AutoBrand Automotive Repair & Training Centre

AutoBrand Automotive Repair & Training Centre 📌ကားမက္ကင်းနစ်ဆိုင်ရာ မော်တော်ကားစက်ပြင်နှင့် မော်တော်ကားဝါယာရိန်းပြုပြင်ပညာရပ်သင် သင်တန်းကျောင်း📌

⚠️အင်ဂျင်ဝိုင် စျေးတတ်လာတာနဲ့အမျှ တွေ့မြင်လာရတဲ့ ချောကလက်ထုတ်သည့် အင်ဂျင်စက်များ မဖြစ်‌စေဖို့ သတိထားနိုင်ကြဖို့ရန်💥 #ကို...
26/11/2025

⚠️အင်ဂျင်ဝိုင် စျေးတတ်လာတာနဲ့အမျှ
တွေ့မြင်လာရတဲ့ ချောကလက်ထုတ်သည့်
အင်ဂျင်စက်များ မဖြစ်‌စေဖို့ သတိထားနိုင်ကြဖို့ရန်💥

#ကိုစိုင်း

04/11/2025

နယ်ဘက်မှ မိမိလိုင်းပေါ်တင်ပေးလေ့ရှိသည့် ဗီဒီယိုများကို ကြည့်ရှုရင်းဖြင့် လေ့လာနေသည့် ညီငယ်တစ်ယောက်ထံမှ အကူအညီတောင်းခံလာလို့ အပန်းမကြီး‌နေ၍၊ (အခမဲ့)ကူညီပေးဖြစ်ခဲ့တဲ့ကိစ္စတစ်ခု။

Liteace 7K-E အင်ဂျင်ရဲ့စက်မနိုးရသည့်အကြောင်းရင်းဖြစ်ရသည့် အဓိကအင်ဂျင်ရဲ့ချိန်းမိန်းတိုင်ပင်ထားရှိတဲ့ပုံနှင့် ဒစ္စတျီဗျူတာအုံ မီးတိုင်ပင်ပြန်ဖမ်းရသည့်ပုံစံကို

မျှဝေပေးချင်စိတ်ရှိ‌နေ၍ တခါတည်းရိုက်ကူးကာ၊ အများမြင်တွေ့သိရှိရအောင် ရှင်းပြချက်ပါအပါ၊ ထည့်ပြီးတင်ပေးလိုက်ပါတယ်။

ယခုဗီဒီယိုသည် တိုင်ပင်(၂)ခုစလုံးအကြောင်း ပါဝင်ကာ၊ ပြည့်စုံပါသည်။ အကြောင်းမှာတော့ နယ်ဘက်မှ စက်ဆရာတစ်ဦးမှ ကရိုင်းလဲပြီး၊အင်ဂျင်ကိုင်ပြီးနောက်၊ စက်မနိုးတော့သည့်အတွက်ကြောင့် ချိန်းမိန်းတိုင်ပင်မှစ၍ စစ်ဆေးရတော့မည်သာဖြစ်သည်၊ အကယ်၍များ ဒစ္စတျီဗျူတာအုံဖြုတ်ပြီး/ပြန်အတပ်မှာ မနိုးတာပါဆိုလျှင် ဒစ္စတျီဗျူတာအုံပြန်အထည့် မီးတိုင်ပင်အပိုင်းသာ စစ်ဆေးကြည့်ရှုဖို့ရန် လိုအပ်ပေလိမ့်မည်။

ယခုအင်ဂျင်အမျိုးစားသည် EFI စင်ဆာ/ဝါယာရိန်းအခန်းကဏ္ဏ နည်းပါးသော်လည်း၊ အရေးတကြီး ဂရုစိုက်ကြည့်ရသည့် တိုင်ပင်(၂)ခုကို မကြည့်ရှုတတ်ပါက၊ ပြင်ဆင်သည့်စက်ဆရာအတွက် အင်ဂျင်နိုးဖို့ရန်မှာ လွန်စွာခက်ခဲနိုင်ပေသည်။ ဤအချင်းအရာကို ကျွန်ုပ်အလုပ် စလုပ်ခါစ၌ ကောင်းစွာတွေ့ကြုံခဲ့ဖူး၍ သိရှိခဲ့ခြင်းဖြစ်သည်။

