Myanmar Kaido Industrial Machinery Co.,Ltd.

Myanmar Kaido Industrial Machinery Co.,Ltd. TCM forklifts, Shindaiwa Generators and Welders, VPS Generators

လုပ်ငန်းအရှိန်မပျက်စေဖို့... စိတ်ကြိုက်ရွေးချယ် ငှားရမ်းနိုင်တဲ့ MKIM ရဲ့ Forklift အငှားဝန်ဆောင်မှု 🚜လုပ်ငန်းခွင်ထဲမှာ က...
27/04/2026

လုပ်ငန်းအရှိန်မပျက်စေဖို့... စိတ်ကြိုက်ရွေးချယ်
ငှားရမ်းနိုင်တဲ့ MKIM ရဲ့ Forklift အငှားဝန်ဆောင်မှု 🚜

လုပ်ငန်းခွင်ထဲမှာ ကုန်ပစ္စည်းတွေ ရွှေ့ပြောင်းဖို့အတွက် Forklift တစ်စီးရဲ့ အကူအညီက မရှိမဖြစ် လိုအပ်တာပဲ မဟုတ်လား။ စက်အသစ်ဝယ်ယူဖို့ထက် ပိုပြီးတော့ အဆင်ပြေစေမယ့်၊ ဈေးနှုန်းလည်း သင့်တင့်တဲ့ Forklift အငှားဝန်ဆောင်မှု ကို ကျွန်တော်တို့ Myanmar Kaido Industrial Machinery – MKIM ကနေ အကောင်းဆုံး စီစဉ်ပေးထားပါတယ်ခင်ဗျာ။

လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး လိုအပ်တဲ့အချိန်တွင်းပဲ အသုံးပြုရန်အတွက် ရက် ၊ လ၊ နှစ်အလိုက် ငှားရမ်းလိုသူများနဲ့ လုပ်ငန်းလည်ပတ်မှု ပိုမိုမြန်ဆန်ချင်တဲ့သူတွေအတွက်ဆို MKIM ရဲ့ Forklift အငှားဝန်ဆောင်မှုက အသင့်တော်ဆုံး နဲ့ စိတ်တိုင်းကျဖြစ်စေမှာအမှန်ပါပဲ။

ဒါကြောင့် စိတ်ကြိုက်ရွေးချယ် ငှားရမ်းပြီး သင့်လုပ်ငန်းကို အရှိန်မြင့်တင်ဖို့ အခုပဲဆက်သွယ်လိုက်ပါတော့ ခင်ဗျာ…

☎️ 09 4227 825 20 / 09 4243 145 14
☎️ 09 4498 517 78



အခမဲ့ Forklift သင်တန်းနဲ့ ဘဝခရီးလမ်းသစ်ကို MKIM နဲ့အတူ စတင်လိုက်ပါ 💁မိမိကိုယ်တိုင် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခုကို ...
25/04/2026

အခမဲ့ Forklift သင်တန်းနဲ့ ဘဝခရီးလမ်းသစ်ကို
MKIM နဲ့အတူ စတင်လိုက်ပါ 💁

မိမိကိုယ်တိုင် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားပြီး Forklift Operator တစ်ယောက်အဖြစ် ဘဝရပ်တည်ချင်တဲ့ လူငယ်တွေအတွက် သတင်းကောင်းရှိပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Myanmar Kaido (MKIM) ရဲ့ CSR (ပညာဒါန) အစီအစဉ်ကနေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တဲ့ "အခမဲ့ Forklift Operator သင်တန်း" ကို အခုပဲ ပြန်လည်စတင်လိုက်ပါပြီ။

ဒီ အစီအစဉ်မှာ ပါဝင်သင်ကြားလိုတဲ့ သူတွေအနေနဲ့ အောက်ပါ အချက်တွေနဲ့ ပြည့်စုံဖို့ လိုအပ်ပါတယ်။ ဒါတွေကတော့…

---
လျှောက်ထားနိုင်သူများ
* အနည်းဆုံး အခြေခံပညာ (၈) တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
* အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်း ဖြစ်ရမည်။
* စကားပြောဆို ရည်မွန်ပြီး ကြိုးစားလိုစိတ်အပြည့်ရှိရမည်။

