Mekong Glory Medical

Mekong Glory Medical Your Source for Reliable Medical and Lab Equipment in Myanmar

ဆေးစစ်ချက်အဖြေကို ဘာတွေမှားယွင်းနိုင်စေလဲ?ဆေးစစ်ချက်အဖြေ (Lab Result) တစ်ခုဟာ လူနာတစ်ယောက်ရဲ့ ကုသမှုအတွက် အရေးကြီးဆုံး ဆ...
28/04/2026

ဆေးစစ်ချက်အဖြေကို ဘာတွေမှားယွင်းနိုင်စေလဲ?
ဆေးစစ်ချက်အဖြေ (Lab Result) တစ်ခုဟာ လူနာတစ်ယောက်ရဲ့ ကုသမှုအတွက် အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေကို ပေးတာမို့ "တိကျမှု" က ပထမဦးစားပေးပါပဲ။ နောက်ဆုံးပေါ်စက်ပစ္စည်းသုံးမယ်ဆိုရင်တောင်မှ နမူနာ (ဥပမာ သွေးနမူနာ) ကို ထားသိုနည်းမမှန်ရင် Result ကလည်း မှားယွင်းနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆေးစစ်ချက်အဖြေကို မှားယွင်းစေနိုင်တဲ့ ကိုင်တွယ်ထားသိုနည်းတွေကို မျှဝေပေးပါရစေ။
(၁) Hemolysis (သွေးဆဲလ်များ ပေါက်ထွက်ခြင်း)
သွေးဖောက်တဲ့အခါ အပ်နဲ့ သွေးကြော အနေအထားမမှန်တာ၊ သွေးပုလင်းထဲကို အားပြင်းပြင်းနဲ့ ထိုးထည့်တာ ဒါမှမဟုတ် နမူနာကို ပြင်းပြင်းထန်ထန် လှုပ်ခါမိတာမျိုးတွေကြောင့် သွေးနီဥတွေ ပေါက်ထွက်သွားတတ်ပါတယ်။ ဒါဟာ Potassium (ပိုတက်စီယမ်) လို ဓာတ်မျိုးတွေကို ပုံမှန်ထက် အများကြီး ပိုတက်လာစေနိုင်ပါတယ်။
(၂) သိုလှောင်မှု အပူချိန် မမှန်ကန်ခြင်း (Incorrect Storage Temperature)
Sample တစ်ခုချင်းစီမှာ သတ်မှတ်ထားတဲ့ အပူချိန် ရှိပါတယ်။ ဥပမာ - အအေးခန်းထဲ ထည့်ထားရမယ့် နမူနာကို အပြင်မှာ အကြာကြီး ထားမိရင် Enzyme တွေနဲ့ Hormones တွေရဲ့ တည်ဆောက်ပုံ ပျက်စီးသွားပြီး အဖြေကို လွဲမှားစေပါတယ်။
(၃) Tube မှားယွင်းအသုံးပြုခြင်း
Tube အရောင်တွေကို စစ်ဆေးမဲ့ အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ်။ (ဥပမာ - EDTA, Heparin, Sugar Tube) Anticoagulant (သွေးမခဲဆေး) ကို အခြားပုလင်းထဲ မှားထည့်မိရင် စက်ထဲမှာ ဓာတ်ပြုမှုတွေ မှားယွင်းနိုင်ပါတယ်။
(၄)ပို့ဆောင်ချိန် ကြန့်ကြာခြင်း
ဓာတ်ခွဲခန်းထဲကို အမြန်ဆုံးမရောက်ဘဲ အပြင်မှာ အချိန်အကြာကြီး ရှိနေရင် သွေးဆဲလ်တွေက သွေးထဲက Glucose (သကြားဓာတ်) ကို ဆက်လက် စားသုံးနေတာကြောင့် တကယ်ရှိတဲ့ ပမာဏထက် အဖြေမှာ နည်းသွားတတ်ပါတယ်။
(၅) Centrifuge လှည့်ပုံ မမှန်ခြင်း
သွေးရည်ကြည် (Serum/Plasma) ခွဲထုတ်တဲ့အခါ သတ်မှတ်ထားတဲ့ Speed (RPM) နဲ့ အချိန်အတိုင်း မလှည့်မိရင် ဆဲလ်တွေ သေချာမကွဲထွက်ဘဲ အဖြေကို နှောင့်ယှက်နိုင်ပါတယ်။
ဒီလို အမှားအယွင်းလေးတွေက လူနာတစ်ယောက်ရဲ့ ဆေးစစ်ချက်ရလဒ်တွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒါကြောင့် သင့်ဓာတ်ခွဲခန်းရဲ့ ဆေးစစ်ချက်တွေက အမြဲတမ်းတိကျနေဖို့၊ High-quality Laboratory Accessories တွေအပြင် ဒီအချက်လေးတွေကိုလည်း လိုက်နေပေးဖို့ တိုက်တွန်းပါရစေ။
သင့်ဓာတ်ခွဲခန်းအတွက် လိုအပ်တဲ့ အရည်အသွေးမြင့် စက်ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းများကို After sale service အပြည့်ရှိတဲ့ MGM မှာ ဝယ်ယူရရှိနိုင်ပါတယ်။
အသေးစိတ် မေးမြန်းစုံစမ်းလိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
📍 Address- အမှတ် (၁၀၂)၊ ပထမထပ်၊ အဆောက်အဦး (D)၊ သုဓမာ (၁) လမ်း၊ သုမင်္ဂလာအိမ်ယာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No- 09799585606/ 09763924481/ 09779220622


