Komatsu Myanmar Ltd.

Komatsu Myanmar Ltd. Formerly known as UMW Engineering Services Ltd. Exclusive distributor for
(1) KOMATSU Construction and Mining Equipments
(2) BOMAG Road Construction Equipments

Machine Downtime ကို ဘယ်လိုလျှော့ချမလဲ?စက်ရုတ်တရက်ရပ်တန့်သွားခြင်းက လုပ်ငန်းပြီးစီးမှုနှောင့်နှေးစေပြီး ပြုပြင်စရိတ်နဲ့ ...
25/08/2026

Machine Downtime ကို ဘယ်လိုလျှော့ချမလဲ?

စက်ရုတ်တရက်ရပ်တန့်သွားခြင်းက လုပ်ငန်းပြီးစီးမှုနှောင့်နှေးစေပြီး ပြုပြင်စရိတ်နဲ့ လုပ်ငန်းလည်ပတ်စရိတ်ကိုပါ တိုးစေနိုင်ပါတယ်။ Downtime ကို လျှော့ချဖို့ ပျက်မှပြင်တာထက် မပျက်ခင် ကြိုတင်ကာကွယ်တာက ပိုအရေးကြီးပါတယ်။

✅စက်မစတင်မီ စစ်ဆေးပါ
Engine Oil၊ Coolant၊ Fuel နဲ့ Hydraulic Oil Level တွေကို စစ်ဆေးပြီး ဆီယိုစိမ့်မှု၊ ပုံမှန်မဟုတ်တဲ့အသံနဲ့ စိတ်အစိတ်အပိုင်းတွေလျော့ရဲမှု ရှိ၊ မရှိ ကြည့်ပါ။ Track၊ Tire၊ Hose၊ Bucket နဲ့ Work Equipment တွေကိုလည်း နေ့စဉ် Walk-around Inspection လုပ်သင့်ပါတယ်။

✅Maintenance အချိန်မလွန်ပါစေနဲ့
Operation & Maintenance Manual မှာ သတ်မှတ်ထားတဲ့ Oil၊ Filter နဲ့ Component Inspection Interval တွေကို လိုက်နာပါ။ စက်အသုံးပြုချိန်ကို မှတ်တမ်းတင်ထားခြင်းက Maintenance အချိန်ကျော်လွန်သွားတာကို ကာကွယ်ပေးနိုင်ပါတယ်။

✅Warning Sign ကိုလည်း မလျစ်လျူရှုပါနဲ့
Warning Light ပေါ်လာခြင်း၊ Engine Power ကျဆင်းခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ မီးခိုးအရောင်ပြောင်းခြင်းနဲ့ ပုံမှန်မဟုတ်တဲ့တုန်ခါမှုတွေဟာ ပြဿနာအစ ဖြစ်နိုင်ပါတယ်။ ဒီလိုလက္ခဏာတွေ့ရင် စက်ကို လုံခြုံစွာရပ်ပြီး Maintenance Team ကို အချိန်မီအသိပေးပါ။

မှန်ကန်တဲ့စစ်ဆေးမှု၊ အချိန်မှန် Maintenance နဲ့ စနစ်တကျမှတ်တမ်းတင်ထားခြင်းက Machine Downtime ကို လျှော့ချပြီး စက်ရဲ့ လုပ်နိုင်စွမ်းနဲ့ သက်တမ်းကို တိုးမြှင့်စေပါတယ်။

🏢Office Address: No.1944/B, Block (6), Bogyoke Street, A Sint Myint Quarter, Yangon-Pathein Highway Road, Hlaingtharyar Township, Yangon.

Genuine Parts + Genuine Lubricant = Better Protectionစက်ကို ကာကွယ်ရာမှာ အရည်အသွေးကောင်းတဲ့ Parts တပ်ဆင်ထားရုံနဲ့ မလုံလော...
24/08/2026

Genuine Parts + Genuine Lubricant = Better Protection
စက်ကို ကာကွယ်ရာမှာ အရည်အသွေးကောင်းတဲ့ Parts တပ်ဆင်ထားရုံနဲ့ မလုံလောက်သလို မှန်ကန်တဲ့ Lubricant သုံးထားရုံနဲ့လည်း မပြီးသေးပါဘူး။ Parts နဲ့ Lubricant နှစ်ခုလုံးက စက်အတွက် သတ်မှတ်ထားတဲ့ Specification နဲ့ ကိုက်ညီမှ စနစ်တစ်ခုလုံး အကောင်းဆုံးအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

✅ Genuine Parts
Komatsu Genuine Parts တွေဟာ သက်ဆိုင်ရာ Machine Model နဲ့ System အတွက် သတ်မှတ်ထားတဲ့ Dimension၊ Fit နဲ့ Performance Requirement တွေနဲ့ ကိုက်ညီအောင် ရွေးချယ်အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားပါတယ်။ Filter၊ Seal၊ Hose နဲ့ အခြား Components တွေ မှန်ကန်စွာအလုပ်လုပ်ခြင်းက အညစ်အကြေးဝင်ရောက်မှု၊ ယိုစိမ့်မှုနဲ့ ပုံမှန်မဟုတ်တဲ့ ပွန်းပဲ့မှုတွေကို လျှော့ချပေးနိုင်ပါတယ်။