ရွေးချယ်မှုအဆင့်များ
ဦးစွာ လူတွေ့စစ်ဆေးပါမည်။
ရွေးချယ်ခံရသူကို တန်ဖိုးငွေ ကျပ် ၅၅၀,၀၀၀ (ကျပ် ငါးသိန်းငါးသောင်း) ခန့် ရှိတဲ့ မြန်မာကိုင်ဒိုကုမ္ပဏီ ၊ Corporate Learning Center မှ ဖွင့်လှစ်သင်ကြားပေးနေတဲ့ Forklift Operator သင်တန်းကို လုံးဝ “အခမဲ့” တက်ရောက်ခွင့်ပြုပါမယ်။

သင်တန်းအကြောင်းအရာ
သင်တန်းကာလ - (၄) ရက် သို့မဟုတ် (၅) ရက် ကြာမြင့်မည်။
နေ့လယ်စာ - သင်တန်းကနေ ကျွေးမွေးမည်။
ခံစားခွင့် - သင်တန်းပြီးဆုံးပါက Certified Operator Certificate, Smart Card နှင့် Corporate Learning Center တံဆိပ်ပါ Polo Shirt များ ရရှိမည်။
အလုပ်အကိုင် - သင်တန်းပြီးဆုံးတဲ့အခါမှာ အလုပ်အကိုင်ရရှိဖို့အတွက် (လိုအပ်ပါက) ကိုလည်း MKIM က အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးပါမယ်။

---
လျှောက်လွှာတင်ရန်
နောက်ဆုံးရက် - 9th May, 2026 (Sat)

တင်သွင်းရန် - လိုအပ်တဲ့အချက်အလက်တွေကို comment မှာ ဖော်ပြထားတဲ့ ဖောင်နမူနာအတိုင်း ဖြည့်စွက်ပြီး Viber 09 4498 51778 ဒါမှမဟုတ် Page Messenger ကနေ ပေးပို့လျှောက်ထားနိုင်ပါတယ်။
ယခင်လျှောက်လွှာတင်ဖူးပြီး ရွေးချယ်မခံရသူများလည်း ထပ်မံ လျှောက်ထားနိုင်ပါတယ်။

**မှတ်ချက်** - Forklift Operator သင်တန်းသား ရွေးချယ်ခြင်းနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်လာပါက MKIM ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။


်တန်းကျောင်း

"လုပ်ငန်းခွင်အတွက် အားကိုးရတဲ့ VPS 65KVA မီးစက်ကြီးတွေ အရောက်ပို့ပေးခဲ့ပြန်ပါပြီ"ကျွန်တော်တို့ Myanmar Kaido Industrial ...
25/04/2026

"လုပ်ငန်းခွင်အတွက် အားကိုးရတဲ့
VPS 65KVA မီးစက်ကြီးတွေ အရောက်ပို့ပေးခဲ့ပြန်ပါပြီ"

ကျွန်တော်တို့ Myanmar Kaido Industrial Machinery Co.,Ltd. ကို အစဉ်တစိုက် ယုံကြည်အားပေးနေတဲ့ Customer ကြီးရဲ့ မှာယူမှုအတွက် VPS 65KVA မီးစက်ကြီးတွေကို လုပ်ငန်းခွင်အရောက် စနစ်တကျ ပို့ဆောင်ပေးအပ်ခဲ့ပါတယ်ခင်ဗျာ။

MKIM အနေနဲ့ စက်ပစ္စည်းတွေကို ရောင်းချပေးရုံတင် မဟုတ်ဘဲ လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်အထိ အန္တရာယ်ကင်းကင်းနဲ့ အရောက်ပို့ဆောင်ပေးဖို့ကိုလည်း အထူးဂရုစိုက်ပါတယ်။ အခုလိုမျိုး ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာနဲ့ ရွေးချယ်အားပေးခဲ့ကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

📍 Yangon Office: 09 424 314 513, 09 263 130 994
📍 Mandalay: 09 4523 59 398





ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့TCM Forklift Manufacturer နဲ့အတူ လက်တွဲပြီး အားဖြည့်ခဲ့ကြပါတယ် 🤝ကျွန်တော်တ...
22/04/2026

ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့
TCM Forklift Manufacturer နဲ့အတူ လက်တွဲပြီး အားဖြည့်ခဲ့ကြပါတယ် 🤝

