Navitech Marine Service & Trading Company Limited

Navitech Marine Service & Trading Company Limited We are engineering service company and supplying industrial equipment, spare parts. Navitech (Tradin

🌟Ethics and Values🌟ကိုယ့်ဆီက ငွေချေးပြီး ပြန်မဆပ်ကြတဲ့မိတ်ဆွေတွေနဲ့ ကြုံရတိုင်း သူတို့ကိုတကယ်သနားမိတယ်။တစ်ခါကပေါ့။အရင်းအ...
29/10/2025

🌟Ethics and Values🌟

ကိုယ့်ဆီက ငွေချေးပြီး ပြန်မဆပ်ကြတဲ့

မိတ်ဆွေတွေနဲ့ ကြုံရတိုင်း သူတို့ကို

တကယ်သနားမိတယ်။

တစ်ခါကပေါ့။

အရင်းအနှီးမရှိဘဲ စီးပွားရေးလုပ်ချင်ကြတဲ့

လူငယ်တွေအတွက် ဦးအောင်ဇော်ဝင်းက

"ဝ မရှိဘဲ ဝိလုပ်ကြမယ်'' ဆိုတဲ့ စာစုလေး

ကျွန်တော့်ကို ပြောပြဖူးတယ်။

အနှစ်ချုပ်ကတော့....

ဝိလုပ်ဖို့ဆိုတာ ဝ မရှိလဲ ရပါတယ်။

ထဆင်ထူးကို ထောင်လိုက်ရင် ဝိ ဖြစ်တာပေါ့။

ဒါပေမဲ့

ထဆင်ထူးကို ဒီတိုင်းထောင်လို့တော့မရ..

ထောက်တိုင်တွေနဲ့ ကျားကန်ပေးရပါတယ်။

အဲဒီထောက်တိုင်တွေထဲက တစ်ခုဟာ

ဘက်ဂရောင်းကောင်းခြင်း ထောက်တိုင် ပါပဲ။

ကျွန်တော်က ပြန်မေးတာပေါ့။

ဘက်ဂရောင်းကောင်းဖို့ ကိုယ်က

အာဏာရှိသူနဲ့လည်း မသိဘူး။

ခရိုနီနဲ့လည်း မခင်မင်ဘူး။

လူကြီး သားသမီးလည်း မဟုတ်ဘူး..

အဲဒီအခါ ဦးဇော်က ပြန်ရှင်းပြတယ်။

"ဘက်ဂကောင်းကောင်းဖို့ အဲဒါတွေမလိုပါဘူး..

မင်း ကတိ တည်ရင် တဖြည်းဖြည်း

ဘက်ဂရောင်း ကောင်းလာမယ်...''တဲ့

(အကျယ်ကိုတော့ ပြည့်ဝသူတစ်ဦးနှင့်

စကားပြောခြင်း စာအုပ်ထဲမှာ ရေးထားတယ်..)

ဦးဇော်ကိုယ်တိုင်ကလည်း ငယ်ငယ်က

ဆင်းရဲတယ်။

ဒါ့အပြင် ဦးဇော်က ဖဲရိုက်တယ်။

အရက်သောက်တယ်။

ဒါပေမဲ့ သူက ဖဲကျွေးတင်ရင် နောက်နေ့မှာ

ချက်ချင်း ဆပ်တယ်။

အများအားဖြင့် ဖဲဝိုင်းထဲက ဖဲကြွေးဟာ

ဖဲဝိုင်းထဲမှာပဲ ပြန်ရှင်းကြပေမယ့် ဦးဇော်က

ဖဲကြွေးကို နောက်နေ့ပဲ ပြန်ဆပ်နိုင်အောင်

ကတိတည်တယ်။

နောင်တစ်ချိန်မှာ သူစီးပွားရေးလုပ်ဖို့ လိုအပ်တဲ့

ငွေသိန်းထောင်ချီကို သူဖဲရှုံးတိုင်း ငွေချေးနေကျ

လုပ်ငန်းရှင်ကြီးကပဲ ယုံယုံကြည်ကြည်နဲ့

ချေးပေးလိုက်တာ။

လူတွေက အဲဒီလုပ်ငန်းရှင်ကြီးကို မေးတယ်။

"ခင်ဗျားဗျာ..အောင်ဇော်ဝင်းလို ဘာမှမရှိတဲ့

လူကို ဘာလို့ ငွေသိန်းထောင်ချီ ချေးလိုက်တာလဲ..''

