Hypersonic Car Spare Parts
Hypersonic Car Spare Parts for your car and motorcycle modifying
Click လေးကို Army design ပြောင်းထားတာပါ
28/11/2017
Click လေးကို Army design ပြောင်းထားတာပါ
fit digital air con control 160000
20/05/2017
fit digital air con control 160000
fit ပစောက် TV ၄သိန်း (Tunerဘူးအပါ)
20/05/2017
fit ပစောက် TV ၄သိန်း (Tunerဘူးအပါ)
ကားမှာထည်.နေတဲ့ Octane ဆီဆိုတာဘာလဲ ? 92 , 95 ဆိုတာ ဘာတွေလဲ ? ပရီမီယမ် ဓာတ်ဆီ ၊ ပရီမီယမ် ဒီဇယ်ဆီဆိုတာဘာလဲ ? ဓာတ်ဆီဆိုင်တေ...
03/04/2017
ကားမှာထည်.နေတဲ့ Octane ဆီဆိုတာဘာလဲ ? 92 , 95 ဆိုတာ ဘာတွေလဲ ? ပရီမီယမ် ဓာတ်ဆီ ၊ ပရီမီယမ် ဒီဇယ်ဆီဆိုတာဘာလဲ ?
ဓာတ်ဆီဆိုင်တွေ တော်တော်များများမှာ ရောင်းနေတဲ့ အောက်တိန်းဆီ ( Octane ) ၊ 92 , 95 ဆီဆိုတာလေးနည်းနည်းရှင်းပြချင်လို.ပါ ။
Octane ဆိုတာ......
တော်တော်များများခေါ်ဝေါ်ပြောဆိုနေကြတဲ့ အောက်တိန်းဆိုတာ ရေနံနဲ.သဘာဝ ဓာတ်ငွေ.ကနေလာတဲ့ (Hydrocarbon) ဓာတ်ပေါင်းစုတွေထဲက နာမည်တခုပါ ။
အခု ကားတွေမှာထည်.တဲ့ ဓာတ်ဆီတွေကို ဘာကြောင့် အောက်တိန်းဆီလို. ခေါ်ကြတာလဲဆိုရင် ဓာတ်ဆီ ( Gasoline) ရဲ. အကောင်းဆုံးသော အရည်အသွေးပြည်.မှီ
မမှီကို အဲ့ဒီဓာတ်ဆီထဲမှာ အောက်တိန်းအရေအတွက်ဘယ်လောက်ပါဝင်သလဲဆိုတာနဲ.တိုင်းတာယူလို.ပါပဲ ။ Octane Rating Method လို.လဲခေါ်သလို ၊
Research Octane Number (RON) လို.လည်းခေါ်ကြပါတယ် ။ ကားတော်တော်များများမှာလည်း 92 RON , 95 RON ဆိုပြီးကပ်ထားတာလည်း မြင်တွေ.နိုင်ပါတယ် ။
Octane Number က ကားအင်ဂျင်ရဲ.စွမ်းအားနဲ. ဘယ်လိုဆက်နွယ်နေသလဲ .......
ဓာတ်ဆီရဲ. အောက်တိန်း အရည်အသွေးအနိမ့်အမြင့်တွေဟာ ဓာတ်ဆီအင်ဂျင်တခုရဲ. Compression Ration (ဖိသိပ်မှုအချိုး ) နဲ.တိုက်ရိုက်ဆက်သွယ်နေပါတယ် ။
ဖိသိပ်မှုအားကောင်းတဲ့အင်ဂျင်တခုထဲကို အောက်တိန်းနံပါတ်နိမ့်တဲ့ (တနည်း) ဆီအရည်အသွေးနိမ့်တဲ့ ဓာတ်ဆီထည်.လိုက်မိတယ်ဆိုရင် (Engine Knocking and
Pre-Ignition) ဆိုတဲ့ အင်ဂျင်မီးခေါက်တဲ့ပြသနာတွေကြုံတွေလာရပါတယ် ။ ဘာကြောင့် ဆီအရည်အသွေးနိမ့်ရင် အင်ဂျင်မီးခေါက်ရသလဲဆိုတော့ ဓာတ်ဆီအင်ဂျင်တွေမှာ
လည်း လေနဲ.ဆီကို ရောနှောပြီး Piston ကနေဖိသိပ်ပြီးမှ ပလပ်ကနေ မီးပွားခတ်ပြီးမီးလောင်ရပါတယ် ။ အဲ့လိုနေရာမှာ အောက်တိန်းအရည်အသွေးနိမ့်တဲ့ ဆီကိုအသုံးပြု
မိလိုက်တယ်ဆို ပလပ်က မီးပွားမခတ်ခင် Piston ကနေဖိသိပ်လိုက်တယ်ဆိုရင်ပဲ အရည်အသွေးနိမ့်တဲ့ ဓာတ်ဆီဟာ ( Self-Ignition ) အလိုအလျောက်သူ.ဘာသာမီးထ
လောင်ကျွမ်းပါတယ် ။အဲ့အတွက် Engine Timing တွေအောက်ကုန်ပြီး အင်ဂျင်မီးခေါက်သံတွေကြားရပါတယ် ။ကာလကြာရှည်လာရင် အင်ဂျင်ကို အတိုင်းအတာတခု
အထိ ထိခိုက်စေနိုင်ပါတယ် ။
Octane Number မြင့်လေလေ Piston ကနေဖိသိပ်တဲ့ Compression Ration (ဖိသိပ်မှုအချိုး ) ကို ပိုခံနိုင်လေလေ ဖြစ်ပြီး ညင်သာချောမွေတဲ့ အင်ဂျင်မီးလောင်ပေါက်
