Electro Lab Engineering Training Centre

Electro Lab Engineering Training Centre This engineering training course is popular among the engineers. Control system is integrated with m

Controller and Instrumentation သင်တန်းကို ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိဖွင့်လှစ်ပါမည် အချိန်ကတော့ နံနက် ၉:၀၀ နာရီ မှ ညနေ...
09/06/2026

Controller and Instrumentation သင်တန်းကို ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိဖွင့်လှစ်ပါမည် အချိန်ကတော့ နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီထိ ဖြစ်ပါတယ်။

စာရင်းပေးလို့ရပါပြီ

သာဝင်း

ဒီနေ့ starter design installation and troubleshooting သင်တန်းကိုဖွင့်လှစ်လိုက်ပါတယ် နောက်ထပ် controller and instrumentat...
08/06/2026

ဒီနေ့ starter design installation and troubleshooting
သင်တန်းကိုဖွင့်လှစ်လိုက်ပါတယ်

နောက်ထပ် controller and instrumentation သင်တန်းနှင့်
Control circuits diagram reading and tracing သင်တန်းတို့ကိုဆက်တိုက်ဖွင့်လှစ်သွားပါမည်။

သာဝင်း

ဇွန်လတွင်ဖွင့်မည့်သင်တန်းများ    -  ဇွန်လ ၈ ရက်မှ ၁၂ ရက်နေ့အထိ        Starter Design Installation and Troubleshooting   ...
28/05/2026

ဇွန်လတွင်ဖွင့်မည့်သင်တန်းများ

- ဇွန်လ ၈ ရက်မှ ၁၂ ရက်နေ့အထိ
Starter Design Installation and Troubleshooting
နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီထိ

- ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ
Controller and Instrumentation
နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီထိ

- ဇွန်လ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့ထိ
Control Circuit Diagram Reading and Tracing
နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီထိ

စုံစမ်းစားရင်ပေးရန်

- 09 250141299
- 09 779313739

PLC control system တွေကို troubleshooting လုပ်ဆောင်ခြင်း Main Air Compressor Control Circuit ကိုဖတ်ပြီး Halapa Main Air ...
27/05/2026

PLC control system တွေကို
troubleshooting လုပ်ဆောင်ခြင်း

Main Air Compressor Control Circuit ကိုဖတ်ပြီး Halapa Main Air Compressor ကို PLC နဲ့မောင်းထားတဲ့ ဆားကစ်အတိုင်း Troubleshooting ဘယ်လိုလုပ်ကြမလဲ
ဆိုတာတစ်ယောက်ချင်းစီလေ့ကျင့်ကြရတယ်

Control စနစ်တစ်ခုအလုပ်မလုပ်တိုင်း PLC လို့လွယ်လွယ်မပြောနဲ့ Program တွေကပျက်လေ့မရှိဘူး ပြီးတော့ Classification Society ကခွင့်မပြုဘူး၊

ကိုယ်လုပ်ရမည့်အလုပ်ကိုပိုင်နိုင်ဖို့လိုတယ်
Practice makes Perfect လေ

သာဝင်း

အပေါ်ကိုမော့ကြည့်လိုက်တော့ကောင်းကင်းပြင်မှာတိမ်မဲတွေအထူကြီးတွေ့ရသည်၊မကြာခင်မိုးရွာတော့မည်အိမ်ပြန်ရောက်ဖို့အတွက်အချိန်လုံ...
21/05/2026

အပေါ်ကိုမော့ကြည့်လိုက်တော့

ကောင်းကင်းပြင်မှာတိမ်မဲတွေအထူကြီးတွေ့ရသည်၊မကြာခင်မိုးရွာတော့မည်အိမ်ပြန်ရောက်ဖို့အတွက်အချိန်လုံလောက်ပါ့မလားတွေးပူမိသည်။

အထီးနဲ့အမ ကိစ္စကြောင့်ကားမယူလာခဲ့ပဲတက္ကစီ ဌားလာခဲ့သည်။ အပြန်မှာကားဌားရတာထင်သလောက်အဆင်မပြေတော့

ဆရာတစ်ယောက်အဖြစ်အသက်မွေးဝမ်းကျောင်းခဲ့ပြီးကတည်း ကမိမိကိုယ်ကိုအားမရချင်တော့ သန်မာမှုကျဆင်းလာသလိုခံစားရသည်။

