12/08/2026
𝗢𝗶𝗹 𝗦𝗲𝗮𝗹 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 “ဝိုင်းဆီးနှင့်ပတ်သက်သော ဗဟုသုတ”
စက်မှုလုပ်ငန်းသုံးအတွက် အသုံးပြုသော Oil seal ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြောရရင် “ချောဆီဖြင့် လည်ပတ်နေသော ဝန်ရိုး၏ တဖက်ထိပ်မှ ၎င်းဆီများ မယိုစိမ့်စေရန်အတွက်လည်းကောင်း၊ ပြင်ပမှ ဖုန်နှင့်ရေများ မဝင်စေရန်အတွက် လည်းကောင်း အကာအကွယ်(လုံခြုံမှု)အဖြစ် တီထွင်ထားသော ပစ္စည်းတစ်မျိုး” လို့ မှတ်ယူနိုင်ပါတယ်။
Oil seal အဖြစ်အသုံးပြုတဲ့အခါ အဆိုပါ Oil seal ဟာ ပေါ့ပါးခြင်း၊ ကျစ်လစ်ခြင်း၊ တည်ငြိမ်ခြင်းနှင့် အကာအကွယ်(လုံခြုံမှု) ပေးနိုင်ခြင်း ဂုဏ်တို့နှင့် ပြည့်စုံရပါမယ်။ Oil seal အသုံးပြုတဲ့ နေရတွေကတော့ မော်ယာဉ်လောက၊ ၂ ဘီးစီးယာဉ်များ (စက် ဘီးနှင့် ဆိုင်ကယ်)၊ တည်ဆောက်ရေးနှင့် သတ္ထုတူးဖော်ရေးလုပ်ငန်းသုံး စက်ယန္တရားများ၊ လယ်ယာသုံး စက်အမျိုးမျိုး၊ သင်္ဘောလုပ်ငန်းများ၊ ရေနံနှင့်ဓာတ်ငွေ့တူးဖော်ရေလုပ်ငန်းများ စသည်တို့ ဖြစ်ပါတယ်။
Oil seal အမျိုးအစားများကို ပထဦးစွာ ၂ မျိုးခွဲပြီး လေ့လာနိုင်ပါတယ်။
1️⃣ တစ်မျိုးက လှုပ်ရှားမှုမရှိတဲ့နေရာမှာ၊ လှုပ်ရှားမှုမရှိတဲ့ပစ္စည်းများမှာ တပ်ဆင်အသုံးပြုပါတယ်။ ဥပမာအနေနေနဲ့ အင်ဂျင်မှာ အင်ဝိုင်ဆီစစ်အထိုင်နေရာ၊ လောစာဆီစစ်အထိုင်နေရာ၊ ဗားကာဘာအထိုင်နေရာ တို့ဖြစ်ပြီး၊ ဟိုက်ဒရောလစ်စနစ်မှာ ဆိုရင်တော့ ကွန်ထရိုးဗားနှင့် ဗားဘလော့တို့မှာ တပ်ဆင်အသုံးပြုပါတယ်။ လှုပ်ရှားမှုမရှိသော်လည်း သုံးရမည့် နေရာနှင့် သင့်တော်မည့် seal လုံခြုံမှုဖြစ်ဖို့ လိုပါတယ်။ အသေးစိတ်အနေနဲ့ ပြောရရင် အသုံးပြုမည့် ဆီ သို့မဟုတ် အရည်အမျိုးအစား နှင့် သဟဇာတ ဖြစ်ခြင်း၊ အပူဒဏ်/အအေးဒဏ် ခံနိုင်ခြင်း၊ ဖိအားဒဏ် ခံနိုင်ခြင်းတို့နှင့် ပြည့်စုံမှ အသုံးတည့်ပါမည်။
2️⃣နောက်ထပ်အမျိုးအစားက လှုပ်ရှားနေသော စက်အစိတ်အပိုင်းများတွင် တပ်ဆင်အသုံးပြုပါတယ်။ စက်ပစ္စည်းများ အလုပ် လုပ်ဆောင်ရာမှာ အဝိုင်းလည်လှုပ်ရှားမှုနှင့် အဖြောင့်သွားလှုပ်ရှားမှု ဆိုပြီး လှုပ်ရှားမှုနှစ်မျိုးရှိပါတယ်။
