Mudon Maung Maung Auto Parts Sale Center

Mudon Maung Maung Auto Parts Sale Center We can supply all kinds of spare parts for Japan, Europe and American Cars. We are the strongest in Japanese Model.

✅မောင်းတိန်းဆိုတာအင်ဂျင်နဲ့ ဂီယာကိုကားရဲ့Frameနဲ့ချိတ်ဆက်ပေးပြီး ၄င်းတို့ရဲ့ကြားမှာ ဆူညံသံနှင့် တုန်ခါမှုမရှိရန် အလုပ်လု...
09/08/2023

✅မောင်းတိန်းဆိုတာအင်ဂျင်နဲ့ ဂီယာကိုကားရဲ့Frameနဲ့ချိတ်ဆက်ပေးပြီး ၄င်းတို့ရဲ့ကြားမှာ ဆူညံသံနှင့် တုန်ခါမှုမရှိရန် အလုပ်လုပ်ပေးပါတယ်။ကားအမျိုးအစားပေါ်မူတည်ပြီး မောင်းတိန်းတွေဟာ ဖရိန်နဲ့ချိတ်ဆက်ပုံတွေ ကွဲပြားကြပါတယ်။

✅မောင်းတိန်းတွေမှာ အဓိကအားဖြင့်အင်ဂျင်မောင်းတိန်းနဲ့ဂီယာမောင်းတိန်းဆိုပြီး (၂)မျိုးကွဲပြား၍ အချို့ကားအမျိုးအစားတွေမှာတော့ အိပ်ဇောမောင်းတိန်းပါရှိတတ်ပါတယ်။ ကားအမျိုးအစားအလိုက် ကားတစ်စီးမှာ မောင်းတိန်းအရေအတွက် ၃လုံး(သို့)၄လုံး ပါရှိတတ်ကြပါတယ်။ မောင်းတိန်းတွေရဲ့ဖွဲ့စည်းပုံနဲ့ အသုံးပြုထားတဲ့Materialတွေဟာလည်းကားအမျိုးအစားတွေပေါ်မှာမူတည်ပြီးကွာခြားပါတယ်။
❇️ရော်ဘာမောင်းတိန်း
❇️သံနဲ့ရော်ဘာတွဲစပ်ထားတဲ့မောင်းတိန်း
❇️သတ္တုနဲ့ရော်ဘာတွဲစပ်ထားတဲ့မောင်းတိန်း
❇️Hydraulic Oil ပါတဲ့ မောင်းတိန်းဆိုပြီးပုံစံအမျိုးမျိုးထုတ်လုပ်ထားကြပါတယ်။

Engine mounting မကောင်းရင်တော့
🚨ဆူညံသံတွေထွက်မယ်
🚨စက်နှိုးတဲ့အခါမှာတုန်ခါမှုတွေအရမ်းများနေမယ်
🚨ကားရဲ့အတွင်းခန်းထဲမှာလည်းတုန်ခါနေမယ်
🚨အချို့သော ကားရဲ့အစိတ်အပိုင်းတွေပါပွတ်တိုက်ပျက်စီးနိုင်တဲ့အတွက် အင်ဂျင်မောင်းတိန်းတွေမကောင်းတော့ရင်လဲလှယ်ဖို့သတိပေးပါရစေ...။

👍အရည်အသွေးကောင်းမွန်တဲ့မောင်းတိန်းမျိုးစုံကိုဝယ်ယူချင်တယ်ဆိုရင်တော့ကျွန်တော်တို့မုဒုံမောင်မောင်မှာဝယ်ယူရရှိနိုင်ပါတယ်။

✅ကျွန်တော်တို့ မုဒုံမောင်မောင်မှာ ရရှိနိုင်မယ့်ပစ္စည်းတွေရဲ့ ဗဟုသုတတွေကို Viber Channel နဲ့ Telegram Channel တွေမှာလည်းမျှဝေပေးတာဖြစ်လို့ join ထားဖို့လည်း မမေ့ပါနဲ့နော်။

✅Viber Channel Link
https://invite.viber.com/?g2=AQBCD2DVb12%2FxlEuRnZbKofI6BBi0e7B5%2BtRzRrWTy3YeV82pxI8PGSA95FvrW38

✅Telegram Channel Link
https://t.me/mudonmaungmaung2023



⛈️မိုးရာသီမှာ ကားမောင်းတဲ့အခါ ကားရဲ့ Suspension Part တွေကောင်းဖို့အရေးကြီးတဲ့အတွက်ကားရဲ့အောက်ပိုင်းကို စစ်ဆေးထားဖို့လိုပ...
18/07/2023

⛈️မိုးရာသီမှာ ကားမောင်းတဲ့အခါ ကားရဲ့ Suspension Part တွေကောင်းဖို့အရေးကြီးတဲ့အတွက်ကားရဲ့အောက်ပိုင်းကို စစ်ဆေးထားဖို့လိုပါတယ်။

📌ကားအောက်ပိုင်းကို မစစ်ဆေးမိရင်တော့
🔹Ball Joint
🔹Tie Rod
🔹Stabilizer Link တွေမှာပါတဲ့သဲကာတွေ
🔹Steering Boot နဲ့ C.V Joint Boot တွေ ကွဲအက်နေတာမျိုးဖြစ်နေရင်လည်း ရေနှင့်သဲများဝင်ပြီး ပျက်စီးစေနိုင်ပါတယ်။

နောက်ထပ်သတိထားရမှာကတော့ ကားရဲ့အောက်ပိုင်းကနေ အသံထွက်နေတာ၊မောင်းတဲ့အချိန်မှာ တုန်ခါနေပြီး ပုံမှန်မဟုတ်တာမျိုးတွေဖြစ်လာပြီ ဆိုရင်တော့အမြန်ဆုံး စစ်ဆေးပြီး လိုအပ်တာပြုပြင်ခြင်း နှင့် Alignment ချိန်ခြင်းတို့ကိုပြုလုပ်သင့်ပါတယ်။
ဒီလိုစစ်ဆေးပြုပြင်မှုတွေလုပ်ပေးတဲ့အတွက်ကားတာယာတွေကိုအစားသက်သာစေပြီး ရေရှည်အသုံးပြုလို့ရမှာဖြစ်ပါတယ်။မိုးတွင်းကားအသုံးပြုတဲ့အချိန်မှာလည်း ကားအောက်ပိုင်းနဲ့ပက်သက်ပြီး အခက်အခဲတွေကြုံရဖို့နည်းပါးလာမှာဖြစ်ပါတယ်။

