De Dee Ceramic Tiles & Sanitary Wares Trading

De Dee Ceramic Tiles & Sanitary Wares Trading Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from De Dee Ceramic Tiles & Sanitary Wares Trading, Building Material Store, No. 16, 28th street(lower block), Pabedan Tsp, Yangon.

အိမ်တွင်းအလှဆင်ပစ္စည်းရောင်းဝယ်ရေးမှာဆို ကျွန်တော်တို့ ဖွားဖွား လက်ထပ်မှ စတင်ခဲ့တာဖြစ်ပြီး လက်ဆင့်ကမ်းလာခဲ့တာ မျိုးရိုး ၃ဆက် ရှိပြီဖြစ်ပါတယ်။ စေတနာမှန် နှင့် နှစ်အဆက်ဆက် ဝယ်ယူသူများအဆင်ပြေအောင်ဆောင်ရွက်ပေးနေတဲ့ ၂၈လမ်းထိပ်မှ ဒီဒီး အိမ်ဆောက်ပစ္စည်းဆိုင်ပါ။ We welcome companies from abroad in Tiles & Sanitary Wares Business who are looking for distributors to enter Myanmar market (or) Companies who are looking for retailer to sell their products.

02/05/2026

ဒီဒီးကြွေပြားဆိုင် Online Page လေးမှာ ကြားထဲမှာ Active မဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ။ အခုကနေစပြီး Post လေးတွေပြန်တင်ပေးပြီး၊ မေးချင်တာလေးတွေအကုန်ပြန်ဖြေပေးပါမယ်လို့ အားပေးသူ စျေးဝယ်သူ လူးကြီးမင်းတို့အားလုံးကို အသိပေးလိုပါတယ်နော်။

12/04/2024

Happy Water Fedtival Everyone!
We will reopen on 18th of April,
Have a great one!

06/03/2024

ဆက်သွယ်နိုင်သောဖုန်းများ
ဖုန်း : ၀၉ ၂၅၁ ၉၆၂ ၈၅၁
Viber : ၀၉ ၄၂၁ ၉၇၉ ၈၉၈

ဆိုင်ဖွင့်ချိန် မနက် ၉ မှ ညနေ ၅
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

လိပ်စာ အမှတ် ၁၆၊ ၂၈လမ်း (ဗန္ဒုလနှင့်ကုန်သည်လမ်းကြား)၊ ပန်းဘဲတန်း၊ ရန်ကုန်။

ကြွေပြား နှင့် အိမ်ဆောက်ပစ္စည်းဝယ်တဲ့အခါ ကိုယ်တိုင်ဝယ်ဖို့ ဝန်မလေးပါနှင့်။ဆိုင်တချို့မှာမသိသူကို စျေးကစားတာ၊ ပစ္စည်း ဒီဇ...
24/02/2024

ကြွေပြား နှင့် အိမ်ဆောက်ပစ္စည်းဝယ်တဲ့အခါ ကိုယ်တိုင်ဝယ်ဖို့ ဝန်မလေးပါနှင့်။

ဆိုင်တချို့မှာမသိသူကို စျေးကစားတာ၊ ပစ္စည်း ဒီဇိုင်းတူသော်လဲ အရည်အသွေးမတူသော ပစ္စည်းများကို တူတယ်ဆိုပြီးဂျင်းထုတာတွေရှိပေမယ့်၊ ဆိုင်တိုင်းတော့အလိုမဟုတ်ပါဘူး။

ကိုယ်တိုင်မဝယ်မှသာ စျေးပိုတင်အရိတ်ခံရဖို့ ရာခိုင်နှုန်းပိုများပါတယ်။ သူသူကိုယ်ကိုယ် အပိုဝန်ဆောင်ခပေးရရင်တော့ အပိုဝင်ငွေရအောင် ဖန်တီးမှာပဲ၊ ဒီလိုကာလဆိုပိုဆိုးသေး။

ဒီဒီးမှာတော့ ဝယ်လိုသူတွေစိတ်သန့်သန့် ဝယ်ယူလို့ရအောင်၊ စျေးနှုန်းတွေပါကပ်ပြီးရောင်းပေးတာပါ။ စျေးကစားခြင်းလဲမရှိပါ။ ပစ္စည်းနှင့်စျေးတန်ရမယ်။ အရည်အသွေးဆိုလဲမှန်ရမယ်။ အာမခံပါတယ်။ ဒီဇိုင်းတူပြီး စျေးအရမ်းကွာတယ်ဆိုရင်တော့ ဂရိတ်မတူဘူးဆိုတာယုံပါ။ လာခဲ့ပါ၊ သေချာရှင်းပြပေးပါမယ်။

