Technosquare Myanmar Engineering Company Limited

Call Directions Contact the business

Technosquare Myanmar Engineering Company Limited We have strong technical experiences in Daikin VRV systems and proudly based in Mandalay.

အတွေ့အကြုံ နှင့်အရည်အချင်း ပြည့်ဝသော Engineer များ ဦးစီးတည်ထောင်ထားသော ACMV Engineering Company ဖြစ်ပါသည်။

သီတင်းကျွတ် ပိတ်ရက်လေးမှာ Star World Playground ကို လည်ပတ်ရင်း ကျွန်တော်တို့ TSM ပြခန်းကိုလည်း လာရောက်လေ့လာဖို့ ဖိတ်ခေါ်...
25/10/2026

သီတင်းကျွတ် ပိတ်ရက်လေးမှာ
Star World Playground ကို လည်ပတ်ရင်း
ကျွန်တော်တို့ TSM ပြခန်းကိုလည်း
လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

24/10/2026
အခန်းတွင်းလေထုကို သန့်စင်ပေးတဲ့ Aircon ရဲ့ အစွမ်းသတ္တိနေ့စဉ်လူနေမှုနှင့်စီးပွားရေးလုပ်ငန်းများအတွက် အခန်းတွင်းလေထုအရည်အသ...
12/10/2026

အခန်းတွင်းလေထုကို သန့်စင်ပေးတဲ့ Aircon ရဲ့ အစွမ်းသတ္တိ

နေ့စဉ်လူနေမှုနှင့်စီးပွားရေးလုပ်ငန်းများအတွက် အခန်းတွင်းလေထုအရည်အသွေး (Indoor Air Quality) ဟာ ကျန်းမာရေးအတွက်သာမက လုပ်ငန်းခွင်ထုတ်လုပ်မှုစွမ်းအား (Productivity) ကိုပါ တိုက်ရိုက် သက်ရောက်မှုရှိနေပါတယ်။

ယနေ့ခေတ် တပ်ဆင်အသုံးပြုနေကြသော အရည်အသွေးမြင့် အဲယားကွန်းတွေဟာ အခန်းတွင်း အပူချိန်ကို ထိန်းညှိပေးရုံသာမက သဘာဝလေထုကဲ့သို့ သန့်စင်လန်းဆန်းမှုကိုပါ ပေါင်းစပ်ဖန်တီးပေးနိုင်စွမ်း ရှိလာပါပြီ။

🔍 အဆင့်မြင့်လေအေးပေးစက်များ၏ အဓိက လုပ်ဆောင်ချက်တွေကတော့ -

🔹အဆင့်မြင့် စစ်ထုတ်စနစ် (Advanced Filtration System): လေထုအတွင်း ပါရှိသော အဏုဇီဝပိုးမွှားများ၊ ဖုန်မှုန့်များနှင့် မမြင်နိုင်သော ညစ်ညမ်းပစ္စည်းများကို ထိရောက်စွာ ဖယ်ရှားပေးခြင်း။

🔹လေထုသန့်စင်မှုနှင့် ကျန်းမာရေး ကာကွယ်မှု (Air Purification): ဗိုင်းရပ်စ်နှင့် ဘတ်တီးရီးယားများကို နှိမ်နင်းပေးကာ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ဘေးကင်းလုံခြုံပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်း။

🔹စိုထိုင်းဆနှင့် အပူချိန် တည်ငြိမ်မှု (Climate & Humidity Control): ရာသီဥတုအခြေအနေအမျိုးမျိုးတွင် စိုထိုင်းဆကို ထိန်းညှိပေးကာ တည်ငြိမ်အေးမြသော သက်တောင့်သက်သာရှိမှုကို ပေးစွမ်းခြင်း။

ဒီလိုအရည်အသွေးမြင့် အဲယားကွန်းတွေကို တပ်ဆင်ကာ သန့်စင်သောလေထုကို ပိုင်ဆိုင်ခြင်းဖြင့် မိမိလုပ်ငန်းခွင်နှင့်လူနေမှုဘဝကို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

