Alpha Auto

Alpha Auto We Fix You Drive Car Auto Parts Service Center

နွေရာသီရဲ့  ပြင်းထန်လှတဲ့ အပူချိန်ဟာ လူကြီးမင်းတို့ရဲ့ကားအောက်ပိုင်း သက်ရောက်မှုရှိတယ်ဆိုတာ သိပါရဲ့လားပူပြင်းလွန်းတဲ့ ရာ...
02/05/2024

နွေရာသီရဲ့ ပြင်းထန်လှတဲ့ အပူချိန်ဟာ လူကြီးမင်းတို့ရဲ့ကားအောက်ပိုင်း သက်ရောက်မှုရှိတယ်ဆိုတာ သိပါရဲ့လား

ပူပြင်းလွန်းတဲ့ ရာသီဥတုဟာ ကားရဲ့အောက်ပိုင်းကို ဘယ်လိုထိခိုက်စေနိုင်လဲဆိုတာ ရှင်းပြပါရစေခင်ဗျ။

လမ်းအခြေအနေ - ပူပြင်းလွန်းတဲ့ ကတ္တရာတွေဟာ ပျော့လာပြီး မညီမညာတဲ့ လမ်းတွေကို ဖြစ်စေပါတယ်။ အဲဒါတွေက ကားရဲ့ ရှော့ဘားတွေအပေါ် သာမန်ထက် ပိုပြီး အလုပ်လုပ်စေပြီး ဝန်ပိစေနိုင်ပါတယ်

တာယာလေဖိအား - ပူပြင်းလွန်းတဲ့ရာသီဥတုမှာ ကားတာယာတွေဟာ နိုက်ထရိုဂျင်ထည့်မထားရင် ပူပြီးပွတတ်ပြီး တာယာဖိအားကို သာမန်ထက် ပိုများစေနိုင်ပါတယ်။ အမြန်လမ်းလိုမျိုး အရမ်းမြန်အောင် မောင်းတဲ့အခြေအနေမှာဆိုရင် တာယာကွဲပြီး မတော်တဆမှုမျိုးတွေ ဖြစ်တတ်ပါတယ်။ မြို့ထဲမှာလည်း တာယာ ၄ လုံးက လေဖိအားမညီနေရင် ကားရဲ့ အောက်ပိုင်းအပေါ် ဝန်ပိုပြီး မြန်မြန် ပျက်စီးစေတတ်ပါတယ်

အောက်ပါ လက္ခဏာတွေကို တွေ့နေရပြီဆိုရင် ကားရဲ့ အောက်ပိုင်း suspension မှာ ပြဿနာတွေရှိနေပြီဆိုတာ ညွှန်ပြနေတာပဲ ဖြစ်ပါတယ်

- ကားစီးရတာ ချိုင့်နည်းနည်းကျတာကို အတော်လေး ခုန်နေတာမျိုး
- တာယာတွေမှာ တစ်ဖက်က တခြားတစ်ဖက်ထက် ပိုပြီး ပန်းတွေ စားနေတာ
- မောင်းနေရင်း တစ်ဖက်ဖက်ကို ဆွဲနေတာ
- ရှော့ဘားတွေနားမှာ ဆီတွေ အရည်တွေ ယိုနေတာ

အဲဒါတွေ ဖြစ်နေပြီဆိုရင် ကျွန်တော်တို့ရဲ့ Alpha Auto ကို လာရောက်စစ်ဆေးဖို့ လိုနေပါပြီ။ ယခင် အလုံသမဝင်းက "ဦးမြင့်ဦးနှင့် ညီအစ်ကိုများ" ဆိုင်မှာကတည်းက ပြုပြင်လာခဲ့တဲ့ အတွေ့အကြုံရင့် ပညာရှင်တွေပဲ ဆက်လက်ဦးစီးထားတာမို့ စိတ်ချလက်ချ လာခဲ့လိုက်တော့နော်။ ဆိုင်မှာ ပြုပြင်သမျှကိုလည်း ၆ လ အာမခံပေးတာမို့ ပြင်ပြီး နောက်ပြန်လာရမှာကို စိတ်ပူစရာ မလိုဘူးနော်။

လာမယ်ဆိုရင် ဆိုင်လိပ်စာက 📍 အမှတ် ၂၄ မကြီးကြီးလမ်း(ကျွန်းတော်လမ်းနဲ့ ပြည်လမ်းကြား) (Google map 🗺️- https://maps.app.goo.gl/qQ99gzzA825dkRCG6 ) ဖြစ်ပြီး
နေ့စဥ် ⏰ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်လျက်ရှိပါတယ်
ဆိုင်ဖုန်း 📞 − 095191916 , 09798484845

ကားတွေ ရပ်အောင် ဘယ်အရာက ဘယ်လိုအလုပ်လုပ်ပေးလဲ တွေးဖူးကြသလားဗျို့ကားတစ်စီးမှာ ဘရိတ်က အရေးအကြီးဆုံးတွေထဲက တစ်ခု ဖြစ်ပါတယ်။ ...
22/04/2024

