Kelvin & Han Consultants Co.,Ltd

Kelvin & Han Consultants Co.,Ltd Project Management and QA/QC Service.

09/02/2026

QA/QC Engineer

Job Description
-Manage and supervise day to day activities of project
-Perform regular inspections to ensure quality of the works confirm with standards and specification
-Ensure all the works comforms with safety regulations
-Prepare Daily Reports, Weekly Report and Monthly Report to Project Manager
-Prepare Meeting Minutes

Job Requirements
AGTI/BE (Civil)
2-5 Year of Experience
Have Strong Interpersonal and Communication skills
AutoCAD, Ms office, Ms Words
Posses positive altitude

Location - Yangon
want to apply CV form to
Email [email protected]
Viber 09892062815

Credit: OP
13/12/2025

Credit: OP

Architecture & Interior Decoration ကျွန်တော်တို့ ငလျင်ပြီးတော့ တော်တော်များများ အဆောက် အဦး ရဲ့ structure ပိုင်းကိုဘဲ အာရ...
25/08/2025

Architecture & Interior Decoration

ကျွန်တော်တို့ ငလျင်ပြီးတော့ တော်တော်များများ အဆောက် အဦး ရဲ့ structure ပိုင်းကိုဘဲ အာရုံစိုက်ကြသာများပါတယ်။
Architecture နဲ့ Interior Decoration အပိုင်းတွေ လုပ်ဆောင် ကြာရာမှာလဲ ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ငလျင်ကြောင့် အဆောက် အဦး မပြို ကျ ဘဲ အုတ်နံရံ ပြို ကျခြင်း၊ အဝတ်ဘီရို လှဲကျခြင်း ၊ ကြွေပြား များ ကွာကျခြင်း စတဲ့ ပစွည်းတွေကြောင့် လည်း အန္တာရာယ် ရှိပါတယ်။

အဲ့ဒါကြောင့် အဆောက်အဦတခုရဲ့ အုတ်စီခြင်းလုပ်ငန်း ဆောက်လုပ် ရာမှာ လိုအပ်တဲ့ Stiffener & Lintel စသည် တို့ ကို သေသေချာ ထည့်ပေးခြင်း၊ လှဲကျနိုင်တဲ့ အဝတ် ဘီရို စသည်တို့ကိုလည်း မလဲကျအောင် ပြုလုပ်ထားခြင်း တို့ဖြင့် ကြိုတင် ကာကွယ် လို့ရပါတယ်။

Kelvin & Han Consultants Co.,Ltd

Construction site ထဲ ပုဆိုးဝတ် ဖို့ ခွင်ပြုသင့်/ မသင့်ဟာသအနေနဲ့ site ထဲ ပုဆိုးဝတ် ပြီးအလုပ်လုပ်တဲ့ အတွက် ဖြစ်ပျက်ခဲ့အကြေ...
12/08/2025

Construction site ထဲ ပုဆိုးဝတ် ဖို့ ခွင်ပြုသင့်/ မသင့်

ဟာသအနေနဲ့ site ထဲ ပုဆိုးဝတ် ပြီးအလုပ်လုပ်တဲ့ အတွက် ဖြစ်ပျက်ခဲ့အကြောင်းလေး ပြောပြချင်ပါတယ်။

၂၀၀၁ - ၂၀၀၂ ခုနှစ်လောက် site engineer အနေနဲ့ အလုပ်လုပ်တုန်း တရက် column တိုင်တစ်လုံး ချိန်စစ်ဖို့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း (မိန်းကလေး) နဲ့ သွားပါတယ်။ စစ်မယ့် နေရာ ရောက်တော့ ကိုယ်က အပေါ်တက်၊ သူငယ်ချင်းက အောက်ကနေ ကြည့်ပေါ့။ စစ်နေတုန်း သူငယ်ချင်းက ထွက်ပြေးပါလေရော။ အားလုံးလဲ အံဩကုန်ကြ သာပေါ့။ ကိုယ်လဲ ဘာလဲ ပေါ့ အောက်ဆင်းပြီး ကြည့်မှ အပေါ်က လက်သမား ဆရာက အောက်က တိုင်ချိန်ချဖို့ ချထားတဲ့ ချိန်သီး အပြင် အပေါ်မှာ ချိန်သီး နောက်တလုံး ပါပြထားသာကိုး 😜 (အောက်စလွတ်ပြီး)။