✅ Genuine Lubricant
Komatsu Genuine Lubricant က အစိတ်အပိုင်းမျက်နှာပြင်တွေပေါ်မှာ ခိုင်မာတဲ့ Oil Film အဖြစ်ဖွဲ့စည်းပြီး ပွတ်တိုက်မှု၊ ပွန်းပဲ့မှုနဲ့ အပူဒဏ်ကို အကောင်းဆုံးလျှော့ချပေးနိုင်ပါတယ်။ Oxidation Stability ကောင်းမွန်ခြင်းက လုပ်ငန်းခွင်အတွင်း ဆီရဲ့ Lubrication Property ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

နှစ်ခုကို တွဲဖက်အသုံးပြုတဲ့အခါ
✅ Correct-fit Parts နဲ့ မှန်ကန်တဲ့ Lubricant က System အတွင်း လှုပ်ရှားမှုနဲ့ ဆီစီးဆင်းမှုကို သတ်မှတ်ချက်အတိုင်း ထိန်းပေးနိုင်ပါတယ်။
✅ Filter နဲ့ Lubricant တို့အတူ အလုပ်လုပ်ပြီး Contaminant တွေကြောင့် ဖြစ်နိုင်တဲ့ Component Wear ကို လျှော့ချနိုင်ပါတယ်။
✅ Seal နဲ့ Hose တွေ ကောင်းမွန်စွာအလုပ်လုပ်ခြင်းက ဆီယိုစိမ့်မှုကို ကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။
✅ Engine၊ Hydraulic System နဲ့ Powertrain Components တွေရဲ့ Performance နဲ့ သက်တမ်းကို ထိန်းသိမ်းပေးနိုင်ပါတယ်။

မှန်ကန်စွာရွေးချယ်ဖို့
✅Machine Model နဲ့ Serial Number အလိုက် မှန်ကန်တဲ့ Part Number ကို စစ်ဆေးပါ။
✅Operation & Maintenance Manual မှာ သတ်မှတ်ထားတဲ့ Lubricant Specification နဲ့ Viscosity Grade ကို လိုက်နာပါ။
✅သတ်မှတ်ချက်မတူတဲ့ Oil တွေကို ခွင့်ပြုချက်မရှိဘဲ မရောပါနဲ့။
✅Filter နဲ့ Oil Change Interval ကို Manual အတိုင်း လိုက်နာပါ။

မိမိစက်အတွက် သင့်တော်တဲ့ Komatsu Lubricant ကို ရှာဖွေရွေးချယ်နိုင်ဖို့ Komatsu Lubricant Selector မှာလည်း စစ်ဆေးနိုင်ပါတယ်။
🔗 https://share.google/btwfe2NMQf8szs0cI

Parts မှန်၊ Lubricant မှန်၊ Maintenance ပုံမှန်လုပ်ခြင်းကသာ စက်ကို အကောင်းဆုံးကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။

Komatsu Genuine များနဲ့ပတ်သက်ပြီး ဆက်သွယ်ရန်
📞 09 863 4714
📞 09 512 0591

🏢 Office Address: No.1944/B, Block (6), Bogyoke Street, A Sint Myint Quarter, Yangon-Pathein Highway Road, Hlaingtharyar Township, Yangon.

လုပ်ငန်းတဲ့ကိုက်ညီတဲ့ Machine Size ဘယ်လိုရွေးမလဲ?Excavator တစ်စီးရဲ့ Model Number ကိုကြည့်ပြီး စက်အရွယ်အစားကို အကြမ်းဖျင...
23/08/2026

လုပ်ငန်းတဲ့ကိုက်ညီတဲ့ Machine Size ဘယ်လိုရွေးမလဲ?
Excavator တစ်စီးရဲ့ Model Number ကိုကြည့်ပြီး စက်အရွယ်အစားကို အကြမ်းဖျင်းခန့်မှန်းနိုင်ပေမယ့် Machine Size ကို Model Number တစ်ခုတည်းနဲ့ မဆုံးဖြတ်သင့်ပါဘူး။ စက်ရဲ့ Operating Weight၊ Bucket Capacity၊ Engine Power၊ Dimensions နဲ့ Working Range တွေကို အတူကြည့်မှ လုပ်ငန်းနဲ့ကိုက်ညီတဲ့ Size ကို မှန်ကန်စွာရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Machine Size ကို သတ်မှတ်ရာမှာ အဓိကကြည့်ရမယ့်အချက်များ
1️⃣Operating Weight
စက်မှာ Standard Work Equipment၊ သတ်မှတ်ထားတဲ့ Fuel၊ Coolant၊ Lubricant နဲ့ Operator ပါဝင်တဲ့ အလေးချိန်ကို ဆိုလိုပါတယ်။ Excavator တွေကို 7-ton class၊ 13-ton class၊ 20-ton class လို့ ခွဲခြားရာမှာ Operating Weight ကို အဓိကအခြေခံပါတယ်။

2️⃣Bucket Capacity
တစ်ကြိမ်တူးဖော်၊ သယ်ယူနိုင်တဲ့ Material Volume ကို ဖော်ပြပါတယ်။ Bucket ကြီးတိုင်း ပိုကောင်းတာမဟုတ်ဘဲ Material Density၊ Boom/Arm Combination နဲ့ Machine Stability ကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။