ကားတွေ ရပ်အောင် ဘယ်အရာက ဘယ်လိုအလုပ်လုပ်ပေးလဲ တွေးဖူးကြသလားဗျို့

ကားတစ်စီးမှာ ဘရိတ်က အရေးအကြီးဆုံးတွေထဲက တစ်ခု ဖြစ်ပါတယ်။ ကားရွေ့ပြီး ဘရိတ်မမိဘူးဆိုရင် လူမထိခိုက်ဘူးဆိုရင်တောင် ကားတော့ ထိခိုက်မှာ အသေအချာပါပဲ။ ဒီနေ့တော့ ကားတွေရဲ့ ဘရိတ် အလုပ်လုပ်ပုံကို အတိုလေး ရှင်းပြပေးမယ်နော်

မောင်းတဲ့သူကနေပြီး ဘရိတ်ကို နင်းလိုက်ပြီဆိုရင် ကျွန်တော်တို့ ကားထဲမှာ ထည့်ထားတဲ့ ဘရိတ်ဆီတွေဟာ ပိုက်လိုင်းတွေတစ်လျှောက် စီးဆင်းသွားပါတယ်။ အဲဒီ ဖိအားများလာတဲ့ ဘရိတ်ဆီတွေက ဘရိတ်ပြားလို့ခေါ်တဲ့ အရာတွေကို တွန်းသလို ဖြစ်သွားပြီး ကားဘီးမှာပါတဲ့ သတ္တုပြားတွေကို ညှစ်ပစ်လိုက်ပါတယ်။ ညှစ်တဲ့အခါမှာ ဘရိတ်ပြားနဲ့ သတ္တုပြားတို့ကြား ဖြစ်လာတဲ့ ပွတ်တိုက်မှုတွေက ကားဘီးလည်တာကို နှေးစေပြီး ကားကို ရပ်တန့်စေပါတယ်။

အခုလို ဖတ်ကြည့်ရင် ရှင်းရှင်းလေး ဆိုပေမဲ့ တစ်ခုခု ချို့ယွင်းနိုင်တဲ့နေရာတွေ အများကြီးရှိပါတယ်။ ဘရိတ်ဆီသွားတဲ့ ပိုက်လိုင်းတွေ ပေါက်နေတာ ယိုနေတာတွေ ရှိမလား။ ညှစ်တဲ့ ဘရိတ်ပြားက ပါးနေလို့ ကားဘီးက သတ္တုပြားကို ထိထိမိမိ မညှစ်နိုင်တာ ရှိမလား။ တချို့နောက်ပိုင်း မော်ဒန်မြင့်ကားတွေမှာဆို ဘရိတ်စနစ်ကို ကားရဲ့ control စနစ်နဲ့ပါ တွဲထားတာမို့ wiring တွေက အစ ပြဿနာ ရှိလာနိုင်ပါတယ်။

ဒါကြောင့်မို့ အောက်ပါ လက္ခဏာတွေ တွေ့ရတယ်ဆိုရင် ဘရိတ်ကို စစ်ဆေးသင့်တယ်လို့ အကြံပေးပါရစေခင်ဗျ
- ဘရိတ်နင်းတဲ့အခါမှာ ဂျလစ်ဂျလစ် အသံတွေ ထွက်လာတာ
- ဘရိတ်ခြေနင်းပြားက ပုံမှန်ထက် နင်းရတာ ပျော့နေတာ
- ကားကို ရပ်ဖို့လုပ်တဲ့အခါ ခါတိုင်းထက် ပိုပြီးအချိန်ကြာနေတာ
- ဘရိတ်နင်းတဲ့အခါ ကားတုန်ခါနေတာ တို့ပဲ ဖြစ်ပါတယ်

လူကြီးမင်းတို့အနေနဲ့ ဘရိတ်နဲ့အောက်ပိုင်း စစ်ဆေးဖို့အတွက် ယုံကြည်စိတ်ချရတဲ့ workshop ကို ရှာနေတာဆိုရင် ကျွန်တော်တို့ရဲ့ "Alpha Auto" ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေနော်။ ၁၉၈၀ ကျော်ကာလကတည်းက "ဦးမြင့်ဦးနှင့် ညီအစ်ကိုများ" နာမည်ဖြင့် ဖွင့်လှစ်ပြုပြင်လာခဲ့ပြီး အတွေ့အကြုံရင့် ဝါရင့်ဆရာတွေကိုယ်တိုင် ဦးစီးပြီး ပြုပြင်ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်ခင်ဗျ။

လာမယ်ဆိုရင် ဆိုင်လိပ်စာက 📍 အမှတ် ၂၄ မကြီးကြီးလမ်း(ကျွန်းတော်လမ်းနဲ့ ပြည်လမ်းကြား) (Google map 🗺️- https://maps.app.goo.gl/qQ99gzzA825dkRCG6 ) ဖြစ်ပြီး
နေ့စဥ် ⏰ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်လျက်ရှိပါတယ်
ဆိုင်ဖုန်း 📞 − 095191916 , 09798484845