ကွဲမှုကို ဖြစ်စေပါတယ် ။ Research Octane Number (RON) တွေကို တိုင်းတာတဲ့နေရာမှာ 90 ကနေ 92 RON ပတ်ဝန်းကျင် ကို Regular ပုံမှန် ဓာတ်ဆီလို.ခေါ်ပြီး ။
95 RON ကနေစလို. 96 ၊ 97 ကနေ 100 RON တွေကိုတော့ (Premium) ပရီမီယံ ဓာတ်ဆီလို.သတ်မှတ်ထားပါတယ် ။ ကျနော်တို. မြန်မာနိုင်ငံမှာတော့ အောက်တိန်းအရည်အသွေး
95 RON တွေကိုအများဆုံးရောင်းချနေပြီး အခြားဖွံ.ဖြိုးပြီးနိုင်ငံတွေမှာတော့ 95 အထက် အောက်တိန်းနံပါတ်မြင့်တဲ့ ဆီအမျိုးအစားတွေကို အသုံးပြုကြပါတယ် ။
မှတ်ချက်အနေနဲ.ကတော့ အင်ဂျင်ရဲ. ဖိသိပ်မှုအရည်အသွေး တနည်းအင်ဂျင်ပါဝါမြင့်တဲ့ကားတွေမှာ ပရီမီယံအဆင့် အောက်တိန်းနံပါတ်အမြင့် ဓာတ်ဆီတွေကိုအသုံးပြုသင့်ပြီး ၊
အင်ဂျင်ပါဝါကျနေတဲ့ကားတွေမှာတော့ အောက်တိန်းနံပါတ်အမြင့် ပရီမီယံဂရိတ်ဓာတ်ဆီကိုအသုံးပြုရင်တောင် အကျိုးကျေးဇူးအနည်းငယ်ပဲရရှိမှာဖြစ်ပါတယ် ။
ဒါက Octane ဆီခေါ် ပရီမီယံ ဓာတ်ဆီအကြောင်းပါ ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ပရီမီယံ ဒီဇယ်ဆိုတာ
ဓာတ်ဆီအရည်အသွေးကို အောက်တိန်းနံပါတ်နဲ.တိုင်းတာလို. ( Octane ) ဆီဆိုပြီး မြန်မာနိုင်ငံက လူတွေတော်တော်များများသိကြပါတယ် ။ အဲ့ဒီလိုပဲ ဒီဇယ်ရဲ.အဆင့်အရည်အသွေး
ကိုတိုင်းတာတဲ့ ယူနစ်တခုရှိပါတယ် ။အဲ့ဒါကိုတော့ ဆီတိန်းနံပါတ် ( Cetane Number ) လို.ခေါ်ပါတယ် ။ ကျနော်မြင်ဖူးသလောက် ဆီဆိုင်တော်တော်များများမှာ ဆီတိန်းနံပါတ်ဆိုပြီး
ဖော်ပြထားတာမတွေ.ရပါဘူး ။ ဒီဇယ်ကိုတော့ အခြေခံအားဖြင့် ဓာတ်ဆီလိုပဲ ဆီတိန်းနံပါတ်ဘယ်လောက်ပါဝင်သလဲဆိုတာနဲ.တိုင်းတာပြီး ဆီထဲမှာ အခြား Energy ဘယ်လောက်ပါသလဲ
စေးပျစ်နှုန်းဘယ်လောက်ရှိသလဲ ၊ ချောဆီအဆင့်ဘယ်လောက်ရှိသလဲ ၊ ဆာလဖာ ပါဝင်မှုနှုန်းအနည်းအများဘယ်လောက်ရှိသလဲဆိုတာတွေပါ တိုင်းတာပြီး ပုံမှန် ဒီဇယ် ၊ ပရီမီယံဒီဇယ်
ဆိုတဲ့ စံနှုန်းတွေသတ်မှတ်ပါတယ် ။
အင်ဂျင်အပေါ် ပရီမီယံဒီဇယ်ရဲ. သက်ရောက်မှုကတော့ အပေါ်က ဓာတ်ဆီအင်ဂျင်မှာ အောက်တိန်းအရည်အသွေးအနိမ့်အမြင့်ပေါ်မူတည်ပြီးသက်ရောက်သလိုပါပဲ ။
ပုံမှန်အရည်အသွေး ဒီဇယ်တွေမှာ ဆီတိန်း (Cetane Number ) 40 -45 လောက်ရှိပြီး ၊ 53-55 ကနေပြီး ဆီတိန်းနံပါတ်အမြင့် ဆီတွေကိုတော့ (Premium Diesel ) ပရီမီယံ ဂရိတ်ဒီဇယ်ဆိုပြီး
စံနှုန်းသတ်မှတ်ထားပါတယ် ။
ဒါကတော့ ပရီမီယံဒီဇယ်အကြောင်းပါ ။
အချုပ်ပြောရရင် ဓာတ်ဆီအရည်အသွေးအနိမ့်အမြင့်ကို (Octane Number )နဲ.တိုင်းတာပြီး ၊ ဒီဇယ်အရည်အသွေးအနိမ့်အမြင့်ကို ( Cetane Number ) နဲ.တိုင်းပါတယ်ခမျာ ။
စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမများအားလုံး နည်းပညာဗဟုသုတ တိုးတက်ကြပါစေ ။
L.Zarni (P.T.U)
Prime Auto Technology
(Zawgyi)Sport Car Deco & Car Decoလေခွင်းအားကောင်းမွန်လှတဲ့ အလန်းစားပြိုင်ကားလေး 2017 Chevrolet Corvette Grand Sport=====...