ကျွန်တော်တို့ Myanmar Kaido Industrial Machinery Co., Ltd. ရဲ့ စက်ပြုပြင်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို ပိုပြီးအဆင့်မြှင့်တင်နိုင်ဖို့အတွက် TCM Forklift Manufacturer ဘက်ကနေ ဒေသအတွင်းနိုင်ငံများရှိ TCM Dealer & Distributors များအတွက် Singapore နိုင်ငံတွင် ကျင်းပပေးတဲ့ Service Conference ပွဲကို တက်ရောက်ခဲ့ပါတယ် ခင်ဗျာ…

ဒီ Service Conference ပွဲဟာ ကျွန်တော်တို့ TCM Forklift Distributors တွေရဲ့ Service Team တွေကို နည်းပညာပိုင်းနဲ့ လုပ်ငန်းခွင်ဆိုင်ရာ အထောက်အပံ့တွေ ပိုပြီး ကောင်းမွန်လာအောင် TCM Forklift Manufacturer မှ ထပ်မံမွမ်းမံတဲ့အနေနဲ့ သင်ကြားပြသပေးခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး နည်းပညာပိုင်းဆိုင်ရာအတတ်ပညာမွမ်းမံမှုတွေနဲ့ ထောက်ပံ့မှုတွေရရှိထားတာကြောင့်လည်း လူကြီးမင်းတို့ရဲ့ စက်ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ အရင်ကထက် ပိုပြီးတော့ ကောင်းမွန်တိကျမြန်ဆန်တဲ့ ဝန်ဆောင်မှုမျိုး ပေးအပ်နိုင်တော့မှာဖြစ်ပါတယ် ခင်ဗျာ..။




မြန်မာ့နှစ်သစ်ကူး ဆုတောင်းလွှာ 🙏၁၃၈၈ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ မြန်မာပြည်သူ ပြည်သားများအားလုံး စိတ်၏ကျန်းမာခြင်း၊...
17/04/2026

မြန်မာ့နှစ်သစ်ကူး ဆုတောင်းလွှာ 🙏

၁၃၈၈ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ မြန်မာပြည်သူ ပြည်သားများအားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံစွာဖြတ်သန်းရပြီး ဘေးဘယာအပေါင်းဝေးကွာပါစေကြောင်း ကျွန်တော်တို့ MKIM မိသားစုက ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ...



အကြီးစား စက်ရုံတွေ၊ လုပ်ငန်းခွင်ကြီးတွေမှာ လျှပ်စစ်မီးခဏလေးပျက်သွားတာနဲ့တင် ဆုံးရှုံးမှုက မနည်းလှပါဘူး။ ဒီလိုအခက်အခဲတွေက...
13/04/2026

အကြီးစား စက်ရုံတွေ၊ လုပ်ငန်းခွင်ကြီးတွေမှာ လျှပ်စစ်မီးခဏလေးပျက်သွားတာနဲ့တင် ဆုံးရှုံးမှုက မနည်းလှပါဘူး။ ဒီလိုအခက်အခဲတွေကြားမှာ လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေ တစ်စက္ကန့်မှ ရပ်တန့်မသွားစေဖို့ VPS 250 kVA မီးစက်ကြီးတွေက အသင့်ရှိနေပါတယ်ခင်ဗျာ ။

VPS 250 kVA က လူကြီးမင်းတို့အတွက် ဘာတွေ ပေးစွမ်းနိုင်မလဲ?

⚡ Power Output မှန်မှန်ကန်ကန်နဲ့ တည်တည်ငြိမ်ငြိမ်ပေးစွမ်းနိုင်ခြင်း:
ဝန်အားကြီးတဲ့ စက်ယန္တရားတွေကို တစ်ပြိုင်နက်တည်း မောင်းနှင်နိုင်တဲ့အပြင် မီးအားအတက်အကျ မရှိတာကြောင့် သင့်ရဲ့ အဖိုးတန်စက်ပစ္စည်းတွေ ပျက်စီးမှာကို လုံးဝပူစရာမလိုတော့ပါဘူး ။

🤫 အသံဆူညံမှုကို လျှော့ချထားပေးခြင်း:
Power Range ကြီးတဲ့ မီးစက်ဖြစ်ပေမဲ့ Silent Type ဒီဇိုင်းဖြစ်လို့ ပတ်ဝန်းကျင် အသံဆူညံမှုကို အနှောင့်အယှက် မဖြစ်စေပါဘူး။

