White Way Nirvana - မြန်မာ့ကြေးထည် နိဗ္ဗာန်ကုန်

  • Home
  • Myanmar
  • Yangon
  • White Way Nirvana - မြန်မာ့ကြေးထည် နိဗ္ဗာန်ကုန်

White Way Nirvana - မြန်မာ့ကြေးထည် နိဗ္ဗာန်ကုန် မြန်မာ့ကြေးထည်ပစ္စည်းများအပြင်ထိုင်းမှာရှိတဲ့ဘုရားခန်းသုံးပစ္စည်းများကို လက်လီလက်ကား ဝယ်ယူနိုင်ပါပြီ
(1)

နိဗ္ဗာန်ကုန်နှင့်ပတ်သတ်တဲ့ကြေးထည်ပစ္စည်းအမျိုးမျိုးကို WHITE WAY မှာ အကြိုက်ရွေးနိုင်ပါပြီ 🙏 ထိုင်းမြန်မာအိမ်အရောက်ငွေချေဖြင့်မှာယူနိုင်ပါပြီ ❤️ Shop At Yangon , Myanmar

White Way - Nirvana Store တွင်ရွှေတိဂုံစေတီတော်ပုံ၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ  ကြေးစေတီပုံပါ(ကြေးသားအထူသားပါ)ဓာတ်တော်မ...
22/06/2026

White Way - Nirvana Store တွင်ရွှေတိဂုံစေတီတော်ပုံ၊
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ ကြေးစေတီပုံပါ
(ကြေးသားအထူသားပါ)

ဓာတ်တော်မွေတော်များလည်း အလယ်တွင်လည်း ဌာပနာထည့်လို့ရပါတယ်ရှင်

နိဗ္ဗာန်ကုန်နှင့်ပတ်သတ်တဲ့ မြန်မာ့ကြေးထည်ပစ္စည်းအမျိုးမျိုးကို မှာ အကြိုက်ရွေးနိုင်ပါပြီ 🙏🙏

Online ပေါ်မှတဆင့်ဖြစ်စေ ဆိုင်သို့လာရောက်၍ဖြစ်စေစိတ်တိုင်းကျ ယုံကြည်စွာ မှာယူအားပေးနိုင်ပါတယ် 🙏🙏🙏

100,000 အထက် မှာယူပါက ပို့ခအခမဲ့ ဖြင့် မြန်မာတစ်နိုင်လုံး ပို့ဆောင်ပေးပါတယ်

မှာယူလိုပါက Cb မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်

ဆိုင် ၁ - အမှတ် ၅၄ (B) ဗဟန်း ၃ လမ်း ရွှေတိဂုံဘုရားအနီး ဗဟန်းမြို့နယ်

ဆိုင် ၂ - ဆိုင်အမှတ် (၉၉/၁၀၁/၁၀၈/၁၁၀) ရွှေတိဂုံအရှေ့ဘက်မုခ်စောင်းတန်း ရွှေတိဂုံစေတီတော် #အောင်ဇမ္ဗူနိဗ္ဗာန်ကုန်ဆိုင်ပင်ရင်း

ဆိုင် (၃) - စနေတနင်္ဂနွေချက်တူချက်စျေး ၊ မော်ချစ်ဂိတ် ၊ ချက်တူချက်မြို့နယ် ၊ ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ ။ Chatuchak Weekend Market , Mochit Station , Bangkok , Thailand 10900

📞 09767730237 (Ph Call)
📞 0627248074

#ကြေးထည် #နိဗ္ဗာန်ကုန် #မြန်မာ့ကြေးထည်

သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ် ရရှိနိုင်သောအကျိုးတရားများ၁။ ဒိ သာသု ပူဇိတော ဟောမိ။  #သွားလေရာ အ...
22/06/2026

သရဏဂုံ သုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ် ရရှိနိုင်သောအကျိုးတရားများ

၁။ ဒိ သာသု ပူဇိတော ဟောမိ။
#သွားလေရာ အရပ်တိုင်း၌လေးစားမြတ်နိုးခြင်းခံရမည်။

၂ ။ တိက္ခပညော။
#ဉာဏ်အလွန်ထက်မြက်မည်။

၃။ သဗ်ဗေ ဒဝေါနုဝတ်တန်တိ။
#နတ်တို့၏စောင့်ရှောက်ခြင်းခံရမည်။

၄။ အမိတဘောဂံ လဘာမဟံ။
#စီးပွားရေး အဆင်ပြေမည်။

၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။
#ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။

၆။ ပဋိကန္တော ဘဝါမဟံ။
#ဖြစ်လေရာဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။

၇။ မိတ္တာနံ အစလော ဟောမိ။
#ဖြစ်လေရာဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်းခိုင်မြဲမည်။

၈။ ယသော အဗ္ဘုဂ္ဂတော မမံ။
#ဖြစ်လေရာဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ ကောင်းသောစကားများကိုသာပြောကြမည်။

ကောင်းသတင်းများသာကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့သည်။

ဒီဃနိကာယ်(နှာ-၃၃၂) သံယုတ္တနိကာယ်(နှာ-၃၄၁) တို့၌ လာသော သရဏံ၏အကျိုးတရားများမှာ -

၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော အန္တရာယ်များရှိခြင်း၊ ကြောက်ရွံ့ခြင်း၊ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊
အပါယ်လေးပါးသို့ လားရောက်ရခြင်း စသည်တို့ကိုတားမြစ်ဖျက်ဆီးပေးတတ်၏။

