13/09/2026
အဆောက်အဦမဆောက်ခင် Structural Design ကို စနစ်တကျ ဘာကြောင့် ရေးဆွဲသင့်တာလဲ။ 🏢🏗️
အိမ်တစ်လုံး၊ အဆောက်အဦတစ်ခု ဆောက်လုပ်တော့မယ်ဆိုရင် လှပတဲ့ Architectural Design နဲ့တင် မလုံလောက်ပါဘူး။ အဆောက်အဦရဲ့ ကြံ့ခိုင်မှုနဲ့ ရေရှည်တည်တံ့မှုအတွက် Structural Design စနစ်တကျ ရှိဖို့က အရေးကြီးဆုံး အုတ်မြစ်ဖြစ်ပါတယ်။
Structural Design မပါဘဲ သို့မဟုတ် စနစ်တကျ မတွက်ချက်ဘဲ ဆောက်လုပ်ပါက ဘာတွေကြုံတွေ့ရနိုင်လဲ။
လုံခြုံဘေးကင်းမှု လျော့နည်းခြင်း: ငလျင်ဒဏ်၊ လေဒဏ်နဲ့ အဆောက်အဦရဲ့ ဝန်အား (Load) များကို စနစ်တကျ မတွက်ချက်ထားပါက အက်ကြောင်းထခြင်း၊ အဆောက်အဦ လျှောကျခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
ကုန်ကျစရိတ် ပိုမိုကုန်ကျခြင်း: သံချောင်းနဲ့ ဘိလပ်မြေကို လိုတာထက် ပိုသုံးမိပြီး ဘတ်ဂျက် ပိုကုန်ကျခြင်း (Over-design) သို့မဟုတ် လိုအပ်သလောက် မသုံးမိဘေကြောင့် နောင်တွင် ပြန်လည်ပြင်ဆင်စရိတ် ပိုကုန်ခြင်းများ ဖြစ်စေပါတယ်။
ရေရှည်ခိုင်ခံ့မှု မရှိခြင်း: ပိုင်တိုင် (Pile) ပမာဏ၊ Foundation ဖောင်ဒေးရှင်း အနက်နဲ့ တိုင်/ရက်မ အချိုးအစားများ လွဲမှားပါက အချိန်တိုအတွင်း ပျက်စီးလွယ်ပါတယ်။
Dreamers Inspiration Design မှာတော့ ဝါရင့်အင်ဂျင်နီယာများက နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ Safety Factor စနစ်တကျ တွက်ချက်ပြီး စိတ်ချယုံကြည်ရတဲ့ Structural Design များကို ရေးဆွဲပေးနေပါတယ်။
📞 ဆက်သွယ်စုံစမ်းရန်: 09421124429 ,09695152568