Green Leaves

Green Leaves Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Green Leaves, No. 436 Aungmingalar (5) Street Kyauktan Tsp, Yangon.

hitachi zx230 isuzu engine service
19/06/2019

hitachi zx230 isuzu engine service

Hitachi 8 TonsCenter Joint repair
10/06/2019

Hitachi 8 Tons
Center Joint repair

Firing order ( မီး​ပေါက်​စဉ်​ )ရှာ​ဖွေခြင်း         လူ​မေး အများဆုံး ​မေးခွန်းပါ...firing order မသိ​သော engine တလုံးအာ...
06/05/2019

Firing order ( မီး​ပေါက်​စဉ်​ )ရှာ​ဖွေခြင်း

လူ​မေး အများဆုံး ​မေးခွန်းပါ...firing order မသိ​သော engine တလုံးအား firing order သိ​အောင်​ ဘယ်​လိုလုပ်​ရမလဲ ?
Engine တလုံး၏ firing order သိဖို့ရန်​တွက်​ အဆိုပါ engine ၏ လည်​ရာဘက်​ အမှန်​ကို သိဖို့ရာ အ​ရေးကြီးပါသည်​။
လုပ်​ငန်းခွင်​ထဲတွင်​ အများဆုံးသိကြသည်​မှာ ညာဘက်​သို့ လည်​​သော engine များအတွက်​ firing order မှာ 1 - 5 - 3 - 6 - 2 - 4....ဟု အများဆုံးသိရှိ မှတ်​သားထားကြပါသည်​။ engine တလုံးအား ဘယ်​လည်​ / ညာလည်​ကို မည်​သည့်​​နေရာက ကြည့်​၍ ဆုံးဖြတ်​ပါသလဲ ? engine ၏ အ​ရှေ့ဘက်​(Radiator) ဘက်​ကကြည့်​၍ ဆုံးဖြတ်​ပါသလား ? engine ၏ အ​နောက်​ဘက်​ (Gearbox ) ဘက်​က ကြည့်​၍ ဆုံးဖြတ်​ပါသလား ? ။....engine ၏ အ​ရှေ့ဘက်​(Radiator) ဘက်​မှကြည့်​​သောသူသည်​ ညာလည်​ဟု ဆုံးဖြတ်​ပါမည်။....ထို့အတူ engine ၏ အ​နောက်​ဘက်​ (Gearbox ) ဘက်​က ကြည့်​​သောသူက ဘယ်​လည်​ဟု ဆုံးဖြတ်​ပါမည်​။ အဆိုပါ နှစ်​​ယောက်​တွင်​ မည်​​သူကအမြင်​ မှန်​သနည်း ? သာမန်​ အရှိတရားအတိုင်း ​ပြောရလျင်​ နှစ်​​ယောက်​စလုံးအမြင်​မမှားပါ...အဘယ့်​​ကြောင့်​နည်း ? ..မျက်​နှာချင်းဆိုင်​​နေ​သော သူနှစ်​ဦးတွင်​ တဦး၏ ဘယ်​ဘက်​အခြမ်းသည်​ အခြားသူတဦး၏ ညာဘက်​အခြမ်း ဖြစ်​​နေ​သော​ကြောင့်​ပင်​ ဖြစ်​သည်​။ သို့​သော်​ ...သို့​သော်​....engine များတွင်​​တော့ engine လည်​ရာဘက်​အား ဆုံးဖြတ် သတ်​မှတ်​​ရာတွင်​ engine ၏ အ​ရှေ့ဘက်​ ( front side / Radiator ) ဘက်​မှကြည့်​၍ ဆုံးဖြတ်​ပါ (သို့) engine ၏ အ​နောက်​ဘက်​ ( rear side / Flywheel ) ဘက်​မှ ကြည့်​၍ ဆုံးဖြတ်​ပါဟု engine ထုတ်​လုပ်​သူက သတ်​မှတ်​​ပေးလိုက်​ပြီး ဖြစ်​ပါသည်​။ {{{[[[ ထိုသို့ engine လည်​ရာဘက်​အား အတိအကျ သတ်​မှတ်​​ပေးရသည့်​ အ​ကြောင်းရင်းကို ဤ post ၏ အဆုံးသတ်​တွင်​ ​ဖော်​ပြ​ပေးပါမည်​။ ]]]}}}
ထိုသို့ သတ်​မှတ်​ထား​သော လည်​ရာဘက်​အမှန်​အား မည်​သည့်​ အ​ထောက်​အထားမှ မရှိပဲ လည်​ရာဘက်​အမှန်​အား မည်​သို့ရှာ​ဖွေမလဲ ?
Engine အများစုတွင်​ Cylinder number များအား Cylinder arrangements သတ်​မှတ်​ရာတွင်​ Radiator ရှိသည့်​ Engine ၏ ထိပ်​ဖက်​မှစ၍ သတ်​မှတ်​​လေ့ ရှိကြသည်​။ {{{ တချို့ တချို့​သော engine များတွင်​ Cylinder noး( 1 ) ကို engine ၏ ​နောက်​ဘက်​ Gearbox / Flywheel ရှိသည့်​ ဘက်​မှ စ၍ သတ်​မှတ်​​လေ့ရှိကြသည်​။ ဥပမာ။ ။ Doosan engine (Korea) }}} .....ဤ ​နေရာတွင်​ အများဆုံး သတ်​မှတ်​အသုံးပြု​သော Cylinder arrangement အတိုင်း ရည်​ညွှန်း ရှင်းလင်း ​ပေးသွားပါမည်​။.....ထို့​ကြောင့်​ Cylinder များကို Radiator ရှိ​သောဘက်​မှ စ၍ ​ရေတွက်​လျင်​ Radiator နှင့်​အနီးဆုံး​တည်​ရှိ သော Cylinder သည်​ Cylinder noး(1) ပင်​ ဖြစ်​ပါသည်​။
ထို Cylinder noး(1) တွင်​ တည်​ရှိ​နေ​သော valve များအား မည်​သည်​က Inlet valve ဖြစ်​သည်​ ၊ မည်​သည်​က Exhaust valve ဖြစ်​သည်​ကို ​သေချာစွာကြည့်​၍ ခွဲခြား သတ်​မှတ်​ပါ။ ထို့​နောက်​ engine အား မိမိနှစ်​သက်​ဖက်​ရာသို့ လှည့်​ပါ (engine အားလှည့်​ရန်​အတွက်​ အကူတ​ယောက်​​တော့ ရှိဖို့ လိုအပ်​ပါသည်​။ ).....ထိုသို့ engine အား လှည့်​​နေစဉ်​အတွင်း Exhaust valve ကိုကြည့်​ပါ...Exhaust v/v ပိတ်​ပြီးသည်​နှင့်​ Inlet v/v ကိုကြည့်​ပါ ၊ Inlet v/v ပွင့်​လာရပါမည်​။....ထိုသို့မဟုတ်​ပဲ Exhaust v/v ပိတ်​ပြီး အချိန်​အနည်းငယ်​ ကြာသည်​အထိတိုင်​ Inlet v/v မပွင့်​လာ​သေးပါက engine အား လှည့်​ရာတွင်​ ၄င်း၏ လှည့်​ရာဘက်​မှား​နေပြီဟု ဆုံးဖြတ်​သိရှိပါ။....ထို့​နောက်​ engine အား အခြားတဖက်​(ဆန့်​ကျင်​ဘက်​) သို့ပြန်​လှည့်​ပါ....ထိုသို့ လှည့်​ရာတွင်​ Cylinder noး(1) မှ Exhaust v/v ပိတ်​ပြီးသည်​နှင့်​ Inlet v/v ချက်​ချင်း ပွင့်​လာမည်​ကို ​တွေ့ရှိရမည်​ ဖြစ်​ပါသည်​။ ထို့​ကြောင့်​ လက်ရှိ​လှည့်​​ပေး​နေသည့်​ဘက်​သည်​ engine ၏ လည်​ရာဘက်​ အမှန်​ပင်​ ဖြစ်​​တော့သည်​။
ထိုသို့ engine လည်​ရာဘက်​ အမှန်​အား သိရှိပြီးပါက အဆိုပါ လည်​ရာဘက်​အမှန်​အတိုင်း engine အား လှည့်​​နေ​ပေးပါ...Cylinder noး(1) မှ Exhaust v/v ပွင့်​ပြီးသည်​နှင့်​ အခြား မည်​သည့်​ Cylinder မှ Exhaust v/v ပွင့်​မလဲ ​စောင့်​ကြည့်ပါ...........
့Exhaust v/v ပွင့်​လာသည်​ကို ​တွေ့ရှိရပြီဆိုလျင်​ အဆိုပါ Cylinder သည်​ Cylinder noး(1) မီး​ပေါက်​ပြီးလျင်​ ​နောက်​ထပ်​ မီး​ပေါက်​မည့်​ Cylinder အမှတ်​ပင်​ ဖြစ်​ပါသည်​။
