KRK Myanmar Company Limited

KRK Myanmar  Company Limited Engineering & Construction

ထိရောက်တဲ့ ဆောက်လုပ်ရေးစာချုပ်ဖြစ်ဖို့ ဘာတွေပါရမလဲ… ဘယ်လို ချုပ်ဆိုကြမလဲ…+++++++++++++++++++++++++++++ခေတ်မီ တိုးတက်လာသလ...
05/09/2025

ထိရောက်တဲ့ ဆောက်လုပ်ရေးစာချုပ်ဖြစ်ဖို့
ဘာတွေပါရမလဲ… ဘယ်လို ချုပ်ဆိုကြမလဲ…
+++++++++++++++++++++++++++++

ခေတ်မီ တိုးတက်လာသလို ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ ပညာရပ်တွေကလည်း အရှိန်အဟုန်ပြင်းပြင်းနဲ့ လိုက်ပါ ပြောင်းလဲနေပါတယ်။ တိုးတက်မှုနဲ့အတူ ယှဉ်ပြိုင်မှုတွေလည်း ပြင်းထန်ထာတတ်ပါတယ်။ ဒီအခါ မှာ တရားဝင် ခိုင်မာမှုရှိတဲ့ လုပ်ငန်းတွေမှသာ ဆက်လက် ရပ်တည်နိုင်ဖို့ အလားအလာ ကောင်းမှာ ဖြစ်ပါ တယ်။

တကယ်ဆို ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ အလွဲအချော်၊ အမှားအယွင်းမများတာ အကောင်းဆုံးပါ။ အဆောက်ဦကြီးတစ်ခု အကောင်အထည် ပေါ်လာအောင် အပိုအလိုမရှိ စနစ်တကျ လုပ်ဆောင်နေပေမယ် လို့ နည်းနည်းလေး လွဲချော်သွားတာနဲ့ မလိုလားအပ်တဲ့ အလျော်အစား ကိစ္စတွေ ဖြစ်လာတော့ တာပါပဲ။

ဒီလိုဖြစ်လာလျှင် ရာနှုန်းပြည့် ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင်တာတွေ လုပ်ထားဖို့တော့ ဖြစ်နိုင်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းကိစ္စတွေ လုပ်ဆောင် ဖို့ဆိုရင် လုပ်ထုံးလုပ်နည်းအရ အငြင်းပွားမှု၊ ပိုင်ဆိုင်မှု၊ လုပ်ပိုင်ခွင့် စတာတွေကို သတ်မှတ်ဖို့၊ ထိန်းချုပ်ဖို့ သက်ဆိုင်ရာ နယ်ပယ်အတွက် အထူးပြုလုပ်ထားတဲ့ စာချုပ်တွေကို ချုပ်ဆိုရပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းနဲ့ဆိုင်တဲ့စာချုပ် အမျိုးမျိုး ရှိတဲ့အထဲက အဓိကကျတဲ့ စာချုပ်အမျိုးအစား တစ်ချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အဲဒါတွေကတော့
- ဆောက်လုပ်မယ့် လုပ်ငန်းရှင်နဲ့ မြေရှင်တို့အကြား ချုပ်ဆိုတဲ့ စာချုပ်၊
- ဆောက်လုပ်ပြီး ဒါမှမဟုတ် မဆောက်လုပ်ခင်က ရောင်းထားတဲ့ အခန်းတွေအတွက် ဝယ်သူနဲ့ ကန်ထရိုက် တာအကြား ချုပ်ဆိုတဲ့စာချုပ်
- သက်ဆိုင်ရာ နယ်မြေ စည်ပင်ခွင့်ပြုချက်ဆိုင်ရာ စာချုပ်
- ပင်မဆောက်လုပ်သူ(Constructor) နဲ့ တဆင့်ခံဆောက်လုပ်သူ(Subconstructor) တို့ကြားချုပ်ဆိုတဲ့ စာချုပ် (ပန်းရံ၊ လက်သမား၊ ဆေးသုပ်၊ လျှပ်စစ်သွယ်၊ အလှဆင် စတဲ့ အလုပ်တစ်ခုချင်းအတွက် subconstructor တွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အကြားချုပ်ဆိုတဲ့ စာချုပ်)
- ပစ္စည်းပေးသွင်းသူနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်အကြားချုပ်ဆိုတဲ့ စာချုပ်
စသဖြင့် ရှိကြပါတယ်။ ဒီလိုစာချုပ်တွေမှာ ဘယ်လိုအရာတွေပါမလဲ၊ ဘာတွေ သိထားသင့်လဲဆိုတာကိုတော့ အောက်မှာ ဖော်ပြသွားပါမယ်။

1. Scope of Work (လုပ်ကိုင်ရမယ့် လုပ်ငန်းအတိုင်းအတာ)
*****************************************
ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာစာချုပ်ရဲ့ အဓိက လိုအပ်ချက် [element] လို့တောင် ဆိုရပါလိမ့်မယ်။ ဒီစာချုပ်မှာချုပ်ဆိုတဲ့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေအပြင် အသုံးပြုတဲ့ပစ္စည်း၊ အရည်အသွေး၊ အဆင့်အတန်း၊ အလုပ်အချိန်ဇယား စတာတွေကို အသေးစိတ် ပါဝင်ရပါတယ်။

2. Full Name, Address, License and Signatures of Both Parties (အမည်အပြည့်အစုံ၊ လိပ်စာ၊ လိုင်စင်နံပါတ်နဲ့ နှစ်ဦးနှစ်ဖက်ရဲ့ လက်မှတ်များ)
*****************************************
ဒီအချက်က တချိန်ချိန်မှာ လိုအပ်လာနိုင်ပါတယ်။ ကိုယ်နဲ့စာချုပ်ချုပ်ပြီး တွဲဖက်လုပ်ကိုင်သူဟာ တရားဝင် ဖြစ်တယ်ဆိုရင် ကိစ္စမရှိပေမယ့် တရားမဝင်ဘူးဆိုရင်တော့ နင်ဘယ်သူလဲ ငါဘယ်သူလဲနဲ့ အမြတ်ထုတ် ခံသွားရပါလိမ့်မယ်။ ဒီတော့ စတည်းက လိုအပ်တဲ့ အချက်အလက်တွေ ယူထားတာ မမှားတော့ဘူးပေါ့။ ခင်မင်မှုနဲ့ ယုံကြည်မှုကို စီးပွားလုပ်ငန်းမှာ သွားရောထွေးလိုက်တာမျိုး လုပ်လို့ မရပါဘူး။

3. Project Cost and Payments Terms
(ပရောဂျက် ကုန်ကျစရိတ်နဲ့ ပေးချေမှုပုံစံ)
*****************************************
ဆောက်လုပ်ရေး လုပ်ငန်းမှာ ငွေကြေးဟာ ထိပ်ဆုံးက နေရာယူထားတဲ့ အရေးပါဆုံးအရာ ဖြစ်ပါတယ်။ ဆောက်လုပ်မယ့် ပရောဂျက်က ဘယ်လောက်ကုန်ကျမယ်၊ ဘယ်ချိန်တွေမှာ ငွေပေးချေမယ် စတဲ့ ငွေပေးချေမှုနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို တိတိကျကျ သတ်မှတ်ထားရပါမယ်။ ပရောဂျက် တဝက်တပြတ်မှာ ငွေပေးချေမှု ရပ်တန့်သွား တဲ့အဖြစ်ကို ဘယ်သူမှ မကြုံချင်ကြပါဘူး

4. Schedule of Work (အလုပ်အချိန်ဇယား)
*****************************************
ပရောဂျက်စတင်မယ့်ရက်၊ လုံလောက်တဲ့ အချိန်အပိုင်းအခြားတို့ကို တိတိကျကျသတ်မှတ်ပြီး ပြီးဆုံးမယ့်ရက် ဒါမှမဟုတ် အချိန်ကာလကို ရှင်းရှင်းလင်းလင်း ဖော်ပြထားဖို့ လိုပါတယ်။ ပြီးမှ တကယ်နောက်ကျတာမဟုတ်ဘဲ စာချုပ်စာတမ်းပါ အကြောင်းအရာတွေကို မစိစစ်မိတဲ့ အမှားအယွင်းကြောင့် နောက်ကျသလို ဖြစ်သွားရင် လျော်ရမယ့်ကိစ္စက မိအေး နှစ်ခါနာဆိုတာမျိုး ဖြစ်သွားပါလိမ့်မယ်။

5. Authority (လုပ်ပိုင်ခွင့် အခွင့်အာဏာ)
*****************************************
ပရောဂျက် ကြီးလာတာနဲ့အမျှ လုပ်ဆောင်ရမယ့် အလုပ်တွေကလည်း ပိုပြီး ရှုပ်ထွေး များပြားလာတတ်ပါတယ်။ ဒီလို အရှုပ်အထွေးကြားကနေ ဆုံးဖြတ်ချက် မှန်မှန်နဲ့ လုပ်ငန်း တာဝန်တွေကို ဘယ်သူက လုပ်ဆောင်မယ် ဆိုတာပါ ထည့်သွင်း ဖော်ပြထားရမှာ ဖြစ်ပါတယ်။

