WHK - Since 1997

WHK - Since 1997 WHK is a business that import and distribute automobile spare parts since 1997. WHK has established

February Born ဝန်ထမ်းများအတွက် W.H.K Co.,Ltd မှ ​နွေး​​ထွေးစွာ ကျင်းပ​ပေး​သော ​မွေး​နေ့ပွဲ​လေး...💞💞💞💞💞
24/02/2023

February Born ဝန်ထမ်းများအတွက် W.H.K Co.,Ltd မှ ​နွေး​​ထွေးစွာ ကျင်းပ​ပေး​သော ​မွေး​နေ့ပွဲ​လေး...💞💞💞💞💞

၂၀၂၂ ခုနှစ်တွင် ရုံးတက်အမှန်ဆုံး (ပျက်ရက်မရှိ) ဝန်ထမ်းဆုအတွက် Warehouse ဌာနမှ ဦးဆန်းတင့်အား လစာ၏ တစ်လစာကို ဆုငွေချီးမြင...
12/01/2023

၂၀၂၂ ခုနှစ်တွင် ရုံးတက်အမှန်ဆုံး (ပျက်ရက်မရှိ) ဝန်ထမ်းဆုအတွက် Warehouse ဌာနမှ ဦးဆန်းတင့်အား လစာ၏ တစ်လစာကို ဆုငွေချီးမြင့်ခြင်း📧🎊🎉🎏🎈

ဇွန်လအတွက် ကံထူးရှင်ဝန်ထမ်း၅ဦးတို့အား W.H.K Co.,Ltd မှ ဆုကြေးငွေများ ချီးမြင့်ပေးအပ်ခဲ့ခြင်း အမှတ်တရများအားလုံးပဲ Congra...
09/07/2022

ဇွန်လအတွက် ကံထူးရှင်ဝန်ထမ်း၅ဦးတို့အား W.H.K Co.,Ltd မှ ဆုကြေးငွေများ ချီးမြင့်ပေးအပ်ခဲ့ခြင်း အမှတ်တရများ

အားလုံးပဲ Congratulationsပါ🎉🎉

ယနေ့ ၁၈.၀၄.၂၀၂၂ (မြန်မာနှစ်ဆန်း ၂ရက်)မှ စတင်၍ ရုံးပြန်လည် ဖွင့်လှစ်ပြီဖြစ်ကြောင်း အသိ​ပေးအကြောင်းကြား အပ်ပါသည်။ထို့ ကြော...
18/04/2022

ယနေ့ ၁၈.၀၄.၂၀၂၂ (မြန်မာနှစ်ဆန်း ၂ရက်)မှ စတင်၍ ရုံးပြန်လည် ဖွင့်လှစ်ပြီဖြစ်ကြောင်း အသိ​ပေးအကြောင်းကြား အပ်ပါသည်။

ထို့ ကြောင့် ချစ်ခင်လေးစားရသော Customerများ အနေဖြင့် ပုံမှန်အတိုင်း သိလိုသည်များကို Page Messengerမှတစ်ဆင့်မေးမြန်းနိုင်ပြီး Orderများ ပြန်တင်နိုင်ပါပြီ ခင်ဗျာ...

မြန်မာ့ရိုးရာ နှစ်ကူးချိန်ခါတွင်စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အခက်အခဲ၊ အကြပ်အတည်းများ အားလုံးမှကင်းဝေးပြီး ကိုယ်၊စိတ်...
08/04/2022

မြန်မာ့ရိုးရာ နှစ်ကူးချိန်ခါတွင်
စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အခက်အခဲ၊ အကြပ်အတည်းများ အားလုံးမှကင်းဝေးပြီး ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း
W.H.Kကုမ္ပဏီ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏🙏

**သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်အဖြစ် (ဧပြီလ ၉ရက်နေ့ မှ ဧပြီလ ၁၇ရက်နေ့ အထိ) ရုံးပိတ်ထားမည် ဖြစ်ပြီး ဧပြီလ ၁၈ရက်နေ့တွင် ရုံးပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

စစ်တမ်းတွေအရ လူကြိုက်များတဲ့ ကားအရောင်တွေဟာ အဖြူ၊ အမည်း၊ မီးခိုးနဲ့ ငွေရောင်တို့ဖြစ်ပါတယ်။လူကြိုက်အနည်းဆုံး ကားအရောင်ကရေ...
30/03/2022

စစ်တမ်းတွေအရ လူကြိုက်များတဲ့ ကားအရောင်တွေဟာ အဖြူ၊ အမည်း၊ မီးခိုးနဲ့ ငွေရောင်တို့ဖြစ်ပါတယ်။

လူကြိုက်အနည်းဆုံး ကားအရောင်ကရော ဘာဖြစ်မလဲ ခန့်မှန်းပေးပါဦးနော်...


ဆီစျေးတွေ တက်လာတဲ့ ကာလအပိုင်းအခြားတစ်ခုမှာ ဆီစားနှုန်းသက်သာအောင် ဘယ်နည်းလမ်းတွေ အသုံးပြုမလဲဆိုတာ ကားသမားတိုင်း ဖြေရှင်းရ...
25/03/2022

ဆီစျေးတွေ တက်လာတဲ့ ကာလအပိုင်းအခြားတစ်ခုမှာ ဆီစားနှုန်းသက်သာအောင် ဘယ်နည်းလမ်းတွေ အသုံးပြုမလဲဆိုတာ ကားသမားတိုင်း ဖြေရှင်းရမယ့် ပုစ္ဆာတစ်ပုဒ်လို ဖြစ်လာပါတယ်။

ဆီစားနှုန်း သက်သာအောင် အောက်ကအချက်လေးတွေက ကူညီပေးနိုင်ပါတယ်...

