13/12/2023
💠Knowledge Sharing 💠
🚩 #အဲကွန်းဆားဗစ်မလုပ်ပဲနဲ့နေထိုင်သူတွေအတွက်ကျန်းမာရေး VS နာတာရှည်အဆောက်အဦးပြဿနာ
🚩Sick Building Symdrome..ဆိုတာကို
မြန်မာလိုပြန်ရင်တော့...
နာတာရှည်အဆောက်အဦးရောဂါလို့ပြန်ရမလား...
ဒါမှမဟုတ်
ကျန်းမာရေးနှင့်မညီညွတ်သောရေရှည်
အဆောက်ဦး လေ၀င်လေထွက်ပြဿနာ
လို့ဘာသာပြန်ရင်ပိုသင့်တော်မလားမသိပါဘူး။
🚩သေချာတာကတော့
အခုခေတ်မှာ
မြို့ကြီးတွေ တောမြို့တွေပါမကျန် အများပြည်သူနဲ့ဆိုင်တဲ့ လူနေအထပ်မြင့်ကွန်ဒိုကြီးတွေ၊
အိမ်ယာတွေ၊စျေးအရောင်းစင်တာတွေ၊ ဆေးရုံဆေးခန်းတွေက အုံနဲ့ကျင်းနဲ့တနေ့တခြားပေါ်လာပြီဆိုတော့ အဲဒီအဆောက်အဦးတွေအပြင်၊ကိုယ့်အိမ်မှာနေကြသူတွေလည်း အဲကွန်းတပ်ထားကြပါတယ်။အများနဲ့ဆိုင်တဲ့အ ဆောက်အဦတွေမှာနေထိုင်ကြတဲ့ သွားလာလည်ပတ်ကြတဲ့ဆေး၀ါးကုသဖို့သွားနေကြတဲ့ အများပြည်သူတွေအတွက် အဲဒီပတ်ဝန်းကျင်က လေထုမသန့်ရှင်းတဲ့အခါ
နေထိုင်မကောင်းတာတွေ ရောဂါကူးစက်တာတွေ
ဖြစ်နိုင်ချေ ပိုရှိလာပါတယ်။
(မြန်မာပြည်က ကွန်ဒိုမီနီယံတွေ၊ဆေးရုံတွေ အရောင်းစင်တာတွေ စားသောက်ဆိုင်တွေအများစု Public areasအများစုမှာ အောက်ကအချက်တွေအားနည်းလို့
ဖြစ်စရာအနေအထားအများကြီးတွေ့နေရပါတယ်)
အဲဒီအဆောက်အဦးမှာတာဝန်ယူထားတဲ့
ပြုပြင်ထိန်းသိမ်းရေးဌာနရဲ့
🎯ကြိုတင်ကာကွယ်ဆောင်ရွက်ထားသင့်တဲ့ လုပ်ငန်းစဉ်တွေ အားနည်းတဲ့အခါမှာဖြစ်စေ၊
🎯အဆောက်အဦးအဦးတည်ဆောက်ကတည်းက လေကောင်းလေသန့်ရဖို့နဲ့ အခြားကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ စနစ်တွေ တပ်ဆင်အသုံးပြုဖို့ ဗိသုကာသဘောအရလိုအပ်တာ၊ပျက်ကွက်တဲ့အခါမှာဖြစ်စေ
အဲဒီအဆောက်အဦးတွေဟာ နေထိုင်ဖို့ မသင့်တဲ့
နာတာရှည်အဆောက်အဦးရောဂါ Sick Building Symdrome ရတော့တာပါပဲ။
ပုံမှန်အားဖြင့်တော့
အများပြည်သူနဲ့ဆိုင်တဲ့
ကွန်ဒိုမီနီယံ
ဆေးရုံအဆောက်အဦး
လူနေအဆောက်အဦး
ကုန်တိုက် စတာတွေမှာ တာဝန်ယူရတဲ့
ပြုပြင်ထိန်းသိမ်းရေးဌာနရဲ့အခြေခံအကျဆုံး
နေ့စဉ်အပတ်စဉ်ဆောင်ရွက်ဖွယ်ရာတွေကတော့..
