Bored & Press Pilingလုပ်ငန်း

Bored & Press Pilingလုပ်ငန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bored & Press Pilingလုပ်ငန်း, Yangon.

04/01/2025
မီးခဏခဏပျက်နေလို့အိမ်မှာ solar တပ်ဆင်တော့မည် ဆိုပါစို့ ။ဒီနေရာမှာ အထူးသတိရှိဖို့က Solar စနစ်ကို အထူးပြုသုံးမှာလား ။ မီးပ...
04/05/2024

မီးခဏခဏပျက်နေလို့အိမ်မှာ solar
တပ်ဆင်တော့မည် ဆိုပါစို့ ။

ဒီနေရာမှာ အထူးသတိရှိဖို့က Solar စနစ်ကို အထူးပြုသုံးမှာလား ။ မီးပျက်သည့်အခါပဲ သုံးမှာလား။ လျှပ်စစ်မီတာ ချွေတာရေးအတွက် သုံးမှာလား ။

ဘာပဲဖြစ်ဖြစ် solar စနစ်တပ်ဆင်ပြီးဆိုရင်တော့ မီတာခ သက်သာရအောင် Solar စနစ်ကိုပဲ အထူးပြုသုံးမယ်လို့ ရည်ရွယ်တာဖြစ်နိုင်တာလဲရှိမယ် ။

ဘာလို့ဒါကို အဓိကထားပြောနေရလဲ သုံးမည့် load နှင့် သုံးမည့် နာရီကြာချိန်သည် တိုက်ရိုက်ပတ်သက်နေလို့ပဲ ဖြစ်ပါတယ် ။ ကုန်ကျစာရိတ်ကလည်း တိုက်ရိုက်ကို ထူးစွာကွာသွားမှာဖြစ်ပါတယ် ။စနစ်တွေလည်း ကွာသွားပါမယ် ။

လျှပ်စစ်၏ သဘောသဘာဝက သူ့ရှိနေသည့်အတိုင်း တိုက်ရိုက်သုံးရင် ကုန်ကျစာရိတ်သက်သာနေပြီး ထိန်းသိမ်း storage လုပ်မည့်ဆိုရင်တော့ ကုန်ကျစရိတ်က လာပါပြီ ။

ကဲလေ့လာကြည့်ရအောင်ပါ။
သာမာန်အိမ်တစ်အိမ်ဖြစ်လို့ စုစုပေါင်း ၆၀၀၀ Watts (၆ KW) ရှိမယ် ။

ဒီနေရာမှာ ထပ်အရေးကြီးတာက လျှပ်စစ်ပစ္စည်းတိုင်း
တစ်ခုချင်းဆီ၏ အသုံးပြုမည့် ကြာချိန်နာရီကို သိဖို့လိုအပ်ပါတယ် ။ဥပမာ - အဲကွန်း ၁ ကောင်တစ်လုံးသုံးမယ် ဘယ်နှစ်နာရီသုံးနိုင်တယ် ။ မီးဖိုချောင် ထမင်း ဟင်းချက်တာ လျှပ်စစ် ဘယ်နှစ်နာရီသုံးနိုင်ခြေရှိတယ် စသည်များပေါ့ ။

(အသေးစိတ် အကြမ်း ရေးထားတာနော်

(1)Air con - 1.5 * 746 = 1119 * 1.5 = 1700 watts
Air con 1700 watts * 10 hr = 17000 watts
(2)မီးဖိုချောင် 2200 watts x 2.5hr = 5500 watts
(3)မီးသီး ၄ လုံး x 15 w x 8 hr = 160 watts
(4)Socket - 50 watts x 2 he = 100 watts
(5)ရခေဲသတ်ေတာ 75 watts x 24 hr = 1800 watts
(6)ရေတင်စက်-၁ ကောင်- 2 လုံး x 746 x 1.5hr x 1.5 = 3357 watts
(7)အထွေထွေ - 2000 watts per day
စုစုပေါင်း - 29917 ~30000 watts per day
တစ်ရက်လုံး အသုံးပြုခြင်းသည် - 30 k Watts ဖြစ်မည်။)

ခုတော့ စုစုပေါင်း ၆ K-Watts ကို တစ်နေကုန်လုံးမှာ ၅ နာရီ သုံးနိင်ခြေရှိသည်ဟု တွက်သွားပါမယ် ။အသေးစိတ် တွက်ထားတာလဲ အပေါ်မှာပြပေးထားတယ် ။

ရွေးချယ်သည့်အခါ သိသင့်သည့် solar
စနစ်တွေကိုတော့ အပိုင်း (၃)ပိုင်းတွေ့ရပါမယ်
(၁) on-grid system (grid-tied system)
(၂) grid-tied with battery backup system
(၃) off grid system

(၁)On grid system ဆိုတာက ရိုးရိုးရှင်းရှင်းပဲပြောရရင် နေ့လည်ပိုင်း solar ကနေ ပါဝါရနေချိန် solar ကနေ တိုက်ရိုက် မီးကို ယူသုံးမယ် ။ မရသည့်အချိန် EPC က မီးလာသည်ကိုပဲ ယူသုံးမယ် ။ တစ်ခုအရေးကြီးတာက ဒီနေရာမှာ EPC ကမီးလာမှလည်း သုံးလို့ရမှာဖြစ်ပြီး EPC မီးပျက်ရင် အလိုအလျောက် စနစ်လည်း သုံးမရပါဘူး ဒါကြောင့် on-grid ဟုခေါ်ပါသည် ။မီတာခ သက်သာရအောင် အစားထိုးသုံးသည့် အထူးစနစ်ဖြစ်ပါတယ် ။ (ဥပမာ - ရေတင်တာတို့ ၊ မော်တာတို့ ၊ စက်ရုံတို့လိုနေရာမျိုး တွေ သင့်တော်ပါတယ် ။)

(၂) grid-tied with battery backup system
ဆိုတာက solar ကနေ ပါဝါရနေသည့်အချိန် အားသွင်းထားမယ် ။ ပြီးရင် inverter ကနေ AC ထုတ်သုံးပါမယ် ။ ဒီနေရာမှာ လိုချင်သည့် grid ကလည်း battery backup ကနေ ပြန်ရနေမှာဖြစ်လို့ EPC မီးပျက်လည်း သုံးနေနိုင်မှာဖြစ်ပါတယ် ။grid-tied လို့ပြောသည့်အခါ
DC coupling နှင့် AC coupling ဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ် ။ ပုံမှန်အသေးစားအတွက် DC coupling system က budget အဆင်ပြေစေမှာဖြစ်ပြီး load ကြီးများလာလေ AC coupling ကပိုပြီး အဆင်ပြေစေမှာဖြစ်ပါတယ် ။ ဒီနေရာမှာ ခုခေတ်စားနေသည့် Hybrid system ဆိုတာသည် DC coupling စနစ်လို့ ပြောနိုင်ပါမယ် ။hybrid inverter ထဲမှာ controller နှင့် battery inverter ပေါင်းစပ်ထည့်ထားတာဖြစ်ပါတယ် ။ ပြောချင်တာက inverter ကနေ ဖြတ်ပြီ battery ဆီကို DC အနေနဲ့ဝင်တယ် ပြီးရင် battery မှ inverter ဆီ ချိတ်ထားတယ် AC output ထွက်မယ် ။ပုံမှာလည်း လေ့လာကြည့်ပါ ။

(၃) Off grid system
ဒီစနစ်သည် grid tied စနစ်၏ သဘောသဘာဝအတိုင်းပဲဖြစ်ပါတယ် ။off grid ဟုခေါ်ဆိုခြင်း အဓိကအကြောင်းရင်းက electrical main supply ဖြစ်သည့် EPC မီးကို မချိတ်ထားတော့ခြင်းပဲ ဖြစ်ပါတယ် ။ပြောချင်တာက မီးလုံးဝမရသည့်နေရာတွေ ၊ ရသလိုလိုနဲ့ မီးမရပါဘူး ပြောရမည့်နေရာတွေမှာ သုံးပါတယ် ။ပြီးရင်တော့ Generator မီးစက်တို့နှင့် ချိတ်ဆက်ထားတာမျိုးပါ ဒါကို စနစ်လိုခေါ်တော့ Grid tied with generator ပေါ့ ။

စနစ်အကြောင်း တီးခေါက်မိပြီဆိုရင် အခြေခံ တွက်ချက်မှုလေး စမယ်နော် ။

🏘️အချက်(၁) solar panels အရေအတွက် ( slope - 15-20’)
🏘️အချက်(၂) inverter size
🏘️အချက် (၃) Battery size
🏘️အချက် (၄) controller size
🏘️အချက် (၅) Main cable size