သင့်ဓာတ်ခွဲခန်းမှာ Respons 910 ရှိရင် ဒီ post လေးကို ဖတ်ကြည့်ပါ။အဆင့်မြင့် Clinical Chemistry Analyzer တစ်ခုဖြစ်တဲ့ Resp...
28/04/2026

သင့်ဓာတ်ခွဲခန်းမှာ Respons 910 ရှိရင် ဒီ post လေးကို ဖတ်ကြည့်ပါ။
အဆင့်မြင့် Clinical Chemistry Analyzer တစ်ခုဖြစ်တဲ့ Respons 910 ကို Error ကင်းကင်းနဲ့ သက်တမ်းကြာရှည် အသုံးပြုနိုင်ဖို့ဆိုရင် စနစ်တကျ ထိန်းသိမ်းဖို့က အလွန်အရေးကြီးပါတယ်။ ဒီနေ့မှာတော့ အသုံးပြုသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အခြေခံအချက် (၆) ချက်ကို MGM မှ မျှဝေပေးလိုက်ပါတယ်။
ဒီနေ့မှာတော့ Respons 910 အသုံးပြုသူတိုင်း သိထားသင့်တဲ့ "ထိန်းသိမ်းနည်း အခြေခံအချက် (၆) ချက် ကို မျှဝေပေးချင်ပါတယ်
(၁) Startup & Shutdown (စက်ကိုအဖွင့်အပိတ်လုပ်တိုင်းမှာ) Self-check လုပ်တာကို သေချာစောင့်ကြည့်ပါ။ စက်ပြန်ပိတ်တဲ့အခါမှာလည်း Shutdown procedure အတိုင်း စနစ်တကျ ပိတ်ပါ။
(၂) ဓာတုဓာတ်ပစ္စည်း ဒါမှမဟုတ် သွေးနမူနာတွေ ဖိတ်စင်ခဲ့ရင် ချက်ချင်းသန့်ရှင်းရေးလုပ်ပါ။ အပြင်ပိုင်းကို နူးညံ့တဲ့အဝတ်နဲ့ ဖုန်သုတ်ပေးပါ။
(၃) Sample ယူတဲ့ Probe တွေ ပိတ်မနေဖို့နဲ့ ကွေးမသွားဖို့ အမြဲစစ်ဆေးပါ။
Sample ထည့်တဲ့ခွက်တွေမှာ အစွန်းအထင်းရှိရင် Result ကို ထိခိုက်စေနိုင်လို့ သတ်မှတ်ထားတဲ့ဆေးရည်နဲ့သာ ပုံမှန်ဆေးကြောပေးပါ။
(၄) စက်မှာသုံးတဲ့ရေဟာ Deionized Water အစစ်ဖြစ်ဖို့ လိုပါတယ်။ ရေပုံးထဲမှာ အနည်အနှစ် ဒါမှမဟုတ် မှိုတက်တာမျိုး မရှိအောင် ဂရုစိုက်ပါ။
(၅) စက်ရှိတဲ့အခန်းကို အေးမြပြီး ဖုန်ကင်းစင်အောင် ထားပါ။ အပူချိန်လွန်ကဲရင် စက်ရဲ့ Optical စနစ်ကို ထိခိုက်စေနိုင်ပါတယ်။
(၆) စက်ရဲ့ အခြေအနေကို သိနိုင်ဖို့ နေ့စဉ် Quality Control (QC) ဆွဲပါ။ Reagent အသစ်လဲတိုင်း ဒါမှမဟုတ် Result တွေ လွဲနေပြီလို့ သံသယရှိတိုင်း Calibration ပြန်လုပ်ပေးပါ။
အကြံပြုချက်အနေနဲ့ စက်မှာ Error Code တက်လာရင်ဖြစ်ဖြစ်၊ ပုံမှန်ထက် ထူးခြားနေရင်ဖြစ်ဖြစ် Service Engineer နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံးပါ။ တကယ်လို့ သင့် Respons 910 စက်ကို MGM မှ မှာယူထားတယ်ဆိုရင်တော့ ဒီအဆင့်အတွက် Service ကို free of charge ယူဖို့ ဖုန်းဆက်လိုက်ရုံပါပဲ။
သင့်ဓာတ်ခွဲခန်းရဲ့ Respons®910 ကို ထိန်းသိမ်းနည်းမှန်ရဲ့လား?
ဒါလေးတွေနဲ့ တိုက်ကြည့်ဖို့လိုမယ်နော်။
Respons 910 ကို ဝယ်ယူမယ်ဆိုရင်တော့ After sale service အပြည့်ရှိတဲ့ MGM မှာ ဝယ်ယူရရှိနိုင်ပါတယ်။
အသေးစိတ် မေးမြန်းစုံစမ်းလိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
📍 Address- အမှတ် (၁၀၂)၊ ပထမထပ်၊ အဆောက်အဦး (D)၊ သုဓမာ (၁) လမ်း၊ သုမင်္ဂလာအိမ်ယာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No- 09799585606/ 09763924481/ 09779220622