တစ်ဖက်လမ်းကိုကူးပြီးကားဌားဖို့စဉ်းစားမိသေးသည်ပေတရာလမ်းပေါ်ပြေးလွှားဖြတ်ကူးဖို့အတွက် အားတင်းပြီး လက်ထဲကစာအုပ်တွေပါတဲ့အိပ်တစ်ခု ထီးတစ်ချောင်းနှင့်ထမင်းဗူးနဲ့ရေပုလင်းတွေထည့်ထားသောခြင်းတောင်းကိုကျစ်ကျစ်ဆုပ်ကိုင်ပြီးသကာလ တစ်ခုခုကိုသတိရသွားသည့်အလား လက်ထဲကပစ္စည်းအားလုံးကိုလမ်းဘေးခဏချကာ ပုဆိုးကိုတိုတိုပြင်ဝတ်လိုက်သည်။

တပည့်တွေရဲ့ကားအကောင်းစားကြီးတွေက ဘေးနားကတဝီဝီ တစ်စီးပြီးတစ်စီဖြတ်သွားကြသည်အချို့က လက်ပြနုတ်ဆက်သလိုအချို့ကသတိထားမိပုံမရကြ။

အားလုံးကနေသားတကျဖြစ်နေသည်။ ခေါက်ရိုးကျိုးနေသောပိုက်ဆံအိပ်ထဲက ခေါက်ရိုးကျိုးနေသောငွေသားတစ်ချို့ကိုလှမ်းကြည့်မိသည်။ သက်ပြင်းတစ်ချက်နှင့်အတူ လေပူများကိုအလိုလိုထုတ်လိုက်မိသည်။

အလျင်စလိုဖြတ်သန်းခဲ့ဖူးသောအခိုက်အတံ့များကခံစားမှုအသစ်ကိုပေးစွမ်းနိုင်မှုမရှိတော့။ မကြာခင်မိုးရွာတော့မည် ကိုသတိပေးနေသည် မိုးပွါးလေးတွေဖြန့်ကျလာနေပြီ။

ထိုအသိကလူကိုပိုပြီးတွန်းအားပေးလိုက်သလိုဖြစ်သွားသည် လမ်းတစ်ဖက်ကိုအပြေးနှင့်ဖြတ်အကူး တူရှူကဖြတ်လာသောဇိမ်ခံကားအဖြူရောင်လေးတစ်စီးက ဘရိတ် နင်းသံနှင့်အတူ မိုးဖွဲဖွဲလမ်းပေါ် တွင်တာယာသည်တရွတ်တိုက်ဆွဲပြီးအနားမှာကျွီကနဲရပ်သွားပါတော့သည်။

ကားမောင်းသူကိုတောင်းပန်မည်လို့စဉ်းစားလိုက်သော် လည်းမိမိနှင့်ဤဖြစ်စဉ်သည်မည်သို့မှသက်ဆိုင်မှုမရှိသည်ကို တွေးမိသည့်အခိုက် ကားပေါ်မှ မိမိ၏အမည်ကိုခေါ်လိုက်သော ဖြူဖြူချောချောအမျိုးသမီးကြောင့် နောက် လှည့်ကြည့်မိသည်။

အော်…….. သူမ ……….
ကောင်းခန်းရောက်လာပြီ

ဘေးနားကိုအမျိုးသမီးရောက်လာပြီး ရှင်ဘာတွေရေးနေတာလဲ ပေါကရ တွေရေးမည့်အစား

“ မေလ ၂၅ ရက်ကနေ ၃၀ ရက်နေ့ထိ ကွန်ထရိုးဆားကစ်ဒိုင်ရာဂရမ်ဖတ်တဲ့သင်တန်းဖွင့်မည့်အကြောင်းထပ်ပြီးကြေငြာပြီးပြီးလားတဲ့ “

အေးဘာ အေးဘာ အခုကြေငြာလိုက်ပါ့မယ်

“ ဖုန်းနံပါတ် 09 250141299, 09 779313739 ကိုလည်းထည့်ရေးဖို့မမေ့နဲ့အုံး “

အေးဘာဟာ အေးဘာ

စိတ်ထဲကတော့သိပ်မကြေနပ်လှ ငါစာရေးဆရာတစ်ယောက်မဖြစ်တာ ဒင်းကြောင့် ဒင်းကြောင့် အဟင်းဟင်း

သာဝင်း

မေလအတွက်ကျန်ရှိသောသင်တန်း   -   မေလ ၂၅ ရက်နေ့မှ မေလ ၃၀ ရက်နေ့ထိ       Control Circuit Diagram Reading and Tracing       ...
13/05/2026

မေလအတွက်ကျန်ရှိသောသင်တန်း

- မေလ ၂၅ ရက်နေ့မှ မေလ ၃၀ ရက်နေ့ထိ
Control Circuit Diagram Reading and Tracing
Course
နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီထိ

ဇွန်လတွင်ဖွင့်မည့်သင်တန်းများ

- ဇွန်လ ၈ ရက်မှ ၁၂ ရက်နေ့အထိ
Starter Design Installation and Troubleshooting
နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီထိ

- ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ
Controller and Instrumentation
နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီထိ

- ဇွန်လ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့ထိ
Control Circuit Diagram Reading and Tracing
နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီထိ

စုံစမ်းစားရင်ပေးရန်

- 09 250141299
- 09 779313739

မေလ ၁၁ ရက်မှ ၁၅ ရက်နေ့ထိ Controller and Instrumentation သင်တန်းကိုဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။ သာဝင်း
11/05/2026

မေလ ၁၁ ရက်မှ ၁၅ ရက်နေ့ထိ
Controller and Instrumentation သင်တန်းကိုဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။

သာဝင်း

ဒီနေ့ တနင်္ဂနွေနေ့တိုင်းဖွင့်တဲ့ Preparatory Training Courses ဟာတစ်ကယ်တော့ သင် တန်းတွေကိုအခက်အခဲမရှိတက်ရောက်နိုင်အောင်ကြ...
10/05/2026

ဒီနေ့ တနင်္ဂနွေနေ့တိုင်းဖွင့်တဲ့

Preparatory Training Courses ဟာတစ်ကယ်တော့ သင် တန်းတွေကိုအခက်အခဲမရှိတက်ရောက်နိုင်အောင်ကြိုတင် လေ့ကျင့်ပေးသည့်သင်တန်းဖြစ်ပါသည်။

အထူးသဖြင့် G12 အောင်ပြီး Basic ETR နဲ့ဝင်ရောက်လာသူများ၊ ETR လူသစ်လေးများ Training ETO များအတွက် Starter Design Installation and Troubleshooting သင်တန်းကို အခက်အခဲမရှိ အောင်ကြိုတင်လေ့ကျင့်ပေးသည့်သင်တန်းအဖြစ် ရည်ရွယ်ခဲ့ပါသည်။

ထို့အပြင် အချိန်အခက်အခဲကြောင့်သင်တန်းတွင်လေ့ကျင့်ရန်ကျန်ရှိသည်များကိုလည်းလေ့ကျင့်ပေးနိုင်ရန်ရည်ရွယ် ပါသည်။

Independent အဖြစ်သင်းဘောတက်ရောက်မည့် ETO ETR မှတပည့်များကလည်း တက်ရောက်ပါရစေဆိုပြီး Request လုပ်လာသည့်အတွက် သူတို့အတွက်လည်း independent လုပ်ဆောင်နိုင်သည့်အထိ လေ့ကျင့်ပေးမည်ဟုဆုံးဖြတ်မိပြန်သည်။

ထို့ကြောင့် အခြေခံကျလွန်းသော တိုင်းထွာမှုများ၊ စမ်းသပ်မှုများ၊ တပ်ဆင်မှုများအပြင် motor continuity test, motor megger test, motor service and bearing replacement, motor terminal head and tail test, motor winding turn shorted test, motor name plate reading and requisition procedure တွေ အားလုံး လေ့ကျင့်ပေးပါသည်။

မီးချောင်းမီးလုံး ဆားကစ်များ တပ်ဆင်ခြင်း၊ Electronics component များလဲလှယ်ခြင်း တပ်ဆင်ခြင်း ခဲဆော်ခြင်းများ၊

Magnetic Contactor များ Relay များ Over load relay များ Auxiliary Contacts များအကြောင်းအပြင် Circuit တွင်တပ်ဆင်ထားသော MC Relay များကိုအသစ်လဲတပ်ဆင်ခြင်းများ လေ့ကျင့်ပေးပါသည်။

Independent လုပ်ဆောင်မည့် ETO ETR များအတွက် Troubleshooting Techniques များ Method များကို ကြေလည်သည်အထိ တပ်တိုးလေ့ကျင့်ပေးပြီးနောက် Manual များဖတ်ပြီး Checklist ရေးနိုင်သည်အထိသင်ကြားပေးပါမည်။

ဒီနေ့သင်တန်းတွင်လေ့ကျင့်ကြမည့် ပစ္စည်းများကတော့ အသင့်စောင့်ဆိုင်းလျှက်ရှိနေပါသည်။

သာဝင်း

Trust Issueရဖို့အတွက်လွယ်ကူသည့်ကိစ္စတော့မဟုတ်၊ လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် အဓိကလိုအပ်ချက်ဆိုလည်းမမှားပါဘူး။ ခက်တာက သ...
08/05/2026