27/03/2017
(Zawgyi)
Sport Car Deco & Car Deco
===================================================
(Unicode)
Sport Car Deco & Car Deco
လေခွင်းအားကောင်းမွန်လှတဲ့ အလန်းစားပြိုင်ကားလေး 2017 Chevrolet Corvette Grand Sport
==================================================
Chevrolet ကားကုမ္ပဏီဟာ Vette လို့လူသိများတဲ့ နာမည်ကျော် သက်တမ်းရင့်ပြိုင်ကားမိုဒယ် Chevrolet Corvette ကို တစ်နှစ်ပြီးတစ်နှစ် အဆင့်မြှင့်တင်ထုတ်လုပ်လာခဲ့တာ အခုဆိုရင် မျိုးဆက်ခုနစ်ဆက်တိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာလည်း Chevrolet ဟာ Corvette ရဲ့ နောက်ဆုံးပေါ်မိုဒယ်သစ် Corvette Grand Sport ပြိုင်ကားကို ၂၀၁၇ ခုနှစ်မိုဒယ်အဖြစ် ထုတ်လုပ်ခဲ့ပါတယ်။ Grand Sport ဆိုတဲ့ အမည်ဟာ လွန်ခဲ့တဲ့နှစ်ငါးဆယ်ကျော်က ဖန်တီးထုတ်လုပ်ခဲ့ဖူးတဲ့ Corvette ဗားရှင်းတစ်ခုကိုပဲ ပြန်လည်မှည့်ခေါ်ထားတာပါ။ Corvette Racing အသင်းရဲ့ အမွေခံ ပြိုင်ပွဲသုံးပြိုင်ကားသစ်လေး Corvette Grand Spot ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဂျီနီဗာကားပြပွဲကတည်းက တရားဝင်ပွဲထုတ်ပြသခဲ့တာဖြစ်ပြီး အဲဒီနှစ် နွေရာသီမှာပဲ အမေရိကန်ပြည်ထောင်စုတစ်လွှားမှာ စတင်ရောင်းချခဲ့ပါတယ်။
၁၉၆၃ ခုနှစ်က Grand Spot မိုဒယ်ဟောင်းရဲ့ ပြိုင်ပွဲဝင်စွမ်းရည်တွေကို အမွေခံရရှိထားတဲ့ ၂၀၁၇ ခုနှစ်မိုဒယ်သစ် Corvette Grand Sport ကို ဖင်လျှောပြိုင်ကား(Coupe) ပုံစံနဲ့ ရော၊ အမိုးဖွင့်ပြိုင်ကား(Corvertible) ပုံစံကိုပါ ရရှိနိုင်ပါတယ်။ 2017 Chevrolet Corvette Grand Sport ပြိုင်ကားသစ်ရဲ့ ဈေးကို ကိုယ်ထည်ပုံစံအပေါ်မူတည်ပြီး သတ်မှတ်ပေးထားရာမှာ Coupe ဗားရှင်းက အမေရိကန်ဒေါ်လာ ၆၆,၄၄၅ နဲ့ အထက် ဖြစ်ပြီး Convertible ရဲ့ဈေးက တော့ ဒေါ်လာ ရ၀,၄၄၅ နဲ့အထက် ဖြစ်ပါတယ်။ အဆင့်မြင့်ပြိုင်ကားဈေးကွက်မှာ Chevrolet Corvette Grand Sport ပြိုင်ကားသစ်အတွက် အဓိကပြိုင်ဘက်တွေကတော့ Audi R8 ၊ Dodge SRT Viper နဲ့ Porsche 911 တို့ပါပဲ။
Corvette Z06 မိုဒယ်ကိုပဲ အခြေခံတည်ဆောက်ထားတယ်လို့ ဆိုရမယ့် Corvette Grand Sport ပြိုင်ကားသစ်မှာ Chevrolet ထုတ် စွမ်းဆောင်ရည်မြင့်ပြိုင်ကားတွေမှာ တွေ့မြင်ရလေ့ရှိတဲ့ လေခွင်းအားဒီဇိုင်းအပြင်အဆင်အတော်များများ ပါဝင်ပေမဲ့ ကားရှေ့ဘီးခုံးဧရိယာနဲ့ အထူးမွမ်းမံထားတဲ့ ကားဘီးဒီဇို်င်းလို ထူးခြားကွဲပြားတဲ့ ကိုယ်ထည်အစိတ်အပိုင်းတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ Grand Sport ဟာ နာမည်ကျော် Corvette မိုဒယ်ရဲ့ အမွေအနှစ်တွေနဲ့ ကျွမ်းကျင်လှတဲ့ တည်ဆောက်ရေးပညာကို ပေါင်းစပ်ဖန်တီးထားတာကြောင့် ခေတ်မီလေခွင်းအား အပြင်အဆင်သစ်တွေပါဝင်တဲ့ ဗြက်ကျယ်ကျယ်ကိုယ်ထည်နဲ့ လေခွင်းအားကောင်းမွန်တဲ့ ပြိုင်ကားတစ်စီးအဖြစ် ပေါ်ထွက်လာတာပါ။ Grand Spot ရဲ့ ကိုယ်ထည်အစိတ်အပိုင်းတိုင်းလိုလိုဟာ လေခွင်းအားကောင်းမွန်ဖို့အတွက်ပဲ အထူးအသားပေးဖန်တီးထားတာဖြစ်ပြီး ခပ်နိမ့်နိမ့် ကားစက်ဖုံးနဲ့ အရွယ်အစားသေးငယ်တဲ့ ကိုယ်ထည်ဟာလည်း ကိုယ်ထည်အလေးချိန်ကို ညီညွတ်မျှတစေပါတယ်။ ပေါ့ပါးတဲ့ ကိုယ်ထည်ဒီဇိုင်း တည် ဆောက်ပုံနဲ့ Z06 ပုံစံ အနောက်ဘက်လေပင့်အားထိန်းတောင်ပံတို့ဟာ ကားရဲ့မြေဝပ်အားကို တိုးတက်လာစေသလို အဲဒီလေပင့်အားထိန်းတောင်ပံနဲ့ ကားဘေးဘက် ကားတံခါးအောက်ခြေနားက ကာဗွန်ဖိုင်ဘာသား Rocker Panel တို့ဟာလည်း ကိုယ်ထည်အလေးချိန်ကို လျော့နည်းစေတာကြောင့် ကားတစ်စီးလုံးကို လေစီးဆင်းမှုကောင်းမွန်စေပါတယ်။ ၁၉၆၃ ခုနှစ်က မူလကားမိုဒယ်ဟောင်းရဲ့ အငွေ့အသက်တွေ လွှမ်းမိုးနေတဲ့ Corvette Grand Sport ကားသစ်ရဲ့ ကိုယ်ထည်ကို ပြိုင်ပွဲသုံးကားတွေရဲ့ ပေါ့ပါးကြံ့ခိုင်တဲ့ အောက်ခံထည်မျိုးနဲ့ ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပြီး ထပ်တိုးထည့်သွင်းပေးထားတဲ့ လေခွင်အားအပြင်အဆင်သစ်တွေက ကားဘီးတွေရဲ့ကုပ်အားနဲ့ ထိန်းချုပ်မောင်းနှင်စွမ်းကို ပိုပြီးတိုးတက် လာစေပါတယ်။ ပြိုင်ပွဲသုံး လေခွင်းအားအစိတ်အပိုင်းတွေ ထည့်သွင်းထားတဲ့ Grand Sport ကားသစ်မှာ ကားရှေ့ဘီးခုံးဧရိယာအဆုံးက ပါးဟက် ပုံလေစုပ်ပေါက်ဒီဇိုင်းသစ်၊ Corvette Z06 ပုံစံ ရှဲလ်(Grille )နဲ့ ကြီးမားကျယ်ပြန့်တဲ့ ကားနောက်ဘီးခုံး ဧရိယာတို့လို ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းအပြင်အဆင်တွေကလည်း ပြိုင်ပွဲသုံးကားတစ်စီးအဖြစ် ပိုပြီးပေါ်လွင်လှပစေပါတယ်။ ဒါ့ပြင် ထူးခြားလှပတဲ့ အနက်ရောင်ဆန်ခါကွက် ရှဲလ်နဲ့ Grand Sport အမှတ်တံဆိပ်စာသား ရေးထိုးတပ်ဆင်ထားတဲ့ ကားရှေ့ဘီးခုံးဧရိယာအစွန်းက ပါးဟက်ပုံ လေစုပ်ပေါက်တို့ဟာလည်း ကားရဲ့လေစီးဆင်းမှုကို ပိုပြီးချောမွေ့ကောင်းမွန်စေပါတယ်။ ကားဘီးခုံးကျယ်ကျယ်ကလည်း အရွယ်အစားကြီးမားကျယ်ပြန့်တဲ့ ကားဘီးတွေ၊ ကားတာယာတွေ နဲ့ လိုက်ဖက်ညီပြီး ယုံကြည်မှုရှိရှိ တင့်တယ်လှပတဲ့ ကိုယ်ထည်ရုပ်ထွက်မျိုး ရရှိစေပါတယ်။
