Aung Gabar Company Limited

Aung Gabar Company Limited Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Gabar Company Limited, Building Materials, No. (101/1) Twin Thin Teik Wun U Tun Nyo Street, Industrial Zone (1), Hlaing Thar Yar Township, Yangon.

ARENA အမှတ်တံဆိပ် အရည်အသွေးမြင့် PPR, HDPE, GRP ပိုက်များနှင့် Tiger အမှတ်တံဆိပ် လယ်ယာသုံး အရည်အသွေးမြင့် ရေစုပ်ပိုက်များ ထုတ်လုပ်​ခြင်း သာမက ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။

ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက် အလွန်ထူးမြတ်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ဂေါတမမြတ်စွာဘုရားရှင်ဟာ သတ္တဝါတွေကိ...
29/07/2026

ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက် အလွန်ထူးမြတ်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာ ဂေါတမမြတ်စွာဘုရားရှင်ဟာ သတ္တဝါတွေကို မဂ်ဖိုလ်နိဗ္ဗာန်သို့ ပို့ဆောင်ရန် ပထမဆုံး တရားတော်ဖြစ်တဲ့ "ဓမ္မစကြာ တရားတော်" ကို ပဉ္စဝဂ္ဂီငါးပါးတို့အား ဟောကြားတော်မူခဲ့တဲ့နေ့ ဖြစ်ပါတယ်။

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့မှသည် မြတ်ဗုဒ္ဓ၏ တရားတော်များ နှလုံးသားထဲ ထာဝရကိန်းဝပ်နိုင်ပါစေ။ သတ္တဝါအားလုံး ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့ #အောင်ကမ္ဘာကုမ္ပဏီ

20/07/2026

လှူဒါန်းရတဲ့ ကုသိုလ်အစုစုအတွက် စိတ်နှလုံး ကြည်နူးရပါစေသော် … 🌸🙏

အောင်ကမ္ဘာကုမ္ပဏီရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်နာယူခြင်းနဲ့ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို မင်္ဂလာရှိစွာ ကျင်းပပြီးစီးခဲ့ပါတယ်။

"ဝါဆိုသင်္ကန်း" ဆိုသည်မှာ သံဃာတော်အရှင်သူမြတ်များ ဝါတွင်းသုံးလပတ်လုံး သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်ဖြင့် အေးချမ်းစွာ တရားဓမ္မ ကျင့်ကြံပွားများနိုင်ရန်နဲ့ သင်္ကန်းခက်ခဲပင်ပန်းမှု မရှိစေရန်အတွက် အလွန်ပင် အရေးပါပြီး အကျိုးကျေးဇူးကြီးမားလှသည့် အလှူတော်တစ်ခု ဖြစ်ပါတယ်။

အခုလို ထူးမြတ်လှတဲ့ ဝါဆိုသင်္ကန်းများကို သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့ကြသလို၊ ကုမ္ပဏီမိသားစုဝင် ဝန်ထမ်းအားလုံးကိုလည်း နေ့လယ်စာအဖြစ် ဒံပေါက်နဲ့ အအေးများ ဝေငှကျွေးမွေး လှူဒါန်းခဲ့ကြပါတယ်။

ယနေ့ပြုလုပ်ခဲ့သမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို မြင်တွေ့ရသူ အပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အားလုံးပဲ သာဓု ခေါ်ဆိုနိုင်ရန် မျှဝေပေးလိုက်ပါတယ်။ 🙏✨

#ဝါဆိုသင်္ကန်း #ဝါဆိုလပြည့် #ဓမ္မစကြာအခါတော်နေ့ #အောင်ကမ္ဘာ #အလှူတော်မင်္ဂလာ

⭐ ၇၉ နှစ်မြောက်  အာဇာနည်နေ့ ⭐ အာဇာနည်ခေါင်းဆောင်ကြီးများအား အစဥ်မြဲအောက်မေ့လျက် အလေးပြုအပ်ပါတယ်။ #အာဇာနည်နေ့    #အောင်ကမ...
19/07/2026

⭐ ၇၉ နှစ်မြောက် အာဇာနည်နေ့ ⭐
အာဇာနည်ခေါင်းဆောင်ကြီးများအား အစဥ်မြဲအောက်မေ့လျက် အလေးပြုအပ်ပါတယ်။

