19/05/2026
ကျွန်တော်တို့ ရှင်သန်နေထိုင်တဲ့ ပတ်ဝန်းကျင်ကြီး ပိုမိုအန္တရာယ်ကင်းပြီး စိမ်းလန်းစိုပြည်လာဖို့ဆိုတာ စကားလှလှလေးတွေ ပြောနေရုံနဲ့မရဘဲ လက်တွေ့ကျတဲ့ ရွေးချယ်မှုတွေ လိုအပ်ပါတယ် 🌍⚡။
ဒါကြောင့်မို့လို့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးပြီး မီးဘေးအန္တရာယ်ကိုလည်း အကောင်းဆုံး တားဆီးပေးနိုင်မယ့် Hitachi Soe Electric & Machinery Co.,Ltd ရဲ့ Eco-friendly power solution “Green Guardian Transformer” နဲ့ မိတ်ဆက်ပေးပါရစေ ။ သာမန်စက်သုံးဆီ (Mineral Oil) နေရာမှာ ပဲပိစပ်ကနေ ထုတ်လုပ်ထားတဲ့ သဘာဝဆီ (Natural Ester Oil) ကို အသုံးပြုထားတာ ဖြစ်ပါတယ်။🙏🏻
💡 ဘာကြောင့် ရွေးချယ်သင့်လဲ?
🔹မီးဘေးအန္တရာယ် လုံးဝစိတ်ချရခြင်း✨
Natural Ester Oil ရဲ့ မီးလောင်နိုင်စွမ်း Fire Point ~360 °C ထိရှိလို့ မီးလောင်ခြင်းအန္တရာယ်ကို အထူးလျှော့ချပေးပါတယ်။ IEC Standard အရ K-class အဆင့်ရှိပြီး Myanmar Fire Safety Code တွေနဲ့လည်း ကိုက်ညီတာကြောင့် အဆောက်အဦးအတွင်းပိုင်းတွေမှာပါ စိတ်ချလက်ချအသုံးပြုနိုင်ကြောင်း မီးသတ်ဦးစီးဌာနက တရားဝင်ခွင့်ပြုထားပါတယ်။
🔹မြန်မာ့မိုးရာသီနဲ့ အကိုက်ညီဆုံးဖြစ်ပြီး သက်တမ်းပိုကြာခြင်း✨
သာမန်ဆီထက် စိုစွတ်မှုကို ပိုမိုထိန်းသိမ်းပေးနိုင်လို့ စက်ပစ္စည်းပျက်စီးမှုကို လျှော့ချပေးပြီး Transformer ရဲ့ သက်တမ်းကို ပိုမိုကြာရှည်ခံစေပါတယ်။
🔹သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း 👏🏻
သဘာဝပတ်ဝန်းကျင်ထိခိုက်စေမှုရဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ လေထုညစ်ညမ်းမှု (CO2) ကို 98% အထိ လျှော့ချပေးပါတယ်။ မတော်တဆ ဆီဖိတ်စင်ခဲ့ရင်တောင် သေးငယ်တဲ့ဇီဝသက်ရှိတွေကနေ ရက်ပိုင်းအတွင်း အလွယ်တကူချေဖျတ်ပေးနိုင်တာဖြစ်လို့ ရေနေသတ္တဝါတွေနဲ့ ပတ်ဝန်းကျင်ကို လုံးဝမထိခိုက်စေပါဘူး။
🔹ပြုပြင်ထိန်းသိမ်းမှုစရိတ် သက်သာခြင်း🔧
ပုံမှန်ထက် အပူဒဏ်ခံနိုင်ရည် ပိုမြင့်မားလို့ Transformer Lifetime ကြာရှည်ပြီး Maintenance (ပြုပြင်ထိန်းသိမ်းမှု) အကြိမ်ရေကို လျှော့ချပေးပါတယ်။
ဘေးအန္တရာယ် ကာကွယ်ရေးအတွက်ရော၊ ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက်ပါ စိတ်ချရတဲ့ Eco-friendly power solution “Green Guardian Transformer” ကို Cast Resin Type (Dry Type) နေရာမှာ အစားထိုး ပြောင်းလဲအသုံးပြုပြီး မိမိလုပ်ငန်းကို ရေရှည်ကာကွယ်ရင်း၊ စိမ်းလန်းတဲ့အနာဂတ်ကို အတူတူ ဖော်ဆောင်ပေးကြဖို့ လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါတယ်ဗျာ။🙏🏻💙