6. Penalties (ပြစ်ဒဏ်)
*****************************************
ငွေပေးချေဖို့ နောက်ကျတာတို့ စည်းကမ်းချက်ချိုးဖောက်တာတို့ ရှိခဲ့လျှင် လျော်ကြေး၊ ဒဏ်ငွေဘယ်လို ပေးဆောင်ရမယ်ဆိုတာကိုလည်း ဖော်ပြထားဖို့လိုပါတယ်။

5. Recovery Fund Disclosure
*****************************************
ကန်ထရိုက်တာရဲ့ ဥပဒေမဲ့ ပြုမူတာတွေကြောင့် ပရောဂျက် ပြီးဆုံးသွားတဲ့တိုင်အောင် ရလာဒ်မှာ ဆုံးရှုံးမှုတွေ ရှိနေခဲ့ရင် ရပိုင်ခွင့်တွေကို ဘယ်လို စီမံမယ်ဆိုတာကို အကြမ်းဖျဉ်း ဖော်ပြထားရမှာ ဖြစ်ပါတယ်။ ဒါကတော့ ဆောက်လုပ်ရေး လုပ်ငန်း စာချုပ်အများစုမှာ ပါကိုပါရမယ့် အချက်ဖြစ်ပါတယ်။

6. Disputes & Termination
(အငြင်းပွားခြင်းနှင့် လုပ်ငန်းပြီးဆုံးခြင်း)
*****************************************
ဒီလုပ်ငန်းမှာ မိမိနဲ့ပါဝင်ပတ်သက်သူတွေကြား အငြင်းပွားစရာ ပြဿနာတွေ ဖြစ်လာခဲ့လျှင် ဘယ်လို ဖြေရှင်းမှုမျိုးကို ခံယူပါ့မယ်ဆိုတဲ့အကြောင်းလည်း ဖော်ပြထားရပါမယ်။ အဲ့ဒီအတွက်လည်း အထက်မှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ လုပ်ရထားမှာပါ။ law firm အဖွဲ့ တစ်ခုခုရဲ့ ဥပဒေအကြံပြုချက်နဲ့ ကြားဝင် ဖြန်ဖြေတာကို စတင် ရယူတာမျိုး။ အဲလိုမှ အဆင်မပြေသေးရင် ခုံသမာဓိ အဖွဲ့ တစ်ခုခုရဲ့ ဆုံးဖြတ်ချက်ကို ကြားနာပါ့မယ် ဆိုတာမျိုး စတာတွေလည်း ဖြစ်နိုင်ပါတယ်။

7. Insurance (အာမခံကြေး)
*****************************************
ဆောက်လုပ်ရေး လုပ်ငန်းတိုင်းမှာ ကန်ထရိုက်တာဘက်က ကိုယ့်အလုပ်သမားတွေအတွက် လုပ်ငန်းဆိုင်ရာ လျော်ကြေး၊ နစ်နာကြေး စတာတွေကို သေချာ အာမခံထားသင့်ပါတယ်။ ဒီလို ရှိထားမှလည်း ထိခိုက် ဒဏ်ရာရတဲ့အခါမျိုးမှာ Owner အနေနဲ့ သေချာ ဖြေရှင်းလို့ရမှာပဲ ဖြစ်ပါတယ်။

8. Warranties & Statute of Limitations
*****************************************
ဘယ်လို အာမခံနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို အသုံးပြုရမယ်ဆိုတာ သေသေချာချာ စီစဉ်ထားသင့်ပါတယ်။ အချုပ်အားဖြင့် Warranty သုံးနှစ်တာ ကာလအတွင်းမှာ ကန်ထရိုက်တာတွေအနေနဲ့ စာချုပ်ပါ ကတိကဝတ်ကို ဖောက်ဖျက်လျှင် ရသင့်ရထိုက်တာတွေကို ကန့်သတ်ထားလား၊ ကန့်သတ်ချက်တွေရှိလား ဆိုတာကိုလည်း ဝေခွဲထားရပါမယ်။

ဒီလောက်ဆိုလျှင် construction contract တစ်ခုမှာ မဖြစ်မနေ ပါဝင်သင့်တဲ့ အခြေခံတွေကို လေ့လာမိ လောက်ပြီ ထင်ပါတယ်။ ဒါ့ထက် ပိုကျယ်ပြန့်တဲ့ အကြောင်းအရာတွေလည်း ရှိနိုင်ပါသေးတယ်။ ဆက်လေ့လာ ကြတာပေါ့။

++ How to Write a Construction Contract ++
ဆောက်လုပ်ရေး စာချုပ်တွေကို ဘယ်လိုချုပ်ဆိုကြမလဲ….
*****************************************
ခုဆက်ဖေါ်ပြမယ့် နောက်ခေါင်းစဉ်က Consrtuction Contract တစ်ခုကို ဘယ်လို ရေးဆွဲရမလဲ ဆိုတာ ကို ဆက်လက် ဆွေးနွေးပါ့မယ်။ မိတ်ဆွေတို့လည်း ပါဝင်ဆွေးနွေး ဝေဖန်ပေးဖို့၊ သတိပြုစရာ တွေကို Comment Box မှာ မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ်။

ဖော်ပြခဲ့တဲ့ အချက်တွေက ဆောက်လုပ်ရေး လုပ်ငန်းလုပ်ငန်းရှင်တွေမှသာ သိထားရမယ်ဆိုပြီး တွက်ထားလို့ မရပါဘူး။ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်ဖို့ လိုတာပဲဖြစ်ဖြစ်၊ စာချုပ်ချုပ်ဆိုဖို့ လိုတာပဲဖြစ်ဖြစ် မှန်ကန်တဲ့ လုပ်ထုံးလုပ်ငန်းနည်းတွေ နားမလည်ထားရင် အင်မတန် ခက်ခဲပါလိမ့်မယ်။

အခုလို ဆောက်လုပ်ရေးလောက၊ အိမ်ခြံမြေလောက မတည်မငြိမ် ဖြစ်နေတဲ့အချိန်မျိုးမှာ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို သိကို သိထားသင့်ပါတယ်။ လေ့လာဖို့ အချိန်မပေးနိုင်ရင်တောင်မှ နားလည်းတတ်ကျွမ်း သူတွေနဲ့ တိုင်ပင်လုပ်ဆောင်ရမှာက ကိုယ့်တာဝန်ပါ။ ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခု လုပ်တော့မယ်ဆိုလျှင် ဆိုင်ရာပိုင်ရာသူတွေနဲ့ စာချုပ်စာတမ်းတွေ ချုပ်ဖို့လိုလာပြီဆိုတော့ ကိုယ်က ဦးအောင် ချုပ်မှာလား၊ ကိုယ့်ကို ပြန်ချုပ်တာ ခံမှာလား။ ဘယ်သူမှတော့ ကိုယ့်ကို လာချုပ်တာ မခံချင်ကြပါဘူး။ နှစ်ဦးနှစ်ဖက် အပြန်အလှန် တာဝန်ယူကြတာမျိုးပဲ ဖြစ်ချင်ကြမှာပါ။

စာချုပ်တစ်ခု ချုပ်တော့မယ်ဆိုလျှင် အဲ့ဒီစာချုပ်ထဲမှာ ဘာတွေထည့်ရမယ် ဘာတွေပါရမယ် ဆိုတာကိုတော့ ဗဟုသုတအနေနဲ့ သိကို သိထားရမှာပါ။ ကိုယ့်ရှေ့နေက ချုပ်ပေးသည့်တိုင်အောင် ကိုယ်တိုင်ကပါ သိနေတော့ ပိုကောင်းတာပေါ့။
ဒါဆိုရင် ဆောက်လုပ်ရေးဆိုင်ရာ စာချုပ်တစ်ခု ဘယ်လိုရေးသားမလဲ?
နားလည်လွယ်အောင် အပိုင်း နှစ်ပိုင်းခွဲပြီး ဖော်ပြပေးလိုက်ပါတယ်။

ပထမအနေနဲ့

++ Writing Your Construction Contract ++
ဆောက်လုပ်ရေး စာချုပ်ရေးသားပုံ
*****************************************
(၁) Write the title and a little preamble
ပထမဦးစွာ စာချုပ်ရဲ့ ရည်ရွယ်ချက်ကို ဖော်ပြတဲ့ Title ရေးပါ။ ပြီးရင် စာချုပ်ကို စတင်တဲ့အနေနဲ့ နိဒါန်းရေးရ ပါမယ်။ ဒါကလည်း သိပ်ခက်ခက်ခဲခဲကြီး စဉ်းစားနေစရာ မဟုတ်ပါဘူး။ ဒီစာချုပ်မှာ လက်မှတ် ရေးထိုးမယ့်သူ ဟာ ဘယ်သူတွေဖြစ်တယ်၊ ဘယ်လုပ်ငန်း၊ ဘယ်ရာထူး၊ လုပ်မယ့် ပရောဂျက်၊ တည်နေရာ၊ ပရောဂျက် စတင် မယ့်ရက်၊ အဆုံးသတ်မယ့်ရက် စသဖြင့် စတင်ရပါမယ်။