Trust Issue

ရဖို့အတွက်လွယ်ကူသည့်ကိစ္စတော့မဟုတ်၊ လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် အဓိကလိုအပ်ချက်ဆိုလည်းမမှားပါဘူး။ ခက်တာက သိသိကြီးနဲ့မလုပ်ကြတာပါပဲ။

Electro Lab ဆိုတဲ့ brand ကိုပြောပြလိုက်ချိန်မှာအင်ဂျင်နီ ယာတစ်ယောက်မှန်ရင် စိတ်ဝင်စားသွားမှာအမှန်ပဲ ဒါပေမဲ့တစ်ဖက်မှာစိုးရိမ်စိတ်ကဖြစ်လာပြန်တယ်။

Electro Lab သင်တန်းကမလွယ်ဘူးလိုက်နိုင်ပါ့မလား၊ ကိုယ်က ကွန်ထရိုးနဲ့ပတ်သတ်လာရင်အတွေ့အကြုံသိပ်မရှိတော့ နားလည်ဖို့ခက်ခဲမယ်လို့ တွေးမိပါလိမ့်မယ်။

ဟုတ်ကဲ့မလွယ်ပါဘူး၊သင်တန်းဖွင့်လှစ်ခဲ့တဲ့ခုနှစ်နှစ်ကျော် အတွေ့အကြုံအရပြောတာပါ။

ဒါဆို သင်တန်းဖွင့်လိုက်တိုင်းသင်တန်းသားအရေအတွက် အမြဲပြည့်နေတာဘာ့ကြောင့်လဲ ဆိုတာကိုတော့သိချင်ကြမှာပေါ့

သင်းဘောတက်ဖို့၊ နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့အတွက် ဆို Electro Lab Engineering Training Center မှာသင် တန်းတက်သွားမှ အဆင်ပြေမယ်လို့စိတ်လုံခြုံမှုပေးတဲ့အတွက် လာရောက်တက်ကြခြင်းပဲဖြစ်ပါတယ်။

အဲ့ဒီယုံကြည်မှုအတွက် အပင်ပန်းခံကာတည်ဆောက်ခဲ့ရတာနှစ်အတော်လည်းကြာခဲ့ပါပြီ။

သင်တန်းတက်ပြီးသားအင်ဂျင်နီယာတွေကမြန်မာပြည်ပြန် ရောက်တိုင်းပြန်လာတက်ကြလေ့ရှိပါတယ်။

ယုံကြည်မှုကြောင့်ပဲဖြစ်မယ်ထင်တယ်။ ဆက်လက်ဖွင့်ရန်ကျန်သေးတဲ့သင်တန်းတွေကတော့

- Controller and Instrumentation Course
မေလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ
နံနက် ၉:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီထိ

- Control Circuits Diagram Reading and Tracing
Course
မေလ ၂၅ မှ ၃၀ ရက်နေ့အထိ
နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီထိ

Phone 09 250141299, 09 779313739@

သာဝင်း

အဲ့ဒီတုန်းက သူမကပိန်ပိန်လေးပါကျွန်တော်လည်း ငယ်ရွယ်တုန်း၊ ကလေးတွေလည်းသေးသေးလေးတွေ သင်းဘောကပြန်လာတိုင်းမိသားစု ခရီထွက်ကြလေ...
05/05/2026

အဲ့ဒီတုန်းက သူမကပိန်ပိန်လေးပါ
ကျွန်တော်လည်း ငယ်ရွယ်တုန်း၊ ကလေးတွေလည်းသေးသေးလေးတွေ

သင်းဘောကပြန်လာတိုင်းမိသားစု ခရီထွက်ကြလေ့ရှိတယ်
အချိန်တွေကုန်ဆုံးတာမြန်လိုက်တာ

စကားမစပ် Controller and Instrumentation သင်တန်းကို
မေလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ဖွင့်မည့်အကြောင်းပြောချင်တာပါ။

စာရင်ပေးလို့ရပါတယ်နော်

မိသားစုပုံလေးတွေကတော့ အမှတ်တရပေါ့ဗျာ၊ ဘာရယ်မှမဟုတ်ပါဘူး၊ အမျိုးမျိုးကြေငြာနေတာပဲလို့အတင်းပြောချင်လည်းပြောပေါ့။ ဝသီရှိတဲ့လူကတော့ပြောနေမှာပဲနော။

စိတ်မဆိုးပူး ရဒယ်

သာဝင်း

Address

No(27) Third Floor Botataung Lane 1 Street, Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595164582

Website

Alerts

Be the first to know and let us send you an email when Electro Lab Engineering Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share