Alpha Auto ရဲ့ မိတ်ဆွေညီအစ်ကို အားလုံး နှစ်သစ်မှာ အစစအရာရာ အဆင်ပြေပြီး အလုပ်အကိုင်နဲ့ ကျန်းမာရေးအားလုံး အကောင်းဆုံး ဖြစ်...
17/04/2024

Alpha Auto ရဲ့ မိတ်ဆွေညီအစ်ကို အားလုံး နှစ်သစ်မှာ အစစအရာရာ အဆင်ပြေပြီး အလုပ်အကိုင်နဲ့ ကျန်းမာရေးအားလုံး အကောင်းဆုံး ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျ 🙏🙏🙏

ကျွန်တော်တို့ရဲ့ Alpha Auto ကို မနက်ဖြန် ၁၈.၄.၂၀၂၄ မှ ပြန်လည်ဖွင့်လှစ်မှာဖြစ်လို့ လိုအပ်တာတွေရှိရင် လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျ။

Alpha Auto ရဲ့ မိတ်ဆွေ ညီအစ်ကိုမောင်နှမအားလုံးအပါအဝင် မြန်မာပြည်သူပြည်သားအားလုံး လာမဲ့သင်္ကြန်ပိတ်ရက်လေးတွေမှာ ကိုယ်စိတ်...
11/04/2024

Alpha Auto ရဲ့ မိတ်ဆွေ ညီအစ်ကိုမောင်နှမအားလုံးအပါအဝင် မြန်မာပြည်သူပြည်သားအားလုံး လာမဲ့သင်္ကြန်ပိတ်ရက်လေးတွေမှာ ကိုယ်စိတ်ကျန်းမာချမ်းသာပြီး နှစ်သစ်ကို ဘေးရန်ကင်းကင်းနဲ့ ကြိုဆိုနိုင်ကြပါစေလို့ ကျွန်တော်တို့ Alpha Auto မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျား 🙏🙏🙏

ကျွန်တော်တို့ Alpha Auto မိသားစုဝင်များကိုလည်း လာမဲ့ 13.4.2024 မှ စတင်ပြီး 17.4.2024 အထိ ဆိုင်လေးခေတ္တပိတ်ပြီး လိုအပ်တာလေးတွေ ပြုပြင် အနားယူရန် ခွင့်ပြုပေးဖို့ မေတ္တာရပ်ခံပါရစေခင်ဗျ

18.4.2024 မှ စတင်ပြီး ဆိုင်ကို ယခင်အတိုင်း မနက် ၉ နာရီမှ ည ၅ နာရီထိ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်လို့ အောက်ပိုင်းနဲ့ပတ်သက်ပြီး လိုအပ်တာ ပြုပြင်ချင်တာတွေအတွက် အာမခံနဲ့ပြုပြင်ပေးတဲ့ ကျွန်တော်တို့ Alpha Auto (ယခင် "ဦးမြင့်ဦးနဲ့ ညီအစ်ကိုများ" ဆိုင်) ကို ယုံကြည်စိတ်ချစွာ လာခဲ့လို့ရတဲ့အကြောင်းလေး အသိပေးပါရစေခင်ဗျ

လာမယ်ဆိုရင် ဆိုင်လိပ်စာက 📍 အမှတ် ၂၄ မကြီးကြီးလမ်း(ကျွန်းတော်လမ်းနဲ့ ပြည်လမ်းကြား) (Google map 🗺️- https://maps.app.goo.gl/qQ99gzzA825dkRCG6 ) ဖြစ်ပြီး
နေ့စဥ် ⏰ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်လျက်ရှိပါတယ်
ဆိုင်ဖုန်း 📞 − 095191916 , 09798484845

အခု သင်္ကြန်ကာလ ပိတ်ရက်ရှည်တွေ လာတော့မယ်ဆိုတော့ အမျိုးတို့တွေ ခရီးတို ခရီးရှည်တွေ မျိုးစုံထွက်ကြတော့မယ် ထင်ပါတယ်. 🥳ခရီးထ...
05/04/2024

အခု သင်္ကြန်ကာလ ပိတ်ရက်ရှည်တွေ လာတော့မယ်ဆိုတော့ အမျိုးတို့တွေ ခရီးတို ခရီးရှည်တွေ မျိုးစုံထွက်ကြတော့မယ် ထင်ပါတယ်. 🥳

ခရီးထွက်တာ ပျော်ဖို့ကောင်းတာဆိုပေမဲ့ အန္တရာယ်ကင်းဖို့လည်း အရေးကြီးလှပါတယ်. ခရီးသွားရင် စီးမဲ့မော်တော်ယာဉ် ကြံ့ခိုင်မှုကောင်းဖို့ အထူးသဖြင့် အောက်ပိုင်းကြံ့ခိုင်မှု ကောင်းဖို့ဆိုတာ အသက်အတွက် အရေးကြီးလှပါတယ်. အောက်ပိုင်းကောင်းနေလို့ ဘာမှမဖြစ်ဘူးဆိုပေမဲ့ မကောင်းဘူးဆိုရင် ယာဉ်မတော်တဆဖြစ်မှုတွေကို ကိုယ်တိုင် လက်ယပ်ခေါ်နေသလို ဖြစ်နေမှာပါ. ဒါကြောင့် ခရီးမသွားခင် လူကြီးမင်းတို့ရဲ့ မော်တော်ယာဉ်တွေရဲ့ အောက်ပိုင်းကို အာမခံဖြင့် အကောင်းဆုံး စစ်ဆေးပြုပြင်ပေးနေတဲ့ ကျွန်တော်တို့ရဲ့ "Alpha Auto " ဝေါ့ရှော့လေးကို အမြန်သာ လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်