အချက် (၁) Solar panel တွက်ပြီဆိုရင်
သူ၏ ဆိုဒ်က တစ်နေကုန် အသုံးကို အလုံးအရင်း အားရှိအောင် ဖန်တီးရမှာပါ ။

အိမ်သုံးအနေနဲ့ ၆ KiloWatts
စုပေါင်း တစ်နေကုန်အသုံးသည် ၃၀ Kilowatts ဖြစ်တယ် ။အထက်မှာ ဖော်ပြခဲ့ပြီးနော် ။

Solar panel - 550 watts တစ်ချက်မှာ တနေ့အားအဝင် ဘယ်လောက်ရှိမလဲ ကြည့်ရအောင်

တစ်နေ့ကုန် နေ၏ အပူကို ရယူနိုင်မည့် ကြာချိန်သည်
မနက် ၁၀ နာရီမှ - မွန်လွဲ ၃ နာရီထိဟုသတ်မှတ်ရင်
၅ နာရီရပါမယ် ။

ဒါကြောင့် - ၅၅၀ x ၅ နာရီ = ၂၇၅၀ watts
Mono type ကိုသုံးမည်မို့ ၈၀% အသာတင်ရမည်ဆိုလျှင် ၊ ၂၇၅၀ x ၀.၈ = ၂၂၀၀ watts ရပါမယ်

တစ်နေကုန် အလုံးအရင်းသုံးနိုင်ခြေ ၃၀၀၀၀ watts
= ၃၀၀၀၀ / ၂၂၀၀ = ၁၃.၆ ~ ၁၄ ချပ် သုံးရပါမည် ။
(အမြန်နည်းဆိုရင် - AC- DC အချိုးလေးက ၁.၂ ပါ
ဒါ့ကြောင့် ၆၀၀၀ x ၁.၂ = ၇၂၀၀ watts , ၅၅၀ solar panel -13 ချပ် )

လက်ရှိ မြန်မာပြည်မှာ သုံးနေကြတာများတာက စုစုပေါင်း load ၏ ၃ နာရရီ ပျမ်းမျှ ယူတွက်လေ့ရှိပါတယ် ။ ကျနော်က ၅ နာရီအသုံး တွက်ပြထားပါတယ် ။
အသေးစိတ် အပေါ်မှာ ပြသလိုတွက်ထားရင် ပိုကောင်းပါတယ် အကောင်းဆုံးပါ ။
အပိုင်း(၁) ပြီး၏

Credit - Ko Myat Min Soe

(AWD)All Wheel Drive (AWD) ဆိုတာက  မော်တော်ယာဉ်ရဲ့ဘီးတိုင်းဆီကို တစ်ချိန်လုံး ဒါမှမဟုတ် လိုအပ်လာချိန်မျိုးမှာ Power တွေပ...
30/07/2023

(AWD)

All Wheel Drive (AWD) ဆိုတာက မော်တော်ယာဉ်ရဲ့ဘီးတိုင်းဆီကို တစ်ချိန်လုံး ဒါမှမဟုတ် လိုအပ်လာချိန်မျိုးမှာ Power တွေပို့လွှတ်ထောက်ပံ့ပေးတဲ့စနစ်ကိုခေါ်တာပါ။ မြန်နှုန်းမြင့်နဲ့ မောင်းတဲ့အခါမျိုးမှာ ဘေးကင်းတည်ငြိမ်မှုအရှိဆုံးစနစ်ကိုပြပါဆိုရင်‌တော့ အဲဒါက AWD ပါပဲ။

(AWS)

All Wheel Steering (AWS) ဆိုတာကတော့ အရှိန်များများနဲ့ချိုးကွေ့ရတာမျိးမှာအဆင်ပြေ‌စေဖို့ Rear Wheel တွေကို Front Wheel တွေနဲ့ လားရာတူသွား‌အောင်ပြောင်းလဲပေးတဲ့စနစ်ကိုခေါ်တာဖြစ်ပါတယ်။ AWS နဲ့ ဆင်တူတဲ့ တခြားစနစ်တွေမှာကတော့ Low Speed Action ဒါမှမဟုတ် Parking ထိုးတာမျိုးအတွက် Rear Wheel တွေနဲ့ Front Wheel တွေကို လားရာခြင်းဆန့်ကျင်ဘက်ပြောင်းလဲပေးပါတယ်။

(AFS)

Active Front-lighting system (AFS) ကတော့ လမ်းအကွေ့အဝိုက်တွေမှာမောင်းတဲ့အချိန် Headlamp တွေကို ယာဉ်ချိုးကွေ့မှုလားရာအတိုင်း လိုက်ပါလှည့်ပြောင်းစေအောင်ဖန်တီးထားတဲ့စနစ်ပါ။ Steering Angle နဲ့ Vehicle Speed တို့ရဲစည်းဝါးကိုက်တွဲဖက်မှုအပေါ်အခြေပြုထားတဲ့ဒီစနစ်မှာ headlamp တွေလည်ပတ်ရမယ့်ဒီဂရီအတိုင်းအတာကိုတွက်ချက်ပေးမယ့် Computer Syetem တစ်ခုလည်းပါဝင်နေပါတယ်။ AFS နည်းပညာကို 1950 ကာလတွေတုန်းကကျော်ကြားခဲ့တဲ့ Citroen DS ကားမှာ ပထမဆုံးစတင်အသုံးပြုခဲ့ပါတယ်။

(ACC)

Automatic Climate Control (အလိုအလျောက်အပူအအေးထိန်းညှိစနစ်) က ပြင်ပကအပူတွေဝင်ရောက်ခြင်းမဖြစ်ပေါ်စေဘဲ ယာဉ်မောင်းနှင်သူအလိုရှိတဲ့ ကားအတွင်းခန်းအပူချိန်အဆင့်တစ်ခုကို အလိုအလျောက်သတ်မှတ်ပေးတဲ့ လေအေးပေးစနစ်ဖြစ်ပါတယ်။ ဒီနေ့ခေတ်အသုံးပြုနေကြတဲ့ နည်းပညာမြင့် Climate Control System ‌တွေမှာတော့ များပြားလှတဲ့အာရုံခံကိရိယာတွေပါဝင်‌နေပြီး ယာဉ်မောင်းသူအလိုရှိတဲ့အပူချိန်ပမာဏကို ထိန်းသိမ်းပေးထားဖို့ ပြင်ပအပူချိန်ပမာဏနဲ့ နေရောင်ခြည်ပြင်းအားပမာဏတွေကို တိုင်းတာမှတ်တမ်းတင်ထားတဲ့လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါပြီ။

(ACC)

နောက်ထပ် ACC ဖြစ်တဲ့ Adaptive Cruise Control ကတော့ ယာဉ်ကို ရွေးချယ်သတ်မှတ်ထားတဲ့အရှိန်နှုန်းနဲ့ ထိန်းကျောင်းမောင်းနှင်ပေးတဲ့စနစ်ဖြစ်ပါတယ်။ ဒီစနစ်က Laser or a radar sensor တွေရဲ့အကူအညီနဲ့ အလုပ်လုပ်တာပါ။ အရှေ့မှာသွား‌နေတဲ့ယာဉ်တွေရဲ့အမြန်နှုန်းကိုတွက်ချက်ပြီး မိမိယာဉ်ကို သင့်တော်တဲ့အကွာအဝေးက‌နေ စိတ်ချလက်ချလိုက်ပါမောင်းနှင်နိုင်‌‌ဖို့ Brake စနစ်ထိန်းချုပ်မှုနဲ့ engine power ကိုလျှော့ချ‌မှုတွေကို အလိုအ‌လျောက်ဆောင်ရွက်နိုင်ပါတယ်။ တချို့ ACC system တွေဆိုရင် ယာဉ်နဲ့ အရှေ့မှာရှိတဲ့အရာဝတ္ထုတစ်ခုခု ထိခိုက်မိလုနီးအခြေအနေကြုံတဲ့အခါမှာ (ယာဉ်မောင်းက ထိန်းချုပ်စရာမလိုဘဲ) ယာဉ်ကို ရုတ်ချည်းရပ်တန့်‌လိုက်နိုင်တဲ့လုပ်ဆောင်ချက်မျိုး‌တောင်ပါရှိ‌နေပါပြီ။

(AERODYNAMICS)