သင့်ရဲ့ အိမ် သို့မဟုတ် လုပ်ငန်းခွင်အတွက် သင့်လျော်မည့် အကောင်းဆုံး အဲယားကွန်းရွေးချယ်ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ Technosquare Myanmar (TSM) မှာ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

Technosquare Myanmar Co., Ltd. (TSM)

📳 Office - 09 969 950 220
Sales - 09 94 550 22 33
Services - 09 969 950 224

💡 Call Now; 09 421 074 375

📌 Address:
၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

Aircon ဆေးဖို့ Service Team မဖြစ်မနေခေါ်ဖို့ လိုမှာလား❓ဒီမေးခွန်းရဲ့အဖြေကတော့ မလိုဘူးလည်း ပြောလို့ရသလို လိုတယ်လို့လည်း ပ...
28/08/2026

Aircon ဆေးဖို့ Service Team မဖြစ်မနေခေါ်ဖို့ လိုမှာလား❓

ဒီမေးခွန်းရဲ့အဖြေကတော့ မလိုဘူးလည်း ပြောလို့ရသလို လိုတယ်လို့လည်း ပြောလို့ရပါတယ်။

မလိုဘူးဆိုတာက တကယ်လို့ အဲကွန်းက ညစ်ပတ်ပြီး ကြည့်ရဆိုးနေလို့ Air Filter နဲ့ Plastic Panel တွေကို သာမာန်အပေါ်ယံပဲဆေးမယ်ဆိုရင်တော့ Servicing Team ကို ခေါ်နေစရာမလိုပါဘူး။

ဒီအစိတ်အပိုင်းတွေ သန့်ရှင်းရတာက ရေနဲ့ဆေးပြီး အဝတ်နဲ့ခြောက်အောင် သုတ်လိုက်ရုံနဲ့တင် အဆင်ပြေတဲ့ အနေအထားဖြစ်ပါတယ်။

ဒါပေမယ့် Service Team ခေါ်ဖို့ မဖြစ်မနေ လိုအပ်တဲ့အချိန်ကတော့ Maintenance Cleaning လို့ခေါ်တဲ့ Indoor & Outdoor တွေရဲ့ Cooling Coils တွေကို pressure pump ဖြင့် ဆေးကြောခြင်းနှင့် ထိုသို့ မဆေးကြောခင်မှာ Electronic Circuit တွေနဲ့ အခြားထိခိုက်ပျက်စီးနိုင်တဲ့ ပစ္စည်းတွေကို ဖြုတ်ထားခြင်း၊ Electrical Line များကို safety အနေအထားဖြစ်အောင် ပြင်ဆင်ပြီးမှသာ ဆေးကြောနိုင်မှာ ဖြစ်ပါတယ်။

Cleaning လုပ်ပြီး နေသားတကျတပ်ဆင်ပြီးသောအခါ အဲယားကွန်းရဲ့ ပုံမှန်အခြေအနေအတိုင်း အလုပ်လုပ်ဆောင်နိုင်ခြင်းရှိမရှိ၊ Refrigerant Gas လျှော့နည်းနေခြင်းရှိမရှိတို့ကို ကျွမ်းကျင် Technician မှ စမ်းသပ်စစ်ဆေးခြင်းတို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒါကြောင့်မို့ မိမိရဲ့ Aircon ကို Maintenance Servicing လုပ်ချင်တဲ့အခါ ကျွမ်းကျင်တဲ့ AC Technician တွေရှိတဲ့ ကျွန်တော်တို့ Technosquare Myanmar ကို ဆက်သွယ်ခေါ်ယူနိုင်ပါတယ်ခင်ဗျာ။

Technosquare Myanmar Co., Ltd. (TSM)

📳 Office - 09 969 950 220
Sales - 09 94 550 22 33
Services - 09 969 950 224

💡 Call Now; 09 421 074 375

📌 Address:
၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

ဆေးရုံကြီးတွေရဲ့ ခွဲစိတ်ခန်းထဲမှာ သုံးတဲ့ "လေကာစနစ်" (Laminar Flow) အကြောင်း သင်သိပါသလား။ခွဲစိတ်ခန်းတစ်ခုထဲမှာ ဆရာဝန်တွေ...
06/08/2026

