Himoinsa Myanmar

Himoinsa Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Himoinsa Myanmar, Commercial and industrial equipment supplier, No. 527, Pyay Road, M Tower, Unit 15-04, 15th Floor, Kamayut Township, Yangon.

Sales, Installation, Commissioning and After Sale Services of Diesel Generator sets raning from 5 to 3,300 KVA in single units and Synchronized Generators set Stock of consumables and spare parts for supplied generator sets.

လုပ်ငန်းခွင်မှာ မီးစက်တွေ ခဏခဏပျက်လို့ Down Time များပြီး လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းသွားတာဟာ တကယ်ကို စိတ်ရှုပ်စရာပါပ...
27/07/2026

လုပ်ငန်းခွင်မှာ မီးစက်တွေ ခဏခဏပျက်လို့ Down Time များပြီး လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းသွားတာဟာ တကယ်ကို စိတ်ရှုပ်စရာပါပဲ။

လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်း ကျစ်ကျစ်လစ်လစ်နဲ့ တကယ် အကျိုးရှိစေဖို့ဆိုရင် ရေရှည်မှာ Breakdown အနည်းဆုံးနဲ့ ယုံကြည်စိတ်ချရတဲ့ မီးစက်မျိုးကို ရင်းနှီးမြှုပ်နှံထားဖို့ လိုအပ်ပါတယ်။ Himoinsa မီးစက်တွေကတော့ ဥရောပနည်းပညာနဲ့ အဆင့်မြင့်စံချိန်စံညွှန်းများအတိုင်း ထုတ်လုပ်ထားတာဖြစ်လို့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်နိုင်ခြေ မရှိသလောက် နည်းပါးပါတယ်။

Himoinsa မီးစက်တွေ Breakdown မများရတဲ့ အကြောင်းရင်းကတော့
✅ ခက်ခဲကြမ်းတမ်းတဲ့ လုပ်ငန်းခွင်နဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် စနစ်တကျ တည်ဆောက်ထားခြင်း
✅ လေဝင်လေထွက်ပေါက်တွေမှာ သဲကာ (Sand Trap) စနစ် ပါဝင်လို့ အတွင်းပိုင်း ဖုန်နဲ့သဲဒဏ်ကြောင့် စက်ချို့ယွင်းတာတွေကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်ခြင်း
✅ လျှပ်စစ်စွမ်းအင် အချိန်ပြည့်လိုအပ်တဲ့ ဒေတာစင်တာများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းစုကြီးများမှာ အသုံးပြုနိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတာကြောင့် Performance ကျဆင်းသွားတာမျိုး မရှိခြင်း
✅ စက်သံညက်ညောပြီး Maintenance ပိုင်းမှာလည်း အာမခံ (၂)နှစ်ကာလအတွင်း Himoinsa ရဲ့ ကျွမ်းကျင် အင်ဂျင်နီယာများက လုပ်ငန်းခွင်ထဲထိ လစဉ် လာရောက် စစ်ဆေးထိန်းသိမ်းတာတွေ ပြုလုပ်ပေးမှာဆိုတော့ လုပ်ငန်းရှင်များအတွက် တွက်ခြေကိုက်တာပေါ့

လုပ်ငန်းခွင်အတွင်း Downtime မရှိဘဲ အမြဲလည်ပတ်နိုင်ဖို့အတွက် စက်ချို့ယွင်းမှု အနည်းဆုံး Himoinsa မီးစက်တွေကိုပဲ အခုပဲ ရွေးချယ်လိုက်ပါနော်။

☎️ Hotline: 099-77-44-2016
☎️ Viber Phone: 099 44 77 2016
📲 Viber Channel: https://rb.gy/d2waka ကို Subscribe လုပ်ထားဖို့မမေ့နဲ့နော်။

ပြည်တွင်းမှာရှိတဲ့ စားသောက်ကုန် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေနဲ့ အအေးခန်းသိုလှောင်ရုံ (Cold S...
22/07/2026

ပြည်တွင်းမှာရှိတဲ့ စားသောက်ကုန် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေနဲ့ အအေးခန်းသိုလှောင်ရုံ (Cold Storage) လုပ်ငန်းတွေဟာ ကုန်ပစ္စည်းတွေ လတ်ဆတ်နေဖို့နဲ့ မပျက်စီးစေဖို့အတွက် အမြဲတမ်းပုံမှန်ရှိနေမယ့် အပူချိန်စနစ် ပေါ်မှာ ရာနှုန်းပြည့် ရပ်တည်နေကြရတာပါ။