ဂရိတ်မတူရင်ဘာကွာလဲဆို၊ စျေးအရမ်းတန်မယ် သို့သော် ကြွေပြားနောက်ခြမ်းဖြစ်တဲ့အုတ်သား ပိုပွမယ်၊ ဒါဆိုအကွဲလွယ်တယ်။ ရေစိမ်တဲ့အခါ ရေပေါက်တာ၊ အရောင်ပြောင်းတာတွေဖြစ်နိုင်တယ်၊ ကြွေပြားတစ်ဘူးထဲမှာ အရှည်အတိုအနားမညီတာ၊ အထူအပါးမညီတာတွေ စသဖြင့် ပုံမှန်ကြွေပြားကပ်သူများမဟုတ်လျှင် မသိနိုင်သော
ဒုက္ခမျိုးစုံကိုပေါင်းထည့်ပေးထားခြင်းဖြစ်တဲ့အတွက် စျေးကတော့အရမ်းတန်မှာပါ။ နောက်မှ စိတ်ညစ်ရမှာပေါ့နော်။

ကြွေပြားလာဝယ်တဲ့အခါ သိထားသင့်တဲ့အရာတွေကတော့

၁) ကြွေပြားကပ်မည့်နေရာအတိုင်းအထွာ (ပေ သို့ မဟုတ် ကျင်း)
၂) မိမိလိုအပ်သော ကြွေပြားအရည်အသွေး (အချောလား၊ အကြမ်းလား၊ ပါကေးကွက်လား၊ ပြောင်လား)
၃) ကြွေပြားကပ်လျှင်လိုအပ်သော အခြားပစ္စည်းများ (ကော်၊ ဘိလပ်မြေ၊ cement)

ဒါဆိုတစ်ခါထဲ ပစ္စည်းဝယ်ထွက်ပြီး ကိစ္စပျက်ပါတယ်။ မိမိကိုယ်တိုင် ဝယ်ဖို့ကို တိုက်တွန်းပါတယ်။

ကြွေပြားရဲ့ Quality ကိုဘယ်လိုခွဲခြားသိမလဲကြွေပြားစက်ရုံတွေမှ ကြွေပြားတွေကိုထုတ်လုပ်ပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှ မသုံး...
16/02/2024

ကြွေပြားရဲ့ Quality ကိုဘယ်လိုခွဲခြားသိမလဲ

ကြွေပြားစက်ရုံတွေမှ ကြွေပြားတွေကိုထုတ်လုပ်ပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှ မသုံးမှီအရည်အသွေးခွဲခြားပုံလေးဖြစ်ပါတယ်။ ပုံမှန်ဝယ်နေသော ဝယ်သူများလဲ သိရှိရန်မျှဝေပေးလိုပါတယ်။

၁) ကြေရည်ကြွေသားတပြေးညီရှိခြင်း၊ အရောင်တွေညီရမယ်၊ လှိုင်းတွေထမနေရဘူး (ဒီဇိုင်းမဟုတ်ပဲ)။

၂) ရေမပေါက်ရဘူး၊ ရေစိမ်ပြီးတဲ့အခါ (သို့) ရေထိတာကြာတဲ့အခါ အရောင်ပြောင်းလဲသွားခြင်းမရှိရ။ ရေစိမ်ပြီးတဲ့ ဝိတ်နှင့် ရေမစိမ်ရသေးခင် ဝိတ်ကွာခြားချက်ဟာ ရေမစိမ်ရသေးခင် ဝိတ်ထပ် ၁၀ ရာခိုင်နှုန်းပိုမကျော်သင့်ဘူး။

၃) ကြွေပြားအနားတွေညီရမယ်။ ကြွေပြားဖာထဲမှာ ကြွေပြားတွေတစ်ချပ်နှင့်တစ်ချပ် ယှဉ်ကြည့်လိုက်တဲ့ အခါ အတို အရှည် မညီတာမျိုးမဖြစ်ရဘူး။

၄) ကြွေပြားအထူညီရမယ်။ အနည်းဆုံး ၅ မီလီမီတာထူရမယ်။ အဲ့ထပ်နည်းတယ်ဆို ကွဲလွယ်တယ်။

၅) ကြွေပြားက ကြမ်းပေါ်ချလိုက်ရင် ကပ်နေရမယ်။ ကွေးနေတာ၊ ကော့နေတာမျိုး ဖြစ်နေလို့မရပါဘူး။