3️⃣Engine Power နဲ့ Hydraulic Capacity
စက်ရဲ့ Digging၊ Lifting၊ Swing နဲ့ Travel Performance ကို သက်ရောက်စေပါတယ်။ အလုပ်အမျိုးအစားနဲ့ လိုအပ်တဲ့ Cycle Time အပေါ်မူတည်ပြီး ရွေးချယ်ရပါတယ်။

4️⃣Overall Dimensions နဲ့ Working Range
Jobsite ဝင်ပေါက်အကျယ်၊ Transport Limit၊ Digging Depth၊ Dumping Height နဲ့ Reach လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့လိုပါတယ်။

5️⃣Undercarriage နဲ့ Ground Pressure
Track Shoe Width၊ Machine Weight နဲ့ မြေသားအခြေအနေက စက်ရဲ့တည်ငြိမ်မှုနဲ့ မြေပြင်ပေါ်သက်ရောက်တဲ့ဖိအားကို ဆုံးဖြတ်ပေးပါတယ်။

ဥပမာအနေနဲ့ Komatsu Excavator တွေကို ကြည့်မယ်ဆိုရင်

PC75-10M0
Operating Weight ခန့်မှန်းခြေ 7,350 kg နဲ့ Standard Bucket 0.35 m³ ရှိပါတယ်။

PC130-10M0
Operating Weight ခန့်မှန်းခြေ 12,700 kg နဲ့ Standard Bucket 0.50 m³ ရှိပါတယ်။

PC210-10M0
Operating Weight ခန့်မှန်းခြေ 20,400 မှ 21,100 kg နဲ့ Bucket Capacity 0.80 မှ 1.20 m³ ရှိပါတယ်။

ဒီအချက်တွေကြောင့် Model Number က Machine Class ကို သိနိုင်ဖို့ အထောက်အကူပြုပေမယ့် တကယ့်အရွယ်အစားနဲ့ စွမ်းဆောင်ရည်ကိုတော့ Product Specification နဲ့ Work Equipment Configuration ကို စစ်ဆေးပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

မှန်ကန်တဲ့ Machine Size ဖြစ်စေဖို့ အကြီးဆုံးစက်ကိုရွေးတာမဟုတ်ဘဲ လုပ်ငန်း၊ မြေပြင်အခြေအနေနဲ့ Productivity Requirement တို့နဲ့ အကောင်းဆုံးကိုက်ညီတဲ့စက်ကို ရွေးချယ်ခြင်းဖြစ်ပါတယ်။

🏢 Office Address: No.1944/B, Block (6), Bogyoke Street, A Sint Myint Quarter, Yangon-Pathein Highway Road, Hlaingtharyar Township, Yangon.

Undercarriage System ဆိုတာဘာလဲ? ဘယ်လိုစစ်ဆေးသင့်လဲ?Excavator နဲ့ Dozer လို crawler machine တွေမှာ စက်ရဲ့အလေးချိန်ကို ထမ်...
19/08/2026

Undercarriage System ဆိုတာဘာလဲ?
ဘယ်လိုစစ်ဆေးသင့်လဲ?

Excavator နဲ့ Dozer လို crawler machine တွေမှာ စက်ရဲ့အလေးချိန်ကို ထမ်းပိုးပြီး မြေပြင်ပေါ်မှာ တည်ငြိမ်စွာရွေ့လျားနိုင်အောင် ကူညီပေးတဲ့ အောက်ပိုင်းစနစ်ကို Undercarriage System လို့ခေါ်ပါတယ်။ စက်ရဲ့ Travel Power ကို မြေပြင်ဆီ ထိရောက်စွာပို့ပေးတဲ့ အရေးကြီးဆုံးစနစ်တွေထဲက တစ်ခုလည်းဖြစ်တယ်။

Undercarriage မှာ ဘာတွေပါဝင်တာလဲ?
✅ Track Frame - Undercarriage အစိတ်အပိုင်းတွေကို ထောက်ပံ့ထားတဲ့ အဓိကဖွဲ့စည်းပုံဖြစ်တယ်။
✅ Track Chain နဲ့ Track Shoe - စက်ရဲ့အလေးချိန်ကို မြေပြင်ပေါ် ဖြန့်ဝေပေးပြီး traction ရရှိစေတယ်။
✅ Sprocket - Final Drive ကရရှိတဲ့ လည်ပတ်အားကို Track Chain ဆီ ပို့ပေးတယ်။
✅ Front Idler - Track Chain ကို လမ်းကြောင်းမှန်အတိုင်း လည်ပတ်စေတယ်။
✅ Track Roller နဲ့ Carrier Roller - စက်အလေးချိန်ကို ထောက်ပံ့ပြီး Track Chain ကို အောက်နဲ့အပေါ်ဘက်ကနေ လမ်းညွှန်ပေးတယ်။
✅ Track Adjuster - Track Tension ကို သတ်မှတ်ထားတဲ့အတိုင်း ထိန်းညှိပေးတယ်။