1️⃣ မြန်နှုန်းကန့်သတ်ချက်ကို လိုက်နာပါ

ကားကို မြန်မြန်မောင်းလေ၊ ဆီပိုကုန်လေပါပဲ။ လီဗာကို ခပ်ကြမ်းကြမ်းနင်းပြီး ရုတ်တရက် အရှိန်မြင့်မောင်းနှင်တာမျိုးက စက်သုံးဆီ ဆုံးရှုံးမှုကို ပိုများသွားစေနိုင်ပါတယ်။ ဒါကြောင့် သတ်မှတ်မြန်နှုန်းအတိုင်း မောင်းနှင်ခြင်းဟာ အကောင်းဆုံးပါပဲ။

မြန်မြန်မောင်းရင် စက်သုံးဆီစရိတ်အပြင် ယဥ်ထိန်းရဲအဖမ်းခံရပြီး ဒဏ်ကြေးပါ ထပ်ရိုက်ခံရနိုင်တာကို သတိပြုပါနော်

2️⃣ မလိုအပ်ဘဲ ဘရိတ်မသုံးပါနဲ့

ဘရိတ်က ယာဥ်မတော်တဆမှုဖြစ်နိုင်ခြေကို တားဆီးဖို့ အလိုအပ်ဆုံး အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် ဘရိတ်ခန ခန သုံးတာကလည်း ဆီကုန်ကျမှု ပိုများစေပါတယ်။ ဘရိတ်သုံးပြီးတိုင်း ကားရဲ့အရှိန်ကို လီဗာနင်းပြီး ပြန်တင်ရတာကြောင့်ပါ။

ရှေ့မှာရှိတဲ့ အခြားကားနဲ့ သင့်တော်တဲ့ အကွာအဝေးလောက်ခွာပြီး မောင်းနှင်ခြင်းက ဒီပြဿနာကို အတိုင်းအတာတစ်ခုထိ ရှောင်လွှဲစေနိုင်ပါတယ်။

3️⃣ စက်သတ်ထားပါ

ကားကိုရပ်နားထားတဲ့အချိန်မျိုးမှာ စက်နှိုးထားတာကလည်း လောင်စာဆီ လေလွင့်မှုကို ဖြစ်စေနိုင်ပါတယ်။ ကားမောင်းမနေရင်တောင် ကားစက်နှိုးထားတဲ့အတွက် အင်ဂျင်က အလုပ်လုပ်ပြီး စွမ်းအင်ကို အသုံးပြုနေမှာပါ။

တစ်ခုခုကို အချိန်ကြာကြာစောင့်ရဖို့ သေချာပြီဆိုတာနဲ့ ကားစက်ကို လုံးဝသတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။

4️⃣ အင်ဂျင်ကြံ့ခိုင်မှု ကောင်းမွန်ပါစေ

ပုံမှန် ချောချောမွေ့ မွေ့ လည်ပတ်နေတဲ့ အင်ဂျင်ဟာ ဆီစားပိုသက်သာပါတယ်။ ဆီသန့်စင်စနစ် ကောင်းမွန်တဲ့အခါမှာလည်း အင်ဂျင်ရဲ့ ဆီစားနှုန်းကို လျော့နည်းစေပါတယ်။

အင်ဂျင်ဝိုင်နဲ့ အခြားလိုအပ်ချက်တွေကို ပုံမှန်စစ်ဆေးပြီး အင်ဂျင်ရဲ့ ကြံ့ခိုင်မှုကို အကောင်းဆုံးအနေအထားရှိနေအောင် ထိန်းသိမ်းထားသင့်ပါတယ်။

5️⃣ အဲကွန်းလျော့သုံးပါ

အဲကွန်းဟာ ကားတစ်စီးရဲ့ ဆီအစားဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။ ဒါကြောင့် အဲကွန်း လျော့သုံးလေ၊ ဆီစားသက်သာလေပါပဲ။ အခုလိုကာလမှာတော့ သဘာဝလေ သည်သာ အကောင်းဆုံးဖြစ်နေပြီပေါ့ဗျာ

6️⃣ လမ်းကြောင်းရွေးချယ်မှု မှန်ကန်ပါစေ

ကားကြပ်တဲ့လမ်းကြောင်းကို ရွေးချယ်မိရင်‌တော့ ဆီရော အချိန်ရော ကုန်ဖို့သေချာပါပြီ။

လမ်းကြောင်းကျွမ်းကျင်မှု နဲ့ Google Mapလို လမ်းညွန်စနစ်တွေကို သုံးစွဲခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။

ဒါကတော့ ဆီစားနှုန်းသက်သာစေဖို့ နည်းလမ်းလေးတွေပါ။ မိတ်ဆွေတို့မှာ ဆီစားနှုန်းသက်သာဖို့ အခြားနည်းလမ်းလေးတွေ ရှိရင်လည်း Commentမှာ မျှဝေပေးသွားပါဦး...

ပျှမ်းမျှအားဖြင့် ကားတစ်စီးမှာ အစိတ်အပိုင်းပေါင်း ၃၀,၀၀၀ခန့် ပါဝင်ပါတယ်။ ထိုအရေအတွက်ဟာ အကြမ်းဖျဥ်း အရေအတွက်ဖြစ်ပြီး အသေး...
22/03/2022

ပျှမ်းမျှအားဖြင့် ကားတစ်စီးမှာ အစိတ်အပိုင်းပေါင်း ၃၀,၀၀၀ခန့် ပါဝင်ပါတယ်။ ထိုအရေအတွက်ဟာ အကြမ်းဖျဥ်း အရေအတွက်ဖြစ်ပြီး အသေးဆုံးအစိတ်အပိုင်းတွေဖြစ်တဲ့ Screwတွေ, nutတွေကိုပါ ထည့်တွက်ထားခြင်းဖြစ်ပါတယ်။

မိတ်ဆွေတို့ သိတဲ့ကားအစိတ်အအပိုင်းလေးတွေကိုလည်း Comment မှာ မျှ‌‌‌ဝေပေးသွားပါဦးနော်


W.H.K Co., Ltd မှ တင်သွင်းရောင်းချသည့်ကားပစ္စည်းများနှင့် ပတ်သတ်ပြီး စုံစမ်း မေးမြန်းလိုပါက အရင်အတိုင်း Page Messenger မ...
21/03/2022

W.H.K Co., Ltd မှ တင်သွင်းရောင်းချသည့်ကားပစ္စည်းများနှင့် ပတ်သတ်ပြီး စုံစမ်း မေးမြန်းလိုပါက အရင်အတိုင်း Page Messenger မှတဆင့် စုံစမ်းနိုင်ပါပြီ။

Orderတင်လိုသည့် ပစ္စည်းများရှိပါက
📞 09-43549888
📞 09-43509888
📞 09-43229888 သို့ဆက်သွယ်နိုင်ပါတယ်။

(UNICODE)Foton Auman TX truck ရဲ့ Head Lamp ရပါပြီ။လိုအပ်ပါက 09-443259888 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။...(ZAWGYI...
05/08/2020

(UNICODE)
Foton Auman TX truck ရဲ့ Head Lamp ရပါပြီ။လိုအပ်ပါက 09-443259888 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။...
(ZAWGYI)
Foton Auman TX truck ရဲ့ Head Lamp ရပါၿပီ။လိုအပ္ပါက 09-443259888 ကိုဆက္သြယ္စုံစမ္းေမးျမန္းႏိုင္ပါသည္။...