အထူးသဖြင့် လတ်ဆတ်တဲ့ စားသောက်ကုန်တွေ၊ ရေထွက်ကုန်တွေ၊ သစ်သီးဝလံများနှင့် ဆေးဝါးပစ္စည်းတွေဟာ မိနစ်ပိုင်းလေး လျှပ်စစ်မီး ပြတ်တောက်သွားလို့ အအေးခန်းအပူချိန် လျော့ကျသွားမယ်ဆိုရင် ကုန်ပစ္စည်းတွေ ပုပ်သိုးပျက်စီးသွားနိုင်တာမို့ လုပ်ငန်းရှင်တွေအတွက် သိန်းရာ၊ ထောင်ချီတဲ့ ဆုံးရှုံးမှုတွေကို မျက်စိတစ်မှိတ်အတွင်း ကြုံတွေ့ရနိုင်ပါတယ်။

ထို့အတူ ခေတ်မီစိုက်ပျိုးမွေးမြူရေးခြံတွေမှာလည်း လေဝင်လေထွက်စနစ်နဲ့ အပူချိန်ကို စက္ကန့်မလပ် ထိန်းညှိပေးထားဖို့ လျှပ်စစ်မီးက အသက်သွေးကြောပါပဲ။

ဒီလို အပူချိန်အပြောင်းအလဲ လုံးဝအဖြစ်မခံဘဲ စနစ်တစ်ကျ ထိန်းသိမ်းရတဲ့ အရေးကြီးလုပ်ငန်းကဏ္ဍတွေအတွက် ဥရောပစံမီ Himoinsa မီးစက်တွေက လုပ်ငန်းရှင်တိုင်း ယုံကြည်အားကိုးရတဲ့ လက်တွဲဖော်ဖြစ်လာမှာ အသေအချာပါပဲ။

⚙️ Himoinsa မီးစက်ဟာဆိုရင် စားသောက်ကုန်စက်ရုံတွေနဲ့ Cold Storage တွေရဲ့ လိုအပ်ချက်အတိုင်း တစ်ရက်ပတ်လုံး အနားမရှိ အဆက်မပြတ် စိတ်ချလက်ချ မောင်းနှင်နိုင်ပြီး ဗို့အားအတက်အကျကို အကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့် တန်ဖိုးကြီး Compressor တွေနဲ့ အအေးပေးစနစ် စက်ပစ္စည်းတွေကိုလည်း မီးအားလှိုင်းကြောင့် ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သလို ရုတ်တရက် မီးပြတ်တောက်သွားတဲ့အခါမျိုးမှာလည်း ATS စနစ်ကြောင့် စက္ကန့်ပိုင်းအတွင်း Standby Power အဖြစ် အလိုအလျောက် ပြောင်းလဲမောင်းနှင်ပေးလို့ အအေးခန်းတွေရဲ့ အပူချိန်ကို တစ်သမတ်တည်း တည်ငြိမ်နေအောင် ထိန်းညှိပေးထားနိုင်ပါတယ်။

အဲ့တာကြောင့် လူကြီးမင်းတို့ရဲ့ ကုန်ပစ္စည်းတွေ သန့်ရှင်းလတ်ဆတ်စွာနဲ့ အချိန်မီ စျေးကွက်ထဲသို့ ဖြန့်ချိနိုင်ဖို့နဲ့ အဖိုးတန်ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးမှုမရှိစေဖို့အတွက်ဆိုရင် Himoinsa မီးစက်များကို အခုပဲ ဝယ်ယူလိုက်ရအောင်နော်။

☎️ Hotline: 099-77-44-2016
☎️ Viber Phone: 099 44 77 2016 ကို အခုပဲ ဆက်သွယ်လိုက်ပါ။
📲 Viber Channel: https://rb.gy/d2waka ကို Subscribe လုပ်ထားဖို့ မမေ့နဲ့နော်။

မီးစက်တွေမှာ အင်ဂျင်ချို့ယွင်းရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ဆီတိုင်ကီ (Fuel Tank) ထဲကို ရေငွေ့တွေ ရောက်သွားတာကြောင့် ဆီထ...
16/07/2026