ဥပမာ အ​နေဖြင့်​ firing order 1 - 5 - 3 - 6 - 2 - 4 order ဖြင့်​ နမူနာ​ပေး၍ ရှင်းလင်းပြပါမည်။....Cylinder noး(1) မှ Exhaust v/v ပွင့်​ပြီးလျင်​ ....Cylinder noး(5) မှ Exhaust v/v လိုက်​ပွင့်​ပါမည်​...ထို့​နောက်​ Cylinder noး(3) မှ Exhaust v/v...ထို့​နောက်​ Cylinder noး(6) မှ Exhaust v/v...စသဖြင့်​ သူ့ firing order အတိုင်း Exhaust v/v များ လိုက်​ပွင့်​မည်​ကို ​တွေ့ရှိ သတိပြုမိနိုင်​ပါသည်​။.....ထို့​ကြောင့်​ Cylinder တလုံးမီး​ပေါက်​ပြီးတိုင်း ​နောက်​ မည်​သည့်​ Cylinder မီး​ပေါက်​မည်​လဲဆိုသည်​ကို Exhaust v/v အပွင့်​ကိုကြည့်​ပြီး firing order (မီး​ပေါက်​စဉ်​) အား ရှာ​ဖွေနိုင်​ပါသည်​။
Engine တလုံး၏ firing order အား ဆုံးဖြတ်​ရာတွင်​ မိမိကိုင်​တွယ်​​နေကျ engine အဖို့အတွက်​မူ မခက်​ခဲ​သော်​လည်း မိမိကိုင်​တွယ်​​နေကြမဟုတ်​သည့်​ engine အမျိုးအစားမျိုးဖြစ်​​နေပါက firing order သတ်​မှတ်​ရန်​ ခက်​ခဲပါလိမ့်​မည်​။ ညာဘက်​သို့ လည်​သည့်​ engine တိုင်း၏ firing order အား 1 - 5 - 3 - 6 - 2 - 4 ဟု တရား​သေ မှတ်​ယူထားလျင်​ မှားယွင်းနိုင်​ပါသည်​....ညာလည်​ 1 - 5 - 3 - 4 - 2 - 6 ဟု ဆိုသည့်​ firing order လည်းရှိပါသည်​။
Firing order များသည်​ engine တည်​ထွင်​ထုတ်​လုပ်​သူ၏ စိတ်​ကူး နှင့်​ design အ​ပေါ်တွင်​ အဓိက အ​ခြေခံပါသည်​...ထိုအ​ခြေခံထဲမှ crankshaft ၏ crank ချိုးသည့်​ crank angle ​ပေါ်တွင်​ လုံးဝ တည်​မှီ​နေပါသည်​။ ထို crank angle ​ပေါ်တွင်​မူတည်​ပြီး firing order များ ကွဲပြားသွားကြရပါသည်​။ firing order ကို တွက်​ထုတ်​ သိရှိနိုင်​သည့်​ formula (equation) ဆိုတာ မရှိပါ။ အထက်​က ​ဖော်​ပြထားသည့်​ နည်းစနစ်​အတိုင်းသာ ရှာ​ဖွေခြင်းက အ​ခြေခံအကျဆုံး သတ်​မှတ်​မှုပင်​ ဖြစ်​ပါလိမ့်​မည်​။
ရေ​ကြောင်းသုံး marine engine ကြီးများတွင်​မူ Cylinder arrangements အား စီစဉ်​ရာတွင်​ Cylinder noး(1) ကို engine ၏ rear side / propeller shaft ဘက်​မှစ၍ သတ်​မှတ်​​လေ့ ရှိကြပါသည်​။ Vee type (ရင်​ကွဲ) engine များတွင်​လည်း bank တဘက်​နှင့်​တဘက်​တွင်​ Cylinder arrangements စီစဉ်​ထားရှိပုံမှာ မတူညီကြ​ပေ။ Cylinder များသည်​ တဘက်​နှင့်​တဘက်​ ထိပ်​တိုက်​အ​နေအထားတွင်​ မတည်​ရှိကြ​ပေ။ တဘက်​ခြမ်းက Cylinder သည်​ Radiator ရှိသည့်​ဘက်​နှင့်​နီးကပ်​ပြီး ၊ အခြားတဘက်​ခြမ်းရှိ Cylinder သည်​ Radiator နှင့်​ အနည်းငယ်​ကွာလှမ်းပါသည်​။ ထိုအ​ခြေအ​နေတွင်​ Cylinder noး(1) ကို Radiator နှင့်​နီးကပ်​စွာ တည်​ရှိသည့်​ Cylinder ကို Cylinder noး(1) အဖြစ်​သတ်​မှတ်​ပါသည်​။ [ ပုံတွင်​ နမူနာကြည့်​ရှုပါ ] Workshop Manual စာအုပ်​ကိုင်​စွဲ​အသုံးပြု သောသူအတွက်​ အခက်​အခဲ မရှိ​ပေမယ့်​ ၊ Workshop Manual မရှိ​သောသူအတွက်​မူ firing order သတ်​မှတ်​ရန်​ အခက်​အခဲ​တွေ့နိုင်​ပါလိမ့်​မည်​။
Engine လည်​ရာဘက်​အား ထုတ်​လုပ်​သူမှ မှတ်​သား သတ်​မှတ်​​ပေးလိုက်​ပြီးဖြစ်​သည်​။ ထိုသို့ မှတ်​သား သတ်​မှတ်​​ ​ပေးလိုက်​သည်​မှာ အ​ကြောင်းမဲ့မဟုတ်​ပါ။ အချို့​သော Engine များတွင်​ Engine အား လည်​ရာဘက်​၏ ​ပြောင်းပြန်​ ၊ ဆန့်​ကျင်​ဘက်​သို့ လှည့်​ခြင်းအား တားမြစ်​ထားကြသည်​။ အဘယ့်​​ကြောင့်​နည်း ? ၄င်း၏ Engine တွင်​ တပ်​ဆင်​အသုံးပြု​သော စက်​ပစ္စည်း ကိရိယာများ မပျက်​စီး မဆုံးရှု့းံ​စေရန်​အတွက်​ပင်​ ဖြစ်​ပါသည်​။ Engine လည်​ရာဘက်​အား ပြသသည့်​ သ​င်္ကေတ အမှတ်​အသားများကို Engine ၏ အ​ရှေ့ဘက်​တွင်​​သော်​၄င်း ၊ Engine ၏ အ​နောက်​ဘက်​ Flywheel cover ​ပေါ်တွင်​​သော်​၄င်း ​ဖော်​ပြထား​လေ့ရှိသည်​။
Jabsco pump (cooling water pump) တပ်​ဆင်​အသုံးပြုထား​သော Engine အမျိုးအစားများတွင်​မူ Engine အား လည်​ရာဘက်​ ​၏ပြောင်းပြန်​ အတိုင်း မလှည့်​ရန်​ အထူးသတိ​ပေး တားမြစ်​ထားပါသည်​။ အဘယ့်​​ကြောင့်​နည်း ?.....Jabsco pump ၏ impeller ဖွဲ့စည်းတည်​​ဆောက်​ပုံ သ​ဘောသဘာဝအတွက်​​ကြောင့်​ပင်​ဖြစ်​ပါသည်​။ Jabsco pump တွင်​ အသုံးပြုထား​သော impeller နည်းစနစ်​သည်​ အခြား​သော pump များ၏ impeller နည်းစနစ်​နှင့်​ကွဲပြား​သော​ကြောင့်​ဖြစ်​ပါသည်​။ Jabsco pump ၏ impeller ကို rubber အား အ​ခြေခံ၍တည်​ထွင်​ထားပါသည်​။ အခြား pump များ၏ impeller များလို သတ္တု impeller မဟုတ်​ပါ။ အဆိုပါ Jabsco pump ၏ impeller ကို pump housing ထဲတွင်​ impeller blade များအား ​ကွေးထည့်​၍ တပ်​ဆင်​ထားပါသည်​။ အဆိုပါ Jabsco pump တပ်​ဆင်​ထား​သော Engine အား ၄င်း လည်​ရာဘက်​၏ ဆန့်​ကျင်​ဘက်​သို့ လှည့်​မိလိုက်​ပါက pump ထဲတွင်​ တပ်​ဆင်​ထား​သော rubber impeller blade အား လှန်​၍ ချိုးမိ​စေသကဲ့သို့ ဖြစ်​​စေနိုင်​ပါသည်​။ ထိုအခါ impeller ကျိုးပဲ့ ပျက်​စီးသွားနိုင်​ပါသည်​။ Jabsco pump ၏ impeller သည်​ ​ဈေးလည်းကြီးသလို အလွယ်​တကူ ဝယ်​ယူရရှိရန်​ (မြန်​မာပြည်​တွင်​) ခက်​ခဲပါသည်​။.....ထို့​ကြောင့်​ Jabsco pump တပ်​ဆင်​ထား​သော engine များအား လှည့်​ရာတွင်​ rotation direction မှန်​ကန်​​ရေးသည်​ အလွန်​အ​ရေးကြီးပါသည်​။ ထို့​ကြောင့်​ မိမိနှင့်​ မရင်းနှီး မကျွမ်းဝင်​​သော engine များအားလှည့်​ရာတွင်​ rotation direction အမှန်​အတိုင်း လှည့်​မိ​စေရန်​ သတိပြုပါ။ ပုံတွင်​ ကြည့်​ရှု ​လေ့လာနိုင်​ရန်​ ​ဖော်​ပြထားပါသည်​။