၂။ နောင်ဘဝ နတ်ပြည်သို့ ရောက်သည့်အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံ မတည်သော နတ်ထက်အသက်ရှည်ခြင်း၊အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း ၊ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်ချမ်းသာကိုရရှိခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင်နှစ်သက်မှုကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ်တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း၊ မိမိ၏အလိုကို အခြားသော နတ်များကလိုက်လျောကြရခြင်း၊မိမိ၏ အဆွေခင်ပွန်းများကို မည်သူကမျှ ပျက်စီးအောင်မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။

ထို့ကြောင့် အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသောသူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ်ဆိုပွားများသင့်ပါသည်။

ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် နိဗ္ဗာန်ကိုမျက်မှောက်ပြုကြရပါမည်။

သံသရာ၌ ကျင်လည်ရလျှင်လည်း ဖေါ်ပြခဲ့သောအကျိုးတရားများကို ရရှိပါလိမ့်မည်။

ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ်ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားများကြပါဟု တိုက်တွန်းအပ်ပါသည်။

Credit - အရှင်သူရိယ

- စတီး ကို ရွှေရည်စိမ်ထားတာလား ???   စတီးမဟုတ်သလို ရွှေရောင်လည်းစိမ်ထားတဲ့ပစ္စည်းတွေမဟုတ်ပါဘူး ၊ မြန်မာ့ကြေးထည် စစ်စစ် ရ...
22/06/2026

- စတီး ကို ရွှေရည်စိမ်ထားတာလား ???
စတီးမဟုတ်သလို ရွှေရောင်လည်းစိမ်ထားတဲ့ပစ္စည်းတွေမဟုတ်ပါဘူး ၊ မြန်မာ့ကြေးထည် စစ်စစ် ရန်ကုန်ကြေးလောင်းထူတွေပါ

- အရောင်ကျွတ်ကုန်မှာလား ?? , မဲသွားတတ်လား ??
အရောင် လုံးဝ မကျွတ်ပါဘူး ၊ ကြေးဖြစ်တဲ့အတွက် မဲပါတယ်

- မဲရင်ဘယ်လိုအရောင်တင်လို့ရမလဲ ??? အရင်အရောင်အတိုင်းပြန်ရရဲ့လား ?
မဲသွားရင် Brasso နဲ့ ပွတ်တိုက်ချွတ် ရပါတယ် ဘယ်အချိန်မဆို Brasso နဲ့တိုက်ရင် အရင်အရောင်တိုင်း ပြန်ရပါတယ် သို့မဟုတ် မမဲခင် နေ့စဉ် အောင်ဇမ္ဗူ - ကြေးတိုက်ဆပ်ပြာ နဲ့ ဂျေးမတတ်အောင် ဆေးကြောသန့်စင်လို့ရပါတယ် (ဆေးကြောပြီးရင်တော့ ရေကို ချက်ချင်းပြောင်အောင်သုတ်ရမယ်နော်)

- အကြမ်းခံရဲ့လား ???
လောင်းထူမို့လို့ Weight ကအစ လေးလေးနစ်နစ် ထူပြီး ပြုတ်ကျရင်တောင် မကွဲ မအက် မပိန်တဲ့ ရေရှည် နှစ်ရှည် အကြမ်းခံတဲ့ ကြေးထည်ပစ္စည်းလေးတွေဖြစ်ပါတယ်

လောင်းထူရန်ကုန်ကြေးခွက်လေးတွေက မသိရင်ရွှေခွက်တွေအတိုင်းဘဲ ဝင်းလက်နေပြီးပေါ့ရွတ်ရွတ်မဟုတ်တာ သူ့ အားသာချက်

#လောင်းထူရန်ကုန်ကြေးပစ္စည်းအစုံ တစ်နေရာထဲမှာ ရရှိမှာနော် ဘာလို့လဲဆို အသစ်ထွက်တဲ့ Design သစ်တွေက မင်မင် Idea နဲ့ထုတ်ထားတာမို့ 🥰

ဒါ့အပြင် #ကြေးပစ္စည်းအမျိုးပေါင်းထောင်ချီအသင့်ရှိတာမို့ ဲ့တခြားသောPost တွေမှာ ကြည့်လို့ရပါတယ်ရှင့်

Online ပေါ်မှတဆင့်ဖြစ်စေ ဆိုင်သို့လာရောက်၍ဖြစ်စေစိတ်တိုင်းကျ ယုံကြည်စွာ မှာယူအားပေးနိုင်ပါတယ် 🙏🙏🙏

နိဗ္ဗာန်ကုန်နှင့်ပတ်သတ်တဲ့ ကြေးထည်ပစ္စည်းအမျိုးမျိုးကို White Way မှာ အကြိုက်ရွေးနိုင်ပါပြီ 🙏🙏

100,000 အထက် မှာယူပါက ပို့ခအခမဲ့ ဖြင့် မြန်မာတစ်နိုင်လုံး ပို့ဆောင်ပေးပါတယ်

မှာယူလိုပါက Cb မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်

ဆိုင် - အမှတ် ၅၄ (B) ဗဟန်း ၃ လမ်း ရွှေတိဂုံဘုရားအနီး ဗဟန်းမြို့နယ်

09767730237 /

#ကြေးထည် #နိဗ္ဗာန်ကုန် #ကြေးသောက်တော်ရေခွက် #ကြေးရေတော် #လောင်းထူ #လောင်းထူရန်ကုန်ကြေးပစ္စည်းအစုံ #ကြေးပန်းအိုး #အောင်အိုး #ဟင်းဇလုံ #ကလပ်

20/06/2026
ဆီမီး၊အလင်းတိုင် လှူရကျိုး ( ၇ )  မျိုး 🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯၁။   ခန္ဓာကိုယ်မှ အညစ်အကြေး ကင်းစင်ခြင်း။ ၂။   အနီးအဝေးကို ကြည့်ရှုက...
20/06/2026