မီးစက်တွေမှာ အင်ဂျင်ချို့ယွင်းရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ဆီတိုင်ကီ (Fuel Tank) ထဲကို ရေငွေ့တွေ ရောက်သွားတာကြောင့် ဆီထဲကို ရေငွေ့တွေရောနှောသွားတဲ့ ပြဿနာကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်နော်။

ဒါဟာ အပြင်ကနေ ရေဝင်တာမဟုတ်ဘဲ ဆီတိုင်ကီထဲက လေထုထဲမှာရှိတဲ့ စိုထိုင်းဆကြောင့် ရေငွေ့ပျံပြီး ဖြစ်လာရတာပါ။ ဒီလို မဖြစ်ရအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီမေးခွန်းလေးကို ဖြေကြည့်ပေးပါဦး။

မေးခွန်း: မီးစက်ဆီတိုင်ကီ (Fuel Tank) ထဲမှာ ညဘက် ရာသီဥတုအေးလာတဲ့အခါ လေထဲက ရေငွေ့တွေ ခိုးအောင်းပြီး အစက်ချမကျန်ရစ်အောင် မီးစက်အသုံးပြုပြီးတိုင်း ဘယ်လိုလုပ်ဆောင်ထားသင့်ပါသလဲ?

၁။ ဆီတိုင်ကီကို တစ်ဝက်ပဲ ဖြည့်ထားရမယ်။
၂။ ဆီတိုင်ကီထဲကို ဆီအပြည့် (Full Tank) နီးပါး အမြဲဖြည့်ထားရမယ်။
၃။ ဆီတိုင်ကီကို လုံးဝဗလာဖြစ်အောင် ဆီအကုန်ထုတ်ထားရမယ်။
မှန်ကန်မယ့် အဖြေလေးကို Comment မှာ (၁၊ ၂၊ ၃) ရွေးချယ်ပြီး ရေးပေးခဲ့ဦးနော်။ 👇

Himoinsa မီးစက်တွေမှာတော့ အရည်အသွေးမြင့်မားတဲ့ ဆီတိုင်ကီစနစ်တွေအပြင် Fuel Filter နဲ့ ရေခွဲစနစ် (Water Separator) တွေ စနစ်တကျ ပါဝင်တာကြောင့် အင်ဂျင်သက်တမ်း ပိုမိုရှည်ကြာစေနိုင်တဲ့ မီးစက်ကောင်းကောင်းကို ရှာနေတယ်ဆိုရင် Himoinsa ကို အခုပဲ ဆက်သွယ်လိုက်ပါ။

☎️ Hotline: 099-77-44-2016
☎️ Viber Phone: 099 44 77 2016 ကို အခုပဲ ဆက်သွယ်လိုက်ပါ။
📲 Viber Channel: https://rb.gy/d2waka ကိုလည်း Subscribe လုပ်ထားဖို့မမေ့နဲ့နော်။

Himoinsa Myanmar ရဲ့  အရမ်းတန်တဲ့ "Monsoon Promotion" အစီအစဉ်က ဇူလိုင်လကုန် နောက်ဆုံးဖြစ်တာမို့ နှစ်ခါမရနိုင်တော့တဲ့ အခွ...
12/07/2026

Himoinsa Myanmar ရဲ့ အရမ်းတန်တဲ့ "Monsoon Promotion" အစီအစဉ်က ဇူလိုင်လကုန် နောက်ဆုံးဖြစ်တာမို့ နှစ်ခါမရနိုင်တော့တဲ့ အခွင့်အရေးကို အခုပဲ ဖမ်းဆုပ်ရယူလိုက်ပါ။

Himoinsa ရဲ့ အရောင်းရဆုံး 40 kVA မှ 500 kVA အထိ ဝန်အားရှိတဲ့ မီးစက်များကို စောင့်ဆိုင်းစရာမလိုဘဲ Instock ရရှိနိုင်မှာဖြစ်ပြီး “Moonson Promotion” ကလည်း စက်ပစ္စည်း Stock လက်ကျန်ရှိသလောက်သာ ရနိုင်မှာဖြစ်ပါတယ်။

🎁 ပရိုမိုးရှင်းကာလအတွင်း ဝယ်ယူမယ့် လူကြီးမင်းများအနေနဲ့ အောက်ပါ Special Packages များထဲမှ မိမိကြိုက်နှစ်သက်ရာ (၁) မျိုးကို စိတ်ကြိုက် ဆက်လက်ရွေးချယ်နိုင်မှာပါ