Undercarriage ဘယ်လိုအလုပ်လုပ်သလဲ?
Hydraulic Travel Motor က Final Drive ကို လည်ပတ်စေပြီး Final Drive က Sprocket ကို မောင်းနှင်တယ်။ Sprocket လည်ပတ်တာနဲ့ Track Chain နဲ့ Track Shoe တွေ ရွေ့လျားပြီး စက်ကို ရှေ့၊ နောက် သွားလာနိုင်စေတယ်။ Idler နဲ့ Roller တွေက Track ကို လမ်းကြောင်းမှန်အတိုင်း ထိန်းပေးပြီး စက်အလေးချိန်ကို မြေပြင်ပေါ် တည်ငြိမ်စွာ ဖြန့်ဝေပေးတယ်။

Operator စစ်ဆေးသင့်တဲ့အချက်များ
✅ Track Tension ကို Operation & Maintenance Manual မှာ သတ်မှတ်ထားတဲ့အတိုင်း စစ်ဆေးပါ။
✅ Track Shoe၊ Bolt၊ Link၊ Roller နဲ့ Sprocket တွေမှာ ပျက်စီးမှု၊ လျော့ရဲမှုနဲ့ ပွန်းပဲ့မှု ရှိ၊ မရှိ ကြည့်ပါ။
✅ Undercarriage အတွင်း ပိတ်မိနေတဲ့ မြေ၊ ကျောက်နဲ့ အမှိုက်တွေကို နေ့စဉ်သန့်ရှင်းပါ။
✅ Travel လုပ်တဲ့အခါ ပုံမှန်မဟုတ်တဲ့အသံ၊ တုန်ခါမှု သို့မဟုတ် တစ်ဖက်ဆွဲသွားခြင်း ရှိ၊ မရှိ သတိထားပါ။

Undercarriage ကို သန့်ရှင်းစွာထားပြီး Track Tension နဲ့ ပွန်းပဲ့မှုကို ပုံမှန်စစ်ဆေးခြင်းက စက်ရဲ့တည်ငြိမ်မှု၊ ရွေ့လျားနိုင်စွမ်းနဲ့ အစိတ်အပိုင်းတွေရဲ့သက်တမ်းကို ထိန်းသိမ်းပေးနိုင်ပါတယ်။

🏢 Office Address: No.1944/B, Block (6), Bogyoke Street, A Sint Myint Quarter, Yangon-Pathein Highway Road, Hlaingtharyar Township, Yangon.

Engine Coolant Maintenance အရေးကြီးမှု 🌡️စက်ရဲ့ Engine အလုပ်လုပ်နေချိန်မှာ အပူချိန်မြင့်လာတတ်တယ်။ Coolant က အဲဒီအပူကို စ...
16/08/2026

Engine Coolant Maintenance အရေးကြီးမှု 🌡️

စက်ရဲ့ Engine အလုပ်လုပ်နေချိန်မှာ အပူချိန်မြင့်လာတတ်တယ်။ Coolant က အဲဒီအပူကို စုပ်ယူပြီး Radiator ဆီ ပို့ဆောင်ပေးကာ Engine ကို သင့်တော်တဲ့ Operating Temperature မှာ အလုပ်လုပ်နိုင်အောင် ထိန်းပေးတယ်။ ဒါကြောင့် Coolant ဟာ ရိုးရိုးရေတစ်မျိုးမဟုတ်ဘဲ Cooling System နဲ့ Engine Components တွေကို ကာကွယ်ပေးတဲ့ အရေးကြီးတဲ့ Fluid တစ်မျိုးဖြစ်ပါတယ်။

Coolant က ဘာတွေကာကွယ်ပေးတာလဲ?
✅ Engine အပူလွန်ကဲခြင်းကို လျှော့ချပေးတယ်။
✅ Cooling System အတွင်း သံချေးတက်ခြင်းနဲ့ အနည်အနှစ်ဖြစ်ခြင်းကို ကာကွယ်ပေးတယ်။
✅ Radiator၊ Water Pump နဲ့ Cooling Passage တွေကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ကူညီပေးတယ်။
✅ Engine ရဲ့ စွမ်းဆောင်ရည်နဲ့ သက်တမ်းကို ထိန်းသိမ်းပေးတယ်။

နေ့စဉ်စစ်ဆေးသင့်တဲ့အချက်များ
1️⃣ Engine အေးနေချိန်မှာ Reserve Tank ရဲ့ Coolant Level ကို စစ်ဆေးပါ။
2️⃣ Radiator၊ Hose၊ Clamp နဲ့ Water Pump ဝန်းကျင်မှာ ယိုစိမ့်မှု ရှိ၊ မရှိ ကြည့်ပါ။
3️⃣ Radiator Fin နဲ့ Dustproof Net မှာ ဖုန်၊ မြက်ခြောက်နဲ့ အမှိုက်တွေ ပိတ်ဆို့နေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
4️⃣ Temperature Gauge နဲ့ Warning Light ကို အမြဲသတိထားပါ။
5️⃣ စက်အတွက် သတ်မှတ်ထားတဲ့ Coolant အမျိုးအစားနဲ့ ရောစပ်အချိုးကိုသာ အသုံးပြုပါ။ သတ်မှတ်ချက်နဲ့မကိုက်ညီတဲ့ Coolant တွေကို မသုံးပါနဲ့။

