Shwe Taik Eain Construction ရွှေတိုက်အိမ် ဆောက်လုပ်ရေး

  • Home
  • Myanmar
  • Yangon
  • Shwe Taik Eain Construction ရွှေတိုက်အိမ် ဆောက်လုပ်ရေး

Shwe Taik Eain Construction ရွှေတိုက်အိမ် ဆောက်လုပ်ရေး အဆောက်အဦးများတည်ဆောက်လိုပါကရွှေတိုက်အိမ် ဆောက်လုပ်ရေးဖုန်း 09-666606647 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

16/11/2025

🏡 အိပ်မက်တွေကို လက်တွေ့ဖြစ်လာအောင် ဖန်တီးပေးဖို့ ယုံကြည်စိတ်ချရတဲ့ အိမ်ဆောက်ဖော် “ရွှေတိုက်အိမ်”

သင့်ရဲ့ စိတ်ကူးထဲက လုံးချင်းအိမ် တစ်လုံးကို အကောင်အထည်ဖော်ဖို့ စဉ်းစားနေပြီလား? 🤔

ကိုယ်ပိုင်အိမ်တစ်လုံးဆိုတာ ဘဝရဲ့ အရေးကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုပါ။ ဒါကြောင့် လုံးချင်းအိမ် ဆောက်လုပ်ရေး လုပ်ငန်းအတွက် စိတ်ချယုံကြည်ရပြီး အရည်အသွေးကို အာမခံနိုင်တဲ့ လုပ်ငန်းကောင်းတစ်ခုကို မှန်ကန်စွာရွေးချယ်နိုင်ဖို့က အရေးကြီးဆုံးပါပဲ။

“ရွှေတိုက်အိမ်-ဆောက်လုပ်ရေးက” သင့်ရဲ့ အိပ်မက်တွေကို အကောင်းဆုံး၊ အခိုင်မာဆုံးနဲ့ အလှပဆုံးဖြစ်အောင် ပုံဖော်ပေးဖို့ အသင့်ရှိနေပါပြီနော် 🥰

လုံးချင်းအိမ်ဆောက်ဖို့ စိတ်ဝင်စားတယ်ဆိုပါက အသေးစိတ်ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။

☎️ 09-6666 066 47 , 09-7555 722 99
📍 No. 18, Za Bu Yit Road , Sanchaung. Yangon.
📧 [email protected]

#ရွှေ‌တိုက်အိမ်ဆောက်လုပ်ရေး #လုံးချင်းအိမ်

🏗️ သင့်အိမ်၊ လုပ်ငန်းခွင်၊ အလုပ်ရုံတွေကို ဆောက်လုပ်တဲ့အခါ ဘယ်နည်းလမ်းနဲ့ ဆောက်လုပ်ဖို့စဉ်းစားထားလဲ?ဆောက်လုပ်ရာမှာ Tradit...
16/11/2025

🏗️ သင့်အိမ်၊ လုပ်ငန်းခွင်၊ အလုပ်ရုံတွေကို ဆောက်လုပ်တဲ့အခါ ဘယ်နည်းလမ်းနဲ့ ဆောက်လုပ်ဖို့စဉ်းစားထားလဲ?

ဆောက်လုပ်ရာမှာ Traditional Construction Method နဲ့ Modern Construction Method ဆိုပြီး ရွေးချယ်စရာ (၂) မျိုးရှိပါတယ်။ နှစ်ခုစလုံးကတော့ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိပြီး လက်ခံနိုင်တယ်ဆိုရင်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ Method ဖြင့် ရွေးချယ်ဆောက်လုပ်နိုင်ပါတယ်နော်။

Traditional Construction Method
✅ အားသာချက်များ + ❌ အားနည်းချက်များ

ကြာရှည်ခံမှု: အုတ်၊ ကျောက်၊ သစ်သား စတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို သုံးပြီးတည်ဆောက်ထားတဲ့ အဆောက်အအုံတွေက ခိုင်ခံ့ပြီး နှစ်ရှည်လများ တည်တံ့နိုင်ပါတယ်။ ဒါပေမဲ့ အဆင့်တိုင်းကို လုပ်ငန်းခွင်မှာ လက်နဲ့ အချိန်ယူလုပ်ရတဲ့အတွက် စီမံကိန်း ပြီးစီးဖို့ပိုကြာနိုင်ပါတယ်။

