Banking Technologies and Processes - Myanmar

Banking Technologies and Processes - Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Banking Technologies and Processes - Myanmar, Bank equipment & service, Yangon.

မင်္ဂလာပါ…ဘဏ်အကြောင်း နည်းးပါးး သိရင် Basel ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။Basel ဆိုတာ Switzerland 🇨🇭 နိုင်ငံမှာရှိတဲ့ ...
24/09/2025

မင်္ဂလာပါ…ဘဏ်အကြောင်း နည်းးပါးး သိရင် Basel ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး။

Basel ဆိုတာ Switzerland 🇨🇭 နိုင်ငံမှာရှိတဲ့ မြို့လေး နာမည်ပါ။ ဒီမြို့မှာ ဗဟိုဘဏ်တွေသဘောတူပြီး ဘဏ်တွေလိုက်နာသင့်တဲ့ စည်းကမ်းတွေကို (standards စံနှုန်း) တွေကို သဘောတူခဲ့လို့ Basel Accords လို့ခေါ်တာဖြစ်ပါတယ်။

Basel 1,2,3,4 ကတော့ စည်းကမ်းတွေထုတ်တဲ့ version နံပတ်တွေပေါ့

Basel accord ဘာလို့ ပေါ်လာတာလဲဆိုတာကို သိဖို့ ဘဏ်ရဲ့ အခြေခံအလုပ်ကို အရင်သိသင့်ပါတယ်။

ဘဏ်က ငွေစုသူတွေရဲ့ ပိုက်ဆံကို ထုတ်ချေးခွင့်ရှိတဲ့ license ရ အဖွဲ့အစည်းဖြစ်တယ်။ logic က များများ ချေးလေ အတိုးများများရလေ ပိုအမြတ်ရလေပေါ့

ဒါမဲ့ စုသမျှအကုန်ထုတ်ချေးရင် ငွေစုသူတွေ သူတို့ငွေပြန်လာထုတ်လို့ ပေးစရာမရှိရင် ခက်ပြန်ရော။ အပ်ငွေပြန်မရတော့ ဒေဝါလီခံတော့ မလိုဘာညာတွေ ထင်ခံရဖြစ်ကုန်ရော

အဲတော့ ဘယ်လောက်အထိချေးပြီး ဘယ်လောက်ချန်ထား သင့်သလဲဆိုတာ Basel သဘောတူညီချက်က သတ်မှတ်ပါတယ်။ ဒါကို minimum capital requirements လို့ခေါ်ပါတယ်။ Basel 1 မှာတော့ 8% ချန်ထားရမယ်လို့ သတ်မှတ်ပါတယ်။

နောက်ကွယ်မှာတော့ တွက်နည်းတွေ အများကြီးရှုပ်ထွေးပါတယ်။ version မြင့်လေ တွက်ရခက်လေပေါ့။



#

မင်္ဂလာပါ..ဘဏ်ကဒ်နဲ့ စျေးဝယ်ရင် Customers အတွက် စက်ကလေးမှာတို့လိုက်ရုံဘဲ၊ online form ဖြည့်ရုံလေးဆိုပေမဲ့ နောက်ကွယ်မှာ င...
23/09/2025

မင်္ဂလာပါ..ဘဏ်ကဒ်နဲ့ စျေးဝယ်ရင် Customers အတွက် စက်ကလေးမှာတို့လိုက်ရုံဘဲ၊ online form ဖြည့်ရုံလေးဆိုပေမဲ့ နောက်ကွယ်မှာ ငွေရှင်းကြတဲ့ အခါ အဖွဲ့တွေ အများကြီးပါဝင်ပါတယ်။

ဥပမာ PayPal ဆို သူနဲ့ချိတ်ထားတဲ့ နောက်ကွယ် Visa / Master payment networks တွေ၊ ဘဏ်တွေက ငွေပြောင်းငွေလွှဲ​တွေ ဆောင်ရွတ်​ပေးတယ်။ ဒီလုပ်ဆောင်မှုတွေစုပြီး Payment Ecosystem လို့ခေါ်ပါတယ်။

အောက်ဆုံး အဆင့် (blue box 🟦) မှာ Individual (သုံးစွဲသူ) က ငွေချေမယ်ဆိုရင် Payment Service Provider (PayPal, Stripe စသည်) ကို သုံးတယ်။