♦️အဲကွန်းတွေ လေကောင်းလေသန့်ဖြန့်ဖြူးတဲ့ စက်တွေမှာတပ်ထားတဲ့ လေစစ်စကာတွေကို အချိန်မှန် စစ်ဆေးပြီးဆေးကြောသန့်စင်ဖို့ လိုအပ်ရင်လဲလှယ်ဖို့
♦️အဲကွန်းအင်ဒိုးယူနစ်တွေရဲ့ ရေခံဗန်းတွေကိုအချိန်မှန်စစ်ဆေးသန့်ရှင်းတာတို့၊ရေစစ်စကာတွေကိုစစ်ဆေးသန့်စင်တာ လဲလှယ်တာတို့
♦️အိမ်သာ၊လျှောက်လမ်းနဲ့ ကြမ်းခင်းတွေကို
အမြဲသန့်ရှင်းရေးလုပ်ပေးဖို့၊လိုအပ်ရင် သတ်မှတ်ချက်နဲ့ညီတဲ့ ပိုးသတ်ဆေး ဖြန်းတာတို့
(ပိုးသတ်ဆေးက သတ်မှတ်ချက်နဲ့ညီတဲ့ဆေးဖြစ်ရပါမယ် ၊မဟုတ်ရင် ကြာလာတဲ့အခါ လူပါသတ်တတ်လို့ပါ)
♦️လေသန့်ထည့်ပေးတဲ့ပန်ကာမော်တာတွေ၊လေဟောင်းထုတ်ပေးတဲ့ စနစ်တွေ အလုပ်ပုံမှန်လုပ်ရဲ့လား
♦️အဆောက်အဦးရဲ့ စိုထိုင်းဆကိုသတ်မှတ်ထားတဲ့အတိုင်း ထိန်းညှိအလုပ်လုပ်ပေးဖို့တပ်ဆင်ထားတဲ့ ပစ္စည်းကိရိယာတွေကောင်းကောင်းအလုပ်လုပ်ရဲ့လား
(မြန်မာပြည်မှာတော့ ဒါကမတွေ့မိတာများတယ်)
♦️ရေဖြန့်ဖြူးစနစ်တွေမှာ ရေဂါပိုးမွှားတွေ
မှိုတွေ ပေါက်ပွားနိုင်ခြေ များနေလား
စစ်ဆေးတာတို့ စတာတွေကတော့ အခြေခံနေ့စဉ်ဆောင်တာအနေနဲ့ လုပ်ပေးရပါတယ်။
အဲဒါတွေကို ဘာကြောင့်ပုံမှန်ထိန်းသိမ်းမှုတွေလုပ်ရသလဲဆိုရင်
အဲဒါတွေမလုပ်ရင်
💮လူတွေသောက်တဲ့မီးခိုးတွေ
မီးဖိုတွေကထုတ်တဲ့ မီးခိုးတွေ
💮မိတ္တူစက်လိုဟာတွေကထုတ်လွှတ်တဲ့ အိုဇုန်းဓာတ်ငွေ့တွေ
💮လူတွေသုံးတဲ့ကော်တွေ၊အလှဆင်ပစ္စည်းတွေ
နံရံကာပစ္စည်းတွေကထုတ်တဲ့ ဖော်လ်မယ်ဒီဟိုက်တွေ
💮မော်တော်ယဉ်တွေကထုတ်တဲ့ ကာဗွန်မိုနောက်ဆိုက်အဆိပ်ဓာတ်ငွေ့တွေ
💮ဆေးတွေ၊သန့်ရှင်းရေးသုံးဓာတုပစ္စည်းတွေ ကထုတ်လွှတ်တဲ့ အော်ဂင်းနစ်ဒြပ်ပေါင်းတွေ
ကအခန်းထဲမှာ လိုအပ်တဲ့ပမာဏာထက် များနေတဲ့အခါ အဆောက်အဦးအတွင်းအပကလေထုအရည်အသွေး(Indoor Air Quality,IAQ)ကျဆင်းလာလို့လူတွေရဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြသနာတွေအကြီးအကျယ်ရှိလာနိုင်လို့ပါ။
🚩IAQ ဆိုတာကတော့...အဆောက်အဦးတခုနေရာတခုအတွင်းမှာ လည်ပတ်လှုပ်ရှားနေတဲ့ ထေုရဲ့အရည်အသွေးကိုပြောတာပါ။
အဲဒီလေထုမှာ ရှိသင့်တဲ့
#အပူချိန်၊
#စိုထိုင်းဆ၊
#လေကောင်းလေသန့်လှည်ပတ်နှုန်းနဲ့