အရည်အသွေးမြင့်ကားအောက်ပိုင်းပစ္စည်းများကိုစုံလင်စွာရွေးချယ်ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ မုဒုံမောင်မောင်မှာ ဝယ်ယူရရှိနိုင်ပါတယ်။ ကားနဲ့ပက်သက်တဲ့ဗဟုသုတတွေကို နောက်Postတွေမှာလည်း ဆက်လက်ပြောပြပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးပါဦးခင်ဗျာ🤗။

✅ကျွန်တော်တို့ မုဒုံမောင်မောင်မှာ ရရှိနိုင်မယ့်ပစ္စည်းတွေရဲ့ ဗဟုသုတတွေကို Telegram Channel နဲ့ Viber Channel တွေမှာလည်း အပတ်စဉ်မျှဝေပေးတာဖြစ်လို့ join ထားဖို့လည်း မမေ့ပါနဲ့နော်။

✅Viber Channel Link
https://invite.viber.com/?g2=AQBCD2DVb12%2FxlEuRnZbKofI6BBi0e7B5%2BtRzRrWTy3YeV82pxI8PGSA95FvrW38

✅Telegram Channel Link
https://t.me/mudonmaungmaung2023


🔺အရင်Postလေးမှာတော့အင်ဂျင်ရဲ့အသက်ဖြစ်တဲ့ Thermostat (အင်ဂျင်အပူထိန်းကိရိယာ)အကြောင်းကို သိပြီးဖြစ်တဲ့အတွက် ဒီတစ်ခေါက် Pos...
10/07/2023

🔺အရင်Postလေးမှာတော့အင်ဂျင်ရဲ့အသက်ဖြစ်တဲ့ Thermostat (အင်ဂျင်အပူထိန်းကိရိယာ)အကြောင်းကို သိပြီးဖြစ်တဲ့အတွက် ဒီတစ်ခေါက် Post လေးမှာတော့ Thermostat အမျိုးအစားတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။

🔺In-Line Type
ဒီThermostat ကတော့ အင်ဂျင်ကို အအေးခံတဲ့လမ်းကြောင်းရဲ့ ထွက်ပေါက်မှာတပ်ဆင်ထားပြီး များသောအားဖြင့် အောက်ခြေကွင်းအဆို့ရှင်မပါတဲ့အမျိုးအစားဖြစ်ပါတယ်။Designပိုင်းမှာလည်းအခြားအမျိုးအစားတွေထက်ကျစ်လစ်ပြီး ခေတ်မီအပူထိန်းကိရိယာတွေရဲ့မူရင်းလို့ဆိုနိုင်ပါတယ်။အစားထိုးလဲလှယ်အသုံးပြုဖို့ ဖြုတ်၊တပ်ရာမှာလည်းလွယ်ကူတဲ့ အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။

🔺Bottom Bypass Type
Bottom Bypass Type Thermostat ကတော့အောက်ပိုင်းမှာ အဆို့ရှင်ပါရှိတဲ့အမျိုးအစားဖြစ်ပါတယ်။ အင်ဂျင်ကို အအေးခံဖို့ လမ်းကြောင်းအဝင်မှာ အဓိကအသုံးပြုတာဖြစ်ပြီးအင်ဂျင်အတွင်းပိုင်းမှာရေအပူချိန် မြင့်တက်လာတာနဲ့ အလိုအလျောက်ဖြည်းဖြည်းချင်း ပြန်ပိတ်ပေးတာဖြစ်ပါတယ်။ ဒီအမျိုးအစား Thermostat ကတော့ ရေကိုပိုမိုစီးဆင်းစေတာကြောင့်အင်ဂျင်အများစုမှာ အသုံးပြုကြတာတွေ့ရပါတယ်။

🔺Sub Valve Type
Sub Valve Type မှာတော့ ပင်မအဆို့ရှင် (Valve) အပြင်အင်ဂျင်ရဲ့အတွင်းမှာရှိတဲ့ ရေလှည့်ပတ်မှုကို လျှော့ချဖို့အတွက် သတ္ထုတစ်မျိုးနဲ့ပြုလုပ်ထားတဲ့ အဆို့ရှင်အသေးတစ်ခု ပါရှိတဲ့ Thermostat အမျိုးအစားဖြစ်ပါတယ်။

🔺Housing Integrated Type
Housing Integrated Type Thermostat ကတော့ကြိုတင်အပူထိန်းပေးတဲ့အမျိုးအစားတစ်ခုဖြစ်ပြီး၊ ရေဝင်ပေါက်(Water Inlet) နဲ့တွဲလျက်လာတဲ့ Thermostat ဖြစ်ပါတယ်။ Water Inlet ကို အလူမီနီယမ်(ဒါမှမဟုတ်) ပလပ်စတစ်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး
ဒီအမျိုးအစားရဲ့အားသာချက်တွေကတော့ အလေးချိန်ကို လျှော့ချပေးတယ်၊ ရေစီးဆင်းမှုကိုကောင်းစေပါတယ်။ အင်ဂျင်အမျိုးအစားပေါ်မူတည်ပီး ဒီဇိုင်းမျိုးစုံလည်း ‌ရွေးချယ်ဝယ်ယူနိုင်တာကြောင့်အနာဂတ်မှာ ခေတ်စားလာမဲ့ နောက်ဆုံးပေါ် Thermostat ပုံစံလည်းဖြစ်ပါတယ်။

🔺Quick-Response Type
Quick-Response Type Thermostat ကတော့ အင်ဂျင်အပူရှိန်အတက်အကျကို ကောင်းမွန်စေတဲ့ စလင်ဒါပုံကော်ချောင်းပါဝင်တဲ့အတွက် အင်ဂျင်ကထွက်လာတဲ့ရေအပူချိန်ကို လျှင်မြန်စွာအာရုံခံနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။

🔺Low Temperature Type
ဒီအပူချိန်ထိန်းကိရိယာက အင်ဂျင်အပူချိန်ပုံမှန်ထက်နိမ့်နေရင်တောင် အဆို့ရှင် (valve) ကိုဖွင့်ထားနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။
Low Temperature Type တွေက ပြိုင်ကားတွေမှာဆိုရင် အင်ဂျင်ကို အပူချိန်အမြင့်နဲ့ မောင်းနေတဲ့အချိန်မှာတောင် အင်ဂျင်ရဲ့စွမ်းဆောင်ရည်ကို ကျမသွားစေဘဲ (ရေအေး) Coolantလည်ပတ်မှုကို မြန်ဆန်စေနိုင်ပါတယ်။