၁၉၈၀ ကျော်ကာလကတည်းက အလုံသမဝင်းမှာ "ဦးမြင့်ဦးနဲ့ ညီအစ်ကိုများ" နာမည်ဖြင့် ဖွင့်လှစ်လာခဲ့တဲ့ ကျွန်တော်တို့ ဝေါ့ရှော့ကို အခုအခါ ယခင်ထက် ပိုအဆင့်မြှင့်တင်ပြီး စမ်းချောင်း မကြီးကြီးလမ်းမှာ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါတယ်. အတွေ့အကြုံရင့် ပညာရှင်ကြီးများအပြင် ကျွမ်းကျင်ပညာရှင် လူငယ်များနှင့်ပါ ပေါင်းစည်းဖွင့်လှစ်ထားတာမို့ ကားအောက်ပိုင်း စတီယာရင်ပိုင်း ဘရိတ်ပိုင်း စတာတွေကို တစ်နေရာတည်းမှာ အပြီး စစ်ဆေးပြုပြင်နိုင်တာဖြစ်လို့ ကားအောက်ပိုင်းဆို အပြေးသာလာခဲ့လိုက်နော်

လာမယ်ဆိုရင် ဆိုင်လိပ်စာက 📍 အမှတ် ၂၄ မကြီးကြီးလမ်း(ကျွန်းတော်လမ်းနဲ့ ပြည်လမ်းကြား) (Google map 🗺️- https://maps.app.goo.gl/qQ99gzzA825dkRCG6 ) ဖြစ်ပြီး
နေ့စဥ် ⏰ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်လျက်ရှိပါတယ်
ဆိုင်ဖုန်း 📞 − 095191916 , 09798484845

အခုလို ပူပြင်းလှတဲ့နွေရာသီမှာ ကားကို ဆီကုန်ခံပြီး ဝေ့ါရှော့တကာ ပတ်ပြီး လိုက်ပြင်နေရင် လူပင်ပန်းတာပဲ အဖတ်တင်ပါမယ်။ 🥵🥵 ကား...
29/03/2024

အခုလို ပူပြင်းလှတဲ့နွေရာသီမှာ ကားကို ဆီကုန်ခံပြီး ဝေ့ါရှော့တကာ ပတ်ပြီး လိုက်ပြင်နေရင် လူပင်ပန်းတာပဲ အဖတ်တင်ပါမယ်။ 🥵🥵
ကားအောက်ပိုင်းနဲ့ပတ်သက်ရင် တစ်နေရာတည်းမှာပဲ အကုန်ပြီးအောင် စိတ်ချလက်ချ အာမခံနဲ့ ပြုပြင်ပေးနေတဲ့ အဆင့်မြင့်ဝေါ့ရှော့တစ်ခု မြို့လယ်က စမ်းချောင်းမှာ ဖွင့်ထားတယ်ဆိုတာ သိပြီးပြီလား ???
၁၉၈၀ ကျော်ကာလကတည်းက အောက်ပိုင်းနဲ့ပတ်သက်ရင် ကားသမားတွေရဲ့ ယုံကြည်ရာ အလုံသမဝင်းထဲက "ဦးမြင့်ဦးနဲ့ညီအစ်ကိုများ" ဆိုင်ကို ယခုအခါ စမ်းချောင်းမကြီးကြီးလမ်းမှာ "Alpha Auto" နာမည်နဲ့ အဆင့်မြှင့်တင် ပြောင်းရွေ့ဖွင့်လှစ်ထားပြီပဲ ဖြစ်ပါတယ်။ ယခင်လိုပဲ အောက်ပိုင်းနဲ့ပတ်သက်ပြီး အာမခံနဲ့ ပြုပြင်ပေးတုန်းပါပဲခင်ဗျ။ ဆိုင်မှာ ဘာပဲပြင်ပြင် 6 လအတွင်း ပျက်ခဲ့ရင် အခမဲ့ ပြန်လည်ပြုပြင်ပေးတဲ့ အာမခံစနစ်နဲ့ စစ်ဆေးပြုပြင်ပေးနေတာဖြစ်လို့ ကားအောက်ပိုင်းနဲ့ပတ်သက်ရင် လိုအပ်တာတွေ လာရောက်စစ်ဆေးပြုပြင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်

လာမယ်ဆိုရင် ဆိုင်လိပ်စာက 📍 အမှတ် ၂၄ မကြီးကြီးလမ်း(ကျွန်းတော်လမ်းနဲ့ ပြည်လမ်းကြား) (Google map 🗺️- https://maps.app.goo.gl/qQ99gzzA825dkRCG6 ) ဖြစ်ပြီး
နေ့စဥ် ⏰ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်လျက်ရှိပါတယ်
ဆိုင်ဖုန်း 📞 − 095191916 , 09798484845

ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ နောက်ပိုင်းကားမော်ဒယ်တွေနဲ့ luxury car မော်ဒယ်တွေမှာ ပါတဲ့ လေအိတ်ရှော့ဘားအကြောင်...
23/03/2024

ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ နောက်ပိုင်းကားမော်ဒယ်တွေနဲ့ luxury car မော်ဒယ်တွေမှာ ပါတဲ့ လေအိတ်ရှော့ဘားအကြောင်းပဲ ဖြစ်ပါတယ်။ 💨💨💨

ကားဟောင်းအများစုနဲ့ eco ကားတွေမှာတော့ လေအိတ် suspension ဆိုတာ မပါသလောက်ရှားပေမဲ့မြန်မာတွေ အကြိုက်များတဲ့ lexus series တွေမှာက လေအိတ်ရှော့ဘား (air suspension) ကို အသုံးပြုကြတာ များပါတယ်။
ရှင်းပြပေးရရင်တော့ လေအိတ်ရှော့ဘားဆိုတာ သာမန်ကားတွေမှာ မြင်နေတာ ကားတာယာနောက်က စပရိန်အကြီးစားတွေအစား လေဖိအားကို တင်းနေအောင်ဖြည့်ထားတဲ့ လေအိတ်တုံးကြီးတွေနဲ့ အစားထိုးလိုက်တာပဲ ဖြစ်ပါတယ်။ အဲ့လို အစားထိုးလိုက်တဲ့အခါမှာ ကောင်းကျိုးတွေရှိသလို drawback အနည်းငယ်လည်း ရှိတတ်ပါတယ်။ အောက်မှာ အသေးစိတ်ပြောပြပေးသွားမှာပါ။

ကောင်းတဲ့အချက်တွေကတော့
၁− ကားအနိမ့်အမြင့်ကို လိုသလို ချိန်လို့ရသွားမှာဖြစ်ပါတယ်။ လမ်းကြမ်းတွေသွားလို့ အောက်ပိုင်းမြင့်ချင်လား။ အမြန်မောင်းချင်လို့ ကားကိုဝပ်အောင် နိမ့်ချင်လား လိုအပ်သလို ချိန်ညှိလို့ရမှာပဲ ဖြစ်ပါတယ်။
၂− စီးရတာ ဇိမ်ပိုရှိလာမယ်။ အထူးသဖြင့် မြန်မာနိုင်ငံလိုမျိုး လမ်းကြမ်းတွေ ရှိသေးတဲ့နိုင်ငံမှာဆို လမ်းရဲ့မညီမညာဖြစ်မှုတွေကို လေအိတ်ရှော့ဘားတွေက ပိုမိုပြီး စုပ်ယူပေးနိုင်ပြီး စီးတဲ့ခရီးသည်အပေါ် သက်ရောက်မှု နည်းစေမှာပဲ ဖြစ်ပါတယ်။
၃ − ကားကို ထိန်းချုပ်ရတာ ပိုလွယ်ကူစေတယ်။ အနိမ့်အမြင့်ကို ချိန်လို့ရခြင့်အားဖြင့် ကိုယ်ကြိုက်တဲ့ driving style ကို လိုက်ညှိလို့ရတာဖြစ်လို့ အကွေ့တွေ ရုတ်တရက်လုပ်ကိုင်ရတာတွေကို သက်ရောက်မှု ရှိစေမှာပဲ ဖြစ်ပါတယ်။
၄− ဝန်အားမျှစေမှု − လေအိတ်ရှော့ဘားတွေက ကားရဲ့အလေးချိန်၊ပုံစံတွေပေါ်မူတည်ပြီး ကားကို အလိုအလျောက်ထိန်းညှိပေးပါတယ်။ ဒါကြောင့် ကားကို နောက်အိစေတာတွေ ဖင်ထောင်နေတာတွေ မဖြစ်စေပါဘူး။

မကောင်းတဲ့အချက်က ပြောရမယ်ဆိုရင် တစ်ခုခုပျက်လို့ အပိုပစ္စည်းရှားပါးတာ စျေးကြီးတာတွေ ဝယ်မရတာတွေ ဖြစ််တတ်ပါတယ်။ နည်းပညာကလည်း ပိုမြင့်ပြီး အစိတ်အပိုင်းတွေကလည်း ပိုများတာမို့ ပြင်တတ်တဲ့သူဆီမှာ မပြင်ဘူးဆိုရင် ကားကို ပိုထိခိုက်စေတတ်ပါတယ်။