#ပိုးမွှားတွေမှိုတွေပေါက်ပွားမှု၊
#အမှုန်အမွှားနဲ့ဓာတုပစ္စည်းတွေရဲ့ပါဝင်နေမှုကို
ရှိသင့်တဲ့ ပမာဏအတွင်းမှာပဲရှိနေတာ၊
ရှိသင့်တဲ့ အောက်ဆီဂျင်ပမာဏအချိုးအစားနဲ့ လေထုသန့်ရှင်းမှု ရှိနေတာကိုခေါ်တာပါ။
သတ်မှတ်ချက်အဆင့်ေတွအရအရည်အသွေးအရ ညွှန်းကိန်းနဲ့ဖော်ပြလေ့ရှိပါတယ်။
အဲဒါတွေကို
နည်းပညာနဲ့စီမံခန့်ခွဲအရလိုအပ်တဲ့ ထိန်းချုပ်မှုတွေဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်ကိုတော့
Control လို့ခေါ်နိုင်မယ်ထင်ပါတယ်။
အဲဒီလုပ်ငန်းစဥိးတွေအားနည်းတာနဲ့အမျှ အဆောက်အဦးအတွင်း၊အခန်းတွင်းလေထုအရည်အသွေးက
နေထိုင်သူနဲ့ပတ်၀န်းကျင်အတွက် မသင့်တော်ပဲ
ကျဆင်းလာတာကို IAQ ညံ့တယ်လို့ဆိုတာပါ။
🚩E လိုကတော့..
INDOOR AIR QUALITY DEFINED
Simply defined, indoor air quality (IAQ) is the state of the
air contained within an enclosed building. The air may be
conditioned or unconditioned, and it may be acceptable or
objectionable to the occupants. To achieve acceptable IAQ,
the air’s temperature, humidity, and velocity may need to be
conditioned and pollutants must be removed. Often, when
people talk about IAQ they are talking about identifying any
source of pollutants or contaminants and taking appropriate
actions to remove, control, or prevent their amplification.
Amplification in IAQ terms means the contaminant’s ability
to grow and spread)
ဒါ့အပြင်
♦️အဆောက်အဦးတခုလုံးကိုပေးတဲ့၊အခန်းတခုကိုပေးတဲ့ အဲကွန်းစနစ်ကရေအေးခံစင်(Cooling tower)ရဲ့ ရေခံဗန်းတွေကို သန့်ရှင်း ရေးနဲ့ထိန်းသိမ်းမှုပုံမှန်လုပ်ဖို့ပျက်ကွက်ရင်
♦️လေအေးပေးကွိုင်(အင်ဒိုးကွိုင်)တွေနဲ့ကွိုင်အောက်ခံ ရေခံဗန်းတွေကိုပုံမှန်သန့်ရှင်းရေးလုပ်ဖို့ ပျက်ကွက်ရင်
♦️လေဖြန့်ဖျူးတဲ့ Duct Lineစနစ်တွေနဲ့ Diffusersတွေကို ပုံမှန်သန့်ရှင်းရေးမလုပ်ရင်
အဲဒီနေရာတွေမှာ