🔺အခု Post လေးမှာ Thermostat ရဲ့အမျိုးအစားတွေလည်းသိပြီးပြီဆိုတော့ အရည်အသွေးကောင်းမွန်တဲ့ Tama အမှတ်တံဆိပ် Made in Japan Thermostat Model မျိုးစုံကို ဝယ်ယူချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ မုဒုံမောင်မောင်မှာ ဝယ်ယူရရှိနိုင်ပါတယ်။
🔺ကျွန်တော်တို့ မုဒုံမောင်မောင်မှာ ရရှိနိုင်မယ့်ပစ္စည်းတွေရဲ့ ဗဟုသုတတွေကို Telegram Channel နဲ့ Viber Channel တွေမှာလည်း အပတ်စဉ်မျှဝေပေးတာဖြစ်လို့ join ထားဖို့လည်း မမေ့ပါနဲ့နော်။

✅Viber Channel Link
https://invite.viber.com/?g2=AQBCD2DVb12%2FxlEuRnZbKofI6BBi0e7B5%2BtRzRrWTy3YeV82pxI8PGSA95FvrW38

✅Telegram Channel Link
https://t.me/mudonmaungmaung2023



🔺အခုတစ်ခေါက်မှာတော့Thermostat(အင်ဂျင်အပူထိန်းကိရိယာ)နဲ့ပက်သက်တဲ့ ဗဟုသုတတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။🔺အင်ဂျင်သာမိုစတက...
07/07/2023

🔺အခုတစ်ခေါက်မှာတော့Thermostat(အင်ဂျင်အပူထိန်းကိရိယာ)နဲ့ပက်သက်တဲ့ ဗဟုသုတတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
🔺အင်ဂျင်သာမိုစတက်ဆိုတာ အင်ဂျင်ရဲ့အပူချိန်ကို ထိန်းညှိပေးပြီးတော့ သတ်မှတ်ထားတဲ့ အပူချိန်ကိုရောက်ရှိတဲ့အခါမှာအဖွင့်အပိတ်ပြုလုပ်နိူင်တဲ့အလွန်အရေးပါတဲ့အဆို့ရှင်(Valve)တစ်ခုဖြစ်ပါတယ်။
🔺Thermostat ချို့ယွင်းနေရင်တော့ အင်ဂျင်ကိုအေးဖို့အသုံးပြုနေတဲ့ ရေအေး (Coolant) တွေအင်ဂျင်တစ်လျှောက်လိုသလို မစီးဆင်းတော့တာကြောင့် အင်ဂျင်အပူလွန်ကဲတာမျိုး(Overheating) ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး Thermostat တစ်ချိန်လုံးပွင့်နေရင်လည်း အအေးလွန်ကဲတာမျိုး (Over cooling) ကိုဖြစ်စေနိုင်ပါတယ်။ အပူလွန်ကဲတာ၊အအေးလွန်ကဲတာတွေ ဆက်တိုက် ဖြစ်နေရင်တော့ အင်ဂျင်ကို ပျက်စီးစေပါတယ်။ အင်ဂျင်အအေးလွန်ကဲတာဟာ အိပ်ဇောငွေ့ကို ညစ်ညမ်းစေတဲ့အပြင် ဆောင်းရာသီမှာဆိုရင် တော့ အင်ဂျင်ရဲ့အပူစွမ်းအင်ကို ထိခိုက်စေနိုင်ပါတယ်။

🔺Thermostat မကောင်းရတဲ့အချက်တွေကတော့

✅အရည်အသွေးမကောင်းတဲ့ အပူချိန်ထိန်းကိရိယာကို အသုံးပြုမိတာ
✅ဒီဇိုင်းညံ့ဖျင်းမှုကြောင့် လေပေါက်ပိတ်မိပြီး အင်ဂျင်အပူချိန် မမှန်တာ
✅Thermostat စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် အင်ဂျင်အပူချိန် တိုးလာတာ
✅အသုံးပြုနေတဲ့Coolant မကောင်းတာတွေကြောင့် အဖြစ်များပါတယ်။
🔺 Thermostat တွေဟာ အင်ဂျင်အပေါ် မူတည်ပြီး ဒီဇိုင်းအမျိုးမျိုးနဲ့လာတာဖြစ်ပါတယ်။ Thermostat ရဲ့ အမျိုးအစားတွေကတော့

▪️In-Line Type
▪️Bottom Bypass Type
▪️Sub Value Type
▪️Housing Integrated Type
▪️Quick-Response Type
▪️Low Temperature Type

ဆိုပြီးလာပါတယ်။
ဒီဇိုင်းတစ်ခုနဲ့တစ်ခုရဲ့ လုပ်ဆောင်ချက်တွေလည်းမတူညီကြပါဘူး။ အခြား Thermostat ကို ဒီဇိုင်းအရ တပ်ဆင်နိုင်ပေမဲ့ လုပ်ဆောင်ချက် နည်းနည်းကွာခြားသွားတာနဲ့ အင်ဂျင်ကို ကြီးမားတဲ့ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ကိုယ့်ကားအတွက်မှန်ကန်တိကျတဲ့Thermostatကိုကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီးရွေးချယ်အသုံးပြုသင့်ပါတယ်။
Thermostat တွေဟာ အချိန်ကြာမြင့်စွာအသုံးပြုလို့ရပြီး ၂ နှစ်တစ်ကြိမ် ဒါမှမဟုတ် မိုင်ပေါင်း ၃၂,၀၀၀ မိုင် သွားပြီးတိုင်း လဲလှယ်ပေးသင့်ပါတယ်။

🔺အခု Post လေးမှာ Thermostat ရဲ့အကြောင်းတွေလည်းသိပြီးပြီဆိုတော့ ဝယ်ယူချင်တယ်ဆိုရင်တော့ အရည်အသွေးကောင်းမွန်တဲ့ Tama အမှတ်တံဆိပ် Made in Japan Thermostat Model မျိုးစုံကို ကျွန်တော်တို့ မုဒုံမောင်မောင်မှာ ဝယ်ယူရရှိနိုင်ပါတယ်။ နောက် Post လေးမှာလည်း Thermostat အမျိုးအစားတစ်ခုချင်းစီရဲ့ အသေးစိတ်ကိုထပ်မံ ရှင်းပြပေးမှာမို့ဆက်လက်စောင့်ကြည့်ပေးပါဦးခင်ဗျာ🙏။

