31/10/2026
🙏 ၁၄ ကြိမ်မြောက် Zeya & Associates ၏ ကထိန်အလှူတော် မင်္ဂလာ 🙏
Zeya & Associates Co., Ltd. ၏ ၁၄ ကြိမ်မြောက် ကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ (စနေနေ့) တွင် ဒက္ခိဏာရုံပရိယတ္တိစာသင်တိုက်၌ စည်းလုံးညီညွတ်မှု၊ ကြည်နူးပျော်ရွှင်မှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဤမွန်မြတ်သော ကထိန်အလှူတော်တွင် ကုမ္ပဏီမိသားစုဝင်များ၊ မိတ်ဆွေများနှင့် အလှူရှင်များအားလုံး စိတ်တူကိုယ်တူ ပါဝင်လှူဒါန်းကုသိုလ်ပြုခဲ့ကြသည့်အတွက် အထူးပင် ဝမ်းမြောက်ကြည်နူးမိပါသည်။
အခမ်းအနားတွင် CEO မှ မင်္ဂလာရွှေမိုး၊ ငွေမိုးများ ကြဲဖြန့်ပေးခဲ့သည့်အပြင် ကုမ္ပဏီမိသားစုဝင်များမှလည်း အသက်အရွယ်အားဖြင့်လည်းကောင်း၊ ရာထူးတာဝန်နှင့် ဂုဏ်သိက္ခာအားဖြင့်လည်းကောင်း မိမိတို့ထက် ကြီးမြင့်လေးစားထိုက်သော CEO နှင့် Management Team မှ လူကြီးမင်းများအား ရိုသေလေးစားစွာဖြင့် ကန်တော့ဂါရဝပြုခဲ့ကြပါသည်။ ထို့အပြင် သီတင်းကျွတ်အခါသမယကို ဂုဏ်ပြုသောအားဖြင့် CEO မှ မုန့်ဖိုးများ ချီးမြှင့်ပေးအပ်ခဲ့ရာ အားလုံးအတွက် ပျော်ရွှင်ကြည်နူးဖွယ် အမှတ်တရကောင်းတစ်ခု ဖြစ်ခဲ့ပါသည်။
ထို့အပြင် ကထိန်ပဒေသာပင် အဖွဲ့လိုက်ပြိုင်ပွဲကိုလည်း ဌာနပေါင်းစုံနှင့် Business Unit ပေါင်းစုံမှ လုပ်ဖော်ကိုင်ဖက် မောင်နှမများ စုပေါင်းပါဝင်၍ ပျော်ရွှင်တက်ကြွစွာ ဆောင်ရွက်ခဲ့ကြပါသည်။ အတူတကွ စီစဉ်ဖန်တီးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများမှတစ်ဆင့် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှုနှင့် Team Spirit ကို ပိုမိုခိုင်မာစေခဲ့သည့် ပျော်ရွှင်ဖွယ် အမှတ်တရကောင်းတစ်ခုလည်း ဖြစ်ခဲ့ပါသည်။
ယခုကဲ့သို့ စုပေါင်းညီညွတ်စွာ ကုသိုလ်ပြုခဲ့ကြသည့် အလှူဒါနအကျိုးတရားများကြောင့် ပါဝင်ကုသိုလ်ပြုသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး မင်္ဂလာရွှေမိုး၊ ငွေမိုးများ အစဉ်မပြတ် ရွာသွန်းကာ စီးပွားလာဘ်လာဘများ တိုးတက်ကြီးပွား၍ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း Zeya & Associates မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
အားလုံးအတူတကွ မျှဝေကုသိုလ်ယူရင်း ပျော်ရွှင်ကြည်နူးဖွယ် အမှတ်တရများ ဖန်တီးနိုင်ခဲ့သည့်အတွက် အထူးပင် ဝမ်းမြောက်ပီတိဖြစ်ရပါသည်။
သာဓု… သာဓု… သာဓုပါ။ 🙏