♦️ရေရဲ့အပူချိန်ကိုလည်း ပိုးမွှာတွေပေါက်ပွားစေနိုင်တဲ့ အပူချိန်နဲ့စိုထိုင်းဆဖြစ်နေတဲ့အနေအထားမှာရှိနေရင်
♦️ရေသန့်စင်မှုစနစ်မသုံးထားရင်
♦️ပုံးမွှာပေါက်ပွားမှုကို တားမြစ်ပေးတဲ့
ဓာတုပစ္စည်းတွေ သေချာသုံးစွဲပြီး မကာကွယ်မိရင်
အဲဒါတွေဟာ ပိုးမွှားတွေအတွက် ပေါက်ပွားစရာ နေရာကောင်းဖြစ်လာလိူ့ အဲဒီထဲကမှ
⛔Legionella(လက်ဂျင်နလာ) လို့ခေါ်တဲ့
အသက်ရှူလမ်းကျောင်းဆိုင်ရာရောဂါနဲ့အခြား အဆုပ်ရောဂါတွေဖြစ်တတ်လို့ပါ။
လေဖြန့်ဖြူးတဲ့ စနစ်ကနေတဆင့်ဖြစ်စေ၊
ပတ်ဝန်းကျင်လေထုကတဆင့်ဖြစ်စေ
အဆုပ်ထဲရောက်လာပြီး ဖြစ်တဲ့ အသက်ရှူလမ်းကျောင်းဆိုင်ရာရောဂါနဲ့အခြား အဆုပ်ရောဂါတွေ
ဖြစ်တတ်လို့ပါ။ စိုထိုင်းဆများတဲ့ နေရာတွေဟာ။သဘာ၀အရ ရောဂါပိုးေတွ ပိုပြီးပေါက်ပွားပါတယ်။အဲကွန်းချီလာေတွမှာသံုးတဲ့ Cooling Tower တွေဟာ ဆယ်နှစ်ရာသီ စိုစွတ်နေတတ်လို့ ရောဂါပိုးမွားတွေပေါက်ပွားရာနေရာပါ။ဒါကြောင့် Cooling towerတွေကထွက်လာတဲ့လေကိုကြာရှည်ရှူမိရင် အသက်အန္တရယ်ရှိပါတယ်။ဒါကြောင့် Shopping comple နဲ့နီးတဲ့နေရာတွေမှာနေထိုင်သူတွေ အထူးသတိပြုစရာပါ။
နောက်ပြီး အိမ်တွေမှာ အဲကွန်းတွေတပ်ထားတာက လူတွေကျန်းမာပြီး လတ်ဆတ်အေးမြတဲ့လေကောင်းလေသန့်ရဖို့ပါ ၊အဲဒါကို အဲကွန်းတွေကိုအချိန်မှန်လိုအပ်သလိုဆေးဖို့ သန့်ရှင်းရေးလုပ်ဖို့ပျက်ကွက်ရင်ရောဂါမွေးမြူရေးစခန်းဖြစ်သွားနိုင်ပါတယ်။
သေချာထိခိုက်နိုင်ပါတယ်။ဖြည်းဖြည်းချင်း နာတာရှည်ဖြစ်နေတာမလို့ လူတွေကမသိလို့မကြောက်ကြတာပါ။
ဒါတွေမလုပ်ကြလို့သေဆုံးခဲ့ဘူးတဲ့သာဓကတွေအများကြီးရှိပါတယ်။အခုလိုကာ ကိုဗစ်ကာလမှာ ပိုဆိုးပါတယ်။
အဲဒါကြောင့် လူတွေစုပေါင်းနေတတ်တဲ့ကွန်ဒိုတွေ၊ကုန်တိုက်ကြီးတွေ
ဆေးရုံ တွေ၊ Public areaမှာရှိတဲ့ အဲကွန်းကြီးတွေက Cooling Tower တွေ
အောက်ဒိုးယူနစ်တွေ၊အဲကွန်းအင်ဒိုးယူနစ်ေတွ၊
လေအေးပေးသွပ်ပုံး (Duct System) တွေကိုပုံမှန်သန့်ရှင်းရေးလုပ်တာအပြင် ၊Cooling towerနဲ့ အပူထုတ်ယူနစ်ေတွတပ်ဆင်တဲ့ နေရာကိုလည်း
အများပြည်သူနဲ့ဝေးတဲ့ ဧရိယာ တွေမှာတပ်ဆင်အသုံးပြုဖို့လိုပါတယ်ဆိုတဲ့အကြောင်း မျှဝေလိုက်ပါတယ်။
#ကိုနန်ဒမိုး