Synthesis Productions

Synthesis Productions အကောင်းဆုံးစီးပွားရေးကြော်ငြာများထုတ်လုပ်ပေးနေသောကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

Permits
We are working legally for decades and rewarded reputation among government and film industry, and expert on all kinds of necessary permits. Pre-Production
• Budgeting
• Contracting
• Idea & concept developing
• Script/screen play developing
• Script translation English/Burmese & Script Breakdown
• Storyboarding
• Arranging office facilities
• Production design developing
• Location scouti

ng/ securing location permits
• Arranging all necessary shooting permits & government permissions
• Arranging invitation letter and visas
• Arranging crews and equips immigration and airport service
• Casting talent, extras
• Assist travel and living arrangements
Production
• Hiring freelance professional crews in all departments
• Renting equipment: camera, sound, grip, lighting, rigging etc.
• Creating and/or securing props & set dressing
• Sets construction setup & craft service
• Wardrobe creation, purchase & rental
• Arranging transportation services
• Arranging catering services
• Hiring hair & makeup artists / SFX makeup artists
Post-Production
o Post production services & editing (offline/online)
o Coordinating with international lab, tele cine houses
o Sound design
o SFX & VFX
Photography
• Billboard / Magazine / Journal / Poster / Banner and other print adverts.
• Landscape & Table Top (Product Shot) Photography
And Music Productions.

🍀 Happy New Year 2026 🍀Synthesis Productions နဲ့ နှစ်ပေါင်း 14 နှစ်ကျော်အလုပ်လုပ်ခဲ့ကြသော အလုပ်ရှင်များ၊ ကျေးဇူးရှင်များ...
01/01/2026

🍀 Happy New Year 2026 🍀

Synthesis Productions နဲ့ နှစ်ပေါင်း 14 နှစ်ကျော်
အလုပ်လုပ်ခဲ့ကြသော အလုပ်ရှင်များ၊ ကျေးဇူးရှင်များနှင့် လုပ်ဖော်ကိုင်ဖက်များအားလုံး၏ ယုံကြည်မှု၊ ကူညီပံ့ပိုးမှုနှင့် လက်တွဲမှုများကို လေးလေးနက်နက် ကျေးဇူးတင်အပ်ပါတယ်ခင်ဗျာ။

နှစ်သစ် ၂၀၂၆ ခုနှစ်မှာ
ကျန်းမာချမ်းသာမှု၊ စိတ်အေးချမ်းမှုနှင့်
အောင်မြင်တိုးတက်မှုများ အားလုံး
ပြည့်စုံပါစေကြောင်း
မေတ္တာဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

🍀 Happy New Year 2026 🍀

10/06/2025

🥰 Produced by Synthesis Productions—
where vision meets artistry,
🎬
Special Thanks To 🥰

Client: Enervon-C Kidz Myanmar
Agency: Techno Galaxy
Director & Producer: Min Soe Thiha @ Phoe Lone
Cinematographer: Gyi
Line Producer: Tin Nyi Nyi Tun Htun
Gaffer: Thuwunna @ Thel Ko Ye
AD: Mone Chang
PC: Naung Htut
Production Design: Synthesis Productions
Post Production: Synthesis Productions

A heartfelt thank you to all the incredible actors and dedicated film crews who brought this vision to life. Your talent and commitment made this project truly exceptional.

Connect with Synthesis Productions
Let’s Create Together—Reach Out Today!