ဆေးရုံကြီးတွေရဲ့ ခွဲစိတ်ခန်းထဲမှာ သုံးတဲ့ "လေကာစနစ်" (Laminar Flow) အကြောင်း သင်သိပါသလား။
ခွဲစိတ်ခန်းတစ်ခုထဲမှာ ဆရာဝန်တွေ ဘယ်လောက်ပဲ လက်ဆေးဆေး၊ ကိရိယာတွေကို ဘယ်လောက်ပဲ ပိုးသတ်သတ်... လေထုထဲမှာ မျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေ၊ ဖုန်မှုန့်တွေ ပျံနှံ့နေရင် လူနာအတွက် အသက်အန္တရာယ် ရှိနိုင်ပါတယ်။ ဒါကြောင့် ဆေးရုံကြီးတွေရဲ့ အဆင့်မြင့်ခွဲစိတ်ခန်းတွေမှာ "Laminar Flow" (လေကာစနစ်) ဆိုတဲ့ နည်းပညာကို မဖြစ်မနေ အသုံးပြုကြရပါတယ်။

💡 Laminar Flow ဆိုတာ ဘာလဲ?
အရိုးရှင်းဆုံး ပြောရရင်တော့ လူနာဆီကို ပိုးမွှားတွေ မရောက်လာနိုင်အောင် သန့်စင်တဲ့လေတွေကို အပေါ်ကနေအောက်ကို တည့်တည့်မတ်မတ်၊ ငြိမ်ငြိမ်လေး မှုတ်ထုတ်ပေးတဲ့ လေဝင်လေထွက်စနစ် ဖြစ်ပါတယ်။ လူနာဘေးပတ်ပတ်လည်မှာ "လေနဲ့လုပ်ထားတဲ့ ဒိုင်းကာ" တစ်ခု ကာပေးထားသလိုမျိုးပေါ့။

🌪️ ရိုးရိုးလေ နဲ့ လေကာ (Laminar Air) ဘာကွာလဲ?
ရိုးရိုးလေထု: အခန်းထဲမှာ ဝဲလည်ပြီး တိုက်ခတ်တဲ့အတွက် ဖုန်တွေ၊ ဗက်တီးရီးယားတွေကို နေရာအနှံ့ ပျံနှံ့စေပါတယ်။
Laminar Air: အား‌ကောင်းသော လေစီးကြောင်းတစ်ခုဟာ ပေသုံးဆယ် အကွာအဝေးအထိ တန်းတန်းမတ်မတ်၊ ညီညီညာညာ စီးဆင်းပါတယ်။ လေစီးကြောင်းထဲမှာ စည်းချက်မပျက်ဘဲ တည့်တည့်စီးဆင်းတဲ့အတွက် ဖုန်မှုန့်နဲ့ ပိုးမွှားတွေကို လူနာနဲ့ဝေးရာ (အောက်ခြေ) ကိုပဲ တိုက်ရိုက်တွန်းထုတ်ပစ်လိုက်ပါတယ်။

🔬 ဘယ်လိုနေရာမျိုးတွေမှာ အဓိကသုံးလဲ?
အဓိက ခွဲစိတ်ခန်းများ (Operating Rooms): အထူးသဖြင့် အရိုးအစားထိုး ခွဲစိတ်မှု (Orthopedic Surgery) တွေမှာ ပိုးဝင်ရင် အသက်အန္တရာယ်ရှိနိုင်လို့ သုံးပါတယ်။
ဆေးဝါးစပ်သပ်ခန်းများ (Pharmacy Labs): IV ပုလင်းတွေနဲ့ ထိုးဆေးတွေထဲကို ဖုန်မှုန့်မဝင်အောင် စပ်ရတဲ့ နေရာတွေမှာ သုံးပါတယ်။
မီးလောင်နာလူနာဆောင်များ (Burn Units): အရေပြား ပျက်စီးသွားပြီး ပိုးဝင်လွယ်တဲ့ လူနာတွေကို ကာကွယ်ဖို့ သုံးပါတယ်။