ဒီလိုလက္ခဏာတွေ့ရင် သတိထားပါ
⚠️ Coolant Level မကြာခဏ လျော့ကျခြင်း။
⚠️ Engine Temperature ပုံမှန်ထက် မြင့်တက်ခြင်း။
⚠️ Coolant အရောင်ပြောင်းခြင်း၊ အနည်တွေ့ခြင်း သို့မဟုတ် ယိုစိမ့်ခြင်း။
⚠️ Temperature Warning ပေါ်လာခြင်း။

Coolant Level မှန်ကန်မှု၊ Cooling Unit သန့်ရှင်းမှုနဲ့ သတ်မှတ်ထားတဲ့ Coolant ကို အသုံးပြုခြင်းက Engine Overheating ကို ကာကွယ်ပြီး Machine Downtime လျှော့ချနိုင်ဖို့ အထောက်အကူပြုစေပါတယ်။

🏢 Office Address: No.1944/B, Block (6), Bogyoke Street, A Sint Myint Quarter, Yangon-Pathein Highway Road, Hlaingtharyar Township, Yangon.

Hydraulic System ဘယ်လောက်ထိအရေးကြီးလဲ? Excavator ရဲ့ Boom၊ Arm နဲ့ Bucket တွေကို အားအင်အပြည့်၊ တိကျချောမွေ့စွာ လှုပ်ရှား...
13/08/2026

Hydraulic System ဘယ်လောက်ထိအရေးကြီးလဲ?
Excavator ရဲ့ Boom၊ Arm နဲ့ Bucket တွေကို အားအင်အပြည့်၊ တိကျချောမွေ့စွာ လှုပ်ရှားစေတဲ့ အဓိကစနစ်က Hydraulic System ဖြစ်ပါတယ်။ Engine က ထုတ်ပေးတဲ့ စွမ်းအင်ကို Hydraulic Oil ရဲ့ ဖိအားအဖြစ် ပြောင်းလဲပြီး စက်ရဲ့ လုပ်ဆောင်ချက်အမျိုးမျိုးကို ထိန်းချုပ်ပေးပါတယ်။

Hydraulic System ရဲ့ အလုပ်လုပ်ပုံ
1️⃣ Engine က Hydraulic Pump ကို မောင်းနှင်တယ်
Engine လည်ပတ်တဲ့အခါ Hydraulic Pump က Tank ထဲရှိ Hydraulic Oil ကို စုပ်ယူပြီး စနစ်အတွင်း ပို့ပေးတယ်။

2️⃣ Control Valve က ဆီစီးဆင်းရာလမ်းကြောင်းကို ရွေးပေးတယ်
Operator က Joystick ကို လှုပ်ရှားလိုက်တဲ့အခါ Control Valve က လိုအပ်တဲ့ Circuit ဆီ Hydraulic Oil ကို ပို့ပေးတယ်။

3️⃣ Cylinder နဲ့ Motor တွေက လှုပ်ရှားမှုဖြစ်စေတယ်
Hydraulic Cylinder တွေက Boom၊ Arm နဲ့ Bucket ကို ရွေ့လျားစေပြီး Hydraulic Motor တွေက Swing နဲ့ Travel လုပ်ဆောင်ချက်တွေကို ဖြစ်ပေါ်စေတယ်။

4️⃣ အသုံးပြုပြီးတဲ့ Oil က Tank ဆီ ပြန်လည်စီးဆင်းတယ်
အသုံးပြုပြီးသွားတဲ့ Hydraulic Oil က Filter နဲ့ Cooler စနစ်တွေကို ဖြတ်သန်းပြီး သန့်စင်၊ အပူလျှော့ချကာ Tank ဆီ ပြန်လည်ရောက်ရှိလာတယ်။ ဒီလည်ပတ်မှုက စက်အလုပ်လုပ်နေသရွေ့ ဆက်တိုက်ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။

✅ Hydraulic Oil Level မှန်ကန်မှုနဲ့ ဆီယိုစိမ့်မှု ရှိ၊ မရှိ စစ်ဆေးပါ။
✅ Hydraulic Oil Temperature Gauge နဲ့ Filter Warning ကို သတိထားပါ။
✅ Boom၊ Arm နဲ့ Bucket လှုပ်ရှားမှု နှေးကွေးခြင်း၊ တုန်ခါခြင်း သို့မဟုတ် ပုံမှန်မဟုတ်တဲ့အသံ ထွက်ခြင်းကို‌တွေကို သတိထားပေးပါ။
✅ စက်အတွက် သတ်မှတ်ထားတဲ့ Hydraulic Oil နဲ့ Filter ကိုသာ အသုံးပြုပါ။
❌ ဖိအားမြင့် Hydraulic Oil ယိုစိမ့်မှုကို လက်နဲ့ တိုက်ရိုက်မစမ်းသပ်ပါနဲ့။ စက်ကို လုံခြုံစွာရပ်ပြီး Maintenance Team ကို ချက်ချင်းအသိပေးပါ။

Hydraulic System ကောင်းမွန်မှ စက်ရဲ့ လှုပ်ရှားမှုတိကျပြီး Productivity ကို ထိန်းထားနိုင်မယ်။ နေ့စဉ်စစ်ဆေးမှုနဲ့ မှန်ကန်တဲ့ ပြုပြင်ထိန်းသိမ်းမှုက Hydraulic Components တွေရဲ့ သက်တမ်းကို ပိုရှည်စေမှာပဲဖြစ်ပါတယ်။

🏢 Office Address: No.1944/B, Block (6), Bogyoke Street, A Sint Myint Quarter, Yangon-Pathein Highway Road, Hlaingtharyar Township, Yangon.