🚛 အိမ်တိုင်ရာရောက်ပို့ဆောင်မှု:
ရန်ကုန်နဲ့ မန္တလေးမြို့တွင်းဆိုရင် လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်အရောက် အခမဲ့ (Free Delivery) စနစ်တကျ ပို့ဆောင်ပေးမှာပါ ။

🛠️ အမြဲတမ်း အနားမှာရှိမယ့် ဝန်ဆောင်မှု:
စက်ဝယ်ယူပြီးတာနဲ့တင် မပြီးသေးပါဘူး။ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်အင်ဂျင်နီယာတွေက (၅) ကြိမ်တိုင်တိုင် အခမဲ့ လာရောက်စစ်ဆေးပေးမယ့် (5)Times Maintenance Service က လူကြီးမင်းတို့စက်ကို အမြဲတမ်း အကောင်းဆုံးအခြေအနေမှာ ရှိနေစေမှာပါ ။

ဒါကြောင့် "မီးပျက်တာကို စိတ်ပူနေရတဲ့ အချိန်တွေကို VPS 250 kVA နဲ့ အပြီးတိုင် အဆုံးသတ်လိုက်ပါ"

📍 Yangon Office: 09 424 314 513, 09 263 130 994
📍 Mandalay: 09 4523 59 398





လူကြီးမင်းတို့ လုပ်ငန်းတွေ အရှိန်မပျက်ဖို့ MKIM ရဲ့ 3S က အမြဲတာဝန်ယူနေမှာပါစက်ယန္တရားကြီးတွေ ဝယ်တော့မယ်ဆိုရင် စက်ကောင်းဖ...
12/04/2026

လူကြီးမင်းတို့ လုပ်ငန်းတွေ အရှိန်မပျက်ဖို့
MKIM ရဲ့ 3S က အမြဲတာဝန်ယူနေမှာပါ

စက်ယန္တရားကြီးတွေ ဝယ်တော့မယ်ဆိုရင် စက်ကောင်းဖို့တင်မကဘဲ ဝယ်ယူပြီးတဲ့အခါမှလည်း "အပိုပစ္စည်း ရှာရလွယ်ပါ့မလား"၊ "စက်ပျက်ရင် ဘယ်သူလာပြင်ပေးမှာလဲ" ဆိုတဲ့ စိုးရိမ်စိတ်တွေက အမြဲရှိကြစမြဲပါ။ ဒါကြောင့် ကျွန်တော်တို့ MKIM အနေနဲ့ လူကြီးမင်းတို့ရဲ့ စိုးရိမ်စိတ်တွေကို 3S ဝန်ဆောင်မှု နဲ့အတူ အပြည့်အဝ ဖြေရှင်းပေးနေတာပဲ ဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ဆီမှာ ဘာတွေ ရနိုင်မလဲဆိုရင်တော့ -

✅ ၁။ Sales (ရောင်းချခြင်း): Japan Brand TCM Forklift တွေနဲ့ ဆူညံသံငြိမ်လွန်းတဲ့ Shindaiwa၊ စွမ်းအားပြည့် VPS Generator နဲ့ KOMACHI တာယာတွေအထိ... လူကြီးမင်းတို့ လုပ်ငန်းခွင်အတွက် အကောင်းဆုံးနဲ့ အရည်သွေးအစစ်မှန်ဆုံးသော Brand တွေကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

✅ ၂။ Service (ဝန်ဆောင်မှု): စက်ပျက်မှ ပြင်တာထက် မပျက်အောင် ကြိုတင်ထိန်းသိမ်းတာက ပိုအရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်အင်ဂျင်နီယာတွေက လူကြီးမင်းတို့ လုပ်ငန်းခွင်အထိ လိုက်ပါပြီး စနစ်တကျ ပြုပြင်ထိန်းသိမ်းပေးသွားမှာမို့လို့ အလုပ်တွေ ကြန့်ကြာသွားမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။

✅ ၃။ Spare Parts (အပိုပစ္စည်း): စက်သက်တမ်း ကြာရှည်ဖို့ဆိုရင် အပိုပစ္စည်းစစ်စစ်တွေကို (Genuine Spare Parts) သုံးဖို့က အဓိကအရေးကြီးပါတယ်။ အရည်သွေးစစ်မှန်ပြီး စိတ်ချရတဲ့ လိုအပ်တဲ့ အစိတ်အပိုင်းမှန်သမျှကိုလည်း ကျွန်တော်တို့ဆီမှာ အလွယ်တကူနဲ့ အမြန်ဆုံး ရရှိနိုင်အောင်လို့လည်း စီစဉ်ထားပေးပါတယ်ခင်ဗျာ။