(UNICODE)အင်ဂျင်ဝိုင်အကြောင်းနဲ့ အင်ဂျင်ဝိုင်ဘယ်လိုလဲမလဲ ?အင်ဂျင်ဝိုင်ဆိုတာ အင်ဂျင်ရဲ့ သွေးပမာ ဖြစ်ပါတယ်။ အင်ဂျင် အစိတ်အ...
28/07/2020

(UNICODE)
အင်ဂျင်ဝိုင်အကြောင်းနဲ့ အင်ဂျင်ဝိုင်ဘယ်လိုလဲမလဲ ?
အင်ဂျင်ဝိုင်ဆိုတာ အင်ဂျင်ရဲ့ သွေးပမာ ဖြစ်ပါတယ်။ အင်ဂျင် အစိတ်အပိုင်းများ လှုပ်ရှားရာတွင် တစ်ခုနဲ့ တစ်ခု ပွတ်တိုက်စားခြင်း မဖြစ်ရအောင် ကာကွယ်ပေးတဲ့အပြင် အင်ဂျင်မှ အညစ်အကြေးများကိုလည်း ရှင်းပေးပါတယ်။

အင်ဂျင်အတွင်း ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုမှ ထွက်လာတတ်လေ့ရှိတဲ့ ပအညစ်အကြေးများဖြစ်တဲ့ ဆီလီကွန်အောက်ဆိုဒ်နဲ့ အက်ဆက်များကို ဆီအတွင်းပျော်ဝင်စေပြီး အင်ဂျင်အတွင်းအခန်းတွင်းကနေ ဖယ်ရှားပေးပါတယ်။ ဒီအပြင် အင်ဂျင် စုပ်ယူသည့်လေတွင် ပါလာတဲ့ ဖုန်စ မျှင်မျှင်လေးများကိုလည်း ရှင်းလင်းပေးပါတယ်။

တစ်ဖက်က သန့်ရှင်းမှု ဖြစ်စေတဲ့အပြင် အခြား တစ်ဖက်ကလည်း သူကိုယ်တိုင် ချေးအဖြစ် ချိုးကပ်ပါတယ်။ အင်ဂျင်ဝိုင်အတွင်း ပါဝင်နေတဲ့ ဓာတု ပစ္စည်း အချို့ဟာ အင်ဂျင် အတွင်းခန်းထဲက မြင့်မားတဲ့ အပူချိန်ကြောင့် ပြိုကွဲပြီး ညှိမည်းမည်း များအနေနဲ့ အင်ဂျင် အသားမှ တွယ်ကပ်လေ့ရှိပါတယ်။ အထူးသဖြင့် ရေနံထွက်ပစ္စည်းများမှ ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်များမှာ အဖြစ်များပါတယ်။

အင်ဂျင် ဝိုင်ကို ထုတ်လုပ်ပုံအရ နှစ်မျိုးခွဲခြားနိုင်ပါတယ်။ တစ်မျိုးကတော့ ရေနံမှ ထုတ်ယူတဲ့ အင်ဂျင်ဝိုင်ဖြစ်ပြီး Mineral ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ဓာတုဗေဒဓာတ်ခွဲခန်းမှ ထုတ်လုပ်တဲ့ အင်ဂျင်ဝိုင်ဖြစ်ပြီး Synthetic အမျိုးအစား ဖြစ်ပါတယ်။ ဒီနှစ်မျိုးကို ရောစပ်ထုတ်လုပ်ထားတဲ့ ဟာကိုတော့ Premium အမျိုးအစားလိုခေါ်ပါတယ်။

အင်ဂျင်ဝိုင်အဟောင်းကို ဖောက်ချပြီး အသစ်လဲတဲ့အခါ အဟောင်းကို ဖောက်ထုတ်ပြီးချိန်မှာ အင်ဂျင်အတွင်းကို ဆေးကြောဖို့အတွက် သီးသန့်ထုတ်ပေးထားတဲ့ အင်ဂျင်ဝိုင်ရှိပါတယ်။ Flushing oils လို့ခေါ်ပါတယ်။ 0W/20 လို့လည်း လူသိများပါတယ်။ သူက အင်ဂျင်ဝိုင်မျိုးနွယ်ဖြစ်ပေမဲ့ အင်ဂျင်ဆေးဖို့အတွက်သာဖြစ်ပြီး ကားမောင်းနှင်တဲ့အခါမှာ သုံးလို့မရပါဘူး။

လဲမဲ့ ဆီအဟောင်းကို ဖောက်ထုတ်ပြီးတဲ့အခါ ဆေးကြောဆီကို ဖြည့်ပြီး ကားစက်ကို မီနစ် (၂၀) ခန့် နှိုးထားရပါတယ်။ ပြီးမှ စက်သတ်ပြီး ဆေးကြောဆီကို ဖောက်ချလိုက်မယ်ဆိုရင် ဆီမှာ ချေးတွေ ပါလာမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဆီစစ်အဟောင်းကို အသစ်ဖြင့် လဲပြီး ဆီအသစ်ကို ထည့်ရပါမယ်။

ဆေးကြောဆီအစား ဒီဇယ်အင်ဂျင်အတွက် ထုတ်ထားသော အင်ဂျင်ဝိုင်ဖြင့်လည်း ဆေးကြောနိုင်ပါတယ်။ အကုန်အကျ ချွေတာလိုရင် ဒီဇယ်ဆီဖြင့် ဆေးကြောနိုင်ပါတယ်။ ဒါပေမဲ့ ဆေးကြောဆီလောက် ထိရောက်မှု ရှိမှာတော့ မဟုတ်ပါဘူး။

ဆီအသစ်လဲပြီးတဲ့အခါ မိုင်တစ်ရာခန့်မောင်းပြီးချိန်မှာ ဆီရဲ့ မူလအရောင်ဖြစ်တဲ့ ရွှေအိုရောင်ကနေ မည်းညစ်အရောင်ကို ပြောင်းသွားရင် တစ်မျိုးမထင်ပါနဲ့။ ထည့်လိုက်တဲ့ အင်ဂျင် ဝိုင်က သူလုပ်၇မဲ့ သန့်ရှင်းရေးအလုပ်ကို တာဝန်ယူ လုပ်ဆောင်တာကြောင့် အခုလို အရောင်ပြောင်းတာလို့ မှတ်ယူနိုင်ပါတယ်။အရောင်မပြောင်းရင်သာ ပြသနာလို ယူဆရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆီအရောင်ပြောင်းတိုင်းသာ ဆီအသစ်လဲနေရရင် မွဲဖို့သာရှိပါတယ်။

