15/11/2024
🌟သာမညဖလ အခါတော်နေ့( တန်ဆောင်မုန်း လပြည့်နေ့)
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း လပြည့်နေ့တွင် ''ရဟန်းပြုရခြင်း၏အကျိုး''ဟု အဓိပ္ပာယ်ရသည့် သာမညဖလသုတ္တန် တရားကိုဟောကြား တော်မူခဲ့ရာမှ တန်ဆောင်မုန်းလပြည့်နေ့ကို ''သာမည ဖလအခါတော်နေ့''အဖြစ် သတ်မှတ်ခဲ့ကြပါသည်။
တန်ဆောင်မုန်းလသည် မြန်မာ့ရိုးရာ ၁၂-လရာသီ ပွဲတော်များအနက် တမူထူးခြားသည့် လဖြစ်ပါသည်။ ဒီလတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ယက်လုပ်ပူဇော်ပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတော်၊ သာမညဖလ အခါတော်နေ့ ပွဲတော်များကို ကျင်းပလေ့ရှိကြပါသည်။
ကြယ်တာရာ နက္ခအပေါင်းစုံလင်ပြီး 'တန်ဆောင် ...'မီးတိုင်' နှင့် 'မှုန်း'... 'ပျံနှံ့စေခြင်း' ဆိုသည့် အဓိပ္ပာယ်များနှင့် ပြည့်စုံနေသည့် ဤတန်ဆောင်ကာလသမယတွင် ကုသိုလ်တရားများ ပွားများရင်းဖြင့် ကိုယ်စိတ်နှလုံးအေးချမ်းသာယာကြပါစေကြောင်း EZ Myanmar မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏🙏
#တန်ဆောင်မုန်း
#လပြည့်နေ့
#ဘုရား