Kobelco Excavator Myanmar

Kobelco Excavator Myanmar Heavy Machinery Distributor

Why KOBELCO? Because of service !
07/08/2026

Why KOBELCO?
Because of service !

မြို့ပြလုပ်ငန်းခွင်တိုင်းအတွက် Kobelco SK35SR-6 ရဲ့အားသာချက်များနေရာကျဉ်းကျဉ်းမှာ အလုပ်လုပ်ရတော့မယ်ဆိုရင် အင်ဂျင်ပါဝါကြီ...
06/08/2026

မြို့ပြလုပ်ငန်းခွင်တိုင်းအတွက် Kobelco SK35SR-6 ရဲ့အားသာချက်များ

နေရာကျဉ်းကျဉ်းမှာ အလုပ်လုပ်ရတော့မယ်ဆိုရင် အင်ဂျင်ပါဝါကြီးတာထက် လုပ်ရည်ကိုင်ရည် ထက်မြက်ဖို့က ပိုအရေးကြီးပါတယ်။ ဆောက်လုပ်ရေးနဲ့ မြေသား လုပ်ငန်းခွင်တွေမှာ KOBELCO SK35SR-6 Mini Excavator က တကယ်ပဲ လုပ်ငန်းခွင်အတွက် အကိုက်ညီဆုံး ရွေးချယ်မှု ဖြစ်နိုင်မလား?
ဒီနေ့မှာတော့ SK35SR-6 ရဲ့ ထူးခြားတဲ့ အားသာချက်တွေနဲ့ လုပ်ငန်းခွင်အလိုက် သတိပြုရမယ့်အချက်လေးတွေကို တင်ပြပေးလိုက်ရပါတယ်ရှင်။

၁။ iNDr အအေးခံစနစ်
SK35SR-6 ရဲ့ အထူးခြားဆုံးကတော့ KOBELCO ရဲ့ မူပိုင် iNDr (Integrated Noise & Dust Reduction) Cooling Systemပဲ ဖြစ်ပါတယ်။
ဖုန်မှုန့်ကာကွယ်ရေး: တပ်ဆင်ထားတဲ့ စတီးလ် iNDr Filter (30-mesh wave-type screen) က ဖုန်မှုန့်တွေကို အထိရောက်ဆုံး ဖမ်းယူပေးလို့ အတွင်းပိုင်း အစိတ်အပိုင်းတွေရေရှည်အသုံးပြုလို့ရပြီးအင်ဂျင်ဆူညံသံကိုလည်း သိသိသာသာ လျှော့ချပေးလို့လူစည်ကားရာ နေရာတွေမှာ အသံဗလံကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာကိုမစိုးရိမ်ရပါဘူး။
၂။ Energy Conservation Mode
ဒီစက်မှာ ပါဝင်တဲ့ S-mode (Energy Conservation Mode) ဟာ ပုံမှန် H-mode နဲ့ နှိုင်းယှဉ်ရင် ဆီစားနှုန်းကို ၂၅ ရာခိုင်နှုန်း (25%) အထိ သက်သာစေ လို့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ် ကို အများကြီး လျှော့ချပေးနိုင်ပါတယ်။
၃။ Short Tail Swing
လမ်းကျဉ်းတွေနဲ့ နေရာအကန့်အသတ်ရှိတဲ့ ပတ်ဝန်းကျင်တွေမှာ အနောက်ဘက် လှည့်လည်မှု အဝိုင်းကျဉ်းတဲ့အတွက် စိတ်ချလက်ချ မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။
၄။ Integrated-Flow Pump System (IFPS)
KOBELCO ရဲ့ IFPS နည်းပညာက Three pumps ကို ပေါင်းစပ်အသုံးပြုထားပြီး၊ လိုအပ်လာရင် Dozer pump ကနေပ(Digging Powerကို ပိုမိုဖြည့်ဆည်းပေးလို့ အလုပ် ပိုတွင်ကျယ်စေပါတယ်။ ဒါ့အပြင် Automatic Two-Speed Travel စနစ်လည်း ပါဝင်ပါသေးတယ်။
၅။ ကြံ့ခိုင်မှုမြင့်မားတဲ့ ဒီဇိုင်း
Cast-iron စနစ်သုံး အစိတ်အပိုင်းတွေကြောင့် Structural ပိုင်း ပိုမိုကြံ့ခိုင်ပြီး ဟိုက်ဒရောလစ်ပိုက်လိုင်းတွေကို Swing bracket အတွင်းမှာ အလုံပိတ်ထည့်ပေးထားလို့ ထိခိုက်မှုဒဏ်က ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ Dozer Blade ရဲ့ အမိုးခုံးပုံစံ ဒီဇိုင်းကလည်း မြေကြီးတွေကို ရှေ့သို့သာ လိမ့်ဆင်းစေလို့ မြေညှိရတာ လွယ်ကူစေမှာပဲဖြစ်ပါတယ်ရှင်။