"ဖဲကြွေးတောင် ကတိတည်တဲ့ကောင်ကွာ..

စီးပွားရေးလုပ်ဖို့ ငါချေးရဲတာပေါ့..

ငါက သူဘာကောင်လဲဆိုတဲ့

လူကို ချေးတာမဟုတ်ဘူး..

သူပြန်ဆပ်မှာလား မဆပ်ဘူးလားဆိုတဲ့

စိတ်ဓာတ်ကို ချေးတာ..''

အဲဒီလုပ်ငန်းရှင်ကြီးက ခုချိန်မှာ

နာမည်ကြီး ဘဏ်ပိုင်ရှင်တစ်ဦး ဖြစ်နေပြီး

ဦးအောင်ဇော်ဝင်းကလည်း တကယ့်

သူဌေးကြီးတစ်ဦး ဖြစ်နေပြီ။

ကျွန်တော့်ကို တွေ့တိုင်း ဦးဇော်က တဖွဖွ

ဆုံးမယ်တယ်။

"ကတိ တည်စမ်းပါသားရယ်..

ကတိတည်တဲ့အခါ

မင်း တကယ့် ပဒေသာပင်ကြီးကို ရသလိုပဲ..''

အမှန်ပါပဲ..

ကတိတည်ခြင်းဟာ တကယ့် ဘက်ဂရောင်းပဲ။

အထူးသဖြင့် ငွေကြေးနဲ့ပတ်သက်ရင်ပေါ့.

ငွေချေးပြီး ပြန်ဆပ်ခြင်းဟာ

ကိုယ့်အတွက် တကယ့်ကောင်းကျိုးတွေချည်းပဲ။

အမြတ်ချည်းပဲ။

သူ့ငွေ သူ့ပြန်ပေးတာလေ..

ကိုယ်က ကြားထဲက နာမည်ကောင်းရတယ်။

ဘယ်လောက် မြတ်လဲဗျာ..။

ဒါကို လူတွေ နားမလည်ကြဘူး။

ကိုယ့်ကိုယ် ငွေချေးပေးတယ်ဆိုထဲက

(အတိုးယူသည်ဖြစ်ပါစေအုံး..)