ထွက်ပြေးသွား တဲ့ သူငယ်ချင်း ဘယ်သူလဲ တော့ မမေးပါနဲ့ ပြောမပြဘူး။ 🤪

Kelvin & Han Consultants Co.,Ltd
Photo Credit

မိတ်ဆွေတယောက် ငလျင် ဖြစ်လို့ ပျက်စီးသွားသာ သာလေးတွေ ကြည့်ပေးဖို့ အကူညီတောင်းသာ နဲ့ Mandalay ကိုရောက်ဖြစ် တော့ အသေးအဖွဲ လ...
11/08/2025

မိတ်ဆွေတယောက် ငလျင် ဖြစ်လို့ ပျက်စီးသွားသာ သာလေးတွေ ကြည့်ပေးဖို့ အကူညီတောင်းသာ နဲ့ Mandalay ကိုရောက်ဖြစ် တော့ အသေးအဖွဲ လေးလို့ ယူဆထားတဲ့ ဟာလေးတွေက ဆုံးရှုံးမှု တွေ အကြီးကြီး ဖြစ်သွား သာလေးတွေ ကို သင်ခန်းစာ ရခဲ့ပါတယ်။
ပထမ တခု အနေနဲ့ column တိုင်တခုမှာ ငလျင်ကြောင့် column အခြေ မှာ ကြေမွ သွားသာ တွေ့ရပါတယ်။ အဲ့မှာ ဘာတွေ့ လိုက်ရသလဲ ဆိုတော့ concrete မလောင်းခင် မှာ သန့်ရှင်းရေး သေချာမလုပ် ခဲ့တဲ့ အတွက် ဘိလပ်မြေ အိပ်ခွံ နဲ့ အမှိုက် အချို့ တွေ့ရပါတယ်။
column တလုံးမှာ design လုပ်ထားတဲ့ အတိုင်း သံချောင်း၊ concrete သုံးထားထား ပေမဲ့လဲ အဲ့ column တလုံး ရဲ့ ဖြစ်တည်မှု အတွက် column ရဲ surface area လေးက ဘဲ ချိတ်ဆက် နေသာပါ။ အဲ့ဒါကြောင့် အဲ့လို ထိစပ်နေတဲ့ နေရာ လေးတွေကို သေချာ ဂရုစိုက်ဖို့လို အပ်ပါတယ်။
နောက်ထပ် တခု ထပ်သိရသာက တော့ အဓိက လုံးချင်း အဆောက် အဦး လေးတွေမှာ column တိုင် လောင်းရာမှာ concrete volume နည်းတဲ့ အတွက် concrete လောင်းရာမှာ site မှာ ဖျော်ပြီး လောင်းကြသာပါ။ concrete mixer မသုံးဘဲ ဖျော်ကြသာတောင်ရှိပါတယ်။ designer သတ်မှတ်ထားတဲ့ အတိုင်း concrete grade ရအောင် ဖျော်ပြီး အသုံးပြုသင့်ပါတယ်။ ဘယ်လိုလုပ်ရမယ် ဆိုသာ တော့ ဆရာတော်တော်များများ ပြောပြထားပြီးသာ တွေ လေ့လာ ကြည့်လို့ရပါတယ်။
နောက်ထပ် တမျိုးကတော့ column တိုင် concrete လောင်းတဲ့ အခါမှာ column ရဲ့ တကယ့် အရေးပါတဲ့ အပေါ်က ပြောထားတဲ့ column ရဲ့ အခြေနေရာကို သိပ်သည်းအောင် ဂရုတစိုက် မလုပ်ခဲ့ တဲ့ အတွက် column အခြေနားက concrete တွေဟာ လိုအပ်တဲ့ compaction မရရှိတဲ့ အတွက် ခိုင်ခန့်မှု မရှိတော့ပါဘူး။ အဲ့ဒါကြောင်း column တိုင် လောင်းတဲ့ အခါ မှာ လိုအပ်တဲ့ compaction ရအောင် ဂရုတစိုက် သေချာ ကြီးကြပ်လုပ်ဆောင်ဖို့ လိုအပ်ပါတယ် ခင်ဗျာ။