Grand Sport ပြိုင်ကားသစ်မှာ နောင်တော် Corvette Stingray မိုဒယ်လို ကိုယ်ထည်အရောင်နဲ့ အတွင်းခန်းအရောင်အတိုင်း ရရှိနိုင်ပါတယ်။ ကားကိုယ်ထည်ကို အပြာရောင်၊ အနီရောင်၊ အဖြူရောင်၊ အနက်ရောင်နဲ့ မီးခိုးရောင်တို့အပါအဝင် ရွှန်းစိုတောက်ပတဲ့ အရောင်အသွေးတွေနဲ့ ရရှိနိုင်ပါတယ်။ ကားရှေ့စက်ဖုံးပေါ်က လေစုပ် ပေါက်ကစလို့ ကားခေါင်မိုးအလယ်နဲ့ ကားနောက်ဖုံးအလယ်တို့အထိ ကိုယ်ထည်အရောင်နဲ့မတူတဲ့ အရောင်ကွဲ လိုင်းကြီးတစ်ခုကို တန်ဆာဆင်ပေးထားတာကြောင့် Corvette မူမပျက်တဲ့ ပြိုင်ကားတစ်စီးမှန်း သိသာစေပြီး အဲဒီအရောင်ကွဲလိုင်းကိုလည်း အရောင်ခြောက်ရောင်အထိ ရွေးချယ်ရရှိနိုင်ပါတယ်။ ဒါ့ပြင် ကားရှေ့ဘီးခုံးဧရိယာက ကားရှေ့မီးတွေရဲ့ အနောက်နားမှာလည်း ကိုယ်ထည်နဲ့ အရောင်ကွဲပြားတဲ့ အစင်းလိုင်းလေးတွေကို ထည့်သွင်းပေးထားတာကြောင့် အလန်းစားပြိုင်ကားတစ်စီးရဲ့အသွင်ကို ပိုပြီးပြည့်စုံသွားစေပါတယ်။
Corvette Grand Sport ပြိုင်ကားမိုဒယ်သစ်လေးမှာ မြင်းကောင်ရေ ၄၆၀ အား 6.2 Liter LT1 V8 အင်ဂျင်ကို တပ်ဆင်ပေးထားတာကြောင့် နောင်တော် Z06 မိုဒယ်ထက် စွမ်းအင်ပိုနည်းပေမဲ့ ရိုးရိုး Corvette မိုဒယ်ထက်တော့ မြင်းကောင်ရေ ငါးကောင်အား ပိုသာပါတယ်။ အင်ဂျင်ကထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုတော့ Manual ဂီယာ ခုနစ်ချက်၊ ဒါမှမဟုတ် Auto ဂီယာ ရှစ်ချက်ကနေတစ်ဆင့် ကား နောက်ဘီးတွေင်္ဆီ ပို့လွှတ်မောင်းနှင်စေမှာပါ။ ဂီယာနှစ်မျိုးအပေါ်မူတည်ပြီး စွမ်းဆောင်ရည်ကွာခြားချက်တော့ အနည်းငယ်ရှိပါတယ်။ Auto ဂီယာနဲ့ ဆိုရင် Corvette Grand Sport ဟာ ၃ ဒသမ ၆ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းရောက်အောင် အရှိန်မြှင့်တင် မောင်းနှင်နိုင်တာကြောင့် Manual ဂီယာထက်စာရင် ပိုပြီးလျင်မြန်ဖျတ်လတ်ပါတယ်။ ဆီစာနှုန်းကတော့ Auto ဂီယာနဲ့ဆိုရင် မြို့တွင်းမှာ တစ်ဂါ လန် ၁၅ မိုင်နဲ့ အဝေးပြေးလမ်းမှာ တစ်ဂါလန် ၂၆ မိုင်နှုန်းဖြစ်ပြီး ပျမ်းမျှ တစ်ဂါလန် ၁၉ မိုင်နှုန်းအထိ အသုံးပြုမောင်းနှင်နိုင်ပါတယ်။ ကားကိုယ်ထည်ဒီဇိုင်းလိုပဲ တံခါးနှစ်ပေါက်နဲ့ နှစ်ယောက်စီးပြိုင်ကားသစ် Grand Sport ရဲ့ အတွင်းခန်းဟာလည်း Z06 မိုဒယ်ကိုပဲ အခြေခံဖန်တီးထားတာ ဖြစ်ပါတယ်။
မော်တော်ကားကိုယ်ထည်ပေါ်က ကြော်ငြာတွေပေါ်ပေါက်လာပုံအကြောင်း တစေ့တစောင်း🕀🕀🕀🕀🕀🚘မော်တော်ကားဆိုတာ စပြီးပေါ်ပေါက်လာခဲ့တဲ့အချိန်တေ...