(၂) Describe the work that will be done
(လုပ်ဆောင်ရမယ့်အရပ်ရှင်းလင်းချက်)
*****************************************
ပြီးတာနဲ့ မိတ်ဆွေတို့ လုပ်ဆောင်မယ့်၊ ဖော်ဆောင်မယ့် ကိစ္စအတွက် စက်ပစ္စည်းတွေကို ဘယ်လိုနေရာမှာ ဘာအတွက်သုံးမယ်၊ အရည်အတွက်၊ အရည်အသွေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ အပြည့်အစုံကို တိတိကျကျ ချရေးထားဖို့ လိုပါတယ်။

(၃) Include financial information
(ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့အချက်အလက်)
*****************************************
ဒီလုပ်ငန်းအတွက် အသုံးပြုမယ့် ဘတ်ဂျက်ကို ခရေစေ့တွင်းကျ တွက်ချက်ဖို့ လိုပါပြီ။ လုပ်ငန်း ပြီးမြောက်အောင် လုပ်ဆောင်ရာမှာ လိုအပ် တဲ့ ငွေကြေးပမာဏ ဘယ်လောက်ကို Owner နဲ့Client တို့အနက် ဘယ်သူက ကျခံမယ်ဆိုတဲ့ သဘောတူညီချက်ကိုလည်း တပါတည်း ထည့်ရေးရမှာပါ။ ဒါ့အပြင် စာချုပ်စာတမ်းဖိုး၊ လုပ်ငန်းကာလအတွင်း ငွေပေးချေရမယ့် စံနှုန်း သတ်မှတ်ချက်၊ နောက်ဆုံးအနေနဲ့ ပေးချေရမယ့်ပမာဏ စတဲ့ ကုန်ကျငွေတွေကို သေသေချာ ရေးဖို့လိုပါတယ်။

(၄) Include payment due dates and fees
(ငွေပေးချေမှုနဲ့ ပတ်သက်တာ)
*****************************************
ဘတ်ဂျက် ပမာဏကို တွက်ချက်ပြီးတဲ့နောက် အဲ့ဒီဘတ်ဂျက်ကို ဘယ်နေ့၊ ဘယ်ရက်မှာ စတင်ပေးအပ်မယ်၊ ဘယ်နှလ တစ်ကြိမ်ပေးချေရမယ် စတဲ့ အချိန်ကာလတွေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ငွေပေးချေရမယ် စတာတွေကို မှန်မှန်ကန်ကန် ဖြည့်စွက်ရပါမယ်။

(၅) Provide a project description
(ပရောဂျက်နဲ့ပတ်သက်တဲ့ ရှင်းလင်းချက်)
*****************************************
ဒီအပိုင်းမှာတော့ ပရောဂျက်ရဲ့ ရည်ရွယ်ချက်၊ တာဝန်တွေကို ဖော်ပြပေးရမှာပါ။ အကျယ်တဝင့် အသေးစိတ် ရေးစရာမလိုပါဘူး။ ပရောဂျက်ရဲ့ တာဝန်ကို အကျဉ်းချုပ်တော့ ဖော်ပြပေးရပါတယ်။

(၆) Describe how any changes to the work order will be handled
*****************************************
Owner ကြောင့်ပဲဖြစ်ဖြစ် Client ကြောင့်ပဲဖြစ်ဖြစ် မမျှော်လင့်ထားတဲ့ အလုပ်နဲ့ အပိုကုန်ကျစရိတ်တွေ ရှိလာခဲ့လျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ စည်းကမ်း သတ်မှတ်ချက်တချို့ကိုလည်း ထည့်သွင်းဖော်ရပါမယ်။

(၇) Create a Signature Line
*****************************************
ဒါကတော့ စာချုပ်ပါ အကြောင်းအရာတွေကို သဘောတူညီကြောင်း ဖော်ပြဖို့အတွက် လက်မှတ် ထိုးဖို့နေရာ ချန်ပေးရမှာပါ။ လက်မှတ်အောက်မှာ လက်မှတ်ပိုင်ရှင်ရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တို့ကိုလည်း ထည့်သွင်းနိုင်ပါ သေးတယ်။

ဒုတိယအနေနဲ့

++ Meeting State Requirements ++
နိုင်ငံတော် လိုအပ်ချက်နဲ့ကိုက်ညီအောင်လုပ်တာ

*****************************************
(၁) Check your state law for required inclusions
*****************************************
နိုင်ငံတစ်နိုင်ငံထဲမှာကိုပဲ နေရာဒေသကိုလိုက်ပြီး စာချုပ်စာတမ်း ဥပဒေသတွေက တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။ ဒီတော့ စာချုပ်စာတမ်းတွေမှာပါတဲ့ ဥပဒေဆိုင်ရာ အချက်အလက်တွေကလည်း အဲ့နယ်မြေဒေသမှာ ကျင့် သုံးနေတဲ့ ဥပဒေနဲ့ ကိုက်ညီမှု ရှိ မရှိ စစ်ဆေးကြည့်ဖို့လည်း လိုပါတယ်။

(၂) Provide a projected construction schedule
*****************************************
ချုပ်ဆိုမယ့် စာချုပ်ထဲမှာ ဘယ်နရက်အတွင်း အလုပ် ဘယ်လောက်ပြီးရမယ်ဆိုတာကို ထည့်သွင်းရပါဦးမယ်။ တစ်ရက်ကို ဘယ်အလုပ်တွေ ပြီးတယ်၊ ဘယ်လောက် အလုပ်ဖြစ်တယ်ဆိုတဲ့ အချိန်ဇယား တစ်ခုကတော့ လိုအပ်ပါတယ်။

သာမာန် လူတစ်ယောက်အတွက်တော့ ဥပဒေဆိုင်ရာ ကိစ္စတွေဟာ တော်တော် ရှုပ်ထွေးသလို စာချုပ် ပြင်ဆင် ရေးဆွဲတယ်ဆိုတာလည်း အတော်ခေါင်းခဲစရာပါ။ စာဖတ်သူ မိတ်ဆွေတို့လဲ ဒီလောက်ထိ ဖတ်လာပြီးပြီဆို တော့ သိလောက်ပါပြီ။ ဒီအထိ ဖတ်လာပေးတဲ့အတွက်လည်း ကျေးဇူးအထူး တင်မိသလို၊ မိတ်ဆွေတို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

နောက်တစ်ခေါက်မှာတော့ အခုဖော်ပြထားတဲ့ ဘယ်လိုအကြောင်းအရာ ပြဿနာတွေကနေ ကာကွယ်ဖို့အတွက် ဘာကြောင့် စာချုပ်သင့်တယ်၊ ဘာတွေ သင်ခန်းစာယူပြီး တရားဝင်ခိုင်မာအောင် လုပ်သင့်လဲဆိုတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး ဖော်ပြပေးမှာ ဖြစ်လို့ ဆက်လက် ဖတ်ရှု အားပေးကြပါဦး။

အားလုံးပဲ ကျန်းမာပျော်ရွှင် အောင်မြင်ကြပါစေ…...

Credit to Original uploader

လေးစားစွာဖြင့်

Neutral wire ဆိုတာ ပုံမှန် လည်ပတ်နေတဲ့ လျှပ်စစ်ပတ်လမ်း (normal operating circuit) ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လျှပ်စီးက...
27/07/2025

Neutral wire ဆိုတာ ပုံမှန် လည်ပတ်နေတဲ့ လျှပ်စစ်ပတ်လမ်း (normal operating circuit) ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လျှပ်စီးကြောင်း (current) တွေ Load ကနေ ပြန်လာတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ Hot wire ကနေ Load ဆီကို လျှပ်စီးကြောင်း စီးဆင်းပြီး Neutral wire ကနေ power source ဆီကို ပြန်လည်စီးဆင်းပါတယ်။ ဒါကြောင့် Neutral wire ဟာ ပုံမှန်အားဖြင့် active current-carrying conductor ဖြစ်ပါတယ်။

Ground wire ကတော့ လျှပ်စစ်ပတ်လမ်းရဲ့ ပုံမှန်အစိတ်အပိုင်းမဟုတ်ဘဲ အရေးပေါ်ကာကွယ်ရေးလမ်းကြောင်း (emergency path) အဖြစ် တည်ရှိနေပါတယ်။ သူ့ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ လျှပ်စစ်စနစ်မှာ ချို့ယွင်းချက် (fault) ဖြစ်တဲ့အခါ၊ ဥပမာအနေနဲ့ Hot wire က ပစ္စည်းရဲ့ သတ္တုကိုယ်ထည် (metal casing) နဲ့ ထိမိတဲ့အခါမျိုးမှာ အဲ့ဒီ ပိုလျှံနေတဲ့ လျှပ်စီးကြောင်းတွေကို မြေကြီးဆီကို လုံခြုံစွာ စီးဆင်းစေဖို့ ဖြစ်ပါတယ်။ ဒါမှ ဓာတ်လိုက်ခြင်း (electric shock) နဲ့ မီးလောင်ကျွမ်းခြင်း (electrical fire) တို့ကနေ ကာကွယ်ပေးနိုင်ပါတယ်။