ဆီလဲတိုင်းဆီစစ်ကိုလည်း လဲရမှာ ဖြစ်ပါတယ်။ အင်ဂျင်ဝိုင်က အင်ဂျင်ထဲက အညစ်အကြေားများကို သယ်ထုတ်လာပြီး ဆီစစ်ကို ဖြတ်ပါတယ်။. ဆီစစ်က အညစ်အကြေားများကို တတ်နိုင်သမျှစစ်ယူထားပါတယ်။ တကယ်လို ဆီကိုသာလဲပြီး ဆီစစ်ကို မလဲပါက အညစ်အကြေးတွေကို ဆီအသစ်တွေက ယူသွားမှာ ဖြစ်ပါတယ်။

ဆီစစ်က ဆီကို သန့်အောင် ပြုပေးရမဲ့အစား ဆီအသစ်ဖြင့် ဆီစစ်အဟောင်းကို သန့်အောင် ဆေးပေးနေသလို ဖြစ်ပါတယ်။ဆီလတြဲ့အခါ ဆီဖြည့်လိုက် တိုင်းလိုက်လုပ်ပြီး စိတ်ရှည်ရှည်ဖြင့် ဖြည့်ရန် လိုပါတယ်။ ဆီတိုင်းတံမှာ ပြသထားတဲ့ အမြင့်ဆုံးအမှတ်အသားထက် မကျော်စေရန် ဂရုစိုက်ပါ။ မလောပါနဲ့။

အင်ဂျင်ဝိုင်တိုင်းတော့မယ်ဆိုရင်

ကားဟာ ရေပြင်ညီအတိုင်းရပ်ထားရပါမယ်။ ဖြစ်စေချင်တာကတော့ အင်ဂျင် အောက်ခံခွက်ဟာ ရေပြင်ညီအတိုင်းရှိရမှာ ဖြစ်ပါတယ်။ ကားစက်သည် အေးနေရပါမယ်။ စက်သတ်ထားတာ တော်တော်လေးကြာမှာ တိုင်းရမှာ ဖြစ်ပါတယ်။ အဲလိုလုပ်မှသာ အပေါ်ကို တက်နေတဲ့ ဆီများ အောက်ခံခွက်ထဲ ပြန်ရောက်နေမှာ ဖြစ်ပါတယ်။ ဆီပမာဏအမှန်ကို တိုင်းတာ သိရှိမှာ ဖြစ်ပါတယ်။

ဆီပိုလျှံသွားပါက စက်နှိုးတဲ့အခါ ဆီပန့်က ဆီကို ဆွဲယူပြီး တွန်းတင်ပေးပါတယ်။ အဒြီအခါ ဆီပမာဏက များနေသဖြင့် ဖိအား ပိုပါတယ်။ ဝိုင်ဆီးများကို သွားဆောင့်ပါတော့တယ်။ ပန်ကာပူလီဘက်မှ ဝိုင်ဆီးထိခိုက်သွားရင် အပြင်ကို ဆီစိမ့်ယိုနေမှာ ဖြစ်ပါတယ်။ ဂီယာအုံနဲ့ တွဲထားသော နေရာရှိ ဝိုင်ဆီးများကိုလည်း ဆောင့်ပါတယ်။တကယ်လို ဝိုင်ဆီး ထိခိုင်သွားရင် ဂီယာအုံဆီကို အင်ဂျင်ဝိုင်များ ရောက်သွားပါတယ်။ အဲဒီအခါ ကလပ်ပလိတ်ကို ဆီဆွတ်ပေးလိုက်သလို ဖြစ်ပြီး ကလပ်ချော်တတ်ပါတယ်။

အောက်ခံခွက်ရဲ့ ဆီအမြင့်ဆုံးနေရာသည် ကရိုင်းရှပ်နဲ့ အလွန်နီးကပ်နေပါတယ်။ ဆီပိုလျှံတဲ့အခါ ကရိုင်းရှပ်က ဆီထဲ မမြုပ်တစ်မြုပ်ဖြစ်နေပါတယ်။ စက်လည်တဲ့အခါ ရှပ်က လည်ပြီး ဆီကို လှုပ်ပေးပြီး အမြုပ်ထစေပါတယ်။ ကော်ဖီကို ဇွန်းနဲ့ ခလောက်တဲ့အခါ ထွက်လာတဲ့ အမြုပ်ပုံစံမျိုး ဖြစ်ပါတယ်။ လေပူစီပေါင်းကလေးများ ဆီထဲရောက်ကုန်ပါတယ်။ အင်ဂျင်တွင် လေပွနေသလို ဖြစ်ရင်မကောင်းပါ။ ဘယ်ရင်ကို ပျက်စီးစေပါတယ်။ စက်ပူလာတဲ့အခါ ဆီညော်န့ထွက်တတ်ပါတယ်။ ပစ်စတင်ရင်းများကိုပါ ထိခိုက်စေတတ်ပါတယ်။ လေပွဆီဟာ လေရဲ့ အကူအညီနဲ့ အင်ဂျင်အတွင်းခန်းကို စိမ့်ဝင်ပြီး ကားအိတ်ဇောမှ ထွက်တဲ့ မီးခိုးနဲ့အတူ ပါသွားပါတယ်။ ဒါကြောင့် ဆီတိုင်းတံရဲ့ အနိမ့်ဆုံး L အမှတ်ထက် နည်းနည်းပါးပါး ကျော်ရုံမျှ ထည့်ပေးသင့်ပါတယ်။

နောက်ပြီး ဒီဇယ်အင်ဂျင် အတွက်ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်ကို ဓာတ်ဆီ အင်ဂျင်တွင် မသုံးရပါဘူး။

ဒီလိုပဲ ဓာတ်ဆီ အင်ဂျင်အတွက် ထုတ်ထားတဲ့ အင်ဂျင်ဝိုင်ကို ဒီဇယ်အင်ဂျင်မှာ မသုံးရပါဘူး။ ဒီဇယ် အင်ဂျင်ဟာ ဓာတ်ဆီအင်ဂျင်ထက် ဖိအားပိုများပါတယ်။ ပိုလည်း ပူပါတယ်။ ဒီလို အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး ဒီဇယ်အင်ဂျင်ကို ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီဇယ် အင်ဂျင်တွေဟာ အညစ်အကြေး ပိုထွက်လေ့ရှိတာကြောင့် သူအတွက် ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင်မှာ ကြေးချွတ်ဆေးများကို ထည့်ပေးထားလေ့ရှိတာ ကြောင့် ဖြစ်ပါတယ်။

