Yangon Region Automotive Components, Spare parts & Accessories Association

  • Home
  • Myanmar
  • Yangon
  • Yangon Region Automotive Components, Spare parts & Accessories Association

Yangon Region Automotive Components, Spare parts & Accessories Association YACSAA- Yangon region Automotive Components, Spare Parts & Accessories Association

မင်္ဂလာပါခင်ဗျာ 🙏🙏🙏⚙️⚙️⚙️ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း YACSAA ၏ Member Benefits တစ်...
21/05/2026

မင်္ဂလာပါခင်ဗျာ 🙏🙏🙏
⚙️⚙️⚙️

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း YACSAA ၏ Member Benefits တစ်ခုအနေဖြင့် Messe Frankfurt မှ ကြီးမှူး၍ 2026 ခုနှစ်၊ May - 14 ရက်နေ့မှ 16 ရက်နေ့အထိ မလေးရှားနိုင်ငံ၊ Kuala Lumpur မြို့ရှိ Kuala Lumpur Convention Center (KLCC) တွင် ကျင်းပြုလုပ်သွားသော "AUTOMECHANIKA KUALA LUMPUR - 2026" ပြပွဲကြီးတွင် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း - YACSAA မှ အသင်းသူ/အသင်းသားများ တက်ရောက်ခဲ့ကြပါသည်။

ပြပွဲတက်ရောက်နိုင်ရေးအတွက် အသင်းရုံးအဖွဲ့အနေဖြင့် -

(1) ပြပွဲတက်ရောက်မည့် အသင်းဝင်များအတွက် AMKL 2026 - Buyer Form များဖြည့်သွင်း၍ Register ပြုလုပ်ပေးခြင်း။

(2) အသင်းဝင်များအတွက် Hotel 3 ညတာ စီစဉ်ပေးခြင်း။

(3) ပြပွဲစီစဥ်သော Organizer နဲ့ ချိတ်ဆက်၍ အသင်းဝင်များအတွက် Business Matching များစီစဥ်ပေးခြင်း။

(4) ပြပွဲ 3ရက်တာကျင်းပနေစဥ် အသင်းရုံးအဖွဲ့မှလိုအပ်သည်များ အလုံးစုံဆောင်ရွက်ပေးခြင်း
အစရှိသည်တို့ ဆောင်ရွက်ပေးခဲ့ပါသည်။

ပြပွဲဝင်ရောက်ကြည့်ရှုခဲ့သော အသင်းသူ/အသင်းသားများအနေဖြင့် ပြပွဲဝင်ရောက်ကြည့်ရှုရာတွင် စိတ်ချမ်းမြေ့မှုများရရှိပြီး ၊ပြပွဲ၏ အကျိုးရလဒ်များစွာ ရရှိခဲ့ပါကြောင်း ကြားသိရသဖြင့် ယခုလို တန်ဖိုးရှိသော ပြပွဲများအား ချိတ်ဆက်ပေးနိုင်ခြင်းအတွက် ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် နောင်တွင်အသင်းသူ/အသင်းသားများ၏အကျိုးကိုရှေးရှုပြီးဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်ခင်ဗျား။

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းအလုပ်အမှုဆောင်အဖွဲ့။

သတင်းစဉ်
⚙️⚙️⚙️

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အထွေထွေအစည်...
05/05/2026

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အထွေထွေအစည်းအဝေး နှင့် ညစာစားပွဲအခမ်းအနားအား (၂၅.၄.၂၀၂၆) စနေနေ့ ညနေ (၆း၀၀) နာရီ တွင် ရန်ကုန်မြို့ Myanmar Culture Valley, People Park တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် (၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်း အတွက် တာဝန်ပေးအပ်ခြင်းခံရသော အလုပ်အမှုဆောင် များ စာရင်းအား ကော်မရှင်ဥက္ကဌမှ ဖတ်ကြားတင်ပြခြင်း၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာဦးစိုးထွန်းမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ (၂၀၂၂ - ၂၀၂၅ ) ခုနှစ် သက်တမ်းအတွက် ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သော ဦးသန်းထိုက်လွင် မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဘဏ္ဍာရေးမှူးမှ ဘဏ္ဍာရေးစာရင်း ရှင်းတမ်းများဖတ်ကြားတင်ပြခြင်း နှင့် (၂၀၂၅-၂၀၂၈) ခုနှစ်
သက်တမ်း အတွက် တာဝန်ပေးအပ်ခံရသော အလုပ်အမှုဆောင်အဖွဲ့ ကိုယ်စား ဥက္ကဌ ဦးသန့်ဇင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ညစာစားပွဲအခမ်းအနားသို့ ရန်ကုန်တိုင်း အသင်း နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်းများမှ အသင်းသူအသင်းသားများ၊ MOU ရေးထိုးထားသော မိတ်ဖက်အသင်းများ နှင့် အသင်းမှ ပြုလုပ်ခဲ့သော ပွဲများတွင် ဝင်ရောက်ပါဝင်ပူးပေါင်းခဲ့ပါသော မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ပံ့ပိုးကူညီကြသူများစုံလင်စွာ တက်ရောက်ခဲ့ပါသည်။