Kobelco Sk35SR-6 နဲ့ ပက်သက်ပြီး အသေးစိတ်သိလိုပါက Myanmar Kaido page, Kobelco Excavator pageနှင့်Phone Numberများမှာ ဆက်သွယ်နိုင်ပြီပဲဖြစ်ပါတယ်ရှင်။

# Excavator -6

➡️ မြင့်တက်နေတဲ့ ဒီဇယ်ဆီဈေးတွေကြောင့် စိတ်ညစ်နေသလား 🤔➡️ လုပ်ငန်းကုန်ကျစရိတ်တွေ များလို့ အလုပ်မတွင်ကျယ်မှာ စိုးရိမ်နေရပါသ...
31/07/2026

➡️ မြင့်တက်နေတဲ့ ဒီဇယ်ဆီဈေးတွေကြောင့် စိတ်ညစ်နေသလား 🤔

➡️ လုပ်ငန်းကုန်ကျစရိတ်တွေ များလို့ အလုပ်မတွင်ကျယ်မှာ စိုးရိမ်နေရပါသလား 😓

➡️ သင့်လုပ်ငန်းဟာ မြေသားလုပ်ငန်းဖြစ်ဖြစ်၊ ဆောက်လုပ်ရေးလုပ်ငန်းဖြစ်ဖြစ်၊ သတ္တုတူးဖော်ရေးလုပ်ငန်းဖြစ်ဖြစ် မြေတူးစက်အသုံးပြုရတဲ့လုပ်ငန်းဆိုရင်

✅ ဆီစားနှုန်း အထူးသက်သာပြီး
✅ လုပ်ငန်းကုန်ကျစရိတ်ကို လျှော့ချပေးနိုင်တဲ့ KOBELCO အမှတ်တံဆိပ် မြေတူးစက်ကိုသာ ရွေးချယ်လိုက်ပါ။

စုံစမ်းမေးမြန်းချင်တယ်ဆိုရင်
☎️ 09 505 6001
☎️ 09 505 6002
☎️ 09 505 6003 တို့ကို ဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ရှင်။


မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကောင်းမှု၊ ကုသိုလ်တရားများ ပွာ...
28/07/2026

မင်္ဂလာရှိသော ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကောင်းမှု၊ ကုသိုလ်တရားများ ပွားများအားထုတ်ကာ ကိုယ်၊ စိတ်နှလုံး အေးချမ်းပြည့်စုံကြပါစေကြောင်း Kobelco Excavator Myanmar မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။


19ဇူလိုင် မမေ့နိုင်၁၉၄၇ ဇူလိုင်လ(၁၉)ရက်နေ့မှာ ကျဆုံးသွားကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို အောက်မေ့သတိရလျက် (၇၉)...
18/07/2026

19ဇူလိုင် မမေ့နိုင်

၁၉၄၇ ဇူလိုင်လ(၁၉)ရက်နေ့မှာ ကျဆုံးသွားကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကို အောက်မေ့သတိရလျက် (၇၉)နှစ်မြောက် အာဇာနည်နေ့ကို Kobelco Excavator Myanmar မိသားစုမှ ဦးညွှတ်ဂါရဝ ပြုလိုက်ရပါတယ်ရှင်။

⚙ သင့်လုပ်ငန်းခွင်မှာ ပုံမှန် Standard Excavator ရဲ့ Boom, Arm တွေနဲ့ လက်လှမ်းမမီလို့ စိတ်ညစ်နေကြပါသလား?ဆည်မြောင်းနဲ့ မြ...
16/07/2026

⚙ သင့်လုပ်ငန်းခွင်မှာ ပုံမှန် Standard Excavator ရဲ့ Boom, Arm တွေနဲ့ လက်လှမ်းမမီလို့ စိတ်ညစ်နေကြပါသလား?