စက်မနိုးနိုင်သဖြင့် ၂ညနဲ့ ၃ရက်ခန့်မျှ ကြာခဲ့ပေသည်။ မိမိအား အကူအညီပေးမည့်သူလည်း တစ်ဦးတစ်ယောက်မှမရှိခဲ့၊ ရှိခဲ့ပြန်လည်း မိမိဘက်မှလွယ်လင့်စပယ် အကူအညီတောင်းခံခြင်းမျိုးကို လုပ်ဖြစ်လိမ့်မည်မဟုတ်၊ မိမိပင်ကိုစိတ်ဓာတ်ကို လွယ်လင့်စပယ် ပျက်စီးစေနိုင်သည်ဟု ထင်မြင်မိသောကြောင့်ပင်ဖြစ်သည်။

စိတ်အေးလက်အေးဖြင့် တဆင့်ချင်းစီ စဉ်းစားကြည့်သည့်အချိန်၌ အကူအညီမပါဘဲဖြင့်၊ အောင်မြင်စွာ စဉ်းစားနိုးနိုင်ခဲ့ပေသည်။(အဓိကအချက်ကတော့ ဖမ်းယူရသည့်အခါ၌ တိုင်ပင်က အခြား EFI အင်ဂျင်များလို ချိန်းမိန်းတိုင်ပင်တစ်ခုတည်း မဟုတ်နေသည့်အချက်ပါဘဲ။ 4-Stroke Cycle အကြောင်းကိုထည့်သွင်းမစဥ်းစားဖူး၊ မသိဘူးဆိုလျှင်တော့ ယခုအင်ဂျင်သည် (လုံးဝ)မနိုးနိုင်ပါ။

#ကိုစိုင်း

27/10/2025

🇺🇸2019 Model Chevrolet Equinox လေးအား၊
ကွန်ပြူတာစက်ထိုး/စစ်ဆေးပြီးနောက် ရရှိလာတဲ့

DTC - P0201(Faulty Injector No.(1) Circuit Malfunction ပြစ်ချက်ကုဒ်အပေါ်မှာ‼️

လိုအပ်သည့်ဝါယာရိန်းပိုင်းများ စစ်ဆေးပြီးဖြစ်၍
💢ပြစ်ချက်ဖြစ်သည့် Injector No.(1)အား

လဲလှယ်ဖို့ရန်အတွက် ဖြုတ်ယူနေကြသည့် မြင်ကွင်းပဲ ဖြစ်ပါတယ်။💻⚠️

#ကိုစိုင်း(AutoBrand Automotive Repair & Training Centre)
#095064765
#09955664765


#ကိုစိုင်း

🇺🇸ကွန်ပြူတာဖြင့် ကားပြုပြင်ခြင်း(အပိုင်း-၂) ပြီးဆုံး👌😐✨Today Service တစ်ခုပါ။✅2019 Chevrolet Equinox(3G/Mexicoအလုံး)လေးအ...
04/08/2025

🇺🇸ကွန်ပြူတာဖြင့် ကားပြုပြင်ခြင်း(အပိုင်း-၂) ပြီးဆုံး👌😐

✨Today Service တစ်ခုပါ။✅
2019 Chevrolet Equinox(3G/Mexicoအလုံး)လေးအား
စက်အင်ဂျင်တုန်ခါနေပြီး/ စလိုးမမှန်သလိုဖြစ်/ အင်ဂျင်ချက်မီးလည်းလင်းပြီး၊ လီဗာနင်းရင် တုံ”တုံ”ဖြစ်နေသည့်ပြစ်ချက်။⚠️🇺🇸

🚨ချက်မီးလင်း၍ ကွန်ပြူတာစစ်ရာ💻
P0201 - Cylinder 1 Injector Control Circuit နှင့်
P0300 - Engine Misfire Detected ကုဒ်များ၊ပြ၍
ဝါယာရိန်းလိုင်းမှ စတင်ကာ၊ Step by Step စစ်ဆေး။✅✅

#ကိုစိုင်း(AutoBrand Automotive Repair & Training Centre)
#095064765
#09955664765


#1.5Turbo

🇺🇸ကွန်ပြူတာဖြင့် ကားပြုပြင်ခြင်း ပြီးဆုံး👌😐✨Today Service တစ်ခုပါ။✅2019 Chevrolet Equinox(3G/Mexicoအလုံး)လေးအားစက်အင်ဂျင...
02/08/2025

