MV TECH Automobile Service Equipment

MV TECH Automobile Service Equipment Myanmar Vehicle Tech : Automobile Service Equipment
(241)

ကားဝပ်ရှော့သုံးစက်ပစ္စည်းတွေကို ရောင်းရုံတစ်ခုတည်း မဟုတ်ဘဲ
ကျွမ်းကျင်ဆားဗစ်ပညာရှင်များအဖွဲ့ပါထားရှိထားတာကြောင့် ကားဝပ်ရှော့ရုံပိုင်ရှင်များအနေဖြင့် ကျွန်တော်တို့နဲ့ ယုံကြည်စိတ်ချစွာ လက်တွဲနိုင်ပါတယ် 😉❤️💙

အလုပ်ခေါ်စာ …အမြန်ခန့်မည်👉 Service Technician  (2) ဦးMyanmar  တစ်နိုင်ငံလုံး တွင် Car Workshop Equipment များကို ဖြန့်ဖြ...
13/06/2026

အလုပ်ခေါ်စာ …

အမြန်ခန့်မည်

👉 Service Technician (2) ဦး
Myanmar တစ်နိုင်ငံလုံး တွင် Car Workshop Equipment များကို ဖြန့်ဖြူးရောင်းချပြီး Maintenance & Repair Services များ ပြုလုပ်ပေးနေသော Mv-Tech Company တွင် Service Technician (၂ )ဦး အလိုရှိသည် ။

Job Responsibilities :
- Car Workshop Equipment များကို Installation , Maintenance , Repair ပြုလုပ်ခြင်း ။
- Customers များ ထံသို့ On-Site Service & Troubleshooting ပြုလုပ်ခြင်း ။
- ပြုလုပ်သည့် အလုပ်များကို တိကျမှန်ကန်စွာ Reports
တင်ပြခြင်း ။

Job Requirements :
- Engineering Background ( Mechanical & Electrical )
- Basic Electrical & Mechanical Knowledge ရှိသူ
- Customer Service ကို နားလည်ပြီး Teamwork ဖြင့် အလုပ်လုပ်နိုင်သူ
- အသက် (20 မှ 28 နှစ် ) အတွင်း
- လိုအပ်ခဲ့လျှင် နယ်သို့ ခရီးသွား နိုင်သူ ဖြစ်ရမည် ။
ခံစားခွင့် :
- လစာ + Bonus ( အတွေ့အကြုံပေါ် မူတည်ပြီး သင့်လျော်သော လစာနူန်းထား ပေးပါမည် )
- လုပ်ငန်းနှင့်ပတ်သက်သော သင်တန်းများ ပေးမည် ( Internal Training )
- နေ့လည်စာ ထမင်းကျွေးပါမည် ။
- Uniform စီစဉ်ပေးမည် ။

🔹 Cashier (မ) ၁ ဦး

• အသက် (၂၀ ) မှ ( 28 )နှစ်အတွင်း
• ပညာအရည်အချင်း အနည်းဆုံး ၁၀ တန်းအောင်
• လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိရမည်။
• ကွန်ပျုတာ Excel / Word အသုံးပြုနိုင်သူ။
• အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်နိုင်သူ။
• လစာအား အတွေ့အကြုံမူတည်ပြီးညှိနှိုင်းပေးမည်။
- အထက်ပါ အချက်အလက်များနှင့်ပြည့်စုံပါက Online မှဖြစ်စေ ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

CV Form ကို Viber Phone No : 09 404 881 200 သို့ပေးပို့နိုင်ပါတယ်။ ( ရုံးချိန်အတွင်းသာ ပေးပို့ရန် )

လိပ်စာ - No.( BaBa-16/17 ),114B st,Between 53rd x54th st, Chanmyatharzi Tsp.Mandalay.

အမြန်သိလိုသူများအတွက် - 09456599992 ကို ဆက်သွယ်နိုင်ပါတယ် ။


12/06/2026

THINKCAR ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ စက်တွေထဲကမှ ပေါ့ပါးပြီး အသုံးပြုရလွယ်ကူတဲ့ Thinktool 191 Model နဲ့ ကားတစ်စီးရဲ့ Error တွေကို စစ်ဆေးပြထားတာပဲ ဖြစ်ပါတယ် ။