ခင်မင်ယုံကြည်ပြီး ကိုယ့်ဒုက္ခသောကကို

ကူညီပေးချင်လို့ ဆိုတဲ့မိတ်ဆွေကောင်းမို့သာ

ငွေချေးတာ ဖြစ်ပါတယ်။

ဒီခေတ်ထဲ ကိုယ်ဒုက္ခရောက်နေလို့

ငွေချေးပေးတယ်ဆိုတဲ့ မိတ်ဆွေအရမ်းရှားပြီ။

ငွေပြန်မဆပ်တဲ့အခါ ကိုယ်ရလိုက်တာက

ဒီငွေနည်းနည်းလေးပဲ..။

ကိုယ်ဆုံးရှုံးမှာက အဲဒီ မိတ်ဆွေကောင်းဆီက

နောက်ထပ် အကူအညီတွေ အားလုံး အပြင်

သူကလည်း ကိုယ်ဟာ ကတိမတည်ကြောင်း

အခြားသူတွေကို ပြန်ပြောမှာ ကျိန်းသေတယ်။

ကတိတည်ခြင်း ၊ ငွေချေးပြီး ပြန်ဆပ်ခြင်းဟာ

အမြင့်ကိုတက်မယ့် လှေကားထစ်တွေပါပဲ။

ဒါပေမဲ့ အများစုက ကိုယ့်လှေကားကိုယ်

ရိုက်ချိုးနေကြတယ်။

သနားမိပါတယ်။

တကယ်တော့ ငွေပြန်မဆပ်သူဟာ

သူ ရလိုက်တယ်ထင်ပေမယ့်

တကယ်တမ်းကျ တော်တော်လေး ရှုံးပါတယ်။

သူ ရှင်သန်ရမယ့် ဘဝသက်တမ်းတစ်လျှောက်

နာမည် သေ သွားပါပြီ။

ဒီပုံရိပ်ဟာ ဘယ်လောက်ဆိုးသလဲဆိုရင်

သားသမီး အထိပါ သက်ရောက်ပါတယ်။

"ဒီကလေးက ဘယ်သူ့ သားသမီးလေ..'' ဆိုတာ

ကျွန်တော်တို့ မြန်မာတွေ သိပ်သုံးပါတယ်။

ကိုယ့်သားသမီးတွေအထိ ''မယုံရဘူး..''ဆိုတဲ့

နာမည်ဆိုးကို ဘာမှ မဟုတ်တဲ့

ငွေလေး မဖြစ်စလောက်နဲ့ လဲသွားကြတဲ့အပြင်

ကိုယ့်ကိုယ် တကယ့်စိတ်ရင်းခင်မင်မှုနဲ့

ကူညီပေးချင်တဲ့ ရှားပါးမိတ်ဆွေတွေကိုပါ

အဆုံးရှုံးခံဝံ့ကြတဲ့သူတွေနဲ့ ကြုံတိုင်းဆုံတိုင်း

သနားစိတ်နဲ့သာ ပြုံးမိပါတော့တယ်။

ဘဝတစ်လျှောက် ဘယ်တော့မှ အမြင့်ကို

မရောက်ဖူးကြမယ့် သနားစရာ လူတွေပါပဲ။

တနည်း..

ကိုယ့်ဘက်ဂရောင်းကိုယ်

ရိုက်ချိုး ဖျက်စီးနေကြသူတွေပေါ့..။

Credit;စိုးထိုက် (ဖဒို)

Copy Blank Pa Per

🙏🏻❤️

သူဌေးတွေဟာ ဆင်းရဲသားတွေကို မုန်းတယ်ဆင်းရဲသားတွေ…ဂိမ်းဆော့နေချိန်မှာ..သူဌေးတွေ..အလုပ်လုပ်ခဲ့ရတယ်ဆင်းရဲသားတွေ....ဖုန်းသုံး...
28/08/2025

သူဌေးတွေဟာ ဆင်းရဲသားတွေကို မုန်းတယ်

ဆင်းရဲသားတွေ…ဂိမ်းဆော့နေချိန်မှာ..သူဌေးတွေ..အလုပ်လုပ်ခဲ့ရတယ်

ဆင်းရဲသားတွေ....ဖုန်းသုံးနေချိန်မှာ..သူဌေးတွေ…အလုပ်လုပ်ခဲ့ရတယ်

ဆင်းရဲသားတွေ…အိပ်နေချိန်မှာ..သူဌေးတွေ..အလုပ်လုပ်ခဲ့ရတယ်.

ဆင်းရဲသားတွေ…ချစ်သူနဲ့ပျော်ရွှင်နေချိန်မှာ..သူဌေးတွေ…အချိန်မပေးနိုင်ခဲ့ကြဘူး

ဆင်းရဲသားတွေ….မဖြစ်နိုင်ဘူးလို့…ငြီးငြူနေတဲ့အရာတွေကို..သူဌေးတွေက.မဖြစ်ဖြစ်တဲ့နည်းရှာကြံပြီး… ကြိုးစားခဲ့ရတယ်..

ဆင်းရဲသားတွေ…တစ်ရက်စာ၊တစ်လစာအတွက်ပဲပူတဲ့အချိန်မှာ…သူဌေးတွေဟာ..၅နှစ်စာကနေ နှစ် ၁၀၀ စာလောက်ထိပူခဲ့ရတယ်...
ဒ့ါကြောင့်….သူဌေးတွေဟာ…ဘာမှမလုပ်ပဲ..ဇိမ်ကျနေတဲ့…ဆင်းရဲသားတွေမုန်းကြတာဖြစ်တယ်..