Structure Design ဂရုတစိုက် သေချာ လုပ်ထား သင့်သလို ground supervision လည်း လိုအပ်ပါကြောင်း၊

Kelvin & Han Consultants Co.,ltd

18/03/2024

QA/QC Engineer (C&S)-M/F (2-Post)
Job Description
-Manage and supervise day to day activities of project
-Perform regular inspections to ensure quality of the works comform with standards and specification
-Ensure all the works comforms with safety regulations
-Prepare Daily Reports, Weekly Report and Monthly Report to Project Manager
-Prepare Meeting Minutes

Job Requirements
AGTI/BE (Civil)
3-5 Year of Experience
Have Strong Interpersonal and Communication skills
AutoCAD, Ms office, Ms Words
Posses positive altitude

Location - Yangon
want to apply CV form to
Email [email protected]
Viber
09791684035

🏠 Sold Out ပါ ခင်ဗျာ။
21/07/2023

🏠 Sold Out ပါ ခင်ဗျာ။

မင်္ဂလာပါ Kelvin & Han Engineering and Construction Group မှ ဆောက်လုပ်မည့် မြေအကျယ် ပေ၂၅xပေ၅၀ အတွင်း တည်ဆောက်မည့် ၆ ထပ် ...
02/07/2023

မင်္ဂလာပါ

Kelvin & Han Engineering and Construction Group မှ ဆောက်လုပ်မည့် မြေအကျယ် ပေ၂၅xပေ၅၀ အတွင်း တည်ဆောက်မည့် ၆ ထပ် အဆောက်အဦး လေးပါ။

အဆောက်အဦးဆောက်လုပ်ခြင်း ၊ အဆောက်အဦး Design ရေးဆွဲခြင်း၊ အဆောက် အဦး အရည်အသွေးစစ်ဆေးခြင်း (QA/QC) နှင့် Project Management လုပ်ငန်းများကို လူကြီးမင်းတို့စိတ်ကြိုက်ယုံကြည်စွာဖြင့်အပ်နှံလို့ရပါသည်။

အသေးစိတ်သိရှိလိုပါက cb (or)09-791684035/ 09- 799491813 သို့ ဆက်သွယ်နိုင်ပါသည်။

& Han Construction Group

🏠 Sold Out ပါ ခင်ဗျာ။အားလုံးပဲ မင်္ဂလာပါ။ကျွန်တော်တို့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အရှေ့ဒဂုံ (၁၂)ရပ်ကွက်ထဲက ပရောဂျက်လေ...
01/07/2023

🏠 Sold Out ပါ ခင်ဗျာ။

အားလုံးပဲ မင်္ဂလာပါ။

ကျွန်တော်တို့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အရှေ့ဒဂုံ (၁၂)ရပ်ကွက်ထဲက ပရောဂျက်လေးနဲ့ မိတ်ဆက်ပေးပါရစေ…..

မြေအကျယ် - (20’ x 60’)
အဆောက်အဦး အကျယ် - (18’ x 40’) RC (၂)ထပ်
မြေအမျိုးအစား - ပါမစ်မူရင်း
စျေး - သိန်း (၂၀၅၀)
ဆက်သွယ်ရန် - Ph: 09791684035


အခုအဆောက်အဦးလေးရဲ့ မြေပိုင်ဆိုင်မှုအနေနဲ့ ပြောရရင် - ပါမစ်မူရင်းပါ။ အိုးအိမ်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး စည်ပင်မှာ အမည်ပေါက်ဖို့အထိပါ လုပ်ဆောင်ထားပြီးတဲ့ ခိုင်မာသော စာရွက်စာတမ်းတွေမို့ ဝယ်ယူပြီးပါက အိမ်အတွက် အခွန်ဆောင်စရာမလိုပဲ ချက်ချင်း ဂရန်တန်းလျှောက်နိုင်ပါတယ်။

နေရာအနေအထား - အရှေ့ဒဂုံ (၁၂)ရပ်ကွက်မှာမှ လမ်းသန့်၊ ပတ်ဝန်းကျင်သန့်၊ အိမ်ရှေ့ထိ ကွန်ကရစ်လမ်းခင်းပြီး၊ ဗိုလ်မင်းခေါင်၊ တပင်ရွှေထီးလမ်းမကြီး အနီး၊ ကားဂိတ်၊ စျေးတို့နဲ့ နီးပါတယ်။ အိမ်လေးကလည်း မြောက်ဖက်လှည့်မို့ ထွက်နေ၊ ကျနေတို့ကနေ ကင်းလွတ်ပြီး နေလို့ အရမ်းအဆင်ပြေမယ့် အလှည့်လေးပါ။

