Shwe San Eain

Shwe San Eain ဝယ်ယူအားပေးသော မိတ်ဆွေများ အားလုံး ကျေးဇူးတင်ပါတယ်

Up..
27/11/2025

Up..

သံချောင်းလုံး (Rebar) ပြီး တော့ကွန်ကရစ် (Concrete) အကြောင်း စုစည်းမှု(၁) ကို ပြန်လည်မျှဝေလိုက်ပါတယ်။ မဖတ်ရသေးသူတွေ အလွယ်တကူရှာဖွေနိုင်အောင်ပါ။

မြို့ပြအင်ယာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့်ဆက်စပ်လုပ်ကိုင်နေသူတွေ သိသင့်တဲ့ ကွန်ကရစ်ဗဟုသုတ...

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

ကွန်ကရစ်ဆိုတာ
https://www.facebook.com/share/p/18qv8zYvg5/

Concrete compressive strength, Grade or class
https://www.facebook.com/share/p/1AWCfPxZQT/

ကွန်ကရစ် အရော အမျိုးမျိုး
https://www.facebook.com/share/p/1EA7wNXBct/

Sampling of concrete
https://www.facebook.com/share/p/1HuQaTDpHv/

Concrete mold တုံး ဘယ်လောက်ယူသင့်သလဲ
https://www.facebook.com/share/p/1BzsyT43PD/

Slump test အကြောင်း
https://www.facebook.com/share/p/16Db7ordbJ/

Flow slump
https://www.facebook.com/share/p/1FPBhQEvmx/

ကွန်ကရစ် အပူရှိန်
https://www.facebook.com/share/p/1AKhLe9y3v/

ကွန်ကရစ်ကို သိပ်သည်းမှုရအောင်လုပ်ခြင်း
https://www.facebook.com/share/p/14vVevVxmMC/

Vi****or ဘယ်လိုထိုးမလဲ
https://www.facebook.com/share/p/1AgJq7Vnqx/

ကွန်ကရစ်လောင်းရာတွင် စစ်ဆေးရမည့်အချက်များ (Checklist for Concrete Casting)
https://www.facebook.com/share/p/1DfHnT1rfF/

Structural Drawing တွေမှာ ဖော်ပြထားတဲ့ f’c (concrete compressive strength)
https://www.facebook.com/share/p/198tF9VioX/

လိုအပ်တဲ့ strength ရဖို့ ကွန်ကရစ်ကိုဘယ်လိုမှာယူမလဲ (How to order concrete)
https://www.facebook.com/share/p/1DznPK8ELq/

ကွန်ကရစ်လောင်းရန်ကြိုတင်စီမံခြင်းနှင့် လိုက်နာရန်အချက်များ
https://www.facebook.com/share/p/169bKnYP23/

Concrete Strength Test မအောင်လျင် ပြုလုပ်ရမည့် နည်းလမ်းများ (Countermeasures for Strength Test Failure)
https://www.facebook.com/share/p/1F7qBScqfK/

Tensile Strength of Concrete (ကွန်ကရစ်၏ ဆွဲအားခံနိုင်ရည်)
https://www.facebook.com/share/p/1GMgc7BMz1/

Steel Fibre ဖြင့် Concrete tensile strength မြှင့်တင်ခြင်း
https://www.facebook.com/share/p/1HTTzdimJY/




Up..
27/11/2025

Up..

🏘️အိမ်ဆောက်တဲ့အခါ သိထားသင့်တဲ့...1️⃣ ဘိလပ်မြေ၊ အုတ်၊ သဲကျောက် ခန့်မှန်းကုန်ကျမည့်စာရင်းအကြမ်းတွက်ချက်နည်း2️⃣ သံချောင်းတွ...
21/11/2025

🏘️အိမ်ဆောက်တဲ့အခါ သိထားသင့်တဲ့...
1️⃣ ဘိလပ်မြေ၊ အုတ်၊ သဲကျောက် ခန့်မှန်းကုန်ကျမည့်စာရင်းအကြမ်းတွက်ချက်နည်း
2️⃣ သံချောင်းတွက်နည်း
3️⃣ ဘိလပ်မြေတွက်နည်း
4️⃣ ရေဝင်ဆန့်တွက်နည်း
5️⃣ သစ်တွက်နည်း
6️⃣ အုတ်စီခြင်း ခန့်မှန်းကုန်ကျမည့်စာရင်းတွက်နည်း
များကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