သတင်းစဉ်

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်း အတွက် အလုပ်အမှုဆောင်ရွေးချယ...
05/05/2026

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်း အတွက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား အား (၂၅.၄.၂၀၂၆) စနေနေ့ နံနက် ၉:၀၀ နာရီတွင် ရန်ကုန်မြို့ Panda Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အသင်း၏ ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်မှုကော်မရှင်၏ လမ်းညွှန်မှုနှင့် အညီ (၂၀၂၅-၂၀၂၈)
ခုနှစ်သက်တမ်း အတွက် အလုပ်အမှုဆောင် များ အား ရွေးချယ်တင်မြှောက်ခဲ့ပါသည်။

(၂၀၂၂ - ၂၀၂၅ ) ခုနှစ် သက်တမ်းအတွက် ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သော ဦးသန်းထိုက်လွင် မှ နောင်လာမည့် သက်တမ်းအတွက် ရွေးချယ်ခံရမည့် အလုပ်အမှုဆောင်အဖွဲ့ အနေဖြင့် အသင်းသူအသင်းများ နှင့် မော်တော်ယာဉ်အပိုပစ္စည်းကဏ္ဍတိုးတက်ရေး အတွက် ရှေးရှုပြီး ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း နှင့် ၎င်းတာဝန်ယူခဲ့သော သက်တမ်းများအတွက် ဆောင်ရွက်ချက်များ နှင့် ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သော အလုပ်အမှုဆောင် အဖွဲ့ဝင်များအား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ယင်းနောက် (၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်း အတွက် တာဝန်ပေးအပ်ခံရသော အလုပ်အမှုဆောင်အဖွဲ့ ကိုယ်စား ဥက္ကဌ ဦးသန့်ဇင်မှ အသင်း၏ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

သတင်းစဉ်

⚙️⚙️⚙️👨‍🔧
01/05/2026

⚙️⚙️⚙️👨‍🔧

🙏🙏🙏
30/04/2026

🙏🙏🙏

မင်္ဂလာပါခင်ဗျာ 🙏🙏🙏⚙️⚙️⚙️ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း YACSAA ၏ Member Benefits တစ်...
25/04/2026

မင်္ဂလာပါခင်ဗျာ 🙏🙏🙏
⚙️⚙️⚙️

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း YACSAA ၏ Member Benefits တစ်ခုအနေဖြင့် Messe Frankfurt မှ ကြီးမှူး၍ 2026 ခုနှစ်၊ April - 13 ရက်နေ့မှ April - 15 ရက်နေ့အထိ တရုတ်နိုင်ငံ Beijing မြို့ရှိ Capital International & Exhibition Center (CIEC) တွင် ကျင်းပြုလုပ်သွားသော Auto Maintenance & Repair - AMR 2026 ပြပွဲကြီးတွင် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း - YACSAA မှ အသင်းသူ/အသင်းသားများ တက်ရောက်ခဲ့ကြပါသည်။

ပြပွဲတက်ရောက်နိုင်ရေးအတွက် အသင်းရုံးအဖွဲ့အနေဖြင့် -

(1) ပြပွဲတက်ရောက်မည့် အသင်းဝင်များအတွက် AMR 2026 - Buyer Form များဖြည့်သွင်း၍ Register ပြုလုပ်ပေးခြင်း။

