11/06/2026
🌩️ မိုးသည်းထန်စွာရွာသွန်းပြီး မိုးသက်မုန်တိုင်းများ ကျရောက်လေ့ရှိသည့် မြန်မာ့မိုးရာသီကာလတွင် မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီးလက်ခြင်းတို့သည် လျှပ်စစ်လိုင်းများအတွင်းသို့ ပုံမှန်ထက် အဆမတန်မြင့်မားသော ဗို့အားလှိုင်းများ (Voltage Surges) ရုတ်တရက် ရိုက်ခတ်ဝင်ရောက်လာစေတတ်ပါသည်။ ထိုသို့ အရှိန်ပြင်းစွာ ဝင်ရောက်လာသော ဗို့အားလှိုင်းများသည် အိမ်သုံး၊ ရုံးသုံးနှင့် စက်ရုံသုံး လျှပ်စစ်ပစ္စည်းများကို ခဏချင်းအတွင်း ပျက်စီးသွားစေနိုင်သည့်အပြင် မီးလောင်ကျွမ်းခြင်းနှင့် ဓာတ်လိုက်ခြင်းစသည့် အသက်အန္တရာယ်ဖြစ်စေနိုင်သော လျှပ်စစ်မတော်တဆမှုများ၏ ၇၀% ခန့်ကို ဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းလည်း ဖြစ်နေတတ်ပါသည်။
ထိုကဲ့သို့သော လျှပ်စစ်အန္တရာယ်များမှ ကာကွယ်ရန်အတွက် အထိရောက်ဆုံးနှင့် စိတ်အချရဆုံးသော နည်းလမ်းမှာ LS Electric ရဲ့ Surge Protective Device (SPD) များကို စနစ်တကျ တပ်ဆင်အသုံးပြုသင့်ပါသည်။
💡Surge Protective Device (SPD) ဆိုတာ ဘာလဲ?
SPD ဆိုသည်မှာ လျှပ်စစ်လိုင်းအတွင်း မိုးကြိုးပစ်ခြင်းကြောင့်ဖြစ်စေ၊ မီးလိုင်းစနစ်မတည်ငြိမ်ခြင်းကြောင့်ဖြစ်စေ ရုတ်တရက် ဗို့အားမြင့်တက်လာပါက ထိုအန္တရာယ်ရှိသော လျှပ်စစ်စီးကြောင်းများကို သင့်တန်ဖိုးကြီးစက်ပစ္စည်းများဆီသို့ မရောက်ရှိစေဘဲ မြေပြင်ထဲသို့ ဘေးကင်းစွာ လွှဲပြောင်းစီးဆင်းစေသည့် (Grounding) လုံခြုံရေးဗားတစ်ခုကဲ့သို့ အလုပ်လုပ်ပေးသော ပစ္စည်းဖြစ်ပါသည်။
✨ SPD တပ်ဆင်ထားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ:
* တန်ဖိုးကြီးပစ္စည်းများကို ကာကွယ်ပေးခြင်း: စက်ရုံသုံး စက်ပစ္စည်းအကြီးစားများ၊ ကွန်ပျူတာများ၊ TV၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်များကို ဗို့အားဆောင့်တက်ခြင်းကြောင့် အလွယ်တကူ ပျက်စီးဆုံးရှုံးခြင်းမှ သက်သာစေပါသည်။
* လုပ်ငန်းခွင်နှင့် မိသားစုလုံခြုံရေး: မိုးကြိုးအန္တရာယ်ကြောင့် ဖြစ်ပွားတတ်သော ဝါယာရှော့(ခ်)ဖြစ်ခြင်းနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ပေးပါသည်။
* ငွေကြေးကုန်ကျမှု သက်သာစေခြင်း: ရုတ်တရက် စက်ပစ္စည်းများ ပျက်စီးသွားသဖြင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းရခြင်း (Downtime) နှင့် အသစ်ပြန်လည်ဝယ်ယူရမည့် ကုန်ကျစရိတ်များကို အထိရောက်ဆုံး လျှော့ချပေးနိုင်ပါသည်။
ဘာကြောင့် Alpha Power Engineering ကို ရွေးချယ်သင့်သလဲ?
ကျွန်ုပ်တို့ Alpha Power Engineering သည် LS Brand ကို တရားဝင်တင်သွင်းလာခဲ့သည်မှာလည်း (၁၀) နှစ်ကျော်တိုင်တိုင်ရှိသည့် အပြင် ISO 9001:2015 အသိအမှတ်ပြု ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
Alpha Power Engineering တွင် ကမ္ဘာကျော်တံဆိပ်ဖြစ်သော ကိုရီးယားနိုင်ငံထုတ် အရည်အသွေးမြင့် LS Brand များအပါအဝင် စိတ်ချရသော လျှပ်စစ်ကာကွယ်ရေးပစ္စည်းများကို စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းခွင်များနှင့် နေအိမ်များအထိ စနစ်တကျ ရွေးချယ်တပ်ဆင်နိုင်ရန် ကျွမ်းကျင်အင်ဂျင်နီယာများကိုယ်တိုင် အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
"မိုးရာသီပိတ်ရက်ရှည်တွေမှာ လျှပ်စစ်အန္တရာယ်ကင်းပြီး စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့ သင့်လုပ်ငန်းခွင်နဲ့ နေအိမ်တွေမှာ LS Brand ရဲ့ Surge Protective Device (SPD) ကို အခုပဲ မှာယူပြီး တပ်ဆင်လိုက်ပါ။" 🤝🌩️
LS Brand ရဲ့ Surge Protective Device (SPD) အကြောင်းအသေးစိတ်သိရှိလိုပါက
🏢 Alpha Power Engineering (Head Office)
No.16, Yoedayar Street, (5)Ward, 9 Mile, Mayangone Township, Yangon.
ဖုန်းနံပါတ် 📱 +959 455550882, +959 421086734, +959 428184052 သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။