#အာဇာနည်နေ့ #အောင်ကမ္ဘာ

ခိုင်မာတောင့်တင်းပြီး ရေဖိအားဒဏ်ကို အပြည့်အဝခံနိုင်ရည်ရှိတဲ့ ARENA HDPE Pipe 💪💧လူကြီးမင်းတို့ရဲ့ အိမ်ရာကွန်ဒို၊ စက်မှုဇု...
06/07/2026

ခိုင်မာတောင့်တင်းပြီး ရေဖိအားဒဏ်ကို အပြည့်အဝခံနိုင်ရည်ရှိတဲ့ ARENA HDPE Pipe 💪💧

လူကြီးမင်းတို့ရဲ့ အိမ်ရာကွန်ဒို၊ စက်မှုဇုန်နဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ ရေပိုက်လိုင်းပြဿနာတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရလေအောင် ARENA HDPE ပိုက်ကို ရွေးချယ်လိုက်ပါ။

📌ယိုစိမ့်မှုမရှိခြင်း
ခေတ်မှီနည်းပညာသုံး အဆက်အဆက်များကြောင့် ရေတစ်စက်မှ မဖိတ်စင်စေရပါ။

📌စရိတ်သက်သာခြင်း
တပ်ဆင်ရလွယ်ကူပြီး ရေရှည်ခံတာကြောင့် ပြုပြင်ထိန်းသိမ်းစရိတ်ကို အထိရောက်ဆုံး လျှော့ချပေးပါတယ်။

📌ရေဖိအားဒဏ် ခံနိုင်ခြင်း
ဘယ်လောက်ပြင်းထန်တဲ့ ရေစီးနှုန်းနဲ့ ဖိအားမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်တဲ့ အားကိုးရဆုံး အဖော်မွန်။

"အရည်အသွေးစိတ်ချ၊ သက်သာလှ၊ ARENA နဲ့ လက်တွဲမှ"

📞 အသေးစိတ် စုံစမ်းမှာယူရန်: 09 43164323, 09 401544676

🏢 AUNG GABAR COMPANY LIMITED
ဆက်သွယ်ရန် လိပ်စာ⬇️⬇️⬇️
---------------------------
No.101/1,Thwin Thin Teik Wun U Tun Nyo Road,
Industrial Zone (1), Hlaing Tharyar Township, Yangon,
Tel : 09 43164323, 01-3684346, 3682763 , 09 401544676

MDY OFFICE :No.177, Corner of 82nd & 34th street, Mandalay.
TEL :02-4032442, 4023709, 09-2033118

မြို့ပြအဆောက်အအုံများအတွက် အကောင်းဆုံးရွေးချယ်မှု - ARENA PP-R ပိုက်များခေတ်မီဆောက်လုပ်ရေးစီမံကိန်းများတွင် အရည်အသွေးကို...
24/06/2026

မြို့ပြအဆောက်အအုံများအတွက် အကောင်းဆုံးရွေးချယ်မှု - ARENA PP-R ပိုက်များ

ခေတ်မီဆောက်လုပ်ရေးစီမံကိန်းများတွင် အရည်အသွေးကို ဦးစားပေးသည့် အင်ဂျင်နီယာများနှင့် လုပ်ငန်းရှင်များအတွက် ARENA PP-R ပိုက်များသည် ယုံကြည်စိတ်ချရဆုံး အဖြေတစ်ခု ဖြစ်ပါသည်။

✅ ရေပူ၊ ရေအေး နှစ်မျိုးလုံးအတွက် အထူးဒီဇိုင်းထုတ်ထားခြင်း
✅ ရေရှည်ခံ၊ ယိုစိမ့်မှုကင်းပြီး စိတ်ချရခြင်း
✅ ခေတ်မီအဆောက်အအုံများအတွက် အကြမ်းခံ အရည်အသွေးမြင့်မားခြင်း

အရည်အသွေးစစ်မှန်၊ တာရှည်ခံမည့် ARENA PP-R ပိုက်များကို အောင်ကမ္ဘာကုမ္ပဏီလီမိတက်မှ တိုက်ရိုက်ရယူနိုင်ပါသည်။