လျှပ်စစ်ပတ်လမ်း တပ်ဆင်တဲ့အခါ Neutral နဲ့ Ground ဝါယာကြိုးတွေကို မှားယွင်းစွာ ဆက်သွယ်မိနိုင်ပါတယ်။ ဝါယာအရောင်မခွဲထားတဲ့ Outlet (ပလပ်ပေါက်) တစ်ခုရဲ့ Neutral terminal နဲ့ Ground terminal တွေကို ပြောင်းပြန် တပ်ဆင်မိတာမျိုး၊ Junction box တစ်ခုအတွင်းမှာ Neutral ဝါယာကြိုးနဲ့ Ground ဝါယာကြိုးတွေကို မတော်တဆ ချိတ်ဆက်မိတာမျိုး စတာတွေ ဖြစ်နိုင်ပါတယ်။

Neutral နဲ့ Ground ဝါယာကြိုးတွေကို မှားယွင်းချိတ်ဆက်မိတဲ့အခါ Neutral wire မှာ စီးဆင်းနေတဲ့ ပုံမှန်လျှပ်စီးကြောင်းတွေရဲ့ တစ်စိတ်တစ်ပိုင်းဟာ Ground wire ထဲကို စီးဝင်သွားပါတယ်။ Neutral-to-Ground Bond ကြောင့် ဖြစ်ပေါ်လာတဲ့ Ground Fault ဟာ အလွန်အန္တရာယ်များပါတယ်။ ပထမဆုံးအနေနဲ့ Ground wire ဟာ ပုံမှန်အားဖြင့် current-carrying conductor မဟုတ်တဲ့အတွက် သူ့ထဲကို လျှပ်စီးကြောင်းတွေ စီးဝင်လာတဲ့အခါ ဝါယာကြိုးတွေ ပူလာပြီး မီးလောင်ကျွမ်းနိုင်ခြေကို မြင့်တက်စေပါတယ်။ ဒုတိယအနေနဲ့ လျှပ်စီးကြောင်းတွေ Ground wire ထဲကို စီးဝင်တဲ့အတွက် လျှပ်စစ်ပစ္စည်းတွေရဲ့ သတ္တုကိုယ်ထည်တွေမှာ လျှပ်စစ်ဓာတ်စီးဝင်နေပြီး ကိုင်မိတဲ့သူ ဓာတ်လိုက်နိုင်ပါတယ်။

Neutral နဲ့ Ground ဝါယာကြိုးတွေကို မှားယွင်းစွာ ဆက်သွယ်မိတာဟာ သာမန်တပ်ဆင်မှု မှားယွင်းခြင်းတစ်ခုထက် ပိုပါတယ်။ ဒါဟာ လျှပ်စစ်မီးဘေးအန္တရာယ်၊ ဓာတ်လိုက်မှုအန္တရာယ်နဲ့ လျှပ်စစ်ကာကွယ်ရေးစနစ်တွေရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေတဲ့ အဓိကပြဿနာတစ်ခု ဖြစ်ပါတယ်။ လျှပ်စစ်စနစ်တွေကို တပ်ဆင်တဲ့အခါမှာ ဝါယာကြိုးအရောင်တွေနဲ့ terminal တွေကို သေချာလိုက်နာပြီး စနစ်တကျ တပ်ဆင်ဖို့ အထူးအရေးကြီးပါတယ်။

Ground Fault ဆိုတာဟာ လျှပ်စစ်ပတ်လမ်းထဲမှာ လျှပ်စီးကြောင်းတွေဟာ ပုံမှန်စီးဆင်းရမယ့် Hot Wire နဲ့ Neutral ဝါယာကြိုးတွေကနေမဟုတ်ဘဲ မြေကြီး ဒါမှမဟုတ် မြေကြီးနဲ့ ချိတ်ဆက်ထားတဲ့ မည်သည့်သတ္တုအစိတ်အပိုင်းကိုမဆို စီးဆင်းထွက်သွားခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့အနက် Neutral နဲ့ Ground ဝါယာကြိုးတွေကို မှားယွင်းစွာ ဆက်သွယ်မိခြင်း (Neutral-to-Ground Bond) ဟာ အထူးဂရုပြုသင့်တဲ့ ပြဿနာတစ်ခုပါ။ ဒါကြောင့် လျှပ်စစ်စနစ်တွေကို တပ်ဆင်တဲ့အခါမှာ ဝါယာကြိုးဆက်သွယ်မှုတွေကို စနစ်တကျနဲ့ လျှပ်စစ်စံနှုန်းနဲ့အညီ ဆောင်ရွက်ဖို့ အထူးအရေးကြီးပါတယ်။

Credit to original uploader...

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡ESE (early streamer emission)  မိုး...
05/07/2025

မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ
⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡

ESE (early streamer emission) မိုးကြိုးလွှဲစနစ်မှာပါဝင်သော အခြေခံအစိတ်အပိုင်းများမှာ...

~ ဖြစ်ပေါ်လာသော မိုးကြိုးကို ဖမ်းယူနိုင်သော မိုးကြိုးလွှဲ (Air Terminal)

~ မိုးကြိုးလွှဲ (Air Terminal) မှ ဖမ်းယူရရှိထားသော မိုးကြိုးလျှပ်စီးကို အဆောက်အဦးနှင့်သက်ရှိသတ္တဝါများကို မထိခိုက်စေဘဲ မြေကြီးစီသို့ ဆွဲချပေးသော ကြေးကြိုး (Down Conductor) များ

~ ကြေးကြိုး (Down Conductor) မှ ဆွဲချစီးဆင်းလာသော မိုးကြိုးလျှပ်စီးကို မြေကြီးထဲသို့ ခွဲဖြာစီးဆင်းစေသော မြေဓါတ်ချခြင်း (Earthing System) စနစ်များ

~ မိုးကြိုးလျှပ်စီးကြောင့် တစ်ဆင့်ခံဖြစ်လာသော ရှော့လျှပ်စီးများ (Over Voltage, Surge Voltage) ကို အကာအကွယ်ပေးသော မိုးကြိုးလွှဲ ဘရိတ်ကာ ( internal surge protector ) တွေ အဓိကပါဝင်ပါတယ်။
...ဖော်ပြပါ အချက်ထဲက တခုခု မကောင်းရင် အချိတ်အဆက်မမိရင် မိုးကြိုးဒဏ်ကို ခံရမှာက အသေအချာပါ။ ☠️☠️☠️

♻️ လိုအပ်သောတပ်ဆင်မှုအချို့ကို လုပ်ကိုင်ဖူးသမျှ လေ့လာမိသမျှကို ဖော်ပြပေးလိုက်ပါတယ်။
တပ်ဆင်မည့်အမျိုးအစားပေါ်မူတည်၍ မူကွဲသတ်မှတ်ချက်တွေ ရှိနိုင်ပါတယ်...

⚡ မိုးကြိုးလွှဲ (Air Terminal) ကိုတပ်ဆင်မည့် မည်သည့် အဆောက်အဦးထက်မဆို(၂)မီတာပိုမြင့်၍တပ်ဆင်ရမည်။

⚡ မိုးကြိုးလျှပ်စီးကို သယ်ဆောင်ပေးမည့် ကြေးကြိုး (Down Conductor) သည် ဧရိယာ အနေဖြစ် အနဲဆုံး 50 mm square ရှိရမည်။လုံးပတ်‌‌ကြေးကြိုး Round Conductor)နဲ့ တိတ်ကြေးပြား (Flat Conductor) တွင် ဧရိယာချင်းတူပါက မျက်နှာပြင်ဧရိယာပိုမိုကျယ်ပြန့်သော တိတ်ကြေးပြား (Flat Conductor) ကိုပိုမိုရွေးချယ်အသုံးပြုကြပါသည်။ အထူးသဖြစ် Tin Coated Copper Flat Wire ကို အသုံးပြုရန်လိုအပ်ပါသည်။

⚡ Down Conductor ကို ဖြစ်နိုင်သမျှ တစ်ဖြောင့်တည်းတပ်ဆင်ရမည်ဖြစ်ပြီး ဆွဲချစီးဆင်းလာသော မိုးကြိုးလျှပ်စီးကို မြေကြီးထဲသို့ ခွဲဖြာစီးဆင်းစေနိုင်ရန် Earthing Point ဆီသို့ အတိုဆုံး အဖြောင့်ဆုံးလမ်းကြောင်းအတိုင်းတပ်ဆင်ရမည်။ သတိပြုရန်မှာ Down Conductor ဖြတ်သန်းရာလမ်းကြောင်းတွင် လျှပ်စစ်နည်းလမ်းအရ ညို့ဝင်နိုင်သော အခြားမည်သည့် Electrical Cable များမရှိစေရပါ။