ဒီဇိုင်း ပြောင်းလွယ်ပြင်လွယ်ရှိခြင်း: လုပ်ငန်းခွင်မှာပဲ လိုသလို ဒီဇိုင်းပုံစံကို ပြန်လည်ပြင်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်လုပ်သားများစွာ လိုအပ်ပြီး၊ လုပ်အားခစရိတ် ပိုများနိုင်ပါတယ်။

ရိုးရာလက်ရာအလှ: မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်ဖက်တဲ့ လက်မှုပညာ အသေးစိတ်အလှ တွေ ထည့်သွင်းနိုင်ပါတယ်။ ဒီမှာလည်း ဆောက်လုပ်ရေးလုပ်သားရဲ့ ကျွမ်းကျင်မှုအပေါ် မူတည်တဲ့အတွက် အရည်အသွေးကောင်းကောင်းရဖို့ မသေချာနိုင်ပါဘူး။

Modern Construction Methods - MMC
✅ အားသာချက်များ + ❌ အားနည်းချက်များ

မြန်ဆန်ခြင်းနှင့် စွမ်းဆောင်ရည်မြင့်မားခြင်း: အစိတ်အပိုင်းတွေကို စက်ရုံမှာ ကြိုတင်ထုတ်လုပ်ပြီးမှ တပ်ဆင်တာမို့ ဆောက်လုပ်ချိန် ၃၀% မှ ၅၀% ထိ သက်သာ စေပါတယ်။ ဒါပေမဲ့ ဒီဇိုင်း အပြောင်းအလဲလုပ်ဖို့ ခက်ခဲပြီး အစောပိုင်း စီမံကိန်းရေးဆွဲမှု ကောင်းမွန်ဖို့ လိုအပ်ပါတယ်။

အရည်အသွေး တသမတ်တည်းရှိခြင်း: စက်ရုံထုတ်စနစ် (Factory Control) ကို အသုံးပြုတာကြောင့် အမှားအယွင်းနည်းပြီး တိုက်ရဲ့ အရည်အသွေး စံနှုန်းမြင့်မားနိုင်ပါတယ်။ ဒါပေမဲ့ တချို့သော နည်းပညာများနှင့် ပစ္စည်းများအတွက် ကနဦး ကုန်ကျစရိတ် ပိုများနိုင်ပါသည်။

ရေရှည်မှာ ကုန်ကျစရိတ် သက်သာခြင်း: လုပ်အားခသက်သာခြင်း၊ ပစ္စည်းအလေအလွင့် နည်းခြင်းကြောင့် စီမံကိန်း ကုန်ကျစရိတ်ကို ထိန်းချုပ် လျော့နည်းစေနိုင်ပါတယ်။ စွမ်းအင်ချွေတာသော ပစ္စည်းများနှင့် အလေအလွင့်လျှော့ချမှုကြောင့် ပိုမို ရေရှည်တည်တံ့နိုင်ပါတယ်။

💡ကဲ ဒါဆို ဘယ်နည်းလမ်းက သင့်အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာ Comment မှာ အဖြေမန့်ခဲ့ဖို့ မမေ့ပါနဲ့နော်…
ဘယ်နည်းလမ်းက ပိုကောင်းတယ်ဆိုတာ သင့်စီမံကိန်းပေါ်မှာ မူတည်ပါတယ်။

#ရွှေ‌တိုက်အိမ်ဆောက်လုပ်ရေး #လုံးချင်းအိမ် #ဆောက်လုပ်ရေး #အိမ်ဆောက်မယ် #ဆောက်လုပ်ရေးဗဟုသုတ #ရိုးရာဆောက်လုပ်ရေး #ခေတ်မီနည်းပညာ

Myanmar National Day    #ရွှေ‌တိုက်အိမ်ဆောက်လုပ်ရေး
14/11/2025

Myanmar National Day


#ရွှေ‌တိုက်အိမ်ဆောက်လုပ်ရေး

တူယှဉ်နွှဲပျော် တန်ဆောင်တိုင်ပွဲတော်🌕✨တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့လေးမှာ မိသားစုတွေနဲ့အတူ ချစ်ခင်ရသူတွေနဲ့ ပျ...
04/11/2025

တူယှဉ်နွှဲပျော် တန်ဆောင်တိုင်ပွဲတော်🌕✨
တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့လေးမှာ မိသားစုတွေနဲ့အတူ ချစ်ခင်ရသူတွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ရွှေတိုက်အိမ်မိသားစု မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🙏🏻
#တန်ဆောင်မုန်းလပြည့်နေ့ #ဆုမွန်ကောင်း #သာမညဖလအခါတော်နေ့

