17/06/2026
📈 သံစျေးနှုန်းများ ဘယ်ကို ဦးတည်နေသလဲ ?
ခုရက်ပိုင်းအတွင်း သံထည်စျေးနှုန်းများ မြင့်တက်လာတာကို တွေ့ရပါတယ်။
“သံစျေးနှုန်းတွေ ထပ်တက်နိုင်သေးလား?” ဆိုတဲ့ မေးခွန်းကိုလည်း မကြာခဏ ကြားနေရပါတယ်။
စျေးနှုန်းတစ်ခု ဖြစ်ပေါ်လာရာမှာ ဝယ်လိုအား (Demand)၊ ရောင်းလိုအား (Supply)၊ ထုတ်လုပ်နိုင်စွမ်း (Production Capacity) တို့အပြင် ကုန်ကြမ်းစျေးနှုန်း၊ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် ငွေလဲနှုန်း စတဲ့ အချက်များကလည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။
လတ်တလောအခြေအနေအရ နိုင်ငံခြားမှ တင်သွင်းသော သံထည်များ ဝင်ရောက်မှု လျော့နည်းလာခြင်းနှင့် တင်သွင်းစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် Quality တူညီသော ပြည်တွင်းထုတ် အဆင့်မြင့်သံများကို ပိုမိုအသုံးပြုလာကြပြီး ပြည်တွင်းစျေးကွက်တွင်လည်း စျေးနှုန်းများ မြင့်တက်လာသည်ကို တွေ့ရပါတယ်။
ထို့အပြင် မိုးတွင်းကာလ ဖြစ်သော်လည်း လိုအပ်ချက်ရှိသော လုပ်ငန်းများအနေဖြင့် သိုလှောင်နိုင်သည့် အခြေအနေပေါ် မူတည်၍ ကြိုတင်ဝယ်ယူထားမှုများ ရှိနေဆဲဖြစ်သောကြောင့် ဝယ်လိုအားမှာလည်း ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
လတ်တလော စျေးကွက်အခြေအနေအရ သံစျေးနှုန်းများ အနီးကပ်ကာလအတွင်း ပြန်လည်ကျဆင်းနိုင်ဖို့မှာ မလွယ်ကူသေးကြောင်းသာ မျှဝေပေးလိုပါတယ်။