Radiator ရဲ့ အလုပ်လုပ်ပုံRadiator ရဲ့ အဓိကတာဝန်က အင်ဂျင်ကို အမြဲအေးနေစေဖို့မဟုတ်ဘဲ သင့်တော်တဲ့ operating temperature မှာ...
12/08/2026

Radiator ရဲ့ အလုပ်လုပ်ပုံ
Radiator ရဲ့ အဓိကတာဝန်က အင်ဂျင်ကို အမြဲအေးနေစေဖို့မဟုတ်ဘဲ သင့်တော်တဲ့ operating temperature မှာ အလုပ်လုပ်နိုင်အောင် အပူချိန်ကို ထိန်းပေးဖို့ဖြစ်ပါတယ်။

Radiator ဘယ်လိုအလုပ်လုပ်သလဲ?
အင်ဂျင်အလုပ်လုပ်တဲ့အခါ ဖြစ်ပေါ်လာတဲ့အပူကို Coolant က စုပ်ယူပါတယ်။
Water Pump က ပူလာတဲ့ Coolant ကို cooling system အတွင်း လည်ပတ်စေပြီး၊ အင်ဂျင်အပူချိန်ရောက်လာတဲ့အခါ Thermostat က Radiator ဆီသို့ စီးဆင်းခွင့်ပြုပါတယ်။

Radiator ထဲရောက်လာတဲ့ Coolant ဟာ သေးငယ်တဲ့ tube တွေထဲ ဖြတ်သန်းစီးဆင်းပါတယ်။ Radiator fin တွေက အပူထုတ်လွှတ်နိုင်တဲ့ဧရိယာကို ပိုများစေပြီး Cooling Fan က လေကိုဖြတ်သန်းစေတဲ့အတွက် Coolant ထဲက အပူဟာ လေထုထဲကို ထွက်သွားပါတယ်။
အေးသွားတဲ့ Coolant က အင်ဂျင်ဆီပြန်လည်စီးဆင်းပြီး အပူကိုထပ်မံစုပ်ယူပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ စက်အလုပ်လုပ်နေသရွေ့ ဆက်တိုက်လည်ပတ်နေပါတယ်။

Operator စစ်ဆေးသင့်တဲ့အချက်များ
✅ စက်မောင်းမီ Coolant level နဲ့ ဆီယိုစိမ့်မှု ရှိ၊ မရှိ စစ်ဆေးပါ။
✅ Radiator fin နဲ့ dustproof net မှာ ဖုန်၊ မြက်ခြောက်နဲ့ အမှိုက်များပိတ်ဆို့နေခြင်း ရှိ၊ မရှိ ကြည့်ပါ။
✅ Engine coolant temperature gauge နဲ့ warning light ကို သတိထားပါ။
✅ သတ်မှတ်ထားတဲ့ Coolant အမျိုးအစားနဲ့ ရောစပ်အချိုးကိုသာ အသုံးပြုပါ။
❌ အင်ဂျင်ပူနေချိန် Radiator cap ကို မဖွင့်ပါနဲ့။ ဖိအားရှိတဲ့ ပူပြင်းသော Coolant ကြောင့် ပြင်းထန်စွာလောင်ကျွမ်းနိုင်ပါတယ်။
❌ Radiator ပိတ်ဆို့နေခြင်း၊ Coolant ယိုစိမ့်ခြင်း သို့မဟုတ် temperature warning ပေါ်နေခြင်းကို လျစ်လျူမရှုပါနဲ့။

Radiator သန့်ရှင်းမှုနဲ့ Coolant level မှန်ကန်မှုက အင်ဂျင်အပူလွန်ကဲခြင်းကို ကာကွယ်ပြီး စက်ရဲ့စွမ်းဆောင်ရည်နဲ့ သက်တမ်းကို ထိန်းသိမ်းပေးနိုင်ပါတယ်။
Radiator ကောင်းကောင်းအလုပ်လုပ်မှ အင်ဂျင်အပူချိန် မှန်ကန်မှာဖြစ်ပါတယ်။

🏢 Office Address: No.1944/B, Block (6), Bogyoke Street, A Sint Myint Quarter, Yangon-Pathein Highway Road, Hlaingtharyar Township, Yangon.

