတဲ့ မေးခွန်းတစ...
23/09/2026

🔰နံရံ ရေစိမ့်လာရင် ဘာလုပ်သင့်လဲ?🔰

✅ရေစိမ့်နေတဲ့ နံရံတွေ ဘယ်လိုပြုပြင်သင့်လဲဆိုသည်မှာ မိုးရာသီတွင် အမေးများတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ရေယိုစိမ့်သော နေရာ အများစုမှာ နံရံရှိ အက်ကြောင်းများ၊ ပြတင်းပေါက်၊ တံခါးဘောင်ပတ်လည်များ၊ အမိုးနှင့် နံရံဆုံသည့်နေရာများ၊ မြေအောက်ရေကန်နံရံများနှင့် ရေချိုးခန်း၊ အိမ်သာနံရံများ ဖြစ်ပါသည်။

ရေစိမ့်ဝင်မှုကို ပြုပြင်မည်ဆိုပါက ရေစိမ့်နေသည့် နံရံရဲ့ မျက်နှာပြင် အခြေအနေကို ဦးစွာ စစ်ဆေး၍ လိုအပ်သည်များ ပြုပြင်ပြီးမှသာ ရေလုံဆေး အသုံးပြုသင့်သည်။

📌ရေစိမ့်နေတဲ့ နံရံ ပြုပြင်ရာတွင်
✅အက်ကြောင်းများ ရှိပါက အက်ကြောင်းကို V Shape ပုံစံထွင်း၍ အက်ကြောင်းအတွင်းထိ သန့်ရှင်းပြီး ဖုန်မှုန့်နှင့် အမှုန်အမွှားများကို ဖယ်ရှားကာ သင့်တော်သော Repair Material ဖြင့် ပြုပြင်ပိတ်ဆို့ပေးရပါမည်။

✅ဆေးသားပွခြင်း၊ ဆေးအလွှာကွာခြင်း သို့မဟုတ် ပျက်စီးနေသည့်နေရာများရှိပါက ထိုပျက်စီးနေသော နေရာများကို ဖယ်ရှား ပြုပြင် ပေးရပါမည်။
လိုအပ်သည့် ပြုပြင်မှုများ လုပ်ဆောင်ပြီးနောက် ရေစိမ့်ဝင်သည့် နေရာနှင့် ကိုက်ညီသော ရေလုံဆေးများကို သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ရောစပ်အသုံးပြုပြီး ရေလုံအလွှာ ပြုလုပ်ပေးရန် လိုအပ်ပါသည်။

✅Aung Pyitan တွင် ဘိလပ်မြေ အခြေခံ ရေလုံဆေး ဖြစ်သော APT တံဆိပ် AquaCem 100 နှင့် AquaCem 200 Flex ရှိပြီး Acrylic အခြေခံ ရေလုံသုတ်ဆေး ဖြစ်သော APT တံဆိပ် RoofGuard Classic တို့ကို အသုံးပြုနိုင်သည်။

📌ရေစိမ့်နေပါက အသုံးပြုရမည့်‌နေရာအလိုက် အသုံးပြုသင့်သည့် ရေလုံဆေးကို Aung Pyitan နှင့် အသေးစိတ်ဆွေးနွေးတိုင်ပင်နိုင်ပြီး လိုအပ်သည့် အကြံဉာဏ်များ ရယူနိုင်ပါသည်။

Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅ 09 881 881 420

✅ကျုံ့ဝင်ခြင်းမရှိ၊ အက်ကွဲခြင်းမရှိတဲ့ Grouting Cement အသုံးပြုနိုင်မည့် နေရာများNon-Shrinkage Grouting Cement သည် ဆေးအသ...
19/09/2026

✅ကျုံ့ဝင်ခြင်းမရှိ၊ အက်ကွဲခြင်းမရှိတဲ့ Grouting Cement အသုံးပြုနိုင်မည့် နေရာများ

Non-Shrinkage Grouting Cement သည် ဆေးအသားသေချိန်တွင် သာမန် ကွန်ကရိကဲ့သို့ ကျုံ့သွားခြင်းမရှိဘဲ အသုံးပြုလိုက်သော ပမာဏ (volume) အတိုင်း ရရှိစေသည့် ဘိလပ်မြေ အခြေခံ ဆေးမှုန့် အမျိုးအစားဖြစ်ပါသည်။