Synthesis Productions
[email protected]
09250000905
09777888008

28/04/2025

✨Enervon-C Short Video Contest 2025 ✨

Enervon-C Myanmar ကနေ ဖေဖော်ဝါရီလ ၈ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ
အနယ်နယ်အရပ်ရပ်က စည်းမျဉ်းစည်းကမ်းနဲ့အညီ ပေးပို့လာတဲ့ပြိုင်ပွဲဝင် Short Video များစွာရှိခဲ့ပါတယ်။
ပေးပို့လာတဲ့ Short Video အားလုံးဟာ ကြိုးစားအားထုတ်မှုတွေကို အကောင်းဆုံးဖန်တီးမှုများနဲ့
ပေါင်းစပ်ထားတာတွေ့ရလို့ ဂုဏ်ယူစရာပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်၊၊ 🏆

ရွေးချယ်ရခက်ခဲတဲ့ Short Video များစွာထဲကမှ ပေးအပ်ချီးမြှင့်ခဲ့တဲ့ဆု အသီးသီးအတွက်
အထိုက်တန်ဆုံးနဲ့ အကောင်းဆုံး၊ စည်းမျဉ်းစည်းကမ်းများနဲ့ အကိုက်ညီဆုံး Video တွေကို အကဲဖြတ်ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်ပေးတဲ့ နာမည်ကြီးဒါရိုက်တာ ၂ ဦးနဲ့အတူ Enervon-C တို့ ပူးပေါင်းပြီး အမှတ်ပေးစည်းမျဉ်းများနဲ့အညီ ရွေးချယ်ပေးလိုက်တာပဲဖြစ်ပါတယ်။ 📝✅

အကဲဖြတ် ဒိုင်များအဖြစ်ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ ဒါရိုက်တာ ကိုမင်းစိုးသီဟ @ ကိုဖိုးလုံး (Synthesis Production) နဲ့ ဒါရိုက်တာ ကိုအောင်မြတ် (Dream Walkerz Production) တို့မှ ဘယ်လို အချက်တွေအပေါ်မူတည်ပြီး အကဲဖြတ် အမှတ်ပေးခဲ့ကြတယ်ဆိုတာကို အခုလိုပဲ ရှင်းလင်းပြောကြားပေးခဲ့ကြပါတယ်... 🎬

အခုလို စိတ်ဝင်တစားနဲ့ အားတက်သရော ပါဝင်ယှဉ်ပြိုင်ကြတဲ့အတွက် ပြိုင်ပွဲဝင် Creator တစ်ဦးချင်းစီကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကြောင်း ထပ်မံပြောကြားပါရစေခင်ဗျာ...🙇‍♀️🙇

#

☘️12.4.2025 ☘️ ( စနေ နေ့  )မဂ်လာရှိတဲ့ တန်ခူး လပြည့် ဥပုသ်နေ့ဖြစ်ပါတယ်။အားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါ...
11/04/2025

☘️12.4.2025 ☘️ ( စနေ နေ့ )
မဂ်လာရှိတဲ့ တန်ခူး လပြည့် ဥပုသ်နေ့ဖြစ်ပါတယ်။
အားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေ။ ဒုက္ခအပေါင်း၊ ဘေးဘယာအပေါင်း၊ သောကအပေါင်း ကင်းဝေးကြပါစေ လို့ Synthesis Productions မှ ဆုတောင်းမေတ္တာ ပေးဖို့အပ်ပါတယ်။🙏🙏🙏

Enervon-C Myanmar  ရဲ့ 2025 Short Video Contest လေး ပြီးဆုံးသွားပါပြီ။ ဆုရ ရှိသွားတဲ့ ပြိုင်ပွဲဝင်တွေအတွက် ဝမ်းသာရသလို၊ ...
27/03/2025

Enervon-C Myanmar ရဲ့
2025 Short Video Contest လေး ပြီးဆုံးသွားပါပြီ။ ဆုရ ရှိသွားတဲ့ ပြိုင်ပွဲဝင်တွေအတွက် ဝမ်းသာရသလို၊ အဓိကပြောချင်တာကတော့
ကြိုးစားယှဉ်ပြိုင်ပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို လေးစားစွာ ကျေးဇူးတင်မိပါတယ်။ 🙏

ဆု ရလဒ်တွေဟာ ပြိုင်ပွဲဝင် တဦးချင်းစီရဲ့ ပင်ကိုယ် အရည်အချင်းကို ဆုံးဖြတ် သတ်မှတ် ကန့်သတ် လိုက်တာမဟုတ်ပါဘူး။💐