Lubricant က စက်အစိတ်အပိုင်းတွေရဲ့ ပွတ်တိုက်မှုနဲ့ ပွန်းပဲ့မှုကို လျှော့ချပေးပြီး အပူလွန်ကဲခြင်း၊ သံချေးတက်ခြင်းနဲ့ ပျက်စ...
10/08/2026

Lubricant က စက်အစိတ်အပိုင်းတွေရဲ့ ပွတ်တိုက်မှုနဲ့ ပွန်းပဲ့မှုကို လျှော့ချပေးပြီး အပူလွန်ကဲခြင်း၊ သံချေးတက်ခြင်းနဲ့ ပျက်စီးခြင်းတွေမှ အဓိကကာကွယ်ပေးပါတယ်။

Lubricant များအနေနဲ့ …
✅ Engine Oil က အင်ဂျင်အစိတ်အပိုင်းတွေကို ကာကွယ်ပေးပါတယ်။
✅ Hydraulic Oil က hydraulic system အတွင်း ဖိအားနဲ့ ပါဝါကို ပို့ဆောင်ပေးပါတယ်။
✅ Transmission Oil နဲ့ Final Drive Oil က gear နဲ့ powertrain အစိတ်အပိုင်းတွေကို အပူနဲ့ ပွန်းပဲ့မှုဒဏ်တွေမှ ကာကွယ်ပေးပါတယ်။
✅ Grease က pin၊ bush၊ joint နဲ့ bearing စတာတွေရဲ့ ပွတ်တိုက်မှုကို လျှော့ချပေးပါတယ်။

မှန်ကန်တဲ့ Lubricant ကို ရွေးချယ်တဲ့အခါ
✅ ဆီရဲ့အရောင်နဲ့ အထူအပါးကိုကြည့်ရုံနဲ့ ဆီကောင်း၊ မကောင်း မဆုံးဖြတ်နိုင်ပါဘူး။ စက်မော်ဒယ်၊ အသုံးပြုမယ့် system၊ ပတ်ဝန်းကျင်အပူချိန်နဲ့ သတ်မှတ်ထားတဲ့ viscosity grade ကို ကြည့်ရပါတယ်။

မိမိစက်အတွက် သင့်တော်တဲ့ Komatsu Lubricant ကို အလွယ်တကူရှာဖွေရွေးချယ်နိုင်ဖို့ အောက်ပါ Komatsu Lubricant Selector မှာ ဝင်ရောက်စစ်ဆေးနိုင်ပါတယ်။
🔗 Komatsu Lubricant Selector: https://share.google/btwfe2NMQf8szs0cI

✅ Operation & Maintenance Manual မှာ သတ်မှတ်ထားတဲ့ oil specification နဲ့ viscosity grade ကို လိုက်နာပါ။
✅ Komatsu Genuine သို့မဟုတ် ထုတ်လုပ်သူအသိအမှတ်ပြု lubricant ကို အသုံးပြုပါ။
❌ သတ်မှတ်ချက်မတူတဲ့ ဆီတွေကို ခွင့်ပြုချက်မရှိဘဲ မရောပါနဲ့။

Operator ရဲ့ နေ့စဉ်စစ်ဆေးမှု
✅ Oil level မှန်ကန်မှုနဲ့ ဆီယိုစိမ့်မှု ရှိ၊ မရှိ စစ်ဆေးပါ။
✅ ဆီရဲ့အရောင်၊ အနံ့နဲ့ ပုံသဏ္ဌာန် ပြောင်းလဲမှု ရှိ၊ မရှိ သတိထားပါ။
✅ Filler cap နဲ့ ဆီဖြည့်ကိရိယာတွေကို သန့်ရှင်းစွာထားပါ။
❌ ဆီမကြာခဏလျော့နေရင် ထပ်ဖြည့်ရုံနဲ့ မလုံလောက်ဘဲ maintenance team ကို အသိပေးပါ။

ဒီလိုလက္ခဏာတွေ့ရင် သတိထားပါ
❌ဆီနို့ရောင် သို့မဟုတ် အရောင်ညစ်လာခြင်း၊ အမြှုပ်ဖြစ်ခြင်း၊ ညော်နံ့ထွက်ခြင်း၊ သတ္တုမှုန်တွေ့ခြင်း၊ hydraulic လှုပ်ရှားမှုနှေးလာခြင်းနဲ့ oil-pressure warning ပေါ်လာခြင်းတို့ဟာ system ပြဿနာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေတွေ့တဲ့အခါ စက်ကို လုံခြုံစွာရပ်ထားပြီး တာဝန်ရှိသူထံ ချက်ချင်းသတင်းပို့ပေးဖို့လိုပါတယ်။

Lubricant နဲ့ပတ်သက်လာရင် မှန်ကန်တဲ့ဆီ၊ မှန်ကန်တဲ့ပမာဏ၊ မှန်ကန်တဲ့အချိန် ဒီသုံးချက်ကို အမြဲသတိရပေးဖို့လိုပါတယ်။

🏢 Office Address:
No.1944/B, Block (6), Bogyoke Street, A Sint Myint Quarter, Yangon-Pathein Highway Road, Hlaingtharyar Township, Yangon.

Ground Pressure ဆိုတာ ဘာလဲ?မြေပြင်အခြေအနေတူပေမယ့် တချို့စက်တွေ ဘာကြောင့် မနစ်ဘဲ အလုပ်လုပ်နိုင်တာလဲ? အဖြေက Ground Pressur...
08/08/2026

Ground Pressure ဆိုတာ ဘာလဲ?
မြေပြင်အခြေအနေတူပေမယ့် တချို့စက်တွေ ဘာကြောင့် မနစ်ဘဲ အလုပ်လုပ်နိုင်တာလဲ? အဖြေက Ground Pressure မှာ ရှိပါတယ်။ တကယ်တော့ Ground Pressure ဆိုတာ စက်ရဲ့ အလေးချိန်က မြေပြင်ပေါ်ကို ဖိအားဘယ်လောက် သက်ရောက်စေလဲဆိုတာကို ဖော်ပြတဲ့ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