(2) အသင်းဝင်များအတွက် Hotel 3 ညတာ စီစဉ်ပေးခြင်း။

(3) ပြပွဲ 3ရက်တာကျင်းပနေစဥ် အသင်းရုံးအဖွဲ့မှလိုအပ်သည်များ အလုံးစုံဆောင်ရွက်ပေးခြင်း
အစရှိသည်တို့ ဆောင်ရွက်ပေးခဲ့ပါသည်။

ပြပွဲဝင်ရောက်ကြည့်ရှုခဲ့သော အသင်းသူ/အသင်းသားများအနေဖြင့် ပြပွဲဝင်ရောက်ကြည့်ရှုရာတွင် စိတ်ချမ်းမြေ့မှုများရရှိပြီး ၊ပြပွဲ၏ အကျိုးရလဒ်များစွာ ရရှိခဲ့ပါကြောင်း ကြားသိရသဖြင့် ယခုလို တန်ဖိုးရှိသော ပြပွဲများအား ချိတ်ဆက်ပေးနိုင်ခြင်းအတွက် ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် နောင်တွင်အသင်းသူ/အသင်းသားများ၏အကျိုးကိုရှေးရှုပြီးဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်ခင်ဗျား။

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းအလုပ်အမှုဆောင်အဖွဲ့။

သတင်းစဉ်
⚙️⚙️⚙️

အသင်းသူအသင်းသားများခင်ဗျာ - ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်း...
21/04/2026

အသင်းသူအသင်းသားများခင်ဗျာ -

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၂၈) ခုနှစ်
သက်တမ်း အတွက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား နှင့် စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေး နှင့် ညစာစားပွဲ အခမ်းအနားအား ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကြွရောက်ပေးနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့

02/04/2026

အသင်းသူအသင်းသားများခင်ဗျာ -

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်း အတွက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား နှင့် စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေး နှင့် ညစာစားပွဲ အခမ်းအနားအား အောက်ပါအစီအစဥ်တိုင်းကျင်းပပြုလုပ်သွားမည်
ဖြစ်ပါသဖြင့် အလုပ်အမှုဆောင်အဖြစ် ပါဝင်ရွေးချယ်ခံလိုသော အသင်းဝင်အများအနေဖြင့် အဆိုပြုလွှာများအား ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ နေ့လည် (၁၂း၀၀) နာရီ နောက်ဆုံးထားပြီး အသင်းရုံးသို့ပေးပို့နိုင်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည်။

အဆိုပြုလွှာ Form ပုံစံအား အသင်းရုံးဖုန်းနံပါတ် (၀၉-၈၉၂၀၀၆၈၆၄) သို့ဆက်သွယ်ပြီး ထုတ်ယူနိုင်ပါသည်။

"အလုပ်အမှုဆောင်ရွေးချယ်ခြင်းအခမ်းအနား"

ကျင်းပမည့်နေ့ရက် - (၂၅.၄.၂၀၂၆) စနေနေ့
ကျင်းပမည့်အချိန် - နံနက် (၉း၀၀) နာရီမှ (၁၁း၀၀) နာရီအထိ
ကျင်းပမည့်နေရာ - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) , ၄ လွှာ၊ အခန်း (၄၀၆)

"စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အထွေထွေအစည်းအဝေး နှင့် ညစာစားပွဲ အခမ်းအနား"

ကျင်းပမည့်နေ့ရက် - (၂၅.၄.၂၀၂၆) စနေနေ့
ကျင်းပမည့်အချိန် - ညနေ (၆း၀၀) နာရီမှ ည (၉း၀၀) နာရီအထိ
ကျင်းပမည့်နေရာ - Myanmar Culture Valley, People Park၊ ဦးဝိစာရလမ်း၊ ရွှေတိဂုံဘုရားအနောက်ဖက်မုခ်အနီး၊ရန်ကုန်မြို့။

သတင်းစဥ်
အလုပ်အမှုဆောင်အဖွဲ့

⚙️⚙️⚙️ 🌾🌾🌾
02/03/2026

⚙️⚙️⚙️ 🌾🌾🌾

⚙️⚙️⚙️ 🙏
01/03/2026

⚙️⚙️⚙️ 🙏

Address

No/F/S 15, Shwe Sabai Yeik Mon, Bayint Naung Road, Kamayut Township
Yangon
11041

Alerts

Be the first to know and let us send you an email when Yangon Region Automotive Components, Spare parts & Accessories Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Region Automotive Components, Spare parts & Accessories Association:

Share