အ​တွေ့အကြုံ ကို အ​ခြေခံ​သော firing order ရှာနည်းများလည်း ရှိကြပါလိမ့့်​မည်​။ ယခု ​ဖော်​ပြ​သော firing order ရှာနည်းမှာ အ​ခြေခံအကျဆုံးဖြစ်​၍ ​ဖော်​ပြ​ပေးလိုက်​ပါသည်​။

မေးလာ​သော ညီငယ်​များ ဖတ်​ရှုပြီး ဗဟုသုတ တိုးပွားနိုင်​ကြပါ​......​စေ။

v/v = valve


ပညာရှင်​အားလုံးအား​လေးစားလျက်
အောင်​မြင်​သူ - ဆားဗစ်​ အင်​ဂျင်​နီယာ

Exhaust အငွေ့နှင့်ပါတ်သက်၍ ဆန်းစစ်ခြင်း          Engine တလုံး၏ ထွက်ရှိသော exhaust အငွေ့ကို ဆန်းစစ်အဖြေရှာ ထုတ်ကြည့်လျင် ...
29/04/2019

Exhaust အငွေ့နှင့်ပါတ်သက်၍ ဆန်းစစ်ခြင်း

Engine တလုံး၏ ထွက်ရှိသော exhaust အငွေ့ကို ဆန်းစစ်အဖြေရှာ ထုတ်ကြည့်လျင် ၄မျိုးသာ ရှိမည်ကို တွေ့ရှိရသည်။ ၄င်းတို့မှာ -

1 . အဖြူ ရောင် (white smoke)
2 . မီးခိုးရောင် (grey smoke)
3 . အပြာရောင် (blue smoke)
4 . အမဲရောင် (black smoke)

အထက်ဖော်ပြပါ အချက်များကို ပြန်အနှစ်ချုပ်ရလျင် အဓိကအနေဖြင့် ၃ချက်သာရှိသည်ဟု ဆို၍ရနိုင်ပေသည်။ အမှတ် 1 နှင့် 2 သည် အတူတူဟုပင် ယူဆသတ်မှတ်နိုင်ပါသည်။
Engine တလုံး၏ exhaust အငွေ့အား ဆန်းစစ်အဖြေရှာထုတ်ရာတွင် အခြေအနေ ၂မျိုးရှိသည်ကို သတိပြုရမည်။ ၄င်းမှာ -
A. Idling speed (engine စနှိုးစ စက်လည်နှုန်း (သို့) မည်သည့် load မှ မသက်ရောက်သော စက်လည်နှုန်း) နှင့်
B. Loading speed ဝန်ဖြင့်ရုန်းနေရသော စက်လည်နှုန်း ဟူ၍ အခြေအနေ ၂မျိုးရှိသည်ကို သတိပြုရပါမည်။

