JKL print pack.

JKL print pack. Hologram Security Seal and General Printing ,Gift boxes ,Paper magnetic boxes and paper cans ,paper tube Packaging Factory.Machinery Trading also.

11/05/2026
သင့်ထုတ်ကုန်တွေအတွက် Packaging အဆင့်မြင့်ဆောင်ရွက်နေပြီလား? သင့်အနီးနားမှာ JKL package supporting industry အမြဲရှိတယ်။ww...
21/04/2024

သင့်ထုတ်ကုန်တွေအတွက် Packaging အဆင့်မြင့်ဆောင်ရွက်နေပြီလား?
သင့်အနီးနားမှာ JKL package supporting industry အမြဲရှိတယ်။
www.printpackjkl.com 09458282121, 095023189,09264478876
Auto labeling အတွက် Roll label ‌stickerတွေ၊ Auto Packages တွေအတွက်( Printing+UV+Diecutting + serial numbring+ Glueing)
Complete set တွေနဲ့ သင့်ထုတ်ကုန်တွေကိုဝန်ဆောင်မှုပေးနေပါတယ်။

30/03/2024

စားသောက်ကုန်စက်ရုံ၊ အလုပ်ရုံတွေကနေ ထွက်ရှိလာတဲ့ ရေဆိုးရေညစ်တွေကို စနစ်တကျ သန့်စင်မထားဘဲ လွယ်လင့်တကူစွန့်ပစ်တဲ့ အလေ့အထမျိုးတွေဟာ ယနေ့ခေတ်မှာ မရှိသင့်တော့ပါဘူး။

ဘာကြောင့်လဲဆိုရင်တော့ ရေဆိုးရေညစ်တွေကို စနစ်တကျမသန့်စင်ဘဲ စွန့်ပစ်လိုက်တဲ့အခါ Quality of Life (လူနေမှုဆိုင်ရာအရည်အသွေး) များ ထိခိုက်လျော့ကျစေနိုင်တာကြောင့် ရေရှည်တည်တံ့ခြင်း (Sustainability) ကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

ရေဆိုးရေညစ်တွေကြောင့် ထိခိုက်စေနိုင်တဲ့ လူနေမှုဆိုင်ရာအရည်အသွေးတွေကတော့

💧 ကျန်းမာရေးဆိုင်ရာထိခိုက်မှုများ - သန့်စင်ထားမှုမရှိတဲ့ ရေဆိုးရေညစ်တွေဟာ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့် ကပ်ပါးပိုးများ ပေါက်ဖွားနေနိုင်ပါတယ်။ အခုလို ကျန်းမာရေးထိခိုက်လာတဲ့အခါမှာ ပျော်ရွှင်ကျန်းမာတဲ့ လူနေမှုဘဝကို မရရှိနိုင်တဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် ဝန်ပိလာစေနိုင်ပါတယ်။

💧 ပတ်ဝန်းကျင်ထိခိုက်မှုများ - ရေဆိုးရေညစ်တွေဟာ ရေနေသတ္တဝါများအပေါ်မှာ သက်ရောက်မှုများစွာရှိတဲ့အပြင် ရေညစ်ညမ်းမှုကို ဖြစ်ပေါ်စေတဲ့အတွက် ရေနှင့်ပတ်သက်တဲ့လုပ်ငန်းများ (ဥပမာ-တံငါလုပ်ငန်း) နှင့် မြစ်ချောင်းအင်းအိုင်အနီးအနား နေထိုင်သူများရဲ့ လူနေမှုဘဝကို ထိခိုက်စေနိုင်ပါတယ်။

💧 စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ - ရေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါဆိုးများကို နေထိုင်သူများ အစဉ်အမြဲစိုးရိမ်ပူပန်နေရတာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ရှိလာနိုင်ပါတယ်။ စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများနှင့် အကူအညီမဲ့မှုများကို နေထိုင်သူအများစု ခံစားရလာနိုင်ပါတယ်။

💧 လူနေမှုတန်ဖိုးကျဆင်းမှုများ - ကျန်းမာရေးထိခိုက်မှုများ၊ ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကြောင့် လူအများနေထိုင်လိုစိတ် မရှိကြတဲ့အခါမှာ အိမ်ခြံမြေတန်ဖိုးများ ကျဆင်းနိုင်တဲ့အပြင် ရေရှည်တည်တံ့တဲ့ လူနေမှုအသိုင်းအဝိုင်းကို ဖန်တီးနိုင်စွမ်းလျော့ကျနိုင်လို့ စီးပွားရေးအခွင့်အလမ်းများလည်း ပိတ်ဆို့သွားနိုင်ပါတယ်။