စက်အကြောင်းအသေးစိတ်သိချင်တယ် မှာယူချင်တယ်ဆိုရင်တော့ -

𝙔𝘼𝙉𝙂𝙊𝙉 𝙊𝙁𝙁𝙄𝘾𝙀
Sal : 09421093729 , 09456599994
Service: 09- 885544550

𝙈𝘼𝙉𝘿𝘼𝙇𝘼𝙔 𝙊𝙁𝙁𝙄𝘾𝙀
Sales : 09 456599992
Service: 09- 404881200

𝑵𝑨𝒀 𝑷𝒀𝑰 𝑻𝑨𝑾 𝑶𝑭𝑭𝑰𝑪𝑬
S‌ales & Service: 09- 409897700 တို့ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျ.. ။

𝗠𝗩-𝗧𝗘𝗖𝗛
𝗘𝗻𝘀𝘂𝗿𝗶𝗻𝗴 𝗧𝗵𝗲 𝗕𝗲𝘀𝘁

ကဲ…….ကားမော်ဒယ်အမြင့်တွေကို စစ်ဆေးလို့ရတဲ့စက်ပဲ     သုံးချင်ပါတယ်ဆိုတဲ့ ဆရာသမားတွေအတွက် …MV-TECH သို့ နောက်ဆုံးရောက်ရှိလ...
21/05/2026

ကဲ…….ကားမော်ဒယ်အမြင့်တွေကို စစ်ဆေးလို့ရတဲ့စက်ပဲ သုံးချင်ပါတယ်ဆိုတဲ့ ဆရာသမားတွေအတွက် …

MV-TECH သို့ နောက်ဆုံးရောက်ရှိလာတဲ့ Diagnostic Scanner နဲ့ Oscilloscope Meter မော်ဒယ်အသစ်တွေပဲဖြစ်ပါတယ်။

- Full System Diagnosis
- Live Data Reading
- Special Functions ( Reset / Coding ) တွေ အားလုံးကို
သွက်သွက်လက်လက် နဲ့ မြန်မြန်ဆန်ဆန် သုံးနိူင်မယ်။

Europe Region , Japan Region , Korea Region ,USA ( American Cars ) , China ( Asia Region ) ကားများအားလုံးကို Fully Scan Diagnosis လုပ်နိူင်မဲ့ Scanner တွေပဲ ဖြစ်ပါတယ် …

Model တစ်ခုချင်းစီရဲ့စျေးနူန်းတွေကို - Viber Channel ထဲမှာ အသေးစိတ်ရေးပေးထားပါတယ်ဗျ။

Please join our Viber channel -
https://invite.viber.com/?g2=AQAgT4RZJhs8cFMHNHbVFPi8nMcVDKylRNIgDb0YJosVIiu7M8Qqnu9%2FpNWJBi9b

𝗠𝗩-𝗧𝗘𝗖𝗛
𝗘𝗻𝘀𝘂𝗿𝗶𝗻𝗴 𝗧𝗵𝗲 𝗕𝗲𝘀𝘁

ဝပ်ရှော့ မှာ သုံးနေတဲ့ Lift  တွေ ရေရှည် အသုံးခံဖို့လုပ်ဆောင်ရမဲ့ အချက် (၃) ချက်🚗 Lift တစ်ခုကို နှစ်ပေါင်းများစွာသုံးပြီး...
20/05/2026