1 . အဖြူ ရောင် (white smoke)
2 . မီးခိုးရောင် (grey smoke)
အထက်ပါ အရောင် ၂ရောင်အား စမ်းစစ်ကြည့်ရာတွင် အထက်ဖော်ပြပါ အခြေအနေ၂မျိုးအပေါ် မူတည်ပြီး ဆန်းစစ်ကြည့်ရပေမည်။
Idling speed တွင်
Engine စနှိုးစ အချိန်ဖြစ်သောကြောင့် ထွက်ရှိသော exhaust အငွေ့သည် အဖြူ (သို့) မီးခိုးရောင် သမ်းနိုင်ပါသည်။ အဘယ့်ကြောင့်နည်း engine အေးနေသောကြောင့်ဖြစ်ပါသည်။ engine အေးနေသောအခါ cylinder အတွင်း မီးလောင်ပေါက်ကွဲမှုကို နှောင့်နှေးစေပါသည်။ ထိုဖြစ်စဉ်ကြောင့် ဆီသည် အပြည့်အဝ မီးမလောင်ကျွမ်းပဲ အငွေ့အဖြစ်သို့ ကူးပြောင်းရောက်ရှိသွားပါသည်။ ထို့ကြောင့် ထွက်ပေါ်လာသည့် မီးခိုးအရောင်မှာ အဖြူ (သို့) မီးခိုးရောင် သမ်းနေပါသည်။အေးသောရာသီဥတု ရှိသည့် အရပ်ဒေသများတွင် ထိုသို့သော လက္ခဏာများ ပြတတ်ပါသည်။ engine အတွက် အလုပ်လုပ်ဆောင်ပေးမည့် လိုအပ်သည့်အပူချိန်ရရှိလျင် ထိုမီးခိုးအဖြူ ရောင် ပျောက်သွားပါမည်။ တချို့သော engine များတွင် ထိုဖြစ်ရပ်ကို ရှောင်လွဲရန်အတွက် glow plug ဟုခေါ်ဆိုသည့် အပူ ကြိုတင်ပေးသည့် plug အား cylinder ထိပ် (သို့) ဘေးတွင် ထားရှိပေးထားတတ်ပါသည်။ လောင်စာဆီ၏ အရည်အသွေးညံ့ဖျင်းလျင်သော်၎င်း ၊ nozzle tip (သို့) inject tip ကွဲအက်နေလျင်သော်၎င်း ၊ nozzle (သို့) injector body ကွဲအက်နေလျင်သော်၎င်း ၊ engine ၏ အအေးခံရေ အေးလွန်းနေလျင်သော်၎င်း ၊ engine အား idling speed ဖြင့် အချိန်ကြာမြင့်စွာ မောင်းနှင်နေလျင်သော်၎င်း ၊ valve timing နှင့် injector အသုံးပြုသည့် engine ဆိုလျင် injector timing မမှန်၍သော်၎င်း ၊ nozzle (သို့) injector ဆီပမ်းသွင်းပုံ ချိန်ညှိရန် လိုနေသောကြောင့်၎င်း.....စသည့် အချက်တို့ကြောင့် engine idling speed တွင် ထွက်ပေါ်လာသည့် မီးခိုးအရောင်မှာ အဖြူ (သို့) မီးခိုးရောင် သမ်းနေပါမည်။

Loading speed တွင်
ထို စက်လည်နှုန်းဖြင့် မောင်းနှင်နေသည့်အချိန်တွင် မီးခိုးအဖြူ (သို့) မီးခိုးရောင် ထွက်ပေါ်နေပါက အောက်ဖေါ်ပြပါ အချက်တို့ကြောင့် ဖြစ်ပါသည်။
(a) လေလိုင်းစနစ် ပိတ်ဆို့နေသောကြောင့်
(b) cooling system မှ thermostat ပျက်ယွင်းနေသောကြောင့် ........ thermostat သည် ပုံစံအမျိုးမျိုးဖြင့် ပျက်ယွင်းနေတတ်သည်။ thermostat ပွင့်လျက်ပုံစံဖြင့် ပျက်နေသော် ၊ engine ၏ အအေးခံရေသည် အချိန်ပြည့် radiator (သို့) cooler သို့ ဖြတ်သန်းနေပြီး အအေးခံရေအား အချိန်ပြည့် အအေးခံပေးနေပေမည်။ ထိုအခါ engine အေးသောကြောင့် လောင်စာဆီသည် အပြည့်အဝမီးမလောင်ကျွမ်းပဲ အငွေ့ပျံရာမှ ၊ ထွက်ရှိလာသော exhaust သို့ အဖြူ ရောင်(သို့) မီးခိုးရောင် သမ်းစေပါလိမ့်မည်။
(c) fuel injection pump ၏ pump timing မှားယွင်းနေသောကြောင့် ......... fuel ဆီပမ်းသွင်းမှုနောက်ကျလျင် လောင်စာဆီသည် အပြည့်အဝမီးမလောင်ကျွမ်းပဲ အငွေ့ပျံရာမှ ၊ ထွက်ရှိလာသော exhaust သို့ အဖြူ ရောင်(သို့) မီးခိုးရောင် သမ်းစေပါလိမ့်မည်။
(d) compression (ဖိကျစ်မှု) မကောင်းသောကြောင့် .....compression (ဖိကျစ်မှု) မကောင်းလျင် compression stroke တိုင်း၌ လေကို ကောင်းစွာ မဖိကျစ်သည့်အတွက် ဖိကျစ်ခံရမည့်လေသည် အေးနေပေလိမ့်မည်။ ထို့အတွက်ကြောင့် လောင်စာဆီသည် အပြည့်အဝမီးမလောင်ကျွမ်းပဲ အငွေ့ပျံရာမှ ၊ ထွက်ရှိလာသော exhaust သို့ အဖြူ ရောင်(သို့) မီးခိုးရောင် သမ်းစေပါလိမ့်မည်။
(e) cylinder head gasket ပေါက်နေသောကြောင့်.....cylinder head gasket အများဆုံးပေါက်သော နေရာသည် engine ၏ အပူဆုံး အစိတ်အပိုင်းဖြစ်သော exhaust valve နေရာတွင်သာ ပေါက်တတ်လေ့ရှိသည်။ ထိုနေရာတွင် gasket ပေါက်နေပါက coolant water (အအေးခံရေ) သည် ထိုပူနေသောနေရာအတွင်း ရောက်ရှိနေသည့်အတွက် engine အား အေးနေစေသည့်အနေအထားသို့ ရောက်ရှိစေပါသည်။

