Htun Nay Wun Thitsar Co., Ltd.

Htun Nay Wun Thitsar Co., Ltd. Authorized distributor of DEVELON Heavy Machinery, Compact equipment, Industrial, Road Construction

Authorized distributor of doosan Heavy Machinery,Compact equipment,industrial,Road Construction Equipment,special Attachments and Services Company ltd.

ယနေ့ မြန်မာနှစ်သစ်ကူး (နှစ်ဆန်းတစ်ရက်နေ့) မှစ၍ ကောင်းခြင်းမင်္ဂလာအပေါင်းနှင့်ပြည့်စုံကာ လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေက...
17/04/2026

ယနေ့ မြန်မာနှစ်သစ်ကူး (နှစ်ဆန်းတစ်ရက်နေ့) မှစ၍ ကောင်းခြင်းမင်္ဂလာအပေါင်းနှင့်ပြည့်စုံကာ လိုအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေကြောင်း 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 မှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။🙏




#နှစ်ဆန်း၁ရက်နေ့

💦 မြန်မာနှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက် အသိပေးကြေညာခြင်း 💦မြန်မာ့ရိုးရာအတာသင်္ကြန် အခါသမယမှာ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ...
10/04/2026

💦 မြန်မာနှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက် အသိပေးကြေညာခြင်း 💦

မြန်မာ့ရိုးရာအတာသင်္ကြန် အခါသမယမှာ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း Htun Nay Wun Thitsar Co., Ltd. မိသားစုမှ ဦးစွာပထမ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🙏🏻

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း 2026 ခုနှစ် ဧပြီလ (၁၁) ရက် နေ့မှ ဧပြီလ (၁၉)ရက်နေ့ အထိသည် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက် ဖြစ်ပါသဖြင့် အဆိုပါနေ့များတွင် Htun Nay Wun Thitsar Co., Ltd.၏ ရုံးချုပ်နှင့် ရုံးခွဲများအားလုံး ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင် အသိပေးအကြောင်းကြားအပ်ပါတယ်။ ပိတ်ရက်အတွင်းမှာ ဝန်ဆောင်မှုများနဲ့ပတ်သက်လို့ တစ်စုံတစ်ရာဆက်သွယ်မေးမြန်းနိုင်ဖို့အတွက်ဆိုရင်တော့ အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫𝐬
• Sales - 09 4282 10001
• Service - 09 4282 12000
• Parts - 09 767676 451
• Rental - 09 4282 10007
ပျော်ရွှင်စရာ အတာသင်္ကြန်ပွဲတော်လေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💦✨




မြန်မာ့ရိုးရာအတာသင်္ကြန်ကာလမှာ ဘေးဘယာဝေးကွာ၍ ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာနိုင်ကြပါစေကြောင်း 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭...
08/04/2026

မြန်မာ့ရိုးရာအတာသင်္ကြန်ကာလမှာ ဘေးဘယာဝေးကွာ၍ ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာနိုင်ကြပါစေကြောင်း 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝. မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏




ဘယ်လိုမြေမျက်နှာသွင်ပြင်မှာမဆို စွမ်းဆောင်ရည်အပြည့်ပေးမယ့် 𝐀𝐌𝐌𝐀𝐍𝐍 𝐀𝐑𝐒𝟏𝟐𝟐 𝐒𝐨𝐢𝐥 𝐂𝐨𝐦𝐩𝐚𝐜𝐭𝐨𝐫✨👷‍♂️လုပ်ငန်းခွင်ရဲ့ အောင်မြင်မှု...
31/03/2026

ဘယ်လိုမြေမျက်နှာသွင်ပြင်မှာမဆို စွမ်းဆောင်ရည်အပြည့်ပေးမယ့် 𝐀𝐌𝐌𝐀𝐍𝐍 𝐀𝐑𝐒𝟏𝟐𝟐 𝐒𝐨𝐢𝐥 𝐂𝐨𝐦𝐩𝐚𝐜𝐭𝐨𝐫✨