25/03/2017
မော်တော်ကားကိုယ်ထည်ပေါ်က ကြော်ငြာတွေပေါ်ပေါက်လာပုံအကြောင်း တစေ့တစောင်း
🕀🕀🕀🕀🕀
🚘မော်တော်ကားဆိုတာ စပြီးပေါ်ပေါက်လာခဲ့တဲ့အချိန်တွေကတည်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကားတွေနဲ့ပတ်သက်ပြီး စိတ်ဝင်တစားဝါသနာပါသူတွေဟာ သူတို့ရဲ့ကားတွေပေါ်မှာ သူတို့ကို ကိုယ်စားပြုတဲ့အမှတ်အသားမျိုးတွေ ဖော်ပြကြလေ့ရှိတယ်။ မှန်ပါတယ်။
☆ အရင်က ကားပြိုင်ပွဲတွေမှာ ပါဝင်တဲ့ ပြိုင်ပွဲဝင်ကားတွေဟာ သူတို့အတွက်သတ်မှတ်ပေးထားတဲ့ နံပါတ်တွေနဲ့ သူတို့သဘောကျနှစ်သက်ပြီး သူတို့ကို ကိုယ်စားပြုတဲ့ အမှတ်အသားတစ်ခုခုကို ကားတွေပေါ် အလှဆင်ပြသခဲ့ကြပါတယ်။
☆ နောက်ပိုင်းမှာတော့ အဲဒီလိုလုပ်ဆောင်ချက်တွေကို စီးပွားရေးအမြင်နဲ့ ပြန် လည်မွမ်းမံပြီး အိုင်ဒီယာတွေ ဆန်းသစ်လာခဲ့ကြပါတယ်။
🐾 ၁၉၀ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ Milton Hershey ဆိုသူဟာ သူရဲ့ကားကိုယ်ထည်ပေါ်မှာ သူပိုင်ဆိုင်တဲ့ကုမ္ပဏီ PA Hershey အမှတ်တံဆိပ်ပုံစံကို ဆေးနဲ့ရေးဆွဲကြော်ငြာခဲ့ပါတယ်။
👍 ဒါကြောင့် ကမ္ဘာ့ပထမဦးဆုံးမော်တော်ကားပေါ် ဒီဇိုင်းရေးဆွဲကြော်ငြာခဲ့သူဟာ Milton Hershey ပါပဲ။
● ၁၉၂၆ ခုနှစ်မှာ ဓာတုဗေဒပညာရှင်နဲ့ တီထွင်သူ Waldo Semon က ဒီနေ့ခေတ်အသုံးပြုနေတဲ့ Vinylကို ဖန်တီးခဲ့ပြီး အသုံး တွင်ကျယ်လာပါတယ်။
● ၁၉၅၀ ပြည့်လွန်နှစ်နှောင်းပိုင်းနဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေ ရောက်လာတဲ့အခါမှာတော့ ကားကိုယ်ထည်မှာကြော်ငြာဖို့အတွက် ခက်ခဲပြီး လက်ဝင်တဲ့ ပန်းချီဆေးရေးကနေ ဗီနိုင်းဒီဇိုင်းခေတ်ကို ပြောင်းလဲလာခဲ့ပါတယ်။
● ၁၉၉၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာ နည်းပညာတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရေစိုခံပြီး ဖြတ်တောက်ရလွယ်သလို ကပ်လို့ခွာလို့ရ တဲ့ ဗီနိုင်းဂရပ်ဖစ်ဒီဇိုင်းတွေကို ဈေးနှုန်းအရ လူတွေ ပိုပြီး လက်လှမ်းမီလာပါတယ်။
● ၁၉၉၃ ခုနှစ်မှာ Pepsi ကုမ္ပဏီဟာ Crystal Pepsi ထုတ်ကုန်အတွက် ဗီနိုင်းဂရပ်ဖစ်ကြော်ငြာဖန်တီးပြီး ကုမ္ပဏီပိုင်ဘတ်စ်ကားတစ်စီးမှာ ကားတစ်စီးလုံးအပြည့်ကပ်ပြီး ကြော်ငြာခဲ့ပါတယ်။
👍 အဲဒီဘတ်စ်ကားဟာ ကမ္ဘာ့ပထမဦးဆုံးဗီနိုင်းဂရပ်ဖစ်ကြော်ငြာကပ်ပြီး ကြော်ငြာခဲ့တဲ့ကားလို့ မှတ်တမ်းဝင်ခဲ့ပါတယ်။
🌐မော်တော်ကားဂရပ်ဖစ်ကြော်ငြာလုပ်ငန်းဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အတော်လေးကို အကျိုးသက်ရောက်မှုရှိတဲ့ ကြော်ငြာနည်း တစ်မျိုးပါပဲ။ လျှပ်တစ်ပြက်တွေ့မြင်လိုက်ရတဲ့ ကြော်ငြာကနေမှတစ်ဆင့် အဲဒီကုန်ပစ္စည်းရဲ့ နောက်ဆက်တွဲအကြောင်းအရာတွေကို လူတွေ စိတ်ဝင် စားလာကြပါတယ်။
¤ ကားပိုင်ရှင်တွေအတွက် အကျိုးအမြတ်ရရှိသလို အလွယ်တကူလည်း အပြောင်းအလဲ လုပ်ပစ်လို့ရတယ်။ သတ်မှတ်ချိန်ပြည့်ရင် ချက်ချင်းပြန်ဖယ်ပစ်လို့ရတယ်။ နှစ်ဦးနှစ်ဘက်အတွက် အကျိုးရှိပြီး အမှန်တကယ်ထိရောက်တဲ့ ကြော်ငြာလုပ်ငန်းတစ်မျိုးဖြစ်ပါတယ်။
🌐အခုဆိုရင် နိုင်ငံတကာမှာရော ကိုယ့်နိုင်ငံထဲမှာပါ မော်တော်ကားတစ်စီးလုံးပဲဖြစ်ဖြစ်၊ ကားဘော်ဒီတစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ် ဗီနိုင်းကြော်ငြာတွေ ကပ်ပြီးအသုံးပြုလာကြပါပြီ။ ကြော်ငြာဒီဇိုင်းတွေ ကပ်ဖို့အတွက် ကားအရွယ်အစားအကြီးအသေးနဲ့ ကပ်ချင်တဲ့ဂရပ်ဖစ်ဒီဇိုင်းတွေအပေါ် မူ တည်ပြီး အများဆုံး သုံးရက်လောက်တော့ ကြာမြင့်ပါတယ်။
♲နေ့စဉ်နဲ့အမျှ ကြော်ငြာကပ်ထားတဲ့ကားတွေကို လမ်းပေါ်မှာ အလွယ်တကူတွေ့မြင်နေ ကြရတဲ့ခေတ်ကြီးမှာ မော်တော်ကားကိုယ်ထည်ပေါ်မှာ ကြော်ငြာတွေ ပေါ်ပေါက်လာပုံကို အခုလိုတစေ့တစောင်းဖော်ပြလိုက်ရပါတယ်။
🚘🚘🚘🚘🚘
Credit》》
automobile journal
(Zawgyi)Market Reviewဝယ်လိုအားများနေသော စလစ်ကပ်ကားများကြောင့် လှုပ်ခတ်နေသည့် ရန်ကုန်ကားဈေးကွက်===========================...
