Applied Engineering Design Group

Applied Engineering Design Group EXTERIOR and INTERIOR DESIGN & DECORATION

31/01/2018

မင်္ဂလါပါ
တိုးတက်ပြောင်းလဲမှုနှင့် အတူ လူကြီးမင်းတို့ရဲ့ စိတ်ကူးကမ္ဘာလေးကို လက်တွေ့ကျကျ အကေါင်အထည် ဖော်ဆောင်ဖို့ဆိုရင် အမှန်တကယ် တတ်သိ နားလည်သော ပညာရှင်များနှင့် ပေါင်းစည်းထားဖို့ လိုအပ်ပါတယ်။

Hotel,Motel,Inn,Guest House လို ဝန်ဆောင်မှု ပေးနေကြတဲ့ လုပ်ငန်းနယ်ပယ် အသီးသီးတိုင်းမှာ လိုအပ်ချက်တွေကို လုပ်ငန်း စတင်အသုံးပြုပါမှ တွေ့ကြုံရတဲ့ ဒုက္ခတွေရဲ့ အခြေခံကို တင်ပြ ဆွေးနွေး ပေးပါ့မယ် ခင်ဗျာ။
(မှတ်ချက်။ ။မည်သည့် အဖွဲ့အစည်း မည်သူ့ကိုမှ မရည်ရွယ်ပါဘဲ တွေ့ကြုံခဲ့သော အခက်အခဲများ အပေါ် အခြေခံ ထားခြင်းဖြစ်လို့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံမျှသာ ဖြစ်ကြောင်း)

#ဒီဇိုင်းအလှဖန်တီးခြင်း

ဒီဇိုင်း အလှ ဖန်တီးရာမှာ မိမိလုပ်ကိုင်သော အဆောက်အဦး ရဲ့ ဖွဲ့စည်းပုံအတိုင်း ပါဝင်လာသော လူ့မှု အသုံးအဆောင် ပရိဘောဂများ လျှပ်စစ်ပစ္စည်းများ တည်ဆောက်ပုံ ဖွဲ့စည်းပုံ ကန့်သတ်ချက် ရည်ညွှန်းချက် ရှောင်ရန် ဆောင်ရန် စတဲ့ အချက်များကို အသေးစိတ် မသိရှိထားပါက သက်ဆိုင်ရာ ပညာရှင်များနှင့် စေ့စပ် ညှိနှိုင်းနိုင်ဖို့ လိုအပ်ပါတယ်။မိမိနှင့် တခြားသူများ လုပ်ငန်းခွင် ချိတ်ဆက်နိုင်ဖို့ ဆိုရာမှာ တတ်သိပညာ အပြင် လူမှုနယ်ပယ် ပေါင်းသင်းဆက်ဆံရေး ပြေလည်နိုင်သူများ ဖြစ်ဖို့ လိုအပ်သလို စီမံခန့်ခွဲ တတ်သော ဦးဆောင်နိုင်သူများ ဖြစ်ဖို့လည်း လိုအပ်ပါတယ်။

#လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်း

လျှပ်စစ် အပိုင်းမှာ ယနေ့ အချိန်အခါသည် အရာရာကို လျှပ်စစ်ဖြင့် ထိန်းချုပ် စေခိုင်း အသုံးပြုနေပါပြီ။

ဒီဇိုင်း ပညာရှင်များရဲ့ တောင်းဆိုချက်တိုင်း လိုက်လျှောညီညီ ဖြစ်လာစေဖို့ အထိက အစိတ်အပိုင်း တစ်ရပ်အနေနဲ့ ပါဝင် လာပါတယ်။
လျှပ်စစ် အန္တရာယ်ကို အဓိက ကါကွယ်ခြင်းနှင့် အတူ ပြင်ဆင် ထိန်းသိမ်းမှု အပိုင်းကိုပါ ဦးစားပေး ထားရသလို ရေ နှင့် တခြားတခြားသော ဇိမ်ခံပစ္စည်းများ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဒါတွေအါးလုံးအတွက် ကိုကြိုတင် တွက်ချက် လိုက်နာဖို့ လိုအပ်ပါတယ်။