အခုခေတ်ကားတွေမှာပါဝင်တဲ့ Aerodynamic (လေခွင်းအား)နည်းပညာဆိုတာဟာ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေဆီကနေ ဆင့်ပွားပေါ်ထွက်လာခဲ့တာဖြစ်ပြီး Automotive Design အတွက်တော့ အတော်လေးကိုအရေးပါတဲ့နည်းပညာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကားတစ်စီးကို မြန်နှုန်းမြှင့်မောင်းနှင်ချိန်ကြုံံရတဲ့ Fuel Consumption, Noise Level ဆိုင်ရာပြဿနာတွေနဲ့ Lift Force ဖြစ်ပေါ်လာမှုတွေကို လေခွင်းစနစ်က ပြေလည်စေနိုင်တာကြောင့်ပါပဲ။ မြန်နှုန်းမြှင့်ပြီးမောင်းနှင်ချိန် Downforce (မြှင့်အား) ဖန်တီးထုတ်လုပ်ပေးနိုင်တဲ့ Aerodynamic Shape နဲ့ ခပ်နိမ့်နိမ့်ဒီဇိုင်း Drag Coefficient တို့အကြားက ဟန်ချက်ညီမျှမှုဟာ ကားရဲ့ခရီးရောက်နှုန်းနဲ့ Top Speed ကိုတိုးတက်စေပြီး Wind Noise Level ကိုလျော့ကျသွားစေနိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့်ကားတွေမှာတော့ လမ်းပေါ်မှာတည်တည်ငြိမ်ငြိမ်မောင်းနှင်သွားနိုင်ဖို့နဲ့ Venturi Effect (Conduit တစ်ခုအတွင်းမြှဖတ်စီးသည့်အရည်က ၄၏ ဖိအားပမာဏကို ၄၏အမြန်နှုန်းနှင့်အညီ တိုးမြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းရလဒ်) ဖန်တီးနိုင်ဖို့အတွက် အမျိုးမျိူးသော Spoiler တွေ, Integrated Bodykit တွေနဲ့ Diffuserတွေ ပါဝင်နေပါတယ်။
=========================
( ဗဟုသုတရစေရန် ပြန်လည်မျှဝေခြင်းသာ )

ဇော်မျိုး (BFBM - Car Knowledge)
အနာဂတ်လှပပြီး မြန်မာနိုင်ငံသားတိုင်းလှပစေရမည်။

Credit : original writer 👇
Ref: motor1
Thiha
Drive Media Myanmar

Unicode >>>

(AWD)

All Wheel Drive (AWD) ဆိုတာက မော်တော်ယာဉ်ရဲ့ဘီးတိုင်းဆီကို တစ်ချိန်လုံး ဒါမှမဟုတ် လိုအပ်လာချိန်မျိုးမှာ Power တွေပို့လွှတ်ထောက်ပံ့ပေးတဲ့စနစ်ကိုခေါ်တာပါ။ မြန်နှုန်းမြင့်နဲ့ မောင်းတဲ့အခါမျိုးမှာ ဘေးကင်းတည်ငြိမ်မှုအရှိဆုံးစနစ်ကိုပြပါဆိုရင်‌တော့ အဲဒါက AWD ပါပဲ။

(AWS)

All Wheel Steering (AWS) ဆိုတာကတော့ အရှိန်များများနဲ့ချိုးကွေ့ရတာမျိးမှာအဆင်ပြေ‌စေဖို့ Rear Wheel တွေကို Front Wheel တွေနဲ့ လားရာတူသွား‌အောင်ပြောင်းလဲပေးတဲ့စနစ်ကိုခေါ်တာဖြစ်ပါတယ်။ AWS နဲ့ ဆင်တူတဲ့ တခြားစနစ်တွေမှာကတော့ Low Speed Action ဒါမှမဟုတ် Parking ထိုးတာမျိုးအတွက် Rear Wheel တွေနဲ့ Front Wheel တွေကို လားရာခြင်းဆန့်ကျင်ဘက်ပြောင်းလဲပေးပါတယ်။

(AFS)

Active Front-lighting system (AFS) ကတော့ လမ်းအကွေ့အဝိုက်တွေမှာမောင်းတဲ့အချိန် Headlamp တွေကို ယာဉ်ချိုးကွေ့မှုလားရာအတိုင်း လိုက်ပါလှည့်ပြောင်းစေအောင်ဖန်တီးထားတဲ့စနစ်ပါ။ Steering Angle နဲ့ Vehicle Speed တို့ရဲစည်းဝါးကိုက်တွဲဖက်မှုအပေါ်အခြေပြုထားတဲ့ဒီစနစ်မှာ headlamp တွေလည်ပတ်ရမယ့်ဒီဂရီအတိုင်းအတာကိုတွက်ချက်ပေးမယ့် Computer Syetem တစ်ခုလည်းပါဝင်နေပါတယ်။ AFS နည်းပညာကို 1950 ကာလတွေတုန်းကကျော်ကြားခဲ့တဲ့ Citroen DS ကားမှာ ပထမဆုံးစတင်အသုံးပြုခဲ့ပါတယ်။

(ACC)

Automatic Climate Control (အလိုအလျောက်အပူအအေးထိန်းညှိစနစ်) က ပြင်ပကအပူတွေဝင်ရောက်ခြင်းမဖြစ်ပေါ်စေဘဲ ယာဉ်မောင်းနှင်သူအလိုရှိတဲ့ ကားအတွင်းခန်းအပူချိန်အဆင့်တစ်ခုကို အလိုအလျောက်သတ်မှတ်ပေးတဲ့ လေအေးပေးစနစ်ဖြစ်ပါတယ်။ ဒီနေ့ခေတ်အသုံးပြုနေကြတဲ့ နည်းပညာမြင့် Climate Control System ‌တွေမှာတော့ များပြားလှတဲ့အာရုံခံကိရိယာတွေပါဝင်‌နေပြီး ယာဉ်မောင်းသူအလိုရှိတဲ့အပူချိန်ပမာဏကို ထိန်းသိမ်းပေးထားဖို့ ပြင်ပအပူချိန်ပမာဏနဲ့ နေရောင်ခြည်ပြင်းအားပမာဏတွေကို တိုင်းတာမှတ်တမ်းတင်ထားတဲ့လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါပြီ။

(ACC)

နောက်ထပ် ACC ဖြစ်တဲ့ Adaptive Cruise Control ကတော့ ယာဉ်ကို ရွေးချယ်သတ်မှတ်ထားတဲ့အရှိန်နှုန်းနဲ့ ထိန်းကျောင်းမောင်းနှင်ပေးတဲ့စနစ်ဖြစ်ပါတယ်။ ဒီစနစ်က Laser or a radar sensor တွေရဲ့အကူအညီနဲ့ အလုပ်လုပ်တာပါ။ အရှေ့မှာသွား‌နေတဲ့ယာဉ်တွေရဲ့အမြန်နှုန်းကိုတွက်ချက်ပြီး မိမိယာဉ်ကို သင့်တော်တဲ့အကွာအဝေးက‌နေ စိတ်ချလက်ချလိုက်ပါမောင်းနှင်နိုင်‌‌ဖို့ Brake စနစ်ထိန်းချုပ်မှုနဲ့ engine power ကိုလျှော့ချ‌မှုတွေကို အလိုအ‌လျောက်ဆောင်ရွက်နိုင်ပါတယ်။ တချို့ ACC system တွေဆိုရင် ယာဉ်နဲ့ အရှေ့မှာရှိတဲ့အရာဝတ္ထုတစ်ခုခု ထိခိုက်မိလုနီးအခြေအနေကြုံတဲ့အခါမှာ (ယာဉ်မောင်းက ထိန်းချုပ်စရာမလိုဘဲ) ယာဉ်ကို ရုတ်ချည်းရပ်တန့်‌လိုက်နိုင်တဲ့လုပ်ဆောင်ချက်မျိုး‌တောင်ပါရှိ‌နေပါပြီ။

(AERODYNAMICS)

အခုခေတ်ကားတွေမှာပါဝင်တဲ့ Aerodynamic (လေခွင်းအား)နည်းပညာဆိုတာဟာ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေဆီကနေ ဆင့်ပွားပေါ်ထွက်လာခဲ့တာဖြစ်ပြီး Automotive Design အတွက်တော့ အတော်လေးကိုအရေးပါတဲ့နည်းပညာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကားတစ်စီးကို မြန်နှုန်းမြှင့်မောင်းနှင်ချိန်ကြုံရတဲ့ Fuel Consumption, Noise Level ဆိုင်ရာပြဿနာတွေနဲ့ Lift Force ဖြစ်ပေါ်လာမှုတွေကို လေခွင်းစနစ်က ပြေလည်စေနိုင်တာကြောင့်ပါပဲ။ မြန်နှုန်းမြှင့်ပြီးမောင်းနှင်ချိန် Downforce (မြှင့်အား) ဖန်တီးထုတ်လုပ်ပေးနိုင်တဲ့ Aerodynamic Shape နဲ့ ခပ်နိမ့်နိမ့်ဒီဇိုင်း Drag Coefficient တို့အကြားက ဟန်ချက်ညီမျှမှုဟာ ကားရဲ့ခရီးရောက်နှုန်းနဲ့ Top Speed ကိုတိုးတက်စေပြီး Wind Noise Level ကိုလျော့ကျသွားစေနိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့်ကားတွေမှာတော့ လမ်းပေါ်မှာတည်တည်ငြိမ်ငြိမ်မောင်းနှင်သွားနိုင်ဖို့နဲ့ Venturi Effect (Conduit တစ်ခုအတွင်းမြှဖတ်စီးသည့်အရည်က ၄၏ ဖိအားပမာဏကို ၄၏အမြန်နှုန်းနှင့်အညီ တိုးမြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းရလဒ်) ဖန်တီးနိုင်ဖို့အတွက် အမျိုးမျိူးသော Spoiler တွေ, Integrated Bodykit တွေနဲ့ Diffuserတွေ ပါဝင်နေပါတယ်။
=========================
( ဗဟုသုတရစေရန် ပြန်လည်မျှဝေခြင်းသာ)