👷‍♂️လုပ်ငန်းခွင်ရဲ့ အောင်မြင်မှုက ခိုင်မာတောင့်တင်းတဲ့ အခြေခံအုတ်မြစ် (Foundation) ပေါ်မှာ မူတည်ပါတယ်။ မြေသားကျစ်လျစ်မှုအပိုင်းမှာ စံချိန်မီ အရည်အသွေးရရှိဖို့ဆိုရင် ခိုင်ခံ့ပြီး စွမ်းဆောင်ရည်မြင့်တဲ့စက်ယန္တရားတွေက မရှိမဖြစ်လိုအပ်ပါတယ်။

📣ဒီနေ့မှာတော့ အလတ်စားကနေ အကြီးစား အခြေခံအဆောက်အအုံစီမံကိန်းတွေအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ 𝐀𝐌𝐌𝐀𝐍𝐍 𝐀𝐑𝐒𝟏𝟐𝟐 𝐒𝐨𝐢𝐥 𝐂𝐨𝐦𝐩𝐚𝐜𝐭𝐨𝐫 နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

👷‍♂️𝐀𝐌𝐌𝐀𝐍𝐍 𝐀𝐑𝐒𝟏𝟐𝟐 𝐒𝐨𝐢𝐥 𝐂𝐨𝐦𝐩𝐚𝐜𝐭𝐨𝐫 က မြေသားအမျိုးအစားအမျိုးမျိုးနဲ့ စိုစွတ်တဲ့မြေအရောအနှော (Wet Mixes) တွေကို ထိရောက်စွာ ကျစ်လျစ်စေနိုင်တဲ့ 𝐂𝐨𝐦𝐩𝐚𝐜𝐭𝐨𝐫 ဖြစ်ပါတယ်။

𝐀𝐌𝐌𝐀𝐍𝐍 𝐀𝐑𝐒𝟏𝟐𝟐 𝐒𝐨𝐢𝐥 𝐂𝐨𝐦𝐩𝐚𝐜𝐭𝐨𝐫 ကို ဘယ်လိုလုပ်ငန်းကဏ္ဍတွေမှာ အဓိကအသုံးပြုနိုင်သလဲ❓

အခြေခံအဆောက်အအုံ တည်ဆောက်ရေးကဏ္ဍပိုင်းမှာ
🔹𝑴𝒐𝒕𝒐𝒓𝒘𝒂𝒚𝒔 𝒂𝒏𝒅 𝑯𝒊𝒈𝒉𝒘𝒂𝒚𝒔
လမ်းသစ်ဖောက်လုပ်ခြင်း၊ လမ်းဟောင်းပြုပြင်ခြင်းနှင့် လမ်းချဲ့ခြင်းလုပ်ငန်းများ။
🔹𝑹𝒂𝒊𝒍𝒘𝒂𝒚𝒔
ရထားလမ်းတာပေါင်များနှင့် အောက်ခံမြေသား (Sub-bases) များ ကြိတ်ခြင်း။
🔹𝑨𝒊𝒓𝒇𝒊𝒆𝒍𝒅𝒔
လေယာဉ်ပြေးလမ်း (Runways) နှင့် လေယာဉ်ရပ်နားစခန်း (Aprons) များအတွက် အောက်ခံလမ်းခင်းခြင်းလုပ်ငန်းများ။
🔹𝑫𝒂𝒎𝒔 𝒂𝒏𝒅 𝑹𝒆𝒔𝒆𝒓𝒗𝒐𝒊𝒓𝒔
ကျောက်ဖြည့်တမံ (Rock fill dam) တည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်သလို...

ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍပိုင်းမှာဆိုရင်လည်း
🔸𝑰𝒏𝒅𝒖𝒔𝒕𝒓𝒊𝒂𝒍 𝒁𝒐𝒏𝒆𝒔
စက်ရုံ၊ ဂိုဒေါင်နှင့် ထုတ်လုပ်မှုစက်ရုံများ တည်ဆောက်ရန်အတွက် မြေပြင်ပြုပြင်ခြင်းလုပ်ငန်းများ။
🔸𝑷𝒐𝒓𝒕𝒔 𝒂𝒏𝒅 𝑯𝒂𝒓𝒃𝒐𝒖𝒓𝒔
ကုန်စည်ဖြန့်ဖြူးရေးဗဟိုဌာနများနှင့် ဆိပ်ကမ်းအခြေခံအဆောက်အအုံများအတွက် မြေသားကြိတ်ခြင်း။
🔸𝑼𝒓𝒃𝒂𝒏/𝑹𝒆𝒔𝒊𝒅𝒆𝒏𝒕𝒊𝒂𝒍 𝑫𝒆𝒗𝒆𝒍𝒐𝒑𝒎𝒆𝒏𝒕
Smart City စီမံကိန်းများနှင့် အိမ်ရာဖော်ဆောင်ရန်အတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများ။
🔸𝑷𝒊𝒑𝒆𝒍𝒊𝒏𝒆 𝑪𝒐𝒏𝒔𝒕𝒓𝒖𝒄𝒕𝒊𝒐𝒏
မြောင်းများနှင့် အခြေခံအသုံးအဆောင်များအတွက် မြေပြန်လည်ဖို့ခြင်းလုပ်ငန်းတွေမှာပါ အသုံးပြုနိုင်ပါတယ်။

👷‍♂️ဒါ့အပြင် 𝐀𝐌𝐌𝐀𝐍𝐍 𝐀𝐑𝐒𝟏𝟐𝟐 𝐒𝐨𝐢𝐥 𝐂𝐨𝐦𝐩𝐚𝐜𝐭𝐨𝐫 က 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐧𝐠 𝐖𝐞𝐢𝐠𝐡𝐭 - 10,100 𝐤𝐠 ရှိပြီး 𝐈𝐒𝐎 𝟏𝟒𝟑𝟗𝟔 အရ 𝟕𝟒𝐤𝐖(𝟏𝟎𝟎-𝐇𝐏) @ 𝟐𝟐𝟎𝟎 𝐫𝐩𝐦 လိုစွမ်းဆောင်ရည်မြင့်အင်ဂျင်ကြောင့် ခက်ခဲတဲ့လုပ်ငန်းခွင်တွေကို အဆင်ပြေချောမွေ့မှုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ဘီးတိုင်းမှာ Hydrostatic Drive စနစ် တပ်ဆင်ထားတာကြောင့် ကြမ်းတမ်းတဲ့လမ်းအနေအထားတွေကို လွယ်ကူစွာ ဖြတ်ကျော်နိုင်ပြီး အရည်အသွေးမြင့် Roller စနစ်ကြောင့် နုန်းမြေပဲဖြစ်ဖြစ်၊ ကျောက်စရစ်ပဲဖြစ်ဖြစ် ကျစ်လျစ်သိပ်သည်းမှုအပြည့်နဲ့ ချောမွတ်ညီညာတဲ့ မျက်နှာပြင်ဖြစ်အောင် ပုံသွင်းပေးနိုင်မှာလည်းဖြစ်ပါတယ်။✅

👷‍♂️Climbing Power ကောင်းမွန်ပြီး Centrifugal Forces မြင့်မားတာကြောင့် လမ်းစီမံကိန်းနှင့် အိမ်ရာစီမံကိန်းတွေအတွက် အထူးသင့်လျော်သလို ဆီစားနှုန်းသက်သာပြီး လုပ်ဆောင်ချက် (Productivity) မြင့်မားတာကြောင့် လုပ်ငန်းခွင်စရိတ်ကို ထိရောက်စွာ လျှော့ချပေးနိုင်ပါသေးတယ်။