🇺🇸ကွန်ပြူတာဖြင့် ကားပြုပြင်ခြင်း ပြီးဆုံး👌😐

✨Today Service တစ်ခုပါ။✅
2019 Chevrolet Equinox(3G/Mexicoအလုံး)လေးအား
စက်အင်ဂျင်တုန်ခါနေပြီး/ စလိုးမမှန်သလိုဖြစ်/ အင်ဂျင်ချက်မီးလည်းလင်းပြီး၊ လီဗာနင်းရင် တုံ”တုံ”ဖြစ်နေသည့်ပြစ်ချက်။⚠️🇺🇸

🚨ချက်မီးလင်း၍ ကွန်ပြူတာစစ်ရာ💻
P0201 - Cylinder 1 Injector Control Circuit နှင့်
P0300 - Engine Misfire Detected ကုဒ်များ၊ပြ၍
ဝါယာရိန်းလိုင်းမှ စတင်ကာ၊ Step by Step စစ်ဆေး။✅✅

#ကိုစိုင်း(AutoBrand Automotive Repair & Training Centre)
#095064765
#09955664765


#1.5Turbo

01/08/2025

🚗**Toyota Crown နှင့် Mark X တွင် တပ်ဆင်သော 3GR-FSE / 4GR-FSE အင်ဂျင်များအကြောင်း အကျဉ်းချုပ်:**💨

# # # 1. **အခြေခံအချက်များ**
- **အမျိုးအစား:** V6 (V ပုံစံ၊စလင်ဒါ ၆လုံး)၊ DOHC (Dual Overhead Camshaft) ၊ 24-valve
- **Displacement:**
- **3GR-FSE:** 2,995 cc (3.0L)
- **4GR-FSE:** 2,499 cc (2.5L)
- **ထုတ်လုပ်မှုကာလ:** 2003 မှ 2020 ခုနှစ်အထိ (Toyota ၏ GR စီးရီး အင်ဂျင်များ)

---

# # # 2. **ထူးခြားချက်များ: D-4 စနစ်**
- **Gasoline Direct Injection ဖြစ်သည်**
- **D-4** ဟု Toyota မှ အမည်ပေးထားသော နည်းပညာဖြစ်ပြီး Inlet Stroke & Compression Stroke တွင် **Direct Injection (တိုက်ရိုက်ထိုးသွင်းခြင်း)** ဖြင့်၊ စလင်ဒါကန်ထဲသို့ ဆီတိုက်ရိုက်ဖြန်းသွင်းကာ အလုပ်လုပ်သည်။
- **အားသာချက်များ:**
- အင်ဂျင် RPM အလိုက် အရုန်းအဆွဲအားနှင့် လောင်စာဆီထိရောက်မှု အမြောက်အများ ပိုမိုကောင်းမွန်။
- အေးသောရာသီတွင် စက်နှိုးရလွယ်ကူ။

---

# # # 3. **စွမ်းဆောင်ရည် (ယေဘုယျ)**
- **3GR-FSE (3.0L V6):**
- ** 256–316 hp (မော်ဒယ်နှင့် နှစ်ကိုလိုက်၍ ကွာခြား)
- ** 310–380 Nm
- **4GR-FSE (2.5L V6):**
- ** 197–215 hp
- ** 243–260 Nm

---

# # # 4. **အဓိက နည်းပညာများ**
- **Dual VVT-i (Variable Valve Timing-intelligent):**
အင်ဂျင်၏ လေဝင်ပေါက်/ထွက်ပေါက် လေဝင်/လေထွက် အချိန်ကို ECUမှအလိုအလျောက် ချိန်ညှိပေးခြင်းဖြင့် **အရုန်းအဆွဲအား၊ အထအား၊ လောင်စာဆီသုံးစွဲမှု** ကို ပိုမိုကောင်းမွန်စေသည်။
- **Acoustic Control Induction System (ACIS):**
လေဝင်စီးကြောင်းကို အင်ဂျင် RPM အလိုက် ချိန်ညှိပေးခြင်းဖြင့် အရုန်းအဆွဲအားကို တည်ငြိမ်စေသည်။

---

# # # 5. **အားနည်းချက်များ:**
- **High-Pressure Fuel Pump (HPFP) ပြဿနာ:** အချို့မော်ဒယ်များတွင် HPFP ပျက်စီးမှုကြောင့် အင်ဂျင် မတည်ငြိမ်ဖြစ်ခြင်း၊ ဆီယိုစိမ့်မှုဖြစ်ခြင်း ဖြစ်တတ်။
- **Carbon Buildup & Carbon Deposit**
- **ဆီစားနှုန်းများလာခြင်း:** အချို့ယာဉ်များတွင် အင်ဂျင်ကျလာပါက ဆီစားနှုန်း မြင့်တက်လာတတ်။