🛡️ သူ့ရဲ့နောက်ကွယ်က လေစစ်ဇကာ (HEPA Filter)
ဒီ လေကာစနစ် (Laminar Flow) ကနေ ထွက်လာတဲ့လေတွေ သန့်ရှင်းနေဖို့အတွက် နောက်ကွယ်မှာ မျက်စိနဲ့မမြင်နိုင်တဲ့ ၀.၃ မိုက်ခရွန် အရွယ်အစားအထိ (ဗိုင်းရပ်စ်နှင့် ဗက်တီးရီးယားများအပါအဝင်) ၉၉.၉၇% ဖမ်းယူပေးနိုင်တဲ့ HEPA လေစစ်ဇကာကြီးတွေကို ခံပြီး မှုတ်ထုတ်ပေးတာ ဖြစ်ပါတယ်။
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဆေးရုံတွေမှာ ဒီလို လေကာစနစ် (Laminar Flow) တွေကို အသုံးပြုပြီး လူနာတွေရဲ့ အသက်ဘေးကင်းလုံခြုံမှုကို ပိုမိုမြှင့်တင်ပေးနိုင်လာတာ ဖြစ်ပါတယ်။ ✨

👉 ဒီလိုမျိုး ကျန်းမာရေးအတွက် အရေးကြီးတဲ့ Laminar Flow ACMV System ကို တပ်ဆင်လိုတယ်ဆိုရင် ကျွန်တော်တို့ Technosquare Myanmar (TSM) မှာ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ခင်ဗျာ။

Technosquare Myanmar Co., Ltd. (TSM)

💡 Call Now; 09 421 074 375

📌 Address:
၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့ ၊ (၃၀.၇.၂၀၂၆) ရက်နေ့မှာ Technosquare Myanmar Co.,Ltd တွင် ကာလဒါန...
01/08/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့ ၊ (၃၀.၇.၂၀၂၆) ရက်နေ့မှာ
Technosquare Myanmar Co.,Ltd တွင်
ကာလဒါနအဖြစ် ဝါဆိုသင်္ကန်းကပ်လှူသည့် မှတ်တမ်းဓါတ်ပုံများ

🌕တရားဦးဒေသနာတော် ဟောကြားရာ ဝါဆိုလပြည့်နေ့မြတ်မှာ တရားတော်များကို နာယူပူဇော်ရင်း မိမိတို့ရဲ့ စိတ်နှလုံးကို သတိတရား၊ ပညာတရ...
29/07/2026

🌕တရားဦးဒေသနာတော် ဟောကြားရာ ဝါဆိုလပြည့်နေ့မြတ်မှာ တရားတော်များကို နာယူပူဇော်ရင်း မိမိတို့ရဲ့ စိတ်နှလုံးကို သတိတရား၊ ပညာတရားတို့ဖြင့် ဆင်ခြင်နိုင်ကြပါစေ။

ကိုယ်စိတ်နှစ်ပါးလုံး ဘေးကင်းရန်ကွာပြီး ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။✨

#ဒုတိယဝါဆိုလပြည့် #ဓမ္မစင်္ကြာအခါတော်နေ့

မင်္ဂလာမန္တလေး (Mingalar Mandalay) မှာရှိတဲ့ "Star World Playground" အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် TSM မ...
23/07/2026

မင်္ဂလာမန္တလေး (Mingalar Mandalay) မှာရှိတဲ့ "Star World Playground" အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် TSM မိသားစုမှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ခင်ဗျာ။ ယခုကဲ့သို့ အရေးပါတဲ့ Project မှာ ACMV System ကို ပါဝင်တပ်ဆင်ခွင့်ရခဲ့တဲ့အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ဒီ Project မှာဆိုရင် ကစားကွင်းထဲမှာ လာရောက်ဆော့ကစားကြသူတွေ ပူလောင်မှုမရှိဘဲ စိတ်အေးချမ်းသာစွာ ဆော့ကစားနိုင်ဖို့အတွက် —