ယခုလို အရည်အသွေးမြင့်ပြီး စွမ်းဆောင်ရည်ကောင်းကောင်းမွန်တဲ့ 𝐀𝐌𝐌𝐀𝐍𝐍 𝐀𝐑𝐒𝟏𝟐𝟐 𝐒𝐨𝐢𝐥 𝐂𝐨𝐦𝐩𝐚𝐜𝐭𝐨𝐫 က ဆောက်လုပ်ရေး လုပ်ငန်းခွင်တိုင်းမှာ ယုံကြည်စိတ်ချရတဲ့လက်တွဲဖော်ဖြစ်မှာ အသေအချာပါပဲ။🆗

လူကြီးမင်းတို့အနေနဲ့ 𝐀𝐌𝐌𝐀𝐍𝐍 𝐀𝐑𝐒𝟏𝟐𝟐 𝐒𝐨𝐢𝐥 𝐂𝐨𝐦𝐩𝐚𝐜𝐭𝐨𝐫 ကို စိတ်ဝင်စားဝယ်ယူချင်တယ်ဆို 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ 📞

အသေးစိတ် သိရှိစုံစမ်းလိုပါက…
𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 𝐇𝐄𝐀𝐃 𝐎𝐅𝐅𝐈𝐂𝐄

📭𝐁𝐥𝐨𝐜𝐤 𝐍𝐨. 𝟐𝟒𝟔, 𝐐-𝟏, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐌𝐢𝐧𝐠𝐲𝐢 𝐌𝐚𝐡𝐚𝐫 𝐌𝐢𝐧 𝐊𝐡𝐚𝐮𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 & 𝐌𝐲𝐢𝐧 𝐖𝐮𝐧 𝐔 𝐀𝐮𝐧𝐠 𝐓𝐡𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐙𝐨𝐧𝐞-𝟐, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

☎️Contact : 09 428 222 333, 09 428 222 444, 09 428 222 555

☎️Rental : 09 428210007, 09 799777551

☎️Sales : 09 428210001

☎️Service : 09 428212000

☎️Spare Parts : 09 767676451

📧Email : [email protected]

📱Hotline Ph No: +95 9 428210001

🌐Website - http://www.htunnaywun.com.mm

🌐Viber - https://invite.viber.com/?g2=AQBlGdvz3EB0Y1L59VLrMDvK7acMfx7VLKGTWdB947Q0gyst6Z6%2BO11M4fliyYju





Thanks for our valuable Customer 🙏🤝We have successfully delivered  BOBCAT Mini Wheel Excavator  E55W  x 1Unit to our est...
25/03/2026

Thanks for our valuable Customer 🙏🤝
We have successfully delivered BOBCAT Mini Wheel Excavator E55W x 1Unit to our esteemed Customer
We would like to thank our customer and we look forward to serving them again in the future.💪🏻
Our team remains dedicated to providing the highest quality products and services to all of our customers. Thanks for choosing US❤️ Congratulations to Our Sales Person🌟🏆🎉 and We really appreciate it.

.,Ltd




ကျစ်လျစ်တဲ့တည်ဆောက်ပုံ၊ မြင့်မားတဲ့စွမ်းအားကို ပေးစွမ်းမယ့် 𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓✨ 👷‍♂️မြို့ပြရဲ့ကျဉ်းမြောင်းတဲ့ လုပ်ငန်းခွင်တွေမှာ...
23/03/2026

ကျစ်လျစ်တဲ့တည်ဆောက်ပုံ၊ မြင့်မားတဲ့စွမ်းအားကို ပေးစွမ်းမယ့် 𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓✨

👷‍♂️မြို့ပြရဲ့ကျဉ်းမြောင်းတဲ့ လုပ်ငန်းခွင်တွေမှာ တည်ဆောက်ပုံကျစ်လျစ်ပြီး စွမ်းအားကောင်းတဲ့ 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 မျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ 𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 𝐌𝐢𝐧𝐢 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 ကိုသာ ရွေးချယ်လိုက်ပါ။

ဘာကြောင့် 𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 𝐌𝐢𝐧𝐢 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 ကို ရွေးချယ်သင့်တာလဲ❓