ဆီမီး၊အလင်းတိုင် လှူရကျိုး ( ၇ ) မျိုး
🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯🕯

၁။ ခန္ဓာကိုယ်မှ အညစ်အကြေး ကင်းစင်ခြင်း။

၂။ အနီးအဝေးကို ကြည့်ရှုက မြင်နိုင်သော အဘိညာဉ်ရခြင်း။

၃။ ကျောက်တောင် အုဌ်တံတိုင်း စသည်ကို ဖောက်ထွင်းမြင်နိုင်သော မျက်စိကို ရရှိခြင်း။

၄။ အမှုကိစ္စတို့ကို ပြုလုပ်ဆောင်ရွက်က မခက်ခဲဘဲ အလွယ်နှင့်ပြီးစီးခြင်း။

၅။ ဉာဏ်ပညာ ကြီးမား ထက်မြက်ခြင်း။

၆။ ခရီးသွားလေရာမှာ မိမိအထက်က အလင်းရောင်များ အမြဲလိုက်ပါခြင်း။

၇။ မဂ်ဉာဏ် ဖိုလ်ဉာဏ်အလင်းရ၍ နိဗ္ဗာန်ကို သိမြင်နိုင်ခြင်း။

"ဆီမီးလှူကျိုး ညစ်ကြေးကင်းစင်
ဒိဗ္ဗစက္ခု ရမူနောင်တွင်
ကျောက်တောင်ထွင်း၍ အလင်းကိုမြင်
ဘယ်ကိစ္စ ခက်ရသူမထင်
ဆီမီးလှူက ကြီးထပညာ
သွားရာရောင်လင်း မယွင်းလိုက်ပါ
မဂ်ဖိုလ်ဥာဏ်ထူး ဆွတ်ခူးမှန်စွာ
နိဗ္ဗာန်နန်း စံမြန်းရလေတာ။"

(တစ်နည်း) ဆီမီးလှူကျိုး ( ၅ )ပါး။
******************************
၁။ တန်ခိုးတေဇော် အာနုဘော်ကြီးခြင်း၊
၂။ ရဲရင့်လျင်မြန်ခြင်း၊
၃။ ထွန်းလင်းတောက်ပအဆင်းလှခြင်း၊
၄။ ဥာဏ်ပညာထက်မြက် ကြီးကျယ်ခြင်း၊
၅။ ကိတ္တိ ၂-ပါးကျော်စောထင်ရှားခြင်း။ ။
( ဤကား အကျိုးများစွာတို့အနက် ထူးကဲသောအကျိုးငါးပါးသာဟု မှတ်ရာ၏။)

နိဗ္ဗာန်ကုန်နဲ့ပက်သတ်တဲ့ကြေးထည်ပစ္စည်းအမျိုးမျိုးကိုwhitewayမှာအကြိုက်ရွေးနိုင်ပါတယ်🥰

မှာယူလိုပါကpage chatboxတွင်မှာယူလို့ရပါတယ်ရှင်

ဆိုင်အမှတ် ၅၄ဘီ ဗဟန်း ၃လမ်း ရွှေတိဂုံဘုရားအနီး ဗဟန်းမြို့နယ်

09767730237/09980212313
#နိဗ္ဗာန်ကုန် #ကြေးထည် #ဆီမီး

သီလဆိုတာ...ကိုယ်ကျင့်တရားပဲ ၊စည်းကမ်း ဘောင် အတွင်းက ပြောဆိုခြင်းနှင့် ပြုလုပ်ခြင်းလို့ ဆိုရမယ်...သဒ္ဓါရှိရင် သီလလည်း ရှိ...
20/06/2026

သီလဆိုတာ...ကိုယ်ကျင့်တရားပဲ ၊စည်းကမ်း ဘောင် အတွင်းက ပြောဆိုခြင်းနှင့် ပြုလုပ်ခြင်းလို့ ဆိုရမယ်...

သဒ္ဓါရှိရင် သီလလည်း ရှိတတ်တာမို့လို့ မြတ်စွာ
ဘုရားကဆက်ဟောတာ၊ကိုယ်ကျင့် တရား ကောင်းလာရင် ပစ္စည်းဥစ္စာလည်းပဲ ထိုပုဂ္ဂိုလ် ထံ မှာ မြဲလာမယ်။

ပစ္စည်းဥစ္စာ ချမ်းသာသော်လည်းပဲ ကိုယ်ကျင့် တရား မကောင်းဘူးဆိုရင်တော့ ထိုပစ္စည်းဥစ္စာ တွေဟာ အဲဒီပုဂ္ဂိုလ်ထံမှာ မမြဲတတ်ဘူး၊ ကိုယ် ကျင့် တရားပျက်ပြားတဲ့ပုဂ္ဂိုလ်ဟာ စီးပွါးဥစ္စာ ပျက်ပြားသွားတယ် ဆိုတာ လောကမှာ မြင်တွေ့ နိုင် တယ်။

ကိုယ်ကျင့်တရား ဆိုတဲ့ နေရာမှာ လူတွေမှာဘာ အရေးကြီး သလဲဆိုရင် ငါးပါးသီလပေါ့ ၊တစ် ချို့
က ငါးပါးသီလကို တစ်ပါးလောက်စောင့်ရင် ပြီး တယ်၊နှစ်ပါးလောက်စောင့်ရင် ပြီးတယ်။