အခုလိုမျိုး ရေဆိုးရေညစ်တွေကို စနစ်တကျမစွန့်ပစ်နိုင်ခြင်းဟာ မိမိတို့ရဲ့ Quality of Life ကိုသာ ပြန်လည်ထိခိုက်လာစေနိုင်တာကြောင့် စားသောက်ကုန်လုပ်ငန်းရှင်များအနေဖြင့် စက်ရုံ၊ အလုပ်ရုံမှ ထွက်ရှိလာတဲ့ ရေဆိုးရေညစ်တွေကို စနစ်တကျသန့်စင်ပြီးမှ စွန့်ပစ်ဖို့အတွက် အလေးထားကြိုးပမ်းသင့်ပါတယ်။

ရေဆိုးရေညစ်တွေကို သန့်စင်တဲ့အခါမှာလည်း နည်းစနစ်တကျ သန့်စင်နိုင်ဖို့အတွက် Wastewater Testing Parameter အမျိုးမျိုးဖြင့် ဓာတ်ခွဲစစ်ဆေးလိုပါက တိကျသေချာတဲ့ FIDSL ဓာတ်ခွဲခန်းမှာ လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

ဓာတ်ခွဲစမ်းသပ်စစ်ဆေးဖို့အတွက် တနင်္လာမှ သောကြာနေ့အထိ ရုံးချိန် (မနက် ၉ နာရီမှ ညနေ ၅ နာရီ) အတွင်း Sample များကို လက်ခံပေးလျက်ရှိပါတယ်။

☎️ စမ်းသပ်စစ်ဆေးနိုင်တဲ့ သတ်မှတ်ချက် (Parameters) များကို အသေးစိတ်စုံစမ်းလိုပါက ဆက်သွယ်ရန် - 09-887805900, 09887805901

🏢 လိပ်စာ - ၇ လွှာနှင့် ၁၀ လွှာ၊ UMFCCI ရုံးချုပ်၊ အမှတ်-၂၉၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

30/03/2024

သံဓာတ် (Iron) ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ ဓာတ်သတ္တု (Essential Minerals) တွေထဲက ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။

အဆုတ်ထဲက အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သယ်ပို့ပေးနိုင်ဖို့အတွက် သွေးနီဥထဲမှာ Hemoglobin နှင့် ကြွက်သားတွေဆီကို သယ်ပို့ပေးနိုင်ဖို့ Myoglobin တို့ကိုဖန်တီးပြုလုပ်ဖို့အတွက် သံဓာတ်ကို လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းမွန်မှုအတွက်မှာလည်း သံဓာတ်ဟာ အရေးပါပါတယ်။

နေ့စဉ်စားသောက်မှုမှာ သံဓာတ်ပြည့်ဝစွာ မပါဝင်တဲ့အခါ သံဓာတ်ချို့တဲ့မှုကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းနှင့် အာရုံစူးစိုက်နိုင်စွမ်းကျဆင်းခြင်းတို့ကို ရင်ဆိုင်ရနိုင်ပါတယ်။ ကလေးငယ်တွေမှာဆိုရင် ခန္ဓာကိုယ်နှင့် ဦးနှောက်ဖွံ့ဖြိုးမှုပိုင်းမှာ နှောင့်နှေးလာနိုင်တာကြောင့် သင်ယူနိုင်စွမ်းတွေပါ လျော့ကျလာနိုင်ပါတယ်။