ဒီလိုနဲ့..အချိန်တစ်ခုရောက်တဲ့အချိန်မှာ…သူဌေးတွေကို..ဆင်းရဲသားတွေက.ပြန်.မုန်းလာကြတယ်

ဆင်းရဲသားတွေကထင်တယ်…သူဌေးတွေဆိုတာ..အချိန်ပြည့်..ဇိမ်နဲ့နေရတယ်..

ဆင်းရဲသားကထင်တယ်…သူဌေးဆိုတာ..ရေကန်အသင့်ကြာအသင့်..ချမ်းသာလာတာဖြစ်တယ်

ဆင်းရဲသားကထင်တယ်…သူဌေးတွေဟာ..ဆင်းရဲတဲ့ဘဝ…အကြောင်းနားမလည်ကြဘူး

ဆင်းရဲသားကထင်တယ်..သူဌေးတွေချမ်းသာခြင်းဟာ..အထောက်ပံ့ကောင်းတွေရှိလို့ပါ

ဆင်းရဲသားကထင်တယ်..သူဌေးတွေဟာ…ခေါင်းပုံဖြတ်ကြတယ်

ဆင်းရဲသားကထင်တယ်…သူတို့ဘယ်လောက်ကြိုးစားကြိုး စား. .သူဌေးတွေလို..မချမ်းသာနိုင်ဘူး

ဆင်းရဲသားတွေကထင်တယ်…သူဌေးဆိုတာ..မဟုတ်တာတွေလုပ်လို့..ချမ်းသာလာတာ

ဆင်းရဲသားတွေကထင်တယ်…ရောင့်ရဲတင်းတိမ်ခြင်းဟာ..ဘဝကိုအေးချမ်းစေတယ်

ဆင်းရဲသားတွေကထင်တယ်…ချမ်းသာခြင်းဆိုတာ..ဖန်ဆင်းရှင်တစ်ယောက်ယောက်ဆီကလာတယ်.

ဆင်းရဲသားတွေကထင်တယ်…အခွင့်ရေးဆိုတာ ..သူ့အလိုလိုရောက်လာတတ်တယ်..

ဆင်းရဲသားကထင်တယ်..ဆင်းရဲသားဘဝကနေ..ချမ်းသာသွားသူတွေဟာ…ကံကောင်းလိုသာဖြစ်တယ်

ဆင်းရဲသားကထင်တယ်..သူဌေးတွေဟာ..ဆင်းရဲသားတွေဆိုမကူညီချင်ဘူး

ဒ့ါကြောင့် ဆင်းရဲသားတွေဟာ..သူဌေးတွေကို မုန်းလာကြတာဖြစ်တယ်

တကယ်တော့…ကိုယ်တိုင်.ရိုးသားကြိုးစားပြီးတိုးတက်အောင်မြင်လာတဲ့ သူဌေးတွေဟာ..

ဘဝကိုဖြစ်သလိုနေတတ်တဲ့..ကံကိုပဲပုံချတတ်တဲ့.. ဆင်းရဲ ..သားတွေကို..ကူညီလေ့မရှိဘူး

သူတို့လို..ရိုးသားကြိုးစားလာတဲ့..ဆင်းရဲသားကိုတော့ ..လက်တွဲကူညီတတ်ကြတယ်…

ကိုယ်တိုင်..နေ့မအိပ်ညမအိပ်..အားထုတ်ကြိုးစားခဲ့လို့..ရလာတဲ့…စည်းစိမ်ချမ်းသာ တွေနဲ့..ဂိမ်းဆော့လိုက် ရည်းစားထားလိုက်..အိပ်လိုက်နဲ့အချိန်ကုန်တတ်တဲ့..ဆင်းရဲသားတွေကို..ဘယ်တော့မှ..ကူညီမှာမဟုတ်ပါဘူး

မှတ်ထားပါ..လူငယ်တစ်ယောက်..မဆုတ်မနစ်..ကြိုးစားနေပြီ…ဆိုရင်..သူဌေးလို့ခေါ်နိုင်ပါတယ်.