1️⃣ မီးစက်အပိုပစ္စည်း (Spare Parts Package) အခမဲ့ခံစားခွင့်
2️⃣ ကုန်ကျစရိတ် သက်သာစေမယ့် အထူးလျှော့စျေး (Discount ခံစားခွင့်)
3️⃣ ရေရှည်အတွက် ပိုမိုစိတ်အေးရမယ့် additional Warranty Package

မိမိစိတ်ကြိုက် ပရိုမိုးရှင်းကို ကိုယ်တိုင်ရွေးချယ်နိုင်မယ့် ဒီအထူးအစီအစဉ်ကြီးကတော့ ဇူလိုင်လကုန် (July 31) အထိသာ နောက်ဆုံးဖြစ်လို့ လက်မလွတ်သင့်တဲ့အခွင့်အရေးကောင်းပဲနော်။

Himoinsa မီးစက်တွေက အာမခံ ၂ နှစ်လည်းပါရှိပြီး အာမခံကာလအတွင်းလည်း တစ်လတစ်ကြိမ်လာရောက်စစ်ဆေးပေးမှာဖြစ်တဲ့အပြင် အခု မိုးရာသီပရိုမိုးရှင်းမှာ၀ယ်ယူမယ်ဆိုရင်တော့ ကြိုက်နှစ်သက်ရာ promotion ကိုထပ်ဆောင်းအပိုရရှိဦးမှာဖြစ်လို့ အခုပဲဆက်သွယ်လိုက်ပါ။

☎️ Hotline: 099-77-44-2016
☎️ Viber Phone: 099 44 77 2016 ကို အခုပဲ ဆက်သွယ်လိုက်ပါ။
📲 Viber Channel: https://rb.gy/d2waka ကို Subscribe လုပ်ထားဖို့ မမေ့နဲ့နော်။

24/06/2026

စွမ်းဆောင်ရည်မြင့် Himoinsa မီးစက်များ 40 kVA မှ 500 kVA အထိ instock ရရှိနိုင်ပါပြီ ...
နေရာကျဉ်းမြောင်းတဲ့ အခက်အခဲတွေအတွက် မီးစက်တံခါးအချပ်လိုက်ဖြုတ်ပြီး စက်အတွင်းပိုင်းကို ကောင်းကောင်းပြင်ဆင်နိုင်မယ့် Himoinsa မှာပဲရမယ့် HS Stationary Range generator တွေလည်းရရှိနေပါပြီ ...

အသေးစိတ်သိရှိလိုပါက ☎️ Hotline: 099-77-44-2016 ကိုဆက်သွယ်ပေးပါ

𝐇𝐢𝐦𝐨𝐢𝐧𝐬𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကနေ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ “ မိုးရာသီအထူးပရိုမိုးရှင်း” ကို စတင်လိုက်ပြီဖြစ်ကြောင်း သတင်းကေ...
23/06/2026

𝐇𝐢𝐦𝐨𝐢𝐧𝐬𝐚 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကနေ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ “ မိုးရာသီအထူးပရိုမိုးရှင်း” ကို စတင်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေနော်...

စပိန် brand စစ်စစ်၊ ဥရောပ ကွာလတီ 𝟒𝟎 𝐤𝐕𝐀 မှ 𝟓𝟎𝟎 𝐤𝐕𝐀 အထိ ဝန်အားရှိတဲ့ 𝐇𝐢𝐦𝐨𝐢𝐧𝐬𝐚 မီးစက်ကြီးများကို စောင့်ဆိုင်းစရာမလိုဘဲ 𝐈𝐧𝐬𝐭𝐨𝐜𝐤 ရောင်းချပေးနေတဲ့အပြင် တစ်ကြိမ်တစ်ခါသာရမယ့် အထူးအခွင့်အရေးအဖြစ် ကြိုက်နှစ်သက်ရာ 𝐩𝐚𝐜𝐤𝐚𝐠𝐞 ကိုရွေးချယ်နိုင်မယ့် အထူးပရိုမိုးရှင်းကြီးကို စီစဥ်ထားပါတယ်