ဒါပေမဲ့လည်း သံဓာတ်ကို အလွန်အကျွံ စားသုံးမိတဲ့အခါမှာ မအီမသာဖြစ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် ဗိုက်ရစ်ဗိုက်နာခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေမှာဆိုရင် အစာအိမ်ရောင်ရမ်းခြင်း၊ ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်ခြင်း၊ ကိုယ်တွင်းအင်္ဂါယိုယွင်းပျက်စီးခြင်း၊ တက်ခြင်း၊ သတိမေ့မြောခြင်းနှင့် သေဆုံးခြင်းတို့အထိပါ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ်အတွက် အရေးကြီးတယ်ဆိုပေမဲ့ နည်းလွန်းရင်လည်းမကောင်း၊ များလွန်းရင်လည်း ဘေးဖြစ်စေတဲ့ သံဓာတ်ကို ချင့်ချိန်စားသုံးတတ်ဖို့ လိုပါတယ်။ သံဓာတ်ကို နေ့စဉ်စားသောက်မှုမှာ အရွယ်ရောက်ပြီးတဲ့ ယောကျာ်းလေးတိုင်း နေ့စဉ် 8 mg ပမာဏ၊ အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတိုင်း နေ့စဉ် 18 mg ပမာဏကို စားသုံးသင့်ပါတယ်။ အသက် (၅၀) ကျော်သွားတဲ့ မိန်းကလေးတွေကတော့ နေ့စဉ် 8 mg ပမာဏကိုသာ စားသုံးသင့်ပါတယ်။

အခုလို စားသုံးသူတွေ ချင့်ချိန်စားသုံးနိုင်ဖို့ စားသောက်ကုန်တွေမှာလည်း သံဓာတ်ပါဝင်မှုပမာဏကို ထည့်သွင်းဖော်ပြပေးဖို့ လိုပါတယ်။ ဒါတင်မက ပါဝင်သင့်တဲ့ သံဓာတ်ပမာဏအတိုင်း ပါဝင်မှုမရှိတာ (ဒါမှမဟုတ်) အများအပြားပါဝင်နေတာမျိုး မဖြစ်ဖို့ကိုလည်း တိကျသေချာစွာ ဓာတ်ခွဲစစ်ဆေးထားပါမှ စားသုံးသူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းစေမှာဖြစ်ပါတယ်။

စားသောက်ကုန်လုပ်ငန်းရှင်များလည်း မိမိတို့ထုတ်လုပ်ရောင်းချနေတဲ့ စားသောက်ကုန်တွေဟာ အာဟာရဖြစ်ပြီး ကျန်းမာရေးအတွက် သင့်လျော်ကြောင်း သေချာစေဖို့ Essential Minerals အမျိုးမျိုးကို ဓာတ်ခွဲစစ်ဆေးလိုပါက FIDSL ဓာတ်ခွဲခန်းမှာ လာရောက်စစ်ဆေးနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ဓာတ်ခွဲစမ်းသပ်စစ်ဆေးဖို့အတွက် တနင်္လာမှ သောကြာနေ့အထိ ရုံးချိန် (မနက် ၉ နာရီမှ ညနေ ၅ နာရီ) အတွင်း Sample များကို လက်ခံပေးလျက်ရှိပါတယ်။

☎️ စမ်းသပ်စစ်ဆေးနိုင်တဲ့ သတ်မှတ်ချက် (Parameters) များကို အသေးစိတ်စုံစမ်းလိုပါက ဆက်သွယ်ရန် - 09-887805900, 09887805901

🏢 လိပ်စာ - ၇ လွှာနှင့် ၁၀ လွှာ၊ UMFCCI ရုံးချုပ်၊ အမှတ်-၂၉၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

01/03/2024

စားသောက်ကုန်လုပ်ငန်းရှင်များအတွက် အထူးသတင်းကောင်း

MFPEA page တွင် မိတ်ဆက်ဆောင်ရွက်ပေးမဲ့အစီအစဉ်မှာ MFPEA နှင့်အတူ လက်တွဲဆောင်ရွက်လျက်ရှိပြီး FIDSL ဓာတ်ခွဲခန်းမှာ ပုံမှန် (သို့မဟုတ်) လစဉ်စစ်ဆေးဆောင်ရွက်နေသော စားသောက်ကုန်လုပ်ငန်းရှင်များ ပါဝင်လျှောက်ထားနိုင်ပါပြီ။

စားသောက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်တည်ထောင်ထားတဲ့ MFPEA ဟာ လက်ရှိအချိန်မှာ စားသောက်ကုန်လုပ်ငန်းရှင်ပေါင်းများစွာနှင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (၁၈) နှစ်ကျော်ကြာ အောင်မြင်မှုများစွာနှင့် ဂုဏ်ယူစွာရပ်တည်လျက်ရှိပါတယ်။