1️⃣ဘိလပ်မြေ၊ အုတ်၊ သဲကျောက် ခန့်မှန်းကုန်ကျမည့်စာရင်းအကြမ်းတွက်ချက်နည်း

မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ပြောကြပါတယ်။
⏺️ကုဗကျင်း
⏺️စကွဲယားကျင်း ဆိုပြီးရှိပါတယ်။

⏺️ကုဗကျင်း
ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။
၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။
၅၀ ဆို ကျင်းဝက်၊ ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။

ကုဗကျင်းကို...
-၉ လက်မနဲ့အထက် အုတ်စီခြင်းတို့
-ကွန်ကရစ်လောင်းခြင်းတို့
-မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။
ရှိသမျှအလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။ မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။

🔸1:3:6 အချိုး ကွန်ကရစ်
ဘိလပ်မြေ ၁၃ အိတ်ခန့်၊ သဲကျင်းဝက်၊ ကျောက် ၁ ကျင်း
🔸1:2:4 အချိုး ကွန်ကရစ်
ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်၊ သဲကျင်းဝက်၊ ကျောက် ၁ ကျင်း
🔸1: 1-1/2 အချိုး ကွန်ကရစ်
ဘိလပ်မြေ ၂၅ အိတ်ခန့်၊ သဲကျင်းဝက်၊ ကျောက် ၁ ကျင်း

🧱အုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း
ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။ အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။ သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။

⏺️စကွဲယားကျင်း
စကွဲယားကျင်းက အလျားနဲ့အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။
စကွဲယားကျင်းကို...
-၄လက်မခွဲ အုတ်စီခြင်း
-ဆေးသုတ်ခြင်းတို့
-အမိုးမိုးခြင်းတို့
-ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။

🧱နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း
အုတ် ၅၅၀ လုံး 1:4 အချိုး ဘိလပ်မြေ 2.7 အိတ်
သဲ .11 ကျင်း

2️⃣သံချောင်းတွက်နည်း
သံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။ သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။
တစ်တန်မှာရှိရမယ့် အချောင်းရေက -
10 မီလီ ၃မူး ( 3/8) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း
12 မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း
16 မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း
20 မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း
25 မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။

3️⃣ဘိလပ်မြေတွက်နည်း
ဘိလပ်မြေ (၁) အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်(၂၀) ဟာ ၁ တန်ပါ။
သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။ ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။ အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။ ဆက်သွယ်ချက်က ၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။ လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။

1 M မီတာ= 3.281 ပေ
1 လက်မ= 25.4 mm မီလီမီတာ
1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား
ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuft

4️⃣ရေဝင်ဆန့်တွက်နည်း
ရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင်၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။
အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့်ပါတယ်။ ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ 6 X 4 X 3 X 6.24= 449.28 ရေ ၄၅၀ ဂါလံဆန့်ပါတယ်။ ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။

၂၂၄၀ ပေါင်= ၁ တန်လေးလို့ ၂ တန်လောက် အလေးချိန်ရှိပါမယ်။ ရေကန်ကို အပေါ်မှာ ထားရင် Dead Load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ်ကို သုံးရပါမယ်။
1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေကလီတာနဲ့ ပြထားတတ်လို့ ပြန်တွက်ကြည့်လို့ရပါလိမ့်မယ်။

5️⃣သစ်တွက်နည်း
သစ်တစ်တန်ဟာ....
1 လက်မပတ်လည် မှာ( 1" X 1") မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။
2 X 1 နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)
3 X 2 တစ်တန် ( 7200÷6= 1200 ပေအရှည်)
စသဖြင့် တွက်ယူကြည့်ပါ။

6️⃣အုတ်စီခြင်း ခန့်မှန်းကုန်ကျမည့်စာရင်းတွက်နည်း

🧱လေးလက်မခွဲ ဆယ်ပေပတ်လည် အုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေနှုန်း
➢ အုတ် ၄၀၀ လုံး

➢ ဘိလပ်မြေ ၃ အိတ်

➢ မြစ်သဲ ၁၀ ကုဗပေ

🧱၉ လက်မအုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေနှုန်း
➢ အုတ် ၇၅၀ လုံး