ဒီလိုထင်ကြတယ်၊မဟုတ်ဘူး။ငါးပါးသီလဟာ တစ်ပါးမှ လျှော့စရာမရှိဘူးနော်။

အားလုံးပြည့်စုံအောင် စောင့်နိုင်ရင်စောင့်၊ မစောင့် နိုင်ဘဲ တစ်ပါးသီလ နှစ်ပါးသီလတို့ ဆိုရင်တော့ ကျန်တဲ့ ဥစ္စာတွေကဒုက္ခပေးမှာ သေချာတယ်။

ငါးပါးသီလကို ဝါရိတ္တသီလလို့ ခေါ်တယ်။
ဝါရိတ္တ သီလ ဆိုတာ တားမြစ်ထားတာ ၊မလုပ်ရ ဘူး။

ဘာဖြစ်လို့ မလုပ်ရတာလဲဆိုတော့ စဉ်းစားကြည့်
ပေါ့၊မီးကိုကိုင်ရင် မပူဘူးလား၊ပူမှာပေါ့၊ဘယ်သူ
ကိုင်ကိုင် ပူမှာဘဲ။

ထို့အတူဘဲ ငါးပါးသီလကို လွန်ကျူးရင် တော့ ဘယ် သီလကိုပဲ ကျူးလွန် ကျူးလွန်၊ထိုသီလကို ကျူးလွန်တဲ့အပြစ်ကို ခံရမှာပဲ ငါးပါးသီလ နဲ့ ပတ်သက် ပြီးတော့ လူတိုင်းသိကြပါတယ်။

ခုနကတင်ဘဲ ငါးပါးသီလ ဆောက်တည်“ပါဏာတိ ပါတာ ဝေရမဏိ သိက္ခာပဒံသမာဒိယာ”ဆိုတာ သူ များ အသက် သတ်ခြင်းမှရှောင်ကြဉ်ပါ၏တဲ့။

သူများအသက်ကို သတ်ခြင်းမှ ရှောင်ရုံနဲ့ ပြီးရော လား ဆိုတော့ မပြီးသေးဘူးနော်။

ရှောင်ရုံရှောင်တယ်ဆိုတာ အဆင်မပြေရင်မရှောင်
ဘူးဆိုတာ ရှိလာဦးမယ်၊ရှောင်ကြဉ်တယ်ဆိုတာ
မလုပ်သင့်တာကို မလုပ်ခြင်းဖြစ်တယ်။

လုပ်သင့်တာက ဘာလဲဆိုတော့ သတ္တဝါတွေ ကို သတ် ဖို့ဆိုတဲ့ဓားတုတ်တွေ ကိုယ့်အိမ်မှာ မထားရ ဘူး တဲ့။ ။

မြတ်စွာဘုရားကတော့ သူတစ်ပါးကို သတ်ဖို့ရာ လက်နက်ဆိုတာ ထားကိုမထားနဲ့တဲ့၊ဒါတင်မက ဘူး မြတ်စွာဘုရားက သတ္တဝါတွေကို သေစေလို တဲ့ စိတ် နဲ့ သတ်ဖြတ်မှုကို ရှက်တတ်ရမယ်။

ကိုယ့်လာသတ်ရင်လည်း သူ့ကိုပြန်မသတ်ရဘူး၊ သတ္တဝါတွေ ရဲ့အသက်ကို သတ်ခြင်းဆိုတာကို ရှက်စရာလို့ မြင်ရမယ်။

သတ္တဝါတွေအပေါ်မှာ မေတ္တာတရား အကြင်နာ
တရား ထားရမယ်၊အေး သီလလုံတယ်ဆိုတာ
အဲဒါတွေ အကုန်လုံး ပြည့်စုံမှဖြစ်တာကို ပြောတာ
နော်။

ကဲ နောက်တစ်ခု အဒိဒါန-ဆိုတာ သူများပစ္စည်း မခိုးဘူး၊ဒါတင်မပြီးသေးဘူး၊သူများပေးတာနဲ့ သာ ကျေနပ်တယ်၊ပေးတာကိုသာ ကြိုက်တယ်၊သူများ ပစ္စည်းကို သိ၍ဖြစ်စေ၊မသိဘဲဖြစ်စေ လုံးဝ မယူ ဘူး၊အဲဒါမှသာ အဒိန္နာဒါန လုံတယ်လို့ခေါ်တယ် ၊လုံး ဝကို သန့်ရှင်းရမယ်။

ကာမေသု မိစ္ဆာစာရ နဲ့ပတ်သက်ရင် အမျိုးသား တွေ အတွက်ကတော့ အမျိုးသမီး(၂ဝ)နဲ့ လုံးဝ
မလွန် ကျူးရဘူး။

အမျိုးသမီးတွေ အတွက်က တော့ကိုယ့်ရဲ့ အိမ် ထောင် ဘက် ခင်ပွန်းကလွဲပြီး မလွန်ကျူး ရဘူး၊ ဒါကတော့ ထင်ထင်ရှားရှား ရှိတယ်နော်။

စည်းကမ်းချက် သတ်မှတ်ထားတဲ့ အတိုင်းဖြစ်
တယ်၊။

အခြားသူဆိုရင် စိတ်နဲ့တောင်မှ မပြစ်မှားရဘူးဆို တာအထိမှ လုံခြုံတယ်လို့ခေါ်တယ်။ ။

မုသာဝါဒဆိုတာ လိမ်မပြောဘူး၊ဒါပေမယ့်မှန်တာ ကိုမပြောဘူး’ဆိုရင်တော့ မပြည့်စုံသေးဘူး၊မလိမ် ဘူး၊မှန်တာကိုသာ ပြောတယ်ဆိုမှ ပြည့်စုံတယ်။