📌𝐙𝐞𝐫𝐨 𝐓𝐚𝐢𝐥 𝐒𝐰𝐢𝐧𝐠 စနစ်
𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 ရဲ့ အကြီးမားဆုံး အားသာချက်က 𝐙𝐞𝐫𝐨 𝐓𝐚𝐢𝐥 𝐒𝐰𝐢𝐧𝐠 ဖြစ်တာကြောင့်

🔹နံရံတွေ၊ ခြံစည်းရိုးတွေနဲ့ ကပ်လျက် အလုပ်လုပ်ရတဲ့အခါ တိုက်မိမှာကို စိတ်ပူစရာမလိုတော့ပါဘူး။

🔹နေရာကျဉ်းကျဉ်းလေးတွေထဲမှာ အားကောင်းကောင်းနဲ့ လွတ်လွတ်လပ်လပ် တူးဆွနိုင်မှာဖြစ်ပါတယ်။

📌မြင့်မားတဲ့ 𝐃𝐢𝐠𝐠𝐢𝐧𝐠 𝐅𝐨𝐫𝐜𝐞 နဲ့ စွမ်းဆောင်ရည်
𝐌𝐢𝐧𝐢 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 လို့ဆိုပေမယ့် 𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 ရဲ့ စွမ်းအင်က သာမန်ထက် ပိုပါတယ်။ ခိုင်မာတဲ့ တည်ဆောက်ပုံကြောင့် မာကျောသောမြေသားတွေကို တူးဆွရာမှာဖြစ်စေ၊ လေးလံတဲ့ပစ္စည်းတွေကို မ ယူရာမှာဖြစ်စေ အလုပ်တွင်ကျယ်စေမှာပါ။

📌ဆီစားသက်သာပြီး လုပ်ငန်းခွင်အရှိန်ကို မြှင့်တင်နိုင်မှု
𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 ရဲ့ အဆင့်မြင့် 𝐄𝐧𝐠𝐢𝐧𝐞 စနစ်က အလုပ်လုပ်နိုင်စွမ်း (𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐯𝐢𝐭𝐲) ကို မလျှော့ချဘဲ လောင်စာဆီစားသုံးမှုကို အထိရောက်ဆုံး လျှော့ချပေးပါတယ်။

📌ပြုပြင်ထိန်းသိမ်းရ လွယ်ကူခြင်း
𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 ကို စက်အစိတ်အပိုင်းတွေ
အလွယ်တကူ စစ်ဆေးပြုပြင်နိုင်အောင် စက်ဖုံးဖွင့်လိုက်ရုံနဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေကို တိုက်ရိုက်ထိတွေ့နိုင်ခြင်း၊ နေ့စဉ် စစ်ဆေးရမည့်နေရာများ စုစည်းပေးထားခြင်း အစရှိတဲ့ပုံစံမျိုးနဲ့ ဒီဇိုင်းထုတ်ထားပါတယ်။ ဒါကြောင့် ပြုပြင်ထိန်းသိမ်းချိန် (𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 𝐓𝐢𝐦𝐞) ကို လျှော့ချနိုင်ပြီး စက်ရပ်နားရမည့်အချိန် မရှိသလောက် နည်းပါးသွားပါလိမ့်မယ်။

📌ခိုင်ခံ့တဲ့ကိုယ်ထည်နဲ့ ရေရှည်ခံနိုင်ရည် ကြမ်းတမ်းတဲ့ လုပ်ငန်းခွင်ဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ဖို့ 𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 ရဲ့ ကိုယ်ထည်ကို အထူးခိုင်ခံ့အောင် တည်ဆောက်ထားပါတယ်။

𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 𝐌𝐢𝐧𝐢 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 ကို ဘယ်လိုလုပ်ငန်းခွင်တွေမှာ အသုံးပြုနိုင်သလဲ❓

🔸ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အုတ်မြစ်တူးခြင်း၊ လမ်းပြုပြင်ထိန်းသိမ်းခြင်း၊ ဖြိုဖျက်ခြင်း

🔸စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းတွေမှာ ရေမြောင်းနှင့် ဆည်မြောင်းစနစ်တူးဖော်ခြင်း၊ မြေညှိခြင်းနှင့် မြေပုံခြင်း