🔹 Ceiling Duct Type နှင့် Ceiling Cassette Type များကို VRV/VRF System များဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ တွဲဆက်တပ်ဆင်ပေးထားပါတယ်။

🔹 ဒါအပြင် အဆောက်အဦးအတွင်းပိုင်းမှာ မွန်းကြပ်ပိတ်လှောင်နေတာမျိုး မဖြစ်စေဖို့အတွက် လိုအပ်တဲ့ Mechanical Ventilation System ကိုလည်း TSM Duct Factory မှာ ကိုယ်တိုင်အရည်အသွေးပြည့်မီစွာ ထုတ်လုပ်တပ်ဆင်ပေးထားပါတယ်။

လူကြီးမင်းတို့အနေဖြင့် Star World Playground မှာ ပျော်ရွှင်စွာ လည်ပတ်ဆော့ကစားရင်း ကျွန်တော်တို့ Technosquare Myanmar ရဲ့ တပ်ဆင်မှုလက်ရာများကို လေ့လာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။

Technosquare Myanmar Co., Ltd. (TSM)

💡 Call Now: 09 421 074 375
📌 Address: ၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

အိမ်မှာ မီတာခတွေ တက်လာတာ အဲကွန်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။အဲကွန်းစတပ်ခါစတုန်းကနဲ့ မတူဘဲ အခုနောက်ပိုင်း အိမ်ရဲ့မီတာခတွေ ...
12/07/2026

အိမ်မှာ မီတာခတွေ တက်လာတာ အဲကွန်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အဲကွန်းစတပ်ခါစတုန်းကနဲ့ မတူဘဲ အခုနောက်ပိုင်း အိမ်ရဲ့မီတာခတွေ သိသိသာသာ တက်လာတယ်ဆိုတာမျိုး ကြုံဖူးကြမှာပါ။

ဒါမျိုးက တခြားအကြောင်းတွေကြောင့် ဖြစ်နိုင်သလို အဲကွန်းကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာ အဲကွန်းက မီတာခတွေ အရမ်းတက်စေတာလဲ❓

💥 အဲကွန်းအရွယ်အစားမမှန်ကန်ခြင်း
💥 ပုံမှန်ထိန်းသိမ်းမှု အားနည်းခြင်း
💥 အပူချိန်စနစ် မှားယွင်းသတ်မှတ်ခြင်း
💥 သက်တမ်းရင့် Aircon အဟောင်းများကို အသုံးပြုခြင်း
💥 Gas ကုန်နေခြင်း (သို့) လျော့နည်းနေခြင်း စတဲ့အချက်တွေက အဓိက အကြောင်းအရင်းတွေဖြစ်ပါတယ်။

ဒါကြောင့်မို့ အဲကွန်းမီတာခတွေ ပိုမိုမကုန်ကျစေဖို့အတွက် စတင်မတပ်ဆင်ကတည်းက Aircon Size နဲ့ အမျိုးအစားကို သေချာတွက်ချက်ရွေးချယ်ဖို့လိုပါတယ်။

ဒါ့အပြင် Gas ဖြည့်ခြင်း၊ Filter သန့်ရှင်းရေးလုပ်ခြင်း၊ Maintenance ဆောင်ရွက်ခြင်းတွေကိုလည်း ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။

အခုလက်ရှိကိုယ့်အိမ်မှာ မီတာခတွေ အရမ်းများနေတယ်ဆိုရင် ဒီအချက်တွေကို သေချာစစ်ဆေးကြည့်ပြီး ကျွမ်းကျင်သူတွေကို ခေါ်ယူပြုပြင်သင့်ပါတယ်ခင်ဗျာ။

Technosquare Myanmar Co., Ltd. (TSM)

📳 Office - 09 969 950 220
Sales - 09 94 550 22 33
Services - 09 969 950 224

💡 Call Now; 09 421 074 375

📌 Address:
၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

Inverter Aircon လား? Non-Inverter Aircon လား? ဘယ်ဟာကို ရွေးချယ်သင့်လဲ? 🤔Aircon တပ်တော့မယ်ဆိုရင် ဒီနှစ်မျိုးထဲက ဘယ်ဟာကို ...
07/07/2026