နောက်တဆင့်တက်ပြီး (pink box 🟪) မှာ Payment Service Provider က Card Scheme (VISA, Mastercard) နဲ့ Commercial Bank တွေကို ချိတ်ဆက်ပေးတယ်။

အဲ့ဒီ Commercial Bank တွေက တဆင့်တက်ပြီး (green box 🟩) မှာ ဗဟိုဘဏ်နဲ့ Interbank System မှာ အပြန်အလှန် ချိတ်ဆက်ထားတယ်။

ဘဏ်တွေကြားထဲမှာ Tink စတဲ့ Fintech providers တွေက ထပ်ခါထပ်ခါ လွယ်ကူအောင် API integration support ပေးနေပါတယ်။

Digital Bank ဆိုတာ branch မရှိဘူး၊ ATM မရှိဘူး။တချို့ဆို Call center လည်း မရှိဘူး။ သူတို့ app ကို Download လုပ်ပြီး၊ အ​က...
16/09/2025

Digital Bank ဆိုတာ branch မရှိဘူး၊ ATM မရှိဘူး။

တချို့ဆို Call center လည်း မရှိဘူး။

သူတို့ app ကို Download လုပ်ပြီး၊ အ​ကောင့်ဖွင့်လို့ရပြီ။

ပြီးရင် အခြားဘဏ်အ​ကောင့်က​နေ Digital Bank အ​ကောင့်ထဲ ငွေလွှဲလို့ရတယ်။

အ​ကောင့်မဖွင့်လည်း app က​နေ ငွေ​ချေးလို့ရတယ်။

ဒီ app က သူတို့ဘဏ်နဲ့ ဆက်သွယ်ရမဲ့ တစ်ခုတည်း​သော channel ပေါ့။

ဒါကြောင့် ပုံမှန်ဘဏ်​တွေနဲ့ ယှဉ်ရင် operation cost အရမ်းနည်းပါတယ်။

ဒါကြောင့် ငွေအပ်ရင် အခြားဘဏ်တွေထက် အတိုးပိုပေးနိင်တယ်။

ငွေချေးရင် အတိုးလျော့ ချေးနိုင်တယ်။

ဒါပေမဲ့ ထင်သလောက်မအောင်မြင်ကြဘူး။

ဘာလို့လည်း ဆိုတော့ Digital banks တွေပေးတဲ့ services တွေက

ရိုးရိုးဘဏ်တွေမှာလည်း ရှိနေလို့ပါ။

ဘဏ်လုပ်ငန်းမှာ ဘာတွေ အဓိကကြသလဲ စဉ်းစားကြည့်ရအောင်။ ✨  ဆိုတဲ့ (ငွေကြေး စီမံခန့်ခွဲမှု) ကို  လျစ်လျူရှုလိုက်မယ်ဆိုရင် ဝင်င...
15/09/2025

ဘဏ်လုပ်ငန်းမှာ ဘာတွေ အဓိကကြသလဲ စဉ်းစားကြည့်ရအောင်။ ✨

ဆိုတဲ့ (ငွေကြေး စီမံခန့်ခွဲမှု) ကို လျစ်လျူရှုလိုက်မယ်ဆိုရင် ဝင်ငွေ၊ ထွက်ငွေ၊ အရှုံးအမြတ်ကို သေချာမသိလို့ အချိန်မရွေး ဒေဝါရီ ခံနိုင်တဲ့ time ဗုံး တစ်လုံးလို ဖြစ်နေလိမ့်မယ်။ 💣⏰

ဆိုတဲ့ (IT နဲ့ အပါအဝင်) ကို လျစ်လျူရှုလိုက်မယ်ဆိုရင် ရှေးခေတ် ဒိုင်နိုစော 🦖 တစ်ကောင်လို ခေတ်နဲ့ မကိုက်ညီတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်သွားလိမ့်မယ်။

ဆိုတဲ့ (relationship management နဲ့ service excellence အပါအဝင်) ကို အလေးမထားဘူး ဆိုရင် ဘယ်သူမှမသိ၊ ဘယ်သူမှလာမလည်တဲ့၊ high tech ကစားကွင်းကြီးတစ်ခုလို တိုးတက် ကြီးပွါးဖို့ မဖြစ်နိုင်ဘေတာ့ဘူး။ 📉

သိပ်မတိုးတက်​သေးဘူးလို့ ထင်ရတဲ့ အာဖရိက နိုင်ငံ​တွေ..ခုသတိထားမိတာ နိုင်ငံတိုင်းမှာ KPay, Wave လို့ Mobile Wallets တွေရှိ​...
08/09/2025

သိပ်မတိုးတက်​သေးဘူးလို့ ထင်ရတဲ့ အာဖရိက နိုင်ငံ​တွေ..