⚡ အကယ်၍ Down Coductor ကို အဆောက်အဦးပြင်ပမှ သွယ်တန်းယူခြင်း မဖြစ်နိုင်ပါက Down Conductor ဝင်ဆန့်သောအရွယ်ဖြစ်သည့် ကာဗာ( Insulation, Non Flammable Duct ) ဖြစ် သွယ်တန်းနိုင်ပါသည်။ ဒီနေရာမှာ အဆောက်အဦးအတွင်းမှ သွယ်တန်းခြင်းသည် အဆောက်အဦးအပြင်မှ Down Conductor သွယ်တန်းယူခြင်းထက် နီးဆက်ရာ Electrical Wire အတွင်းသို့ လျှော့လျှပ်စီး (Voltage Surge) များဝင်ရောက်နိုင်ခြေပိုများလာနိုင်ပါသည်။

⚡ Down Conductor ကို အဆောက်အဦး တွင်တပ်ဆင်ပါက လမ်းတလျှောက် ၁ မီတာ အကွာအဝေးတိုင်းတွင် ကလစ် (Fixing Clamp) ဖြစ်သေချာစွာ တပ်ဆင်ရမည်။

⚡ Down Conductor ၏ အရှည်သည် ၂၀ မီတထက်ပိုရှည်ပါက ၂၀မီတာအရှည်တိုင်းတွင် ဂျိုင်းဘောက်စ် (Expension Joint ) ကိုတပ်ဆင်ရမည် ဖြစ်သည်။

⚡ Down Conductor ကို တပ်ဆင်ရာတွင် မြေပြင်နှင့်နီးကပ်လာချိန် မြေပြင်အထက် ၂မီတာကိုကာဗာပြွန် (Insulated Guard Tube) နှင့်အကာအကွယ်ပြုတပ်ဆင်ရမည်။ ထိုမှသာ မိုးကြိုးလျှပ်စီး စီးဆင်းချိန်၌ လူနှင့်သက်ရှိတို့ မတော်တဆထိမိခြင်းမှ ကာကွယ်နိုင်မည်။

⚡ Down Conductor မှ ဆွဲချစီးဆင်းလာသော မိုးကြိုးလျှပ်စီးကို မြေကြီးထဲသို့ ခွဲဖြာစီးဆင်းစေနိုင်ရန် Earthing Point ၏ Earthing Resistance ကိုတိုင်းတာနိုင်ရန် အတွက် Earth Test Link Box ကို မြေပြင်အထက် ၁.၅ မီတာတွင်တပ်ဆင်ထားခြင်းဖြစ် ESE စနစ်၏ Earthing Resistance ကို လိုအပ်သလို ခွဲခြားတိုင်းတာနိုင်မည်ဖြစ်ပြီး သီးခြားသတ်မှတ်ချက် မရှိပါက ၄ Earthing Resistance သည် 10 Ohm အနည်းဆုံးရှိရမည်။ သီးခြားသတ်မှတ်ချက် ( ဥပမာ 2 Ohm) ဆိုပါက ထို OHM ရရှိသည်အထိ Earthing စနစ်ကို ပြုလုပ်ရမည်။

⚡ Earth Conductor ကို မြေပြင်အောက် ( - 500 mm ) အောက်တွင်အနိမ့်ဆုံးမြုပ်နှံတပ်ဆင်ရမည်။ Under Ground တွင်မြုပ်နှံတပ်ဆင်ထားသော Electrical Wire လမ်းကြောင်းများဖြစ် အနည်းဆုံး ၁ မီတာ အကွာတွင်ထားရှိရမည်ဖြစ်ပြီး Gas Pipe Line များပါဝင်ပါက ထိုလမ်းကြောင်းမှ အနည်းဆုံး ၃ မီတာအကွာတွင် ထားရှိရမည်ဖြစ်သည် ။

# crd to Original uploader

ဝါယာကြိုးဝယ်ယူသုံးစွဲတော့မယ်ဆိုရင်သိထားသင့်သောအချက်များ...⬇1.ဝါယာကြိုး size အတိုင်းအတာ ယူနစ်နိုင်ငံတကာမှာ International ...
20/06/2025

ဝါယာကြိုးဝယ်ယူသုံးစွဲတော့မယ်ဆိုရင်
သိထားသင့်သောအချက်များ...⬇

1.ဝါယာကြိုး size အတိုင်းအတာ ယူနစ်
နိုင်ငံတကာမှာ International Electrotechnical Commission (IEC) Standard အရ ဝါယာကြိုး size များကို Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) Square Millimeters (mm) နှင့် သတ်မှတ်ထုတ်လုပ် သုံးစွဲကြပြီး ကြိုးအရှည်ကို မီတာနှင့်သာ ထုတ်လုပ်ရောင်းချကြပါတယ်။
1.5mm, 2.5mm, 4mm, 6mm, 10mm, 16mm, ....

မြန်မာနိုင်ငံမှာတော့ IEC standard အပြင် ယခင် စနစ်ဟောင်း British Imperial System အရ inch လက်မနှင့် တိုင်းတာ ထုတ်လုပ်သည့် ဝါယာကြိုးများကို ဆက်လက်သုံးစွဲကြပါတယ်။ အိမ်နီးချင်းနိုင်ငံများမှ ဝါယာကြိုးစက်ရုံများပင် သူတို့နိုင်ငံတွင် သုံးစွဲမှုမရှိဘဲ မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ပေးလျက် ရှိပါတယ်။ ကြိုးအရှည်ကို ကိုက်နှင့် ထုတ်လုပ်ရောင်းချကြပါတယ်။
3029, 3036, 7029, 7036, 7044, 7052, 7064, ...

100 မီတာ = 109.36 ကိုက်
91.44 မီတာ = 100 ကိုက်

တစ်ချို့ mm ကြိုး ထုတ်လုပ်တင်သွင်းသူတွေက ကြိုးတစ်ခွေဈေးနှုန်း သက်သာသွားအောင် 100 မီတာနှင့် မရောင်းကြပဲ 91.44 မီတာ(100ကိုက်) အရှည်နှင့် ထုတ်လုပ်မှာယူရောင်းချကြပါတယ်။ မီတာ 100 ကြိုးခွေထက် ဈေးနှုန်းအားဖြင့် 9% သက်သာသွားပါတယ်။
မီတာ 100 လို့ ရေးထားပြီး မီတာ 100 မပြည့်သည့် ဝါယာကြိုးများလဲ ဈေးကွက်ထဲမှာ ရောင်းချနေကြပါတယ်။

"3029 wire မှ 1.5mm wire သို့ ပြောင်းလဲ သုံးစွဲခြင်း"
*3029 wire မှာ ရှေ့ဆုံးက 3 သည် ကြေးမျှင် 3ချောင်း ကျစ်ထားသည်ဟု ဆိုလိုပြီး ကြေးမျှင် တစ်ခုချင်းရဲ့ Diameter(အချင်း)က 0.029 လက်မ ရှိတဲ့ ဝါယာကြိုးကို ဆိုလိုပါတယ်။
**1.5mm wire ဆိုတာ Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) 1.5 square millimeter ရှိတဲ့ ဝါယာကြိုးကို ဆိုလိုပါတယ်။
1.5mm wire ကို IEC 01 Standard အရ ကြေးမျှင်အသေး 7ပင်လိမ် နှင့် ထုတ်လုပ်သလို ကြေးမျှင်အတုတ် 1 ချောင်းတည်းနဲ့လဲ ထုတ်လုပ်ပါတယ်။
*3029 wire ကို အရွယ်အစား တူညီတဲ့ Metric(မီလီမီတာ)စနစ်ကို ပြောင်းလဲပါက Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) 1.28mm ရပါတယ်။
*သို့ပေမယ့် Metric စနစ်မှာတော့ အနီးစပ်ဆုံး 1mm နှင့် 1.5mm wire cable များသာ ထုတ်လုပ်သုံးစွဲပါတယ်။
**အသုံးများတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 wire များမှ Metric(မီလီမီတာ)စနစ်သို့ ပြောင်းလဲသုံးစွဲရာတွင် အနီးစပ်ဆုံး တူညီတဲ့ mm size များကို ဖော်ပြထားပါတယ်။
3029 = 1.28mm (~1.5mm)
3036 = 1.97mm (~1.5mm)
7029 = 2.98mm (~2.5mm)
7036 = 4.6mm (~4mm)
7044 = 6.86mm (6mm)
7052 = 9.59mm (~10mm)
7064 = 14.53mm (~16mm)
ဒီပြောင်းလဲခြင်းက ဝါယာကြိုးစနစ် 2ခုလုံး ကြေးနီလုံးပတ် gauge ပြည့်နေမှ မှန်မှာပါ။