အင်ဂျင်ဝိုင်လဲတဲ့အခါ စနစ်တကျလုပ်ဆောင်ရမဲ့ အဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁- ဆီဖောက်လဲရန်အတွက် လိုအပ်တဲ့အရာများ အားလုံးကို အသင့်ရှိအောင် လုပ်ထားပါ။
၂- အသစ်တပ်ဆင်မဲ့ ဆီစစ်ထဲကို အင်ဂျင်ဝိုင် အသစ်ကို လောင်းဖြည့်ပါ။ အတွင်းမှ ဆီစစ်စက္ကူဆီဝအောင် စုပ်ဖို့ ထားထားလိုက်ပါ။
၃- စက်နိူးပါ။ ၅ မိနစ်ဝန်းကျင် နိူးထားပြီးမှ စက်သတ်ပါ။ ဆီနွှေးတာ ဖြစ်ပါတယ်။ ဆီနွှေးနေမှ ဆီအစီးသွက်ပါတယ်။
၄- ၁၀မိနစ်စောင့်ပါ။ ဆီနွှေးစဉ်ဆီများ အပေါ်တက်သွားပါတယ်။ အောက် ပြန်ရောက်အောင် စောင့်ခိုင်းခြင်း ဖြစ်ပါတယ်။
၅- ဆီတိုင်းတံကို နှုတ်ယူထားပါ. လေလုံနေရင် လေဟာနယ် ဖြစ်ပြီး ဆီအဆင်းနှေးစေပါတယ်။ ဆီဖြည့်တဲ့ အဖုံးကိုလည်း ဖွင့်ထားလိုက်ပါ။ အဝတ်စသန့်သန့်ကို ဖွဖွလုံးပြီး အပေါက်ကို ပိတ်ဆို့ထားလိုက်ပါ။
၆- ဆီဖောက်ထုတ်တဲ့ အပေါက်အောက်တွင် ဆီခဲမဲ့ ဇလားကို နေရာချပါ။ ပုံးဖြင့် ခံလိုက်ရင် ကတော့ အဝကျယ်ကျယ် ဖြင့် တစ်ဆင့်ခံပြီး သုံးနိုင်ပါတယ်။
၇- ဆီဖောက်ထုတ်တဲ့ အပေါက်ကို လက်ချောင်းဖြင့် လှည့်သာတဲ့အထိ ခွဖြင့် လှည့်ပြီး ချောင်လိုက်ပါ. လက်ချောင်းဖြင့် ဖြည်းဖြည်းလှည့်ဖွင့်ပြီး အဆို့ကို ဖယ်လိုက်ပါ.
၈-ဆီမည်းမည်းများစီးကျလာပြီး အားလုံးကုန်တဲ့အထိ စောင့်ပါ။
၉-အဆို့ပလပ်မှ ဝါရှာအခြေအနေကို စစ်ဆေးပါ။ စိတ်မချရင် အသစ်လဲပါ။ လက်ဖြင့်လှည့်ပြီး အဆို့ကို ပြန်တပ်ပါ။ ကျပ်သွားတဲ့အခါ ဂွကို အသုံးပြုပြီး ထပ်ကြပ်ပါ။ တစ်အားကြီး မကြပ်ပါနဲ့။ အရစ်ပြုန်းတတ်ပါတယ်။
၁၀- ဆီစစ်ဖြုတ်တဲ့ကရိယာနဲ့ ဆီစစ်ကို လှည့်ဖြုတ်ပါ။ ချောင်သွားတဲ့အခါ လက်ဖြင့် လှည့်ပြီး ဆက်ဖြုတ်ပါ။ တပ်ဆင်တဲ့ နေရာတစ်ဝိုက်ရှိ ဆီအဟောင်းများကို အဝတ်စုတ်ဖြင့် သုတ်ပါ။
၁၁-ဆီဖြည့်ထားတဲ့ ဆီစစ်အသစ်ထဲမှ ဆီများကို အင်ဂျင်ရဲ့ ဆီဖြည့်ပေါက်ထဲကို လောင်းထည့်ပါ။ ပြီးနောက် ဆီစစ်အသစ်ကို တပ်ပါ။
၁၂- ဆီခံထားတဲ့ ဇလားကို ဖယ်ပါ။ အဆို့တစ်ဝိုက်ပေကျံနေတဲ့ ဆီများကို အဝတ်ဖြင့် သုတ်ပါ။
၁၃-ဆီတိုင်းတံကို နေရာတကျပြန်ထားပါ
၁၄-ဆီထည့်ပေါက်မှ ဆီလောင်ထည့်ပါ။ အဖုံးပြန်ဖုံးပါ။
၁၅- ၁၀ မိနစ်အကြာတွင် ဆီတိုင်းကြည့်ပါ။ လိုနေရင် ထပ်ဖြည့်ပါ။ ပိုနေရင် ပြန်ဖောက်ချပါ။
၁၆-စက်ကို နိူးလိုက်ပြီး ဒက်ရှ် ဘုတ်မှ ဆီကရား သင်္ကေတ မီးလင်းနေရာမှ မှိတ်သွားရင် စက်သတ်ပါ။
ခဏစောင့်ပြီးမှ စက်ပြန်နိူးပါ။ ၅ မိနစ်ခန့် ဆက်တိုက်နိူးထားပါ။ စက်ပြန်သတ်ပြီးရင် ဆီလဲခြင်းကိစ္စပြီးဆုံးပြီး ဖြစ်ပါတယ်။

Credit; CG GPS Myanmar

(ZAWGYI)
အင္ဂ်င္၀ိုင္အေၾကာင္းနဲ႔ အင္ဂ်င္၀ိုင္ဘယ္လိုလဲမလဲ ?
အင္ဂ်င္၀ိုင္ဆိုတာ အင္ဂ်င္ရဲ႕ ေသြးပမာ ျဖစ္ပါတယ္။ အင္ဂ်င္ အစိတ္အပိုင္းမ်ား လႈပ္ရွားရာတြင္ တစ္ခုနဲ႔ တစ္ခု ပြတ္တိုက္စားျခင္း မျဖစ္ရေအာင္ ကာကြယ္ေပးတဲ႔အျပင္ အင္ဂ်င္မွ အညစ္အေၾကးမ်ားကိုလည္း ရွင္းေပးပါတယ္။

အင္ဂ်င္အတြင္း ျဖစ္ေပၚလာတဲ႔ ေပါက္ကြဲမႈမွ ထြက္လာတတ္ေလ႔ရွိတဲ႔ ပအညစ္အေၾကးမ်ားျဖစ္တဲ႔ ဆီလီကြန္ေအာက္ဆိုဒ္နဲ႔ အက္ဆက္မ်ားကို ဆီအတြင္းေပ်ာ္၀င္ေစၿပီး အင္ဂ်င္အတြင္းအခန္းတြင္းကေန ဖယ္ရွားေပးပါတယ္။ ဒီအျပင္ အင္ဂ်င္ စုပ္ယူသည္႔ေလတြင္ ပါလာတဲ႔ ဖုန္စ မွ်င္မွ်င္ေလးမ်ားကိုလည္း ရွင္းလင္းေပးပါတယ္။