3 . အပြာရောင် (blue smoke)
အထက်ဖော်ပြပါ exhaust အပြာရောင်သည် ချောဆီကြောင့် ထွက်ပေါ်ရသည့် အရောင်ဖြစ်ပါသည်။
ထိုသို့ ဖြစ်ပေါ်ရသည်မှာ
(a). ချောဆီအရည်အသွေး မမှန်သောကြောင့်
(b). valve guide seal (သို့) valve stem ပွန်းစားပျက်ဆီးနေသောကြောင့် ၊ combustion chamber (မီးလောင်ခန်း) အတွင်းသို့ ချောဆီ
ရောက်ရှိနေသောကြောင့်
(c). piston rings (ပစ္စတင် ရိန်းများ) ကြပ်နေခြင်း
(သို့) ကျိုးနေခြင်းကြောင့်
(d). cylinder bore (sleeve) ပွန်းစားပြီး ကျယ်နေသောကြောင့်
စသည့် အချက်တို့ကြောင့် ဖြစ်ပါသည်။ မည်သည့် စက်လည်နှုန်းတွင်မဆို အထက်ပါ လက္ခဏာများ ပြတတ်ပါသည်။

4 . အမဲရောင် (black smoke)
အထက်ဖော်ပြပါ exhaust အမဲရောင်သည် လောင်စာဆီ တစိတ်တပိုင်း မီးလောင်ကျွမ်းရသောကြောင့် ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ -
Idling speed တွင်
(a). လေလိုင်းစနစ် ပိတ်ဆို့နေသောကြောင့်
လေလိုင်း ပိတ်ဆို့နေသောအခါ လောင်စာဆီ အပြည့်အဝ မီးမလောင်ကျွမ်းနိုင်တော့ပါ။ ဤ အချက်သည် white smoke တွင် ဖြစ်ပေါ်သောအချက်နှင့် ရောထွေးနိုင်ပါသည်။ white smoke တွင် engine စနှိုးစ အချိန်တွင် ထိုအရောင်ထွက်ပေါ်သည်။ exhaust အမဲရောင်မှာမူ engine အား load (ဝန်) သုံးလျင် သုံးသလောက် လုံလောက်သည့်လေ မရရှိသောအခါ ဖြစ်ပေါ်တတ်သည့် လက္ခဏာ ဖြစ်သည်။
(b). valve clearnace မမှန်သောကြောင့် .......valve clearance မမှန်သည်ဆိုရာဝယ် valve အပြည့်အဝ မပွင့်ခြင်း နှင့် valve နောက်ကျမှ ပိတ်ခြင်းတို့ကို ဆိုလိုပါသည်။
(c). Compression အားနဲသောကြောင့်.......
Compression အားနဲသည်ဟု ဆိုရာတွင် piston ဖိကျစ်ရမည့် လေ မလုံလောက်ခြင်းကို ဆိုလိုပါသည်။
(d). Nozzle (သို့) Injector ဆီပမ်းသွင်းပုံ မမှန်ခြင်းကြောင့် ......လောင်စာဆီသည် အမှုန်အမွှားအနေနဲ့ မပမ်းသွင်းဘဲ ဆီအား ထုနှင့်ထည်နှင့် ပမ်းသွင်းနေလျင် ထိုလက္ခဏာ ပြတတ်ပါသည်။ အထူးသဖြင့် Nozzle (သို့) Injector tip (ထိပ်ဖျား) များ အက်ကွဲ /ပြတ် နေလျင် ထိုလက္ခဏာ ပြတတ်ပါသည်။
(e). Fuel injection pump အလုပ်လုပ်ပုံ မမှန်သောကြောင့်
(f). Turbocharger ပါသော engine ဖြစ်လျင် turbocharger သည် လေလုံလောက်အောင် မပံ့ပိုးပေးသောကြောင့် ဖြစ်ပါသည်။