လူငယ်တစ်ယောက်..ဖြစ်သလိုနေနေပြီဆိုရင်..မိဘကချမ်းသာလဲ..ဆင်းရဲသားလို့ခေါ်ပါတယ်..

မှတ်ထားပါ..ချမ်းသာဖို့..အောင်မြင်ဖို့…ဆန္ဒပြင်းပြလွန်းတဲ့…လူငယ်အတွက်..မဖြစ်နိုင်ဘူးဆိုတဲ့အခက်ခဲ့ဟာ..
အခွင့်ရေးအဖြစ်ပြောင်းသွားပါတယ်.

ဒါ့ကြောင့်..ဂိမ်းဆော့ရင်း..ဖုန်းကိုင်ရင်း..ရည်းစားနဲ့အချိန်ကုန်ရင်း..ကပ်ကြီးသုံးပါးကို…ထိုင်အပစ်ပြောရင်း..အချိန်ကုန်နေသ၍..လူငယ်ဆင်းရဲနေဦးမှာပါပဲ

ချစ်လို့ပြောတယ်မှတ်ပါ..လူငယ်

မှတ်ချက်။ ။ မူမမှန်တဲ့နည်းနဲ့ ချမ်းသာလာတဲ့သူဌေး နဲ့ ကြိုးစားရဲ့သားနဲ့ ရည်ရွယ်ချက်ရှိရှိ အတိုက်ခိုက်ခံရလို့ မွဲသွားတဲ့ ဆင်းရဲသာများကို မဆိုလိုပါ။

🥰၁။ ဆိုင်နေရာကောင်းခြင်းဟာ     ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။ ၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ      ဆိုင်နေရာထက် ပိုအရ...
28/06/2025

🥰၁။ ဆိုင်နေရာကောင်းခြင်းဟာ
ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ
ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။
👌
၃။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ
အရေးကြီးပါတယ်။
ဖောက်သည်ကို ပိုမြဲစေပါတယ်။

၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊
ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ
အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်
ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။
စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက
ထင်မြင်သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊
မဝယ်မချင်းတိုက်တွန်းနေတာမျိုးရှောင်ကြဉ်ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ သူကိုလည်း
ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့သူလိုပဲ မျှမျှတတ ဆက်ဆံ
ပါ ။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ ဝယ်သူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို
ဆဲဆိုအပြစ်တင်ခြင်းဟာ ဝယ်သူကို မောင်းထုတ်
တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို
အမျိုးလို သဘောထားပါ။
တတ်နိုင်သမျှ သူတို့ရဲ့တောင်းဆိုချက်ကို
ဖြည့်ဆည်း ပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ
ဖောက်သည်ကို လျစ်လျူရှုတာ ၊
စော်ကားတာနဲ့ အတူတူပဲ။

၁၂။ စျေးနူန်းတစ်ခုတည်း ဖြစ်ပါစေ ။
တစ်ခုခုကြောင့် စျေးလျှော့ရောင်း ခြင်းဟာ
စိတ်ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။
ကတိကို ထိခိုက်နိုင်စေပါတယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုပါနဲ့ ။
ဝယ်သူ ကြိုက်တဲ့ပစ္စည်းဟာ
ဝယ်သူ အကျိုးရှိစေတဲ့ ပစ္စည်းလည်း ဖြစ်ပါစေ ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊
လက်ဆောင်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။
ဝယ်သူများက ကလေးကို ခေါ်ဆောင်လာတာပဲ
ဖြစ်ဖြစ်၊
ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်
ပေးပါ။
(ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း
မလုပ်ဘူး) ဆိုတာ သိပါစေ။

၁၆။ အသစ်ထွင်ပါ။
ဝယ်သူကို ဆွဲဆောင်နိုင်အောင်အမြဲ ကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး
အစွမ်းကုန် ကြိုးစားပါ။
ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။
ဝယ်သူ များလာအောင်
ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။