ဝပ်ရှော့ မှာ သုံးနေတဲ့ Lift တွေ ရေရှည် အသုံးခံဖို့လုပ်ဆောင်ရမဲ့ အချက် (၃) ချက်
🚗 Lift တစ်ခုကို နှစ်ပေါင်းများစွာသုံးပြီး အန္တရာယ် ကင်းကင်း နဲ့ အလုပ်လုပ်ချင်တာလား?
ဒါဆိုရင် ဒီ( ၃ )ချက်ကို မလွဲမသွေလုပ်ထားဖို့လိုပါတယ်။
1️⃣ သတ်မှတ်ထားတဲ့ တန် ( Ton ) အထိသာ တင်ပါ။
Lift တစ်ခုမှာ ဘယ်လောက်ထိ တင်လို့ရမလဲ ဆိုတဲ့စံသတ်မှတ်ချက်တွေပါ ပါတယ်။ အလွန်အကျွံ မတင်မိပါစေနဲ့။ ( အရမ်း အန္တရာယ် များပါတယ် )
2️⃣ နည်းလမ်းအမှန် နဲ့ သေချာအောင်တင်ပါ။
ကားတင်တဲ့အခါ Lift ရဲ့Arm ဘယ်ညာ တွေကို မျှတအောင် ထားဖို့ လိုပါတယ်။ ( မျှတမှုမရှိရင် Lift mechanism တွေ ပျက်စီးနိုင်ပါတယ် )
3️⃣ ပုံမှန် Maintenance ကို သေချာလုပ်ပါ။
Oil, Grease, Bolt စတာတွေစစ်ခြင်း၊ Hydraulic Pipe တွေ ၊ Hydraulic Cylinder Shaft တွေ စသဖြင့် ပုံမှန်စစ်ဆေးပေးဖို့ အရေးကြီးပါတယ်။
Maintenance ကိုလည်းရက်စွဲသတ်မှတ်ပြီး စနစ်တကျလုပ်ပေးဖို့လိုပါတယ်။
ဒီ( ၃ )ချက်ကိုလိုက်နာပြီး အသုံးချမယ်ဆိုရင် Lift တွေက ခိုင်ခံ့ပြီး ရေရှည်အသုံးခံမှာပဲ ဖြစ်ပါတယ်။
Mv-Tech မှ ကျွမ်းကျင် Technician တွေနဲ့ စစ်ဆေး ပြုပြင်ချင်တယ် ဆိုရင်တော့ -
𝙔𝘼𝙉𝙂𝙊𝙉 𝙊𝙁𝙁𝙄𝘾𝙀
Service: 09- 425357989, 09-885544550
𝙈𝘼𝙉𝘿𝘼𝙇𝘼𝙔 𝙊𝙁𝙁𝙄𝘾𝙀
Service: 09- 404881200
𝑵𝑨𝒀 𝑷𝒀𝑰 𝑻𝑨𝑾 𝑶𝑭𝑭𝑰𝑪𝑬
Service: 09- 409897700 တို့ကိုဆက်သွယ်နိုင်ပါတယ် ခင်ဗျာ ။
𝗠𝗩-𝗧𝗘𝗖𝗛
𝗘𝗻𝘀𝘂𝗿𝗶𝗻𝗴 𝗧𝗵𝗲 𝗕𝗲𝘀𝘁
See less

မိုးရာသီမှာ ကိုယ့် ကားဝပ်ရှော့ရဲ့ ရောင်းအားတိုးတက်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ အချက် သုံး ချက် ကို ပြောပြပေးချင်ပါတယ်...၁။...
13/05/2026

မိုးရာသီမှာ ကိုယ့် ကားဝပ်ရှော့ရဲ့ ရောင်းအားတိုးတက်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ အချက် သုံး ချက် ကို ပြောပြပေးချင်ပါတယ်...

၁။ ရာသီစာလေးတွေကို ပရိုမိုးရှင်းလုပ်ပါ။ ရှေ့ဝိုက်ပါ နောက်ဝိုက်ပါ ၊ Washer Fluid ၊ တာယာ နဲ့ Cabin Filter (အဲယားကွန်းလေစစ်) တွေဟာ ရာသီစာတွေပါ။ ဒါတွေကို တွန်းရောင်းဖို့ ပိုလိုအပ်ပါတယ်။

၂။ ဝပ်ရှော့ကို အဆင့်မြှင့်တင်ပါ။ မိုးရာသီမှာ ရေဝင်လို့ပဲဖြစ်ဖြစ်၊ မတော်တဆမှုတွေကြောင့်ပဲဖြစ်ဖြစ် ကားပျက်တာ ပိုများပါတယ်။ မိမိရဲ့ ကားဝပ်ရှော့ Capacity ပိုတက်ဖို့ ကားများများ ပိုပြင်နိုင်ဖို့ လုံလောက်တဲ့ Workshop Equipment တွေရှိအောင် စီမံရပါမယ်။ နေရာစားတဲ့ Lift တွေနေရာမှာ Scissor Lift လိုမျိုး 2 Post Lift လိုမျိုးလေးတွေ ပြောင်းသုံးသင့်ရင်သုံးရပါမယ်။

၃။ နည်းပညာတွေစုဆောင်းပါ။ အခုနောက်ပိုင်း ကားရဲ့ ပြဿနာတွေက လျှပ်စစ်ပိုင်းတွေ ကွန်ပျူတာဘောက်စ်ပိုင်းတွေနဲ့ ပိုသက်ဆိုင်တတ်ပါတယ်။ သာမန် ပြုပြင်ထိန်းသိမ်းမှုမျိုးမဟုတ်ပဲ Troubleshooting ပိုင်းကို အဓိကထားတဲ့ ကားဝပ်ရှော့တွေအနေနဲ့ လုံလောက်တဲ့ စစ်ဆေးကိရိယာ တွေရှိဖို့လိုပါတယ်။
မော်ဒယ်မြင့် Scan Tool ၊ Oscilloscope ၊ Injector Cleaner စသဖြင့်ပေါ့ဗျာ...
အခြားလိုအပ်ချက်များရှိရင်လည်း Comment ပေးပြီး Sharing လုပ်သွားနိုင်ပါတယ်…