ဒါတွေကြောင့်မို့ မြန်မာနိုင်ငံကို airbag suspension စရောက်ကတည်းက အာမခံနဲ့ ပြုပြင်လာခဲ့တဲ့ ယခင် အလုံသမဝင်းမှာ ဖွင့်လှစ်ခဲ့ပြီး ယခု စမ်းချောင်းမှာပြောင်းရွေ့ဖွင့်လစ်ခဲ့တဲ့ ဦးမြင့်ဦးနှင့်ညီအစ်ကိုများ (ယခု Alpha Auto Workshop) ကို လာရောက်ပြီး လိုအပ်တဲ့ စစ်ဆေးမှု ပြုပြင်မှုတွေကို စိတ်ချလက်ချ အာမခံရယူပြီး ပြုပြင်နိုင်ပါတယ်လို့ အသိပေးပါရစေခင်ဗျား

လာမယ်ဆိုရင် ဆိုင်လိပ်စာက 📍 အမှတ် ၂၄ မကြီးကြီးလမ်း(ကျွန်းတော်လမ်းနဲ့ ပြည်လမ်းကြား) (Google map 🗺️- https://maps.app.goo.gl/qQ99gzzA825dkRCG6 ) ဖြစ်ပြီး
နေ့စဥ် ⏰ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်လျက်ရှိပါတယ်
ဆိုင်ဖုန်း 📞 − 095191916 , 09798484845

ကားစီးရတာ ငြိမ့်ညောင်းမှုထက် ရိုလာကိုစတာစီးရသလို ခံစားနေရပြီလား။ 😅 ကားအောက်ပိုင်းကြောင့် နေ့စဥ်သွားလာနေရတဲ့ဘဝကို ဟာသမဖြစ...
06/03/2024

ကားစီးရတာ ငြိမ့်ညောင်းမှုထက် ရိုလာကိုစတာစီးရသလို ခံစားနေရပြီလား။ 😅 ကားအောက်ပိုင်းကြောင့် နေ့စဥ်သွားလာနေရတဲ့ဘဝကို ဟာသမဖြစ်စေပါနဲ့။ 🎢 ကျွန်တော်တို့ Alpha Auto ကို အရောက်လာပြီး အဲ့ဒီ ခုန်တာတွေ လူးတာတွေကို အပြီးပျောက်အောင် ပြုပြင်လိုက်ပါနော်။ လူကြီးမင်းရဲ့ တန်ဖိုးကြီးကားလေးက သူ့ရဲ့သက်တမ်းကို ရှည်ကြာစေတဲ့အတွက် လူကြီးမင်းကို အရမ်းကျေးဇူးတွေ တင်နေပါလိမ့်မယ်ဗျို့။

၁၉၈၀ ကျော်ကတည်းက အလုံ သမဝင်းထဲမှာ ဖွင့်လှစ်ခဲ့တဲ့ ယခင် "ဦးမြင့်ဦးနှင့် ညီအစ်ကိုများ" ဆိုင်ကို ယခု အချက်အချာကျတဲ့ စမ်းချောင်းမှာ "Alpha Auto" နာမည်နဲ့ ဆက်လက်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ အတွေ့အကြုံရင့် ဆရာတွေရဲ့ ဦးစီးမှုတွေနဲ့အတူ ကားအောက်ပိုင်းပြဿနာအစုံကို ၆ လ အာမခံပေးပြီး ပြုပြင်ပေးနေပါတယ်ဗျို့ 🤝🤝🤝

လာမယ်ဆိုရင် ဆိုင်လိပ်စာက 📍 အမှတ် ၂၄ မကြီးကြီးလမ်း(ကျွန်းတော်လမ်းနဲ့ ပြည်လမ်းကြား) (Google map 🗺️- https://maps.app.goo.gl/qQ99gzzA825dkRCG6 ) ဖြစ်ပြီး
နေ့စဥ် ⏰ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်လျက်ရှိပါတယ်
ဆိုင်ဖုန်း 📞 − 095191916 , 09798484845

အသက်ဆိုတာ အပိုမပါ ပါဘူး။ ဒါကြောင့် နေ့စဥ်ကားမောင်းနေကြတဲ့ လူကြီးမင်းတို့ အသက်အန္တရာယ်ကင်းရှင်းအောင် စီးနေတဲ့ကားကို အမြဲသ...
02/03/2024

အသက်ဆိုတာ အပိုမပါ ပါဘူး။ ဒါကြောင့် နေ့စဥ်ကားမောင်းနေကြတဲ့ လူကြီးမင်းတို့ အသက်အန္တရာယ်ကင်းရှင်းအောင် စီးနေတဲ့ကားကို အမြဲသေချာစစ်ဆေးပြီး ကြံခိုင်နေအောင် လုပ်ဖို့က အရမ်းအရေးကြီးပါတယ်။
ဒါကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင်စစ်ဆေးခြင်းဖြင့် ကာကွယ်တာကနေ ကားရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကို ရဖို့အတွက် ကားအောက်ပိုင်းနဲ့ပတ်သက်သမျှကို အာမခံနဲ့စစ်ဆေးပြုပြင် တာဝန်ယူပေးမဲ့ ကျွန်တော်တို့ Alpha Auto ဆီကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ယခင် အလုံ သမဝင်းထဲက ဦးမြင့်ဦးဆိုင်ကို နာမည်ပြောင်းလဲ ဖွင့်လှစ်ထားတာဖြစ်ပြီး ၁၉၈၀ ကျော်ကတည်းက နောက်ဆုံးပေါ်ကားအမျိုးမျိုးကို ပြုပြင်လာခဲ့တဲ့ အတွေ့အကြုံရင့်ဆရာတွေ ဦးစီးတာမို့ ကားအောက်ပိုင်းနဲ့ပတ်သက်ရင် အထူးယုံကြည်လိုက်ပါဗျို့