🍀"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ"တချို့အရာတွေက ဖြစ်ချိန်တန်လာရင် ဘယ်အရာနဲ့မှ တားမရတာမျိုး🍀-၉/၁၁ တိုက်ခိုက်မှုဖြစ်ပြီးနောက်...
13/03/2025

🍀"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ"

တချို့အရာတွေက ဖြစ်ချိန်တန်လာရင် ဘယ်အရာနဲ့မှ တားမရတာမျိုး🍀

-၉/၁၁ တိုက်ခိုက်မှုဖြစ်ပြီးနောက် World Trade Centre မှာ ရုံးခန်းတွေရှိတဲ့ ကုမ္ပဏီတစ်ခုက သူ့ရဲ့အသက်ရှင်ကျန်ခဲ့တဲ့ ဝန်ထမ်းတွေကို ခေါ်ယူမေးမြန်းခဲ့ပါတယ်

-အလွန်အရေးမပါတဲ့ အကြောင်းပြချက်လေးတွေကြောင့် ဒီလူတွေ အသက်ဆက်ရှင်နေကြတာတွေ့ခဲ့ရတယ်

-ကုမ္ပဏီဒါရိုက်တာတစ်ယောက်က သူ့သားလေးရဲ့ သူငယ်တန်းတက်မယ့် ပထမဆုံးနေ့မို့ နောက်ကျခဲ့တယ်

-အမျိုးသမီးတစ်ယောက်ကတော့ နာရီ alarm မမြည်တာကြောင့် နောက်ကျနေခဲ့တယ်

-တစ်ယောက်ကတော့ လမ်းမှာ ယာဉ်တိုက်မှုတစ်ခုရှိလို့ ကားပိတ်နေခဲ့တယ်

-နောက်တစ်ယောက်ကတော့ ဘတ်စ်ကားလွှတ်သွားလို့

-တစ်ယောက်ကတော့ ကိုယ်ပေါ်ကို မုန့်တွေမှောက်ကျလို့ အဝတ်အစားပြန်လဲလို့ နောက်ကျနေခဲ့တယ်

-တစ်ယောက်က ကားစက်နှိုးလို့မရလို့

-တစ်ယောက်က ဖုန်းထွက်ပြောနေလို့

-နောက်တစ်ယောက်က မီးဖွားနေလို့

-တက်စီငှားမရလို့

-နောက်ဆုံး တစ်ယောက်ကတော့ အဲ့ဒီနေ့မှာ ရုံးကို ရှူးဖိနပ်အသစ်လေး စီးခဲ့ရာကနေ ဖိနပ်ပေါက်ပြီး ရေကြည်ဖုထလို့ ဆေးဆိုင်မှာ ပလာစတာ ဝင်ဝယ်နေရာကနေ အသက်ရှင်ကျန်ခဲ့ရတယ်

-အခု ကျွန်တော်တို့ ကားတွေပိတ်တဲ့အခါဓာတ်လှေကားမမှီလိုက်တဲ့အခါ

-အိမ်အပြင်ရောက်ပြီးခါမှ အိမ်ဖုန်းထမြည်လို့ အိမ်ထဲပြန်ဝင်ပြောရတဲ့အခါ

နှင့် အခြားအခြားသော စိတ်အနှောက်အယှက်ဖြစ်စရာများ ကြုံရတဲ့အခါ

“ဒီနေရာမှာ ငါ ရောက်သင့်လို့ရောက်နေတာ"လို့ ပထမဆုံးတွေးလိုက်တယ်

-နောက်တစ်ခါ သင့်ရဲ့မနက်တွေကို စိတ်ရှုပ်စရာနဲ့ စတင်ရတယ်... ကလေးတွေ အဝတ်လဲတာ ကြာနေတယ်... ကားသော့ရှာမတွေ့ဘူး... မီီးနီဘဲ ဆက်တိုက် မိနေတယ်ဆို

-ဒေါသမထွက်ပါနဲ့ စိတ်မပျက်ပါနဲ့

သင်ဟာ ဒီနေရာမှာ ရှိကို ရှိရမှာမို့ ရှိနေတာပါ 🌈

ကံကောင်းခြင်းတွေဟာ တစ်ခါတစ်ရံ ကံဆိုးတယ်ထင်သယောင်အရင်ပြပြီးမှ ရလာတတ်တာလဲ မမေ့ပါနဲ့လို့