အဆောက်အဦး အမျိုးအစား - (18’ x 40’) RC နှစ်ထပ် အဆောက်အဦးပါ။ ခန်းဖွဲ့အနေနဲ့ အပေါ်ထပ်မှာ Master Bed Room (၁)ခန်း၊ အောက်ထပ်မှာ ရိုးရိုးအိပ်ခန်း (၁)ခန်း၊ ဧည့်ခန်းကျယ်၊ ထမင်းစားခန်း၊ မီးဖိုချောင်၊ အိမ်သာ ရေချိုးခန်းသပ်သပ်စီ၊ အပေါ်ထပ်မှာ ဘုရားခန်းကျယ် (ဘုရားခန်းက 16’ x 18’ အကျယ်မို့ အိပ်ခန်းထပ်ဖွဲ့လို့ ရပါတယ်) ၀ရန်တာ (10’ x 18’) အကျယ်တစ်ခုတို့ ပါဝင်ပါတယ်။ အိမ်ကလည်း မျက်နှာကျက်၊ Laminate ကြမ်းခင်းပြီး၊ မီးဖို ရေချိုးခန်းအိမ်သာအားလုံး ကြွေပြားကပ်အပြီးမို့ အဆင်သင့် တက်နေရုံပါပဲ။

အိမ်အနောက်ဖက်မှာ (၅)ပေအကျယ် ချန်ထားတာမို့ အဝတ်လှန်းချင်ရင်ဖြစ်ဖြစ်၊ မီးဖိုအသေးထပ်ထုတ်ချင်တာဖြစ်ဖြစ် လုပ်လို့ရအောင် ကွန်ကရစ် ခင်းပေးမှာပါ။ အိမ်ရှေ့ကိုလည်း ကားဝင်လို့ရအောင် (၁၅)ပေ အပြည့် ကွန်ကရစ်လောင်းပေးမှာ ဖြစ်လို့ တစ်ကယ့်ကို အဆင်သင့်တက်နေရုံ အိမ်လေးတစ်လုံး ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးမို့ စိတ်ဝင်စားရင် အိမ်ရဲ့ အသေးစိတ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

စျေး - မြေ၊ အိမ်အပါ သိန်း(၂၀၅၀) နဲ့ ဒီအချိန် မြေစျေး၊ ဆောက်လုပ်ရေးပစ္စည်းတွေအကုန် စျေးတက်နေချိန်မှာ အရည်အသွေးပြည့် ဆောက်လုပ်ရေးပစ္စည်းတွေ သုံးထားတာမို့ ဘယ်လောက်တန်လဲဆိုတာ ကိုယ်တိုင်အိမ်ဆောက်နေကြသူတွေ အကုန်သိကြမှာပါ။ (စိတ်ဝင်စားပါက site ထဲကိုလည်း လာရောက်လေ့လာနိုင်ပါတယ်)

အိမ်လေးက အခုဆို structure ပိုင်း ပြီးစီးသွားပြီး Architecture work တွေ လုပ်ဆောင်နေပါပြီ။ ဒီအချိန်ဝယ်မယ်ဆို ငွေပေးချေမှုကိုလည်း အရစ်ကျနဲ့ ညှိနှိုင်းနိုင်ပါတယ်။

အကျိုးဆောင်များလည်း ဖိတ်ခေါ်ပါတယ်။

Finally, we completed our mission.Bank renovation အတွက် Part Time Supervision အပ်နှံသော ချစ်ကိုနှစ်ယောက် ကျေးဇူးပါ
30/06/2023

Finally, we completed our mission.
Bank renovation အတွက် Part Time Supervision အပ်နှံသော ချစ်ကိုနှစ်ယောက် ကျေးဇူးပါ

Address

42/A, Rose Lane, Parami Avenue
Yankin Tsp
11081

Telephone

+959791684035

Website

Alerts

Be the first to know and let us send you an email when Kelvin & Han Consultants Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kelvin & Han Consultants Co.,Ltd:

Share