သစ္စဝါဒီ - မှန်တဲ့စကားကို ပြောရမယ်။
သစ္စသ- ရှေ့စကားလည်း မှန်ရမယ်။၊နောက် စကား လည်း မှန်ရမယ်၊အေး ဒီနေ့တော့ မှန်တာ ပြောတယ်။

နောက်တစ်နေ့ကျတော့ လိမ်ပြောတယ် ဒါမျိုးက လည်း မဟုတ်သေးဘူးနော်၊အမြဲတမ်းအမှန်ချည်း ဘဲ ပြောရမယ်၊စိတ်ချ ယုံကြည်ရတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ရမယ်။

အသံဝါဒကော လောကဿ လောကကြီးကို ဘယ် တော့ မှ လွဲချော်အောင် မလုပ်ရဘူး၊ ပတ်ဝန်းကျင် က ဒီလူဟာ ဘယ်တော့မှမဟုတ်တာ မမှန်တာ မပြောဘူး ဆိုပြီး လုံးဝယုံကြည်ရတဲ့ သူမျိုးဖြစ် အောင် လုပ်ရမယ်။

အဲဒီတော့မှမုသာဝါဒ သိက္ခာပုဒ်ဟာ ပြည့်စုံတယ်။

သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိ ဒီသိက္ခာ ပုဒ်ကို စောင့်ထိန်းတဲ့ နေရာမှာလည်း ခြွင်းချက် မရှိ စေရဘူး၊တစ်ချို့ကတော့ ဆေးဖြစ်ဝါးဖြစ် လေး ဆိုပြီးတော့ သောက်ချင်ကြသေးတယ်။

ခန္ဓာကိုယ်နဲ့ဦးနှောက်ကို ထိခိုက်စေနိုင်တယ်တဲ့။

မူးယစ်ဆေးဝါးကို သုံးစွဲရာမှာ မိမိရော သူတစ်ပါး
ရော မိမိ သူတစ်ပါး နှစ်ဦးစလုံးကိုရော ထိခိုက်စေ မယ် ဆိုရင် အပြစ်ရှိတယ်လို့ သတ်မှတ်ရမယ်။

တစ်ချို့က ပြောကြတယ် သူများကို မထိခိုက်ဘူး
ဆိုရင် ဘာမှ မဖြစ်ပါဘူးတဲ့၊ကိုယ့်ကိုယ်ကို ထိခိုက်
နေတာကို မသိလို့ပါ။

သေရည်သေရက်ဟာ သုံးစွဲသူတွေမှာ သွေးမှ တစ် ဆင့် ခန္ဓာကိုယ်ထဲရှိ ဦးနှောက်စတဲ့ အစိတ်အပိုင်း တွေ ထဲကို ရောက်သွားပြီဆိုရင် စိတ်တွေဟာ ထိုင်း မှိုင်းလာပြီး ကုသိုလ်ကောင်းမှုတွေကို ပြု လုပ် ဖို့ မေ့လျော့လာမယ်။

ပညာ ဥစ္စာ စီးပွား ဆိုတဲ့ အကျိုးတွေကို ဆုတ် ယုတ် လာစေတယ်။

ဒါကြောင့်မို့ သုရာမေရယဆိုတဲ့ မူးယစ်နဲ့ပတ်သက်
တဲ့ အရာတွေကို ရှောင်ကြဉ်တာဟာအကောင်းဆုံး
ပါပဲ။

သောတာပန်တွေကျတော့ မူးယစ်ဆေးဝါး မှန် သမျှ အားလုံးကို လုံးဝ ရှောင်ကြဉ်လိုက်နိုင်ပြီ။

အရက်နဲ့ရေ ရောတိုက်ရင်တောင်မှ ရေဘဲဝင်ပြီး
အရက်လုံးဝမဝင်ဘူးလို့ အဆိုရှိတယ်။

သောတာပန်ဖြစ်ရင် မူးယစ်ဆေးဝါးဆိုတာကို လုံးဝ ရှောင်ကြဉ်နိုင်ကြပြီ။

အဲဒီလို ငါးပါးသီလနဲ့ပြည့်စုံရင် မြတ်သောဥစ္စာ တစ်မျိုး ကိုယ့်မှာပြည့်စုံတာဖြစ်တယ်။ ။

လောကမှာသီလကို ဘာနဲ့ ဥပမာပေးထားသလဲ ဆိုရင် သိဂီရွှေခွက်နဲ့ ဥပမာပေးထားတယ်။

တန်ဖိုးရှိတဲ့ ခြင်္သေ့ဆီဟာ သိဂီရွှေခွက်ထဲမှာ တည် နိုင် သလို လူတွေရဲ့ သန္တာန်မှာရှိတဲ့ ကုသိုလ်တရား တွေဟာ သီလလို့ဆိုတဲ့ ရွှေခွက်နဲ့ ခံထားမှ သာ လျှင် တည်နိုင်တယ်။

သီလပျက်တာနဲ့တစ်ပြိုင်နက် ကုသိုလ်တရား တွေ အားလုံး ပျက်တာပါပဲ။

အေး ဒါကြောင့် ကုသိုလ်တွေ အားလုံးရဲ့ တည်ရာ
မှီရာဟာ သီလ ဖြစ်တယ်လို့ စာပေကျမ်းဂန် တွေ မှာ ဆိုထားတယ်နော်။

" လူ့အရည်သွေးတွေ အားလုံးဟာ သီလပေါ်မှာပဲ မှီတည်နေတယ်၊သီလပျက်တာနဲ့ တစ်ပြိုင်နက် လူ့ ရဲ့အရည်သွေးတွေ အားလုံးဟာ သွားရောပါပဲ၊"