🔺ကျွန်တော်တို့ မုဒုံမောင်မောင်မှာ ရရှိနိုင်မယ့်ပစ္စည်းတွေရဲ့ ဗဟုသုတများကို Telegram Channel နဲ့ Viber Channel တွေမှာလည်း အပတ်စဉ်မျှဝေပေးတာဖြစ်လို့ join ထားဖို့လည်း မမေ့ပါနဲ့နော်။

✅Viber Channel Link
https://invite.viber.com/?g2=AQBCD2DVb12%2FxlEuRnZbKofI6BBi0e7B5%2BtRzRrWTy3YeV82pxI8PGSA95FvrW38

✅Telegram Channel Link
https://t.me/mudonmaungmaung2023


✅ မိုးရွာနေတဲ့အချိန် ကားမောင်းတော့မယ်ဆိုရင် လုံခြုံစိတ်ချစွာမောင်းနှင်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ညီအကိုတို့...
03/07/2023

✅ မိုးရွာနေတဲ့အချိန် ကားမောင်းတော့မယ်ဆိုရင် လုံခြုံစိတ်ချစွာမောင်းနှင်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ညီအကိုတို့ ကားကိုအန္တရာယ်ကင်းစွာမောင်းနှင်နိုင်ဖို့ ကားရဲ့ ဘယ်အစိတ်အပိုင်းတွေကို စစ်ဆေးထားသင့်လဲ ဆိုတာ ဒီ Post လေးမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ် ခင်ဗျာ။

✅မိုးရေတွေစိုစွတ်နေတဲ့လမ်းမပေါ်မှာ ကားမောင်းတော့မယ်ဆိုရင် ကားရဲ့ တာယာအခြေအနေကိုစစ်ဆေးသင့်ပါတယ်။

✅ဘရိတ်အုံနဲ့ ဘရိတ်ရှူးတွေကောင်း၊မကောင်း ကိုလည်းသေချာစစ်ဆေးပေးဖို့လိုပါတယ်။ မိုး‌ရေစိုနေတဲ့ လမ်းမပေါ်မှာ ကားရပ်နားမယ်ဆိုရင် လိုအပ်တဲ့ အကွာအဝေးအတွင်းမှာ ကားကိုအရှိန်လျော့ ရပ်တန့်နိုင်ဖို့အတွက် ဘရိတ်တွေကောင်းနေမှ ကားမောင်းရာမှာ အန္တရာယ်ကင်းစေမှာဖြစ်ပါတယ်။

✅မိုးရွာနေစဉ်အချိန်အတွင်း ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းရရှိနိုင်ဖို့ ဟောင်းနွမ်းနေတဲ့ Wiper Blades တွေကို လဲလှယ်ပြီး အရည်အသွေးကောင်းမွန်တဲ့ Wiper တွေကို အသုံးပြုသင့်ပါတယ်။

✅ရှေ့မီး၊ နောက်မီးနဲ့ အချက်ပြ (ကွေ့)မီးတွေ အပါအဝင် ကားအတွင်းအပြင်မီးများ အားလုံး ကောင်းမကောင်းကိုလည်း ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။

✅မိုးရာသီမှာ ရေအစိုဓာတ်က ကားရဲ့လျှပ်စစ်စနစ်တွေကို ထိခိုက်စေနိုင်တဲ့အတွက် လျှပ်စစ်နဲ့ ပက်သက်တဲ့ အစိတ်အပိုင်းတွေအားလုံး ကောင်းနေဖို့ သေချာအောင်စစ်ဆေးရပါမယ်။

✅ကားကို ပုံမှန်ဆေးကြောခြင်းဖြင့်လည်း ကားအောက်ပိုင်းမှာ သံချေးမတက်အောင် ကာကွယ်နိုင်ပါတယ်။

✅နောက်ပြီး အင်ဂျင်ဝိုင်၊ ကူးလန့်(တ်)၊ ဘရိတ်ဆီနှင့် လေကာမှန်ဆေးရည်တွေကိုလည်း ပုံမှန်စစ်ဆေးပေးဖို့လိုပါတယ်။

✅မိုးရေစိုစွတ်နေတဲ့အခြေအနေမှာ ကားပြတင်းမှန်တွေကို ရေငွေ့မပျံဘဲ ကြည်လင်နေစေဖို့ ကားလေအေးပေးစနစ်တွေကို အမြဲဂရုစိုက်စစ်ဆေးပေးသင့်ပါတယ်။
✅နောက်တစ်ခု အရေးကြီးတာကတော့ ရေကြီးရေလျှံနေတဲ့လမ်းတွေကိုဖြတ်မမောင်းမိဖို့ လိုပါတယ်။ အင်ဂျင်ရပ်တန့်တာ၊အိပ်ဇောပိုက်နဲ့ဂီယာအုံထဲရေဝင်ပြီး သံချေးတက်တာမျိုးတွေ ဖြစ်စေနိုင်တာကြောင့် ဂရုစိုက် မောင်းနှင်ဖို့လိုပါတယ်ခင်ဗျ။
ကားတွေကို တစ်နှစ်ပတ်လုံး အကောင်းဆုံးအခြေအနေမှာ ထိန်းသိမ်းထားနိုင်ဖို့ ပုံမှန်ပြုပြင်ထိန်းသိမ်း စစ်ဆေးတာတွေက အရေးကြီးတယ်ဆိုတာကို သတိပြုရပါမယ်။ မိုးရာသီမှာ စစ်ဆေးရမဲ့ ကားအစိတ်အပိုင်းတွေအကြောင်းကို သိပြီးပြီဆိုတော့ ....တစ်ခုချင်းစီရဲ့အသေးစိတ်ကို လေ့လာချင်တယ် ဆိုရင်တော့ အောက်ကChannel လေးတွေမှာရှင်းပြပေးမှာမို့ Join ထားပေးဖို့ မေတ္တာရပ်ခံပါရစေ ခင်ဗျာ။
✅Viber Channel Link
https://invite.viber.com/?g2=AQBCD2DVb12%2FxlEuRnZbKofI6BBi0e7B5%2BtRzRrWTy3YeV82pxI8PGSA95FvrW38

✅Telegram Channel Link
https://t.me/mudonmaungmaung2023

🔶ဒီတစ်ခေါက်မှာတော့ လက်ရှိသုံးနေတဲ့ Wiper တွေကို ကြာရှည်အသုံးခံနိုင်အောင် ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ ဆိုတာလေးကို ပြောပြရင...
01/07/2023