သင့်ဓာတ်ခွဲခန်းရဲ့ ရောဂါရှာဖွေရေးစက်တွေက မြန်ဆန်တိကျမှုရှိရုံတင်မကဘဲ အဆင့်မြင့်နည်းပညာတွေကိုရော အသုံးချနိုင်ပြီလား?အခုနေ...
28/04/2026

သင့်ဓာတ်ခွဲခန်းရဲ့ ရောဂါရှာဖွေရေးစက်တွေက မြန်ဆန်တိကျမှုရှိရုံတင်မကဘဲ အဆင့်မြင့်နည်းပညာတွေကိုရော အသုံးချနိုင်ပြီလား?

အခုနောက်ပိုင်း IVD (In Vitro Diagnostics) နယ်ပယ်မှာ ပိုမိုတိကျတဲ့ Immunofluorescence နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါပြီ။
သင့်လုပ်ငန်းအတွက် ခေတ်မီပြီး result တိကျမြန်ဆန်တဲ့ Immunofluorescence နည်းပညာသုံး စက်တစ်လုံးကို ရှာဖွေနေတယ်ဆိုရင်တော့
ကိုင်တွယ်ရလွယ်ကူပြီး နေရာမရွေး အသုံးပြုနိုင်တဲ့ Optical Q Manual Type System For IVD Immunofluorescence Strip Analyzer ဟာ သင့်ဓာတ်ခွဲခန်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အဖော်မွန်တစ်ခု ဖြစ်လာမှာပါ။
Optical Q Immunofluorescence Strip Analyzer ရဲ့ သာမန်ထက်ထူးခြားတဲ့ အားသာချက်တွေက
(၁) နည်းပညာကို အသုံးပြုထားလို့ သာမန်စစ်ဆေးမှုတွေထက် ပိုမိုတိကျတဲ့အပြင် မိနစ်ပိုင်းအတွင်းမှာတင် ရလဒ်ကို ဖတ်ရှုနိုင်ခြင်း
(၂) ပြင်ဆင်မှုတွေ မလိုဘဲ ကျွမ်းကျင်ပညာရှင်တွေအတွက် အလွယ်တကူ စမ်းသပ်စစ်ဆေးနိုင်အောင် Interface ကို ရိုးရှင်းစွာ တည်ဆောက်ထားခြင်း
(၃) စစ်ဆေးမှုပေါင်းများစွာကို Strip တစ်ခုတည်းနဲ့ စစ်ဆေးနိုင်ခြင်း
(၄) compatible Design ဖြစ်တဲ့အတွက် နေရာကျဉ်းတဲ့ ဓာတ်ခွဲခန်းတွေနဲ့ အရေးပေါ်ဌာနတွေမှာပါ အဆင်ပြေပြေ အသုံးပြုနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

ဒါတင်မကဘဲ Calibration System ကောင်းမွန်တဲ့အတွက် ရလဒ်တွေအပေါ် ယုံကြည်မှုအပြည့်အဝပေးနိုင်သလို၊ ပြုပြင်ထိန်းသိမ်းရတာလည်း လွယ်ကူတဲ့အတွက် ဓာတ်ခွဲခန်းရဲ့ ကုန်ကျစရိတ်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်တဲ့ Device တစ်ခုဆိုလည်း မမှားပါဘူး။