ခုသတိထားမိတာ

နိုင်ငံတိုင်းမှာ KPay, Wave လို့ Mobile Wallets တွေရှိ​နေပြီ

တချိန်က အထင်သေး ခဲ့တဲ့ အီသီရိုးပီးယားဆို

ဘဏ်တစ်ခုကနေ အခြားဘဏ်တစ်ခုကို ချက်ချင်းလွှဲလို့ရတဲ့ EthSwitch Payment Network တောင် ပေါ်နေပါပြီ

ဘဏ်အများမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေ..နောက် ၁၀နှစ် -နှစ် ၂၀ ခန့်မှန်းချက်အရDigital Banking-first နဲ့ ဆက်သွားနေတဲ့ ဘဏ်တွေက...
03/09/2025

ဘဏ်အများမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေ..

နောက် ၁၀နှစ် -နှစ် ၂၀ ခန့်မှန်းချက်အရ

Digital Banking-first နဲ့ ဆက်သွားနေတဲ့ ဘဏ်တွေက ကျန်ခဲ့ပြီး

AI Banking-first ကို အဓိက လုပ်နေတဲ့ဘဏ်တွေသာ ရှေ့ပြေးဖြစ်မယ်လို့ ဆိုပါတယ်

ဒါကြောင့် AI Use cases ကို လုံးဝ မျက်ကွယ်ပြုထားလို့ မရပါဘူး


AI - https://banktpmm.com/ #/articles/2023021213185474

Oversea က ပိုက်ဆံလွှဲဖို့ ကိုယ့်ဘဏ်ရဲ့ SWIFT code တောင်းရင်…ကိုယ့်အကောင့်က ဘယ်ဘဏ်လဲ၊ ဘယ်နိုင်ငံလည်း အဓိကဘယ် Branch လဲဆို...
02/09/2025

Oversea က ပိုက်ဆံလွှဲဖို့ ကိုယ့်ဘဏ်ရဲ့ SWIFT code တောင်းရင်…

ကိုယ့်အကောင့်က ဘယ်ဘဏ်လဲ၊ ဘယ်နိုင်ငံလည်း အဓိက

ဘယ် Branch လဲဆိုတာ သိရင် ကောင်း​ပေမဲ့ မသိလည်း ဖြစ်ပါတယ်

ဥပမာ: DEUTDEFF500

DEUT → Deutsche Bank

DE → Germany

FF → Frankfurt

500 → Specific branch (ဒီ Branch က မသိလည်းရပါတယ်)

ဥပမာ SWIFT code: OCBCSGSG ဆို စင်ကာပူ OCBC ဘက်ရဲ့ code ဖြစ်ပါတယ်။ Branch မပါဘူး။

ဒါကို မေးရင် Google မှာရှာရင် ရပါတယ်။

ဘဏ်ကို ဖုန်းဆက်စရာ မလိုပါဘူး။

ပိုက်ဆံရှိတိုင်း ဘဏ်ဖွင့်လို့ရတယ် ထင်ခဲ့မိတယ်Apple က ဘဏ်ဖွင့်ပြီး savings ပိုက်ဆံတွေကို iPhone research အတွက် သုံးလို့ရခ...
02/09/2025

ပိုက်ဆံရှိတိုင်း ဘဏ်ဖွင့်လို့ရတယ် ထင်ခဲ့မိတယ်

Apple က ဘဏ်ဖွင့်ပြီး savings ပိုက်ဆံတွေကို iPhone research အတွက် သုံးလို့ရခဲ့ရင်

Amazon က ဘဏ်ဖွင့်ပြီး savings တွေကို AWS Data Center တွေထပ်ဆောက်တဲ့ အခါ အတိုးမပေးဘဲ investment သုံးခဲ့ရင်

Conflict of interest တွေဖြစ်ကုန်မှာစိုးလို့တဲ့

ကျနော်တော့ ဖွင့်ခွင့်ပေးခဲ့စေချင်တယ်

ဒါဆို iPhone 17 line up ဒီလောက် boring ဖြစ်မှာ မဟုတ်ဘူး 🧐

အရင်တုန်းက PM ဆို Project Manager ပေါ့..ခုတော့ PM ဆို..Product Manager လည်းဖြစ်နိုင်သလို PO Product Owner လည်း ဖြစ်နိုင်...
27/08/2025

အရင်တုန်းက PM ဆို Project Manager ပေါ့..