Inverter Aircon လား? Non-Inverter Aircon လား? ဘယ်ဟာကို ရွေးချယ်သင့်လဲ? 🤔

Aircon တပ်တော့မယ်ဆိုရင် ဒီနှစ်မျိုးထဲက ဘယ်ဟာကို ရွေးရမလဲဆိုတာ မကြာခဏ စဉ်းစားရလေ့ရှိပါတယ်။ သူတို့ရဲ့ အခြေခံအလုပ်လုပ်ပုံကို သိထားမယ်ဆိုရင်တော့ ကိုယ့်အတွက် အသင့်တော်ဆုံးကို အလွယ်တကူ ရွေးချယ်နိုင်မှာပါ။

❗ အဓိက ကွာခြားချက်
သူတို့နှစ်ခုရဲ့ အဓိက ကွာခြားချက်က Compressor မှာ ရှိနေတာပါ။

Inverter AC တွေကတော့ သတ်မှတ်ထားတဲ့ အပူချိန်ရောက်အောင် Compressor Speed ကို လိုအပ်သလို အတိုးအလျှော့လုပ်ပေးပါတယ်။

Non-Inverter AC မှာဆိုရင် Compressor က ပုံသေ Speed တစ်ခုတည်းနဲ့ပဲ ရပ်လိုက်၊ လည်လိုက်နဲ့ အလုပ်လုပ်ပါတယ်။

❗ အားသာချက်/အားနည်းချက်

Inverter AC: အသံငြိမ်ပြီး Energy Saving ဖြစ်လို့ လျှပ်စစ်မီးကို သက်သာစေပါတယ်။ (ဈေးနှုန်းအားဖြင့် အနည်းငယ် ပိုနိုင်ပါတယ်)

Non-Inverter AC: အသံပိုဆူပြီး လျှပ်စစ်မီး စားသုံးမှု ပိုများပါတယ်။ အခန်းတွင်း အပူချိန်ကလည်း အတက်အကျ အနည်းငယ် ရှိနေတတ်ပါတယ်။

❗ ဘယ်လိုရွေးချယ်မလဲ?
✅ သက်တောင့်သက်သာရှိတဲ့ အအေးဓါတ်ကို လိုချင်တယ်၊ အသံငြိမ်မှုနဲ့ လျှပ်စစ်မီး သက်သာချင်တယ်ဆိုရင်တော့ Inverter Type က အကောင်းဆုံးပါ။
✅ Commercial building တွေ၊ Office တွေလို လူအများအသုံးပြုတဲ့နေရာတွေမှာ ကနဦး ရင်းနှီးမြုပ်နှံမှု ကုန်ကျစရိတ်ကို လျှော့ချလိုတယ်ဆိုရင်တော့ Non-Inverter Type ရွေးချယ်သင့်ပါတယ်။

💡 Pro Tip:
Solar System နဲ့ Aircon တွဲသုံးဖို့ စီစဉ်ထားတယ်ဆိုရင်တော့ ဘက်ထရီ သက်တမ်းကြာရှည်ခံပြီး မီးအားကို ထိရောက်စွာ အသုံးပြုနိုင်ဖို့ Inverter Type AC ကိုသာ အထူးအကြံပြုလိုပါတယ်ခင်ဗျာ။

Technosquare Myanmar Co., Ltd. (TSM)

📳 Office - 09 969 950 220
Sales - 09 94 550 22 33
Services - 09 969 950 224

💡 Call Now; 09 421 074 375

📌 Address:
၇၃ လမ်း၊ ၁၀၉ လမ်း နှင့် ၁၁၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

Address

73 Street, Bet: Khaing Shwe War St: & Manawharri St: , Chanmyatharzi Township
Mandalay

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+959969950220

Website

Alerts

Be the first to know and let us send you an email when Technosquare Myanmar Engineering Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Technosquare Myanmar Engineering Company Limited:

Shortcuts

Share

Nearby equipment services