🔸ဂိုဒေါင်နှင့် စက်မှုဇုန်လုပ်ငန်းတွေ ပြုပြင်မွမ်းမံခြင်း၊ သင့်လျော်သော 𝐀𝐭𝐭𝐚𝐜𝐡𝐦𝐞𝐧𝐭 များတပ်ဆင်၍ လေးလံသော ပစ္စည်းများကို မပြီး ရွှေ့ပြောင်းခြင်းအစရှိတဲ့လုပ်ငန်းမျိုးတွေမှာ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ 𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 𝐌𝐢𝐧𝐢 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 ကို ရွေးချယ်မယ်ဆို လူကြီးမင်းတို့အနေနဲ့ ယခုလို အကျိုးကျေးဇူးတွေကိုလည်း ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

✅ထိရောက်မှု
အချိန်တိုအတွင်း အလုပ်ပြီးမြောက်မှုနှုန်း မြင့်မားခြင်း။

✅တိကျမှု
ကျဉ်းထဲကျပ်ထဲမှာတောင် အနုစိတ် တူးဆွနိုင်ခြင်း။

✅ယုံကြည်စိတ်ချရမှု
𝐁𝐨𝐛𝐜𝐚𝐭 ရဲ့ နာမည်ကျော် ခိုင်ခံ့မှုနဲ့ ရေရှည်ခံမှုကြောင့် အရည်အသွေး စိတ်ချယုံကြည်ရခြင်း။

👷‍♂️ဒီလိုအားသာချက်နဲ့ အကျိုးကျေးဇူးတွေပေးစွမ်းနိုင်တဲ့ 𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 𝐌𝐢𝐧𝐢 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 က လူကြီးမင်းတို့ရဲ့လုပ်ငန်းခွင်အတွင်းမှာ အားထားရတဲ့လက်စွဲတော်ဖြစ်မှာ သေချာပါတယ်။ လူကြီးမင်းတို့အနေနဲ့ 𝐁𝐨𝐛𝐜𝐚𝐭 𝐄𝟒𝟓 𝐌𝐢𝐧𝐢 𝐄𝐱𝐜𝐚𝐯𝐚𝐭𝐨𝐫 ကို စိတ်ဝင်စားဝယ်ယူချင်တယ်ဆို 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ 📞

အသေးစိတ် သိရှိစုံစမ်းလိုပါက…
𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 𝐇𝐄𝐀𝐃 𝐎𝐅𝐅𝐈𝐂𝐄

📭𝐁𝐥𝐨𝐜𝐤 𝐍𝐨. 𝟐𝟒𝟔, 𝐐-𝟏, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐌𝐢𝐧𝐠𝐲𝐢 𝐌𝐚𝐡𝐚𝐫 𝐌𝐢𝐧 𝐊𝐡𝐚𝐮𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 & 𝐌𝐲𝐢𝐧 𝐖𝐮𝐧 𝐔 𝐀𝐮𝐧𝐠 𝐓𝐡𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐙𝐨𝐧𝐞-𝟐, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

☎Contact : 09 428 222 333, 09 428 222 444, 09 428 222 555

☎Rental : 09 428210007, 09 799777551

☎Sales : 09 428210001

☎Service : 09 428212000

☎Spare Parts : 09 767676451

📧Email : [email protected]

📱Hotline Ph No: +95 9 428210001

🌐Website - http://www.htunnaywun.com.mm

🌐Viber - https://invite.viber.com/?g2=AQBlGdvz3EB0Y1L59VLrMDvK7acMfx7VLKGTWdB947Q0gyst6Z6%2BO11M4fliyYju






ဂေါ်သွားထက်မှ ဆီစားသက်သာ၊ စက်စွမ်းအားလည်း ပိုမိုသာ။✨👷‍♂️Excavator တစ်စီးမှာ အင်ဂျင်နဲ့ Hydraulic စနစ်တွေ ကောင်းမွန်နေဖို...
19/03/2026

