Mudon Maung Maung Company

Mudon Maung Maung Company Construction and Engineering
Automobile Parts Dealer
Auto Repair Service
Agriculture

14/04/2025
မြန်မာပြည်အတွင်း ပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်ခံခဲ့ရသောဒေသများမှဘေးသင့်ပြည်သူများအတွက်ကူညီထောက်ပံ့မှုများကို ...
13/04/2025

မြန်မာပြည်အတွင်း ပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်ခံခဲ့ရသောဒေသများမှဘေးသင့်ပြည်သူများအတွက်ကူညီထောက်ပံ့မှုများကို Mudon Maung Maung Group Of Companies မှစဉ်ဆက်မပြတ်ဆောင်ရွက်ပေးကာ ကျေးဇူးရှင်မိဘပြည်သူများအတွက်တစ်ထောင့်တစ်နေရာမှအားဖြည့်ကူညီလျက်ရှိပါသည်။
နေပြည်တော်၊ပျဉ်းမနားရှိ မိဘပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဆန်၊ရေသန့်၊ဆေးဝါး၊ခေါက်ဆွဲနှင့်အခြားအခြေခံအစားအသောက်များကိုလည်းလှူဒါန်းပေးထားပြီးဖြစ်ပါသည်။
ငလျင်ဘေးဒဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများသို့အလှူငွေများပေးအပ်လှူဒါန်းလျက်ရှိသလို ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးသွားသောအဆောက်အဦးများရှင်းလင်းဖယ်ရှားရေးအတွက်လိုအပ်သောစက်ယန္တရားများကိုလဲပို့ဆောင်ကူညီထားပြီးဖြစ်ပါသည်။
သုံးရေလိုအပ်ချက်ရှိသောပျဉ်းမနားနှင့်အခြားမြို့နယ်များမှ ဘုန်းကြီးကျောင်းများ၊ဆေးရုံများ၊လူနေရပ်ကွက်များနှင့်ဝန်ထမ်းအိမ်ရာများသို့လည်း နေ့စဉ်ရေဂါလံပေါင်းများစွာလှူဒါန်းပို့ဆောင်ပေးနေတာဖြစ်တဲ့အတွက် ရေလိုအပ်နေသောမိဘပြည်သူများအနေနဲ့လဲအောက်ဖော်ပြပါဖုန်းနံပါတ်များသို့ဆက်သွယ်အကူညီတောင်းခံနိုင်ပါတယ်ခင်ဗျာ။

09448857940
09429156965

သဘာဝဘေးအန္တရာယ်ကြောင့် မိဘပြည်သူများကြုံတွေ့နေရသောအခက်အခဲများအားလုံး အမြန်ဆုံးကျော်လွှားနိုင်ပါစေကြောင်းဆုတောင်းမေတ္တာပြုလျက် အခြားသောလိုအပ်သည့်နေရာများသို့လှူဒါန်းမှုများကိုကိုယ်အား၊စိတ်အား၊ဥာဏ်အားများစွာဖြင့်ဆက်လက်ကူညီလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်ခင်ဗျာ။

📢 We are hiring now…Dealer Manager (1) PostEmail: hr@mudonmaungmaung.comPhone: +959 977780091, +959 444008862, +959 4485...
19/01/2021

📢 We are hiring now…

Dealer Manager (1) Post

Email: [email protected]
Phone: +959 977780091, +959 444008862, +959 448535554

မကြာမီ နေပြည်တော်တွင်၌ ဖွင့်လှစ်မည့် Toyota Brand New Car Showroom မှာ ခန့်ထားမည့် Dealer Manager ရာထူးနေရာအတွက် အထက်ဖေါ်ပြပါ email နှင့် ဖုန်းနံပတ်များသို့ ၃၁-၁-၂၀၂၁ ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့လျှောက်ထားနိုင်ပါသည်။

Mudon Maung Maung Company Group လုပ်ငန်းစု၏ ဉက္ကဌကြီး ဒေါ်သန်းသန်းဦးအား သာသနာ့ဝန်များကို ထူးမြတ်စွာ ဆောင်ရွက်ခဲ့မှုကြောင...
04/01/2021

Mudon Maung Maung Company Group လုပ်ငန်းစု၏ ဉက္ကဌကြီး ဒေါ်သန်းသန်းဦးအား သာသနာ့ဝန်များကို ထူးမြတ်စွာ ဆောင်ရွက်ခဲ့မှုကြောင့်လည်းကောင်း၊ သဒ္ဓါတရားများဖြင့် လှုဒါန်းပြီး သာသနာတော်ကိုထောက်ပံ့ခဲ့ခြင်းကြောင့် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက
“အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ” ဟူသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ကို ပေးအပ်ချီးမြှင့်ခြင်းခံရသည့်အတွက် မုဒုံမောင်မောင်လုပ်ငန်းစု၏ မိသားစုဝင် ဝန်ထမ်းညီအစ်ကို မောင်နှမများမှ အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။ 🙏🙏🙏🙏🙏

25/03/2020

နေ့တိုင်းလက်ထဲကိုင်ထားရတဲ့ ဖုန်းတွေကို ပိုးမွှားတွေမကပ်တွယ်အောင် ဘယ်လို သန့်ရှင်းကြမလဲ။