24/03/2017
(Zawgyi)
Market Review
================================================
(Unicode)
Market Review
ဝယ်လိုအားများနေသော စလစ်ကပ်ကားများကြောင့် လှုပ်ခတ်နေသည့် ရန်ကုန်ကားဈေးကွက်
=================================================
ကိုရဲ
ကညန ကနဦးမှတ်ပုံတင်ဌာနက မတ် ၂၅ ရက်မှ ဧပြီ ၂ ရက်အထိ ငွေခန်းပိတ်မည်ဖြစ်ကြောင်း ကြေငြာပြီးနောက်ပိုင်းတွင် ငွေသွင်းပြီး နံပါတ်ယူသည့်ကားများလာကာ စလစ်ကပ်ကားများ၏ အရောင်းအဝယ် လည်း ပိုကောင်းလာခဲ့သည်။စလစ်ကပ်ကားများသည် မတ် ၂၄ ရက် နောက်ဆုံးထားပြီး ကနဦးမှတ်ပုံတင်ပြုလုပ်မှသာ ဝင်ငွေခွန်လွတ်ကင်းမည်ဖြစ်သောကြောင့် ထိုရက်မတိုင်ခင် စလစ်ကပ်ကားများကို ဝယ်ယူလာကြ၍ ယခင်လများထက် အရောင်းအဝယ်ပိုုဖြစ်ကြောင်း သိရသည်။ယခင် နှစ်များက စာမေးပွဲကာလများတွင် အရောင်းအဝယ်အေးစက်လေ့ရှိသော်လည်း ဧပြီ ၁ ရက်မှစ၍ စလစ်ကပ်ကားများကို ဝင်ငွေခွန်ကောက်ခံတော့မည်ဖြစ်သောကြောင့် ကားဝယ်ယူရန် ရည်ရွယ်ထားသူများမှာ ယခု ဘဏ္ဍာနှစ်မကုန်ခင်ဝယ်ယူလာသဖြင့် ယခင်နှစ်များနဲ့မတူပဲ အရောင်းအဝယ်ကောင်းမွန်နေသည်။
“အရင်နှစ်တွေတုန်းက စာမေးပွဲကာလနဲ့ ခရီးသွားကာလတွေမှာ အရောင်းအဝယ်ပါးပေမယ့် ဒီနှစ်ဒီအချိန်မှာတော့ အရင်နှစ်တွေနဲ့မတူပဲ အရောင်းအဝယ်ကောင်းပါတယ်၊စလစ်ကပ်ကားတွေဆိုရင် ရောင်းစရာ ကားမရှိလောက်တဲ့အထိ အရောင်းအဝယ်ဖြစ်ပါတယ်၊စလစ်ကပ်ကားတွေထဲမှာ Alphard ၊ Wish ၊ Kluger ၊ Crown ၊ Harrier စတဲ့ကားတွေအ ရောင်းအဝယ်ပိုဖြစ်ပါတယ်။ဧပြီလရောက်တာနဲ့ စလစ်ကပ်ကားတွေကိုဝင် ငွေခွန်ကောက်ခံတော့မှာ ဖြစ်တဲ့အတွက် အများစုက ကြိုဝယ်ထားကြတဲ့အတွက် ဒီကားလေးတွေရဲ့ အရောင်းအဝယ်က အရမ်းကောင်းနေပါတယ်၊ ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာတော့ ရန်ကုန်ဝယ်လက်ထက် နယ်ဝယ်လက်ကိုပိုပြီး အားထားနေရပါတယ်၊ဧပြီလကျော်သွားရင်လည်း အရောင်း အဝယ်အေးသွားမယ်လို့ မထင်ပါဘူး၊ကျောင်းဖွင့်ရာသီဖြစ်တဲ့ ဇွန်လအထိတော့ အရောင်းအဝယ် ပုံမှန်အတိုင်းဆက်သွားနေမယ်လို့ ထင်ပါတယ်” ဟု ကားဝယ်ရောင်း ကိုသောမတ်ကိုကို ကဆိုသည်။
ယခုရက်ပိုင်းအတွင်း ကားဝယ်ရောင်းများနှင့် ဝယ်လက်အများစုမှာ စလစ်ကပ်ကားများကိုသာ အာရုံးစိုက်နေကြ၍ ၁၃၀ဝ စီစီ ကားများနှင့် ၆၆၀ စီစီ Pick-up ကားလေးများ၏ အရောင်းအဝယ်မှာ အေးစက်နေသည်။ ၁၃၀ဝ စီစီ ကားများဖြစ်သည့် Honda fit ၊ Toyota Vitz ၊ Ractis ၊ Swift ကားများ၏ အရောင်းအဝယ်မှာ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကောင်းမွန်ခဲ့သော်လည်း ယခုနှစ်စမှစ၍ အေးစက်သွားပြီး ကျောင်းဖွင့်ရာသီနီးမှသာ ပြန်လည်ကောင်းမွန်လာဖွယ်ရှိကြောင်း ကားဝယ်ရောင်းများက သုံးသပ်ထားကြသည်။အလားတူ သင်္ကြန်ကာလနီးလာသော်လည်း ၆၆၀ စီစီ Pick-up ကားလေးများ၏ အရောင်းအဝယ်မှာ ယခင်နှစ်များနှင့်မတူပဲ အေးစက်နေကြောင်း သိရသည်။