သို့ပေမယ့် မြန်မာနိုင်ငံမှာ ရောင်းနေကြတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 လက်မစနစ်ဝါယာ တံဆိပ်အများစုက ကြေးနီလုံးပတ် gauge လျော့နေကြပါတယ်။ လက်မစနစ် ဝါယာတွေမှာ မူလရှိရမယ့် အလေးချိန်နဲ့ ကြေးနီလုံးပတ် gauge အပြည့်ရှိတဲ့ တံဆိပ်က အတော်နည်းသွားပါပြီ။

2.Copper Purity and Weight
အိမ်တွင်းသုံးဝါယာကြိုးများကို ကြေးနီကြိုးများ သုံးစွဲရပါတယ်။ ကြေးနီ တစ်တန်ကို 5,800$ ခန့် ရှိပြီး အလူမီနီယမ် တစ်တန်ကို 1,700$ ခန့် ရှိပါတယ်။ Copper သည် Aluminium ထက် resistance နည်းသောကြောင့် Energy loss အလွန်နည်းပါတယ်။ ကြေးနီကို အခြားဈေးနည်းသောသတ္တုစပ်ထားသော ဝါယာကြိုးများကို သုံးစွဲပါက resistance များပြီး စွမ်းအင်ဆုံးရှုံးမှုများတဲ့အတွက် လျှပ်စစ်မီတာခကို ပိုမိုကုန်ကျစေပါတယ်။ အခြားသတ္တု ရောထားသော ကြေးနီမစစ်သော ဝါယာကြိုးများသည် ၎င်းနှင့် size တူ ကြေးနီကြိုးများကဲ့သို့ Ampere(A) မသယ်ဆောင်နိုင်ပါ။ အခြားသတ္တုစပ်ထားသော ဝါယာကြိုးများကို ကြေးနီအစစ်ကြိုးများကဲ့သို့ loading သုံးစွဲပါက အပူလွန်ကဲပြီး မီးလောင်နိုင်ပါတယ်။ ဈေးနည်းသော သတ္တုများများ ရောစပ်လေ ဝါယာကြိုးဈေးနှုန်း သက်သာလေပါ။

အိမ်သုံးဝါယာကြိုး တစ်ချောင်းသည် ကြေးနီစစ်ဖို့လဲ လိုအပ်ပြီး weight ပြည့်ဖို့လဲ လိုအပ်ပါတယ်။ ကြေးနီအမျှင်တစ်ချောင်းချင်း size ပြည့်ဖို့ လိုအပ်ပြီး အမျှင်များကို (uniform twist) မှန်ကန်တိကျစွာ လိမ်ကျစ်ထားဖို့ လိုအပ်ပါတယ်။ ကြေးနီတော့ စစ်ပြီး အတွင်းမှာ သေချာ လိမ်ကျစ်မထားသော ဝါယာကြိုးများလဲ ရှိပါတယ်။ လိမ်ကျစ်ထားတဲ့ အပတ်ရေ လျော့နည်းနေမယ်ဆိုရင် ဝါယာကြိုးက weight လျော့နေမှာပါ။

IEC 01 Standard အရ အိမ်တွင်းသုံး ဝါယာကြိုး မီတာ 100 ခွေတွေမှာ အနည်းဆုံးရှိရမယ့် အလေးချိန်တွေကို ဖော်ပြပေးပါမယ်။
Copper/PVC (ကာဗာတစ်ထပ် အိမ်တွင်းသုံး ကြေးမျှင်7ပင်လိမ် ဝါယာကြိုး)
1.5mm - 2.2kg (၁ ပိဿာ ၃၄ ကျပ်သား)
2.5mm - 3.5kg (၂ ပိဿာ ၁၄ ကျပ်သား)
4mm - 5.0kg (၃ ပိဿာ ၆ ကျပ်သား)
6mm - 7.0kg (၄ ပိဿာ ၂၈ ကျပ်သား)
10mm - 12.0kg (၇ ပိဿာ ၃၄ ကျပ်သား)
16mm - 18.0kg (၁၁ ပိဿာ ၂ ကျပ်သား)
ဘယ်နိုင်ငံထုတ် ဘယ်တံဆိပ်ပဲနေနေ ဒီအလေးချိန်တွေမှ မရှိဘူးဆိုရင် အရှည်မီတာ သို့မဟုတ် ကြေးနီ လုံးပတ် gauge သို့မဟုတ် ကြေးနီသတ္တုသန့်စင်မှု တစ်ခုခုကို လျှော့ထားလို့ပါ။

🔋1 ပိဿာ = 1.632932532 kg

1.5mm ဝါယာကြိုး မီတာ 100 ခွေ မှာ 2.2kg အနည်းဆုံး ရှိရပါတယ်။ မြန်မာနိုင်ငံမှာ မီးဆရာတွေ အသုံးများပြီး လျှပ်စစ်ပစ္စည်းဆိုင်အများစုမှာ ရောင်းချနေတဲ့ ဝါယာတံဆိပ်တစ်ချို့မှာ 2.0kg ဝန်းကျင်ပဲ ရှိပြီး 10% ခန့် weight လျော့နေကြပါတယ်။ အခြား size များတွင်လဲ 5% မှ 10% ထိ အသီးသီး weight တွေ လျော့နေကြပါတယ်။ Weight အပြည့်ဝါယာကြိုးများကဲ့သို့ Ampere(A) မသယ်ဆောင်နိုင်တော့ပါ။
နွေရာသီလို မီးအား Voltage ကျလို့ ဝါယာကြိုးတွေက Ampere(A) ပိုဆွဲတဲ့အခါမျိုးမှာ ဝါယာကြိုး ကြေးနီ လုံးပတ် gauge လျှော့ထားတာတွေ သုံးထားမယ်ဆိုရင် အပူလွန်ကဲပြီး မီးလောင်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။Packing စက္ကူဖယ်ပြီး ကတ္တားပေါ် ချိန်ကြည့်ရုံနှင့် weight လျော့မလျော့ အလွယ်တကူ သိရှိနိုင်ပါတယ်။

3.PVC Quality
Copper ကို Coated လုပ်ထားတဲ့ PVC ကလည်း လုံးပတ်တစ်လျှောက်လုံး အထူညီနေဖို့ လိုအပ်ပါတယ်။ PVC Insulation ရဲ့ ထုက ညီမနေဘူးဆိုရင် ဝါယာပေါက်ပြဲပြီး လျှော့ဖြစ်ဖို့ အလွန်လွယ်ကူပါတယ်။ Recycled PVC အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ဝါယာကြိုးတွေကတော့ ဈေးနှုန်း ပိုသက်သာပါတယ်။ PVC က Recycled ဖြစ်ရင် ဝါယာ သက်တမ်း ကြာရှည်မခံပါဘူး။

4.အရောင် ခွဲခြား သုံးစွဲမှုစနစ်
AC Power Circuit မှာ Wire ကြိုးများကို အသုံးပြုတဲ့ Function အလိုက် ခွဲခြားသိဖို့အတွက် အရောင်တွေ သတ်မှတ်ပြီး သုံးစွဲကြပါတယ်။ အရောင် သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။
လက်ရှိမှာ EU နှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအများစု လက်ခံသုံးစွဲနေကြတာကတော့ International Electrotechnical Commission (IEC) အဖွဲ့က သတ်မှတ်တဲ့ Colour Code ဖြစ်တဲ့ Phase ကြိုး Line1,2,3 ကို အညို၊ အနက်၊ မီးခိုး၊ Neutral ကြိုးကို အပြာ နှင့် Earth ကြိုးကို စိမ်းဝါကြားတို့ပဲ ဖြစ်ပါတယ်။
USA နှင့် Canada မှာတော့ အဖြူနှင့် မီးခိုးရောင်ကို Neutral အတွက်သုံးစွဲကြပြီး Phase ကြိုး Line1,2,3 ကို အနက်၊ အနီ၊ အပြာ နှင့် Earth ကြိုးကို အစိမ်း၊ စိမ်းဝါကြားနှင့် Bare conductor သုံးစွဲကြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအများစု သုံးစွဲနေကြတာကတော့ UK Old colour code ဖြစ်ပြီး UK မှာ 2006 နောက်ပိုင်း မသုံးစွဲတော့တဲ့ Neutral အနက်၊ Phase Line 1,2,3 ကို အနီ၊ အဝါ၊ အပြာနှင့် Earth စိမ်းဝါကြား တို့ပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများမှ ဝါယာကြိုးစက်ရုံများပင် သူတို့နိုင်ငံတွင် သုံးစွဲမှုမရှိတော့တဲ့ အရောင်စနစ်တွေကို မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ပေးနေကြပါတယ်


26/05/2025

သိထားသင့်တဲ့ မြေအမျိုးစားများအကြောင်း
တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ 🥰

🔵 ယနေ့ခေတ်မှာ ရင်းနှီးမြုပ်နှံသင့်တဲ့ မြေ ရှိသလို၊ လုံးဝ မဝယ်သင့် တဲ့ ခြံမျိုးလည်း ရှိပါသည်