ဒါ့ကြောင့် လူကြီးမင်းတို့ လုပ်ငန်းအတွက် "လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ 3S နဲ့အတူ ကျွန်တော်တို့ MKIM အဖွဲ့သားတွေက အသင့်ရှိနေမှာပါ"

📍Yangon Office : 09 449 851 778, 09 444 550 429
📍Hlaing Thar Yar/ Mingalardon : 09 452 359 414
📍Shwe Pyi Thar, Hmawbi : 09 424 314 514
📍Thilawa : 09 263 130 996
📍Mandalay : 09 452 359 398

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်တွင် ကျရောက်မယ့် မဟာသင်္ကြန်အခါတော်နေ့မှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စ...
11/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်တွင် ကျရောက်မယ့် မဟာသင်္ကြန်အခါတော်နေ့မှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး သဘာဝဘေးအန္တရာယ်များမှလည်း ကင်းရှင်းကြပါစေကြောင်း Myanmar Kaido Industrial Machinery ကနေ ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်။

MKIM ရန်ကုန်ရုံး၊ မန္တလေးရုံး၊ မှော်ဘီ Service Point နှင့် သီလဝါ Service Point များကို သင်္ကြန်တွင်းရုံးပိတ်ရက်အဖြစ် ဧပြီလ (၁၁) ရက်နေ့မှစ၍ (၁၉) ရက်နေ့အထိ ပိတ်မည် ဖြစ်ပါကြောင်းလည်း အသိပေးကြေငြာအပ်ပါတယ်။

လုပ်ငန်းအတွက်အ​ရေးပေါ်အ​ခြေအ​နေများရှိပါက အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်နိုင်ပါ​ကြောင်း အသိ​ပေးအပ်ပါတယ်ခင်ဗျာ…

09264097235
09408153226
09449851778



ကျွန်တော်တို့ Myanmar Kaido Industrial Machinery Co.,Ltd. ရဲ့ Loyal Customer ဖြစ်တဲ့ စားသောက်ကုန်လုပ်ငန်းကြီးဆီသို့ မှာယ...
08/04/2026

ကျွန်တော်တို့ Myanmar Kaido Industrial Machinery Co.,Ltd. ရဲ့ Loyal Customer ဖြစ်တဲ့ စားသောက်ကုန်လုပ်ငန်းကြီးဆီသို့ မှာယူထားတဲ့ Electric Pallet Truck (၁) စီး ကို အောင်မြင်စွာနဲ့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်ခင်ဗျာ။

လုပ်ငန်းခွင်အတွင်းမှာ အဆင်သင့် အသုံးပြုနိုင်ဖို့အတွက် စက်ရဲ့ လုပ်ဆောင်ချက်တွေကို သေချာစစ်ဆေးပြီးမှ လူကြီးမင်းတို့ဆီကို အရောက်ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ် ။ အခုလိုမျိုး ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုနဲ့ စက်ပစ္စည်းတွေအပေါ် ယုံကြည်စိတ်ချစွာနဲ့ ရွေးချယ်ဝယ်ယူအားပေးခဲ့တဲ့အတွက်လည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

"လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေ အရှိန်မပျက်ဘဲ ပိုမိုတိုးတက်အောင်မြင်လာစေဖို့ MKIM က အမြဲတမ်း အသင့်ရှိနေမှာပါ"

Hotline : 09 2631 30997
Yangon : 09 2640 97226, 094081 53225
Mandalay: 09 4243 14510



လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ စက်ပစ္စည်းတွေဝယ်ပြီဆိုရင် ရောင်းတဲ့သူရဲ့ ပစ္စည်းအပေါ်အာမခံမှုကို ဂရုတစိုက်စဉ်းစားရပါတယ်။ “အကယ...
06/04/2026