Credit : original writer

အလွယ်ကူဆုံးနည်းလမ်းနဲ့ H.beam 1 ========================== Ton မှာအချောင်းရေဘယ်နှစ်ချောင်းရှိ==============.===========လ...
30/07/2023

အလွယ်ကူဆုံးနည်းလမ်းနဲ့ H.beam 1
==========================
Ton မှာအချောင်းရေဘယ်နှစ်ချောင်းရှိ
==============.===========
လဲရှာကြမယ်ဗျာ
============

Credit...Myo ko ko

Steelstructure နဲ့ပက်သက်တာလုပ်မယ် ဆိုလျင် တော့အနည်းဆုံး ဒီ အချက်လေးတွေ သိမှ တော့ဖြစ်မယ်။
# # # # # # # #

NOTE ....... .....📀📀📀

1000 kg. .. = 1 Ton
1 inche. . = 25.4 mm
1 Meter. ..=3.281ft

(1)H.150x75 (6"x3") ( t1=5 ,t2=7,R=8) 1 meter. = 14 kg
(2)H.200x100(8"×4") (t1=5.5,t2=8,R=11) 1 meter =21.3 kg
(3)H.250x125(10"×5") ( t1= 6 ,t2=9,R=12) 1 meter= 29.6 kg
(4)H.300x150(12"×6") (t1=6.5,t2=9,R=13) 1 meter = 36.7 kg
(5)H.350x175(14"×7") (t1=7,t2=11,R=14) 1meter = 49.6 kg
(6)H.400x200(16"×8") (t1=8,t2=13,R=16) 1meter = 66 kg
ဒါလေးတွေတော့ အလွတ် ကျက်ထားဖို့လိုလိမ့်မယ်။

Example
*******

12 "× 6 " လို့ပြောကြတဲ့ H.300x150
1 Ton မှာ ဘယ်နှစ်ချောင်းရှိမလဲတွက်ကြည့်ကြည့်ကြရအောင်။
H.300X150 ဆိုတော့ 1 meter မှာ 36.7 kg /m
ရှိတယ်။(အပေါ်မှာထည့်ပေးထားပါတယ်)
H.300X150 x 36.7 kg. ,
H.beam က ပေ 40 လို့ပြောကြတဲ့ 12 Meter အရှည် ရှိတယ်ဆိုတော့
calculation -
36.7 kg / M x 12 M = 440.4 kg
440.4 kg = 1 Nos
1000kg. = ?
ဆိုတော့ သုံးချက်တွက်နည်းနဲ့တွက်လိုက်တော့ အများလို တော့ အနည်း စားခြေ 1000 kg / 440.4 kg နဲ့စားလိုက်တော့ အဖြေက
Ans = 2.2706 Nos #
ဒါကြောင့်မလို့.H.300x150 beam 1 Ton မှာ 2.2706 ချောင်း ရှိပါတယ်။ကျန်တဲ့ H.beam size တွေလဲတွက်ကြည့်ကြည့်ပါ အဆင်ပြေ ကြပါစေ။
Good Night ,Myanmar.
€€€€€€€€€€€€€€€€€€€

Sunward Ton-80 Press Pile စက်အားမီးစက်အပါဖြင့်ရောင်းပါမည်စိတ်ဝင်စားပါက 095200302&095055902 ကိုစုံစမ်းမေးမြန်းနိုင်ပါတယ် ...
23/11/2022

Sunward Ton-80 Press Pile စက်အားမီးစက်အပါဖြင့်ရောင်းပါမည်
စိတ်ဝင်စားပါက 095200302&095055902 ကိုစုံစမ်းမေးမြန်းနိုင်ပါတယ် စျေးနှုန်း -ကျပ်သိန်းနှစ်ထောင်

🧑🏻‍💻ဘိလပ်မြေ မပေါ်ပေါက်မီ ကမ္ဘာတစ်ဝှမ်းလုံး ထုံး၊အင်္ဂတေကို သုံးစွဲခဲ့ကြစဉ်က မြန်မာနိုင်ငံတွင်လည်း မြန်မာ့ရိုးရာ အင်္ဂတေ...
23/09/2022

🧑🏻‍💻ဘိလပ်မြေ မပေါ်ပေါက်မီ
ကမ္ဘာတစ်ဝှမ်းလုံး ထုံး၊အင်္ဂတေကို
သုံးစွဲခဲ့ကြစဉ်က မြန်မာနိုင်ငံတွင်လည်း
မြန်မာ့ရိုးရာ အင်္ဂတေကို မြန်မာ့နည်း
မြန်မာ့ဟန်ဖြင့် ဖော်စပ်သုံးစွဲခဲ့ကြပါတယ်။

🧑🏻‍💻ပုဂံခေတ်အင်္ဂတေစပ်နည်းကတော့
အုံတုံအပင်က အခေါက်ကိုခွာပြီးကြိုရတဲ့
အရည်ငါးဆ ကျွဲကော်ရည် (ကျွဲသားရေ
နွားသားရေ ကြိုပြီးရတဲ့အရည်) ခြောက်ဆ
ဥသျှစ်သီးမှရတဲ့ အစေးတစ်ဆ၊
တင်လဲရည်နှစ်ဆ တို့နဲ့ ထုံးနဲ့သဲဇတူစပ်ပြီး
အင်္ဂတေကို ပြုလုပ်ကြပါတယ်။

🧑🏻‍💻ပုဂံမင်းတို့သည်ဘုရားတည်ရာတွင်ပန်းရံဆရာသည်အုတ်တစ်လွှာနှင်တစ်လွှာကြားမဆလာဖြည့်ရာတွင်နေရာလွတ်မရှိစေရပါ။လေခိုမှာဆိုး၍အုတ်တစ်လွှာနှင့်တစ်လွှာကြားမဆလာသိပ်သည်းနေစေရန် အပ် နှင့်ထိုး၍စပ်သပ်ကြပါတယ်။ အကယ်၍အုတ်ရိုးကြားအပ်ဝင်သွားပါက ပန်းရံဆရာ၏လက်အားသံလျက်ဖြင့်ခုတ်ဖြတ်သည်ဟုလဲမှတ်သားဖူးပါတယ်။

🧑🏻‍💻နောက်တစ်နည်းကကျွဲကော်၊ ရေ၊ အုံတုံ၊
ဥသျှစ်၊ နွားနို့အသစ်၊ လက်ပံရေ၊ ကောက်ညှင်း၊
ထမင်းနယ် ပျားရည် ရှားစောင်း သဖန်းခါး
လက်ပံသီးကရတဲ့ လဲဝါချဉ်ရည် စတဲ့
အရာတွေနဲ့လည်း အင်္ဂတေစပ်ပါတယ်။

🧑🏻‍💻နောက်တနည်းကကျွဲကော်ရည် အုံတုံ၊
ဥသျှစ်၊ နွားနို့ လက်ပံတရော်၊ ကောက်ညှင်း၊
ထမနဲပျားရည်၊ တင်လဲဖုတ်‌ခြောက်ချင်ရွေးရှားစောင်း၊ သဖန်းခါးလက်ဝါ စတဲ့ဆယ်မျိုး
ကိုဆယ့်နှစ်ခါပြန်ထောင်းပြီး ပြုလုပ်ပါတယ်။

❗️“ အုံတုံသတ္တ၊ နဝကျွဲကော်
ဒွေးနော်တင်လဲ ၊ အုတ်သျှစ်ခွဲနှင့်
လဲဝါတစ်ဆုတ်၊ ဆီတစ်မှုတ်ကို
မယုတ်စုပေါင်း ညက်စွာထောင်းတော့
ဥသျှစ်ဧကေး၊ တင်လဲဒွေးနှင့်
အုံတုံပဉ္စ၊ ကျွဲကော်ဆ
မှတ်ကြ အင်္ဂတေ ”❗️