ဒါ ကြောင့်မို့ သီလဆိုတဲ့ ပစ္စည်းဥစ္စာဟာ လူသား တွေ ရဲ့သန္တာန်မှာ ရှိထားရမယ့် မြတ်သော ဥစ္စာ တစ်ခု ဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

ဆွမ်းတော်ကပ်ဖို့ မြန်မာ့ကြေး  #ကြေးသပိတ် #ပေါ့ပေါ့ပါးပါးစစ်ကိုင်းကြေးလက်လုပ်ထည်ဆိုဒ်စုံ မှာယူနိုင်ပါတယ်နော်လက်လုပ်ထည် ဆွ...
18/06/2026

ဆွမ်းတော်ကပ်ဖို့ မြန်မာ့ကြေး #ကြေးသပိတ်

#ပေါ့ပေါ့ပါးပါးစစ်ကိုင်းကြေးလက်လုပ်ထည်ဆိုဒ်စုံ မှာယူနိုင်ပါတယ်နော်

လက်လုပ်ထည် ဆွမ်းသပိတ်
ဆွမ်းသပိတ်(အဖုံးပါ)
သပိတ်သေး
သပိတ်လတ်-
သပိတ်ကြီး - အဝ ၂" အမြင့် ၃" )
ဝါရေသောက်သပိတ် - (အဝ ၃" အမြင့် ၃"ခွဲ)
၁၅စီးသပိတ် - ( အဝ ၃"ခွဲ အမြင့် ၄" )
စကသပိတ် - ( အဝ ၄" အမြင့် ၅")
၄လုံးပွားသပိတ် - ( အဝ ၄" အမြင့် ၆" ) လုံးပတ်ပိုကြီး
၃လုံးပွားသပိတ် - ( အဝ ၅" အမြင့် ၆" )
၂လုံးပွားသပိတ် - ( အဝ ၇" အမြင့် ၇" )

မှာယူလိုပါက Cb မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်

ဆိုင် ၁- အမှတ် (၅၄ 😎 ဗဟန်း ၃ လမ်း ရွှေတိဂုံဘုရားအနီး ဗဟန်းမြို့နယ်

ဆိုင် (၂) - ဆိုင်အမှတ် (၉၉/၁၀၁/၁၀၈/၁၁၀) ရွှေတိဂုံအရှေ့ဘက်မုခ်စောင်းတန်း ရွှေတိဂုံစေတီတော် #အောင်ဇမ္ဗူနိဗ္ဗာန်ကုန်ဆိုင်ပင်ရင်း

ဆိုင် (၃) - စနေတနင်္ဂနွေချက်တူချက်စျေး ၊ မော်ချစ်ဂိတ် ၊ ချက်တူချက်မြို့နယ် ၊ ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ ။ Chatuchak Weekend Market , Mochit Station , Bangkok , Thailand 10900

📞 09767730237 (Ph Call)
📞 0627248074

#ကြေးထည် #နိဗ္ဗာန်ကုန်
#သင်္ကန်းဘုရား

Bangkok မှာ ရှိတဲ့ မြဘုရား ပုံတူ ဆင်းတုတော် မိုအပိတ်ပုံစံဉာဏ်တော်အမြင့် ၇" ဉာဏ်တော်အမြင့် ၉ "                      ၁၂လက်...
18/06/2026

Bangkok မှာ ရှိတဲ့ မြဘုရား ပုံတူ ဆင်းတုတော် မိုအပိတ်ပုံစံ

ဉာဏ်တော်အမြင့် ၇"
ဉာဏ်တော်အမြင့် ၉ "
၁၂လက်မ
၁၈လက်မ

နိဗ္ဗာန်ကုန်နှင့်ပတ်သတ်တဲ့ မြန်မာ့ကြေးထည်ပစ္စည်းအမျိုးမျိုးကို မှာ အကြိုက်ရွေးနိုင်ပါပြီ 🙏🙏

Online ပေါ်မှတဆင့်ဖြစ်စေ ဆိုင်သို့လာရောက်၍ဖြစ်စေစိတ်တိုင်းကျ ယုံကြည်စွာ မှာယူအားပေးနိုင်ပါတယ် 🙏🙏🙏

100,000 အထက် မှာယူပါက ပို့ခအခမဲ့ ဖြင့် မြန်မာတစ်နိုင်လုံး ပို့ဆောင်ပေးပါတယ်

မှာယူလိုပါက Cb မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်

ဆိုင် ၁ - အမှတ် ၅၄ (B) ဗဟန်း ၃ လမ်း ရွှေတိဂုံဘုရားအနီး ဗဟန်းမြို့နယ်

ဆိုင် ၂ - ဆိုင်အမှတ် (၉၉/၁၀၁/၁၀၈/၁၁၀) ရွှေတိဂုံအရှေ့ဘက်မုခ်စောင်းတန်း ရွှေတိဂုံစေတီတော် #အောင်ဇမ္ဗူနိဗ္ဗာန်ကုန်ဆိုင်ပင်ရင်း

ဆိုင် (၃) - စနေတနင်္ဂနွေချက်တူချက်စျေး ၊ မော်ချစ်ဂိတ် ၊ ချက်တူချက်မြို့နယ် ၊ ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ ။ Chatuchak Weekend Market , Mochit Station , Bangkok , Thailand 10900

📞 09767730237 (Ph Call)
📞 0627248074

#ကြေးထည် #နိဗ္ဗာန်ကုန် #မြန်မာ့ကြေးထည်

#မြဘုရား #နဝရတ်ကိုးသွယ်ကျောက်ဘုရား #ဘုရားဆင်းတု

“သဘာဝအရှိတရား”ဗုဒ္ဓရဲ့ တရားတော်တွေကို ကြည့်ပြီး အနောက်တိုင်းက Western Scholars တွေ (Philosophers) တွေ ဗုဒ္ဓရဲ့ အယူအဆနဲ့ ...
18/06/2026