𝗠𝗩-𝗧𝗘𝗖𝗛
Automobile Service Equipment
𝗘𝗻𝘀𝘂𝗿𝗶𝗻𝗴 𝗧𝗵𝗲 𝗕𝗲𝘀𝘁

ပေါ့ပေါ့ပါးပါး ကျစ်ကျစ်လစ်လစ်နဲ့ တန်းဖိုးနည်းနည်းကိုမှ မော်ဒယ်မြင့်ကားများအတွက် Maintenance Reset Functions တွေ တော်တော်...
08/05/2026

ပေါ့ပေါ့ပါးပါး ကျစ်ကျစ်လစ်လစ်နဲ့ တန်းဖိုးနည်းနည်းကိုမှ မော်ဒယ်မြင့်ကားများအတွက် Maintenance Reset Functions တွေ တော်တော်များများ အသုံးပြုလို့ရမဲ့ ( Car Diagnostics Scanner ) ThinkTool 191 ပစ္စည်းပြန်ရောက်ပါပြီ ခင်ဗျာ ……

Online Update ကို 2 Years Free ဖြစ်တဲ့အတွက် လက်ရှိဝယ်ယူတဲ့ အချိန်က စပြီး နောက်ထပ် (2)နှစ် အထိ Car Model အသစ် Data တွေကို Download လုပ်လိုက်တာနဲ့ အလွယ်တကူ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ် ။
( Free Update ကုန်သွားလို့ Software Renew ထပ်ပြီး ဝယ်ယူချင်တယ် ဆိုရင်လည်း (၁)နှစ်စာ အတွက်သီးသန့် ထပ်ပြီး ဝယ်ယူလို့ရပါအုံးမယ် ခင်ဗျာ )

ကျွန်တော်တို့ MV-TECH မှာ ဆရာသမား တို့အတွက် Car Diagnostics Scanner တွေ အများကြီး ရောက်ရှိထားပါတယ် …

လိုအပ်ပါက - - - -

𝙔𝘼𝙉𝙂𝙊𝙉 𝙊𝙁𝙁𝙄𝘾𝙀
Sales : 09 456599991, 09 456599994
Service: 09- 885544550

𝙈𝘼𝙉𝘿𝘼𝙇𝘼𝙔 𝙊𝙁𝙁𝙄𝘾𝙀
Sales : 09 456599992
Service: 09-404881200

𝑵𝑨𝒀 𝑷𝒀𝑰 𝑻𝑨𝑾 𝑶𝑭𝑭𝑰𝑪𝑬
S‌ales & Service: 09- 409897700 တို့ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျ.. ။

𝗠𝗩-𝗧𝗘𝗖𝗛
𝗘𝗻𝘀𝘂𝗿𝗶𝗻𝗴 𝗧𝗵𝗲 𝗕𝗲𝘀𝘁

#ကွန်ပြူတာစစ်စက်

နွေရာသီအပူဒဏ်ကို အံတုပြီး ကားပြင်နေတဲ့ ဝပ်ရှော့က စက်ပြင်ဆရာညီအကိုတွေရဲ့ ကျန်မာရေးအတွက်… ပူပြင်းတဲ့ နွေလယ်ခေါင်ကြီးမှာ ပြ...
08/05/2026

နွေရာသီအပူဒဏ်ကို အံတုပြီး ကားပြင်နေတဲ့ ဝပ်ရှော့က စက်ပြင်ဆရာညီအကိုတွေရဲ့ ကျန်မာရေးအတွက်…