🧑🏻‍💻အထက်ဖော်ပြပါအလင်္ကာသည်
အင်္ဂတေဖော်စပ်နည်း သံပေါက်များမှာ
များစွာသော ဖော်စပ်နည်း များမှ
ထုတ်နှုတ်တင်ပြခြင်းသာဖြစ်ပါသည်။

🧑🏻‍💻ကမ္ဘာကျော်ရွှေတိဂုံစေတီတော်ကြီး တည်ရာမှာ အသုံးပြုခဲ့တဲ့ အင်္ဂတေစပ်နည်းကတော့
ကြဇုသီးတစ်ဆ၊ တင်လဲနှစ်ဆ၊ ဥသျှစ်သုံးဆ၊
ကျွဲကော်ရည်ခြောက်ဆ၊ အုံတုံဆယ့်နှစ်ဆ
ကို ရောပြီး ကော်ရည် ကိုစပ်ပါတယ်။
ရလာတဲ့ကော်ရည်ကိုအချိုးညီတဲ့ (ဆတူ)
သဲနဲ့ထုံးတို့ရောစပ်ပြီး မောင်းနဲ့ တခါ ထောင်း
အဲ့ဒီမှာ အင်္ဂတေရပါတယ်”
အဲ့ဒီမယ်ကြဇုသီးကိုသုံးတာက
ထုံးသည် အုတ်ကို စားခြင်းကနေ ကာကွယ်ဖို့၊
တင်လဲ ကြတော့အင်္ဂတေကိုမာစေဖို့၊ ဥသျှစ်ကြ
တော့ ခိုင်ခံ့ပြီးအရောင်ကောင်းစေဖို့ ဖြစ်ပါတယ်။

🧑🏻‍💻မြန်မာ့ အင်္ဂတေသည်လည်း
အခြားကမ္ဘာ့နိုင်ငံအသီးသီးတွင် သုံးစွဲကြသည့်
Lime Motor များနည်းတူ ထုံးနှင့်သဲကိုပင်
အခြေခံပါသည်။
သို့သော် မြန်မာ့အင်္ဂတေ၏ ထူးခြားမှုမှာ
အင်္ဂတေအား အုတ်လွှာများနှင့် ကောင်းစွာ
တွဲကပ်စေရန်အတွက် ကျွဲကော်ရည်၊ အုံတုံ
ခေါက်ပြုတ်ရည်၊ တင်လဲရည်၊ ဥသျှစ်စေး၊
အစရှိသော Organic Glue များနှင့် ကောင်းစွာ
သမအောင်ရောစပ်ပြီး အသုံးပြုခဲ့ကြသည်။

🧑🏻‍💻ထုံးတစ်တင်းနှင့် သဲတစ်တင်းမှာ အခြေခံ
ဖြစ်ပြီး အပိုထည့်သွင်းသော Additive များကို
သံပေါက်စပ်၍ မှတ်သားခဲ့ကြသည်။
ဒါကတော့ရှေးမြန်မာတို့ရဲ့ စေတီပုထိုးဘုရားကျောင်းကန်တွေကို တည်ထား ဆောက်လုပ်
တဲ့အခါ အဓိကသုံးရမဲ့အင်္ဂတေကို မြန်မာ့နည်း
မြန်မာ့ဟန်နဲ့ တီထွင်ကြံဆလုပ်ခဲ့ကြတဲ့
ပြုလုပ်ပုံ သမိုင်းအကျဉ်းလေးဖြစ်ပါတယ်။

🧑🏻‍💻အခြားပြုလုပ်ပုံ တည်ဆောက်ပုံတွေလည်း
ရှိနိုင်သေးပေမဲ့ လေ့လာမိသလောက် ဗဟု
သုတရစေရန်အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။

 #နေပြည်တော်ဘယ်လိုဖြစ်လာခဲ့သလဲ? # # # # # # # # # # # # #ဦးဝေဇင်(၁၆.၉.၂၀၂၂)ရှာဖွေတင်ပြသည်။နေပြည်တော် အကြောင်း ရောက်ဖူးမှ...
19/09/2022

#နေပြည်တော်ဘယ်လိုဖြစ်လာခဲ့သလဲ?
# # # # # # # # # # # # #

ဦးဝေဇင်(၁၆.၉.၂၀၂၂)ရှာဖွေတင်ပြသည်။

နေပြည်တော် အကြောင်း ရောက်ဖူးမှ
သိ ကြုံဖူးမှ သိမည် ဖြစ်သည်။
ကျနော် အနေနှင့် နေပြည်တော်
အကြောင်း အား မိမိ အာဘော်မပါပဲ
ရှာဖွေ တင်ပြ လိုက်ပါတယ်။

ပထမဆုံး ပြော ချင်တာကတော့
နေပြည်တော် ဟာ

၂ဝဝဝ ပြည့်နှစ်အတွက် ထုတ်ဝေခဲ့ သည့် ဆရာတစ်ဝန်းမှ ထူးခြားချက်များကို မှတ်တမ်း တင်ဖော်ပြသော ဂင်းနစ်မှတ်တမ်းစာအုပ်၊ စာမျက်နှာ ၁၃၅ တွင်

မြန်မာနိုင်ငံ၏မြို့တော်အသစ် နေပြည်တော် ရေး တည်ဆောက်ရေးစီမံကိန်းကို ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ယ် ငါးနှစ်တာအတွင်း ၅၇ ဒသမ ၈ ရာခိုင်နှုန်း အံ့ဩဖွယ်ရာပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ကြောင့် ကမ္ဘာပေါ်တွင် မြို့တော်တည်ထောင်မှုများအနက် … အမြန်ဆုံးဖြစ်ကြောင်း မှတ်တမ်းတင်ခံခဲ့ရသည့်မြို့ တော်ဖြစ်ပါသည်။

နေပြည်တော် ဖြစ်ပေါ်လာပုံ
# # # # # # # # # # # # # # #

နိုင်ငံတော်၏ အုပ်ချုပ်ရေး မြို့တော်နေရာအဖြစ် ရွေးချယ်ခဲ့သော နေပြည်တော် သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ အလယ်ရိုးမနှင့် ရှမ်းရိုးမ အကြား၊ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၈ မိနစ်နှင့် ၂ဝ ဒီဂရီ ၂၅ မိနစ်အကြား၊ အရှေ့ လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၅ မိနစ်နှင့် ၉၆ ဒီဂရီ ၄၅ မိနစ်အကြား၊ ပျဉ်းမနားမြို့၏ အနောက်ဘက်တွင် တောင်မြောက် သွယ်တန်းလျက် တည်ရှိပါသည်။

နေပြည်တော်၏ မြောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်၊ တောင်ဘက်တွင် ကရင်ပြည်နယ် သံတောင်မြို့ နယ်၊ ပဲခူးတိုင်းဒေသကြီး အရှေ့ ရေတာရှည်မြို့နယ်၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း နှင့် ဖယ်ခုံမြို့နယ်များ၊ အနောက်ဘက်တွင် မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ်တို့ အသီးသီးတည်ရှိကြပါသည်။

၂၀၀၂ ခုနှစ် ဇွန်လတွင် အထူးဖွံ့ဖြိုးရေးစီမံကိန်း နယ်မြေအဖြစ် ပျဉ်းမနားမြို့၏ အနောက်ဘက် ပျဉ်းမနား-တောင်ညိုကားလမ်း၊ မိုင်တိုင်အမှတ် (၅/၇) ရှိ ကြက်ပြေးကျေးရွာ (ယခု သပြေကုန်းအဝိုင်းအနီး) ကို ဗဟိုပြု၍ အချင်းဝက် (၇) မိုင်အတွင်းနယ်မြေအား အကြမ်းဖျဉ်းသတ်မှတ်ကာ ငလိုက်ချောင်း၏မြောက် ဘက်ခြမ်းအား အုပ်ချုပ်ရေးဇုန်အဖြစ်လည်းကောင်း၊ တောင်ဘက်ခြမ်းအား လူနေဇုန်၊ အခြားဝန်ဆောင်မှုများအဖြစ်လည်ကောင်း
သတ်မှတ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံဖြိုးရေး
ဦးစီးဌာနက ၂၀၀၄ခုနှစ် ဖေဖော်ဝါရီလ
တွင် နေပြည်တော်မြို့ပြစီမံကိန်းအား
ရေးဆွဲခဲ့ပါသည်။

နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်ပြီး အရှေ့နှင့် အနောက် ၅၇ ဒသမ ၆ မိုင်၊ တောင်နှင့်မြောက် ၈၆ ဒသမ ၄ မိုင် ရှည်လျားကာ စုစုပေါင်းဧရိယာစတုရန်း မိုင် ၃၄၂၉ ဒသမ ၆၈ မိုင်ရှိပြီး မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသတွင် တည်ရှိသည်။ အရှေ့ဘက်နှင့်အနောက်ဘက်များတွင် တောင်တန်း၊ တောင်ကုန်း၊ တောင်စွယ်များရှိပြီး အနောက်မြောက်ဘက် နှင့်အရှေ့မြောက်ဘက်မှမြင့်၍ တောင်ဘက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသည်။ ကျယ်ပြန့်သော မြေနိမ့်လွင်ပြင် များလည်းရှိသည်။

၂ဝဝ၃ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌရုံးက . အထူးဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌအဖြစ် ယခင်နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး နေပြည်တော်
ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွန့်ကို တာဝန်. ပေးအပ်ခဲ့ပါသည်။

နေပြည်တော်တည်ဆောက်ရေးလုပ်ငန်းများ ကို ယခင်နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စတင်ဆောင်ရွက်စေခဲ့ပြီး ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင် နိုင်ငံတော် ဝန်ကြီးချုပ်တာဝန်မှ အနားယူသွားပြီးနောက် ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး (ယခုနိုင်ငံတော်ဒုတိယ သမ္မတ-ငြိမ်း) က နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား .. ရန်ပုံငွေစိစစ်ခြင်းနှင့် ဒီဇိုင်းပုံစံများ အတည်ပြုပေးခြင်း များကို ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

အထူးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီ၏အတွင်းရေးမှူးမှာ စီမံကိန်းစတင်ချိန်မှ ၂ဝဝ၇ ခုနှစ်ထိ ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက် ချုပ်ရုံးမှ ဒုတိယစစ်ထောက်ချုပ် ဗိုလ်မှူးကြီးဇော်လင်း (ငြိမ်း) နှင့် ၂ဝဝ၇ ခုနှစ်မှ စီမံကိန်းပြီးဆုံးသည်အထိ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးမှ အကြံပေးအရာရှိ ဗိုလ်မှူးကြီး ကံချွန် (နောင်နေပြည်တော်ကောင်စီဝင်-ငြိမ်း) နှင့် တွဲဖက် အတွင်းရေးမှူးမှာ စည်ပင်သာယာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ယခု-ငြိမ်း) ဗိုလ်မှူးကြီး မျိုးမြင့် တို့ဖြစ်သည်။

အဖွဲ့ဝင်များအဖြစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင် သာယာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန တို့မှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ အကြံပေးအရာရှိ စသည့်သူတို့အပါအဝင် အင်အား ကိုးဦးဖြင့် ဆောင်ရွက်ခဲ့ပါသည်။

ကြီးကြပ်မှုကော်မတီက အရည်အသွေးထိန်းသိမ်းရေး လုပ်ငန်းဆပ်ကော်မတီ၊ လုပ်ငန်းပြီးစီးမှု စစ်ဆေးရေး ဆပ်ကော်မတီ၊ အဆောက်အဦးလုပ်ငန်းတန်ဖိုး စစ်ဆေးရေးဆပ်ကော်မတီ၊ အဆောက်အဦနေရာချ ထားရေးဆပ်ကော်မတီ၊ လျှပ်စစ်ပိုင်းဆိုင်ရာ ကြီးကြပ် စစ်ဆေးရေးဆပ်ကော်မတီ၊ ဆက်သွယ်ရေးဆိုင်ရာ ကြီးကြပ်စစ်ဆေးရေးဆပ်ကော်မတီ၊ ဒေသန္တရတန်ဖိုး မှတ်တမ်းတင်ရေးဆပ်ကော်မတီတို့ကို ထပ်မံဖွဲ့စည်းပြီး
ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင် နိုင်ငံတော်သမ္မတရုံးက အထူး ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းကြီးကြပ်မှုအဖွဲ့အား ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား ၁၈ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး စီမံကိန်းကာလတစ်လျှောက် အထူးဖွံ့ဖြိုးရေးစီမံကိန်း အနီးကပ်ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကိုပါ ဖွဲ့စည်းခဲ့ရာ ယင်းတွင် အရာထမ်း၊ အမှုထမ်းအင်အား ၃၆၂ ဦး ပါဝင်ခဲ့သည်။

လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးသိန်းညွန့် က ယခုဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကံ့ကော်ဝန်ထမ်း အိမ်ရာပရဝုဏ်နှင့် စံပယ်ဝန်ထမ်းအိမ်ရာ ပရဝုဏ် အတွင်းတို့တွင် ပန္နက်ရိုက်ပေးခဲ့ခြင်းဖြင့် မြို့တော်သစ် တည်ဆောက်မှုကဏ္ဍသစ်ကို စတင်ဖွင့်လှစ်ပေးခဲ့သည်။ ၂ဝဝ၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက် မင်္ဂလာအချိန် နံနက် ၇း၃ဝ နာရီတွင် နေပြည်တော်အား နိုင်ငံတော် အစိုးရအဖွဲ့ရုံးစိုက်ရာ အုပ်ချုပ်ရေးမြို့တော်အဖြစ် .. တည်ဆောက်နိုင်ရန်အတွက် ဗိုလ်မှူးကြီး သိန်းညွန့်က
ပန္နက်ရိုက်ခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။

အထူးဖွံ့ဖြိုးရေးစီမံကိန်းသည် ကာလအားဖြင့် ၁၁ နှစ်ကြာမြင့်ခဲ့ပြီး စီမံကိန်းစတင်ခဲ့သည့် ၂၀၀၃၂၀၀၄ မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်ထိ ရှစ်နှစ်တာ ကာလ စီမံကိန်းလုပ်ငန်းများကို နိုင်ငံတော်ဝန်ကြီးချုပ် ရုံး ရန်ပုံငွေဖြင့်လည်းကောင်း၊ ၂၀၁၁-၂၀၁၂ မှ ၂၀၁၂၂၀၁၃ ဘဏ္ဍာရေးနှစ်ထိ နှစ်နှစ်တာကာလ စီမံကိန်း လုပ်ငန်းများအား နိုင်ငံတော်သမ္မတရုံး ရန်ပုံငွေဖြင့် လည်းကောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တစ်နှစ်တာကာလ စီမံကိန်းလုပ်ငန်းများကို နေပြည်တော်ကောင်စီ (အထူးဖွံ့ဖြိုးရေးစီမံကိန်း) ရန်ပုံငွေဖြင့်လည်းကောင်း ကျခံဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ၁၁ နှစ်တာ အတွင်း အထူးဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း ကြီးကြပ်မှု ကော်မတီ၏ကြီးကြပ်မှုဖြင့် ပုဂ္ဂလိကဆောက်လုပ်ရေး ကော်မတီ ၅၉ ခု၊ မြေယာအလှကုမ္ပဏီ ၆ ခုထံသို့ လုပ်ငန်းအပ်နှံသည့်စနစ်ဖြင့် ဆောင်ရွက်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး လက်အောက်ခံ စစ်အင်ဂျင်နီယာ
နေပြည်တော် တပ်ဖွဲ့များကလည်း စီမံကိန်း၏အစိတ်အပိုင်းအချို့ကို တာဝန်ယူဆောင်ရွက်ခဲ့သည်။ အုပ်ချုပ်ရေးဆိုင်ရာနှင့် အုပ်ချုပ်ရေးအထောက်အကူပြု အဆောက်အအုံများ၊ လမ်းပန်းဆက်သွယ်ရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်ကဏ္ဍအသီးသီးအတွက် လိုအပ်သောအဆောက် အအုံများ၊ အများပြည်သူနှင့်သက်ဆိုင်သော အပန်းဖြေ နေရာများ၊ မြေယာရှုခင်းအလှများ စသည်တို့ကို အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။