➢ ဘိလပ်မြေ ၅.၅ အိတ်

➢ မြစ်သဲ ၁၀ ကုဗပေ

🧱၁:၂:၄ ကွန်ကရစ် တစ်ကျင်နှုန်း
➢ ဘိလပ်မြေ ၁၉ အိတ်

➢ မြစ်သဲ ၄၉ ကုဗပေ

➢ မြစ်ကျောက်စရစ် ၉၂ ကုဗပေ

🧱၁:၃:၆ ကွန်ကရစ် တစ်ကျင်နှုန်း
➢ ဘိလပ်မြေ ၁၃ အိတ်

➢ မြစ်သဲ ၄၆ ကုဗပေ

➢ မြစ်သဲကျောက်စရစ် ၉၆ ကုဗပေ

မှတ်ချက်။ ။
၁ ကုဗပေ = အလျား ၁ ပေ x အနံ ၁ ပေ x အမြင့် ၁ ပေ ။
သဲတစ်ကျင်း = အလျား ၁၀ ပေ x အနံ ၁၀ ပေ x အမြင့် ၁ ပေ = ၁၀၀ စတုရန်းပေ
သဲတစ်ကျင်း = ၁၀၀ ကုဗပေ

ထူးကဲမွန်မြတ်လှတဲ့ တန်ဆောင်မုန်းလပြည့်နေ့၊(သာမညဖလအခါတော်နေ့ )မြတ်မင်္ဂလာနေ့လေးမှာ  မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ခ...
04/11/2025

ထူးကဲမွန်မြတ်လှတဲ့ တန်ဆောင်မုန်းလပြည့်နေ့၊(သာမညဖလအခါတော်နေ့ )မြတ်မင်္ဂလာနေ့လေးမှာ မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံပြီး ကောင်းကျိုးလိုအင်ဆန္ဒများ လည်းရရှိကြပါစေကြောင်း 'ရွှေစံအိမ်' စတီးနှင့် ကုန်မာရောင်းဝယ်ရေးမှ ဆုတောင်းမေတ္တာများပို့သအပ်ပါတယ် 🙏🏻


#ဆောက်လုပ်ရေးလုပ်ငန်းသုံးသံထည်များ

ယနေ့ကျရောက်သော  မြန်မာပြည်သူပြည်သားတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ ဓမ္မစကြာအခါတော်နေ့လေးမှာ မိဘပြည်သူ ညီအစ်ကိုမောင်နှ...
09/07/2025

ယနေ့ကျရောက်သော မြန်မာပြည်သူပြည်သားတို့ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ ဓမ္မစကြာအခါတော်နေ့လေးမှာ မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတတ်ကြပါစေကြောင်း ' ရွှေစံအိမ် ' မိသားစုမှ ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါတယ်🙏🏻။

တိုင်တစ်တိုင်မှာ ထည့်ရမည့် သံချောင်းအရေအတွက် ခန့်မှန်းနည်းကို အကြမ်းဖျင်း ဖော်ပြခြင်း✳️ ၁၂"x၁၂" တိုင်အတွက် ACI Code အရ သ...
11/06/2025

တိုင်တစ်တိုင်မှာ ထည့်ရမည့် သံချောင်းအရေအတွက် ခန့်မှန်းနည်းကို အကြမ်းဖျင်း ဖော်ပြခြင်း
✳️ ၁၂"x၁၂" တိုင်အတွက် ACI Code အရ သံချောင်း ထည့်သွင်းနည်: ✳️

❇️ ၁၂ လက်မ x ၁၂ လက်မ အရွယ်အစားနဲ့ ၁၂ ပေ အမြင့်ရှိတဲ့ ကွန်ကရစ်တိုင်တစ်ခုမှာ (ACI Code) အရ ဘယ်လိုသံချောင်းတွေ ထည့်သင့်လဲဆိုတာ နားလည်အောင် ရှင်းပြပေးပါမယ်။

♦️သံချောင်းပမာဏ ဘယ်လောက်လိုမလဲ ♦️
ACI Code အရ တိုင်ရဲ့ ဧရိယာ (မျက်နှာပြင် အကျယ်အဝန်း) ရဲ့ အနည်းဆုံး ၁% ကနေ အများဆုံး ၈% ကြား သံချောင်းထည့်ရပါမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အများအားဖြင့် ၁% ကနေ ၄% လောက်ကို အသုံးပြုလေ့ရှိပါတယ်။
▫️ တိုင်ရဲ့ ဧရိယာ (Gross Area of Column - Ag):
Ag = 12 x 12 = 144 { square inches }
▫️ သံချောင်းဧရိယာ (Area of Steel - As) (အနည်းဆုံး ၁%):
As.min = 0.01 x Ag = 0.01 x 144 sq.in
= 1.44 sq.in

♦️ သံချောင်းဧရိယာ (As) (အများဆုံး ၄%):
As.max = 0.04 x Ag
= 0.04 x 144 sq.in
= 5.76 square inches