🔶ဒီတစ်ခေါက်မှာတော့ လက်ရှိသုံးနေတဲ့ Wiper တွေကို ကြာရှည်အသုံးခံနိုင်အောင် ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ ဆိုတာလေးကို ပြောပြရင်း Wiper Post လေးတွေကို မင်မင်အချောလေး ကအဆုံးသတ်ပါရစေနော်😍။

✅အရင်ဆုံးပြောချင်တာကတော့ Wiper တွေကို ပုံမှန်သန့်ရှင်းရေးလေး လုပ်ဖို့လိုပါတယ်ရှင့်။
Wiper Blade တစ်လျှောက်ရှိ တင်ကျန်နေတဲ့ ဖုန်မှုန့်နဲ့အမှိုက်တွေကို ရေ ဒါမှမဟုတ် ဆပ်ပြာနဲ့ စိမ်ထားတဲ့ အဝတ်ကိုသုံးပြီး သန့်ရှင်းပေးရုံဖြင့် ကိုကိုတို့ ကားရဲ့ Wiper Blade ကို သန့်ရှင်းရေးလုပ်နိုင်ပါတယ်။

✅နောက်ပြီး Wiper တွေကောင်းမကောင်း ပုံမှန်လေးစစ်ဆေးဖို့လည်း လိုပါတယ်ရှင့်။ ဘယ်လိုစစ်ဆေးရလဲဆိုတာကိုတော့ အရင် post လေးမှာ သေချာလေးရှင်းပြပေးထားပါတယ်နော်။

✅နောက်တစ်ခုကတော့ ခြောက်သွေ့နေတဲ့လေကာမှန်ပေါ်မှာ Wiper အသုံးပြုခြင်းကို ရှောင်ကျဉ်ရမှာပါရှင့်။ ဘာဖြစ်လို့လဲဆိုတော့ မိုးမရွာဘဲ ဒါမှမဟုတ် မှန်ကြည်ဆေးရည်မသုံးဘဲ Wiper ကိုအသုံးပြုလိုက်မယ်ဆိုရင် Wiper Blade လေးတွေ တိုက်စားပြီးပွန်းပဲ့မယ်၊ နောက်ပြီး မှန်ပေါ်မှာ အစင်းရာထင်တာမျိုးတွေထိ ဖြစ်နိုင်ပါတယ်ရှင့်။

✅ ကားကို ရပ်ထားမယ်ဆိုရင်လည်း Wiper ကိုင်းတွေကို တင်မထားပဲ မှန်ကန်တဲ့အနေအထားမှာထားပြီး ရပ်ထားပေးဖို့လိုပါတယ်ရှင့်။

✅ဒီလိုအချက်လေးတွေကို လိုက်နာခြင်းအားဖြင့်် စွမ်းဆောင်ရည်ကောင်းမွန်တဲ့
Wiper တွေကို အချိန်အတိုင်းအတာတစ်ခုထိ ကြာရှည်စွာအသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်ရှင့်။

▪️ကျွန်မတို့ မုဒုံမောင်မောင်မှာ ရရှိနိုင်မယ့်ပစ္စည်းတွေရဲ့ ဗဟုသုတများကို Telegram Channel နဲ့ Viber channel တွေမှလည်း အပတ်စဉ်မျှဝေပေးတာဖြစ်လို့ join ထားပေးကြပါဦးရှင့်
✅Viber Channel Link
https://invite.viber.com/?g2=AQBCD2DVb12%2FxlEuRnZbKofI6BBi0e7B5%2BtRzRrWTy3YeV82pxI8PGSA95FvrW38
✅Telegram Channel Link
https://t.me/mudonmaungmaung2023

28/06/2023

✅Wiper လေးလဲဖို့အတွက်နဲ့ အချိန်ကုန်၊ငွေကုန် ဖြစ်နေတုန်းလား⁉️

✅ဒါဆိုရင်တော့…ဒီVideo လေးကိုကြည့်လိုက်ပါ


⛈️မိုးရာသီရောက်နေပြီဆိုတော့ ညီကိုတို့ကားရဲ့ Wiper တွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ အရေးကြီးလာပြီပေါ့။ ဒါဆို Wiper တွေကေ...
23/06/2023

⛈️မိုးရာသီရောက်နေပြီဆိုတော့ ညီကိုတို့ကားရဲ့ Wiper တွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ အရေးကြီးလာပြီပေါ့။ ဒါဆို Wiper တွေကောင်းမကောင်း ဘယ်လိုစစ်ရမလဲဆိုတာကို သေချာလေးသိချင်ရင်တော့ အရင် Post လေးမှာ မုဒုံမောင်မောင်ရဲ့အချောလေးက အကျယ်တစ်ဝင့် ရှင်းပြပေးထားပါတယ် ခင်ဗျ။

✅ဒီ Post လေးမှာတော့ Wiper တွေကို လဲမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင် “ဘယ်လိုဝယ်မလဲ” ဆိုတာ ခါတိုင်းလိုပဲ အချက်လေးတွေနဲ့ တစ်ချက်ချင်းစီ ရှင်းရှင်းလင်းလင်းသိရအောင် ရှင်းပြပေးပါမယ်ခင်ဗျ။

✅အရင်ဆုံးပြောချင်တဲ့အကြောင်းကတော့ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ Wiper Blade တွေတောင် (၆ လ) လောက်ဆိုရင် အရည်အသွေးကျဆင်းမှုလေးတွေ တွေ့ရတက်တာကြောင့် ကားမောင်းတဲ့အချိန်တိုင်း ကြည်လင်ပြတ်သားတဲ့ မြင်ကွင်းရရှိဖို့ ညီကိုတို့ရဲ့ Wiper Blade တွေကို တစ်နှစ်မှာနှစ်ကြိမ်လောက် လဲလှယ်ပေးဖို့ အကြံပြုပါရစေ။