သင့်ဓာတ်ခွဲခန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး လူနာတွေအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ Optical Q Immunofluorescence Strip Analyzer ကို အခုပဲ ရွေးချယ်လိုက်ပါစို့။
Optical Q Immunofluorescence Strip Analyzer ကို ဝယ်ယူမယ်ဆိုရင်တော့ After sale service အပြည့်ရှိတဲ့ MGM မှာ ဝယ်ယူရရှိနိုင်ပါတယ်။
အသေးစိတ် မေးမြန်းစုံစမ်းလိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
📍 Address- အမှတ် (၁၀၂)၊ ပထမထပ်၊ အဆောက်အဦး (D)၊ သုဓမာ (၁) လမ်း၊ သုမင်္ဂလာအိမ်ယာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No- 09799585606/ 09763924481/ 09779220622


ဆေးခန်းတွေအတွက် မရှိ မဖြစ် လက်စွဲတော် WP 21A နေရာမယူ၊ ဈေးနှုန်းသင့်တင့်ပြီး တိကျမှုရှိတဲ့အဖြေတွေအတွက် WP 21A 🔬ဆေးခန်းအသစ...
23/04/2026

ဆေးခန်းတွေအတွက် မရှိ မဖြစ် လက်စွဲတော် WP 21A

နေရာမယူ၊ ဈေးနှုန်းသင့်တင့်ပြီး တိကျမှုရှိတဲ့အဖြေတွေအတွက် WP 21A 🔬
ဆေးခန်းအသစ်စဖွင့်မဲ့ ဆရာဝန်များနဲ့ Small Lab ပိုင်ရှင်များအားလုံးပဲ မင်္ဂလာပါရှင် …
ဆေးခန်းတစ်ခုမှာ မရှိမဖြစ်လိုအပ်တဲ့ အသည်း၊ ကျောက်ကပ်၊ ဆီးချိုနဲ့ သွေးတွင်းအဆီဓာတ် စစ်ဆေးမှုတွေအတွက်
❌ နေရာအများကြီးယူတဲ့ စက်ကြီးတွေထားဖို့ အဆင်မပြေဖြစ်နေလား?
❌ ကုန်ကျစရိတ်သင့်တင့်ပြီး တိကျမှန်ကန်မှုရှိတဲ့ စက်မျိုးကို ရှာဖွေနေလား?
ဒါဆိုရင်တော့ MGM (Mekong Glory Medical) ကနေ တင်သွင်းဖြန့်ဖြူးတဲ့ WP 21A Semi-auto Chemistry Analyzer က လူကြီးမင်းတို့အတွက် အကောင်းဆုံး အဖြေတစ်ခု ဖြစ်စေမှာပါ။
ဘာကြောင့် WP 21A ကို ရွေးချယ်သင့်တာလဲ ❓

✅ စုံလင်စွာ စစ်ဆေးနိုင်ခြင်း (Comprehensive Menu)
စက်တစ်လုံးတည်းနဲ့ အောက်ပါ ကျန်းမာရေးစစ်ဆေးမှုများစွာကို ပြုလုပ်နိုင်ပါတယ်။
◾ Hepatic Panel (အသည်းလုပ်ငန်းစဉ်)
◾ Renal Panel (ကျောက်ကပ်လုပ်ငန်းစဉ်)
◾ Lipid Panel (သွေးတွင်းအဆီဓာတ်)
◾ Diabetes (ဆီးချို/သွေးချို)
◾ Cardiac & Inflammation Panel (နှလုံးနှင့် ရောင်ရမ်းမှုဆိုင်ရာ)
✅ တိကျမှန်ကန်တဲ့ နည်းပညာ
အပူချိန်ကို ±0.1°C အထိ တိကျစွာ ထိန်းချုပ်ပေးနိုင်တဲ့စနစ် ပါဝင်တာကြောင့် ဓာတ်ခွဲရလဒ်တွေကို ယုံကြည်စိတ်ချစွာ ထုတ်ပေးနိုင်ပါတယ်။
✅ ကြာရှည်အသုံးခံခြင်း
6V/10W Halogen မီးသီးကို အသုံးပြုထားပြီး စက်မသုံးတဲ့အချိန်မှာ "Auto Sleep" စနစ်ကအလိုအလျောက် လုပ်ဆောင်ပေးတာကြောင့် မီးသီးသက်တမ်းကို ပိုကြာရှည်ခံစေပါတယ်။
✅ အရည်အသွေး အာမခံချက်
နိုင်ငံတကာအသိအမှတ်ပြု EN ISO 13485:2012 လက်မှတ်ရရှိထားပြီးဖြစ်လို့ Quality ပိုင်းအတွက်စိတ်ချရစေပါတယ်။
ဒါကြောင့် ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ WP 21A နဲ့ လူကြီးမင်းတို့ရဲ့ ဆေးခန်းဝန်ဆောင်မှုကို အခုပဲ အဆင့်မြှင့်တင်လိုက်ရအောင် 🤗
အသေးစိတ် မေးမြန်းစုံစမ်းလိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
📍 Address- အမှတ် (၁၀၂)၊ ပထမထပ်၊ အဆောက်အဦး (D)၊ သုဓမာ (၁) လမ်း၊ သုမင်္ဂလာအိမ်ယာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ Phone- 09799585606/ 09763924481/ 09779220622