---

# # # 6. **ဘယ်နှစ်မျိုးတွင် တွေ့ရသနည်း?**
- **Toyota Crown (S180, S200, S210 စသည့် မျိုးဆက်များ)**
- **Toyota Mark X (ပထမမျိုးဆက် 2004–2009 နှင့် ဒုတိယမျိုးဆက် 2009–2019)**
- **Lexus GS250/300 (JDM), IS250/300, Harrier စသည်တို့တွင်လည်း တပ်ဆင်သည်။**

---

# # # 7. **ထိန်းသိမ်းစောင့်ရှောက်မှု အကြံပြုချက်များ**
1. **ဆီနှင့် ဆီပတ်လည်ပစ္စည်းများ:** Fully Synthetic 5W-30/10W-30 ဆီကို 5,000–10,000 km တစ်ကြိမ် လဲပါ။
2. **High-Pressure Fuel Pump:** ဆူညံသံ၊ ဆီယိုမှု စစ်ဆေးပါ။
3. **Carbon Cleaning:** ကီလိုမီတာ 100,000+ ကျော်ပါက Intake Valve နှင့် D4 Injector များကိုသန့်ရှင်းရေး လုပ်ပေးပါ။
4. **အင်ဂျင် Mounts** 10 နှစ်အထက် ယာဉ်များတွင် တုန်ခါ/ပျက်စီးနိုင်နေပါသရွေ့ လဲလှယ်ပေးပါ။

---
{3GR-FSE/3.0L} နှင့် {4GR-FSE/2.5L}
Crown/MarkX စီးနင်ကြသော ကားပိုင်ရှင်များအနေဖြင့်
(၁)MAF စင်ဆာ ဆေးကြောခြင်း၊
(၂)Throttle Valve/လေတံခါး ဆေးကြောခြင်း၊
(၃)Inlet Manifold အိုး ဆေးကြောခြင်း၊
(၄)IMRV ဗား ဆေးကြောခြင်း၊
(၅)D4 Injector များ ဆေးကြောခြင်းများကို

အဖြုတ်/အတပ်အပြီးအစီး+ပစ္စည်းဖိုးလက်ခ ~ ၈သောင်းကျပ်ဖြင့် ဆေးကြောနိုင်ပါပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်ခဗျာ။👨‍💻🚗💨

#ကိုစိုင်း(AutoBrand Automotive Repair & Training Centre)
#095064765
#09955664765

🚗အင်ဂျင်ချက်မီးလင်း၊ ဆီနံ့လည်းမွှန်၊ အင်ဂျင်တစ်ဆက်”တုန်ခါနေပြီး၊ စလိုးမှာမငြိမ်တဲ့ Crown GRS182 3GR-FSE(3.0L)ကားလေးအား၊💨...
30/07/2025

🚗အင်ဂျင်ချက်မီးလင်း၊ ဆီနံ့လည်းမွှန်၊ အင်ဂျင်တစ်ဆက်”တုန်ခါနေပြီး၊ စလိုးမှာမငြိမ်တဲ့ Crown GRS182 3GR-FSE(3.0L)ကားလေးအား၊💨

👨‍💻ကွန်ပြူတာစက်ထိုးစစ်တော့ P0172(System Too Rich{Bank1})ဆိုတဲ့ ပြစ်ချက်ကုဒ်တစ်ကုဒ်ကို ရ။👨‍💻

🔥Bank1 ရဲ့ပလပ်တွေကို ဖြုတ်ကြည့်ရင်လည်း၊ ၄င်းBankနဲ့သက်ဆိုင်တဲ့ Pistonတွေရဲ့ Combustionအားကို မှန်းဆလို့ရနိုင်ပေမဲ့၊💥

Lift ရှိနေ၍၊ Liftပေါ်တင်ကာ သက်ဆိုင်ရာ Bankရဲ့
O2စင်ဆာကို ဖြုတ်ကြည့်​တော့၊ မှိုင်းကတတ်။(အိုးမဲဖင်သုတ်ရသလိုပဲ)🌫️