Ground Pressure ဆိုတာ စက်ရဲ့ အလေးချိန်ကို မြေပြင်နဲ့ ထိတွေ့တဲ့ ဧရိယာပေါ်မှာ ဖြန့်ဝေသက်ရောက်စေတဲ့ ဖိအားကို ဆိုလိုခြင်းဖြစ်ပါတယ်။ Ground Pressure နည်းလေလေ စက်ရဲ့ အလေးချိန်က မြေပြင်ပေါ်မှာ ပိုမိုညီညာစွာ ဖြန့်ကျက်သက်ရောက်လေပဲ ဖြစ်ပါတယ်။

ဒါကြောင့် Ground Pressure နည်းတဲ့စက်တွေမှာ...
✅ ပျော့တဲ့မြေ၊ ရွှံ့မြေ၊ သဲမြေလို နေရာတွေမှာ မြေထဲနစ်ဝင်နိုင်ခြေကို လျှော့ချပေးပါတယ်။
✅ စက်ရဲ့ တည်ငြိမ်မှုကို ပိုကောင်းစေပြီး လုပ်ငန်းခွင်အတွင်း ယုံကြည်စိတ်ချစွာ အလုပ်လုပ်နိုင်စေပါတယ်။
✅ Track သို့မဟုတ် Tire ပေါ်မှာ အလေးချိန်ကို ပိုမိုညီညာစွာ ဖြန့်ဝေပေးတာကြောင့် Traction ကို ပိုမိုကောင်းမွန်စေပါတယ်။

ဒါကြောင့် စက်တွေကို ရွေးချယ်တဲ့အခါ Horsepower နဲ့ Operating Weight တင်မကဘဲ Ground Pressure ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ လုပ်ငန်းခွင်အခြေအနေနဲ့ ကိုက်ညီတဲ့ Ground Pressure ရှိတဲ့ စက်ကို ရွေးချယ်နိုင်မှ Performance၊ Stability နဲ့ Productivity ကိုရရှိနိုင်မှာ ဖြစ်ပါတယ်။

🏢 Office Address:
No.1944/B, Block (6), Bogyoke Street, A Sint Myint Quarter, Yangon-Pathein Highway Road, Hlaingtharyar Township, Yangon.

Komatsu ရဲ့ Hydraulic Excavator Generation အသစ် PC200-11M2 နှင့် PC210-11M2 ကို ထိုင်းနိုင်ငံမှာ မိတ်ဆက်လိုက်ပါပြီ။ဆောက်...
03/08/2026

Komatsu ရဲ့ Hydraulic Excavator Generation အသစ် PC200-11M2 နှင့် PC210-11M2 ကို ထိုင်းနိုင်ငံမှာ မိတ်ဆက်လိုက်ပါပြီ။

ဆောက်လုပ်ရေး၊ သတ္တုတူးဖော်ရေး၊ မြေတူးဖော်ခြင်းနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းခွင်တွေအတွက် ပိုမိုကောင်းမွန်တဲ့ Productivity၊ Fuel Efficiency နဲ့ Operator Comfort ကို ဖြည့်ဆည်းပေးနိုင်ဖို့ Komatsu က Hydraulic Excavator Generation အသစ်တွေကို အကောင်းဆုံဖန်တီးထုတ်လုပ်လျက်ရှိပါတယ်။

Komatsu Thailand မှ Komatsu PC200-11M2 နှင့် PC210-11M2 Hydraulic Excavator မော်ဒယ်အသစ်တွေကို ထိုင်းနိုင်ငံတွင် တရားဝင် မိတ်ဆက်လိုက်ပါပြီ။

Komatsu အနေဖြင့် နှစ်ပေါင်းများစွာ စုဆောင်းလေ့လာခဲ့တဲ့ နည်းပညာအတွေ့အကြုံတွေကို အသုံးချပြီး လူကြီးမင်းတို့ရဲ့ လုပ်ငန်းအောင်မြင်မှုအတွက် ပိုမိုထိရောက်တဲ့ Construction Solutions တွေကိုပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားလျက်ရှိပါတယ်။

ထိုင်းနိုင်ငံမှာ စတင်မိတ်ဆက်လိုက်တဲ့ PC200-11M2 နှင့် PC210-11M2 Generation အသစ် Excavator များဟာလည်း Komatsu ရဲ့ နည်းပညာတိုးတက်မှုနဲ့ အနာဂတ် Construction Industry အတွက် ခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်။

🏢 Office Address:
No.1944/B, Block (6), Bogyoke Street, A Sint Myint Quarter, Yangon-Pathein Highway Road, Hlaingtharyar Township, Yangon.

Address

No. 1944/B, Block(6), Bogyoke Street, Yangon-Pathein Highway Road, A Sint Myint Qtr. , Hlaingtharyar Township
Yangon
11401

Opening Hours

Monday 08:15 - 17:30
Tuesday 08:15 - 17:30
Wednesday 08:15 - 17:30
Thursday 08:15 - 17:30
Friday 08:15 - 17:30

Telephone

+9598634714

Website

Alerts

Be the first to know and let us send you an email when Komatsu Myanmar Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Komatsu Myanmar Ltd.:

Shortcuts

Share