ဂျာမန်နည်းပညာစစ်စစ် respons 910 နဲ့ သင့်ဓာတ်ခွဲခန်းကို အဆင့်မြှင့်လိုက်ပါဓာတ်ခွဲခန်းအသေးစား၊ အလတ်စားတွေအတွက် ယုံကြည်စိတ်...
08/04/2026

ဂျာမန်နည်းပညာစစ်စစ် respons 910 နဲ့ သင့်ဓာတ်ခွဲခန်းကို အဆင့်မြှင့်လိုက်ပါ

ဓာတ်ခွဲခန်းအသေးစား၊ အလတ်စားတွေအတွက် ယုံကြည်စိတ်ချရဆုံး ဂျာမန်နည်းပညာနဲ့ respons 910 🇩🇪
ဓာတ်ခွဲခန်းတစ်ခုမှာ လူနာအများကြီးကို အချိန်တိုအတွင်း တိတိကျကျ စစ်ဆေးပေးနိုင်ဖို့ဆိုတာ အရေးအကြီးဆုံးပါပဲ။ ဒါ့အပြင် Main Machine ရပ်နားထားရချိန်မှာ လုပ်ငန်းမပြတ်တောက်စေဖို့ Backup ကောင်းကောင်းတစ်ခုလည်း လိုအပ်ပါသေးတယ်။
ဒီလိုအပ်ချက်တွေအားလုံးအတွက် MGM ကနေ ဂျာမနီနိုင်ငံထုတ် DiaSys ကုမ္ပဏီရဲ့ respons 910 ကို မိတ်ဆက်ပေးလိုက်ပါတယ်။
ဘာကြောင့် respons 910 က လူကြီးမင်းတို့ဓာတ်ခွဲခန်းအတွက် အသင့်တော်ဆုံးဖြစ်နေတာလဲ ❓
✔️ တစ်နာရီကို Test ပေါင်း (၁၅၀) အထိ လုပ်ဆောင်နိုင်စွမ်းရှိပြီး Serum, Plasma, Whole Blood, Urine ကနေ Cerebrospinal fluid (CSF) အထိ Sample အမျိုးမျိုးကို စစ်ဆေးနိုင်ပါတယ်။
✔️ သာမန်လူနာတွေကို စစ်ဆေးနေရင်းနဲ့ အရေးပေါ်လူနာ (Emergency) ရောက်လာခဲ့ရင် စောင့်ဆိုင်းစရာမလိုဘဲ ကြားဖြတ်စစ်ဆေးနိုင်တဲ့ STAT drawer စနစ် ပါဝင်ပါတယ်။
✔️ Multifunctional Arm မှာ Clot sensor နဲ့ Crash sensor တွေပါဝင်ပြီး Barcode စနစ်နဲ့ ဆေးရည်နဲ့ သွေးနမူနာတွေကို အလိုအလျောက် မှတ်ပုံတင်ပေးနိုင်ပါတယ်။
✔️ Mono (သို့) Twin container တွေကို လိုသလိုအသုံးပြုနိုင်ပြီး Reagent ဖြည့်တင်းရတာ လွယ်ကူမြန်ဆန်သလို Maintenance လုပ်ရတာလည်း သက်သာပါတယ်။
ဒါကြောင့် respons 910 က အလတ်စားနဲ့ အသေးစား ဓာတ်ခွဲခန်းတွေအတွက် Main Unit အဖြစ် အားကိုးရသလို၊ ဓာတ်ခွဲခန်းကြီးတွေအတွက်လည်း ယုံကြည်စိတ်ချရတဲ့ Backup စက်အဖြစ် ထားရှိဖို့ အသင့်တော်ဆုံး ရွေးချယ်မှုတစ်ခုလို့ ပြောရမှာပါ။
အခုလို ကောင်းမွန်တဲ့အားသာချက်တွေနဲ့ ဂျာမန်နည်းပညာစစ်စစ် respons 910 ကို မှာယူအသုံးပြုမယ်ဆိုရင်တော့ MGM ကို အခုပဲ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါပြီ။
အသေးစိတ် မေးမြန်းစုံစမ်းလိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါပြီ။