✅ကဲ…. ဘာတွေကြိုသိထားရမယ်ဆိုတာကို စလိုက်ကြရအောင်။ ပထမဆုံးအနေနဲ့ Wiper Blade တွေဟာ အတိုင်းအတာအမျိုးမျိုးနဲ့ လာတဲ့အတွက်ကြောင့် ကိုယ့်ကားမှာသုံးမယ့် Wiper ရဲ့ Size ကို အတိအကျသိဖို့ ကိုယ်အရင်သုံးတဲ့ Wiper အဟောင်းရဲ့ Size ကိုတိုင်းကြည့်ရပါမယ်။ နောက်ပြီး ယုံကြည်စိတ်ချရတဲ့ website တွေကနေ ‘ထုတ်လုပ်တဲ့နိုင်ငံ၊ မော်ဒယ်နံပါတ်၊ ထုတ်လုပ်တဲ့ခုနှစ်’ စတာတွေကို သေချာတိကျစွာဖြည့်ပြီး စစ်ဆေးကြည့်လို့လည်းရပါတယ်။ နောက်တစ်နည်းကတော့ ကားပစ္စည်းဆိုင်တွေကို ကိုယ်တိုင်သွားရောက်ပြီး Catalogue နဲ့ ဆိုင်မှာရှိတဲ့ပစ္စည်း တွေတိုက်ကြည့်ပြီး ကိုယ်လိုချင်တဲ့ Wiper Sizeကို ရနိုင်၊မရနိုင် စစ်ဆေးနိုင်ပါတယ်။

✅နောက်ထပ်ပြောပြပေးချင်တာက Wiper Blade တွေကဈေးကွက်ထဲမှာ ဒီဇိုင်းအမျိုးမျိုး နဲ့လာပြီး သုံးတဲ့materialတွေလည်း မတူတဲ့အပြင် Wiper Brand တွေရဲ့ တစ်ခုနဲ့တစ်ခု မတူညီတဲ့စွမ်းဆောင်ရည်တွေကြောင့် ကိုယ်ဝယ်မယ့် Wiper brand ကို သေချာလေ့လာသုံးသပ်ပြီး ဝယ်ယူဖို့ပါပဲ။ ပြီးတော့ Wiper Blade နဲ့ ကိုင်းဆက်ထားတဲ့ နေရာကလည်း တစ်ခုနဲ့တစ်ခု မတူတာကိုသတိပြုရပါမယ်။ အဲ့ဒါတွေကတော့
▪️Hook - Type (ချိတ်အမျိုးအစား)
▪️Pin - Type (ပင်အမျိုးအစား)
▪️Bayonet - Type ( အစွပ်အမျိုးအစား)
▪️Screw - Type ( စကူအမျိုးအစား)
▪️Clip - Type ( ကလစ်အမျိုးအစား)
ဆိုပြီး ရွေးချယ်တပ်ဆင် အသုံးပြုနိုင်ပါတယ်ခင်ဗျ။

✅နောက်ပြီး အရင် Post တွေမှာ ပြောခဲ့သလို Wiper Bladeတွေကို အမျိုးအစားတွေခွဲရာမှာ မတူညီတဲ့ နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့အတွက် ကိုယ်ကားနဲ့ ဘယ်လိုမျိုး Wiper Blade တွေက အသင့်တော်ဆုံးလဲဆိုတာ လေ့လာထားဦးနော်။
လက်ရှိဈေးကွက်မှာဆိုရင် original ပစ္စည်းတွေရနိုင်သလို အာမခံလည်း ပါဝင်တဲ့အတွက်ကြောင့် ယုံကြည်စိတ်ချရတဲ့နေရာက ဝယ်ယူကြဖို့လဲမှာချင်ပါသေးတယ် ခင်ဗျာ။

✅နောက်တစ်ခု ပြောဖို့ကျန်နေတာက ဘာလဲဆိုတော့ ညီကိုတို့ရဲ့ ကား Wiper ကို ဘယ်လိုစနစ်တကျ တပ်ဆင်ရမယ်ဆိုတာပဲဖြစ်ပါတယ်။ ဒီလို သေချာတပ်ဆင်ရမယ့် နည်းလမ်းလေးတွေကိုတော့ နောက်လာမယ့် Post လေးမှာ ပြောပြပေးမှာမို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျ 🙏။


ဟိုင်း... မင်္ဂလာပါရှင့် 😍😍😍🔶ယခုတစ်ပတ် Post လေးကို တင်ဆက်ပေးမယ့်သူကတော့ မုဒုံမောင်မောင်ရဲ့ မင်မင် အချောလေးပဲဖြစ်ပါတယ်ရှင...
20/06/2023

ဟိုင်း... မင်္ဂလာပါရှင့် 😍😍😍

🔶ယခုတစ်ပတ် Post လေးကို တင်ဆက်ပေးမယ့်သူကတော့ မုဒုံမောင်မောင်ရဲ့ မင်မင် အချောလေးပဲဖြစ်ပါတယ်ရှင့်

🔶အခု ပြောပြပေးချင်တာကတော့ မင်မင့် ကိုကိုတို့မောင်မောင်တို့ရဲ့ ကားတွေမှာ Wiper တွေကို
‘’ ဘယ်လိုအချိန်မှာလဲမလဲ “ဆိုတာကို မျှဝေပေးချင်တာပဲဖြစ်ပါတယ်ရှင့်

🔶ပထမဦးဆုံးအနေနဲ့ မင်မင်မျှဝေပေးတဲ့နေရာမှာ လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့ရင်လည်း အပြစ်မမြင်ပဲ ချစ်ခင်ပေးဖို့ ကြိုတင်ခွင့်ပန်ထားပါရစေနော် ...

🔶တကယ်တော့ မင်မင်ရဲ့ ကိုကိုတို့မောင်မောင်တို့က သိပြီးသားဖြစ်မှာပါ။
မင်မင်ကသာ ပြန်ပြီးမှတ်မိသွားအောင်
လိုက်ပြီးသတိပေးတဲ့အနေနဲ့ ဒီအကြောင်းအရာလေးကို တင်ဆက်ပေးရခြင်းဖြစ်ပါတယ်ရှင့်

👍အိုကေပြီဆို ဆက်သွားလိုက်ကြရအောင်....