✨အတန်းသစ်ကို ၈လပိုင်း/၁၂ရက်နေ့အတန်းသစ်ပြန်စမည်။ EFI ဝါယာရိန်းကွန်ထရိုးပိုင်းနဲ့ ကွန်ပြူတာထိုးစစ်ပြစ်ချက်ရှာ OBD ပိုင်း သင်ကြားမည် ဖြစ်သည်။👨‍💻

#ကိုစိုင်း(AutoBrand Automotive Repair & Training Centre)
#095064765
#09955664765


-FSE

28/07/2025

🚗မိမိကားအင်ဂျင်ရဲ့အခြေအနေကို ဘယ်လိုသိရမလဲ၊ ကောင်းသေးလား/မကောင်းတော့ဖူးလား၊ ဆက်စီးသင့်/မသင့်ရဲ့အနေအထား၊ အင်ဂျင်ကိုင်သင့်ပြီလား/မသင့်သေးဖူးလားဆိုတဲ့✨🚗💨✨အတန်းသစ်ကို ၈လပိုင်း/၁၂ရက်နေ့အတန်းသစ်ပြန်စမည်။ EFI ဝါယာရိန်းကွန်ထရိုးပိုင်းနဲ့ ကွန်ပြူတာထိုးစစ်ပြစ်ချက်ရှာ OBD ပိုင်း သင်ကြားမည် ဖြစ်သည်။ #ကိုစိုင်း(AutoBrand Automotive Repair & Training Centre) #095064765 #09955664765

25/07/2025

👨‍💻အဆောင်နေသင်တန်းသားများအား၊ ဒိုင်ခွက်ကီလိုအတတ်နှင့် Vehicle Speed Sensor အကြောင်းကို၊ ကွန်ပြူတာပြစ်ချက်ကုဒ်အားဖြင့်ဆိုသော် P0500 ရဲ့ဖြစ်တည်ပုံ၊ ဆက်နွယ်ပျက်ယွင်းတတ်ကြပုံကို မျက်မြင်ကိုယ်တွေ့အကြောင်းအရာတစ်ခုအားရှင်းလင်းရာ၌ မိမိဆင်ထားတဲ့ စာသင်ခန်းအတွင်းရှိပစ္စည်းများနှင့်အတူ၊🥰🥰သင်တန်းရဲ့တနေ့တာ✨🚗💨✨အတန်းသစ်ကို ၈လပိုင်း/၁၂ရက်နေ့အတန်းသစ်ပြန်စမည်။ EFI ဝါယာရိန်းကွန်ထရိုးပိုင်းနဲ့ ကွန်ပြူတာထိုးစစ်ပြစ်ချက်ရှာ OBD ပိုင်း သင်ကြားမည် ဖြစ်သည်။👨‍💻✌️ #ကိုစိုင်း(AutoBrand Automotive Repair & Training Centre) #095064765 #09955664765 -FE

💨ဓာတ်ဆီအင်ဂျင်တစ်လုံး မှုတ်လာပြီဆိုရင်(Oil Dipstickဖြစ်စေ EO Fillerဖြစ်စေ PCV Pipeဖြစ်စေ)✨အတန်းသစ်ကို ၈လပိုင်း/၁၂ရက်နေ့အ...
25/07/2025

💨ဓာတ်ဆီအင်ဂျင်တစ်လုံး မှုတ်လာပြီဆိုရင်(Oil Dipstickဖြစ်စေ EO Fillerဖြစ်စေ PCV Pipeဖြစ်စေ)

✨အတန်းသစ်ကို ၈လပိုင်း/၁၂ရက်နေ့အတန်းသစ်ပြန်စမည်။ EFI ဝါယာရိန်းကွန်ထရိုးပိုင်းနဲ့ ကွန်ပြူတာထိုးစစ်ပြစ်ချက်ရှာ OBD ပိုင်း သင်ကြားမည် ဖြစ်သည်။🚗💨

#ကိုစိုင်း(AutoBrand Automotive Repair & Training Centre)
#095064765
#09955664765