ဘယ်ပြိုင်ပွဲမှာမဆို ..... ပြိုင်ပွဲတခုမှာ အကဲဖြတ်ရတဲ့ စည်းကမ်းသတ်မှတ်ချက်၊ အကဲဖြတ် အမှတ်ပေးတဲ့ ဒိုင်တွေ၊ ပြိုင်ပွဲစီစဉ်မှုနဲ့ ပတ်သက်တဲ့ အရေးကြီး stakeholder တွေ ပေါ်မူတည်ပြီး ပြိုင်ပွဲ တွေရဲ့ ရလဒ်ဟာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။✅

ကိုယ့်ရဲ့ ပင်ကိုယ် အရည်အချင်း ကို
လုံးဝ သံသယ မရှိပါနဲ့။ 💪🙏🥰

ဆု မရ တဲ့ ..... သူတွေထဲမှာ လက်ရှိ ကျနော်နဲ့ အတူ အလုပ်တွဲ လုပ်နေတဲ့သူတွေ၊ ကျနော်နဲ့ ညီအကို မောင်နှမ လို အရမ်း ခင်မင်ရင်းနှီးတဲ့ သူတွေအများကြီးပါပါတယ်။ သူတို့အတွက်တော့ personally အရ စိတ်မကောင်းဖြစ်ရပါတယ်။🙏🍀💪

တချို့Video ဆိုရင် ပြိုင်ပွဲစည်းကမ်းချက်တွေနဲ့ လုံးဝ မကိုက်ညီပေမယ့် ...... သူတို့ရဲ့ အနုပညာအရ ကျနော်တို့ ဒိုင်တွေ စိတ်ကြိုက် ပေးခွင့်ရှိတဲ့ ၁၀ မှတ် အတွင်းမှာတော့ သူတို့တွေဟာ အမှတ်ပြည့် ရရှိထားခဲ့ကြပါတယ်။

ဘဝဟာ ပြိုင်ပွဲသေးသေးလေးတစ်ခုထက် အများကြီး ပိုပြီးနက်နဲပါတယ်။

ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့
တစ်ဦးနဲ့တစ်ဦး ဖေးမကူညီရင်းနဲ့
တကယ့် ဘ၀ အောင်မြင်မှု ပန်းတိုင်အစစ်ကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။🙏

လေးစားစွာဖြင့်
Min Soe Thiha @ Phoe Lone
Founder/ Producer / Director
Synthesis Productions

ပြိုင်ပွဲကာလ ပြီးပါပြီ ❗️❗️❗️Enervon-C Short Video Contest 2025 ပြိုင်ပွဲကြီးက ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ ✨ ပါ၀င်ယှဥ...
20/03/2025

ပြိုင်ပွဲကာလ ပြီးပါပြီ ❗️❗️❗️

Enervon-C Short Video Contest 2025 ပြိုင်ပွဲကြီးက ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ ✨
ပါ၀င်ယှဥ်ပြိုင်ကြတဲ့ ပြိုင်ပွဲ၀င် ညီအစ်ကိုမောင်နှမများ အားလုံးကို အင်နာဗွန်-စီ က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ✨

ပြိုင်ပွဲနောက်ဆုံးနေ့ဖြစ်တဲ့ ၁၈ ရက်နေ့၊ ည ၁၂ နာရီအထိ ပေးပို့ထားတဲ့ ပြိုင်ပွဲ၀င် Video တွေအားလုံးကို ပြီးဆုံးသည်အထိ တင်ပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော်ကြည့်ရှုရင်း Voting တွေနဲ့ အားဖြည့်ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။