ခေတ်စားနေတဲ့ Modern အိမ်ဒီဇိုင်းတွေကို ရွှေတိုက်အိမ်နဲ့ ဆောက်လုပ်ချင်တယ်ဆိုရင်တော့ အိမ်ပုံစံဒီဇိုင်းနဲ့ နေထိုင်မဲ့ လူဦးရ...
02/11/2025

ခေတ်စားနေတဲ့ Modern အိမ်ဒီဇိုင်းတွေကို ရွှေတိုက်အိမ်နဲ့ ဆောက်လုပ်ချင်တယ်ဆိုရင်တော့ အိမ်ပုံစံဒီဇိုင်းနဲ့ နေထိုင်မဲ့ လူဦးရေပြောရုံပဲလိုပါတယ်နော်

ရွှေတိုက်အိမ်မှ လုပ်ငန်းမစခင် စနစ်တကျဖြစ်စေဖို့ အဆင့် (၃) ဆင့်နဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

💰 ကုန်ကျစရိတ်နှင့် ဘတ်ဂျက် တိကျစွာ ခန့်မှန်းတွက်ချက်ခြင်း

🔸 အိမ်ပုံစံ ဒီဇိုင်းအရ လိုအပ်မဲ့ ဆောက်လုပ်ရေးပစ္စည်း အရေအတွက်ကို အသေးစိတ် တွက်ချက်ခြင်း။

🔸 ပစ္စည်း၊ လုပ်သားခနှင့် အခြားကုန်ကျစရိတ်များ အားလုံးကို အိမ်ရှင်နှင့် ရှင်းလင်းစွာ သဘောတူညီချက်ရယူကာ စုစုပေါင်း ဘတ်ဂျက်ကို သတ်မှတ်ခြင်း။

📅 အချိန်ဇယားနှင့် လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်း

🔸 ဆောက်လုပ်ရေး လုပ်ငန်းစဉ် တစ်ခုချင်းစီ (ဥပမာ- မြေတူးခြင်း၊ ပုံစံချခြင်း၊ အုတ်စီခြင်း စသည်) အတွက် စတင်ရမည့်ရက်နှင့် ပြီးစီးရမည့်ရက်ကို သတ်မှတ်ကာ လက်တွေ့ကျသော အချိန်ဇယား ရေးဆွဲခြင်း။

🔸 လုပ်ငန်းခွင်အဖွဲ့နှင့် ပစ္စည်းများကို အချိန်ကိုက်ရောက်ရှိစေရန် စီစဉ်ခြင်း။

👩🏻‍⚖️ ဥပဒေလိုအပ်ချက်နှင့် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုများ

🔸 အင်ဂျင်နီယာပုံစံများ (Designs) ကို ပြန်လည်စစ်ဆေးပြီး လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်စေရန် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်ခြင်း။

🔸 အိမ်ရှင်၏ ဆောက်လုပ်ခွင့်ပါမစ် (Building Permit) လျှောက်ထားခြင်းလုပ်ငန်းစဉ်တွင် လိုအပ်သော စာရွက်စာတမ်းနှင့် နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များဖြင့် ကူညီဆောင်ရွက်ပေးခြင်း။

တစ်ထပ်၊ နှစ်ထပ်၊ သုံးထပ် စတဲ့ RC လုံးချင်းတိုက်အိမ်တွေကို တိုက်သားကောင်းကောင်း အရည်အသွေးကောင်းကောင်း ဒီဇိုင်းလှလှနဲ့မှဆောက်လုပ်ချင်သူများကို ရွှေတိုက်အိမ်ဆောက်လုပ်ရေးလုပ်ငန်းမှ ဖိတ်ခေါ်အပ်ပါတယ်ရှင့်။

လုံးချင်းအိမ်ဆောက်ဖို့ စိတ်ဝင်စားတယ်ဆိုပါက အသေးစိတ်ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။

☎️ 09-6666 066 47 , 09-7555 722 99
📍 No. 18, Za Bu Yit Road , Sanchaung. Yangon.
📧 [email protected]

#ရွှေ‌တိုက်အိမ်ဆောက်လုပ်ရေး #လုံးချင်းအိမ်

🏗️ အဆောက်အအုံတစ်ခုရဲ့ အသက်သွေးကြောဖြစ်တဲ့ "ပန္နက်" ဘာကြောင့် မဖြစ်မနေ ရိုက်ရတာလဲ? အိမ်တစ်လုံး ဒါမှမဟုတ် အဆောက်အအုံတစ်ခု ...
01/11/2025

🏗️ အဆောက်အအုံတစ်ခုရဲ့ အသက်သွေးကြောဖြစ်တဲ့ "ပန္နက်" ဘာကြောင့် မဖြစ်မနေ ရိုက်ရတာလဲ?