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ စက်ပစ္စည်းတွေဝယ်ပြီဆိုရင် ရောင်းတဲ့သူရဲ့ ပစ္စည်းအပေါ်အာမခံမှုကို ဂရုတစိုက်စဉ်းစားရပါတယ်။ “အကယ်၍ စက်ပစ္စည်းက အာမခံကာလအတွင်း တခုခုဖြစ်ခဲ့ရင် တကယ်ရော တာဝန်ယူမှာလား" ဆိုတဲ့ ယုံကြည်စိတ်ချရမှုက အရေးကြီးဆုံးအချက်တစ်ခုပဲဖြစ်ပါတယ် ။ ကျွန်တော်တို့ Myanmar Kaido Industrial Machinery - MKIM ကတော့ ရောင်းပြီးရင် ပစ်ထားတာမျိုး လုံးဝမရှိစေရဘဲ အမြဲတမ်း အနားမှာရှိနေပေးမယ့် လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက်အနေနဲ့ ဝန်ဆောင်မှုမျိုးကို ပေးနေတာပဲဖြစ်ပါတယ်။

ဘာကြောင့် လူကြီးမင်းတို့အနေနဲ့ MKIM ဖြင့် လက်တွဲဆောင်ရွက်သင့်လဲ?

ကျွမ်းကျင်သူများမှ အကြံပြုဆွေးနွေးပေးခြင်း
လူကြီးမင်းတို့ရဲ့ ဂိုဒေါင် ဒါမှမဟုတ် စက်ရုံနဲ့ ဘယ်လို Forklift မျိုးက အကိုက်ညီဆုံးဖြစ်မလဲဆိုတာကို ကျွန်တော်တို့ရဲ့ ကျွမ်းကျင်သူတွေက သေချာလေ့လာပြီးမှ အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကို အကြံပေးဆွေးနွေးပေးတာဖြစ်ပါတယ်။

အသင့်ရှိနေမယ့် အပိုပစ္စည်းများ
ဝယ်ယူပြီးတဲ့အခါမှာလည်း လိုအပ်တဲ့ အပိုပစ္စည်းတွေကို အမြဲအသင့်ရှိနေအောင် ကျွန်တော်တို့ရဲ့ ပစ္စည်းသိုလှောင်ရုံတွေမှာ အဆင်သင့်လုံလောက်စွာ ထားရှိထားတာလည်းဖြစ်ပါတယ်။

ထာဝရလုပ်ဖော်ကိုင်ဖက်ကောင်း
ရောင်းချပြီးတဲ့နောက်တွင်လည်း စက်များ အရှိန်မပျက် လည်ပတ်နိုင်စေရန် အပိုပစ္စည်းနဲ့ ပြုပြင်ထိန်းသိမ်းမှု ဝန်ဆောင်မှုတွေကို အမြဲတမ်းအသင့်ဖြစ်နေအောင်လည်း ဝန်ဆောင်မှုတွေ ပေးသွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ။

ဒါ့ကြောင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်း အောင်မြင်မှု ခရီးလမ်းမှာ ခိုင်မာတဲ့ ယုံကြည်စိတ်ချက်ရမှုတွေနဲ့ အမြဲအတူရှိနေပေးမယ့် MKIM နဲ့အတူ ရှေ့ဆက်နိုင်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါတော့ ခင်ဗျာ…







စက်ရုံ ၊ အလုပ်ရုံ နဲ့ ကုန်လှောင်ရုံလုပ်ငန်းတွေအတွက် အားကိုးရမယ့်Forklift အငှားဝန်ဆောင်မှု ရှိနေပါပြီ!လူကြီးမင်းတို့ရဲ့ လ...
05/04/2026

စက်ရုံ ၊ အလုပ်ရုံ နဲ့ ကုန်လှောင်ရုံလုပ်ငန်းတွေအတွက် အားကိုးရမယ့်
Forklift အငှားဝန်ဆောင်မှု ရှိနေပါပြီ!

လူကြီးမင်းတို့ရဲ့ လုပ်ငန်းခွင်မှာ Forklift အသုံးပြုပြီး ရွှေ့ပြောင်းရမဲ့ကိစ္စတွေရှိလာတဲ့အခါ စက်အသစ်ဝယ်ဖို့ကလည်း အခြေအနေမပေးသေးဘူးဆိုရင် စိတ်မပူပါနဲ့။ ကျွန်တော်တို့ Myanmar Kaido Industrial Machinery Co.,Ltd. မှာ အရည်အသွေးမြင့် Forklift တွေကို စိတ်ကြိုက်ငှားရမ်းအသုံးပြုနိုင်မယ့် ဝန်ဆောင်မှု ရှိပါတယ်။
ဘာကြောင့် MKIM ရဲ့ အငှားဝန်ဆောင်မှုကို ရွေးချယ်သင့်သလဲဆိုရင် -