သမ္မတအိမ်တော်၊ ဒုတိယသမ္မတအဆင့်ရှိသူ များ၏နေအိမ်များ၊ ဝန်ကြီးရုံး ၅၅ ရုံး၊ လွှတ်တော် အဆောက်အအုံများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်ကောင်စီရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သတင်းစာတိုက်နှင့်
ပုံနှိပ်တိုက်၊အမျိုးသာပြတိုက်၊အမျိုး
သားမှတ်တမ်း မော်ကွန်းတိုက်၊မြန်မာ့
ကွန်ဗင်းရှင်းစင်တာ(၁)နှင့်(၂)
ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီး၊ခုတင်
၁၀၀၀ ဆံ ပြည်သူ့ဆေးရုံကြီး၊
အထွေထွေအြပ်ချုပ်ရေးဦးစီးဌာန
(ဥတ္တရ နှင့်ဒက္ခိဏ)ရုံးများ၊ဝန်ထမ်း
အိမ်ရာ ၁၂၉၃လုံး(၂၃၅၂၆ခန်း)
တံတား၄၅စင်း၊ကွန်ကရစ်လမ်း
၄၇၃ဒသမ ၉၈၅
မိုင်၊ ကတ္တရာလမ်း ၁၀၄ မိုင်၊ ကျောက်ခင်းလမ်း ၃၅ ဒသမ ၄၆၈ မိုင်၊ ရိစာလမ်း ၈၃ မိုင်၊ နေပြည်တော် ရေပေးရေးလုပ်ငန်း၊ ရေဆိုးသန့်စင်ခြင်း၊ လျှပ်စစ်ဓာတ် အားပေးဖြန့်ဖြူးခြင်း၊ ဆက်သွယ်ရေးဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သန့်ရှင်းရေးစနစ်၊ မြေယာ ... အလှရှုခင်းလုပ်ငန်းများနှင့် မြို့ကွက်သစ်များ ဖော် ထုတ်ခြင်း၊ စက်မှုဇုန်များ သတ်မှတ်ပေးခြင်းနှင့် ရွှေ့ပြောင်းကျေးရွာများကို ပြန်လည်နေရာချထား … ပေးခြင်းလုပ်ငန်းများကိုလည်း တစ်ချိန်တည်း၊ တစ်ပြိုင် တည်း ဆောင်ရွက်ခဲ့သည်။

မြို့ကွက်သစ်များ ဖော်ထုတ်မှုအနေဖြင့် ဥတ္တရ သီရိမြို့၊ ဒက္ခိဏသီရိမြို့၊ ပုဗ္ဗသီရိမြို့တို့တွင် လူနေ
ရပ်ကွက်အဖြစ် မြေကွက် ၁၉,၇၅၀ ကွက် ဖော်ထုတ် ခဲ့ပြီး မြေကွက်အမျိုးအစားများမှာ ၁ ဧက၊ ပေ ၂၀၀ ပတ်လည်၊ ပေ ၁၅၀ ပတ်လည်၊ ပေ ၁၂၀ ပတ်လည်၊ ပတ်လည်၊ ပေ ၈ဝ ပတ်လည်၊ ပတ်လည်၊ ပေ ၆၀ x ၄၀ ပေ၊ ပေ ၁ဝဝ × ၂၀၀ (Shop house) စသည်ဖြင့် မျိုးစုံပါဝင်သည်။

ပြည်ပသံတမန်အိမ်ရာများအတွက် ပေ ၅ဝဝပတ်လည် မြေကွက် ၁၂ဝ ကွက်၊ ပြည်ပ စစ်သံမှူးများ အိမ်ရာအတွက် ပေ ၃၀၀ ပတ်လည်မြေကွက် ၅၀ ကွက်၊ ပုဗ္ဗသီရိမြို့နယ်တွင် စစ်မှုထမ်းများကို နေရာ ချထားရန် ပေ ၈၀ ပတ်လည်၊ ပေ ၆၀ x ၈၀၊ ပေ ၆ဝ x ၄ဝ စသည်ဖြင့် စုစုပေါင်း ၁၃ဝ၅၆ ကွက်တို့ကို ဖော်ထုတ်ခဲ့သည်။ ထိုသို့ မြို့ကွက်ဖော်ထုတ်ခဲ့ရာတွင် မြို့ပြစီမံကိန်းနှင့်အညီ ကြားခံမြေ (Buffer Zone) များ ကိုလည်း ထည့်သွင်းစီမံပေးခဲ့သည်။

မြန်မာနိုင်ငံမြို့တော်သစ် အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်တွင် ဝန်ကြီးဌာနရုံးများ၊ အရာထမ်း၊ အမှုထမ်း အိမ်ရာများ တည်ဆောက်ပြီးစီးချိန်တွင် အစိုးရဝန်ကြီးဌာနအသီးသီးရှိ အရာထမ်း၊ အမှုထမ်း များ၊ မော်တော်ယာဉ်များ၊ စက်ယန္တရားများ၊ ပရိဘောဂ ပစ္စည်းများ၊ ရုံးသုံးစက်ကရိယာများကို မြို့တော်ဟောင်း ရန်ကုန်မြို့ မှ နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးမှ စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ၆-၁၁-၂၀၀၅ ရက်တွင် ပထမအသုတ်အဖြစ် ဝန်ကြီးဌာန ၁၁ ခု၊ ၁၄- ၁၁-၂ဝဝ၅ ရက်တွင် ဒုတိယအသုတ်အဖြစ် ဝန်ကြီး ဌာန ၆ ခု၊ ၁၆-၁၂-၂ဝဝ၅ ရက်တွင် တတိယအသုတ် အဖြစ် ဝန်ကြီးဌာန ၇ ခု၊ ၁၂-၁-၂ဝဝ၆ ရက်တွင် စတုတ္ထအသုတ်အဖြစ် ဝန်ကြီးဌာန ၄ ခုနှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ ၂၁၁-၂ဝဝ၆ ရက်တွင် ပဉ္စမအသုတ်အဖြစ် ဝန်ကြီးဌာန ၂ ခု၊ ၂၅-၁-၂ဝဝ၆ ရက်တွင် ဆဋ္ဌမအသုတ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန၊ ၁၂-၂-၂ဝဝ၆ ရက်တွင် သတ္တမအသုတ်အဖြစ် တရားရုံးချုပ်၊ ၁၅-၂-၂၀၀၆ ရက်တွင် အဋ္ဌမအသုတ်အဖြစ် ရှေ့နေချုပ်ရုံး၊ ၁၇-၂၂ဝဝ၆ ရက်တွင် နဝမအသုတ်အဖြစ် စာရင်းစစ်ချုပ်ရုံး တို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး အစိုးရအဖွဲ့ယန္တရားများကို ပုံမှန်လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပါသည်။

ထူးခြားချက်အနေဖြင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် မြို့တော်ဝန်ဖြစ်သည်ဟု ပြဋ္ဌာန်းထား သဖြင့် နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင် သာယာရေးကော်မတီတာဝန် နှစ်ခုစလုံးကို ပူးတွဲထမ်း
ဆောင်ရပါသည်။

နေပြည်တော်ကောင်စီသည် အုပ်ချုပ်ရေး ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဖြစ်၍ အုပ်ချုပ်ရေး ကိစ္စများကို ဆောင်ရွက်ရပြီး နေပြည်တော်စည်ပင် သာယာရေးကော်မတီသည် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင် သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ရသည်။

နေပြည်တော်ကို ခရိုင် နှစ်ခရိုင်၊ မြို့နယ် ရှစ် မြို့နယ်၊ ရပ်ကွက် (၅၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၈၇) အုပ်စု၊ ကျေးရွာပေါင်း (၇၉၅) ရွာဖြင့် ဖွဲ့စည်း ထားရှိပြီး လူဦးရေစုစုပေါင်း ၁၁၁၂၃၂၃ ဦး နေထိုင် လျက်ရှိသည်။ နေပြည်တော်ကောင်စီကို နေပြည်တော် ကောင်စီဥက္ကဋ္ဌ တစ်ဦး၊ နေပြည်တော်ကောင်စီဝင် ငါးဦးနှင့် အတွင်းရေးမှူးတစ်ဦးတို့ဖြင့် ဖွဲ့စည်းထားရှိ ပါသည်။

နေပြည်တော်နှင့်ပက်သက်၍
ပညာရေး၊ကျန်းမာရေး ၊စီးပွါးရေး၊အပန်းဖြေ၊သာသနာဆိုင်ရာ၊
ပို့ဆောင်ရေး၊လျှပ်စစ်မီးလင်းရေး၊နိုင်ငံတကာ ရေးရာ ကိစ္စ ရပ်များကို
ဖော်ပြရန် ချပ်လှပ် ထားခဲ့ပါသည်။


credit,

ဆရာ Chit Mg ရေးသည်။ Pushed Pile (or) Pressed Pile>>...............Side Piling ................    Pile စက်တစ်စက်တွင်အနေအ...
06/08/2022

ဆရာ Chit Mg ရေးသည်။

Pushed Pile (or) Pressed Pile
>>...............Side Piling ................