“အရင်နှစ်တွေတုန်းက သင်္ကြန်နီးပြီဆိုရင် ၆၆၀ စီစီ ကားလေးတွေက တစ်လကို ၁၀ စီးလောက်ရောင်းရတယ်၊ ဒီနှစ်မှာတော့ တစ်ဝက်လောက် ကျသွားတယ်၊ ၆၆၀ စီစီ Carry Truck ကားလေးတွေ အရောင်းအဝယ် နှေးသွားတာက ဒီနှစ်မိုဒယ်သတ်မှတ်ချက်မှာ ၂၀ဝ၇ ကစသွင်းရမယ်ဆို တော့ နှစ်မကုန်ခင်အထိ အေးအေးဆေးဆေးဝယ်လို့ရသွားပါတယ်။ ဒီကားလေးတွေက အရောင်းအဝယ်အေးသွားပေမယ့် လေလံဈေး ကတော့တက်သွားတယ်၊အခုအချိန်မှာတော့ စလစ်ကပ်ကားတွေ အရောင်းအဝယ်ဖြစ်နေပြီး သင်္ကြန်ကျော်သွားရင်တော့ Carry Truck လေးတွေရဲ့ ဈေးကွက်ကကောင်းလာနိုင်ပါတယ်” ဟု မင်းမြန်မာချစ်ခန့်ကုမ္ပဏီလီမီတက်မှ မန်နေးဂျင်းဒါရိုက်တာ ကိုမင်းဇော်ဖေကဆိုသည်။
ဧပြီ ၁ ရက်ကျော်သွားသည့်နှင့် စလစ်ကပ်ကားများအရောင်းအဝယ် အေးစက်သွားမည်ဖြစ်ရာ စလစ်ဈေးများလည်း ကျဆင်းသွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများကခန့်မှန်းထားကြသည်။ယခုအချိန်တွင် စလစ်ကပ် ကားများ ဝယ်လိုအားကောင်းနေသလို ကားအရောင်းစင်တာပိုင်ရှင်များကလည်း စလစ်ကပ်ကားအချို့ကို ဝယ်ယူခွင့်ပါမစ်လျှောက်ပြီး ကနဦးမှတ် ပုံတင်ပြုလုပ်နေကြသဖြင့် စလစ်လိုအပ်ချက်ရှိနေသေးသောကြောင့် ဈေးတန်းတစ်ခုတွင် တည်ငြိ်မ်နေကြောင်း သိရသည်။
“အခုအချိန်မှာ စလစ်ကပ်ကားတွေအရောင်းအဝယ်ဖြစ်နေသလို Showroom သမားတွေကလည်း မရောင်းရသေးတဲ့ကားတွေကို စလစ်ကပ်ပြီး မှတ်ပုံတင်ပြုလုပ်နေကြတဲ့အတွက် စလစ်ဈေးက ဈေးတန်းတစ် ခုမှာ တန့်နေပါတယ်။ဧပြီလရောက်ရင်တော့ ၁၀ သိန်းကျော်လောက်ကျ သွားမယ်လို့ထင်ပါတယ်။ အခုအချိန်မှာတောင် စလစ်ဈေးကတစ်ဖြည်းဖြည်း ဆင်းလာပါတယ်၊ဒီရက်ပိုင်းမှာတော့ အဝယ်တွေက စလစ်ကပ်ကားတွေ ကို အရောင်တွေ ဂရိတ်တွေမကြည့်တော့ပဲ ဝယ်နေကြတဲ့အတွက် ရောင်းကားတောင် အတော်ရှားသွားပါတယ်” ဟု ‘RIXS Group’ မှမန်နေးဂျင်း ဒါရိုက်တာ ကိုအောင်မျိူးသူကဆိုသည်။
bB ပစ္စည်းများ
24/03/2017
bB ပစ္စည်းများ
ခွေးဘီလူး originalပစ္စည်းများ
24/03/2017
ခွေးဘီလူး originalပစ္စည်းများ
မောင်းတိန်းတွေ
24/03/2017
မောင်းတိန်းတွေ
hijet japan original ပစ္စည်းများ ။
24/03/2017
hijet japan original ပစ္စည်းများ ။
Address
Hmawbi
Yangon
Opening Hours
Monday 09:00 - 20:00
18:00 - 19:00
Tuesday 09:00 - 20:00
18:00 - 19:00
Wednesday 09:00 - 20:00
18:00 - 19:00
Thursday 09:00 - 20:00
18:00 - 19:00
Friday 09:00 - 20:00
18:00 - 19:00
Saturday 09:00 - 20:00
18:00 - 19:00
Sunday 09:00 - 20:00
18:00 - 19:00
Website
Alerts
Be the first to know and let us send you an email when Hypersonic Car Spare Parts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share