**စိတ်ရှုပ်ရတဲ့ မနက်တွေတိုင်း ဒီစာလေးကို ပြန်ဖတ်ပါ**

to owner

**ကိုယ့်ကိုကိုယ် လေးစားအောင်နေနည်း**(၁) မင်းကိုမရှာတဲ့သူကို မရှာပါနဲ့။(၂) အကြွေးနဲ့ကင်းအောင်နေပါ။(၃) လိုအပ်တာထက် ပိုမပြေ...
18/02/2025

**ကိုယ့်ကိုကိုယ် လေးစားအောင်နေနည်း**

(၁) မင်းကိုမရှာတဲ့သူကို မရှာပါနဲ့။

(၂) အကြွေးနဲ့ကင်းအောင်နေပါ။

(၃) လိုအပ်တာထက် ပိုမပြောပါနှင့်။

(၄) လူတွေက ကိုယ့်ကို မလေးစားတဲ့အခါ သူတို့ကို ချက်ချင်း ဥပေက္ခာပြုထားလိုက်ပါ။

(၅) တခြားသူတွေ စားတာထက် ပိုမစားပါနဲ့ အစားအသောက်ဆင်ခြေပါ။

(၆) သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပါ။ ကိုယ့်ကိုကိုယ် ပျော် အောင်ထားပါ။

(၇) အခြားသူများအကြောင်း အတင်းအဖျင်းပြောခြင်း ကို ရပ်တန့်ပါ။

(၈) စကားမပြောခင် စဉ်းစားပါ။ လူတွေက မင်းကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ 80% က မင်း ပါးစပ်ကထွက်လာတဲ့ စကားလုံးလေသံတွေပါ။

(၉) အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ သင့်ပန်းတိုင်များ နှင့် အလုပ်ရှုပ်ပါစေ။

(၁၀) အချိန်ကိုလေးစားပါ။

(၁၁) လေးစားတန်ဖိုးထားမှုမရှိတဲ့ နယ်ပယ်ဆက်ဆံရေး မှာ မနေပါနဲ့ နေရာပြောင်းရွှေ့ လမ်းလျှောက်ပါ။

(၁၂) သင့်ကိုယ်သင် ပိုက်ဆံသုံးတတ်ဖို့ အရင်သင်ယူ ပါ။ ဒါမှ လူတွေက မင်းကိုအသုံးပြုဖို့ သင်ယူလိမ့်မယ်။

(၁၃) ဂိမ်းဆော့နေမဲ့အစား စာဖတ်ခြင်းဖြင့်ကိုယ့်အရည် ချင်းတွေမြင့်တင်ပါ။

(၁၄) လက်ခံသူထက်ပိုပြီး ပေးကမ်းသူဖြစ်ပါစေ။

(၁၅) မဖိတ်ခေါ်တဲ့နေရာကို မသွားပါနဲ့။ ဖိတ်ကြား သောအခါတွင် သင်၏ကြိုဆိုမှုကို လွန်ကဲစွာ မပြုပါ နှင့်။

(၁၆) လူတွေကို သူတို့နဲ့ထိုက်တန်တဲ့ ပုံစံအတိုင်း ဆက်ဆံ ပါ။

(၁၇) မင်းမိသားစုကိုအချိန်ပေးနေတာကလွဲရင် တခြား သူ တွေအတွက် အချိန်မဖြုန်းလိုက်နဲ့ ။

(၁၈) ကိုယ်လုပ်တဲ့အရာကို ကောင်းကောင်းလုပ်ပါ။ မင်းဖြစ်ချင်တဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေ။

Credit to Org

Address

Samanea Yangon Market, Corner Of Yadanar Road & Bago River Road, , Dagon Seikkan Township
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+959400477655

Alerts

Be the first to know and let us send you an email when Navitech Marine Service & Trading Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Navitech Marine Service & Trading Company Limited:

Share