“သဘာဝအရှိတရား”

ဗုဒ္ဓရဲ့ တရားတော်တွေကို ကြည့်ပြီး အနောက်တိုင်းက Western Scholars တွေ (Philosophers) တွေ ဗုဒ္ဓရဲ့ အယူအဆနဲ့ ပတ်သက်ပြီးတော့ ပြောဆိုကြတာ ရှိတယ်။ မြတ်စွာဘုရားဟာ အမြဲတမ်း စိတ်ကို အဓိကထားပြီး ဟောလေ့ရှိတယ်။ စိတ်ကို အဓိကထားပြီး ဟောတာဖြစ်သောကြောင့် ဗုဒ္ဓဘာသာ အယူအဆကို Idealism လို့ ဖော်ပြကြတယ်။ တကယ်တော့ Idealism ဆိုတာ စိတ်သာ အရှိတရားလို့ ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ မြတ်စွာဘုရား တရားတော်က တကယ်တော့ စိတ်သာ အရှိတရားလို့ ဟောတာ မဟုတ်ဘူး။ ဒါကြောင့်မို့ သူတို့ပြောတဲ့ Idealism ဆိုတာ မဟုတ်ဘူး။

Idealism ရဲ့ ဆန့်ကျင်ဘက်က Materialism။ Materialism က နာမ်တရားဆိုတာ တကယ်က ရှိတာ မဟုတ်ဘူး။ စိတ်ဆိုတာ ရှိတာ မဟုတ်ဘူး၊ ရှိတာက ရုပ်တရားပဲ၊ ရုပ်သာ အရှိတရားလို့ ပြောကြတဲ့ ဝါဒကို Materialism ဆိုကြတယ်။ အဲဒီလို Idealism လို့ ပြောတာတို့၊ Materialism လို့ ပြောတာတို့ဟာ အစစ်အမှန် ဗုဒ္ဓဝါဒကို ဖော်ပြနိုင်ခြင်း မရှိဘူး။ တကယ်တော့ မြတ်စွာဘုရား ဟောတာက ရုပ်တရားနဲ့ နာမ်တရားဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်သွယ်မှု ရှိတယ်။ ရုပ်တရားကိုလည်း ဟောတယ်၊ နာမ်တရားကိုလည်း ဟောတယ်။ ဒီနှစ်ခုဟာ အပြန်အလှန် ဆက်သွယ်ပြီးတော့ နေကြတယ်။ တကယ် အစစ်အမှန်ကို ဟောတာဖြစ်လို့ မြတ်စွာဘုရားရဲ့ ဝါဒကို ပြောမယ်ဆိုရင် Realism လို့ ပြောရမှာပဲ။ ရုပ်သာ အရှိတရားလို့လည်း မဟောဘူး၊ နာမ်သာ အရှိတရားလို့လည်း မဟောဘူး။ ရှိနိုင်တာ နှစ်ခုစလုံးကိုပဲ မြတ်စွာဘုရားက ဟောတယ်။

တချို့ အနောက်တိုင်းက အယူအဆတွေမှာ စိတ်ဆိုတာ ဦးနှောက်ကိုပဲ ပြောတယ်။ မြတ်စွာဘုရားက စိတ်ကို “ဝိညာဏ” တို့၊ “မန” တို့၊ “စိတ္တ” တို့ဆိုတဲ့ စကားလုံးတွေနဲ့ သုံးပြီး ဖော်ပြတယ်။ မြန်မာလူမျိုးတွေလည်း “ဝိညာဏ” ကို ဝိညာဉ်လို့ ခေါ်တာ ရှိတယ်။ လူရဲ့ စိတ်အစဉ်မှာ လူတစ်ယောက်က သေဆုံးသွားလို့ရှိရင် Physical Body ကြီး ကျန်ရစ်တာတော့ လူတိုင်း ငြင်းစရာမရှိဘူးပေါ့။ နောက်ဆုံးမှာ Cremate လုပ်ပစ်လိုက်ရတယ်။ သို့သော် အဲဒါကို ကြည့်ပြီးတော့ လူရဲ့ သန္တာန်မှာ ရှိတဲ့ ဝိညာဉ်လေးဟာ ထွက်သွားပြီး နောင်ဘဝတစ်ခုမှာ ဝင်စားတယ်လို့ ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်လာတယ်။ အဲဒါ ဗုဒ္ဓဘာသာ အယူအဆ မဟုတ်ဘူး။

မြတ်စွာဘုရားက “ဝိညာဏံ ပဋိစ္စသမုပ္ပန္နံ” လို့ ဟောတယ်။ “ဝိညာဉ်”ဆိုတာ အကြောင်းတရားကို စွဲမှီပြီး ဖြစ်ပေါ်လာတဲ့ အရာသာ ဖြစ်တယ်။ ရှိနေတဲ့အရာ မဟုတ်ဘူး။ ဥပမာ မြန်မာတွေ အသုံးပြုနေတဲ့ စောင်းကိုပဲ ကြည့်လိုက်။ စောင်းမှာ စောင်းကြိုးရှိတယ်၊ စောင်းအိုးရှိတယ်၊ တီးခတ်တဲ့လူ ရှိတယ်။ စောင်းကြိုး၊ စောင်းအိုး ဒီအတိုင်းထားလို့ရှိရင် တီးခတ်သူဆိုတဲ့ အကြောင်းတရားတစ်ခုနဲ့ မပေါင်းလို့ရှိရင် အသံဆိုတာ ထွက်မလာဘူး။ တစ်ခါ အဲဒီအသံဟာ စောင်းကြိုးထဲ ရှိတာလည်း မဟုတ်ဘူး၊ စောင်းအိုးထဲ ရှိတာလည်း မဟုတ်ဘူး၊ တီးသူရဲ့ လက်ထဲမှာ ရှိတာလည်း မဟုတ်ဘူး။ အဲဒီ အကြောင်း ၃ ခု ပေါင်းစုံလိုက်တဲ့ အခါမှ အသံလေး ပေါ်ထွက်လာတယ်။ ပေါ်လာပြီးတော့ ပျောက်သွားတယ်။ မြတ်စွာဘုရားက လူတွေရဲ့ သန္တာန်မှာ ဖြစ်တဲ့ စိတ်ဆိုတာလည်း အဲဒီအတိုင်းပဲတဲ့။ အကြောင်းတရားတွေ ပေါင်းဆုံလိုက်တဲ့ အခါမှသာ ဖြစ်တယ်။