🎁 ဒီတစ်ခေါက် "𝐌𝐨𝐧𝐬𝐨𝐨𝐧 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧" မှာ လူကြီးမင်းတို့ လုပ်ငန်းလိုအပ်ချက်အလိုက် အောက်ပါ 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬 များထဲမှ မိမိကြိုက်နှစ်သက်ရာ (၁) မျိုးကို စိတ်ကြိုက် ရွေးချယ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

1️⃣ မီးစက်အပိုပစ္စည်း (𝐒𝐩𝐚𝐫𝐞 𝐏𝐚𝐫𝐭𝐬 𝐏𝐚𝐜𝐤𝐚𝐠𝐞) ခံစားခွင့်
2️⃣ ကုန်ကျစရိတ် သက်သာစေမယ့် လျှော့စျေး (𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ခံစားခွင့်)
3️⃣ ရေရှည်အတွက် ပိုမိုစိတ်အေးရမယ့် (𝐚𝐝𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐩𝐚𝐜𝐤𝐚𝐠𝐞) တို့ပဲဖြစ်ပါတယ်

ဒီအထူးအစီအစဉ်ကြီးကတော့ ဇူလိုင်လကုန် (𝐉𝐮𝐥𝐲 𝟑𝟏) အထိသာ ပြုလုပ်ပေးသွားမှာဖြစ်လို့ အခုပဲ လက်ဦးမှုရယူပြီး အမြန်ဆုံး ဆက်သွယ်စုံစမ်းလိုက်ပါ။
📍 Himoinsa ရဲ့ လှိုင်သာယာ Warehouse မှာလည်း စက်များကို ကိုယ်တိုင်လာရောက် ကြည့်ရှုလေ့လာနိုင်ပါတယ်။

Himoinsa မီးစက်တွေကတော့ အရည်အသွေးမြင့်၊ အင်ဂျင်စက်ပစ္စည်းကောင်းကောင်းနဲ့၊ မိုးဒဏ်လေဒဏ်ခံ၊ အသံလုံပြီး အကြမ်းခံလို့ သုံးဖူးသူတိုင်းကြိုက်ကြတဲ့ မီးစက်ပါ။

အာမခံ ၂ နှစ်လည်းပါရှိပြီး အာမခံကာလအတွင်းလည်း တစ်လတစ်ကြိမ်လာရောက်စစ်ဆေးပေးမှာဖြစ်တဲ့အပြင် အခု မိုးရာသီပရိုမိုးရှင်းမှာ၀ယ်ယူမယ်ဆိုရင်တော့ ကြိုက်နှစ်သက်ရာ promotion ကိုထပ်ဆောင်းအပိုရရှိဦးမှာဖြစ်လို့ လက်မနှေးဖို့တော့လိုတယ်နော်။

☎️ Hotline: 099-77-44-2016
☎️ Viber Phone: 099 44 77 2016 ကို အခုပဲ ဆက်သွယ်လိုက်ပါ
📲 Viber Channel: https://rb.gy/d2waka ကို Subscribe လုပ်ထားဖို့ မမေ့နဲ့နော်

"အရင်ကထက် ဒီဇယ်ဆီ ပိုစားလာတယ်...""မီးစက်နှိုးတဲ့အခါ အရင်လို ချက်ချင်းမနိုးဘဲ ရုန်းနေရတယ်..."လူကြီးမင်းတို့ လုပ်ငန်းခွင်က...
16/06/2026

"အရင်ကထက် ဒီဇယ်ဆီ ပိုစားလာတယ်..."
"မီးစက်နှိုးတဲ့အခါ အရင်လို ချက်ချင်းမနိုးဘဲ ရုန်းနေရတယ်..."

လူကြီးမင်းတို့ လုပ်ငန်းခွင်က မီးစက်တွေမှာ ဒီလိုလက္ခဏာတွေ ပြသနေပြီဆိုရင် ဒါဟာ စက်ပစ္စည်းအိုဟောင်းလို့ မဟုတ်ဘဲ လေစစ် (Air Filter) မှာ ဖုန်မှုန့်နဲ့ အမှိုက်တွေ ပိတ်ဆို့နေလို့ ဖြစ်နိုင်ပါတယ်နော်။