တစ္ဖက္က သန္႔ရွင္းမႈ ျဖစ္ေစတဲ႔အျပင္ အျခား တစ္ဖက္ကလည္း သူကိုယ္တိုင္ ေခ်းအျဖစ္ ခ်ိဳးကပ္ပါတယ္။ အင္ဂ်င္၀ိုင္အတြင္း ပါ၀င္ေနတဲ႔ ဓာတု ပစၥည္း အခ်ိဳ႕ဟာ အင္ဂ်င္ အတြင္းခန္းထဲက ျမင္႔မားတဲ႔ အပူခ်ိန္ေၾကာင္႔ ၿပိဳကြဲၿပီး ညိွမည္းမည္း မ်ားအေနနဲ႔ အင္ဂ်င္ အသားမွ တြယ္ကပ္ေလ႔ရွိပါတယ္။ အထူးသျဖင္႔ ေရနံထြက္ပစၥည္းမ်ားမွ ထုတ္လုပ္ထားတဲ႔ အင္ဂ်င္၀ိုင္မ်ားမွာ အျဖစ္မ်ားပါတယ္။

အင္ဂ်င္ ၀ိုင္ကို ထုတ္လုပ္ပံုအရ ႏွစ္မ်ိဳးခြဲျခားႏိုင္ပါတယ္။ တစ္မ်ိဳးကေတာ႔ ေရနံမွ ထုတ္ယူတဲ႔ အင္ဂ်င္၀ိုင္ျဖစ္ၿပီး Mineral ျဖစ္ပါတယ္။ ေနာက္တစ္မ်ိဳးကေတာ႔ ဓာတုေဗဒဓာတ္ခြဲခန္းမွ ထုတ္လုပ္တဲ႔ အင္ဂ်င္၀ိုင္ျဖစ္ၿပီး Synthetic အမ်ိဳးအစား ျဖစ္ပါတယ္။ ဒီႏွစ္မ်ိဳးကို ေရာစပ္ထုတ္လုပ္ထားတဲ႔ ဟာကိုေတာ႔ Premium အမ်ိဳးအစားလိုေခၚပါတယ္။

အင္ဂ်င္၀ိုင္အေဟာင္းကို ေဖာက္ခ်ၿပီး အသစ္လဲတဲ႔အခါ အေဟာင္းကို ေဖာက္ထုတ္ၿပီးခ်ိန္မွာ အင္ဂ်င္အတြင္းကို ေဆးေၾကာဖို႔အတြက္ သီးသန္႔ထုတ္ေပးထားတဲ႔ အင္ဂ်င္၀ိ္ုင္ရွိပါတယ္။ Flushing oils လို႔ေခၚပါတယ္။ 0W/20 လို႔လည္း လူသိမ်ားပါတယ္။ သူက အင္ဂ်င္၀ိုင္မ်ိဳးႏြယ္ျဖစ္ေပမဲ႔ အင္ဂ်င္ေဆးဖို႔အတြက္သာျဖစ္ၿပီး ကားေမာင္းႏွင္တဲ႔အခါမွာ သံုးလို႔မရပါဘူး။

လဲမဲ႔ ဆီအေဟာင္းကို ေဖာက္ထုတ္ၿပီးတဲ႔အခါ ေဆးေၾကာဆီကို ျဖည္႔ၿပီး ကားစက္ကို မီနစ္ (၂၀) ခန္႔ ႏိွဳးထားရပါတယ္။ ၿပီးမွ စက္သတ္ၿပီး ေဆးေၾကာဆီကို ေဖာက္ခ်လိုက္မယ္ဆိုရင္ ဆီမွာ ေခ်းေတြ ပါလာမွာ ျဖစ္ပါတယ္။ အဲဒီေနာက္ ဆီစစ္အေဟာင္းကို အသစ္ျဖင္႔ လဲၿပီး ဆီအသစ္ကို ထည္႔ရပါမယ္။

ေဆးေၾကာဆီအစား ဒီဇယ္အင္ဂ်င္အတြက္ ထုတ္ထားေသာ အင္ဂ်င္၀ိုင္ျဖင္႔လည္း ေဆးေၾကာႏိုင္ပါတယ္။ အကုန္အက် ေခၽြတာလိုရင္ ဒီဇယ္ဆီျဖင္႔ ေဆးေၾကာႏိုင္ပါတယ္။ ဒါေပမဲ႔ ေဆးေၾကာဆီေလာက္ ထိေရာက္မႈ ရွိမွာေတာ႔ မဟုတ္ပါဘူး။

ဆီအသစ္လဲၿပီးတဲ႔အခါ မိုင္တစ္ရာခန္႔ေမာင္းၿပီးခ်ိန္မွာ ဆီရဲ႕ မူလအေရာင္ျဖစ္တဲ႔ ေရႊအိုေရာင္ကေန မည္းညစ္အေရာင္ကို ေျပာင္းသြားရင္ တစ္မ်ိဳးမထင္ပါနဲ႔။ ထည္႔လိုက္တဲ႔ အင္ဂ်င္ ၀ိုင္က သူလုပ္၇မဲ႔ သန္႔ရွင္းေရးအလုပ္ကို တာ၀န္ယူ လုပ္ေဆာင္တာေၾကာင္႔ အခုလို အေရာင္ေျပာင္းတာလို႔ မွတ္ယူႏိုင္ပါတယ္။အေရာင္မေျပာင္းရင္သာ ျပသနာလို ယူဆရမွာ ျဖစ္ပါတယ္။ ဒါေပမဲ႔ ဆီအေရာင္ေျပာင္းတိုင္းသာ ဆီအသစ္လဲေနရရင္ မြဲဖို႔သာရွိပါတယ္။

ဆီလဲတိုင္းဆီစစ္ကိုလည္း လဲရမွာ ျဖစ္ပါတယ္။ အင္ဂ်င္၀ိုင္က အင္ဂ်င္ထဲက အညစ္အေၾကားမ်ားကို သယ္ထုတ္လာၿပီး ဆီစစ္ကို ျဖတ္ပါတယ္။. ဆီစစ္က အညစ္အေၾကားမ်ားကို တတ္ႏိုင္သမွ်စစ္ယူထားပါတယ္။ တကယ္လို ဆီကိုသာလဲၿပီး ဆီစစ္ကို မလဲပါက အညစ္အေၾကးေတြကို ဆီအသစ္ေတြက ယူသြားမွာ ျဖစ္ပါတယ္။