ခုတော့ PM ဆို..

Product Manager လည်းဖြစ်နိုင်သလို

PO Product Owner လည်း ဖြစ်နိုင်တယ်

ဘာကွာသွား သလဲ?

နံပတ်တစ် - ဒါက Agile Software Development မှာသုံးတဲ့ role တွေပါ။

Agile SDLC ကို နားမလည်ရင် ဒီမှာဖတ် - https://banktpmm.com/ #/articles/2022122701535844

ကတော့ WHEN နဲ့ HOW ကိုဘဲ အာရုံစိုက်တယ်
သူ့မေးခွန်းတွေ - project ဘယ်တော့ပြီး မှာလဲ? ဘယ်လောက်ကြာမှာလဲ?

က​တော့ WHAT နဲ့ Priority ကိုဘဲ အာရုံစိုက်တယ်
ဘယ်​ဟာကို အရင်လုပ်ရမယ်? ဘယ်ဟာက စောင့်လို့ရတယ်။

က တကယ်တော့ Agile squad ထဲမှာ မပါဘူး

သူက နောက်ကွယ်က PO ကို ဆေးထိုးတဲ့ တျောက်ပါ။

မင်္ဂလာပါ AI…AI နဲ့ အော်နေသူတွေ ခွဲကြည့်ရင် အုပ်စု ၃ ခု ရှိပါတယ်။ #1 - သုံးစွဲသူ (AI users) အုပ်စုဒီအုပ်စုက လူဦးရေရဲ့ ၉၀...
22/08/2025

မင်္ဂလာပါ AI…AI နဲ့ အော်နေသူတွေ ခွဲကြည့်ရင် အုပ်စု ၃ ခု ရှိပါတယ်။

#1 - သုံးစွဲသူ (AI users) အုပ်စု
ဒီအုပ်စုက လူဦးရေရဲ့ ၉၀% ဖြစ်ပါတယ်။ အရင်က Google မှာ ရှာတာက​နေ ခု ChatGPT ပြောင်းရှာတတ်တယ်။ Deepseek တို့ Gemini တို့ Grok တို့ ပေါ်တော့ စမ်းကြည့်တယ်။ ဒီမှာ Google မှာရှာသလောက် “What is..” တို့ “Tell me..” တို့လောက်က မတက်လာဘူးဆို အရင် Goolge Yahoo seach ခေတ်ကနဲ့ users နဲ့ ဘာမှ မကွာပါဘူး။ ဒီအုပ်စုက ကားမ​မောင်းတတ်ဘဲ ကားစီး၊ တက်စီ ငှါးစီးတတ်တဲ့ အုပ်စုထဲမှာ ပါပါတယ်။

Prompt Engineering လေး ဘာ​လေး ဆက်​လေ့လာ ​နေပြီ၊ Copilot လောက်သုံးတတ်​နေပြီ၊ Google Smart features လောက်သုံးတတ်ပြီဆို AI skills နည်းနည်းတက်လာပြီ လို့ပြောရမှာပါ။ ဒါဆိုရင် ကားကြောင်း ပိုနားလည်လာပြီပေါ့။

#2 - တည်​ဆောက်သူ - AI Engineers/Developers အုပ်စု
ဒီအုပ်စုက အရင်က programming ရေးတတ်တယ်၊ website app လုပ်တတ်တယ်။ ခု AI ခေတ်ဆို​တော့ AI Engineer လုပ်မယ်ဆိုတဲ့ အုပ်စု။ ဒါဆို LLM versions တွေ ကို နားလည်ရမယ်၊ ML Models တွေကို API ခေါ်တတ်ရတယ်။ Training Model ဘယ်လိုဖြစ်သလဲ သိရမယ်။ AI Certificate လေး​တွေရှိမယ်။

Data Analytics အပိုင်း ဆိုရင်လည်း Data labelling တို့ ၊ Supervised Learning ၊ Reinforcement Learning ဘာညာသိဖို့ လိုပါမယ်။ Gen AI နဲ့ Agentic AI ဘယ်လိုကွာသလဲ ခွဲခြားတတ်လာမယ်။