Loading speed တွင်
ထို စက်လည်နှုန်းဖြင့် မောင်းနှင်နေသည့်အချိန်တွင် မီးခိုးအမဲရောင် ထွက်ပေါ်နေပါက အောက်ဖေါ်ပြပါ အချက်တို့ကြောင့် ဖြစ်ပါသည်။
(a) လေလိုင်းစနစ် ပိတ်ဆို့နေသောကြောင့်
(b) exhaust back pressure များနေသောကြောင့် ၊ exhaust back pressure များရခြင်းမှာ လွတ်လွတ်လပ်လပ် ထွက်ရမည့် exhaust သည် လွတ်လပ်စွာ ထွက်ခွင့်မရသောအခါ exhaust ၏ pressure သည် cylinder ဘက်သို့ ဘက်ပြန်ကန်တတ်သည်။ ထိုသည်ကို exhaust back pressure ဟုခေါ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ exhaust လိုင်းအတွင်းတွင် (သို့) catalytic convertor အတွင်းတွင် ကာဗွန်ဂျိုးများ ကပ်ငြိနေသောကြောင့်ဖြစ်သည်။
(c) ပြင်ပပတ်ဝန်းကျင်၏ လေထုဖိအားနဲနေလျင် .... ထိုအခြေအနေမျိုးသည် ပင်လယ်ရေမျက်နှာပြင်ထက်မြင့်မားသော တောင်ပေါ်ဒေသများတွင် ကြုံတွေ့ရနိုင်သည်။ turbocharger မပါသော engine များတွင် အများဆုံးကြုံတွေ့ရနိုင်သည်။
(d) turbocharger ၏ compressor ဘက်ခြမ်းတွင် ညစ်ပတ်နေသောကြောင့်
(e) လောင်စာဆီအရည်အသွေး နိမ့်ကျသောကြောင့်
(f) ဆီလိုင်း ပိတ်ဆို့နေသောကြောင့်
(g) nozzle ဆီပမ်းပေါက် (သို့) injector ဆီပမ်းပေါက် ပိတ်ဆို့နေသောကြောင့်
(h) nozzle ထိပ် (သို့) injector ထိပ် ကွဲအက်နေသောကြောင့်
(i) nozzle body (သို့) injector body ကွဲအက်နေသောကြောင့်
(j) fuel injection pump ၏ ဆီပမ်းသွင်းပုံ မမှန်ခြင်းကြောင့်
(k) nozzle (သို့) injector မှ ဆီပမ်းပုံစံ မမှန်သောကြောင့်
(l) engine အား idling speed ဖြင့် အချိန်ကြာမြင့်စွာ မောင်းနှင်ထားသောကြောင့်
(m) cylinder head gasket ပြတ်နေသောကြောင့်
(n) valve ဟာ နေသောကြောင့် (သို့) valve ပြန်ချိန်ညှိရန် လိုနေသောကြောင့်
(o) piston rings ကျိုးနေခြင်း (သို့) ပွန်းစားနေခြင်းကြောင့်
(p) engine အား overhaul ပြုလုပ်ရန် လိုနေသောကြောင့်
(q) valve timing နှင့် ဆီ timing မမှန်သောကြောင့်
(r) nozzle (သို့) injector ပြန်လည်ချိန်ညှိရန် လိုနေသောကြောင့်
စသည့် အချက်များကြောင့် ဖြစ်ရပါသည်။
အထက်ဖော်ပြပါ သင်ခန်းစာအကြောင်းအချက်များကို ကျနော် apprentice (ပညာသင်) ကာလဆီက ကျနော့်ဆရာ၏ စနစ်တကျ သင်ကြားပေးမှုကြောင့် သိနားလည်ခဲ့ရပါသည်။ ......"လေလည်" တာနဲ့ "အီး" ပေါက်တာ ဘာကွာသလဲတဲ့ ?.....ဆရာ့ မေးခွန်းအဆုံးမှာ ကျနော် " ခွီး" ကနဲ တချက်ရယ်(ရီ)မိလိုက်သည်။ ကျနော် ရယ်(ရီ)၍ မဆုံးမီ ၊ လက်ထဲတွင်ကိုင်ထားသော ဝက်အူလှည့် လက်ကိုင်ဖြင့် ခေါင်းအား လှမ်းခေါက်ပြီး ၊ မင်းကို ငါ ဟာသ ပြောနေတာမဟုတ်ဘူး....ငါမေးတာ သေချာစဉ်းစားပြီးဖြေဟု...မျက်နှာရှုသိုးသို့ဖြင့် ဆရာမေးမှ....ဘာထူးလို့လဲ ဆရာ ?...အတူတူပဲ​လေ ဟု ပြန်ဖြေမိပါသည်။
ထိုအခါမှ ဆရာက ဂဂဏဏ သေချာ ရှင်းပြသည်။ လူ့ ခန္ဓာဗေဒအရ "လေလည်" သည်ဆိုသည်မှာ သဘာဝဖြစ်ရပ်...သူ့မှာ ဘာအနံ့အသက်မှမပါဘူး...ပတ်ဝန်းကျင်ကို မထိခိုက်စေဘူး....အေးးးး "အီးပေါက်" တယ်ဆိုတာက ပတ်ဝန်းကျင်ကို ထိခိုက်ညစ်နွမ်းစေပြီ...သူ့မှာ အစာအိမ်ထဲက အညစ်အကြေးတွေကို ဖြတ်သန်းလာရတဲ့အတွက် အဲ့ အညစ်အကြေးတွေရဲ့ effect (အကျိုးသက်ရောက်မှု) အနံ့အသက်တွေ...သူနဲ့အတူပါလာပြီ။ လူ့ ခန္ဓာဗေဒမှာ ဆီး ၊ ဝမ်း ၊ သွေး ၊ လေ ညီညွတ်မျှတမှ လူတယောက်ကို ကျန်းမာစေနိုင်သလို ၊ engine တလုံးမှာလည်း ဆီ ၊ ရေ ၊ လေ ၊ ဝိုင် ညီညွတ်မျှတမှ အဲ့ engine ရဲ့ ကြံ့ခိုင်ရေးကို ကောင်းမွန်စေမယ်။ engine တလုံးမှာ "လေ" လို့ပြောလိုက်ရင် အကုန်လုံးက engine ထဲကို ရှူ သွင်းမယ့် "လေ" အတွက်ပဲ စဉ်းစားကြတယ်။ engine က ထွက်မယ့် "လေ" (exhaust) လို့ ပြေးမမြင်မိတတ်ကြဘူး...ဟုဆိုပြီး.........engine ၏ အစိတ်အပိုင်းများအားလူ့ ခန္ဓာဗေဒနှင့် ပမာပုံပြ၍ သင်ကြားပေးခြင်း ခံခဲ့ရဖူးပါသည်။
ယနေ့ကာလ လူငယ်မျိုးဆက်သစ်များကို thumb generation ("လက်မ" မျိုးဆက်​သစ်​) များဟု ပုံပြု နှိုင်းဆိုနိုင်ပါသည်။ အဘယ့်ကြောင့်နည်း ? phone screen အား ၊ လက်မလေးဖြင့် အသာပွတ်ကြည့်ရုံဖြင့် သိချင်သော ၊ လိုချင်သော ပညာ အဖြေတခုကို မျက်စိရှေ့မှောက် အလွယ်တကူ သိမြင်နိုင်ကြပြီ ဖြစ်သောကြောင့်ဖြစ်သည်။ မည်သူမဆို ပညာတခုကို အလွယ်တကူ သင်ကြားတတ်မြောက်ရလျင် ထိုပညာရပ်အပေါ် တန်ဘိုး ထားရတတ်ကောင်းမှန်း မသိတော့ချေ။ ထို့အတွက်ကြောင့် ပညာရပ်တခုအပေါ် မလေးစားတတ်ချင်တော့...ပေ။ ရှေးယခင်က ပညာသင်ကြားခဲ့ရသူများတွင် ၄င်းတို့ ဖြတ်သန်းရင်ဆိုင်ခဲ့ရသည့် လောကဓံ အတိတ်ဆိုးများ လူတဦးချင်းဆီ၌ ရှိတတ်ခဲ့ကြသည်။ ယနေ့ခေတ်ကဲ့သို့ ပညာတခုခုကို လွယ်လွယ်ဖြင့် ဖောချင်းသောချင်း မရခဲ့ကြရပေ။ ငွေ ၊ အချိန် ၊ လုံ့လ ၊ ဝိရိယ ၊ ချွေး ၊ အောက်ကျို့မှု စသဖြင့် ရင်းနှီးပေးဆပ်ပြီးမှ ရှာမှီးခဲ့ကြရခြင်းဖြစ်သည်။ ထိုသို့ ပေးဆပ်ပြီး ရှာမှီးဖွေရှာရာတွင် တချို့က အကုန်သင်မပေးတတ်ကြ။ တပိုင်းတစ ချန်လှပ်ထားတတ်ကြသည်။ ထိုသည်ကိုပင် ဆရာစားချန်သည် ဟု ခေါ်ဆိုသုံးနှုန်းကြသည်။ ထိုခေတ် ကာလဆိုးများဆီက ဖတ်ချင်သည့် စာအုပ်တောင် ငွေပုံပေးပြီး အလွယ်တကူ ဝယ်ယူ၍မရ...။ ယနေ့ခေတ်တွင်တော့ အိမ်တိုင်ရာရောက် အလွယ်တကူ မှာယူ၍ ရရှိနေပေပြီ။
မည်သူ့ဆီက ၊ မည်သည့်နေရာမှ ၊ မည်သည့် ပညာရပ်ပင်ဖြစ်ပါစေ မည်သို့ပင်ရရ.....တန်ဘိုးထားတတ်စေရန် ရည်သန်၍။....

ပညာရှင်​အားလုံးအား​လေးစားလျက်
အောင်​မြင်​သူ - ဆားဗစ်​ အင်​ဂျင်​နီယာ

28/03/2019

SUMITOMO 8Tons
Main pump&pilot pump service

SUMITOMO 8TonsMain pump&pilot pump service
28/03/2019

SUMITOMO 8Tons
Main pump&pilot pump service

XCMG Road RollerFront Roller shaft repairsပဲခူးတိုင်း သာယာဝတီ
21/03/2019

XCMG Road Roller
Front Roller shaft repairs
ပဲခူးတိုင်း သာယာဝတီ

ရေပြန်ဘူးလေး၊ ရေတိုင်ကီအဖုံးလေး ဘယ်လိုအလုပ်လုပ်သလဲ ..?အင်ဂျင်အအေးခံစနစ်မှာ ရေပြန်ဘူးလေးနဲ့ ရေတိုင်ကီအဖုံးကလဲ အတော်လေးကို...
20/03/2019

ရေပြန်ဘူးလေး၊ ရေတိုင်ကီအဖုံးလေး ဘယ်လိုအလုပ်လုပ်သလဲ ..?