လာမယ်ဆိုရင် ဆိုင်လိပ်စာက 📍 အမှတ် ၂၄ မကြီးကြီးလမ်း(ကျွန်းတော်လမ်းနဲ့ ပြည်လမ်းကြား) (Google map 🗺️- https://maps.app.goo.gl/qQ99gzzA825dkRCG6 ) ဖြစ်ပြီး
နေ့စဥ် ⏰ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်လျက်ရှိပါတယ်
ဆိုင်ဖုန်း 📞 − 095191916 , 09798484845

ကားတစ်စီး တည်တည်ငြိမ်ငြိမ် ငြိမ့်ငြိမ့်ညောင်းညောင်းစီးနိုင်ဖို့အတွက် ဘယ်ဟာက အရေးကြီးတာလဲလို့ တွေးဖူးပါသလားဟုတ်ပါတယ် ကားအ...
27/02/2024

ကားတစ်စီး တည်တည်ငြိမ်ငြိမ် ငြိမ့်ငြိမ့်ညောင်းညောင်းစီးနိုင်ဖို့အတွက် ဘယ်ဟာက အရေးကြီးတာလဲလို့ တွေးဖူးပါသလား

ဟုတ်ပါတယ် ကားအောက်ပိုင်း suspension တွေပါပဲ
ရှော့ဘားတွေ၊ အောက်ပိုင်းချိတ်ဆက်မှုအစိတ်အပိုင်းတွေ စတာတွေက လူကြီးမင်းတို့ရဲ့ကား ဇိမ်ကျမှုအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ ကိုယ်က ကားအကောင်းစားကြီး ဝယ်ထားပြီး ထင်သလောက် ငြိမ့်ညောင်းမှုမရှိတာ ဇိမ်မကျတာတွေက ကားအောက်ပိုင်းမှာ ပြဿနာတွေ ရှိလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ပေးဝယ်ထားရတဲ့ တန်ဖိုးကြီးကားတွေကို ဇိမ်အကျဆုံးစီးနိုင်ဖို့ ကားအောက်ပိုင်းကို စစ်ဆေးပြုပြင်မယ်ဆိုရင် အတွေ့အကြုံလည်းရှိ အာမခံ ၆ လနဲ့လည်း ပြုပြင်ပေးတဲ့ "Alpha Auto" ထက်ကောင်းတဲ့ workshop ဆိုတာ ရှာမှရှားနော်။

လာမယ်ဆိုရင် ဆိုင်လိပ်စာက 📍 အမှတ် ၂၄ မကြီးကြီးလမ်း(ကျွန်းတော်လမ်းနဲ့ ပြည်လမ်းကြား) (Google map 🗺️- https://maps.app.goo.gl/qQ99gzzA825dkRCG6 ) ဖြစ်ပြီး
နေ့စဥ် ⏰ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်လျက်ရှိပါတယ်
ဆိုင်ဖုန်း 📞 − 095191916 , 09798484845

25/02/2024

ကားအောက်ပိုင်းဆိုတာ အရမ်းကို အရေးကြီးပါတယ် ❗❗❗

ခရီးဝေးထွက်မှ မဟုတ်ပါဘူး ကားဘီးရွေ့ပြီဆိုတာနဲ့ အောက်ပိုင်းမကောင်းရင် အသက်အန္တရာယ်ရှိသလို ကားအတွက်လည်း မကောင်းပါဘူး။ လင့်တွေချောင်နေတာ ဘွတ်တွေပြုတ်ပြတ်ထွက်နေတာ တိုက်ရော့တွေ ဘောလ်ဂျွိုင်းတွေ မိန်းလုံးတွေ မကောင်းတာတွေဆို အသက်အတွက် အန္တရာယ်ရှိနိုင်ပါတယ်

အဲ့ဒါအပြင် ကားကောင်းကြီးစီးပြီး ငြိမ့်ညောင်းမှု မရှိတာ လမ်းကြမ်းရင် ခုန်တာတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကားအောက်ပိုင်းကို သေချာစစ်ဆေးပြီး အာမခံရှိရှိနဲ့ ပြုပြင်ဖို့အတွက် အတွေ့အကြုံရင့် ဆရာတွေ ဦးစီးတဲ့ ကျွန်တော်တို့ "Alpha Auto" ကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျ။🙏🙏🙏

လာမယ်ဆိုရင် ဆိုင်လိပ်စာက 📍 အမှတ် ၂၄ မကြီးကြီးလမ်း(ကျွန်းတော်လမ်းနဲ့ ပြည်လမ်းကြား) (Google map 🗺️- https://maps.app.goo.gl/qQ99gzzA825dkRCG6 ) ဖြစ်ပြီး
နေ့စဥ် ⏰ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်လျက်ရှိပါတယ်
ဆိုင်ဖုန်း 📞 − 095191916 , 09798484845