🔶အသိသာဆုံးအချက်တွေအနေနဲ့ကတော့

✅မင်မင့်ရဲ့ ကိုကိုတို့မောင်မောင်တို့ ကားမှန်မှာ ရေအစင်းကြောင်းလေးတွေ စထင်လာမယ်

✅ရော်ဘာသား‌လေးတွေကဆိုရင်လည်း စပြီး ပုံပျက်လာမယ်၊ ချိုင့်လာတဲ့အထိလည်းဖြစ်တတ်တယ်

✅တစ်ခါတလေမှာဆို ကိုင်းတွေချောင်နေပြီး တ(ကျွီ...ကျွီ)နဲ့ အသံတွေပါမြည်လာတတ်သေးတယ်နော်
(အဲ့လိုဖြစ်လာရင် ကိုကိုတို့မောင်မောင်တို့ Wiper တွေရဲ့ ဖိအားတွေမညီညာတော့ဘူးပေ့ါ)

✅အဲ့လိုဆိုရင် မှန်မှာရေတွေပြောင်မှာမဟုတ်သလို၊ ဖုန်နဲ့အညစ်အကြေးတွေလည်း မပြောင်တော့ဘူးနော် အဲ့ဒါကော သိရဲ့လား...⁉️

✅ထပ်ပြောပြရဦးမယ်... ဒီထက်ပိုဆိုးလာရင် ကိုင်းတွေမှာ သံချေးတွေတက်မယ်

✅မင်မင်ဆို Wiper Blade အသားလေးတွေ အက်ကွဲပြီး ပုံပျက်လာတဲ့အထိ ကြုံဖူးတယ်သိလား❓

🔶ဒါကြောင့် အဲ့လိုလက္ခဏာတွေ တစ်ခုခုဖြစ်လာပြီဆို Wiper တွေကိုလဲဖို့ မမေ့ရဘူးဆိုတာကို သေချာမှာချင်ပါတယ်ရှင့်။
အဲ့ဒါကိုမှ မင်မင့်စကားကို လျစ်လျူရှုပြီး နားမထောင်ရင်တော့ ကိုကိုတို့မောင်မောင်တို့ရဲ့ တန်ဖိုးရှိတဲ့ကားလေးတွေပဲ နစ်နာရမှာလေနော်။

🔶အဲ့တော့ မင်မင့်ကိုချစ်ခင်တယ်ဆိုရင် စကားနားထောင်ပြီး အခုပဲ ကိုကိုတို့မောင်မောင်တို့ကားရဲ့ Wiper တွေကို စစ်ဆေးကြည့်ဦးနော် ...

👋👋👋တာ့တာ... နောက်နေ့မှ ပြန်တွေ့ကြမယ်😍


ကဲလာပြီဗျာ... ရှည်နေတဲ့အကြောတွေကို ဖြတ်ပြီး ဖြေစေချင်တဲ့ အကြောင်းအရာတွေကို အပြီးသတ်ဖို့ ချစ်ညီကိုတို့အတွက် အချိန်လေး ရော...
16/06/2023

ကဲလာပြီဗျာ... ရှည်နေတဲ့အကြောတွေကို ဖြတ်ပြီး ဖြေစေချင်တဲ့ အကြောင်းအရာတွေကို အပြီးသတ်ဖို့ ချစ်ညီကိုတို့အတွက် အချိန်လေး ရောက်ရှိလို့လာပြီ ခင်ဗျ။
🚘ဒီPost လေးမှာ ညီအကိုတို့ကားတွေနဲ့ Denso ရဲ့ ဘယ်Wiper Blade Series တွေကအသင့်တော်ဆုံးဖြစ်မလဲဆိုတာ ကြည့်ကြရအောင်...

✅DENSO Brand မှာWiper Blade အနေနဲ့ကတော့
▪️Conventional Blade
▪️Design Blade
▪️Rear Wiper Blade ဆိုပြီး အမျိုးအစား (၃)မျိုး ရွေးချယ်ဝယ်ယူနိုင်တာသိထားပြီးဖြစ်ပါတယ်။ အခုတစ်ခါ ဘယ် Wiper Blade Series ကဘယ်လိုအားသာချက်တွေရှိမလဲ? ဆိုတာဆက်ကြည့်လိုက်ရအောင်.............နော်။

▪️(၁)Conventional Blade Series
Conventional Blade Series Wiper တွေဟာဆိုရင် သံကိုင်းနဲ့ထုတ်လုပ်ထားပြီး Denso Conventional Standard (DCS-G) နဲ့ Denso Conventional Premium (DCP) ဆိုပြီး နှစ်မျိုးရှိပါတယ်။

Denso Conventional Standard (DCS-G) ဟာ လေခွင်းအားကောင်းမွန်တဲ့ Design နဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် Wipers တွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေပြီး ဘယ်မောင်းရော ညာမောင်းပါ ပြောင်းလဲတပ်ဆင်အသုံးပြုနိုင်တဲ့အတွက်ကြောင့် ကားမောင်းသူတွေ အမှန်တကယ် အကြိုက်တွေ့စေတဲ့ အမျိုးအစားတစ်မျိုးပဲဖြစ်ပါတယ်။

Denso Conventional Premium (DCP) ကတော့ Aerodynamic Design နဲ့ အသုံးပြုထုတ်လုပ်ထားပြီး ကိုယ်ပိုင်တံဆိပ်နဲ့ Customize ပြုလုပ်မှာယူနိုင်တဲ့အတွက် ကားထုတ်လုပ်သူတွေ အများဆုံးဝယ်ယူကြတဲ့ အမျိုးအစားပဲဖြစ်ပါတယ်။

▪️(၂)Design Blade Series
Design Blade Series Wiper တွေဟာဆိုရင် ကော်ကိုင်းနဲ့ထုတ်လုပ်ထားပြီး Denso Design Standard (DDS) နဲ့ Denso Design Premium (DDP) ဆိုပြီးနှစ်မျိုးရှိပါတယ်။

Denso Design Standard (DDS) ရဲ့ ထူးခြားတဲ့အားသာချက်ကတော့ လေကာမှန်ရဲ့ မျက်နှာပြင်ကို နေရာလပ်မရှိအောင် သေချာစီစစ်ထုတ်လုပ်ထားတဲ့အတွက် ဘယ်လိုရာသီဥတုမျိုးမှာမဆို အသုံးပြုရာမှာ တခြားသော Wiper Blade တွေထက် ကြည်လင်တဲ့မြင်ကွင်းကို ရရှိစေနိုင်မှာဖြစ်ပြီး ပေါ့ပါးကျစ်လစ်တဲ့ Body Type ကြောင့် မြင့်မားတဲ့စွမ်းဆောင်ရည်ကို အပြည့်အဝပေးစွမ်းနိုင်တဲ့ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။