Pile စက်တစ်စက်တွင်အနေအထားနှစ်မျိုးဖြင့် Pile ရိုက်ခြင်းကို ဆောင်ရွက်နိုင်ရန် ပါရှိပါသည်။ ၄င်းနှစ်မျိုးကိုပင် Center Piling နှင့် Side Piling ဟု ခေါ်ပါသည်။ သာမန် Pile စက်တစ်စက် လွယ်ကူစွာ သွားလာနိုင်ရန် လုံလောက်သော အကျယ်အဝန်းရှိသော နေရာများတွင် Center Piling ကို အသုံးပြု၍ လုံလောက်သောအကျယ်အဝန်းမရှိသောနေရာများ ( အထူးသဖြင့် Long Ship ဟုခေါ်သော Pile စက်ခြေထောက်နဲ့ ခြံဝင်းတံတိုင်းများ၊ Septic Tank များ၊ အခြားအဆောက်အဦးများနဲ့ မလွတ်သော အခြေအနေများ ) တွင် Side Piling ကို အသုံးပြုပါသည်။
(*** Pile စက်အစိတ်အပိုင်းများ၏ အခေါ်အဝေါ်များကို ပုံ(၁) တွင်ကြည့်ပါ။ )
Center Piling နှင့် Side Piling တို့၏ အဓိကကွာခြားချက်ကို အလွယ်တကူမြင်နိုင်ပါသည်။ Center Piling တွင် Clamping Box မှာ Pile စက်၏ Center မှာ ရှိနေခြင်း၊ Counterweight တုံးများမှာလည်း Pile စက်Clamping Box ၏ ပတ်ချာလည်တွင် မျှတစွာရှိနေခြင်းကြောင့် လိုအပ်သော Pressure ရရှိရန် Pile ရိုက်ရာတွင် လွယ်ကူစွာ ရိုက်နိုင်ပါသည်။ Side Piling တွင်မူ Clamping Box မှာ Pile စက်၏ အနောက်ပိုင်း ( Back Side ) တွင်နေရာချထားခြင်း၊ Counterweight တုံးများမှာလည်း Cantilever Beam ပေါ်တွင် တင်ထားရခြင်းကြောင့်လိုအပ်သော Pressure ...နောက်တစ်နည်းပြာရရင် လိုအပ်သော tons ရရှိရန်အတွက် မှန်ကန်သော Counterweight တင်ထားမှ ရမှာပါ။ ရိုက်ရမယ့် Tons ကများပြီ တင်ထားတဲ့ Counterweight ကနည်းနေရင်လည်းကောင်း၊ ရိုက်ရာတွင် စိတ်လောကြီးလျှင်လည်းကောင်း မြေကြီး၏ပင့်အားကြောင့် Side Piling Frame ကို လှန်ချိုးသလို ဖြစ်တတ်သော အန္တရာယ်ရှိပါသည်။ Clamping Box နဲ့ Pressure ပေးသော Cylinder များမှာ ဒီစက်မှ ဒီပစ္စည်းများသာ ဖြစ်သဖြင့် Center Piling နှင့့်ကွာခြားမှုမရှိပါ။Cylinder မှ Pressure အပြည့်ရိုက်ပေးနိုင်ပါသည်။ သို့သော် Side Piling မှာ Main Piling ရဲ့ 60% to 70% ထိသာ ရိုက်နိုင်လေ့ရှိပါတယ်။ ဥပမာ... စက်မှ 460 tons ရိုက်နိုင်သော်လည်း Side Piling အတွက်မူ 276tons ခန့်သာ ရိုက်နိုင်လေ့ရှိပါသည်။ အထက်က ပြောခဲ့သလို Pile စက်၏ Side Piling အတွက် body တည်ဆောက်ပုံအရလည်းကောင်း၊ Pile စက်မပျက်စီးစေရန် cover ယူထားခြင်းကြောင့်သော်လည်းကောင်း ဖြစ်ပါသည်။ အဓိက အချက်မှာ မှန်ကန်သော Counterweight ရှိစေရန်နှင့် Pressure မပြည့်မီ ရိုက်လိုက်သော Pile မှာ ဆက်မဆင်းတော့ပဲ ရပ်နေပြီဆိုလျှင် အတင်းဆက်မရိုက်ပဲ ခေတ္တစောင့်ဆိုင်းပြီးမှ အခြေအနေကိုကြည့်ပြီး ဆောင်ရွက်ရပါမည်။ ထိုအခြေအနေတွင် မြေလွှာအတွင်း၌ ကျောက်လွှာနှင့်တွေ့နေသလား၊ သို့မဟုတ် တခါတရံ ဘေးမှ Pile Points မြောက်မြားစွာ ရိုက်ထားခြင်းကြောင့် မြေသားများကြပ်ပြီး Pile မဆင်းတာလား....စသည်ဖြင့် သေချာစွာ စဉ်းစားပြီး ခေတ္တစောင့့်ကြည့်ရပါမည်။ Pile Driver အများစုမှာ ကျွမ်းကျင်ကျပြီး တခါတရံ သူများအဆောက်အဦးနှင့် ကပ်နေသော နေရာများတွင်လည်းကောင်း၊ အထက်ဖော်ပြပါ အခြေအနေများတွင်လည်းကောင်း စိတ်မလောစေရန် သတိပေးရပါမည်။
အထက်တွင် မပြောပဲ ထားခဲ့တာ တစ်ခုရှိပါသေးတယ်။ Corner Piling ပါ။ Side Piling နဲ့ Corner Piling Work တွေကို Side Piling နဲ့ပဲ ရိုက်ပါတယ်။ ထပ်ချဲ ့ပြောရရင်တော့ Side Piling ဆိုတာ ခြံအုတ်တံတိုင်းတလျှောက် Pile ရိုက်တာမျိုးဖြစ်ပြီး Corner Piling ကတော့ တံတိုင်းနှစ်ခုဆုံတဲ့ ထောင့်ဆုံနေရာမျိုးမှာ Pile ရိုက်တာမျိုးပါ။
Side Piling or Corner Piling ရိုက်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ Pile စက်က နေရာလွတ် (Space) ဘယ်လောက်ကျန်ရင် ရိုက်လို့ရမလဲဆိုတာ သိရပါမယ်။ အဲဒါကိုလဲ Pile စက်ရဲ့ Mannual ထဲမှာ ကြည့်နိုင်သလို၊ On Site မှာ အပြင်မှာရှိတဲ့ စက်ကြီးကို တိုင်းတာကြည့်လျှင်လည်း အလွယ်တကူသိနိုင်ပါတယ်။ပျမ်းမျှအနေနဲ့ Pile စက်အမျိုးအစားပေါ်တည်၍ အခြားအဆောက်အဦးများနှင့့်....ဥပမာ ခြံဝင်းတံတိုင်းမှ 1.5' မှ 3.5' အကွာအထိ Pile ရိုက်နိုင်ပါသည်။ ***ပုံကိုကြည့်ပါ။
Pile စက်မှာအသုံးပြုတဲ့ Counterweight က Cast Iron Counterweight နဲ့ Barite Counterweight ဆိုပြီး နှစ်မျိုးရှိပါတယ်။ Cast Iron Counterweight က 6800 Kg/m^3 အလေးချိန်ရှိပြီး Barite က 3800 Kg/m^3 လေးပါတယ်။ On Site မှာတော့ Counterweight ကို အဆင်ပြေသလိုအသုံးပြုကြပါတယ်။ *** ပုံမှာ ကြည့်နိုင်ပါတယ်။
Side Piling/Corner Piling ရဲ့ အနှစ်ချုပ်ကလည်းနှစ်ချက်တည်းပါပဲ။ ကိုယ့်စက်ရဲ့ ရိုက်နိုင်တဲ့ Pressure နဲ့ Space ကို သိရပါမယ်။ဒါပါပဲ။
တကယ်တော့ Pile ရိုက်ခြင်းလုပ်ငန်းတွင် Main Con ရဲ့ Engineer များ Supervisor များက Design ပေး၊ Pressureမှတ်၊ အခြားလိုအပ်သည်များကို ပံ့ပိုးပေးပြီး Pile အဖွဲ့ကပဲ Pile ရိုက်မည်ဟု မတွေးစေလိုပါ။ Pile အဖွဲ့က သူ့စက်၊ သူ့လူနဲ့ ရိုက်မှာဖြစ်ပေမယ့် ကြီးကြပ်မယ့် အင်ဂျင်နီယာက ဒီအချက်တွေကို သိမှသာ မှန်ကန်သောကြီးကြပ်ညွှန်ကြားမှုကို ပေးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ကိုယ့် Site ရဲ့ ဘယ်အပိုင်းကတော့ Side Piling နဲ့ ရိုက်ရမှာဖြစ်တဲ့အတွက် ဘယ်အပိုင်းကိုတော့အရင်ပြီးအောင်လုပ်မယ်၊ ဘယ်အပိုင်းပြီး ဘယ်အပိုင်းလုပ်မယ် စသည်ဖြင့် မှနျကနျသောဆုံးဖွတျမှုကျို ပြုနိုင်မှာပါ။
နောက်ဆုံးတစ်ချက်ကတော့ Hydraulic Static Pile Driver စက်တွေဟာ Square Column ရော Round or Circular Column တွေပါ ရိုက်ပေးနိုင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ထားလျှက်............
Chit Mg
8.5.2016

Address

Yangon
166167

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+95 9 520 0302

Website

Alerts

Be the first to know and let us send you an email when Bored & Press Pilingလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share