အိမ်တစ်လုံး ဒါမှမဟုတ် အဆောက်အအုံတစ်ခု ဆောက်တော့မယ်ဆိုရင် လူတွေက အပေါ်ထပ်၊ အခန်းဒီဇိုင်းနဲ့ အလှအပကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ ဒါပေမဲ့ ဆောက်လုပ်ရေးလောကမှာ ပန္နက်" ဟာ အဆောက်အအုံတစ်ခုလုံးရဲ့ အသက်သွေးကြော ဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။

ပန္နက်တန်း ကို အချိန်ပေးပြီး စနစ်တကျ ဘာကြောင့် ရိုက်ရသလဲ?

⚖️ အလေးချိန် ညီမျှစွာ ခွဲဝေမှု (Weight Distribution)

အဆောက်အအုံရဲ့ ကြီးမားတဲ့ ဝန်အားလုံး (အုတ်၊ သံ၊ ကွန်ကရစ်၊ လူ၊ ပရိဘောဂ စသည်) ကို Footing ကတစ်ဆင့် မြေကြီးမျက်နှာပြင်တစ်ခုလုံးအပေါ် ညီမျှစွာ ဖြန့်ဝေ ပေးပါတယ်။

ပန္နက်လုပ်ငန်းသေချာစွာဆောင်ရွက်ထားခြင်းမရှိရင် column , foundation wall စသော အဆောက်အဦး foundation တည်နေရာများလွဲမှားနိုင်ပီး ဝန်အားတွေက တစ်နေရာတည်းကိုပဲ စုပြုံကျရောက်ကာ မြေကြီး ကျွံကျခြင်း၊ ရွှေ့လျားခြင်း (Settlement) တွေ ဖြစ်ကာ အဆောက်အအုံပြိုကျတဲ့အထိ ဖြစ်နိုင်ပါတယ်။

💪 တည်ငြိမ်မှုနှင့် လုံခြုံရေး (Stability & Safety)

ပန္နက်လုပ်ငန်းဟာ မှန်ကန်စွာဆောင်ရွက်ထာမှသာ မြေအောက် Foundation လုပ်ငန်းများ size and position မှန်ကန်မှာဖြစ်ပီး ၊ သို့မှသာ မြေအောက်လှုပ်ရှားမှုများ၊ မြေငလျင်ဒဏ်၊ လေပြင်းတိုက်ခတ်မှု စတဲ့ သဘာဝဘေးအန္တရာယ်ဒဏ် တွေကို ခံနိုင်ရည်ရှိသော သံကူကွန်ကိရစ် အဆောက်အဦး အုတ်မြစ်ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ဗဟုသုတရဖွယ်ရာများကို ဆက်လက်ဝေမျှပေးဦးမှာဖြစ်လို့ ရွှေတိုက်အိမ်ရဲ့ Page ကို Like and Follow လုပ်ထားဖို့မမေ့ပါနဲ့နော်။😍

#ရွှေ‌တိုက်အိမ်ဆောက်လုပ်ရေး #လုံးချင်းအိမ် #ပန္နက်

သူများတွေ RC တိုက်တွေကို ခေတ်နဲ့အညီ ခေတ်မီအောင် ဆောက်လုပ်နေချိန် ကိုယ့်ရဲ့နေအိမ်လေးက ခေတ်နောက်ကျနေလို့တော့ မဖြစ်ဘူးနော် ...
26/10/2025

သူများတွေ RC တိုက်တွေကို ခေတ်နဲ့အညီ ခေတ်မီအောင် ဆောက်လုပ်နေချိန် ကိုယ့်ရဲ့နေအိမ်လေးက ခေတ်နောက်ကျနေလို့တော့ မဖြစ်ဘူးနော် 🤭