ဂေါ်သွားထက်မှ ဆီစားသက်သာ၊ စက်စွမ်းအားလည်း ပိုမိုသာ။✨

👷‍♂️Excavator တစ်စီးမှာ အင်ဂျင်နဲ့ Hydraulic စနစ်တွေ ကောင်းမွန်နေဖို့က အရေးကြီးတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် အမြဲတမ်း မြေကြီးနဲ့ ထိတွေ့နေရတဲ့ Bucket Teeth (ဂေါ်သွား) တွေကိုတော့ သတိမထားမိဘဲ "တုံးလည်း တူးလို့ရတာပဲ" ဆိုပြီး ဆက်သုံးနေတတ်ကြပါတယ်။

🚨တကယ်တော့ တုံးနေတဲ့ဂေါ်သွားတွေက လူကြီးမင်းတို့စက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေရုံတင်မကဘဲ မလိုအပ်တဲ့အပိုအသုံးစရိတ်တွေ ကုန်ကျစေဖို့အကြောင်းအရင်းတစ်ခုလည်းဖြစ်ပါတယ်။ ဂေါ်သွားတုံးတာကြောင့် ဘာတွေ ဆုံးရှုံးနိုင်သလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

⚡️ဆီစားနှုန်း သိသိသာသာ မြင့်တက်လာခြင်း (High Fuel Consumption)
ဂေါ်သွားတွေ တုံးနေရင် မြေကြီးထဲကို တိုးဝင်ဖို့ အင်ဂျင်က ပုံမှန်ထက် ပိုမိုရုန်းကန်ရပါတယ်။ ဒါဟာ ပုံမှန်ထက် ဆီစားနှုန်းကို 10% ကနေ 20% အထိ ပိုမိုကုန်ကျစေနိုင်ပါတယ်။ တစ်ရက်စာအတွက် မသိသာပေမယ့် ရေရှည်မှာတော့ ဆီဖိုးက ဂေါ်သွားအသစ်လဲရမယ့် တန်ဖိုးထက် အများကြီး ပိုများသွားနိုင်ပါတယ်။

⏳အလုပ်ကြန့်ကြာခြင်း (Loss of Productivity)
အသွားထက်တဲ့ Bucket တစ်ခုက မြေကြီးကို လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်ပေမယ့် ဂေါ်သွားတုံးနေရင်တော့ တစ်ကျင်းတူးဖို့ အချိန်ပိုပေးရတဲ့အတွက် တစ်နေ့တာ လုပ်ငန်းခွင်အထွက်နှုန်း (Cycle Time) နှေးကွေးသွားပြီး စီမံကိန်းတွေ ကြန့်ကြာစေပါတယ်။

🔎စက်အစိတ်အပိုင်းများ ဝန်ပိခြင်း (Overloading of Components)
တူးရခက်ခဲတဲ့အတွက် Hydraulic စနစ်၊ Pins နဲ့ Bushings တွေပေါ်မှာ မလိုအပ်ဘဲ ဝန်ပိစေပါတယ်။ ဒါဟာ စက်ရဲ့ သက်တမ်းကို တိုတောင်းစေပြီး ရေရှည်မှာ Maintenance စရိတ်တွေ ပိုမိုကုန်ကျလာစေပါတယ်။

👷‍♂️အကြံပြုချက်အနေနဲ့ကတော့ ဂေါ်သွားတွေကို မူလပုံသဏ္ဌာန် ပျောက်ဆုံးပြီး အရမ်းတုံးသွားတဲ့အထိ မစောင့်ပါနဲ့။ စွမ်းဆောင်ရည် ကျဆင်းလာတာနဲ့အမျှ စစ်မှန်တဲ့ Bucket Teeth တွေကို လဲလှယ်အသုံးပြုခြင်းက
✅ ဆီဖိုးကို သိသိသာသာ သက်သာစေပါတယ်။
✅ စက်ရဲ့ သက်တမ်းကို ကာကွယ်ပေးပါတယ်။
✅ လုပ်ငန်းခွင် ပြီးစီးမှုကို မြန်ဆန်စေပါတယ်။