21/07/2025

သင်တန်းရှိ Toyota Passo 1KR-FE(1000cc)အင်ဂျင်လေးအား အင်ဂျင်ပြန်ကိုင်ကြခြင်း။✅လိုအပ်/လဲလှယ်ဖို့ရန်ပစ္စည်းဝယ်သူများက ဝယ်ကြ💪သန့်ရှင်းရေးလုပ်ကြသူများက လုပ်ကြ💪စစ်ဆေးရေးလုပ်ကြသူများက စစ်ကြ💪မိန်း/ကွန်နတင်းဖမ်းဖို့လုပ်ကြသူများက ဖမ်းကြ💪မနက်ဖြန် အပြီးအစီး ပြန်လုံးပါမည်၊ မကြာမီ အင်ဂျင်ကိုင်ပြီးမည်ဖြစ်ပါ၍ ဝါယာရိန်းအပိုင်းကလည်း ကိုင်ပြီးအင်ဂျင်နိုးစမ်းနိုင်ဖို့ရန် အင်ဂျင်ဝါယာထုပ်ကြိုးလိုင်းအသစ်ရိုက်ဖို့ရန် အသင့်စောင့်ဆိုင်းလျက်ရှိ💪🥰ကိုယ့်တာဝန် ကိုယ်ယူ၊ စုပေါင်းခြင်းသည် အင်အား။🥰 #ကိုစိုင်း(AutoBrand Automotive Repair & Training Centre) #095064765 #09955664765

⚠️ယခုကတော့ ကြော်ငြာ Post မဟုတ်နေသည့်အတွက်ကြောင့် စာတသီ/တတန်းကြီး များ"စား"တော့ မရေးလိုပါ၊ အဓိကပြောလိုသည့် အချက်များကိုသာ...
18/07/2025

⚠️ယခုကတော့ ကြော်ငြာ Post မဟုတ်နေသည့်အတွက်ကြောင့် စာတသီ/တတန်းကြီး များ"စား"တော့ မရေးလိုပါ၊ အဓိကပြောလိုသည့် အချက်များကိုသာ ဦးတည်ပြောသွားလိုပါတယ်၊ ယခင်အပတ်စဉ်နဲ့ယခုအပတ်စဉ်ကွာခြားချက်ကို အဓိကထား၍ ပြောလိုပါတယ်။

ယခင်အပတ်စဥ်မှာက ရန်ကုန်‌သင်တန်းသားများလည်း မိမိအိမ်နေ/အိမ်စားများနှင့် အတန်းချိန်ရောက်မှသာ လာရောက်တတ်ခွင့်ပြုထားပါတယ်၊

ယခုအပတ်စဉ်များမှ စတင်ကာ၊(ပြန်လည်မပြောင်းမလဲမချင်း) ရန်ကုန်သင်တန်းသားများအနေဖြင့် အခမဲ့ပေးထားသည့် အဆောင်ကိုနေထိုင်၍မှသာ တတ်ရောက်ရမည်ဖြစ်သည်။

ရန်ကုန်သင်တန်းသားများသည် နယ်သင်တန်းသားများပမာ အဆောင်မှာ(အခမဲ့နေမယ်)၊(ချက်ပြုတ်တတ်မယ်ဆိုရင် စုပေါင်းချက်ပြုတ်စားသောက်မယ်)၊(မချက်တတ်လျှင် လမ်းထိပ်မှာဝယ်စားမယ်)၊ ယခုကြေညာချက်ကို ရန်ကုန်သင်တန်းသားများအနေဖြင့် အဆင်ပြေမည်ဆိုမှသာ အပတ်စဉ်အသစ်မှာတတ်ရောက်ဖို့ရန် စာရင်းပေးသွင်းစေလိုသည်။(စုံစမ်းသည်က မပါ၊ပါ/လွတ်လပ်စွာ မေးမြန်းစုံစမ်းနိုင်သည်။)

သိိလိုကြမည့်အချက် ~ အခမဲ့ထားပေးသည့်အဆောင်နေ လူဦးရေက ဘယ်နှယောက်လောက်လဲ??၊ ဆိုသည့်အပေါ်မှာ အပတ်စဉ်အသစ်၏လူဦးရေသည် လက်ရှိအဆောင်အတွင်းလူဝင်ဆံ့မှုပေါ်မှာသာ မူတည်ခေါ်ယူချင်းဖြစ်၍ အသစ်လူဦးရေ(၈)ယောက်အတွက် နေရာရဦးမည်ဖြစ်သည်။

တစ်ယောက်ကတော့ ၇လပိုင်း/၈လပိုင်းမှား၍ (၁လနီးပါး) ကြိုတင်ရောက်ရှိနေပြီး၊အထုပ်အပိုးချပြီးဖြစ်ပါ၍ ကျန်သည့်လူ(၇)ယောက်စာ နေရာကျန်မည်ဖြစ်ပါ၍ လူ(၇)ယောက်စာသာ လက်ခံသွားနိုင်မည်ဖြစ်သည်။