ပူပြင်းတဲ့ နွေလယ်ခေါင်ကြီးမှာ ပြင်ပကအပူချိန် ၊ ကားအင်ဂျင်တွေကထွက်လာတဲ့ အပူရှိန်နဲ့ ဝပ်ရှော့ထဲက တခြားစက်ပစ္စည်း တွေရဲ့ အပူရှိန်တွေကြားမှာ ချွေးတလုံးလုံးနဲ့ ရုန်းကန်နေရတဲ့ ကျွန်တော်တို့စက်ပြင်ဆရာ ညီအစ်ကိုတွေ အားလုံးကို ဘယ်သူတွေ နားမလည်ရင်နေပါစေ၊ အချင်းချင်းကတော့ အသိဆုံးမို့လို့ အထူးပဲ ကိုယ်ချင်းစာမိပါတယ်ခင်ဗျ။ ကားဝပ်ရှော့တွေမှာ နေ့စဉ်ပုံမှန် အလုပ်လုပ်နေရင်းကိုမှ ကျွန်တော်တို့တွေ သတိမပြုဘဲလုပ်လိုက်မိတဲ့ ကျန်းမာရေးကိုထိခိုက်စေတဲ့အပြုအမူတွေ လုပ်ဆောင်မှု တွေက ကျွန်တော်တို့ရဲ့နေကောင်းကျန်းမာနေတဲ့ ခန္ဓာကြီးကို အကြီးအကျယ်ထိခိုက်စေပါတယ်။ အခုလို ပုံမှန်မဟုတ်တဲ့ နွေအပူဒဏ်ကြောင့် ညီအစ်ကိုတို့ ကျန်းမာရေးအတွက် ကျွန်တော်သိသလောက် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

ဘယ်လိုအန္တရာယ်တွေ (Risks) ရှိနိုင်လဲ?
အဓိက သတိထားရမှာက အပူရှပ်တာ (Heatstroke) နဲ့ ရေဓာတ်ခမ်းခြောက်တာ (Dehydration) ပါပဲ။ ပြင်ပအပူချိန် ၊ ကားအင်ဂျင်တွေကထွက်တဲ့ အပူရှိန်တွေပါ ပေါင်းသွားတဲ့အခါ ခန္ဓာကိုယ်က အပူချိန်ကို မထိန်းနိုင်တော့ဘဲ ရုတ်တရက် မူးမေ့တာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြီး အရမ်းပူအိုက်တဲ့အခါ လူက ပိုပြီးနုံးလွယ်၊ ပင်ပန်းလွယ်တဲ့အတွက် အာရုံစူးစိုက်မှုလျော့ကျပြီး လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာ (ခိုက်မိ၊ ရှမိ၊ အပူလောင်မိတာမျိုးတွေ) ပိုဖြစ်လွယ်ပါတယ်။
ဒါကြောင့် ဒီလိုအပူဒဏ်ကို အန်တုရင်း အလုပ်လုပ်တဲ့အခါ အောက်ပါအချက်လေးတွေကို သတိပြုစေချင်ပါတယ်။

ရှောင်သင့်တဲ့အချက်များ (Don'ts)
• ဝပ်ရှော့ကို ကားစရောက်ချင်း တန်းမလုပ်ပါနဲ့
Customer က ဝပ်ရှော့ကို ကားပြင်ဖို့ရောက်လာတဲ့အခါ ကားရဲ့အင်ဂျင်အရမ်းပူနေမှာပါ။ အဲ့လိုပူနေတဲ့ချိန်မှာ စက်ဖုံးဖွင့်ပြီး ချက်ချင်း အလုပ်စလုပ်တာမျိုးကို တတ်နိုင်သမျှ ရှောင်စေချင်ပါတယ်။ အင်ဂျင်ကို ခဏလောက် အအေးခံပြီးမှ အလုပ်စလုပ်တာက ပိုပြီးအဆင်ပြေစေပါတယ်ခင်ဗျ။

• ရေခဲရေနဲ့ အားဖြည့်အချိုရည်တွေ အလွန်အကျွံသောက်ခြင်း
ရာသီဥတုကအရမ်းပူတော့ ကားပြင်ရတာကလည်းပင်ပန်းတော့ ကျွန်တော်တို့တွေ အားဖြည့်အချိုရေတွေ၊ ရေခဲရေတွေ ကို ရေဆာဆာနဲ့ ရုတ်တရတ် သတိမပြုမိဘဲ သောက်မိတတ်ပါတယ်။ အရမ်းပူနေချိန်မှာ အေးတဲ့အရာတွေကို စားချင်သောက်ချင်တာ သဘာဝဖြစ်ပေမယ့် အဲ့လို ရုတ်တရက် စားသောက် လိုက်တာမျိုးက ခန္ဓာကိုယ်ကို Shock ဖြစ်စေပါတယ်ခင်ဗျ။ နောက်ပြီး အားဖြည့်အချိုရည်တွေကလည်း ခဏတာ အမောပြေပေမယ့် အလွန်အကျွံသောက်ရင် ရေဓာတ်ကို ပိုခမ်းခြောက်စေလို့ သတိပြုသင့်ပါတယ်။