မီးစက်တစ်ခု အင်ဂျင်လည်ပတ်ဖို့အတွက် ဒီဇယ်ဆီတင်မကဘဲ သန့်စင်တဲ့ လေထုလည်း အလုံအလောက် လိုအပ်ပါတယ်။ လေစစ် (Air Filter) မသန့်ရှင်းတဲ့အခါ...
❌ အင်ဂျင်ထဲကို လေအဝင်နည်းသွားတဲ့အတွက် ဆီနဲ့လေ မမျှတဘဲ ဆီစား ပိုမိုများပြားလာခြင်း
❌ စက်နှိုးရ ခက်ခဲလာပြီး ဝန်အား (Load) အပြည့် မရုန်းနိုင်တော့ဘဲ စက်တုန်ခါမှုတွေ ဖြစ်ပေါ်ခြင်း
❌ ဖုန်မှုန့်တွေ အင်ဂျင်ထဲအထိ ရောက်ရှိသွားရင် အင်ဂျင်သက်တမ်းကို အဆမတန် တိုတောင်းသွားစေနိုင်ခြင်းတို့ ဖြစ်လာမှာပါ။

Himoinsa မီးစက်တွေကို ဝယ်ယူအသုံးပြုထားတဲ့ လူကြီးမင်းတို့အတွက်တော့ စိုးရိမ်စရာမလိုပါဘူးနော်။ Himoinsa ရဲ့ Extra Care After-Sales Service မှာ ပါဝင်တဲ့ လစဉ်ပုံမှန် စစ်ဆေးထိန်းသိမ်းမှုတွေမှာ ATC Myanmar ရဲ့ ဝါရင့်အင်ဂျင်နီယာများက Air Filter အပါအဝင် စက်ရဲ့ အတွင်းအပြင် အစိတ်အပိုင်းအားလုံးကို စနစ်တကျ စစ်ဆေးသန့်စင်ပေးသွားမှာ ဖြစ်ပါတယ်။

မှန်ကန်တဲ့ ထိန်းသိမ်းမှုနဲ့အတူ လုပ်ငန်းခွင်အတွင်း လျှပ်စစ်စွမ်းအင်ကို စိုးရိမ်စရာမလိုဘဲ ရေရှည်အသုံးပြုနိုင်ဖို့ Himoinsa ကိုသာ ရွေးချယ်လိုက်ပါ။

☎️ Hotline: 099-77-44-2016
☎️ Viber Phone: 099 44 77 2016 ကို အခုပဲ ဆက်သွယ်လိုက်ပါ။
📲 Viber Channel: https://rb.gy/d2waka ကိုလည်း Subscribe လုပ်ထားဖို့ မမေ့နဲ့နော်။

မြို့ပြက ကွန်ဒိုတွေ၊ လုပ်ငန်းခွင်တွေနဲ့ စက်ရုံတွေမှာ မီးစက်တစ်လုံး ထားရှိဖို့ နေရာအကျယ်အဝန်း ရှာရခက်ခဲတာဟာ လုပ်ငန်းရှင်အ...
12/06/2026

မြို့ပြက ကွန်ဒိုတွေ၊ လုပ်ငန်းခွင်တွေနဲ့ စက်ရုံတွေမှာ မီးစက်တစ်လုံး ထားရှိဖို့ နေရာအကျယ်အဝန်း ရှာရခက်ခဲတာဟာ လုပ်ငန်းရှင်အများစု ကြုံတွေ့ရတဲ့ ခေါင်းခဲစရာ ပြဿနာတစ်ခုပါ။ ပိုဆိုးတာက မီးစက်ကို တံတိုင်းတွေ၊ အကာအရံတွေနဲ့ ကပ်ပြီး ကျဉ်းကျဉ်းကျပ်ကျပ် ထားလိုက်ရတဲ့အခါ... စက်ကို ပုံမှန် Maintenance လုပ်ဖို့ သို့မဟုတ် ပြုပြင်ဖို့အတွက် လူဝင်ရ၊ တံခါးဖွင့်ရတာ တကယ့်ကို ဒုက္ခများလှပါတယ်။

ဒီလို နေရာကျဉ်းမြောင်းတဲ့ အခက်အခဲတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ဖို့ ဥရောပအခြေစိုက် Himoinsa ကနေ HS Stationary Range ကို Standby Power Solutions အဖြစ် ဆန်းသစ် တီထွင်ထားပါတယ်။