အဝိုင်းလည်လှုပ်ရှားမှု ပစ္စည်းတွေအနေနဲ့ ပြောရရင် အင်ဂျင်၏ ကရိုင်းရှပ်၊ မော်တော်ကားဘီးဝန်ရိုး အမျိုးမျိုး၊ ဂီယာဘောက် အမျိုးမျိုး၏ ဝန်ရိုးများ၊ ရေပန့်ဝင်ရိုး၊ ဟိုက်ဒရောလစ်ပန့်ဝင်ရိုး၊ ဟိုက်ဒရောလစ်မော်တာဝန်ရိုးတို့ ဖြစ်ပါတယ်။ အဆိုပါ ပစ္စည်း များအတွက် သင့်တော်မည့် oil seal အမျိုးမျိုးမျိုးလိုအပ်သလို ထုတ်လုပ်သူများကလည်း သုံးစွဲမှုနှင့် ကိုက်ညီအောင် အမျိုးမျိုး ထုတ်လုပ် ရောင်းချကြပါတယ်။ အဝိုင်းလည်လှုပ်ရှားမှုတွင် အသုံးပြုသော rotary shaft oil seal များကို ထပ်မံခွဲခြား မယ်ဆိုရင် spring loaded oil seals, non spring loaded oil seals & mechanical seals တို့ ဖြစ်ကြပါတယ်။ အင်ဂျင် water pump တိုင်းတွင် mechanical pump shaft seal ပါရှိပါတယ်။ ယန္တရားစက်များမှာတော့ final drive, reduction device & various rollers များတွင် mechanical seals များ တင်ဆင်အသုံးပြုကြပါတယ်။ floating seal လို့လည်း ခေါ် ကြပါတယ်။
နောက်တစ်မျိုးက အဖြောင့်သွားလှုပ်ရှားမှု စက်ပစ္စည်းဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ကားဘရိတ်ဆုံ အမျိုးမျိုး၊ ဟိုက် ဒရောလစ် ဆလင်ဒါအမျိုးမျိုးတို့ ဖြစ်ကြပါတယ်။
ဟိုက်ဒရောလစ်ဆလင်ဒါ တစ်မျိုးတည်းကြည့်မယ်ဆိုရင်တောင် အဖြောင့်သွားလှုပ်ရှားမှုအတွက် အသုံးပြုသော oil seal အမျိုးအစား မျိုးစုံပါရှိသလို လှုပ်ရှားမှုမရှိသောနေရာအတွက် အသုံးပြုသော oil seal များလည်း ပါရှိပါတယ်။ ၎င်း ဆလင်ဒါ မှာပါသော လှုပ်ရှားမှုအတွက် အသုံးပြုတဲ့ oil seal တွေဆိုရင်လည်း ဆီ(အရည်) အယိုအစိမ့်မဖြစ်အောင်ကာကွယ်ရန်နှင့် ဖုန်အမှုန်မဝင်အောင်ကာကွယ်ရန်တို့အပြင် အပူအအေးဒဏ်၊ ဖိအားဒဏ်၊ ဆောင့်အားဒဏ်၊ ပွတ်တိုက်မှုဒဏ်နှင့် ပြောင် လက်အောင်ပြုလုပ်နိုင်ခြင်းကဲ့သို့သော ဂုဏ်တို့နှင့် ပြည့်စုံရပါမည်။ဟိုက်ဒရောလစ် ဆလင်ဒါတစ်လုံးတွင်ပါရှိသော Oil seal အမျိုးအစားများမှာ O-rings, O-ring Accessories, Piston Seals, Rod Seals, Wiper Seals (Dust Seals), Wearing Rings, Guide Rings, Fl**ge Seals, Back-up Rings, Fastener Seals, Extruded Profile Seals & Buffer Rings/Seals တို့ ဖြစ်ပါတယ်။
Oil seal အမျိုးမျိုးအတွက် အသုံးပြုတဲ့ ကုန်ကြမ်းအမျိုးအစားများမှာ ရာဘာကို အခြေခံ၍ ထုတ်လုပ်တာ ရှိသလို၊ ရာဘာ မဟုတ်သော ပစ္စည်းများဖြင့်လည်း ထုတ်လုပ်ကြပါတယ်။ အသုံးပြုပုံမတူကြသလို ထုတ်လုပ်ပုံလည်း မတူကြပါဘူး။ သိသာတဲ့ ဥပမာပေးရရင် ရာဘာစေးကနေထုတ်လုပ်တဲ့ သရေကွင်းကို ဒီဇယ်ဆီနဲ့ ထိကြည့်၊ စိမ်ထားကြည့်လိုက်ရင် အဲဒီသရေ ကွင်းဟာ ပွလာမည်၊ ဆွဲဆန့်လျှင် အလွယ်တကူပြတ်ပါလိမ့်မည်။