ဆည်မြောင်းနဲ့ မြစ်ချောင်း ရှင်းလင်းခြင်းလုပ်ငန်းတွေ (Dredging)၊ Basement နဲ့ Foundation တူးဖော်ရေးလုပ်ငန်းတွေလို မြေနက်ပိုင်းအထိ လုပ်ဆောင်ရတဲ့ Job Sites တွေမှာ Standard Boom & Arm နဲ့ဆို လက်လှမ်းမမီတာကြောင့် စက်ကို မကြာခဏ နေရာရွှေ့ရခြင်းတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒီလိုပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် Long Reach Boom & Arm Attachments တွေကို ပြောင်းလဲတပ်ဆင် အသုံးပြုနိုင်ပါတယ်။ Long Reach Attachment ကိုအသုံးပြုမယ်ဆိုရင် Excavator ရဲ့ Forward Reach နဲ့ Digging Depth ကို တိုးမြှင့်ပေးနိုင်တာကြောင့် အလှမ်းကွာဝေးတဲ့နေရာတွေအထိ ပိုမိုထိရောက်စွာ လုပ်ငန်းလုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

⚙️ Long Reach Attachment တွေကို ဘယ်လိုလုပ်ငန်းခွင်တွေမှာအဓိကအသုံးပြုသင့်လဲ?
၁။ မြေနက်ပိုင်းတူးဖော်ခြင်း (Deep Excavation)
၂။ မြစ်၊ချောင်းရှင်းလင်းခြင်း (Dredging Operations)
၃။ ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းခြင်း (Waterway Maintenance) စတဲ့လုပ်ငန်းခွင်တွေမှာ အသုံးပြုဖို့အထူးသင့်လျော်ပါတယ်။

📩 Long Reach Attachments တွေကို ပြောင်းလဲတပ်ဆင်အသုံးပြုလိုလျှင်ပဲ ဖြစ်စေ၊ Long Reach Attachments နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Kobelco Excavator Myanmar Page နဲ့ ဖုန်းနံပါတ် 09 -5056002ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

# MyanmarKaido

🌧️ မိုးရာသီမှာ လုပ်ငန်းခွင်တွင်းက Excavator တွေကို ဘယ်လိုပြုပြင်ထိန်းသိမ်းကြမလဲ? 🤔မိုးရာသီရောက်ပြီဆိုရင် လုပ်ငန်းခွင်တွင...
10/07/2026

🌧️ မိုးရာသီမှာ လုပ်ငန်းခွင်တွင်းက Excavator တွေကို ဘယ်လိုပြုပြင်ထိန်းသိမ်းကြမလဲ? 🤔

မိုးရာသီရောက်ပြီဆိုရင် လုပ်ငန်းခွင်တွင်းက Excavator တွေကို ပုံမှန်ထက် ပိုပြီး အသေးစိတ် စစ်ဆေးပြုပြင်မှုတွေ ပြုလုပ်သင့်ပါတယ်။ သံချေးတက်ခြင်း၊ ရေဝင်ခြင်းနဲ့ အလုပ်လုပ်ရာမှာ ရုတ်တရက် ချို့ယွင်းမှုတွေ မဖြစ်ပေါ်စေဖို့အတွက် အောက်ပိုင်းနဲ့ ဆီစနစ်တွေကို အဓိကထား စစ်ဆေးရမှာ ဖြစ်ပါတယ်ရှင်။ ⚙️🧱