👉 ဒါဆို သံချောင်းစုစုပေါင်း ဧရိယာက 1.44 sq.in ကနေ 5.76 sq.in ကြားမှာ ရှိရမှာပေါ့။ 👈 (1%)ကတော့ အလွန်နည်းလွန်းတယ့် ပမာဏ ဖြစ်ပါတယ်။

➡️ သံချောင်း ဘယ်နှစ်ချောင်း ထည့်မလဲ ❓❓

❗ဒီလိုအပ်တဲ့ ဧရိယာကို ပြည့်မီအောင် ဘယ်နှမတ် (သို့မဟုတ် ဘယ်နံပါတ်) သံချောင်းကို ဘယ်နှစ်ချောင်း ထည့်ရမယ်ဆိုတာ ရွေးရပါမယ်။ မြန်မာနိုင်ငံမှာ အသုံးများတဲ့သံချောင်းတွေကို မတ်နဲ့ ပြောလေ့ရှိပြီး၊ နိုင်ငံတကာမှာတော့ နံပါတ်နဲ့ ပြောလေ့ရှိပါတယ်။ ဒီမှာ inches နဲ့ တွက်တာမို့ နံပါတ်နဲ့ ယှဉ်ပြပေးပါမယ်။
🔹 #3 (3/8" or 10mm) သံချောင်းတစ်ချောင်းဧရိယာ: 0.11 sq-in 👈
🔹 #4 (1/2" or 12mm) သံချောင်းတစ်ချောင်းဧရိယာ: 0.20 sq-in 👈
🔹 #5 (5/8" or 16mm) သံချောင်းတစ်ချောင်းဧရိယာ: 0.31 sq-in 👈
🔹 #6 (3/4" or 20mm) သံချောင်းတစ်ချောင်းဧရိယာ: 0.44 sq-in 👈

ဘယ်လိုရွေးချယ်ရမလဲ ဆက်ကြည့်ရအောင် ⤵️

🔹 #4 (1/2" or 12mm) 🐝
သံချောင်း ၈ ချောင်း= 8 x0.2 sq. in = 1.6 sq-in
🔹 ဒါက အနည်းဆုံးလိုအပ်တဲ့ ပမာဏ (1.44 sq.in) ကို ပြည့်မီစေပါတယ်။

🔹 #5 (5/8" or 16mm) 🐝
သံချောင်း ၆ ချောင်း = 6 x 0.31 sq-in= 1.86 sq.in
🔹 ဝန်ခံနိုင်အား ပိုလိုတဲ့အခါမျိုးမှာ ဒီလိုထည့်နိုင်ပါတယ်။

🔹 #5 (5/8" or 16mm) 🐝
သံချောင်း ၈ ချောင်း = 8 x 0.31 sq.in= 2.48 sq.in
🔹 ပိုပြီး ဝန်ကြီးတဲ့ အဆောက်အဦတွေအတွက် ထည့်လေ့ရှိပါတယ်။

🔹 #6 (3/4" or 20mm) 🐝
သံချောင်း ၆ ချောင်း = 6 x 0.44 sq.in = 2.64 sq.in
🔹 အထပ်မြင့် အဆောက်အဦတွေရဲ့ အောက်ထပ်တိုင်တွေမှာ အသုံးများပါတယ်။

✳️ တကယ်တမ်းမှာတော့ ဒီတိုင်ပေါ်ကျမယ့် ဝန် (အဆောက်အဦ အလေးချိန်၊ လူနေထိုင်မှု၊ လေဒဏ်၊ ငလျင်ဒဏ် စတာတွေ) ကို တွက်ချက်ပြီးမှ ဒီဇိုင်းအင်ဂျင်နီယာက ဘယ်နံပါတ် ဘယ်နှစ်ချောင်း ထည့်မယ်ဆိုတာကို အတိအကျ ဆုံးဖြတ်ပေးတာပါ။

(၁% ဆိုတာ အနည်းဆုံးရှိရမယ့် သံချောင်းအရေအတွက်ဖြစ်ပါတယ်) Design အရ ဒါ့ထက်လည်း ပိုများနိုင်ပါတယ်။ အနည်းဆုံးကတော့ 2% စဉ်းစားသင့်ပါတယ်။