‼️အခုလောက်ဆို Bucket Teeth (ဂေါ်သွား) တုံးနေရင် Excavator တစ်စီးမှာ ကြုံတွေ့ရနိုင်တဲ့ Error တွေအကြောင်းအပြင် ဆောင်ရန်/ ရှောင်ရန်တွေကိုလည်း သိသွားကြပြီလို့ ယုံကြည်ပါတယ်။

📣အကယ်၍ လူကြီးမင်းတို့အနေနဲ့ အရည်အသွေးမြင့်၊ စွမ်းဆောင်ရည်မြင့်ပြီး ခေတ်မီနည်းပညာတွေပေါင်းစပ်ထားတဲ့ Construction Equipment & Industrial Applications Product တွေ အပြင် လူကြီးမင်းတို့အသုံးပြုနေတဲ့ Excavator အတွက် Spare Part တွေ လိုအပ်လာပြီဆို 𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 ကိုသာ သတိရလိုက်ပါ။✨

အသေးစိတ် သိရှိစုံစမ်းလိုပါက...
𝐇𝐭𝐮𝐧 𝐍𝐚𝐲 𝐖𝐮𝐧 𝐓𝐡𝐢𝐭𝐬𝐚𝐫 𝐂𝐨., 𝐋𝐭𝐝 𝐇𝐄𝐀𝐃 𝐎𝐅𝐅𝐈𝐂𝐄

📭𝐁𝐥𝐨𝐜𝐤 𝐍𝐨. 𝟐𝟒𝟔, 𝐐-𝟏, 𝐂𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐌𝐢𝐧𝐠𝐲𝐢 𝐌𝐚𝐡𝐚𝐫 𝐌𝐢𝐧 𝐊𝐡𝐚𝐮𝐧𝐠 𝐒𝐭𝐫𝐞𝐞𝐭 & 𝐌𝐲𝐢𝐧 𝐖𝐮𝐧 𝐔 𝐀𝐮𝐧𝐠 𝐓𝐡𝐮 𝐒𝐭𝐫𝐞𝐞𝐭, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐙𝐨𝐧𝐞-𝟐, 𝐇𝐥𝐚𝐢𝐧𝐠 𝐓𝐡𝐚𝐫𝐲𝐚𝐫 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧, 𝐌𝐲𝐚𝐧𝐦𝐚𝐫.

☎️ Contact: 09 428 222 333, 09 428 222 444, 09 428 222 555
☎️ Rental: 09 428210007, 09 799777551
☎️ Sales: 09 428210001
☎️ Service: 09 428212000
☎️ Spare Parts: 09 767676451
📧 Email: [email protected]
🌐 Website: http://www.htunnaywun.com.mm

🌐Viber - https://invite.viber.com/?g2=AQBlGdvz3EB0Y1L59VLrMDvK7acMfx7VLKGTWdB947Q0gyst6Z6%2BO11M4fliyYju








18/03/2026
Thanks for our valuable Customer 🙏🤝We have successfully delivered  AGG NRG 100kva  x 1Unit to our esteemed CustomerWe wo...
18/03/2026

Thanks for our valuable Customer 🙏🤝
We have successfully delivered AGG NRG 100kva x 1Unit to our esteemed Customer
We would like to thank our customer and we look forward to serving them again in the future.💪🏻
Our team remains dedicated to providing the highest quality products and services to all of our customers. Thanks for choosing US❤️ Congratulations to Our Sales Person🌟🏆🎉 and We really appreciate it.

.,Ltd




Address

Block No. 246, Q-1, Corner Of Mingyi Mahar Min Khaung Street & Myin Wun U Aung, Thu Street, Hlaing Tharyar Industrial Zone-2, Hlaing Tharyar Township
Yangon
11401

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 12:00

Telephone

09428210001

Alerts

Be the first to know and let us send you an email when Htun Nay Wun Thitsar Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htun Nay Wun Thitsar Co., Ltd.:

Share