We Fix You Drive

ကားနဲ့ပတ်သက်ရင် သေချာနာမည်ရပြီး ယုံကြည်ရတဲ့ Workshop ရှာနေပြီလား 🤔ဘာပျက်လို့ပျက်မှန်းမသိ workshop တကာနှံ့နေတဲ့ကားကို ကော...
22/02/2024

ကားနဲ့ပတ်သက်ရင် သေချာနာမည်ရပြီး ယုံကြည်ရတဲ့ Workshop ရှာနေပြီလား 🤔
ဘာပျက်လို့ပျက်မှန်းမသိ workshop တကာနှံ့နေတဲ့ကားကို ကောင်းကောင်းကိုင်တွယ်နိုင်မဲ့ အတွေ့အကြုံရင့် Workshop ရှာနေပြီလား

မိတ်ဆွေတို့ရဲ့ တန်ဖိုးကြီးကားတွေကို အလွယ်တကူ ကြုံရာပြင်မဲ့အစား ၁၉၈၀ ကျော်ကကာလကတည်းက နောက်ဆုံးပေါ်ကားတွေကို အာမခံအပြည့်ပေးပြီး ပြုပြင်လာနိုင်ခဲ့တဲ့ ကျွန်တော်တို့ဆီကို လာခဲ့ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။🎊🎊🎊

ယခင် အလုံရဲစခန်းရှေ့ (သ/မ) ဝင်းထဲမှာ နှစ်ပေါင်းများစွာ ဖွင့်လှစ်ခဲ့တဲ့ “ဦးမြင့်ဦးနှင့်ညီအစ်ကိုများ” workshop ကို ယခုအခါ သွားလာရ ပိုမိုအချက်အချာကျတဲ့ စမ်းချောင်းမြို့နယ် မကြီးကြီးလမ်း အမှတ် ၂၄ မှာ “Alpha Auto” အမည်သစ်ဖြင့် အဆင့်မြှင့်တင် ပြောင်း‌ရွှေ့ ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ်။ 🎊

သက်တမ်းရင့် workshop ဆရာတွေရဲ့ အတွေ့အကြုံ လူငယ်ကျွမ်းကျင်ပညာရှင်တွေရဲ့ စိတ်အားထက်သန်မှုတို့ ပေါင်းစပ်လိုက်တဲ့အခါမှာ လူကြီးမင်းရဲ့ကားတွေကို အကောင်းမွန်ဆုံးဝန်ဆောင်မှုတွေကို စျေးနှုန်း မှန်ကန်စွာနဲ့ ဆောင်ရွက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ 💯

လူကြီးမင်းတို့ရဲ့ တန်ဖိုးကြီးကားတွေကို အောက်ပိုင်း Suspension ရှော့ဘားပိုင်း စတီယာရင်ပိုင်း စတဲ့ ပြဿနာအမျိုးမျိုးကို လူသုံးများတဲ့ Toyota, Nissan ကစ BMW, Range Rover, Mercedes စတဲ့ အတွေ့နည်းတဲ့ကားတွေအထိ ကျွမ်းကျွမ်းကျင်ကျင် အပြစ်ရှာပြုပြင်ပေးနိုင်ပြီး အာမခံ ၆ လ အပြည့် ပေးနိုင်တဲ့ quality ဦးစားပေး workshop ဖြစ်ပါတယ်။ ၆ လအတွင်း အဆင်မပြေခဲ့တာတွေရှိရင် အခမဲ့ ပြန်လုပ်ပေးမဲ့ အာမခံမျိုးနဲ့ ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ 👍👍👍

ဒါကြောင့်မို့ အဖြေရှာရခက်နေတဲ့ ပြဿနာတွေရှိတဲ့ ကားတွေ ပုံမှန် maintenance လုပ်ဖို့ စိတ်ချရတဲ့ workhsop ရှာနေတဲ့ကားတွေ ကျွန်တော်တို့ "Alpha Auto" ရှိရာ မကြီးကြီးလမ်းဆီသို့ လာရောက်တိုင်ပင်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ကားများကို အလိုအပိုမရှိ ပြုပြင်ပြီး တာဝန်ခံမှုအပြည့်ဖြင့် လူကြီးမင်းတို့လက်ထဲကို ပြန်ထည့်ပေးမှာ ဖြစ်ပါတယ်။ 🙏🙏🙏

လာမယ်ဆိုရင် ဆိုင်လိပ်စာက 📍 အမှတ် ၂၄ မကြီးကြီးလမ်း(ကျွန်းတော်လမ်းနဲ့ ပြည်လမ်းကြား) (Google map 🗺️- https://maps.app.goo.gl/qQ99gzzA825dkRCG6 ) ဖြစ်ပြီး
နေ့စဥ် ⏰ မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်လျက်ရှိပါတယ်
ဆိုင်ဖုန်း 📞 − 095191916 , 09798484845

Address

24, Ma Kyee Kyee Street, Sanchaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

959798484845

Website

Alerts

Be the first to know and let us send you an email when Alpha Auto posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share