🔵 မြေပိုင်ဆိုင်မှု စာချုပ် စာတန်း အမျိုးမျိုး နှင့် အရှုပ်ရှင်း အမျိုးမျိုးရှိပါသည်

🔵 ဝယ်ထားသော ခြံသည် ပိုင်ဆိုင်မှု့ ခိုင်မာ၍ နောင်တစ်ချိန် အချက်ချာ ကျနိုင်သော နေရာဖြစ်ရမည်

🔵 မြေ အရောင်းဝယ်မှာမြေကို ဝယ်ခြင်း ဆိုသည်ထက် ၊ မြေ၏ ပိုင်ဆိုင်မှုကို.ဝယ်ယူခြင်း ဖြစ်ပါသည်

ဂရံမြေ 📌
လူတိုင်း မြေဝယ်မည် ဆုံးဖြတ်ပါက ဂရံမြေကို သာ
ပို သဘောကျ နှစ်သက်ကြသည်။ အရောင်းဝယ် လွယ်ကူသည်၊ လူတိုင်း နှစ်သက်သော မြေ။
သစ်တော ဂရံမြေ စိုက်ပျိုး ဂရံမြေ စက်မှုဇုံ ဂရံ မြေ
လူနေထိုင်အိမ်ဂရံမြေ အမျိုးမျိုးရှိသည်

သစ်တော ဂရံမြေ 📌
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေ ဖြစ်ပြီး၊
မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့် မှ အပ
အခြားစီးပွားရေး ပြုလုပ်ရန်(သို့မဟုတ်) ခြံပိုင်း၍
ရောင်းဝယ်ရန် မလွယ်ကူပါ၊ ခွင့်ပြုချက် အဆင့်ဆင့်
လျှောက် တင်ရပါမည်။

စိုက်ပျိုး ဂရံမြေ 📌
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ(စလစ်)
မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့် အရောင်းဝယ် ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချ ခြင်း လုံးဝ ပြုလုပ်ရန် မသင့်၊ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေး ပြန် သိမ်းနိုင်သည်။

စက်မှုဇုံဂရံမြေ 📌
က-(၃၀) ဖြင့် ခွင့်ပြုချက် ကျပြီး၊ စက်မှုလုပ်ငန်းမှအပ။
(3)ခ ပါရင် လူနေအိမ် ဆောက်လုပ် နေထိုင်၍ ရသည်။

လူနေထိုင်အိမ်ဂရံ 📌
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန်
ဥပဒေ အရ သော်၄င်း၊ အရောင်းဝယ်ပြုရန်မှာ
အရှုပ်ရှင်းသော်၄င်း လုံးဝ ကင်းရှင်းသည်။
စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့်။

ဂရံမြေ ဝယ်ယူမည် ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊မခိုင်မာသော ဂရံ မြေများ လည်း ရှိသည့် နည်းတူ၊အရောင်းဝယ် ပြုလုပ်ရာ အရှုပ်ရှင်းများသော ဂရံ ြေမြေ များလည်း ရှိသည် ✅

မှတ်ချက် - ဂရံမြေများသည် အစိုးရ စီမံကိန်း နှင့်
မလွတ်ကင်းပါက အချိန်မရွေးသိမ်းယူနိုင်ပါသည်။
ပြည်သူရွေးကောက်တင်မြှောက်ထားသော အစိုးရ
ဖြစ်ပါက လျော်ကြေး ပြန်ရနိုင်ပါသည်။🛑

ပါမစ်မြေ 📌
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီး
ခိုင်မာမှု့ ရှိသော မြေ ပါ၊ သို့သော် ပါမစ် မြေ ဝယ်
ယူ မည်ဆိုပါက သတိထားပါ၊ အကောင်းဆုံးရှေ့နေ
ငှားရမ်းပြီး စီစစ်ပါ၊ စရံချပြီး သတင်းစာတွင် ကြေငြာထည့်ပါ။ ပါမစ် မြေသည် အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှု စာရွက်စာတမ်း/ အိမ်ထောင်စုစာရင်းကဲ့သို့မိသားစုဓါတ်ပုံနှင့် တကွ မြေပိုင်ဆိုင်မှု စာချုပ် တွဲလျက်ပါရှိရပါမည်။
မှတ်ချက် - ပါမစ်မြေသည် အတုပေါများသည်။

ပြေစာ(စလစ်) 📌
ပြေစာ စလစ် ဖြင့် ပြသ နိုင်သော မြေ များသည်
အများအားဖြင့် ပိုင်ဆိုင်မှု ခိုင်မာပါသည်။ သို့သော်
စည်ပင် ဧရိယာ အပြင် ဘက်မှ မြေ မျိုး များဖြစ်ပြီး
မြို့မြေ ဧရိယာ အတွင်း ဖြစ်နေပါက ဂရံ အထိ လျှောက်
နိုင်ပါသည်။
Gပြေစာ(စလစ်)
R/G ပြေစာ(စလစ်)
L ပြေစာ (စလစ်)
ပုံစံ(5) ပြေစာ (စလစ်)
ရွာမြေ ပြေစာ(စလစ်)
R4 ပြေစာ(စလစ်)

G ပြေစာ(စလစ်) 📌
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟု
ခေါ်ဝေါ် ကြသည်။ အရှုပ်ရှင်း အနည်းငယ် သာ
ရှိမည်( အမွေဆိုင်) အိမ်ဆောက်လုပ်/ လူနေထိုင်
နိုင်သည်။ သို့သော် ဥပဒေ အရ ပိုမိုတရားဝင်လိုလျှင်
သ/အ လျှောက်လွှာ တင်ပြီး အိမ်ဆောက်လုပ် လူနေ
ထိုင် နိုင်ပါသည်။

R/G ပြေစာ(စလစ်) 📌
လယ်မှ ပုံစုံပြောင်းထားသော မြေ ဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစု နေအိမ် အတွက် (လယ်အိမ်) ပြောင်းလျှောက် ပြီး။ G ပြေစာ(စလစ်) သို့မဟုတ် /က ၃၀ အဖြစ် ပြောင်း လျှောက်သော နိုင် သော မြေ ဖြစ်သည်။

L ပြေစာ (စလစ်) 📌
သစ်တောမှ မြေအငှား/ ဂရံ (သို့) ယာယီ ခွင့်ပြုချက် ချပေးသော မြေ ဖြစ်ပြီး (အခြား) ပြောင်းလျှောက်ခွင့် မှာ ရရင်ရ၊ မရရင် မရ ပါ။ ဝယ်မည် ဆိုပါက ဌာန ဆိုင်ရာ သို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများ၊ညွန်ကြားချက် အတိုင်း လိုက်နာ၍ ပြောင်း လွဲရ
ပါမည်။အကွက်ရိုက် ရောင်းချ ခွင့် မရှိပါကြောင်း။

ပုံစံ(5) ပြေစာ 📌
ထိုမြေသည် လယ်ပျက် ဖြစ်ပြီး အခြားမြေသို့
စီးပွားရေး၊ စက်မှု့ဇုံ၊ လူနေအိမ်၊ အကွက်ရိုက်ရောင်း
စသည့် အရာများ ခွင့်ပြုချက် လျှောက် ၍ ပြုလုပ်နိုင်ပါသည်။ လယ်ပျက် ဖြစ်၍ ရွာတိုးချဲ့ ခြင်း၊ မြို့ဧရိယာ တိုးချဲ့ ခြင်း စသည့် အရာများ ပြု လုပ်နိုင်သည်။
(အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

ရွာ မြေ ပြေစာ (စလစ်) 📌
မြေ အမျိုးစားတွင် ခိုင်မာမှု ရှိပြီး Google Map
တွင်လည်း Singnal ပြသမည်။ Singnal မပြသ သော်လည်း R4 (or) G မြေ ဖြစ်နေပါက ရွာမြေ /ခြံမြေအမျိုးစားတွင် ထည့်သွင်း နိုင်ပါသည်။ အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင်၊ စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့ မျိုး အရှင်း မရှိ။

R4 ပြေစာ(စလစ်) 📌
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာ
အတွင်း ပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်။
အစိုးရ မဖျက်သိမ်းပါ။ လူနေခွင့် ရှိပါသည်။ အမည်ပေါက် ဖြင့် ပြောင်းလျှောက်၍ အခြား မြေ အမျိုးစားသို့ ပြောင်းလျှောက်ရန် လွယ်ကူပါသည်။
လယ် ဧရိယာ အတွင်း တွင် မပါဝင်ရန်သာ လိုသည်။