🔴 Social Star (Voting) Award ဆုအတွက် SMS Voting နဲ့ Social Star (TikTok) Award ဆုအတွက် TikTok Video Engagement (Reaction, Comment, Share) Voting တွေကိုတော့ မတ်လ ၂၀ ရက်နေ့ ည ၁၂ နာရီအတိမှာ ပိတ်သိမ်းသွားမှာဖြစ်ပါတယ်။

🔴 အားလုံးရင်ခုန်နေကြတဲ့ ဒီပြိုင်ပွဲကြီးရဲ့ Winner တွေကိုတော့ မတ်လ ၂၆ ရက်နေ့မှာ Enervon-C Myanmar page ကနေ ကြေညာပေးသွားမှာပဲ ဖြစ်ပါတယ်။

ကဲ ဒါဆိုရင် ဒီနှစ်အတွက် Enervon-C Short Video Contest 2025 ပြိုင်ပွဲကြီးရဲ့ ဆုကြီးတွေကို ထိုက်ထိုက်တန်တန် သိမ်းပိုက်သွားမယ့် Winner တွေက ဘယ်သူတွေ ဖြစ်မလဲဆိုတာ ရင်ခုန်စွာနဲ့ ဆက်လက်စောင့်မျှော်ရင်း ကျန်ရှိနေသေးတဲ့အချိန်လေးမှာ ကိုယ်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို Voting ပေးလိုက်ရအောင်လားခင်ဗျာ . . .🥳🥳

#ပြီးပြည့်စုံတဲ့အင်နာဗွန်စီသောက်

Enervon C ရဲ့ Short Video Contest မှာVideo တင်ဖို့ ၂ ရက် သာ လိုပါတော့တယ်။ March လ ၁၈ ရက်နေ့ မတိုင်မှီ /အမှီ ပေးပို့နိုင်...
16/03/2025

Enervon C ရဲ့ Short Video Contest မှာ
Video တင်ဖို့ ၂ ရက် သာ လိုပါတော့တယ်။
March လ ၁၈ ရက်နေ့ မတိုင်မှီ /အမှီ ပေးပို့နိုင်ဖို့
တိုက်တွန်းလိုက်ပါတယ်။

အမှတ်ပေးတဲ့နေရာမှာလည်း ပိုပြီး တိကျမှုရှိအောင်၊မှန်ကန်မှုရှိအောင် အခု ဒုတိယအကြိမ် ထပ်မံကြည့်ရှု စစ်ဆေးပေးနေပါတယ်။

အားလုံးပဲ Fighting ပါ။ 💪🍀🥰

Celebrating my 8th year on Facebook. Thank you Clients, Agencies, Friends and Colleges for your continuing support. I co...
13/03/2025

Celebrating my 8th year on Facebook. Thank you Clients, Agencies, Friends and Colleges for your continuing support. I could never have made it without you. 🙏🤗🎉

Transform Your Brand with Powerful Visual Marketing in 2025!

Your brand deserves to stand out, attract customers, and drive success and that’s exactly what we deliver!

Our professional advertising production creates stunning photos and videos that bring your brand to life.

✨ Increase Brand Visibility
✨ Engage & Attract More Customers
✨ Boost Sales with Eye-Catching Ads
✨ Build a Strong & Memorable Identity

From concept to ex*****on, we craft visuals that make an impact and drive real results.

Let’s create something extraordinary for your brand!

Contact us anytime to get started!
09250000905
09777888008
[email protected]

ယနေ့ကျရောက်တဲ့ “တပေါင်းလပြည့်နေ့” အခါသမယတွင် အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း Synthesis Producti...
13/03/2025

ယနေ့ကျရောက်တဲ့ “တပေါင်းလပြည့်နေ့” အခါသမယတွင် အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း Synthesis Productions မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်🙏။

သူတော်ကောင်းများ၊ သူတော်ကောင်းတရားများနဲ့သာ ဆုံစည်းနိုင်ခွင့် ရကြပါစေ။ 🙏

Address

Yangon

Alerts

Be the first to know and let us send you an email when Synthesis Productions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Synthesis Productions:

Share