21/09/2026
☘️🌿
ဘဝရဲ့ မုန်တိုင်းတွေကြားမှာ
ကိုယ့်အားကိုယ်ကိုးရုံနဲ့ မလုံလောက်တဲ့အချိန်တွေ ရှိတတ်တယ်။
အဲဒီအခါ
သခင်ဘုရားကို ယုံကြည်အားကိုးပြီး
ကိုယ့်ခြေလှမ်းတွေကို ဆက်လှမ်းဖို့ လိုတယ်။ 🙏
မဖြစ်သေးတဲ့အရာတွေအတွက်
စိတ်ပျက်ပြီး ရပ်တန့်မနေပါနဲ့။
“ဒီအခက်အခဲကနေ
ငါဘာတွေ သင်ယူရမလဲ…”
“သခင်က ငါ့အတွက်
ဘယ်လမ်းကို ဖွင့်ပေးမလဲ…”
လို့ မျှော်လင့်ခြင်းနဲ့ စောင့်ကြည့်ပါ။
လူတွေက ကိုယ့်ဘေးမှာ
ခဏတာ အားပေးရပ်တည်ပေးနိုင်ပေမယ့်
သခင်ဘုရားရဲ့ မေတ္တာကတော့
ကိုယ့်ဘဝလမ်းတစ်လျှောက်
အမြဲတမ်း အားကိုးရာဖြစ်နေတယ်။
လဲကျမိတာဟာ
ဇာတ်သိမ်းသွားပြီလို့ မဆိုလိုပါဘူး။
ခဏနားပြီး အားပြန်စုကာ
နောက်တစ်ကြိမ် ထဖို့အတွက်
သခင်ပေးတဲ့ အချိန်လည်း ဖြစ်နိုင်ပါတယ်။
ဒီနေ့ မင်းအားနည်းနေတယ်ဆိုရင်တောင်
မင်းတစ်ယောက်တည်း မဟုတ်ဘူး။
ခြေလှမ်းတွေ နှေးနေလည်း ရပါတယ်။
သေးငယ်နေလည်း ရပါတယ်။
သခင်ကို လက်မလွှတ်ဘဲ
ရှေ့ကို ဆက်လျှောက်နေသရွေ့…
မင်းရဲ့ဇာတ်လမ်းဟာ
အဆုံးသတ်မဟုတ်သေးပါဘူး။ ☘️🌿