• မအီမသာဖြစ်တာကို လျစ်လျူမရှုပါနဲ့
ခေါင်းမူးသလိုဖြစ်တာ၊ ရင်တုန်တာ၊ ချွေးအရမ်းထွက်ပြီး လူက နုံးခွေသွားတာမျိုးတွေ ဒါတွေဟာ အပူရှပ်တော့မယ့် ရှေ့ပြေးလက္ခဏာတွေ ဖြစ်နိုင်လို့ အဲ့လိုမျိုးခံစားရရင် အလုပ်ကို ဇွတ်အတင်းအာရုံစိုက်မလုပ်ပဲနဲ့ ခေတ္တခဏမျှအနားယူ ပေးသင့်ပါတယ်။ နောက်ပြီး ချွေးတလုံးလုံးနဲ့ ခန္ဓာကိုယ်ကအရမ်းပူနေတုန်း ခြေ ၊ လက်ဆေးတာ ရေနဲ့တိုက်ရိုက်ထိတွေ့ တာကကျန်းမာရေးကိုထိခိုက်စေနိုင်လို့ အထူးဂရုပြုသင့်ပါတယ်ခင်ဗျ။
သတိထားရှောင်ရမယ့်အချက်ကတော့ ဟုတ်ပါပြီ။ ဘာတွေ ဆောင်သင့်သလဲဆိုတာကိုလည်း ဆက်ပြောပြပေးချင် ပါတယ်ခင်ဗျ။

ဆောင်သင့်တဲ့အချက်များ (Do's)
• ရေနဲ့ ဓာတ်ဆားကို မျှတအောင် သောက်ပေးပါ
ရိုးရိုးရေကို မကြာခဏ သောက်ပေးပါ။ ဒါကတော့ အခုလိုရာသီမှာအကောင်းဆုံးနဲ့ ကျန်းမာရေးနဲ့အညီညွတ်ဆုံးပါပဲ။ နောက်ပြီး ကျွန်တော်တို့တွေ ဝပ်ရှော့ထဲမှာ အလုပ်လုပ်တဲ့အချိန်ဆို ချွေးထွက်များတဲ့အတွက် ဓာတ်ဆားဓာတ်တွေကိုပါ ဆုံးရှုံးရပါတယ်။ အဲ့လို ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့ရာအတွက် ဓာတ်ဆားရည် (ခုတော်တော်များများသောက်နေတာကတော့ Royal D ပေါ့ဗျာ)ကို တစ်နေ့ တစ်ထုပ်လောက် ပုံမှန်လေးသောက်ပေး တာက ခန္ဓာကိုယ်အတွက် အရမ်းကိုအထောက်အကူဖြစ်စေပါတယ်။

• လေဝင်လေထွက်ကောင်းအောင် ဖန်တီးပါ
ဝပ်ရှော့ထဲမှာ လေဝင်လေထွက် ကောင်းဖို့က အရမ်းအရေးကြီးပါတယ်။ တတ်နိုင်သမျှ ပန်ကာတွေ ဖွင့်ထားတာ၊ လေတိုက်တဲ့ နေရာမျိုးမှာ အလုပ်လုပ်တာမျိုး ပြုလုပ်ပေးခြင်းကလည်း ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာက အထောက်အကူဖြစ်စေပါတယ်ခင်ဗျ။

• ခဏတဖြုတ် အနားယူပါ
အလုပ်လုပ်နေရင်း တစ်နာရီ ဒါမှမဟုတ် နှစ်နာရီလောက် ကြာတိုင်း အရိပ်ရပြီး အေးတဲ့နေရာမှာ ၅ မိနစ်၊ ၁၀ မိနစ်လောက် ခဏနားပေးသင့်ပါတယ်။ (အေးတဲ့နေရာဆိုလို့ aircon ခန်းထဲကိုချက်ချင်းဝင်သွားခိုင်းတာမဟုတ်ပါဘူး နော်။) ပတ်ဝန်းကျင် အရမ်းမပူတဲ့နေရာလေးမှာ ကိုယ်ခန္ဓာက အပူရှိန်ကျသွားအောင် အရင်အနားယူပါ။ နောက်ပြီး ကားအောက်ပိုင်း ပြင်ထားရလို့ ခြေလက်ဆေးချင်ပေမယ့်လည်း နည်းနည်း အမောပြေပြီး ကိုယ်အပူချိန် ပုံမှန်နီးပါး ပြန်ဖြစ်လာပြီဆိုမှ (ချွေးတိတ်ပြီဆိုမှ) မျက်နှာသစ်တာ၊ ခြေလက်ဆေးတာမျိုး လုပ်သင့်ပါတယ်။

