21/04/2026
နွေရာသီမှာ သင့်မီးစက် အပူမလွန်ကဲစေဖို့ ဂရုစိုက်ရမယ့် အရေးကြီးအချက်’’သုံး’’ချက်❗️❗️❗️
(၁) လေဝင်လေထွက် ကောင်းမွန်ပြီး အရိပ်ရသည့် နေရာတွင်ထားပါ
လေဝင်လေထွက်မကောင်းတဲ့နေရာတွေနဲ့ အရိပ်မရတဲ့ နေရာ တွေဟာ သင့်မီးစက်ကို အပူလွန်ကဲ
မှုဖြစ်စေမှာပါ။
(၂) အင်ဂျင်ဝိုင်နှင့် ရေတိုင်ကီတို့ကို သေချာဂရုစိုက်ပါ။
ရေတိုင်ကီအတွင်းမှာရေခမ်းနေတာ အင်ဂျင်ဝိုင်နည်းနေတာမျိုးတွေက သင့်မီးစက်ရဲ့ အပူချိန်ကိုအလွယ်တကူ
မြင့်တက်စေရုံတင်မကပဲ သင့်မီးစက်ရဲ့ သက်တမ်းနှင့် စွမ်းဆောင်ရည်ကိုပါ လျော့ကျစေပါတယ်။
(၃) တစ်ဆက်တည်းမမောင်းပဲ အနားပေးပြီးမောင်းနှင်ပါ။
အချိန်အကြာကြီးမောင်းနှင်တာထက် စက်ကို ခနအနားပေးပြီးမောင်းနှင်တာမျိုးက အပူချိန်လွန်ကဲမှု (Over Heat) မဖြစ်အောင်ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။
မိတ်ဆွေသိလိုသမျှ တခြားသောစက်ပစ္စည်းနှင့်ပက်သက်သည်များကိုလည်း ဝင်ရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ🥰🥰
📞 09-780055999 / 09-780066999
📍 KBK YANGON - စက်နှင့် စက်အပိုပစ္စည်း အရောင်းဆိုင်အမှတ်(၇/၈/၉/၁၀/၁၁)၊ သီရိမွန် (၃)လမ်းထောင့်၊ သီရိမွန်ပလာဇာ၊ မရမ်းကုန်းမြိုနယ်၊ ရန်ကုန်။
#မီးစက်ထိန်းသိမ်းစောင့်ရှောက်နည်းများ #အပူလွန်ကဲမှုအားကာကွယ်ခြင်း