စားသောက်ကုန်အရည်အသွေးမြှင့်တင်ပေးဖို့အတွက် FIDSL ဓာတ်ခွဲခန်းကိုလည်း တည်ထောင်ထားပြီး Singapore Accreditation Council (SAC) မှ နိုင်ငံတကာအသိအမှတ်ပြု ISO/IEC 17025:2017 ISO ထောက်ခံချက်ရရှိထားတဲ့ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းကြီးဖြစ်ပါတယ်။

အခုလို FIDSL ဓာတ်ခွဲခန်းမှာ စဉ်ဆက်မပြတ်စစ်ဆေးပြီး အရည်အသွေးပြည့်မီတဲ့ စားသောက်ကုန်အမှတ်တံဆိပ်များကို MFPEA page မှာ မိတ်ဆက်ပေးဖော်ပြဖို့အတွက် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

MFPEA အသင်းအဖွဲ့၏ page မှာ စားသောက်ကုန်ထုတ်လုပ်ငန်းများကို မိတ်ဆက်ဖော်ပြပေးနိုင်ဖို့အတွက် အသေးစိတ်အချက်အလက်ကို အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်၍ဖြစ်စေ၊ MFPEA ရုံးချုပ်သို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်ဖုန်းနံပါတ် - ☎️ - 09-887805900, 09887805901
🏢 လိပ်စာ - ၇ လွှာနှင့် ၁၀ လွှာ၊ UMFCCI ရုံးချုပ်၊ အမှတ်-၂၉၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
MFPEA

JKL Packaging is one of the leading paper tube manufacturers across a variety of retail and industrial applications. Whe...
22/10/2023

JKL Packaging is one of the leading paper tube manufacturers across a variety of retail and industrial applications. Whether you need a standard or customized tube, we can create exactly what you need, at a price that's of our are made from 100% recyclable
Our experts can help you with everythine.
www.printpackjkl.com, 095023189,09264478876,09458282121.

09/09/2023

အစဉ်တစိုက်အားပေးနေပါသော မိတ်ဟောင်းမိတ်သစ်များအားလှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။ www.printpackjkl.com

ပြည်တွင်းဈေးကွက်အပြိုင်အဆိုင်များလာပြီဆိုရင် ပုံစံတူ ဆင်တူလိုက် အတုအပ တွေနဲ့ ဈေးကွက်လုယူဖို့ကြိုးစားလာရင်၊ JKL hologram ...
07/09/2023

ပြည်တွင်းဈေးကွက်အပြိုင်အဆိုင်များလာပြီဆိုရင် ပုံစံတူ ဆင်တူလိုက် အတုအပ တွေနဲ့ ဈေးကွက်လုယူဖို့ကြိုးစားလာရင်၊ JKL hologram security seals တွေက သင့်အောင်မြင်မှုနဲ့အကျိုးအမြတ်တွေကိုအကာကွယ်ပေးနိုင်ပါလိမ့်မယ်။ www.printpackjkl.com Tel:09264478876.

လုပ်ငန်းရှင်တို့အတွက် အဆင်မြင့်ထုတ်ကုန်ဆိုတာခေတ်အလိုက်လိုအပ်နေအုံးမှာပဲ၊ အထူးသဖြင့် လှပပြီးဈေးကွက်နေရာဝင်မယ်၊ အစားအသောက်...
07/09/2023

လုပ်ငန်းရှင်တို့အတွက် အဆင်မြင့်ထုတ်ကုန်ဆိုတာခေတ်အလိုက်လိုအပ်နေအုံးမှာပဲ၊ အထူးသဖြင့် လှပပြီးဈေးကွက်နေရာဝင်မယ်၊ အစားအသောက်ကုန်တွေအတွက်လည်းသင့်တော်တယ်၊ we‌ast တွေကလည်းပတ်ဝန်းကျင်အတွက် အမြဲအကျိုးပြုနေမယ်ဆိုရင် ထုတ်လုပ်သူတွေအတွက်ရော၊စားသုံးသူမိဘပြည်သူတွေအတွက်ရော၊ကျတော်တို့ရဲ့ပတ်ဝန်းကျင်ကြီးအတွက်ပါ စိုပြေစေတာပေါ့ဗျာ။ www.printpackjkl.com. 09264478876, 09400356588.

01/03/2023

Address

No. 21, 14th Street Lanmadaw T/s . Yangon
Yangon

Alerts

Be the first to know and let us send you an email when JKL print pack. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JKL print pack.:

Share