ကားတစ်စီး ကောင်းမွန်ဖို့က အစ်ကိုတို့ရဲ့ လက်ရာပေါ်မှာ မူတည်နေသလို၊ ကိုယ့်မိသားစုအတွက်လည်း ကိုယ်တိုင် ကျန်းမာနေဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။ နွေအပူဒဏ်ကို ကျန်းမာရေးနဲ့ညီညွတ်စွာ ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျ။
ဪ ဒါနဲ့ အခုလက်ရှိ ကိုယ့်ရဲ့ဝပ်ရှော့လုပ်ငန်းခွင်မှာ နွေအပူဒဏ်ကို ဘယ်လိုတွေကာကွယ်နေကြပြီလဲ ဆိုတာ Comment မှာ မျှဝေပေးခဲ့ပါအုံးခင်ဗျ။

𝗠𝗩-𝗧𝗘𝗖𝗛
𝗘𝗻𝘀𝘂𝗿𝗶𝗻𝗴 𝗧𝗵𝗲 𝗕𝗲𝘀𝘁

ဘာကြောင့် Reader 8 က အခုအချိန်မှာ အတန်ဆုံးလဲ?အခုလို ကုန်ဈေးနှုန်းတွေ တက်နေတဲ့ကာလမှာ ဈေးကြီးတဲ့ Scanner တွေကို ငွေကုန်ခံဝ...
21/04/2026

ဘာကြောင့် Reader 8 က အခုအချိန်မှာ အတန်ဆုံးလဲ?

အခုလို ကုန်ဈေးနှုန်းတွေ တက်နေတဲ့ကာလမှာ ဈေးကြီးတဲ့ Scanner တွေကို ငွေကုန်ခံဝယ်နေစရာမလိုဘဲ အဲ့ဒီလို scanner တွေနီးပါး စွမ်းဆောင်ရည်ရှိတဲ့ Thinkcar Reader 8 Diagnostic Scanner နဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။

✓ ဝယ်ယူစဉ်ကတည်းက ပါဝင်တဲ့ Full System Diagnostic နဲ့ Reset Functions အချို့အတွက် တစ်သက်စာ အခမဲ့ (Lifetime Free Update) ပေးထားတဲ့အပြင် ပစ္စည်းနဲ့လက်ခအတွက် (၁)နှစ်စာအာမခံလည်း ပေးထားတယ်။

✓ ကားမော်ဒယ်လ်နံပါတ်ကို Manual ရိုက်ထည့်စရာမလိုတော့ဘဲ Auto VIN Scan နဲ့ ဘာ Model လဲဆိုတာ အလိုအလျောက် သိနိုင်တာကြောင့် အချိန်ကုန်သက်သာပြီး အလုပ်ပိုတွင်စေတယ်။

✓ Bluetooth ချိတ်ရတဲ့ အလုပ်ရှုပ်မှုတွေ မရှိတော့ဘူး။ OBD Cable နဲ့ချိတ်ဆက်ရတာဖြစ်လို့ Connection အငြိမ်ဆုံးနဲ့ Data တွေကို အမြန်ဆုံးဖတ်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျ။

ဈေးကြီးတဲ့ Scanner ကြီးတွေနီးပါး စွမ်းဆောင်ရည်ကိုရမည့်အပြင် ဈေးနှုန်းကလည်း တကယ့်ကို သက်သာစွာနဲ့ ရောင်းချပေးနေတာဖြစ်လို့ ဝပ်ရှော့လုပ်ငန်းသစ် စတင်သူတွေရော၊ လုပ်ငန်းတိုးချဲ့ချင်သူ တွေအတွက်ပါ အရင်းအနှီးနည်းနည်းနဲ့အလုပ်ဖြစ်စေမှာပဲဖြစ်ပါတယ်။ ပစ္စည်းမှာယူရခက်ခဲနေတဲ့ အချိန်ဖြစ်သလို ပစ္စည်းအရေအတွက်ကလည်း အကန့်အသတ်ပဲရှိတာကြောင့် ဈေးနှုန်းမတက်ခင် အခုပဲ လက်ဦးအောင် ဝယ်ယူထားဖို့ အကြံပြုပါရစေခင်ဗျာ….