Covid-19 ဗိုင်းရပ်စ် ပျံံ့နှံ့လာမှုနဲ့အတူ ရောဂါပိုးမွှား မပျံ့နှံ့အောင်၊ မိမိ ကိုယ်ကိုယ်လည်း မကူးစက်အောင် ကာကွယ်တဲ့အနေနဲ့မိမိတို့ရဲ့ဖုန်းတွေကို ဘယ်လို သန့်ရှင်းရေးလုပ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ မျှဝေချင်ပါတယ်။

“University College London” က Microbiologist တစ်ဦးဖြစ်သူ Dr. Lena Ciric ရဲ့အကြုံပြုချက်အရ

(၁) ပထမဦးဆုံး ဖုန်းကို ပိတ်ပါ။ ပလပ်ကြိုးများတပ်ထားရင် ဖြုတ်ပါ။ ဖုန်းကာဗာတပ်ထားရင် ကာဗာကိုလည်းဖြုတ်ပါ။

(၂) ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတိုင်းက သူတို့ရဲ့ဖုန်းတွေကို ဓာတုပစ္စည်းများ၊ လက်သန့်ဆေးများ၊ ကြမ်းတမ်းတဲ့ အဝတ်စက္ကူများနှင့် ပွတ်တိုက်ခြင်းမပြုဖို့သတိပေးထားပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် ဖုန်းရဲ့ကာကွယ်ပေးတဲ့ coating တွေကို ပျက်စီးစေမှာမို့လို့ပါ။

(၃) Microfiber အဝတ်စကို ရေနဲ့ဆပ်ပြာအနည်းငယ် စွတ်လိုက်ပြီး ဖုန်းရဲ့အရှေ့အနောက်မျက်နာပြင်ကို ငြင်သာစွာပွတ်ပေးပါ။
(အားသွင်းတဲ့အပေါက်နဲ့ကျန်သည့် ပွင့်နေသည့် အပေါက်များထဲ ရေမဝင်အောင်/ရေငွေ့မရိုက်အောင်ဂရုစိုက်ပေးပါ)။

(၄) ပြီးတာနဲ့Microfiber အဝတ်သန့်နဲ့အခြောက် ပွတ်တိုက်ပေးပါ။

Iphone ပိုင်ရှင်များအတွက်တော့ Apple ကနေ တရားဝင်ထုတ်ပြန်ထားချက်အရ 70% isopropyl အရက်ပြန်စက္ကူများနှင့် ပွတ်တိုက်သန့်စင်လို့ရတယ်လို့ဆိုပါတယ်။

နောက်ထပ်နည်းလမ်းတစ်ခုကတော့ Ultraviolet UVC radiation နဲ ့ ပိုးသတ်ပေးနိုင်တဲ့ စက်များဖြစ်ပါတယ်။ ဒီစက်ကိုအသုံးပြုတာက ဖုန်းကို ဒုက္ခမပေးနိုင်ပေးမယ့် အချိန်ကြာလာတာနဲ ့အမျှ ဖုန်း (သို့)ဖုန်းကာဗာရဲ အရောင်ပြောင်းတာတို့တော့ ဖြစ်တတ်ကြောင်း Dr. Lena Ciric ကဆိုပါတယ်။ (ဒါပေမယ့် ဒီလိုစက်များက မြန်မာမှာ မရှိလောက်သေးပါဘူး)

သတိပြုရန်

အပေါ်ကဘယ်လို နည်းလမ်းမျိုးပဲလုပ်လုပ်၊ သင့်လက်နဲ့ဖုန်းကို ထိပြီဆိုတာနဲ့ပိုးမွှားတွေက ပြန်ရောက်လာမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို ့လို ့ ကျန်းမာရေးဝန်ကြီးဌာနက အကြုံပြုထားတဲ့အတိုင်း မိမိလက် ကို သေသေချာချာ ကြိုကြားနဲ့လက်ကောက်ဝတ်ပါမကျန်၊ အပြင်က ပြန်လာတိုင်း၊ တစ်စုံတစ်ခုကိုင်တွယ်ပြီးတိုင်း ဆေးနေဖို့လိုအပ်ပါကြောင်းသတိပေးလိုက်ရပါတယ်။

MMM Group HR
Be safe & healthy

Ref: BBC news “ How to clean your smartphone safely”

ထမနဲထိုးပွဲ ....
08/02/2020

ထမနဲထိုးပွဲ ....

🙏🙏🙏 ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှစ၍ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဆင်နွှဲရင်း မိတ်ဆွေသင်္ဂဟများအားလုံး ကိုယ်စိတ်နှစ်ဖြာ က...
10/10/2019

🙏🙏🙏 ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှစ၍ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဆင်နွှဲရင်း မိတ်ဆွေသင်္ဂဟများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း မုဒုံမောင်မောင် ကုမ္ပဏီများလုပ်ငန်းစုမှ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ် 🙏🙏🙏

Address

No. 83, Depeyin Wunhtauk U Mye Street, Zone 4, Shwe Pyi Thar Industry
Yangon
11011

Alerts

Be the first to know and let us send you an email when Mudon Maung Maung Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share