အရည်အသွေးမှန်မှန်ကန်ကန်၊ ပေးရတဲ့စျေးနှင့် ရတဲ့ ပစ္စည်းအရည်အသွေးကို စိတ်ချချနှင့် ဝယ်ယူလိုပါက ဒီဒီးကြွေပြားဆိုင်ကိုသာကြွလှမ်းခဲ့ပါ။

ယခုကာလမှာ Grade မတူသော ပစ္စည်းများ၊ မြန်မာစက်ရုံမှထုတ်သော ပစ္စည်းများကို လဲ တရုတ်ထုပ်ပစ္စည်းများဟု အလွယ်တကူပြောရောင်းနေခြင်းများလဲရှိပါသည်။ ထို့ကြောင့်မို့၊ ဆိုင်တကာနှင့် ယှဉ်လိုက်တဲ့အခါ အဆမတန်စျေးကွာဟမှုများရှိနေပါက အထူးသတိထားရန် မေတ္တာရှေ့ထားပြီး သတိပေးလိုပါတယ်။

ကျေးဇူးတင်ပါတယ်။

လူကြိုက်များတဲ့ ဒီဇိုင်းတွေမို့ Stock လေးတွေတော့ စျေးကွက်ထဲမှာ အတော်နဲနေပြီ၊ ကျင်းနည်းတယ်ဆိုရင်တော့ ကျော်မသွားပဲ ကြည့်ပြ...
02/02/2024

လူကြိုက်များတဲ့ ဒီဇိုင်းတွေမို့ Stock လေးတွေတော့ စျေးကွက်ထဲမှာ အတော်နဲနေပြီ၊ ကျင်းနည်းတယ်ဆိုရင်တော့ ကျော်မသွားပဲ ကြည့်ပြီးလိုသလောက်ပစ္စည်းပြည့်လားစုံစမ်းလိုက်တော့နော်။

၁ ပေပတ်လည်

စိတ်ဝင်စားတယ်ဆို ဆိုင်မှာလာကြည့်လို့ရတယ်နော်။ ဖုန်းနှင့် မှာဝယ်ယူလိုလျှင်လဲပို့ပေးပါတယ်။
လိပ်စာ။ ။ အမှတ် ၁၆၊ ၂၈လမ်း၊ ဗန္ဒုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ပန်းဘဲတန်း။
ဖုန်း။ ။ ၀၉ ၄၂၁ ၉၇၉ ၈၉၈၊
Viber။ ။ ၀၉ ၂၅၁ ၉၆၂ ၈၅၁။


#ဒီဒီး
#အိမ်ဆောက်ပစ္စည်း
#ကြွေပြား

ရေချိုးခန်း၊ အိမ်သာမှာ သုံးမှာမို့ ချော်လဲမှာကြောက်လို့ ကြမ်းတာလေးလိုချင်တယ်။ မှောင်မှောင်ကြီးဖြစ်နေမှာမကြိုက်လို့၊ နဲနဲ...
02/02/2024

ရေချိုးခန်း၊ အိမ်သာမှာ သုံးမှာမို့ ချော်လဲမှာကြောက်လို့ ကြမ်းတာလေးလိုချင်တယ်။ မှောင်မှောင်ကြီးဖြစ်နေမှာမကြိုက်လို့၊ နဲနဲလင်းတာလေးလဲလိုချင်တယ်။ အရမ်းအရောင်နုနေပြန်လျှင်လဲ၊ အပေအတေမခံပဲ မကြာခဏ သန့်ရှင်းရေးလုပ်နေရမယ်ဆိုလဲ မဟုတ်သေး၊ ကဲ အဲ့ဆိုမြန်မြန် ဒါကိုရွေး (စျေးတွေကအတတ်မြန်နေလို့) 😅

၁ ပေပတ်လည် (တရုတ်)၊ အရည်အသွေးကောင်း၊ ရေမပေါက်

စိတ်ဝင်စားတယ်ဆို ဆိုင်မှာလာကြည့်လို့ရတယ်နော်။ ဖုန်းနှင့် မှာဝယ်ယူလိုလျှင်လဲပို့ပေးပါတယ်။