ကျွန်တော်တို့ 𝗥𝗲𝗮𝗹 𝗣𝗼𝘄𝗲𝗿 𝗧𝗿𝗮𝗱𝗶𝗻𝗴 𝗖𝗼𝗺𝗽𝗮𝗻𝘆 အနေနှင့် အရည်အသွေး စိတ်ချရသော USA နိုင်ငံထုတ် 𝐒𝐊𝐅 Hydraulic Seals များကိုသာ ရောင်းချလျက်ရှိပါသည်။ ကျွန်တော်တို့ ရောင်းချသော SKF Hydraulic Seals များတွင် တည်ဆောက်ရေးနှင့် သတ္ထုတူးဖော်ရေးလုပ်ငန်းသုံး စက်ယန္တရားအမျိုးမျိုး၏ အင်ဂျင်များအတွက် Engine Oil Seals & O-Rings အမျိုးမျိုးအပြင် ဟိုက်ဒရောလစ်ပစ္စည်းများ အတွက် Hydraulic Seals & O-Rings အမျိုးမျိုးကို အလွယ်တကူရရှိနိုင်ပါသည်။
✅Website >>
www.realpowertrading.com
✅Viber Channel >>
https://bit.ly/realpowertrading
✅ Telegram Channel >>
https://t.me/realpowertrading
✅You Tube Channel >>
www.YouTube.com/
✅TikTok Channel >>
https://www.tiktok.com/...
🏢𝗬𝗮𝗻𝗴𝗼𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (64 A) နောင်ရိုးလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
☎️09-267 777 810၊ 09-795 334 005
🏢𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (65/66)၊ 62လမ်း * 132လမ်းထောင့်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
☎️09-267 777 820 ၊ 09-785 334 005
🏢 𝗡𝗮𝘆𝗽𝘆𝗶𝘁𝗮𝘄 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (၃၀၇၈)၊ရာဇဌာနီလမ်း၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော်။
☎️09-957 777 110
🏢𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (102)၊ ပြည်ထောင်စုလမ်းမကြီး၊ အေးသာယာမြို့သစ်၊ တောင်ကြီးမြို့။
☎️09-267 777 840
🏢𝗠𝘆𝗲𝗶𝗸 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (82)၊ စန္ဒာဝတ်ကျေးရွာ၊ ကျွဲကူးလမ်းမကြီး၊ မြိတ်မြို့။
☎️09-267 777 850
🏢𝗕𝗲𝗹𝗶𝗻 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (28)၊ ရန်ကုန် - မော်လမြိုင် လမ်းမကြီး၊ ဘီးလင်းမြို့။
☎️09- 267 777 830
🏢𝗠𝘆𝗶𝘁𝗸𝘆𝗶𝗻𝗮 𝗢𝗳𝗳𝗶𝗰𝗲
အမှတ် (141)၊ တပ်ကုန်းရပ်ကွက်(အရှေ့မြောက်)၊ ဆွမ်ပရာဘွမ် လမ်းမကြီး၊ မြစ်ကြီးနားမြို့။
☎️09-899 077 773၊ 09-257 777 317