ဆီစစ္က ဆီကို သန္႔ေအာင္ ျပဳေပးရမဲ႔အစား ဆီအသစ္ျဖင္႔ ဆီစစ္အေဟာင္းကို သန္႔ေအာင္ ေဆးေပးေနသလို ျဖစ္ပါတယ္။ဆီလျတဲ႔အခါ ဆီျဖည္႔လိုက္ တိုင္းလိုက္လုပ္ၿပီး စိတ္ရွည္ရွည္ျဖင္႔ ျဖည္႔ရန္ လိုပါတယ္။ ဆီတိုင္းတံမွာ ျပသထားတဲ႔ အျမင္႔ဆံုးအမွတ္အသားထက္ မေက်ာ္ေစရန္ ဂရုစိုက္ပါ။ မေလာပါနဲ႔။

အင္ဂ်င္၀ိုင္တိုင္းေတာ႔မယ္ဆိုရင္

ကားဟာ ေရျပင္ညီအတိုင္းရပ္ထားရပါမယ္။ ျဖစ္ေစခ်င္တာကေတာ႔ အင္ဂ်င္ ေအာက္ခံခြက္ဟာ ေရျပင္ညီအတိုင္းရွိရမွာ ျဖစ္ပါတယ္။ ကားစက္သည္ ေအးေနရပါမယ္။ စက္သတ္ထားတာ ေတာ္ေတာ္ေလးၾကာမွာ တိုင္းရမွာ ျဖစ္ပါတယ္။ အဲလိုလုပ္မွသာ အေပၚကို တက္ေနတဲ႔ ဆီမ်ား ေအာက္ခံခြက္ထဲ ျပန္ေရာက္ေနမွာ ျဖစ္ပါတယ္။ ဆီပမာဏအမွန္ကို တိုင္းတာ သိရွိမွာ ျဖစ္ပါတယ္။

ဆီပိုလွ်ံသြားပါက စက္ႏွိဳးတဲ႔အခါ ဆီပန္႔က ဆီကို ဆြဲယူၿပီး တြန္းတင္ေပးပါတယ္။ အျဒီအခါ ဆီပမာဏက မ်ားေနသျဖင္႔ ဖိအား ပိုပါတယ္။ ၀ိုင္ဆီးမ်ားကို သြားေဆာင္႔ပါေတာ႔တယ္။ ပန္ကာပူလီဘက္မွ ၀ိုင္ဆီးထိခိုက္သြားရင္ အျပင္ကို ဆီစိမ္႔ယိုေနမွာ ျဖစ္ပါတယ္။ ဂီယာအံုနဲ႔ တြဲထားေသာ ေနရာရွိ ၀ိုင္ဆီးမ်ားကိုလည္း ေဆာင္႔ပါတယ္။တကယ္လို ၀ိုင္ဆီး ထိခိုင္သြားရင္ ဂီယာအံုဆီကို အင္ဂ်င္၀ိုင္မ်ား ေရာက္သြားပါတယ္။ အဲဒီအခါ ကလပ္ပလိတ္ကို ဆီဆြတ္ေပးလိုက္သလို ျဖစ္ၿပီး ကလပ္ေခ်ာ္တတ္ပါတယ္။

ေအာက္ခံခြက္ရဲ႕ ဆီအျမင္႔ဆံုးေနရာသည္ ကရိုင္းရွပ္နဲ႔ အလြန္နီးကပ္ေနပါတယ္။ ဆီပိုလွ်ံတဲ႔အခါ ကရိုင္းရွပ္က ဆီထဲ မျမဳပ္တစ္ျမဳပ္ျဖစ္ေနပါတယ္။ စက္လည္တဲ႔အခါ ရွပ္က လည္ၿပီး ဆီကို လႈပ္ေပးၿပီး အျမဳပ္ထေစပါတယ္။ ေကာ္ဖီကို ဇြန္းနဲ႔ ခေလာက္တဲ႔အခါ ထြက္လာတဲ႔ အျမဳပ္ပံုစံမ်ိဳး ျဖစ္ပါတယ္။ ေလပူစီေပါင္းကေလးမ်ား ဆီထဲေရာက္ကုန္ပါတယ္။ အင္ဂ်င္တြင္ ေလပြေနသလို ျဖစ္ရင္မေကာင္းပါ။ ဘယ္ရင္ကို ပ်က္စီးေစပါတယ္။ စက္ပူလာတဲ႔အခါ ဆီေညာ္န႔ထြက္တတ္ပါတယ္။ ပစ္စတင္ရင္းမ်ားကိုပါ ထိခိုက္ေစတတ္ပါတယ္။ ေလပြဆီဟာ ေလရဲ႕ အကူအညီနဲ႔ အင္ဂ်င္အတြင္းခန္းကို စိမ္႔၀င္ၿပီး ကားအိတ္ေဇာမွ ထြက္တဲ႔ မီးခိုးနဲ႔အတူ ပါသြားပါတယ္။ ဒါေၾကာင္႔ ဆီတိုင္းတံရဲ႕ အနိမ္႔ဆံုး L အမွတ္ထက္ နည္းနည္းပါးပါး ေက်ာ္ရံုမွ် ထည္႔ေပးသင္႔ပါတယ္။

ေနာက္ၿပီး ဒီဇယ္အင္ဂ်င္ အတြက္ထုတ္လုပ္ထားတဲ႔ အင္ဂ်င္၀ိုင္ကို ဓာတ္ဆီ အင္ဂ်င္တြင္ မသံုးရပါဘူး။

ဒီလိုပဲ ဓာတ္ဆီ အင္ဂ်င္အတြက္ ထုတ္ထားတဲ႔ အင္ဂ်င္၀ိုင္ကို ဒီဇယ္အင္ဂ်င္မွာ မသံုးရပါဘူး။ ဒီဇယ္ အင္ဂ်င္ဟာ ဓာတ္ဆီအင္ဂ်င္ထက္ ဖိအားပိုမ်ားပါတယ္။ ပိုလည္း ပူပါတယ္။ ဒီလို အေျခအေနေတြကို ထည္႔သြင္းစဥ္းစားၿပီး ဒီဇယ္အင္ဂ်င္ကို ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ ဒီဇယ္ အင္ဂ်င္ေတြဟာ အညစ္အေၾကး ပိုထြက္ေလ႔ရွိတာေၾကာင္႔ သူအတြက္ ထုတ္လုပ္ထားတဲ႔ အင္ဂ်င္၀ိုင္မွာ ေၾကးခၽြတ္ေဆးမ်ားကို ထည္႔ေပးထားေလ႔ရွိတာ ေၾကာင္႔ ျဖစ္ပါတယ္။