✅ လုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့ အမျိုးအစား
မိမိလုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့ စွမ်းဆောင်ရည်မြင့် Forklift အမျိုးအစားတွေကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

✅ စရိတ်စက သက်သာခြင်း
စက်အသစ်ဝယ်ယူဖို့ ရင်းနှီးမြှုပ်နှံစရာ မလိုဘဲ လိုအပ်တဲ့ အချိန်ကာလအတွက်သာ ငှားရမ်းအသုံးပြုနိုင်လို့ လုပ်ငန်းရှင်တွေအတွက် တွက်ခြေကိုက်စေမှာပါ။

✅ စိတ်အေးသက်သာစွာငှားယူနိုင်ခြင်း
ငှားရမ်းပေးတဲ့ စက်တိုင်းကို ကျွမ်းကျင်အင်ဂျင်နီယာတွေက ပုံမှန်ပြုပြင်ထိန်းသိမ်း (Maintenance) လုပ်ပေးထားတာကြောင့် အလုပ်ထဲမှာ စက်ချို့ယွင်းမှုကြောင့် ကြန့်ကြာမှာကို စိုးရိမ်စရာမလိုတာကြောင့် စိတ်ချလက်ချနဲ့ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
ဒါ့ကြောင့် လုပ်ငန်းလည်ပတ်မှု ပိုမိုမြန်ဆန်ချင်တဲ့သူတွေအတွက်ဆို MKIM ရဲ့ Forklift အငှားဝန်ဆောင်မှုက အသင့်တော်ဆုံး နဲ့ စိတ်တိုင်းကျဖြစ်စေမှာအမှန်ပါပဲ ခင်ဗျာ။



KOMACHI တာယာရဲ့ သင်္ကြန်ကာလBUY 1 GET 2 အထူးအစီစဥ်လာပါပြီ 💦မကြာခင်ကျရောက်တော့မယ့် သင်္ကြန်ကာလ အထူးအစီအစဉ်အနေနဲ့ ကျွန်တော်...
01/04/2026

KOMACHI တာယာရဲ့ သင်္ကြန်ကာလ
BUY 1 GET 2 အထူးအစီစဥ်လာပါပြီ 💦

မကြာခင်ကျရောက်တော့မယ့် သင်္ကြန်ကာလ အထူးအစီအစဉ်အနေနဲ့ ကျွန်တော်တို့ MKIM ကနေ လူကြီးမင်းတို့အတွက် အရမ်းတန်တဲ့ "သင်္ကြန်အထူးပရိုမိုးရှင်း" ကို ယူဆောင်လာပါပြီခင်ဗျာ။

KOMACHI တာယာရဲ့ ဝယ်လေတန်လေ အထူးပရိုမိုးရှင်းမှာဆိုရင် 3.00-15 Forklift တာယာ (၁) လုံး ဝယ် (၂) လုံးရနိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ်။

ဒါ့အပြင် အပိုဆောင်းရရှိမယ့် ဝန်ဆောင်မှုတွေအနေနဲ့

FREE Tyre Press: တာယာလဲလှယ်တပ်ဆင်ခြင်း ဝန်ဆောင်မှုကို Customer လုပ်ငန်းခွင်အရောက် အခမဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။

FREE Delivery: ရန်ကုန်နဲ့ မန္တလေးမြို့တွင်းဆိုရင် ပို့ဆောင်ခ လုံးဝ (လုံးဝ) ပေးစရာမလိုဘဲ အခမဲ့ ပို့ဆောင်ပေးဦးမှာပါ။

🗓️ ပရိုမိုးရှင်းကာလ
ဧပြီလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ (တစ်လတည်းသာ!)

သင်္ကြန်ကာလမှာ လူကြီးမင်းတို့ရဲ့ Forklift တွေကို တာယာအသစ်တွေနဲ့ အားဖြည့်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ…

Hotline : 09 2631 30997
Yangon : 09 2640 97226, 094081 53225
Mandalay: 09 4243 14510

Safe! Drive smart! Drive KOMACHI!

Address

Yangon

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+9513681660

Alerts

Be the first to know and let us send you an email when Myanmar Kaido Industrial Machinery Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Kaido Industrial Machinery Co.,Ltd.:

Share