ထို့အတွက်ကြောင့် နယ်သင်တန်းသားများသည် ကိစ္စမရှိပါ(သူတို့အတွက်ကတော့ ဘာမှပိုမထူးခြားပေ)၊ ရန်ကုန်သင်တန်းသားများအနေဖြင့်/တတ်ရောက်မည့်သူအနေဖြင့် အိမ်နှင့်ခွဲနိုင်မှသာ/အလုပ်နဲ့ခွဲနိုင်မှသာလျှင် တတ်ရောက်ဖို့ရန် မှာကြားလိုပါတယ်။

အပတ်စဉ်အသစ်ပြန်၊စပြီးသည်နှင့် (၄)လအတိကြာမြင့်ပါဦးမည်ဖြစ်သည်၊ ပြီးမှသာလျှင် အတန်းအသစ်ကို ယခုကဲ့သို့ပုံစံဖြင့်သာဆက်လက် ထပ်ဖွင့်ပေးပါဦးမည်ဖြစ်ကြောင်း မှာကြားလိုပါတယ်။

ယခုအပတ်စဉ်အသစ်တွင် အခန်းတွင်းဝင်ဆံအားနှင့် မချိန်မျှဘဲ၊ အဆောင်တွင်းထပ်မံဝင်ဆံအားနှင့်သာ ချိန်မျှထားသည့်အတွက် လူဦးရေလည်း ၁၂ယောက်မှ ၈ယောက်သို့ လူဦးရေလျော့ချထားခြင်းအပေါ် မိမိဘက်မှ ကျိန်းသေ၊သေချာပြီဆိုတော့မှသာ ပိုင်နိုင်သည့်စာရင်းပေးသွင်းခြင်းကို လုပ်ဆောင်ဖို့ရန် မှာကြားလိုပါသည်။

ရန်ကုန်သင်တန်းသားများမှ အဆောင်(အခမဲ့နေထိုင်ကာ) ဝင်တတ်ရောက်ကြမည့် အဆောင်နေလူငယ်များအနေဖြင့် သင်တန်းကာလနီးသည့်အခါမှ

❌အိမ်ကိုလွမ်းလို့၊ ကောင်မလေးလွမ်းလို့၊ လက်ရှိအလုပ်ကို ပစ်/ပျက်ရဦးမည်စိုးလို့တို့ကို စသည့်အကြောင်းတရားများကို {ဖြေရှင်းပေး၍မရနိုင်ပါသောကြောင့်}

အပတ်စဉ်အသစ်တွင် ပါဝင်လိုသည့်ရန်ကုန်သင်တန်းသားများကို ၁လနီးပါး ကြိုတင်၍ မိမိရဲ့မသေချာမှုကြောင့်လည်း တစ်ပါးသူရဲ့အခွင့်အလမ်း၊နေရာမပျက်ကွက်ရလေအောင် သေချာစဉ်းစားပြီးတတ်ရောက်နိုင်စေဖို့ရန် (၁)လနီးပါးကြိုတင်ကာ၊အသိပေးကြေညာလိုက်ပါသည်။

အဆောင်(အခမဲ့)နေထိုင်ခွင့်ပြုရန် လိုအပ်သည့်အချက်နှစ်ချက်မှာ ~
(၁)မှတ်ပုံတင်မူရင်း(သို့မဟုတ်)Smart Card
(၂)နေထိုင်ကြောင်းထောက်ခံစာ

ဤနှစ်ချက်ပါမှ ဧည့်စာရင်းရရှိမည်ဖြစ်ပြီး၍၊
သင်တန်းပိုင် အဆောင်အား(အခမဲ့) နေထိုင်ခွင့်ပြုမည်ဖြစ်သည်။

#ကိုစိုင်း(AutoBrand Automotive Center)
#095064765
#09955664765

Address

No. 696, KyawThu(16)street, Corner Of KyawThu Road & KyawThu (16)street, 9 Block, South Okkalapa (Near KyawThu Damaryone)
Yangon
11091

Opening Hours

Monday 09:30 - 18:00
Tuesday 09:30 - 18:00
Wednesday 09:30 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00
Saturday 09:30 - 18:00
Sunday 09:30 - 18:00

Telephone

+9595012164

Website

Alerts

Be the first to know and let us send you an email when AutoBrand Automotive Repair & Training Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AutoBrand Automotive Repair & Training Centre:

Share