#ရေလုပ်ငန်း

ရေလုပ်ငန်း အပိုင်းဖြစ်သော မီးသတ် စနစ်မှသည် ရေဆိုးနဲ့ သဘာဝ စိမ့်ရေ မိုးရေ စတဲ့ တွက်ချက်မှုတိုင်းသည် ရာသီဥတုပေါ် အခြေတည် တွေ့ကြုံလာနိုင်သလို အနည်းဆုံး အသုံးပြုမှု အများဆုံး အသုံးပြု စတဲ့ မတူညီသော အခြေအနေတိုင်း တူညီသော လိုအပ်ချက်တွေ ပြီးပြည့်စုံဖို့ မှန်ကန် သင့်တော်သော အရွယ်အစား ပမာဏကို ကျွမ်းကျင် ပိုင်နိုင်စွာ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။အရေး ကြီးသည့် အပိုင်း တစ်ခုအနေဖြင့် မိမိတို့ တည်ဆောက်ခဲ့သော ရေပေးဝေထားသော လမ်းကြောင်းတိုင်းသည် မည်သို့သော အချိန် အခါတွင် ဖြစ်နေပါစေ ထိခိုက် ပျက်စီးမှု အနည်းဆုံးဖြစ်နေစေရန်နှင့် တခြားသော အရာများနှင့် တိုက်ဆိုင် ကပ်ငြိနေနိုင်သော အနေအထား မရှိစေဖို့ ပရိဘောဂ တည်ဆောက်သူများရဲ့ လုပ်ဆောင်ချက်တိုင်းကို ကြိုတင်သိရှိထားဖို့ လိုအပ်ပါတယ်။

#ဆေးသုပ်ခြင်း
ဆေးသုပ်တဲ့ ပညာသည် သာမာန် အခြေအနေ အရ လွယ်ပါလိမ့်မယ်။တကယ့် လုပ်ငန်းမှာကတော့ ဆေးရဲ့ ဖျော်ဆပ်ထားသော နည်းပညာများနှင့် ဖော်မြူလာ အရ ခံဆေးရဲ့ အါးနည်းချက် အားသာချက် အသုံးပြုမည့် နေရာရဲ့ ဖြစ်သင့် သော အရောင်နှင့် အရည်အသွေး ကြံ့ခိုင်မှု စတဲ့ အခြေအနေ အရပ်ရပ်ကို တတ်သိထားဖို့ လိုအပ်ပါတယ်။ဒီဇိုင်း အရ နောက်ဆုံး အရောင် ရဖို့ထက် သက်တမ်း ကါလ တစ်ခုအတွင်း ဖြစ်လာနိုင်သော ရေယိုစိမ့်မှု မှိုစွဲကပ်ငြိမှု အရောင်ပြောင်းလဲမှုများ မဖြစ်ပေါ်စေရန် အဆောက်အဦ ရဲ့ဖွဲ့စည်းတည်ဆောက်မှုတွင် ပါဝင်သော သစ် မြေ အုပ် ရာသီဥတု စတဲ့အပိုင်းတွေကိုပါ အခြေခံကျကျ သိရှိထားဖို့ လိုအပ်ပါတယ်။

ကျန်းမာရေး အထောက်အကူပြု ဖြစ်သော လေအေးပေးစက်များ အားကစား သုံး ပစ္စည်းများ စီးပွားရေး လူမှုရေး ကျန်းမာရေး သုံး အထောက်အကူပြု လူသုံးကုန် ပစ္စည်းများ တတ်ဆင်ခြင်း နေရာချထားခြင်း အသုံးပြုခြင်း စတဲ့ လူသားတိုင်းနှင့် သက်ဆိုင်သော အသုံးအဆောင်များ ကို စီမံခန့်ခွဲခြင်းသည် ဒီဇိုင်းပညာရှင်များ မသိမနေ သိထားသင့်သော အချက်များပင် ဖြစ်ပါတယ်။

ဒါတွေကို သိထားသင့်သလောက် သိထားခြင်း ပေါင်းဆက်ညှိနှိုင်း လုပ်ဆောင်တတ်ခြင်း လက်တွေ့ အသုံးချတတ်ခြင်း စတဲ့ အချက်တွေနဲ့ ပြီးပြည့်စုံမှု ရှိခြင်းလို့ ပြောရလောက်အောင် တတ်သိထားသော ဒီဇိုင်း ပညာရှင် မျိုးဆက်သစ် ညီနောင်များမှ APPLIED ENGINEERING Design Goup ကိုဖွဲ့စည်း လိုက်ပါပြီ။လက်တွေ့ အသုံးချဖို့ရာ လူကြီးမင်းမှ လက်တွဲလိုက်ပါလို့ သတင်းကေါင်း ပါးလိုက်ပါရစေ ခင်ဗျာ။

31/01/2018

မင်္ဂလါပါ
Applied Engineering Design Group
မှ လူကြီးမင်းတို့၏ အဆောက်အဦ စီမံကိန်များ ဟိုတယ် ကွန်တို နေအိမ် ရုံးခန်းများ အတွက် လှပသေသပ် ခောတ်မီ ဆန်းသစ်သော ဒီဇိုင်းများကို စိတ်တိုင်ကျ ဖန်တီး ရေးဆွဲပေးပါသည်။

ဆက်သွယ်ရန်

09262347734/09796965279

APPLIED Engineering Design Group
31/01/2018

APPLIED Engineering Design Group

Address

No. 267, Damar Yone Street Yankin Town-Shio
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09262347734

Website

Alerts

Be the first to know and let us send you an email when Applied Engineering Design Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share