အင္ဂ်င္၀ိုင္လဲတဲ႔အခါ စနစ္တက်လုပ္ေဆာင္ရမဲ႔ အဆင္႔ဆင္႔မွာ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

၁- ဆီေဖာက္လဲရန္အတြက္ လိုအပ္တဲ႔အရာမ်ား အားလံုးကို အသင႔္႔ရွိေအာင္ လုပ္ထားပါ။
၂- အသစ္တပ္ဆင္မဲ႔ ဆီစစ္ထဲကို အင္ဂ်င္၀ိုင္ အသစ္ကို ေလာင္းျဖည္႔ပါ။ အတြင္းမွ ဆီစစ္စကၠဴဆီ၀ေအာင္ စုပ္ဖို႔ ထားထားလိုက္ပါ။
၃- စက္ႏိူးပါ။ ၅ မိနစ္၀န္းက်င္ ႏိူးထားၿပီးမွ စက္သတ္ပါ။ ဆီေႏႊးတာ ျဖစ္ပါတယ္။ ဆီေႏႊးေနမွ ဆီအစီးသြက္ပါတယ္။
၄- ၁၀မိနစ္ေစာင္႔ပါ။ ဆီေႏႊးစဥ္ဆီမ်ား အေပၚတက္သြားပါတယ္။ ေအာက္ ျပန္ေရာက္ေအာင္ ေစာင္႔ခိုင္းျခင္း ျဖစ္ပါတယ္။
၅- ဆီတိုင္းတံကို ႏႈတ္ယူထားပါ. ေလလံုေနရင္ ေလဟာနယ္ ျဖစ္ၿပီး ဆီအဆင္းေႏွးေစပါတယ္။ ဆီျဖည္႔တဲ႔ အဖံုးကိုလည္း ဖြင္႔ထားလိုက္ပါ။ အ၀တ္စသန္႔သန္႔ကို ဖြဖြလံုးၿပီး အေပါက္ကို ပိတ္ဆို႔ထားလိုက္ပါ။
၆- ဆီေဖာက္ထုတ္တဲ႔ အေပါက္ေအာက္တြင္ ဆီခဲမဲ႔ ဇလားကို ေနရာခ်ပါ။ ပံုးျဖင္႔ ခံလိုက္ရင္ ကေတာ႔ အ၀က်ယ္က်ယ္ ျဖင္႔ တစ္ဆင္႔ခံၿပီး သံုးႏိုင္ပါတယ္။
၇- ဆီေဖာက္ထုတ္တဲ႔ အေပါက္ကို လက္ေခ်ာင္းျဖင္႔ လွည္႔သာတဲ႔အထိ ခြျဖင္႔ လွည္႔ၿပီး ေခ်ာင္လိုက္ပါ. လက္ေခ်ာင္းျဖင္႔ ျဖည္းျဖည္းလွည္႔ဖြင္႔ၿပီး အဆို႔ကို ဖယ္လိုက္ပါ.
၈-ဆီမည္းမည္းမ်ားစီးက်လာၿပီး အားလံုးကုန္တဲ႔အထိ ေစာင္႔ပါ။
၉-အဆို႔ပလပ္မွ ၀ါရွာအေျခအေနကို စစ္ေဆးပါ။ စိတ္မခ်ရင္ အသစ္လဲပါ။ လက္ျဖင္႔လွည္႔ၿပီး အဆို႔ကို ျပန္တပ္ပါ။ က်ပ္သြားတဲ႔အခါ ဂြကို အသံုးျပဳၿပီး ထပ္ၾကပ္ပါ။ တစ္အားႀကီး မၾကပ္ပါနဲ႔။ အရစ္ျပဳန္းတတ္ပါတယ္။
၁၀- ဆီစစ္ျဖဳတ္တဲ႔ကရိယာနဲ႔ ဆီစစ္ကို လွည္႔ျဖဳတ္ပါ။ ေခ်ာင္သြားတဲ႔အခါ လက္ျဖင္႔ လွည္႔ၿပီး ဆက္ျဖဳတ္ပါ။ တပ္ဆင္တဲ႔ ေနရာတစ္၀ိုက္ရွိ ဆီအေဟာင္းမ်ားကို အ၀တ္စုတ္ျဖင္႔ သုတ္ပါ။
၁၁-ဆီျဖည္႔ထားတဲ႔ ဆီစစ္အသစ္ထဲမွ ဆီမ်ားကို အင္ဂ်င္ရဲ႕ ဆီျဖည္႔ေပါက္ထဲကို ေလာင္းထည္႔ပါ။ ၿပီးေနာက္ ဆီစစ္အသစ္ကို တပ္ပါ။
၁၂- ဆီခံထားတဲ႔ ဇလားကို ဖယ္ပါ။ အဆိ္ု႔တစ္၀ိုက္ေပက်ံေနတဲ႔ ဆီမ်ားကို အ၀တ္ျဖင္႔ သုတ္ပါ။
၁၃-ဆီတိုင္းတံကို ေနရာတက်ျပန္ထားပါ
၁၄-ဆီထည္႔ေပါက္မွ ဆီေလာင္ထည္႔ပါ။ အဖံုးျပန္ဖံုးပါ။
၁၅- ၁၀ မိနစ္အၾကာတြင္ ဆီတိုိင္းၾကည္႔ပါ။ လိုေနရင္ ထပ္ျဖည္႔ပါ။ ပိုေနရင္ ျပန္ေဖာက္ခ်ပါ။
၁၆-စက္ကို ႏိူးလိုက္ၿပီး ဒက္ရွ္ ဘုတ္မွ ဆီကရား သေကၤတ မီးလင္းေနရာမွ မွိတ္သြားရင္ စက္သတ္ပါ။
ခဏေစာင္႔ၿပီးမွ စက္ျပန္ႏိူးပါ။ ၅ မိနစ္ခန္႔ ဆက္တိုက္ႏိူးထားပါ။ စက္ျပန္သတ္ၿပီးရင္ ဆီလဲျခင္းကိစၥၿပီးဆံုးၿပီး ျဖစ္ပါတယ္။

Credit; CG GPS Myanmar

Address

18/19, Pade Wun U Shwe Bin Street , Industrial Zone (1), Hlaing Thar Yar
Yangon
11

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+95943509888

Website

Alerts

Be the first to know and let us send you an email when WHK - Since 1997 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share