အင်ဂျင်အအေးခံစနစ်မှာ ရေပြန်ဘူးလေးနဲ့ ရေတိုင်ကီအဖုံးကလဲ အတော်လေးကို သူ့တို့ကဏ္ဍ အရေးကြီးလှပါတယ်

သူ့ရဲ့သူငယ်ချင်းမိတ်ဆွေကတော့ Radiator Cap လို့ ခေါ်တဲ့ ရေတိုင် ကီအဖုံးလေးပါပဲ။ ရေပြန်ဘူးလေးကိုတော့ Reservoir Tank လို့ အီးလိုခေါ်ပါတယ်။

ရေပြန်ဘူးလေးဟာ သူ့ မိတ်ဆွေ အဖုံးလေးက နေ အံထုတ်ပေးတဲ့ Coolant တွေကို သူက ဆုံးရှုံးမှုမရှိစေရန်သိမ်းထားပေးပြီးတဖန် လိုတဲ့အခါ တိုင်ကီထဲကို ပြန်ပို့ပေးတဲ့အလုပ်ကိုလုပ်တာပါ

သူ့အကြောင်းထက် သူ့ မိတ်ဆွေ ရေတိုင်ကီအဖုံးလေးအကြောင်းက ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။

သူ့ မိတ်ဆွေ တိုင်ကီအဖုံးလေးပေါ်ကိုကြည့်လိုက်မယ်ဆိုရင်တော့ အဲ့ဒီ အဖုံးလေးရဲ့ ခံနိုင်တဲ့ ဖိအားကိုဖော်ပြထားပါတယ်။ပြီးတော့သူ့ ရဲ့ ဆိုဒ် ဖြစ်ပါတယ်။ ဆိုဒ်တူကိုအတိအကျ တပ်ဆင်ဖို့ လိုပါတယ်။

မြန်မာအခေါ်ရေတိုင်ကီလို့ ခေါ်တဲ့ Coolant အရည်ထည့်ရတဲ့ Radiator ထဲမှာရှိတဲ့ Coolant ( အင်ဂျင်အအေးခံအရည် ) ဟာ ကားအင်ဂျင်လည်ပတ် နေတာနဲ့အမျှ အင်ဂျင်အအေးခံလိုင်းတလျေက် ရေလည်အုံ ( ရေပန့်) အကူညီနဲ့သွားလာလှုပ်ရှားနေတာပါ။

အင်ဂျင်ရဲ့ အပူကိုစုပ်ယူထားတဲ့ Coolant တွေဟာ သတ်မှတ်အပူချိန်ကျော်သွားတာနဲ့ ရေတိုင်ကီထဲကို အအေးခံဖို့ သာမိုစတက်အကူညီနဲ့ ပြန်ရောက်လာပါတယ် အဲ့ဒီမှာပူနေတဲ့ Coolant တွေဖြစ်တာကြောင့် ဖိအား ဖြစ်လာပါတယ်။

အဲ့ဒီဖိအားဟာ အင်ဂျင်မောင်းနှင်မှုများလာတာနဲ့အမျှ ဖိအား များလာနိုင်ပါတယ် အဲ့ဒီအခါမှာ radiator ထဲကဖိအားကို လျှော့ချဖို့ အဖုံးလေးက ဖွင့် ပေးလိုက်တဲ့အခါ ဖိအားလျော့သွားပြီးCoolant အချို့ ရေပြန်ဘူးထဲရောက်သွားပါတယ်။

ရေတိုင်ကီထဲဖိအားနဲသွားတာနဲ့ တဖန်ရေပြန်ဘူးထဲမှ Coolant ကို ထိုအဖုံးလေးကနေတဆင့်ပြန်ပြီး ရေတိုင်ကီထဲပြန်ရောက်သွားပါတယ်

ရေပြန်ဘူး ပေါက်နေရင် မပါရင် ရေတိုင်ကီထဲက ကူးလန့် တွေ ဆုံးရှုံးပြီး Coolant ပျောက် တာတွေဖြစ်တတ်ပါတယ်။ရေတိုင်ကီအဖုံးမကောင်းတဲ့ အခါ သက်မှတ်ဖိအားမှာ ဘားမပွင့်ပေးတဲ့အတွက် ရေတိုင်ကီ ကွဲတာ ရေလိုင်းတွေပျက်စီးတာဖြစ်တတ်ပါတယ်။

အင်ဂျင်တစ်လုံးရဲ့ စွမ်းအားပြည့်ဖို့ အအေခံစနစ်မှာပါဝင်တဲ့ အစိတ်အပိုင်း အားလုံး ကောင်းမွန်နေဖို့ လိုပါတယ်။ တိုင်ကီအဖုံးကို အတိအကျ တော်တဲ့ ဆိုဒ်ကိုသာတပ်ဆင်ပါ ရေပြန်ဘူးထဲမှာCoolant 3ပုံတစ်ပုံသာထည့်ထားရပါမယ် ရေတိုင်ကီထဲမှာ Coolantကို အပြည့် ထည့်ထားပြီးအဖုံးကိုသေချာပိတ်ထားဖို့ လိုအပ်ပါတယ်။

Credit: Original Writer
Pressure and temperature relationship
P=k×T
K=constant
မှတ်​ချက်​။ ။Liquid&gasတို့တွင်​ temperatureများလာတာနှင့်​အမျှ pressureတက်​လာသည်​။
Z.M(စက်​မှု)

18/03/2019

JCB Mini Excavator
Overhaul Pipe Replacing

မင်္ဂလာပါ ခင်မျာ ယခု့  ရေးသားအပ်သော ပစ္စတန် နှင့် ရိမ်း အထားအသိုထို့ နောက်   ဆလင်ဒါအတွင်း ရိမ်းကွင်း  ဟ ;ထားနိင်မဲ့end ring...
11/03/2019