လိပ်စာ။ ။ အမှတ် ၁၆၊ ၂၈လမ်း၊ ဗန္ဒုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ပန်းဘဲတန်း။
ဖုန်း။ ။ ၀၉ ၄၂၁ ၉၇၉ ၈၉၈၊
Viber။ ။ ၀၉ ၂၅၁ ၉၆၂ ၈၅၁။


#ဒီဒီး
#အိမ်ဆောက်ပစ္စည်း
#ကြွေပြား

ပါကေးတော့ပါကေးကွက်ပဲ၊ သို့သော် သူကအဆန်း၊ ပုံမှန်ပါကေးကွက်တွေကရိုးတယ်၊ သို့သော်ခမ်းမနေရာမျိုးမှာကပ်မှာမို့ လင်းလဲလင်းစေချ...
02/02/2024

ပါကေးတော့ပါကေးကွက်ပဲ၊ သို့သော် သူကအဆန်း၊ ပုံမှန်ပါကေးကွက်တွေကရိုးတယ်၊ သို့သော်ခမ်းမနေရာမျိုးမှာကပ်မှာမို့ လင်းလဲလင်းစေချင်တယ်၊ တင့်တင့်တယ်တယ်ခမ်းခမ်းနားနားပုံလေးလဲပေါက်စေချင်တယ်ဆို၊ ဒီအကွက်လေးကိုမြင်ယောင်စေချင်မိ၊ သစ်သားကွက်လေးတွေကြားမှာ၊ မီးလုံးလေးတွေ၊ ပန်းပွင့်လေးတွေအစုလိုက်ချထားသလိုလေး။

၁ ပေပတ်လည် (တရုတ်)၊ အရည်အသွေးကောင်း၊ ရေမပေါက်

စိတ်ဝင်စားတယ်ဆို ဆိုင်မှာလာကြည့်လို့ရတယ်နော်။ ဖုန်းနှင့် မှာဝယ်ယူလိုလျှင်လဲပို့ပေးပါတယ်။

လိပ်စာ။ ။ အမှတ် ၁၆၊ ၂၈လမ်း၊ ဗန္ဒုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ပန်းဘဲတန်း။
ဖုန်း။ ။ ၀၉ ၄၂၁ ၉၇၉ ၈၉၈၊
Viber။ ။ ၀၉ ၂၅၁ ၉၆၂ ၈၅၁။


#ဒီဒီး
#အိမ်ဆောက်ပစ္စည်း
#ကြွေပြား

ကံနိမိတ်ကောင်းခြင်းဆိုတဲ့ င်္သကေတလေးတစ်ခုဖြစ်သလို၊ ရှေးဟိန္ဒူဘာသာရဲ့ Symbol တစ်ခုလဲဖြစ်တဲ့ Sw****ka (စွာစတီကာခေါ်) အမှတ်...
02/02/2024

ကံနိမိတ်ကောင်းခြင်းဆိုတဲ့ င်္သကေတလေးတစ်ခုဖြစ်သလို၊ ရှေးဟိန္ဒူဘာသာရဲ့ Symbol တစ်ခုလဲဖြစ်တဲ့ Sw****ka (စွာစတီကာခေါ်) အမှတ်အသား ဒီဇိုင်းလေးဖော်လို့ရတဲ့ ဒီဇိုင်းလေး၊ ၂ ကျင်းခွဲစာပဲကျန်ပါတော့တယ်။

၁ ပေပတ်လည် (တရုတ်)၊ အရည်အသွေးကောင်း၊ ရေမပေါက်

စိတ်ဝင်စားတယ်ဆို ဆိုင်မှာလာကြည့်လို့ရတယ်နော်။ ဖုန်းနှင့် မှာဝယ်ယူလိုလျှင်လဲပို့ပေးပါတယ်။

လိပ်စာ။ ။ အမှတ် ၁၆၊ ၂၈လမ်း၊ ဗန္ဒုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ပန်းဘဲတန်း။

ဖုန်း။ ။ ၀၉ ၄၂၁ ၉၇၉ ၈၉၈၊
Viber။ ။ ၀၉ ၂၅၁ ၉၆၂ ၈၅၁။


#ဒီဒီး
#အိမ်ဆောက်ပစ္စည်း
#ကြွေပြား

Address

No. 16, 28th Street(lower Block), Pabedan Tsp
Yangon
11141

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+95970138315

Website

Alerts

Be the first to know and let us send you an email when De Dee Ceramic Tiles & Sanitary Wares Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share