Denso Design Premium (DDP) ရဲ့ အဓိကထူးခြားချက်ကတော့ Aerodynamic Design တွေထဲမှာမှ နောက်ဆုံးပေါ်ခေတ်မှီဆန်းသစ်တဲ့ နည်းပညာနဲ့ တီထွင်ထုတ်လုပ်ထားတာကြောင့် အရည်အသွေးပိုင်းမှာကော ဒီဇိုင်းပိုင်းမှာပါ အများနဲ့မတူအောင် တမူထူးခြားပြီး Premium အရသာကို အပြည့်အဝခံစားနိုင်မှာ အသေအချာပါပဲခင်ဗျ၊ နောက်ပြီး ကိုယ်ပိုင်တံဆိပ်နဲ့ (Customize) ပြုလုပ်မှာယူနိုင်တဲ့အတွက် High-end Level ကားထုတ်လုပ်သူတွေအတွက် လုံးဝ လက်မလွှတ်သင့်တဲ့ Wiper Blade အမျိုးအစားတစ်မျိုးလည်းဖြစ်ပါတယ်။

▪️(၃)Rear Wiper Blade
Rear Wiper Blade ကတော့ ကားအနောက်မှန်အတွက် အထူးပြုထုတ်လုပ်ထားတဲ့ အမျိုးအစားတစ်ခုပါ၊ Denso Brand ရဲ့ အားသာချက်တွေအတိုင်း Designပိုင်းမှာ ထူးခြားကောင်းမွန်ပြီး အရည်အသွေးပိုင်းမှာလည်း စွမ်းဆောင်ရည်ပြည့်ဝတာကြောင့် လူကြီးမင်းရဲ့ အနောက်ဘက်မြင်ကွင်းတွေကို အကြည်လင်ဆုံးနဲ့ အပြတ်သားဆုံး အကျိုးရလဒ်တစ်ခုကို အပြည့်အဝပိုင်ဆိုင်နိုင်မှာဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ကားအမျိုးအစားအလိုက် (DRA Type) နဲ့ (DRB Type) ဆိုပြီး အမျိုးအစားနှစ်မျိုးကိုလည်း ရွေးချယ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဥပမာအနေနဲ့ Honda၊ Nissan၊ Subaruလို ကားအမျိုးအစားတွေကတော့ DRA Type Wiper ကို အသုံးပြုနိုင်ပြီး Toyota၊ Daihatsu၊ Suzuki ကားအမျိုးအစားတွေကတော့ DRB Type Rear Wiper Blade တွေကို ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်ပါတယ်။
ဒီ Post ‌လေးကိုဖတ်ပြီး ညီအကိုတို့ရောDenso ရဲ့ ဘယ် Series ကိုအကြိုက်ဆုံးဖြစ်မလဲ?
✅Denso Wiper Bladeတွေကို မုဒုံမောင်မောင်ရဲ့ ကားပစ္စည်းအရောင်းစင်တာတွေမှာ ဝယ်ယူရရှိနိုင်တဲ့အကြောင်း သတင်းကောင်းလေးပါးအပ်ပါတယ်ခင်ဗျာ။

အရောင်းစင်တာ လိပ်စာတွေကတော့.....

🔹ဘုရင့်နောင်
ရုံ (B-47)၊ အခန်း(3,4,5,6)၊ အရှေ့မျက်နှာစာတန်း (အလယ်) ဘုရင့်နောင်စျေး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️Tel : 01-3681613, 01-3682547
▪️တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်သည်

🔹အောင်မင်္ဂလာ
အမှတ် (A1-5)၊ သီရိရတနာစျေး၊ သုဓမ္မာလမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎️Tel : 09-449991316, 09-449991317
▪️ဗုဒ္ဓဟူးနေ့တိုင်းဆိုင်ပိတ်သည်

🔹သုဝဏ္ဏ
အမှတ် (54)၊ သံသုမာလမ်း၊ (ဂ)ရပ်ကွက်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
☎️Tel : 09-269562660, 09-269562661
▪️တနင်္လာနေ့တိုင်းဆိုင်ပိတ်သည်

🔹စမ်းချောင်း
အမှတ် (47)၊ (1-A)၊ ကျွန်းတောလမ်း (ဖျာပုံလမ်းနှင့် မအူပင်လမ်းကြား)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
☎️Tel : 09-443093614,09-421142490
▪️သောကြာနေ့တိုင်းဆိုင်ပိတ်သည်

🔹နေပြည်တော်
အမှတ် (Pa-59,60)၊ ဘောဂသီရိကားကြီးဝင်း၊ နေပြည်‌တော်။
☎️Tel : 067-26211, 067-26355, 09-267938380
▪️ဥပုသ်နေ့တိုင်းဆိုင်ပိတ်သည်

🔹မန္တလေး
အမှတ် (218)၊ 29 လမ်း(81 နှင့် 82 လမ်းကြား)၊ မန္တလေးမြို့။
☎️Tel : 0240-23670, 09-441034459, 09-427132490
▪️ဥပုသ်နေ့တိုင်းဆိုင်ပိတ်သည်

🔹တောင်ကြီး
အမှတ် (5-A)၊ Zone A၊ Taunggyi Business Center (4 မိုင်) တောင်ကြီး-ဟိုပုံးလမ်း၊ တောင်ကြီးမြို့။
☎️Tel : 09-895535298, 09-895535299
▪️ဥပုသ်နေ့တိုင်းဆိုင်ပိတ်သည်

🔹မုံရွာ
အမှတ်(1/19)၊ ပြည်ထောင်စုလမ်း၊ အောင်မင်္ဂလာရပ်၊ မုံရွာမြို့။
☎️Tel : 09-420889996, 09-420889997
▪️ဥပုသ်နေ့တိုင်းဆိုင်ပိတ်သည်

🔹ပြည်
အမှတ်(1,2,3)၊ ရန်ကုန်-ပြည်လမ်း၊ ရိုးမဘဏ်‌ရှေ့၊ ပြည်မြို့။
☎️Tel : 09-898997971,053-24814, 053-27810
▪️ပိတ်ရက်မရှိဆိုင်ဖွင့်သည်

“သင်နှင့် သင့်မိသားစု အနာဂါတ်ခရီးလမ်းတိုင်းမှာ လုံခြုံ စိတ်ချ အဆင်ပြေချောမွေ့စေဖို့ Denso ကိုသာရွေးချယ်စို့”👍👍👍


13/06/2023

Address

Block(B-47), Room (3, 4, 5, 6), Bayint Naung Main Road, Bayint Naung Market, Mayangon Township
Yangon

Opening Hours

Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00
Saturday 08:30 - 18:00

Telephone

+959887887708

Alerts

Be the first to know and let us send you an email when Mudon Maung Maung Auto Parts Sale Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mudon Maung Maung Auto Parts Sale Center:

Share