မင်္ဂလာပါ ခင်မျာ
ယခု့  ရေးသားအပ်သော ပစ္စတန် နှင့် ရိမ်း အထားအသို
ထို့ နောက် ဆလင်ဒါအတွင်း ရိမ်းကွင်း ဟ ;ထားနိင်မဲ့
end ring gap တို့ ကို ဖေါ်ပြပါ ပုံတို့ ကို စေ့စေ့ ပေါက်
ပေါက် လေ့လာနိင်ရန် တင်ပြပါတယ်
measurement အတိုင်းအတာ များကို manual
guide များထဲမှ မှီငြမ်းမထားပါဘူး
ISO , SAE guide များကိုသာ မှီထားဖေါ်ပြပါတယ်
အင်ဂျင်တလုံး အကောင်အထည်ဖေါ်ရန် ပထမအဆင့်
စစ်ဆေးဘို့ က ဆလင်ဒါလောက် နဲ့ ကရိုင်း အတိုင်း
အတာ တို့ ပဲဖြစ်ပါတယ်
ဆလင်ဒါ ဘလောက်အပိုင်းပဲစစ်ဆေးကြပါစို့ 
ပစ္စတန်ရဲ့ diameter အချင်းအတိုင်းအတာ ဘယ်လောက်ဆို ဘလောက်ရဲ့ စလစ် sleeve အကျယ်
ဘယ်လောက်ထားပေးရမယ်ဆိုတာ စစ်ရပါတယ်
ကိုယ့်လက်ထဲမှာ guide list ကိုင်ထားရမယ် feeler
gauge ကို မိမိနှစ်သက်တဲ့ မီလီမီတာ , လက္မ စတဲ့ ဂိတ်
နဲ့စစ်ဆေးနိင်ပါတယ်
စလစ်နဲ့  ပစ္စတန် နီးကပ်လွန်းတာ , ဝေးလွန်းတာ တွေ့ရ
တယ်ဆိုယင် and ring gap ရိမ်းတွေရဲ့ ပါးစပ်ဟ နှုံး
ပိုတာ လိုတာ ဖြစ်လာမယ်
ပြု့ပြင်သုံးစွဲလို့  ရနိင် မရနိင် သင့်တော် မတော် ခွဲခြား
နိင်ပါပီ
မီလီအတိုင်းအတာဟာ တလက္မ အတွင်း မိုက္ခရိုမီလီ
2540ဆိုတာမို့  -0001 ကို အများအခေါ် one thousand တစ်သောင် လို့ ပြောပါတယ်
piston diameter 4 inc မှာ ရိမ်း ဟ,ထားပေးနိင်တာ
အနည်းဆုံး 0-004 အများဆုံး 0-005 inc ထားပေးနိင်
တယ်လို့  ဆိုပါတယ်
ရိမ်းအဟ များလာတာနဲ့ ပစ္စတန် နဲ့ စလစ် လွတ်လွန်းတာကြောင့် knock အသံ ခေါက်လာတာ ကို
ဆလင်ဒါ တစောင်းထားသော အင်ဂျင်တွေမှာ တွေ့ရမယ်
လှဲထားအင်ဂျင်တွေမှာ ပိုဂရုထားရပါမယ်
ရိမ်း gap ကိုစစ်ဆေးပြီးသည်နှင့် ပစ္စတန်ရှိ ရိမ်းခွေလိုင်း
အနေအထား တင်းကြပ်ခြင်း ချောင်လွန်းခြင်း မရှိစေရန်လည်း စစ်ရပါမယ်
piston ring groove တွင် အပေါ်ဆုံး လိုင်းမှာ အပေါ်
မျက်နှာပြင် တစောင်း ပါသော type တို့ အတွက် အထက်
အောက်မျက်နှာပြင် နှင် first ring ,second ring မမှားစေရန်လိုအပ်ပါတယ်
ပထမ ရိမ်းမှာ မီးလောင်ခံနိင်ရည်ရှိ ရိမ်းဖြစ်ဘို့  လိုပါ
တယ်
စစ်ဆေးပြီး piston မှာ တပ်ဆင်ရာ အထားအသိုကို
ဆလင်ဒါ စလစ်အတွင်း နှင့်သာ မှန်ကန်ခြင်း မှားယွင်းခြင်း
သာ ဖြစ်ပါတယ်
cylinder Head မှာရှိသော IN ဘား EX ဘားတို့ နှင့်
အကျိုးခံစားခြင်း ယုတ်လျှော့ခြင်းမရှိပေ
အထိက အကြောင်းအချက်က ရိမ်းပါးစပ်တို့  နီးကပ်
မနေစေရန် piston pin ဂါဂျီပင်ပေါက်နှင့် တတန်းတည်း
ရှိမနေစေရန် ဖြစ်ပါတယ် အကြောင်းကား
oil ring အောက်ခြေလိုင်း ခံနိင်ရည် ပါးနေတာ piston
groove under wall ကိုတွေ့ရမှာဖြစ်တယ်
သို့ ပါ၍ ကျနော်တင်ပြသော ပုံပါ စာတန်းများဖြင့် သင်တို့ 
အတွက် အထောက်အပံ့ ကောင်းတခု့ ဖြစ်မည်ဟု့ မျော်
လင့်မိပါကြောင်း
Creditz:U Thein Swe

ယနေ့ အသုံးပြုနေသော စက် ယာဉ် ယန္တယားများ အကြောင်းအမျိုးမျိုးကြောင့်  ပျက်ဆီးနေပါတယ်။ အဲ့ပျက်ဆီးရခြင်း အကြောင်းရင်းထဲမှ စက်...
09/03/2019

ယနေ့ အသုံးပြုနေသော စက် ယာဉ် ယန္တယားများ အကြောင်းအမျိုးမျိုးကြောင့် ပျက်ဆီးနေပါတယ်။ အဲ့ပျက်ဆီးရခြင်း အကြောင်းရင်းထဲမှ စက်ယာဉ်ယန္တယား အသုံးပြုသူများ အများဆုံးမှားလေ့မှားထရှိတာကတော့ Engine Oil (E/O) ကိုမှားယွင်းစွာ အသုံးပြုနေခြင်းပါ။ ထို့ကြောင့် E/O ကောင်းမကောင်း ဘယ်လိုသိရမလဲ ဆိုတာ ရှင်းပြချင်ပါတယ်။ 10W-30 နှင့် 15W-40 ဘယ် E/O က ကောင်းလဲမေးရင် 10W-30 ကောင်းသူ နှင့် 15W-40 ကောင်းသူ အမျိုးမျိုးဖြေနေကြပါတယ်။ အမှန်က နှစ်ခုလုံး ကောင်းပါတယ် 😁😁။ ပေးထားတဲ့ instruction အတိုင်းထည့်လျှင် အကောင်းဆုံးပါ။ E/O ကောင်းမကောင်း ဆုံးဖြတ်သည့်အခါ E/O ၏ API(American Petroleum Institute) ကိုကြည့်၍ ဆုံးဖြတ်ရပါတယ်။ဓာတ်ဆီ အသုံးပြုသူများအနေဖြင့် API က SG-1989 SH-1993 SJ-1996 SM-2004 ဆိုပြီး သတ်မှတ်ထားပါတယ်။ Disel ဆိုလျှင် CA-1940 CB-1949 CC-1961 CD-1955 CE-1983 CF4-1990 CF-1994 CF2-1994 CG4-1995 CH4-1998 CI4-2002 CJ4-2006 ဆိုပြီးရှိပါတယ်။ Diesel Engine အနေဖြင့် အနိမ့်ဆုံး CH4 ကို အသုံးပြုသင့်ပါတယ်။ အချက်လက်များ မှားယွင်းပါက စာရေးသူ၏ အားနည်းချက်သာဖြစ်ပါတယ်။

Z.M (စက်မှု)

08/03/2019

JOHN DEERE Engine Repair & Overhaul Service
Model - 4045TT089

Address

No. 436 Aungmingalar (5) Street Kyauktan Tsp
Yangon
95

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95 9 780 490394

Website

Alerts

Be the first to know and let us send you an email when Green Leaves posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Green Leaves:

Share