08/05/2024
မိမိကုန်ပစ္စည်းအတွက် သင့်တော်တဲ့ အပြင်ဘက် ထုတ်ပိုးမှုအတွက် Shrink Film (အပူပေးကျုံ့ဖလင်) ကို ဘယ်လမိမိကုန်ပစ္စည်းအတွက် သင့်တော်တဲ့ အပြင်ဘက် ထုတ်ပိုးမှုအတွက် Shrink Film (အပူပေးကျုံ့ဖလင်) ကို ဘယ်လ ိုရွေးချယ်မလဲ
လက်ရှိပြည်တွင်းမှာ အသုံးများပြီး ရရှိနိုင်တဲ့ အမျိုးအစားတွေကတော့ PE shrink film နှင့် PVC shrink film တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဒီအမျိုးအစား ၂ မျိုးကိုပဲ အဓိကထားပြီး သူတို့ရဲ့ ကွာခြားချက်လေးတွေနဲ့ အားသာချက် အားနည်းချက်တွေကို ပြောပေးပါ့မယ်။
-----------
PVC Shrink Film
Polyvinyl chloride(PVC) shrink film ဟာ ပေါ့ပါးပြိး စျေးမကြီးတဲ့အတွက် လက်ရှိအချိန်ထိအသုံးများဆုံး ထုတ်ပိုးမှု အပူပေးကျုံ့ ဖလင်တစ်မျိုးပဲဖြစ်ပါတယ်။ သူဟာ တောင့်တင်းကြွတ်ဆပ် (Rigid) တဲ့ ဂုဏ်သတ္တိရှိပြိး ကွဲပြဲလွယ်ပါတယ်။ အပူပေးပြီးတဲ့အခါမှာတော့ ပုံမှန်ထပ်ပိုပြီး ကွဲပြဲလွယ်ပါတယ်။
အဲဒါကြောင့် အရမ်းလေးတဲ့ပစ္စည်းမျိုး ပစ္စည်း ၃-၄ မျိုးကိုစုပြီး ထုတ်ပိုးတဲ့အခါမျိုးမှာ သိပ်အသုံးမပြုကြပါဘူး။
အသုံးများတာကတော့
-CD/DVD ဘူး
-မြန်မာဆေးများ
-အချိုရည်ဘူး cap seal
-အလှကုန်ပစ္စည်းတချို့
-လူသုံးကုန်ပစ္စည်း (ဆပ်ပြာ၊ သွားတိုက်ဆေးဘူး...)
အစရှိတဲ့အသေးစားနဲ့အလတ်စား ထုတ်ကုန်ဘူးတွေမှာ အသုံးများပါတယ်။
-------------
PE Shrink Film
Polyethylene (PE) Shrink Film ဟာတောင့်တင်းပြီး ကြာရှည်ခံတဲ့အတွက် ကြီးမား၊လေးလံတဲ့ကုန်ပစ္စည်းတွေမှာ အသုံးပြုတာများပါတယ်။ သူဟာ ကြည်လင်မှုအပိုင်းနှင့် ကျုံ့အားအပိုင်းမှာတော့ PVC Shrink Film လောက်မကောင်းပါဘူး။ ဒါကြောင့်မို့လို့ သူ့ကိုအသုံးပြုတဲ့အခါမှာ ပေးရတဲ့အပူချိန်နဲ့ သုံးရမယ့်အချိန်ဟာ ပိုများပြီး စျေးနှုန်းအပိုင်းမှာလည်း အနည်းငယ်ပိုစျေးကြီးပါတယ်။ တောင့်တင်းတယ်၊ ဆွဲစောင့်မှုကိုခံနိုင်တယ်၊ ပြီးတော့ ရေငွေ့လုံ တဲ့အတွက် စိုထိုင်းမှုကို ထိတွေ့လို့မရတဲ့ ကုန်ပစ္စည်းတွေမှာ ထုတ်ပိုးဖို့အတွက်သူ့ကိုရွေးချယ်ကြပါတယ်။
အသုံးများတာကတော့
- ရေသန့်နဲ့အချိုရည် ၆လုံးကဒ် ၁၂လုံး ကဒ် ၂၄ လုံးကဒ်
- စက္ကူဘူးတွေကို ရေထိမခံချင်သော ကုန်ပစ္စည်းများ
- ကြီးပြီးလေးတဲ့ ကုန်ပစ္စည်းများ
အစရှိတဲ့ ကုန်ပစ္စည်းတွေကို ထုတ်ပိုးတဲ့အခါ သုံးပါတယ်။
PVC shrink film နှင့် PE shrink film ၂ မျိုးစလုံးဟာ recycle ပြန်လည် အသုံးပြုလို့ရနိုင်ပါတယ်။
ကုန်ပစ္စည်းထုတ်ပိုးမှုအတွက် မေးမြန်းချင်တာတွေရှိရင်
ဖုန်း - 09785009697, 0979501459, 01375542, 013565340