မိုးရာသီအတွက် အသေးစိတ် စစ်ဆေးပြုပြင်သင့်တဲ့ အချက်တွေကို အောက်မှာ ပြောပြပေးထားပါတယ် 👇
၁။ Undercarriage သန့်ရှင်းရေး 🚜
Roller များ၊ Track Chains နှင့် Sprocket များတွင် ကပ်နေသော ရွှံ့နှင့်သဲများကို သေချာစွာ ဆေးကြောသန့်စင်ပါ။ အစိတ်အပိုင်းတွေမှာ ရွှံ့များ ခြောက်သွေ့ကပ်နေပါက စက်လည်ပတ်တဲ့အခါ ပွန်းစားမှုကို ပိုမိုဖြစ်ပေါ်စေနိုင်လို့ပဲ ဖြစ်ပါတယ်။
၂။ Oil & Filters စစ်ဆေးခြင်း ⛽
Engine Oil၊ Gear Oil နှင့် Hydraulic Oil များတွင် မိုးရေရောနေခြင်း ရှိ/မရှိ စစ်ဆေးပါ။ အကယ်၍ ဆီအရောင် ပြောင်းနေပါက (သို့မဟုတ်) ရေကြည်များ ရောနေပါက ဆီအသစ်လဲလှယ်ပြီး Filters များကိုပါ တစ်ခါတည်း လဲလှယ်ပေးရပါမယ်။
၃။ Hydraulic Hoses 🔧
ဟိုက်ဒရောလစ်ပိုက်များတွင် ဆီယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးပါ။ ရာသီဥတု စိုစွတ်မှုကြောင့် ပိုက်သားများ ဆွေးနေခြင်း (သို့မဟုတ်) အတွင်းရှိ သံအလွှာပေါ်နေသည်ကို တွေ့ရှိပါက အလုပ်ခွင်ထဲမှာ ပိုက်ပေါက်ပြီး စက်ရပ်နားရခြင်းမဖြစ်စေဖို့ အသစ်လဲလှယ်ရန် လိုအပ်ပါတယ်။
၄။ Electrical Wires ⚡
ဘက်ထရီကြိုးများနှင့် အခြားလျှပ်စစ်ဝါယာကြိုးများကို မိုးရေထိခြင်းမှ ကာကွယ်ရန် အထူးဂရုစိုက်သင့်ပါတယ်။ Relay ဘူးများနှင့် Fuse ဘူးခွံများကို ရေမဝင်အောင် အလုံပိတ်ထားဖို့ လိုအပ်ပါတယ်။
၅။ Fuel Tank 💧
စက်ရပ်နားထားချိန် (သို့မဟုတ်) အလုပ်လုပ်ချိန်မှာ လောင်စာဆီတိုင်ကီအတွင်းသို့ မိုးရေဝင်ရောက်ခြင်းမှ ကာကွယ်ရန် အဖုံးကို သေချာကျပ်နေအောင် ပိတ်ပါ။ တိုင်ကီအောက်ခြေရှိ Drain Plug ကိုဖွင့်ပြီး ရေများရှိနေပါက အနည်ထိုင်ရုံနဲ့ ထုတ်ပစ်ရန် လိုအပ်ပါတယ်။
၆။ Grease (အမဲဆီ) ထည့်ခြင်း 🧈
မိုးတွင်းမှာ ရေနှင့်ရွှံ့များ အမြဲထိတွေ့ရတဲ့အတွက်ကြောင့် Pins နှင့် Bushings များကို Grease ကိုပုံမှန်ထက် ပိုပြီး နေ့စဉ်ထည့်ပေးခြင်းဖြင့် သံချေးတက်ခြင်းဘေးမှ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။
၇။ Air Filter 💨
မိုးရာသီအတွင်း စိုစွတ်သောလေများ ဝင်ရောက်နိုင်ခြင်းကြောင့် Air Filter ကို ပုံမှန်စစ်ဆေးပြီး အစိုဓာတ်များနေပါက သန့်ရှင်းရေးလုပ်ခြင်း သို့မဟုတ် အသစ်လဲလှယ်ခြင်း ပြုလုပ်ပေးခြင်းဖြင့် မိတ်ဆွေတို့ရဲ့ Excavator တွေကို စနစ်တကျ ထိန်းသိမ်းသင့်ပါတယ်ရှင်။ ✨

🤝 Myanmar Kaido မှ တင်သွင်းဖြန့်ချိနေသော Kobelco Excavator များနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက Official Website၊ page နှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင်။ 📞🌐


08/06/2026

Kobelco

"မင်္ဂလာရှိသော အစ်ဒုလ်အဿွဟာ အခါသမယတွင် မိဘပြည်သူများနှင့်တကွ အစ္စလာမ်ဘာသာဝင်မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာခ...
27/05/2026

"မင်္ဂလာရှိသော အစ်ဒုလ်အဿွဟာ အခါသမယတွင် မိဘပြည်သူများနှင့်တကွ အစ္စလာမ်ဘာသာဝင်မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ယနေ့နေ့ထူးနေ့မြတ်မှစ၍ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကာ စိတ်အေးချမ်းသာမှု၊ အောင်မြင်မှုများနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း Kobelco Excavator Myanmar မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။"
🌙 Eid Mubarak! 🌙

Address

No. 242/243, Di Pe Yinn Won Htauk U Mye Street, Shwe Lin Ban Industrial Zone, Hlaing Thar Yar Township, Yangon Region, Myanmar. Tel : (+95-1) 3613868, 3613869, 3613657, 3617009, 3617010
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+9595056002

Alerts

Be the first to know and let us send you an email when Kobelco Excavator Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kobelco Excavator Myanmar:

Shortcuts

Share