ကျဉ်းကျပ်တဲ့ နေရာတွေမှာတောင် လုပ်ငန်းလည်ပတ်မှု မနှောင့်နှေးစေမယ့် HS Range ရဲ့ ထူးခြားတဲ့ အားသာချက်များကတော့
🛠 အခြားမီးစက်တွေလို တံခါးဖွင့်ဖို့ ဘေးပတ်ပတ်လည်မှာ နေရာအကျယ်ကြီး ချန်ထားစရာ မလိုတော့ပါဘူး။ Canopy (ကိုယ်ထည်အကာအကွယ်) ရဲ့ တံခါးရွက်တွေကို လုံးဝဖြုတ်ပြီးမှ စက်အတွင်းပိုင်းကို လွတ်လွတ်လပ်လပ် တိုက်ရိုက်ကိုင်တွယ် ပြင်ဆင်နိုင်လို့ နေရာကျဉ်းကျဉ်းလေးမှာတောင် မီးစက်ပြုပြင်ထိန်းသိမ်းမှု (Maintenance) ကို အမြန်ဆုံးနဲ့ အလွယ်ကူဆုံး ပြီးမြောက်စေခြင်း
💪 ကမ္ဘာကျော် Yanmar နှင့် Iveco အင်ဂျင်များကို အသုံးပြုထားလို့ ကိုယ်ထည်က ကျစ်ကျစ်လစ်လစ်နဲ့ နေရာစားသက်သာသလောက် ပေးစွမ်းနိုင်တဲ့ စွမ်းအားနဲ့ ဆီစားသက်သာမှု အထူး ကြံ့ခိုင်စိတ်ချရခြင်း
🔇 မြို့ပြလူနေထိုင်ရာ အရပ်တွေနဲ့ ရုံးခန်းတွေမှာ ထားရှိဖို့ အထူးသင့်လျော်တဲ့ အဆင့်မြင့် အသံလုံစနစ် ပါဝင်တဲ့အပြင် ရာသီဥတုဒဏ်ခံ ကိုယ်ထည်ကြောင့် ဘယ်လိုနေရာမျိုးမှာမဆို ရေရှည် ယုံကြည်စိတ်ချစွာ အသုံးပြုခြင်း အစရှိတဲ့ အားသာချက်တွေနဲ့ Himoinsa HS Range မီးစက်ကို ချက်ချင်း ဝယ်ယူတပ်ဆင်နိုင်ပါပြီနော်။

ရန်ကုန်မြို့၊ လှိုင်သာယာရှိ Himoinsa Warehouse မှာလည်း ကိုယ်တိုင်လာရောက် လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်အပ်ပါရစေ။

☎️ Hotline: 099-77-44-2016
☎️ Viber Phone: 099 44 77 2016 ကို အခုပဲ ဆက်သွယ်လိုက်ပါ။
📲 Viber Channel: https://rb.gy/d2waka ကို Subscribe လုပ်ထားဖို့ မမေ့နဲ့နော်။

လုပ်ငန်းရှင်တွေအတွက် "အချိန်" ဆိုတာ "ငွေ" ပါပဲ။ မီးစက်က စက်နှိုးရခက်နေတာ၊ မီးအားမမှန်လို့ စက်တွေရပ်သွားတာဟာ လုပ်ငန်းအတွက...
06/06/2026

လုပ်ငန်းရှင်တွေအတွက် "အချိန်" ဆိုတာ "ငွေ" ပါပဲ။ မီးစက်က စက်နှိုးရခက်နေတာ၊ မီးအားမမှန်လို့ စက်တွေရပ်သွားတာဟာ လုပ်ငန်းအတွက် ဆုံးရှုံးမှုကြီးမားစေပါတယ်။ Himoinsa Generator တွေ မှာဆိုရင်တော့