📍 Aung Gabar Company Limited
No.101/1,U Tun Nyo Road, Hlaing Tharyar Tsp, Yangon.
📞 အသေးစိတ်စုံစမ်းရန် - 09 43164323, 09 401544676

✔️✔️MDY OFFICE :No.177, Corner of 82nd & 34th street, Mandalay.
TEL :02-4032442, 4023709, 09-2033118, 09-5171000

15/06/2026

အောင်ကမ္ဘာကုမ္ပဏီဝန်ထမ်းများ ကျန်းမာရေးအတွက် ရာသီတုပ်ကွေးကာကွယ်ဆေးနှင့် ကိုဗစ်ကာကွယ်ဆေးများကို ယနေ့ (၁၅/၆/၂၀၂၆) ရက်တွင် ကျန်းမာရေးဌာန တာဝန်ရှိသူများမှ လာရောက်ထိုးနှံပေးပြီး ကျန်းမာရေးအသိပညာပေးဟောပြောပွဲကိုလည်း တစ်ဆက်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။

ရာသီတုပ်ကွေးကာကွယ်ဆေးများကို အကုန်အကျခံ ဝယ်ယူ၍ ထိုးနှံခွင့်ပြုပါသော Managing Director ဦးမြင့်သိန်းကိုလည်း ဝန်ထမ်းများအားလုံးကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါသည်။

#ရာသီတုပ်ကွေးကာကွယ်ဆေး #ကိုဗစ်ကာကွယ်ဆေး #အောင်ကမ္ဘာကုမ္ပဏီ

အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်) နေ့ မှာ ငြိမ်းချမ်းခြင်း ပျော်ရွှင်ခြင်း အောင်မြင်ခြင်းများနဲ့ ပြည့်စုံကြပါစေ . . .     #အောင...
28/05/2026

အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်) နေ့ မှာ ငြိမ်းချမ်းခြင်း ပျော်ရွှင်ခြင်း အောင်မြင်ခြင်းများနဲ့ ပြည့်စုံကြပါစေ . . .

#အောင်ကမ္ဘာ #ကုရ်ဘာနီအီးဒ်

ကမ္ဘာ့အလုပ်သမားနေ့ကို Aung Gabar Company မှ ဂုဏ်ယူ ဝမ်းမြောက်စွာကြိုဆိုပါ၏🎆🎆   #အလုပ်သမားနေ့  #အောင်ကမ္ဘာ
01/05/2026

ကမ္ဘာ့အလုပ်သမားနေ့ကို Aung Gabar Company မှ ဂုဏ်ယူ ဝမ်းမြောက်စွာကြိုဆိုပါ၏🎆🎆

#အလုပ်သမားနေ့ #အောင်ကမ္ဘာ

ကဆုန်လပြည့် ဗုဒ္ဓနေ့ဝယ် မြန်မာပြည်သူအပေါင်း အေးချမ်းကြပါစေ 🙏🙏🙏 #ကဆုန်လပြည့်  #ဗုဒ္ဓနေ့  #အောင်ကမ္ဘာ
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့ဝယ် မြန်မာပြည်သူအပေါင်း အေးချမ်းကြပါစေ 🙏🙏🙏

#ကဆုန်လပြည့် #ဗုဒ္ဓနေ့ #အောင်ကမ္ဘာ

မြန်မာ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်==========================ယနေ့ မင်္ဂလာရှိလှသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ မြန်မာပြည်သူ...
17/04/2026

မြန်မာ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်
==========================
ယနေ့ မင်္ဂလာရှိလှသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ မြန်မာပြည်သူ ပြည်သားအပေါင်း ဘေးအန္တရာယ်ခပ်သိမ်းကင်းငြိမ်းလျက် ရွှင်လန်းချမ်းမြေ့ကြပါစေ။

#အောင်ကမ္ဘာ #ကုမ္ပဏီ #နှစ်ဆန်းတစ်ရက်နေ့ #မင်္ဂလာရှိပါစေ #နှစ်ဦးနှစ်ဖျား

Address

No. (101/1) Twin Thin Teik Wun U Tun Nyo Street, Industrial Zone (1), Hlaing Thar Yar Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+95943128229

Alerts

Be the first to know and let us send you an email when Aung Gabar Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Gabar Company Limited:

Shortcuts

Share