📍 Address- အမှတ် (၁၀၂)၊ ပထမထပ်၊ အဆောက်အဦး (D)၊ သုဓမာ (၁) လမ်း၊ သုမင်္ဂလာအိမ်ယာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ Phone- 09799585606/ 09763924481/ 09779220622



လူနာစောင့်ဆိုင်းချိန်ကို လျှော့ချပြီး ဓာတ်ခွဲခန်းစွမ်းဆောင်ရည်ကို မြှင့်တင်လိုက်ပါ 🚀⏱️အရေးပေါ်ဌာနများနဲ့ ဆေးခန်းတွေမှာ လ...
01/04/2026

လူနာစောင့်ဆိုင်းချိန်ကို လျှော့ချပြီး ဓာတ်ခွဲခန်းစွမ်းဆောင်ရည်ကို မြှင့်တင်လိုက်ပါ 🚀⏱️
အရေးပေါ်ဌာနများနဲ့ ဆေးခန်းတွေမှာ လူနာတစ်ယောက်အတွက် ရောဂါရှာဖွေမှုအဖြေကို
မြန်မြန်ရရှိဖို့က ကုသမှုအပိုင်းအတွက် အရမ်းအရေးကြီးပါတယ်။

ဒါကြောင့် အချိန်နှင့်တပြေးညီ တိကျမြန်ဆန်တဲ့ အဖြေကို ပေးနိုင်ဖို့ MGM ကနေ တင်သွင်းဖြန့်ဖြူးတဲ့ Optical Q (Immunofluorescence Strip Analyzer) ကို မိတ်ဆက်ပေးပါရစေ။
🇰🇷 ကိုရီးယားနည်းပညာဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဒီစက်ကတော့
📌 ရောဂါအမျိုးအစားအလိုက် (၃) မိနစ်ကနေ (၁၅) မိနစ် အတွင်း အဖြေထုတ်ပေးနိုင်ပါတယ်။

📌 စက်တစ်လုံးတည်းနဲ့ Inflammation, နှလုံးရောဂါ၊ ဆီးချို၊ သိုင်းရွိုက်၊ Hormone & Tumor Markers နဲ့ အခြား Vitamin D, Ferritin တို့ကို စစ်ဆေးနိုင်ပါတယ်။

📌 Serum/Plasma နမူနာကိုအသုံးပြုပြီး Dilution -> Drop -> Analysis ဆိုတဲ့ အဆင့် (၃) ဆင့်တည်းနဲ့ အဖြေထုတ်ပေးနိုင်လို့ အသုံးပြုရလွယ်ကူပါတယ်။

📌 အလေးချိန် 1.5 kg သာရှိလို့ ရွှေ့ပြောင်းသယ်ယူရ လွယ်ကူသလို၊ စက်ထဲမှာတင် Internal Printer ပါဝင်တဲ့အတွက် အဖြေကို ချက်ချင်း Print ထုတ်နိုင်မှာဖြစ်တဲ့အပြင် လူနာ (၉၉) ဦးစာ Result တွေကိုလည်း မှတ်သားထားနိုင်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ရဲ့ ဆေးခန်းနဲ့ ဓာတ်ခွဲခန်းကို အဆင့်မြှင့်တင်ဖို့အတွက် အချိန်ကုန်သက်သာပြီး တိကျသေချာတဲ့ Optical Q ကို အသုံးပြုမယ်ဆိုရင် MGM ကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။
အသေးစိတ် မေးမြန်းစုံစမ်းလိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါပြီ။

📍 Address- အမှတ် (၁၀၂)၊ ပထမထပ်၊ အဆောက်အဦး (D)၊ သုဓမာ (၁) လမ်း၊ သုမင်္ဂလာအိမ်ယာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️ Phone- 09799585606/ 09763924481/ 09779220622

သင့်ဓာတ်ခွဲခန်း ရလဒ်တွေက အမြဲတိကျပြီး ခေတ်မီနေရဲ့လား?အခုနောက်ပိုင်း အသေးစားနဲ့ အလတ်စားဓာတ်ခွဲခန်းတွေက Semi Auto Chemistr...
13/03/2026

သင့်ဓာတ်ခွဲခန်း ရလဒ်တွေက အမြဲတိကျပြီး ခေတ်မီနေရဲ့လား?