လက်ရှိမှာ အိမ်ဆောက်နေတာပဲဖြစ်ဖြစ်၊ အိမ်ဆောက်ဖို့တွေးနေတာပဲဖြစ်ဖြစ် ခေတ်မီပြီး သပ်ရပ်လှပတဲ့ RC တိုက်ဒီဇိုင်းတွေကို စိတ်တိုင်းကျရွေးချယ်လို့ရအောင် အိမ်ပုံစံဒီဇိုင်းတွေ မျှဝေပေးလိုက်ပါတယ်။🎉

လုံးချင်းအိမ်ဆောက်ဖို့ စိတ်ဝင်စားတယ်ဆိုပါက အသေးစိတ်ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။

☎️ 09-6666 066 47 , 09-7555 722 99
📍 No. 18, Za Bu Yit Road , Sanchaung. Yangon.
📧 [email protected]

#ရွှေ‌တိုက်အိမ်ဆောက်လုပ်ရေး #လုံးချင်းအိမ်

PAE စနစ်ဟာ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်တဲ့ အရာဆိုတာ သင်သိပါသလား?1 sqft ပေါ်မူတည်ပြီး ကုန်က...
24/10/2025

PAE စနစ်ဟာ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်တဲ့ အရာဆိုတာ သင်သိပါသလား?

1 sqft ပေါ်မူတည်ပြီး ကုန်ကျစရိတ်ပျှမ်းမျှကို သေချာတွက်ချက် ဆောက်လုပ်ခြင်းအားဖြင့် ဆောက်လုပ်ရေးပစ္စည်းစရိတ်နဲ့ အလုပ်သမားစရိတ်များကို အထူးလျှော့ချသက်သာစေနိုင်ပါတယ်။🤝

ဒါကြောင့် လူကြီးမင်းတို့ ဆောက်လုပ်လိုတဲ့ အိမ်ပုံစံဒီဇိုင်းအတိုင်းကွက်တိရစေဖို့ Budget အပြည့်အဝလုံလောက်မှုရှိအောင် အိမ်ဆောက်မယ်ဆိုရင် PAE စနစ်နဲ့ ဆောက်လုပ်ဖို့ အကြံပြုအပ်ပါတယ်နော်…🏡

ရွှေတိုက်အိမ် ဆောက်လုပ်ရေးမှာ PAE စနစ်အတွက် စိတ်ချရတဲ့ PAE Package တွေကတော့ -

🌟 Basic Package PAE
🌟 Standard Package PAE
👑 Premium Package PAE

PAE စနစ်နဲ့ အိမ်ဆောက်ဖို့ စိတ်ဝင်စားတယ်ဆိုပါက အသေးစိတ်ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။

☎️ 09-6666 066 47 , 09-7555 722 99
📍 No. 18, Za Bu Yit Road , Sanchaung. Yangon.
📧 [email protected]

#ရွှေ‌တိုက်အိမ်ဆောက်လုပ်ရေး #လုံးချင်းအိမ်

Happy Diwali 🪔 🪔 ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဒီပါဝလီပွဲတော်ရက်မြတ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်...
20/10/2025

Happy Diwali 🪔 🪔

ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဒီပါဝလီပွဲတော်ရက်မြတ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

17/10/2025

✅ PAE စနစ်အတွက် စိတ်အချရဆုံး
✅ ဒီဇိုင်းပိုင်းအတွက်လည်း အလှဆုံး
✅ ပစ္စည်းအရည်အသွေးရော ဈေးနှုန်းအတွက်ပါ လှည့်ကြည့်စရာမလိုတဲ့ Construction မှာဆို ရွှေတိုက်အိမ်…

စိတ်ကူးယဉ်အိမ်လှလှလေးကို “ရွှေတိုက်အိမ်-ဆောက်လုပ်ရေးလုပ်ငန်း” နဲ့ အကောင်အထည်ဖော်ဆောင်ဖို့ အခုပဲချိတ်ဆက်ထားလိုက်ပါ။🏡

အိမ်ဆောက်ဖို့ စိတ်ဝင်စားတယ်ဆိုပါက အသေးစိတ်ကို ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။

☎️ 09-6666 066 47 , 09-7555 722 99
📍 No. 18, Za Bu Yit Road , Sanchaung. Yangon.
📧 [email protected]

#ရွှေ‌တိုက်အိမ်ဆောက်လုပ်ရေး #လုံးချင်းအိမ်

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959755572299

Website

Alerts

Be the first to know and let us send you an email when Shwe Taik Eain Construction ရွှေတိုက်အိမ် ဆောက်လုပ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Taik Eain Construction ရွှေတိုက်အိမ် ဆောက်လုပ်ရေး:

Share