လယ်မြေ 📌
လယ်မြေ ပေမယ့် အရောင်းဝယ် ပြုလုပ်ရာတွင်
လွယ်ကူပါသည်။ (R1)(R2)(R3) လယ်များသာ
အရောင်းဝယ် မပြုလုပ်ရန်သတိထားရပါမည်။
လမ်းမ ဘေးမျိုး ဆိုပါက R3 မြေ မျိုး ဖြစ်နေလည်း
R4(သို့မဟုတ်) ပုံစံ(5) သို့ ပြောင်းလျှောက်နိုင်သည်။
တစ်ခု သိထားရမည်မှာ မြန်မာ နိုင်ငံတွင် လယ်မြေသည် အများဆုံး ဖြစ်ပြီး မြို့နယ်(ရပ်ကွက်) တိုးချဲ့ခြင်း လုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံး ဖြစ်ပါသည်။

ဘိုးဘပိုင်မြေ 📌
ခိုင်မာမှု့ တွင် ဂရံ မြေ ထက် အဆ များစွာ သာသည်။ ခေတ် အဆက်ဆက် အမွှေ ဆက်ခံ ခွင့်ရှိပြီး၊ အရောင်းဝယ် ပြု လုပ်ရာ ၌ အမွေစား အမွေခံ အရှုပ်ရှင်း ရှိသည်။

အရှုပ်ရှင်းဆိုသည်မှာ
မြေပိုင်ရှင်မှာ အမွေ ဆိုင် ရှိခြင်း၊ ပေါင်နှံထားခြင်း၊
အစိုးရ စီမံကိန်း နှင့် မလွတ်ကင်းခြင်း၊ သစ်တောမြေ
များအား ပိုင်းရောင်းခြင်း၊ အစိုးရမှ တိုက်ရိုက် ချပေး
သော စိုက်ပျိုး မြေ ဂရံ များ ရောင်းချခြင်း၊ ပုံစံ (7)
သာ ထွက်ရှိထားသော လယ်များ ရောင်းချခြင်း များ
ဖြစ်ပါတယ်။ မြေဝယ်ယူ မည် ဆိုပါက ထိုအရာများ
နှင့် မသက်ဆိုင်သော မြေ များ မှာ အရှုပ်ရှင်းကင်း
သည်ဟု ဆိုရပါမည် 👀

မြေဝယ်ယူမည်ဆိုပါက မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအား စုံစမ်းပါ၊ အမွေဆိုင်များရှိ ပါက ထိုသူ များအားရောင်းရန် သဘောတူကြောင်းအား မိမိ (ရှေ့နေ )အရှေ့တွင် ခံဝန် လက်မှတ် ရေးထိုးခိုင်းပါ။ ပေါင်နှံထားခြင်း ရှိမရှိအား စစ်ဆေးပါ၊ ဘဏ်(သို့မဟုတ်) ရပ် ကွက် အုပ်ချုပ်ရေး မှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ်/မဟုတ်ကြောင်းကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည် 🙌

သစ်တောမြေ ဆိုပါက မြေဦးပိုင် မှာ (L) စာလုံးပါမည် ( ပြင်ဦးလွင် ကဲသို့ ပြန်လည် သိမ်းယူ ခံရမည်)
စိုက်ပျိုးမြေ ဆိုပါက ပြေစာ(စလစ်) တွင် (စ) စာလုံး
ပါ မည်။ မဝယ်ပါက ပို၍ ကောင်းမည်။ လယ်မြေ ဝယ်ယူမည် ဆိုပါက ပုံစံ (105) စစ်ဆေးပါ၊ ပုံစံ(7) တစ်မျိုးတည်းသာ ပါမည်ဆိုပါက လယ်တစ်မျိုးတည်း စိုက်ပျိုး ခွင့်သာ ရှိပါသည် ✅

25/05/2025

🌧⛈🌦 မိုးဦရာသီသို့ များမကြာမှီ ဆောက်လုပ်ရေး အဆောက်အဦး🏡🏢🏠🏩 လုပ်ငန်းခွင်များ ဖြတ်သန်းရတော့မှာမို့ #ဆေးမသုတ်မှီ ဆောင်ရန်ရှောင်ရန်များ ဗဟုသုတ တင်ပေးလိုက်ပါတယ်၊ 🪕🧹🔎

တိုက်နံရံသားအသစ်ကို ဆေးမသုတ်ခင် အရင်ဆုံးပြုလုပ်ရမည့် အရာများ......

1. ဆေးမသုတ်ခင် နံရံချောသားကို
အစိုဓာတ်ရှိ/ မရှိစစ်ရပါတယ်
အစိုဓာတ်15%ထက်ကျော်လွန်နေသေးရင် ဆေးမသုတ်သင့်သေးပါ။

2.ဆေးမသုတ်ခင် နံရံချောသားတွေ လေခိုတာရှိ /မရှိ စစ်သင့်ပါတယ် လေခိုနေတဲ့ နံရံချောသားပေါ် ဆေးမသုတ်သင့်ပါ။

3. ဆေးမသုတ်ခင် နံရံအက်ကွဲကြောင်းတွေ ရှိ /မရှိ စစ်ရပါမယ် အတွင်းအပြင် နှစ်ဖက်ရှိတဲ့ အက်ကွဲကြောင်းမျိုးတွေက
မိုးတွင်းရောက်ရင် ရေစိမ့်ဝင်နိုင်တာမို့ အတွင်း/အပြင်အက်ကွဲကြောင်းတွေပေါ် ဆေးမသုတ်သင့်ပါ။

4.ဆေးမသုတ်ခင် နံရံချောသားပေါ် သဲစကာမချပဲ ချောထားလို့ သစ်စ/ အမှိုက်စ တွေရှိ/မရှိ စစ်သင့်ပါတယ်

5.ဆေးမသုတ်ခင် နံရံကို ချိန်ကျ/ မျဥ်းကျ ချောထားတာလား သို့မဟုတ် နံရံလှိုင်းတွေရှိနေလား စစ်သင့်ပါတယ်
နံရံတွေ ကြိုးလိုင်းတွေ ချိန်ကျမျဥ်းကျ ချောထားတာမဟုတ်ရင် ပတ်တီးရိုက်ဆေးသုတ်တော့မှ ချိန်ကျမျဥ်းကျ ညီချင်လို့မရတော့ပါ
ပတ်တီးက နံံရံသား လှိုင်းတွေ ညီညာမှုမရှိတဲ့ နံရံသားပေါ် ညီညာသွားအောင်တင်ရိုက်လို့မရပါ
ချိန်ကျမျဥ်းကျ ညီညာအောင်ချောသားထားတဲ့ နံရံကို ချောမွေ့သွားအောင် အများဆုံး 3mmလောက်သာတင်ရိုက်သင့်ပါတယ်။

6.ဆေးတွေကို မသန့်တဲ့ရေနဲ့ မရောစပ်သင့်ပါ ဆေးပုံးအညွှန်းမှာပါတဲ့ %ထက်ရေကို ပိုပြီးမရောစပ်သင့်ပါ ။

7.ပတ်တီးတွေကို ကိုယ်ရိုက်နိုင်သလောက်ပဲ ဖျော်စပ်ပါ ပိုသွားလို့နောက်နေ့ပြန်ရိုက်မယ်ဆိုရင် မရပါ
ခဲသွားပြီး ပစ္စည်းလေလွင့်နိုင်ပါတယ်။

8.ဆေးတစ်ထပ်သုတ်ပြီးလို့မခြောက်ခင် နောက်တစ်ထပ် တန်းပြီးမသုတ်သင့်ပါ ဆေးခြောက်အောင် အနည်းဆုံး နှစ်နာရီလောက်ထားသင့်ပါတယ်။

9.ပတ်တီးတစ်ထပ်ရိုက်ပြီးလို့ နောက်တစ်ထပ် တန်းပြီးမရိုက်သင့်ပါ ပတ်တီးခြောက်အောင် အနည်းဆုံး လေးနာရီလောက် အခြောက်ခံပြီးမှ နောက်တစ်ထပ် ပတ်တီးရိုက်သင့်ပါတယ်။

၁၀.ပတ်တီးရိုက် ချောမွေ့အောင်ကော်ပတ်တိုက်ပြီးသွားရင် ပတ်တီးအမှုန့်အမွှားတွေပြောင်အောင်ခါ သန့်ရှင်းရေးလုပ်ပြီးမှ ဆီလာခံဆေးချုပ် ဆေးသုတ်သင့်ပါတယ်
ဆီလာခံဆေးကို ခြောက်သွေ့အောင် အနည်းဆုံး နှစ်နာရီလောက်ထားပြီးမှ အပေါ်မှ ဆေးသုတ်နိုင်ပါတယ်
ဆီလာခံဆေးမခြောက်ခင် ဆေးတန်းမသုတ်သင့်ပါ။

credit to original uploader

Address

BlockH, Shwe Sabae Avenue, Bayint Naung Road, Kamaryut Township
Yangon
11041

Opening Hours

Monday 08:30 - 05:00
Tuesday 08:30 - 05:00
Wednesday 08:30 - 05:00
Thursday 08:30 - 05:00
Friday 08:30 - 05:00

Telephone

+959778608822

Website

Alerts

Be the first to know and let us send you an email when KRK Myanmar Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KRK Myanmar Company Limited:

Share