အခုနောက်ပိုင်း အသေးစားနဲ့ အလတ်စားဓာတ်ခွဲခန်းတွေက Semi Auto Chemistry Analyzer ကို ပြောင်းလဲသုံးစွဲနေကြပါပြီ။ ခေတ်မီတဲ့ဓာတ်ခွဲခန်းဖြစ်စေဖို့၊ result တွေကို အမြန်ထုတ်ပေးနိုင်ဖို့ သင့် ဓာတ်ခွဲခန်းမှာ WP21A Semi Auto Chemistry Analyzer တစ်လုံးတော့ ရှိကိုရှိသင့်နေပါပြီ။

သာမန်ထက်မတူတဲ့ Semi Auto Chemistry Analyzer ဖြစ်တဲ့အတွက်
(၁) High-quality filters နဲ့ optical system ကြောင့် Test ရလဒ်တွေကို စိတ်ချလက်ချ ထုတ်ပေးနိုင်ပါတယ်။

(၂) ပိုကြီးလာတဲ့ LCD Display နဲ့ Touch Screen စနစ်က ဓာတ်ခွဲခန်းကျွမ်းကျင်ပညာရှင်တွေအတွက် ကိုင်တွယ်ရတာ ပိုအဆင်ပြေပါတယ်။

(၃) Test Results တွေကို အလွယ်တကူ သိမ်းဆည်းထားနိုင်ပြီး ပြန်ရှာရတာလည်း မြန်ဆန်ပါတယ်။

(၄) Compatible ပိုဖြစ်လာတဲ့ စက်ရဲ့အရွယ်အစားကြောင့် နေရာအများကြီး မယူဘဲ စွမ်းဆောင်ရည်ကတော့ Full-size စက်ကြီးတွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
ဒါ့တင်မက ကုန်ကျမှုစရိတ် (လျှပ်စစ်သုံးစွဲရစရိတ်၊ ပြုပြင်ထိန်းသိမ်းမှုစရိတ်) ကလည်း သက်သာတဲ့အတွက် ငွေကုန်ကြေးကျနည်းနည်းနဲ့ အလုပ်လည်းပိုပြီးမြောက်စေလို့ သင့်ဓာတ်ခွဲခန်းကို WP21A Semi auto Chemistry Analyzer နဲ့ အခုပဲ အဆင့်မြှင့်တင်လိုက်ပါ။

WP21A Semi auto Chemistry Analyzer ကို ဝယ်ယူမယ်ဆိုရင်တော့ After sale service ရှိတဲ့ MGM မှာ ဝယ်ယူရရှိနိုင်ပါတယ်။

အသေးစိတ် မေးမြန်းစုံစမ်းလိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါပြီ။

📍 Address- အမှတ် (၁၀၂)၊ ပထမထပ်၊ အဆောက်အဦး (D)၊ သုဓမာ (၁) လမ်း၊ သုမင်္ဂလာအိမ်ယာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ Ph No- 09799585606/ 09763924481/ 09779220622



၂၀၂၆ မတ်လ(၂)ရက်နေ့ (တောင်သူလယ်သမားနေ့)အတွက် MGMမှဂုဏ်ပြုကြိုဆိုလျက်ရှိပါကြောင်းနှင့် တောင်သူဦးကြီးများရဲ့ စီးပွါးအကျိုးတ...
02/03/2026

၂၀၂၆ မတ်လ(၂)ရက်နေ့ (တောင်သူလယ်သမားနေ့)အတွက် MGMမှဂုဏ်ပြုကြိုဆိုလျက်ရှိပါကြောင်းနှင့် တောင်သူဦးကြီးများရဲ့ စီးပွါးအကျိုးတိုးတက်ဖို့အတွက် ဆုမွန်‌ကောင်းတောင်းအပ်ပါတယ်။✨🌾

#တောင်သူလယ်သမားနေ့

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ပိုမိုတိကျခိုင်မာစေဖို့ Mekong Glory Medical (MGM) နဲ့ လက်တွဲလိုက်ပါ 🏥🔬ကျန်းမာရေးစောင့်...
04/02/2026

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ပိုမိုတိကျခိုင်မာစေဖို့ Mekong Glory Medical (MGM) နဲ့ လက်တွဲလိုက်ပါ 🏥🔬

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ရောဂါရှာဖွေတဲ့အပိုင်းက အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါ။ ဒီကဏ္ဍမှာ တိကျမှန်ကန်တဲ့ အဖြေတွေရရှိနိုင်ဖို့အတွက် အရည်အသွေးမြင့် စက်ပစ္စည်းတွေလည်း လိုအပ်ပါတယ်။

MGM (Mekong Glory Medical) ကုမ္ပဏီကတော့ (၂၀၁၉) ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ဆေးရုံများ၊ ဆေးခန်းများနဲ့ ဓာတ်ခွဲခန်းများအတွက် လိုအပ်တဲ့ခေတ်မီစက်ကိရိယာတွေကို တာဝန်ယူ ဖြန့်ဖြူးပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။