ဆိုပါစို့... လောကလူတွေ နေ့စဉ်နဲ့အမျှ မျက်လုံးလေးနှစ်လုံး ဖွင့်လိုက်တဲ့အခါမှာ မြင်ကွင်းထဲမှာ ရှိတဲ့ အဆင်းအာရုံတွေဟာ မျက်စိထဲ ထင်ဟပ်လာတယ်။ ထင်ဟပ်လာတဲ့အခါ မြင်တယ်ဆိုတဲ့ မြင်သိစိတ်ကလေး ပေါ်လာတယ်။ အဲဒီပေါ်လာတဲ့ မြင်သိစိတ်ကလေးဟာ မျက်စိဆိုတဲ့ အကြောင်းတရား၊ ထင်ဟပ်လာတဲ့ ရူပါရုံဆိုတဲ့ အကြောင်းတရား အဲဒီနှစ်ခု ပေါင်းစပ်လိုက်မှ မြင်သိစိတ်ဆိုတာ ပေါ်တာ။ နဂိုက မြင်သိစိတ် ရှိနေတာ မဟုတ်ဘူး။ အဲဒီလို သဘာဝတရားနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဟောတာ ဖြစ်သောကြောင့် Realism လို့ပဲ မြတ်စွာဘုရားရဲ့ တရားတော်ကို ပြောရတယ်။ Materialism လည်း မဟုတ်ဘူး၊ Idealism လည်း မဟုတ်ဘူး။

- ဆရာတော်အရှင်နန္ဒမာလာဘိဝံသ -

“ဘေသဇ္ဇဂုရု”အကြောင်း တရားဒေသနာတော်

ရွေရောင်အဆင်းနဲ့လှပပြီး  ရေတော်၅မျ်ုးကပ်ဖို့တွက် ကြေးရေတော်ခွက်လေးတွေ ဝယ်ယူနိုင်ပါပြီရှင်တစ်ခွက်ချင်းဖြစ်စေ၊အစုံလိုက်ဖြစ...
17/06/2026

ရွေရောင်အဆင်းနဲ့လှပပြီး ရေတော်၅မျ်ုးကပ်ဖို့တွက်

ကြေးရေတော်ခွက်လေးတွေ ဝယ်ယူနိုင်ပါပြီရှင်တစ်ခွက်ချင်းဖြစ်စေ၊အစုံလိုက်ဖြစ်စေ ဝယ်ယူအားပေးနိုင်ပါတယ်ရှင်

သောက်တော်ရေ/မျက်နှာသစ်တော်ရေ ပူဇော်နိုင်ပါတယ်

နိဗ္ဗာန်ကုန်နှင့်ပတ်သတ်တဲ့ မြန်မာ့ကြေးထည်ပစ္စည်းအမျိုးမျိုးကို မှာ အကြိုက်ရွေးနိုင်ပါပြီ 🙏🙏

Online ပေါ်မှတဆင့်ဖြစ်စေ ဆိုင်သို့လာရောက်၍ဖြစ်စေစိတ်တိုင်းကျ ယုံကြည်စွာ မှာယူအားပေးနိုင်ပါတယ် 🙏🙏🙏

100,000 အထက် မှာယူပါက ပို့ခအခမဲ့ ဖြင့် မြန်မာတစ်နိုင်လုံး ပို့ဆောင်ပေးပါတယ်

မှာယူလိုပါက Cb မှာ အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်

ဆိုင် ၁ - အမှတ် ၅၄ (B) ဗဟန်း ၃ လမ်း ရွှေတိဂုံဘုရားအနီး ဗဟန်းမြို့နယ်

ဆိုင် ၂ - ဆိုင်အမှတ် (၉၉/၁၀၁/၁၀၈/၁၁၀) ရွှေတိဂုံအရှေ့ဘက်မုခ်စောင်းတန်း ရွှေတိဂုံစေတီတော် #အောင်ဇမ္ဗူနိဗ္ဗာန်ကုန်ဆိုင်ပင်ရင်း

ဆိုင် (၃) - စနေတနင်္ဂနွေချက်တူချက်စျေး ၊ မော်ချစ်ဂိတ် ၊ ချက်တူချက်မြို့နယ် ၊ ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ ။ Chatuchak Weekend Market , Mochit Station , Bangkok , Thailand 10900

📞 09767730237 (Ph Call)
📞 0627248074

#ကြေးထည် #နိဗ္ဗာန်ကုန် #မြန်မာ့ကြေးထည်

Address

No 54 B, Bahan3 Street, Bahan Township
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959767730237

Website

Alerts

Be the first to know and let us send you an email when White Way Nirvana - မြန်မာ့ကြေးထည် နိဗ္ဗာန်ကုန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share