Thinkcar Reader 8 အကြောင်း အသေးစိတ် သိချင်တယ် ၊ မှာယူချင်တယ်ဆိုရင်တော့ -

𝙔𝘼𝙉𝙂𝙊𝙉 𝙊𝙁𝙁𝙄𝘾𝙀
Sales : 09 456599991, 09 456599993
Service: 09- 885544550

𝙈𝘼𝙉𝘿𝘼𝙇𝘼𝙔 𝙊𝙁𝙁𝙄𝘾𝙀
Sales : 09 456599992
Service: 09- 404881200

𝑵𝑨𝒀 𝑷𝒀𝑰 𝑻𝑨𝑾 𝑶𝑭𝑭𝑰𝑪𝑬
S‌ales & Service: 09- 409897700 တို့ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျ.. ။

𝗠𝗩-𝗧𝗘𝗖𝗛
𝗘𝗻𝘀𝘂𝗿𝗶𝗻𝗴 𝗧𝗵𝗲 𝗕𝗲𝘀𝘁

📣 သင်္ကြန်ပိတ်ရက် ကြေညာခြင်း 📣 မိတ်ဟောင်း မိတ်သစ် Customers များ ခင်ဗျာ Mv-Tech ရုံးများအားလုံးကို သင်္ကြန်ကာလအတွင်း 📅 (...
11/04/2026

📣 သင်္ကြန်ပိတ်ရက် ကြေညာခြင်း 📣

မိတ်ဟောင်း မိတ်သစ် Customers များ ခင်ဗျာ
Mv-Tech ရုံးများအားလုံးကို သင်္ကြန်ကာလအတွင်း

📅 (12.4.2026 ~ 19.4.2026) အထိ ပိတ်ထားမည်ဖြစ်ပြီး

📅 (20.4.2026) နေ့ တွင်ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ…..

✨ သင်္ကြန်ကာလအတွင်း
ချစ်ရသော မိတ်ဟောင်း မိတ်သစ် Customers များအားလုံးစိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ကျွန်တော်တို့ Mv-Tech မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ… 🙏🙏🙏


#𝐌𝐲𝐚𝐧𝐦𝐚𝐫
#သက်ြန်
#မြန်မာနှစ်သစ်ကူး

🤝အင်ဂျင်ဝါယာရိန်းဆရာတွေအတွက် လက်ဆွဲ Autoland ရဲ့CA -15 Oscilloscope CA-15 Model ဟာ Scope အနေနဲ့ အသုံးပြုနိုင်ရုံသာမကဘဲ M...
04/04/2026

🤝အင်ဂျင်ဝါယာရိန်းဆရာတွေအတွက် လက်ဆွဲ Autoland ရဲ့CA -15

Oscilloscope CA-15 Model ဟာ Scope အနေနဲ့ အသုံးပြုနိုင်ရုံသာမကဘဲ Multimeter အနေနဲ့ပါ တစ်ခါတည်း တွဲပြီး အသုံးပြုနိုင်မဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။
အသုံးပြုရတာတွေ လွယ်ကူပြီးတော့ Troubleshoot လုပ်တဲ့အခါမှာလည်း Signal တွေကို Display ပေါ် တိတိကျကျပြသပေးတာကြောင့် မြန်မြန်ဆန်ဆန်နဲ့ အခက်တွေ့နေတဲ့ ပြသာနာတွေကို ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်။

Mechanic တွေ Technician တွေ အတွက်ကတော့ မရှိမဖြစ်ရှိထားသင့်တဲ့ Tool တစ်ခုပါပဲ…. ။

Instock အလုံးအရေအတွက် အကန့်အသတ်နဲ့ ရောက်ထားတာကြောင့် အမြန်မှာယူထားဖို့တော့ လိုပါမယ်နော်….

Oscilloscope အကြောင်းအသေးစိတ်သိရှိလိုပါက -

𝙔𝘼𝙉𝙂𝙊𝙉 𝙊𝙁𝙁𝙄𝘾𝙀
Sales : 09 456599991, 09 456599993
Service: 09- 885544550

𝙈𝘼𝙉𝘿𝘼𝙇𝘼𝙔 𝙊𝙁𝙁𝙄𝘾𝙀
Sales : 09 456599992
Service: 09- 404881200

𝑵𝑨𝒀 𝑷𝒀𝑰 𝑻𝑨𝑾 𝑶𝑭𝑭𝑰𝑪𝑬
S‌ales & Service: 09- 409897700 တို့ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျ.. ။

𝗠𝗩-𝗧𝗘𝗖𝗛
𝗘𝗻𝘀𝘂𝗿𝗶𝗻𝗴 𝗧𝗵𝗲 𝗕𝗲𝘀𝘁

Address

26B, 4th Street, Industrial Zone, South Okkalapa Township
Yangon
95

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959456599991

Alerts

Be the first to know and let us send you an email when MV TECH Automobile Service Equipment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MV TECH Automobile Service Equipment:

Share