ကွင်း (Stirrups / Ties) ထည့်သွင်းခြင်း ⤵️

တိုင်ရဲ့ အဓိကသံချောင်းတွေကို မပြန့်သွားအောင်၊ တိုင်ရဲ့ ခံနိုင်ရည်အားကို ပိုကောင်းအောင် ကွင်း (Stirrups or Ties) တွေနဲ့ ပတ်ပေးရပါတယ်။
* ကွင်းအရွယ်အစား: အများအားဖြင့် #3 (3/8" or 10mm) ဒါမှမဟုတ် #4 (1/2" or 12mm) သံချောင်းကို သုံးပါတယ်။

💠 ကွင်းခြားအကွာအဝေး (Spacing): ⤵️

* တိုင်ရဲ့ အောက်ခြေနဲ့ အပေါ်ပိုင်း (ခေါင်းပိုင်း) တွေမှာ ၄ လက်မ (4") လိုမျိုး ပိုစိပ်စိပ် ပတ်လေ့ရှိပါတယ်။
* တိုင်ရဲ့ အလယ်ပိုင်းမှာတော့ ၆ လက်မ ဒါမှမဟုတ် ၇ လက်မ ခြားပြီး ပတ်တာကို တွေ့ရပါလိမ့်မယ်။
* ဒီအကွာအဝေးကိုလည်း ACI Code ရဲ့ စည်းမျဉ်းတွေနဲ့အညီ အင်ဂျင်နီယာက သတ်မှတ်ပေးပါတယ်။

▶️ အရေးကြီးဆုံး သတိပြုရန်: ⤵️🐝⤵️
👉 ဒီရှင်းပြချက်တွေဟာ ACI Code ရဲ့ အခြေခံမူတွေကို နားလည်လွယ်အောင် ပြောပြထားတာပါ။ တကယ်တမ်း အဆောက်အဦတည်ဆောက်တဲ့အခါမှာတော့ (အဆောက်အဦး ဒီဇိုင်းအင်ဂျင်နီယာ) တွက်ချက်မှုနဲ့ ဒီဇိုင်းအတိုင်းပဲ တိတိကျကျ လိုက်နာဆောင်ရွက်ရပါမယ်။ ဒါမှသာ အဆောက်အဦရဲ့ ခိုင်ခံ့မှုနဲ့ ဘေးကင်းလုံခြုံမှုက အာမခံချက်ရှိမှာပါ။

🎄✨ Merry Christmas to All! ✨🎄ခရစ်စမတ်အချိန်အခါမှာ 🎁ကျန်းမာခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊စိတ်၏ချမ်းသာခြင်းနဲ့ ကံကောင်းခြင်းတွ...
25/12/2024

🎄✨ Merry Christmas to All! ✨🎄

ခရစ်စမတ်အချိန်အခါမှာ 🎁
ကျန်းမာခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊
စိတ်၏ချမ်းသာခြင်းနဲ့ ကံကောင်းခြင်းတွေကို ❤️🌟

✨ ယခုချိန် မှစ၍ ချစ်ရတဲ့ Customer များ နှင့် မိတ်ဆွေများအားလုံး ပြည့်စုံပါစေကြောင်း
* ရွှေစံအိမ် * မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🕊️

✨ Have a Joyful Christmas & May Your New Year Shine Bright! 🎅

15.11.2024 တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့)  တွင် မိတ်ဟောင်း၊ မိတ်သစ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်...
15/11/2024

15.11.2024 တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) တွင် မိတ်ဟောင်း၊ မိတ်သစ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း နှင့် စီးပွားလာဘ်လာဘများလည်း ဒီရေအလား တိုးတက်ပါစေကြောင်း " ရွှေစံအိမ် " စတီးနှင့် ကုန်မာရောင်းဝယ်ရေးမှ ဆုမွန်ကောင်းတောင်း အပ်ပါသည်။

👉ရေကြီးရေလျှံမှုများအတွက် ဘယ်လိုကြိုတင်ပြင်ဆင်ထားသင့်သလဲ။👉ရေကြီးရေလျှံနေချိန်တွင် ဘယ်လိုကြိုတင်ကာကွယ်မှုများပြုလုပ်ရမလဲ။...
12/09/2024

👉ရေကြီးရေလျှံမှုများအတွက် ဘယ်လိုကြိုတင်ပြင်ဆင်ထားသင့်သလဲ။

👉ရေကြီးရေလျှံနေချိန်တွင် ဘယ်လိုကြိုတင်ကာကွယ်မှုများပြုလုပ်ရမလဲ။

Crd - WHO

Address

16 Street, Between 81 × 82
Mandalay

Alerts

Be the first to know and let us send you an email when Shwe San Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe San Eain:

Share