MGM အနေနဲ့ နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့် Laboratory & Medical Equipment တွေကိုအဓိကထား တင်သွင်းဖြန့်ဖြူးနေပြီး လက်ရှိမှာလည်း လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်အတွက် အားထားရတဲ့

✅ WP21A (Semi-auto Chemistry Analyzer)
✅ Optical Q (Immunoassay Analyzer)
✅ Respons 910 (Clinical Chemistry Analyzer)
✅ CLIA-Mate Plus (Chemiluminescence Immunoassay Analyzer)
✅ Mission Acon (Hemoglobin Testing Sytstem)
စတဲ့ စွမ်းဆောင်ရည်မြင့်တဲ့ စက်ကြီးတွေကို ဝန်ဆောင်မှုပေးနေပါပြီရှင်။

MGM ရဲ့ ရည်ရွယ်ချက်ကတော့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေအတွက် စိတ်ချရတဲ့ အရည်အသွေးနဲ့ တိကျတဲ့ရလဒ်တွေကို ပေးနိုင်မဲ့ စက်ပစ္စည်းတွေကို အချိန်နဲ့တပြေးညီ ပံ့ပိုးပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

နောက်ထပ်လည်း MGM မှာရရှိနိုင်တဲ့ စက်ပစ္စည်းတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်မျှဝေပေးသွားဦးမှာ ဖြစ်ပါတယ်။

ယုံကြည်စိတ်ချရတဲ့ Medical & Lab Equipment များအတွက် MGM (Mekong Glory Medical) ကို အောက်ပါလိပ်စာအတိုင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါပြီ။

📍 Address- အမှတ် (၁၀၂)၊ ပထမထပ်၊ အဆောက်အဦး (D)၊ သုဓမာ (၁) လမ်း၊ သုမင်္ဂလာအိမ်ယာ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

☎️ Ph No- 09799585606/ 09763924481/ 09779220622



29/11/2025

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့က "Current Trends in Management of Respiratory Tract Infections" ဆိုတဲ့ ခေါင်းစဉ်နဲ့ CME ပွဲကြီးတစ်ခုကို Wyndham Grand Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ် ။

မြန်မာပြည်သူပြည်သားတို့ရဲ့ ကျန်းမာရေးအတွက်ရှေူးရှု၍ ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်များလာတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်လွယ်ရောဂါတွေကို ထိန်းချုပ်ကုသနိုင်ဖို့အတွက် လေးစားအားထားရပါသော ဆရာကြီး၊ ဆရာမကြီးများတွေ့ဆုံကြကာ ဆွေးနွေးဟောပြောပွဲလေးတစ်ခု ပြုလုပ်ခဲ့ကြတာဖြစ်လို့ ပွဲအတွင်းက အမှတ်တရပုံရိပ်လေးတစ်ချို့ကို လူကြီးမင်းတို့လဲကြည့်ရှုခံစားနိုင်‌အောင် မျှဝေတင်ဆက်ပေးလိုက်ပါတယ် ။





Nov.2 Wyndham Grand Yangon Hotel မှာ ကျင်းပခဲ့တဲ့ Mekong Glory Medical Company ရဲ့ Brand တစ်ခုဖြစ်တဲ့ Innovita Brand ရဲ့...
10/11/2025

Nov.2 Wyndham Grand Yangon Hotel မှာ ကျင်းပခဲ့တဲ့
Mekong Glory Medical Company ရဲ့ Brand တစ်ခုဖြစ်တဲ့ Innovita Brand ရဲ့
"Current Trends in Management of Respiratory Tract Infection " ပွဲလေးကို
ဟောပြောပေးကြပါသော Prof.Dr.Yadanar Kyaw , Prof.Dr.Ye Tun ,
Dr.Noor Zehan Bt Abdul Rahim တို့နှင့်တကွ ဂုဏ်သရေရှိ လူကြီးမင်းတို့ရဲ့ ပွဲအမှတ်တရ ပုံရိပ်တချို့ ......

ပွဲသို့တက်ရောက်ပေးကြသော ဧည့်သည်တော်များကိုလည်း Mekong Glory Medical မှကျေးဇူး အထူးတင်ပါသည် ။

Address

No. 102, First Floor, Building No (D), Thudamar(1st) Street, Thu Min Galar Housing, , Thingangyun Township
Mandalay

Telephone

+959443112672

Website

Alerts

Be the first to know and let us send you an email when Mekong Glory Medical posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mekong Glory Medical:

Share