ဒါ​လေးတွေသိရင် ကားမောင်းတတ်လာတာနဲ့တူတယ်။ AI ကို အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

#3 - ဖန်တီးသူ creator အုပ်စု - LLM, Deep Learning, Neural Network
ဒီ level က​တော့ ကားတည်​ဆောက်တဲ့ သူ​တွေနဲ့တူပါတယ်။ creators အုပ်စုပါ။ ဒီလိုသူ​တွေ ကမ္ဘာ့လူဦး​ရေနဲ့ ယှဉ်တွက်ရင် 1-2% လောက်ဘဲရှိပါတယ်။ Facebook က Alexander Wang တို့ OpenAI Sam altman တို့ ဒီအုပ်စုထဲပါတယ်။ ဒီအုပ်စုထဲရောက်ဖို့ အရင်ဆုံး step 1 က အောက်က formula မျိုးတွေ နားလည်လား။ ဒါတွေသုံးပြီး software ရေးတတ်လား။ ဒါမှ next GPT model, Gemini model တို့ ဖန်တီးတဲ့ အဖွဲထဲ ရောက်မှာ ဖြစ်ပါတယ်။

မလုပ်ခင် ဒါမျိုးတွေ စိတ်ဝင်စားလား ဆိုတာ သိဖို့ လိုပါတယ်။ ဒါကြောင့် AI Guru ဖြစ်ဖို့ဆိုတာ ရှားပါတဲ့ talent တွေ လိုအပ်ပါတယ်။

ဒီခေတ်ကျောင်းသားတွေ လည်း AI နဲ့ ပတ်သက်ပြီး ဘွဲ့ယူမယ်၊ career တစ်ခု တည်ဆောက်မယ် ဆိုရင် အနည်းဆုံး ဒုတိယအုပ်စုထဲရောက်တဲ့ အထိ လေ့လာဖို့ လိုပါလိမ့်မယ်။

လက်ရှိ ကိုယ်ဘယ် gruop ထဲ ပါသလဲဆိုတာ သိပြီး manage your expectations (မျှော်လင့်ချက်နဲ့ ၊ လက်​တွေ့နဲ့ ၊ ဖြစ်ချင်တာနဲ့ ကိုက်မကိုက် သုံးသပ်) လုပ်သင့်ပါတယ်။

စာအုပ်ကတော့ ခေါင်းစဉ်နဲ့တင် ဆက်ရှင်းပြရမှာ ခက်ပြီ 🙄
21/08/2025

စာအုပ်ကတော့ ခေါင်းစဉ်နဲ့တင် ဆက်ရှင်းပြရမှာ ခက်ပြီ 🙄

Market Capitalisation အရ နိုင်ငံအလိုက် အကြီးဆုံး ဘဏ် ၁၀၀ ထဲမှာ ကိုယ်သိတဲ့ ဘဏ်တွေ ဘယ်အနေအထားရှိပြီလဲ ဆိုတာ ရှာကြည့်နိုင်ပ...
19/08/2025

Market Capitalisation အရ နိုင်ငံအလိုက် အကြီးဆုံး ဘဏ် ၁၀၀ ထဲမှာ ကိုယ်သိတဲ့ ဘဏ်တွေ ဘယ်အနေအထားရှိပြီလဲ ဆိုတာ ရှာကြည့်နိုင်ပါတယ်။

Market Capitalisation ဆိုတာ ဘဏ်ရဲ့ stock တန်ဘိုး x စျေးကွက်ထဲရှိတဲ့ စ​တော့ အ​ရေအတွက်ကို မြှောက်ရင် ရတဲ့ total 🟰 ကိုကြည့်ပြီး ဘဏ်ဘယ်​လောက် အဖိုးတန် သလဲဆိုတာကို တွက်တာဖြစ်ပါတယ်။

ဒီဘဏ်က ရုံးခွဲဘယ်​လောက်များတယ် ၊ ဝန်ထမ်း ဘယ်လောက်၊ အ​ဆောက်အဦး ဘယ်​လောက်များတယ်ဆိုတာ ကြည့်ပြီး ယှဉ်တာ မဟုတ်ပါဘူး။

photo crd

Address

Yangon

Alerts

Be the first to know and let us send you an email when Banking Technologies and Processes - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share