Grouting Cementကို အဓိကအားဖြင့်

🔰Steel Structure များတွင် အုတ်မြစ်ချခြင်း
Base Plate အောက်ခြေတွေမှာ Gap (လစ်ဟာမှု) ဖြစ်ပြီး Structure ပိုင်းဆိုင်ရာ ပြဿနာများ မဖြစ်စေရန်အတွက် Grouting Cement ကို အသုံးပြုသင့်ပါသည်။ Grouting Cement ကို အသုံးပြုခြင်းဖြင့် Base Plate အောက်က အလွတ်နေရာကို အပြည့်အဝ ဖြည့်ပေးပြီး Load Distribution (ဝန်အား) ကို ညီညာစွာ သက်ရောက်စေနိုင်ခြင်း၊ လှုပ်ရှားမှု၊ တုန်ခါမှုတွေကို ထိန်းညှိပေးခြင်း၊ Void မရှိတော့သည့်အတွက် Base Plate အောက်ခြေတွေကို အပြည့်အဝ Support ပေးရန် အတွက် အသုံးပြုနိုင်ပါသည်။

🔰စက်ယန္တရားများ၏ အောက်ခြေအထိုင်များ
ဝန်အားများပြီး တုန်ခါမှုရှိသော စက်ယန္တရားအထိုင်နေရာများ တပ်ဆင်ရာတွင် Foundation ခိုင်မာစေရန် သာမန်ကွန်ကရိထက် ခံနိုင်ရည် ပိုမြင့်မားသော Grouting Cement ကိုအသုံးပြုနိုင်ပါသည်။

🔰တံတား Bearing Seat နှင့် Bearing Pad အောက်ခြေနေရာများ
တံတားများတွင် ဝန်အားလွှဲပြောင်းပေးရသော Bearing Seat နှင့် Bearing Pad အောက်ခြေနေရာများ၌ ကွက်လပ်များကို ဖြည့်တင်းရန် Grouting Cement ကို အသုံးပြုနိုင် ပါသည်။

🔰ကွန်ကရိ ပြုပြင်ခြင်းနှင့် Honeycomb ဖြစ်ပေါ်နေသောနေရာများ
ကွန်ကရိလောင်းပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် Honeycomb၊ ကွန်ကရိပျက်စီးနေသော နေရာများတွင် Grouting Cement ဖြင့် ဖြည့်တင်းပြုပြင်ရာတွင်လည်း Flowability (စီးဆင်းမှု) ကောင်းမွန်သောကြောင့် အပေါက်များ အတွင်းပိုင်းအထိ ဝင်ရောက်နိုင်ခြင်း၊ အောက်ခံကွန်ကရိနှင့် သံချောင်း တို့ကို စွဲကပ်မှုကောင်းစေခြင်းနှင့် high strength ကိုလည်း ရစေသည်။

🔰Column နှင့် Beam များကို Size ပြန်ကြီးလိုသောနေရာများ
ရှိပြီးသား Column နှင့် Beam များကို Size ပြန်ကြီးအောင် အားဖြည့်ရာတွင် form-work ပြုလုပ်ပြီး Grouting Cement ဖြင့် ဖြည့်သွင်းအသုံးပြုနိုင်ပါသည်။

✅Aung Pyitan တွင် ကျုံဝင်ခြင်းမရှိ၊ အက်ကွဲခြင်းမရှိသည့် APT Construction Chemicals Brandဖြစ်သည့် APT NS Grout ကို ရရှိနိုင်ပြီး Steel Base Plate၊ Machine Base Plate၊ Bearing Seat နှင့် ကွန်ကရိပြုပြင်ခြင်းဆိုင်ရာ Grouting လုပ်ငန်းများတွင် အသုံးပြုနိုင်ပါသည်။

📌APT NS Grout အသုံးပြုပုံနည်းလမ်းနှင့် အသေးစိတ်ကိုလည်း လိုအပ်ချက်နှင့် ကိုက်ညီအောင် Aung Pyitan မှ Engineer များနှင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅ 09 881 881 420

18/09/2026

အောက်ခံမျက်နှာပြင်အက်ကွဲဒဏ်ကို2mm ထိခံနိုင်တဲ့APT Cem200Flex
ဧရိယာ အရမ်း ကျယ်တဲ့ နေရာတွေမှာ APT AquaCem100 အသုံးပြုမယ်ဆိုရင် Flexible အရမ်းမရတဲ့အတွက် ကျုံ့ကြွမှုဒဏ်ကို မခံနိုင်ပါဘူး။
Movement ဒဏ်တွေကြောင့် ရေလုံဆေး အလွှာ အက်ကွဲပြီး ရေစိမ့်မှုဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဧရိယာကျယ်တဲ့ နေရာအတွက်ဆိုရင်တော့ AquaCem 100 ထက်
APT AquaCem200 Flex ကို အသုံးပြုသင့်ပါတယ်။
#ရေယိုစိမ့်မှုပြဿနာ

Address

54 A, Thirimingalar Street (2). Kamayut Township
Yangon
11041

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 13:30

Telephone

+959881881420

Alerts

Be the first to know and let us send you an email when Aung Pyitan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Pyitan:

Shortcuts

Share

Nearby equipment services