✅ Intelligent Control System ပါဝင်တာကြောင့် ပြင်ပက လျှပ်စစ်မီး ပြတ်တောက်သွားတာနဲ့ စက္ကန့်ပိုင်းအတွင်း မီးစက်ကို အလိုအလျောက် နှိုးပေးပါတယ်။ လူကိုယ်တိုင် လာနှိုးစရာမလိုဘဲ စက်ယန္တရားတွေ ရပ်တန့်မသွားအောင် အချိန်မီ ထိန်းညှိပေးနိုင်တာဟာ Himoinsa မီးစက် ရဲ့ အဓိက အားသာချက်ပါ။
✅ ဒါ့အပြင် ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဒီဇယ်ဆီတွေမှာ ပါဝင်လေ့ရှိတဲ့ ဖုန်မှုန့်နဲ့ ရေငွေ့တွေကြောင့် အင်ဂျင် Filter ပိတ်ပြီး စက်ထိုးရပ်တာမျိုး မဖြစ်ရအောင် အရည်အသွေးမြင့် Fuel Water Separator နဲ့ စနစ်ကျတဲ့ Filtration System ကို အသုံးပြုထားပါတယ်။
✅ နွေရာသီမှာ မီးစက်တွေ အဖြစ်အများဆုံးက Overheat (အပူလွန်ကဲခြင်း) ကြောင့် စက်ရပ်သွားတာပါ။ Himoinsa မီးစက် တွေမှာ အပူချိန် ၅၀ ဒီဂရီအထိ ခံနိုင်ရည်ရှိတဲ့ Tropical Radiator ပါဝင်တာကြောင့် ၂၄ နာရီပတ်လုံး မောင်းနှင်ရင်တောင် Performance ကျမသွားဘဲ တည်ငြိမ်တဲ့ စွမ်းအင်ကို ထုတ်ပေးနိုင်ပါတယ်။

လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ နောက်ကွယ်က ထောက်ပံ့ပေးတဲ့ စွမ်းအင်စနစ်က ခိုင်မာနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နည်းပညာပိုင်းအရ အသာစီးရပြီး Downtime ကို အနည်းဆုံးဖြစ်စေမယ့် Himoinsa ကိုသာ ရွေးချယ်လိုက်ပါနော်။

☎️ Hotline: 099-77-44-2016
☎️ Viber Phone: 099 44 77 2016 ကို အခုပဲ ဆက်သွယ်လိုက်ပါ။
📲 Viber Channel: https://rb.gy/d2waka ကိုလည်း Subscribe လုပ်ထားဖို့မမေ့နဲ့နော်

Spain Brand Himoinsa မီးစက်များ 40kVA မှ 500 kVA အထိ Instock ရရှိနေပါပြီ 🎉🎉ဥရောပအဆင့်မီ နည်းပညာဖြင့် ထုတ်လုပ်ထားသော Himo...
03/06/2026

Spain Brand Himoinsa မီးစက်များ 40kVA မှ 500 kVA အထိ Instock ရရှိနေပါပြီ 🎉🎉
ဥရောပအဆင့်မီ နည်းပညာဖြင့် ထုတ်လုပ်ထားသော Himoinsa Generator များကို အာမခံ (၂) နှစ် / နာရီ 4,000 ဖြင့် Himoinsa ရဲ့ Authorized dealer ဖြစ်တဲ့ ATC Myanmar မှာ စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ပါပြီ။

မီးစက်မဝယ်ယူမီ ကျွမ်းကျင်အင်ဂျင်နီယာများမှ Site Survey ဆင်းပေးပြီး လုပ်ငန်းနှင့် ကိုက်ညီမည့် kVA အမျိုးအစားကို သေချာတွက်ချက် အကြံပြုပေးသည့်အပြင်၊
ဝယ်ယူပြီးနောက်ပိုင်းတွင်လည်း အာမခံကာလ (အတွင်း လစဉ်ပုံမှန် စစ်ဆေးပေးသည့် ဝန်ဆောင်မှုပါရှိသောကြောင့် မဝယ်ယူမီလည်း စိတ်ချရပြီး ဝယ်ယူပြီးနောက်ပိုင်းတွင်လည်း စိတ်ပူစရာမလိုဘဲ လက်တင်အသုံးပြုရုံပါပဲ။

📍 Himoinsa မီးစက်များကို ကိုယ်တိုင်လာရောက်ကြည့်ရှုလိုပါက လှိုင်သာယာ Warehouse တွင် လာရောက်လေ့လာနိုင်ပါပြီ

ဆက်သွယ်ရန်
☎️ Hotline: 099-77-44-2016
☎️ Viber Phone: 099 44 77 2016
📲 Viber Channel: https://rb.gy/d2waka ကို Subscribe လုပ်ထားဖို့မမေ့နဲ့နော်

Address

No. 527, Pyay Road, M Tower, Unit 15-04, 15th Floor, Kamayut Township
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 20:30 - 17:00
Thursday 09:00 - 17:00
Friday 08:30 - 17:00

Telephone

+959977442015

Alerts

Be the first to know and let us send you an email when Himoinsa Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Himoinsa Myanmar:

Shortcuts

Share