John Engineering & Construction Co.,ltd

John Engineering & Construction Co.,ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from John Engineering & Construction Co.,ltd, Engineering service, No. 68, Thamadeikhti Street, Kyauk Myaung Ward, Tamwe Township, Yangon.

01/02/2022

်ခြင်း

Site ထဲ သံချောင်းတွေကို Caliper နှင့် လာတိုင်းတယ်တဲ့။ သံချောင်း Size တွေက မပြည့်ဘူး ဆိုပြီး ဖြစ်လာပါတယ်။

Reinforced Concrete တွေထဲ ထည့်တဲ့ သံချောင်းတွေက Deformed Bar တွေပါ။ သံချောင်းမှာ အလျားလိုက် ဘေးနှစ်ဖက် ဖောင်းလိုင်း Longitudinal Rib ၂ ခုပါပြီး ပတ်ပတ်လည် ဖောင်းလိုင်း Transverse Rib သို့မဟုတ် Lateral Rib သို့မဟုတ် Lateral Inclined Rib ဆိုပြီး ပါပါတယ်။

ကွန်ကရစ်နှင့် သံချောင်း Bonding တွဲဆက်မှု ကောင်းစေရန် Deformed လုပ်ထားတဲ့ သဘောပါ။

ဖောင်းလိုင်း အတိုင်း တိုင်းတဲ့ Diameter ကို Outer Diameter လို့ခေါ်ပြီး ဖောင်းလိုင်းမပါပဲ သံချောင်းသက်သက် တိုင်းတာကို Inner Diameter လို့ ခေါ်ပါတယ်။

ကျွန်တော်တို့ ပြောပြောနေတဲ့ 16mm တို့ 20mm တို့ဆိုတာတွေက Nominal Sizes တွေပါ။

In manufacturing, a nominal size or trade size is a size “in name only” used for identification ဖြစ်ပါတယ်။

Nominal ဆိုတာ မည်ကာမတ္တပါ။ တကယ်လဲ Specifications တွေမှာ Nominal Diameter ဆိုပြီး ရေးပါတယ်။

အဲဒါကြောင့် Deformed Bar တွေရဲ့ Inner Diameter တွေကို Caliper နှင့် တိုင်းကြည့်တာမှာ အဲဒီ 16mm တို့ 20mm တို့ မရပါဘူး။ 15mm လောက် 19mm လောက်ပဲ ရပါမယ်။ Outer Diameter ကတော့ Nominal Diameter ထက် ကြီးပါမယ်။

သံချောင်းမှ မဟုတ်ပါဘူး။ သစ်သားတွေလဲ အဲလိုပါပဲ။ ၄”x၂” ဆို ၃-၁/၂” x ၁-၁/၂” လောက်ပါပဲ။ လွန်ရောကျွံရော ၃-၃/၄” x ၁-၃/၄” ပါပဲ။

အဲဒါကို Tolerance ဆိုပြီး တရား၀င် လက်ခံပါတယ်။ ကျွန်တော်တို့ အရင်က သုံးခဲ့တဲ့ 3.5” Floppy Disk ဆိုတာက အမှန်တကယ် 90mm (3.54”) ရှိပြီး 1.44MB ဆိုတာမှာ အမှန်တကယ် 1,474,560 Bytes ရှိပါတယ်။ အဲဒါကြောင့် 3.5” 1.44MB Floppy Disk ဆိုတာက Nominal တွေ ဖြစ်ပါတယ်။

တကယ်တမ်း သံချောင်းရဲ ့ Specifications သတ်မှတ် စံချိန်စံနူန်း နှင့် ညီမညီကို Sample တွေယူပြီး Quality Control Lab ဓါတ်ခွဲခန်းမှာ သက်ဆိုင်ရာ ကရိယာတွေနှင့် စမ်းသပ် စစ်ဆေးရမှာ ဖြစ်ပါတယ်။

အဲဒီအခါကျမှ သံချောင်းရဲ ့ Strength တွေ Sizes တွေ Weight တွေ မှန်မမှန် ဆိုတာကို အတိအကျ သိရပါမယ်။

အဓိကအားဖြင့် Strength နှင့် Mass Weight စတာတွေကို အဓိကထား တိုင်းတာပါတယ်။ အခုနောက်ပိုင်း စမ်းသပ်တဲ့ ကရိယာတွေမှာ လေဆာတွေ ဘာတွေနှင့် တိုင်းတာတာမို့ အတိုင်းအတာအားဖြင့် ဒဿမနောက် ကိန်းဂဏန်းတွေထိ အတိအကျ ပြပါတယ်။

Site ထဲ Caliper နှင့် တိုင်းတာရင်တော့ Nominal Diameter တို့ Tolerance တို့တော့ ရှိမှာ ဖြစ်ပါတယ်။

Deformed bar ရဲ့ Inner Diameter တွေတိုင်းကြည့်ပြီး သံချောင်း Size မပြည့်ဘူး ဆိုတာမျိုးတွေ ခဏခဏ ကြားကြားနေရလို့ပါ။

Special Credit to U Kyithar Myint.

=========================

#ဆောက်လုပ်ရေးလုပ်ငန်းမှာသုံးတဲ့သံချောင်းများရဲ့အရည်အသွေးစမ်းခြင်း

သံချောင်းတွေကို ဆိုက်ထဲမှာ သုံးတဲ့အခါ အဓိကအားဖြင့် ဆွဲဆန့်အား ခံနိုင်ရည်ရှိမှုကို အဓိက စမ်းသပ်လေ့ရှိပါတယ်။

ဒါကိုတော့ Tensile Strength Test လို့ ခေါ်ပါတယ်။

အခြားသော Pull-Out Test, Coupler Test စတာတွေကို Coupler Rebar တွေမှာ စမ်းသပ်လေ့ ရှိပေမယ့် ဒီနေရာမှာတော့ Tensile Strength Test ကိုပဲ အဓိက ပြောချင်ပါတယ်။

စမ်းသပ်မယ့် သံချောင်း အရေအတွက်က တန်ဘယ်လောက်မှာ ဘယ်နှစ်ချောင်း ရှိရမယ်ဆိုတာ အသုံးပြုတဲ့ Code အလိုက် သတ်မှတ်ချက်တွေ ရှိပါတယ်။

(၁) စမ်းသပ်မည့် သံချောင်း အရေအတွက်ကို သတ်မှတ်ချက်အတိုင်း ဖြတ်တောက်ပါ။

(၂) ဖြတ်တောက်ရာမှာ Mill Certificate မှာပါသည့် Bar Mark တွေကို သံချောင်းဖြတ်စမှာ ရှင်းရှင်းလင်းလင်း ပါလာအောင် ဖြတ်ပါ။

(၃) သံချောင်း အမျိုးမျိုးရှိရင် တမျိုးစီကို သတ်မှတ် သံချောင်း အရေအတွက် ရအောင် သီးခြားစီ ဖြတ်ယူရမှာ ဖြစ်ပါတယ်။

(၄) Mill Certificate နဲ့ ကိုယ်ဖြတ်ယူတဲ့ သံချောင်းက ကိုက်ညီမှု ရှိရပါမယ်။

(၅) သံချောင်း ဘယ်လောက် အတိုင်းအတာ ဖြတ်ယူရမယ်ဆိုတာ စမ်းသပ်မယ့် ဓာတ်ခွဲခန်းကို မေးကြည့်ရပါမယ်။ အသုံးပြုတဲ့ စက်မတူရင် သံချောင်းဖြတ်စ အရှည်ဟာ မတူနိုင်ပါ။

(၆) စမ်းသပ်လို့ရလာတဲ့ သံချောင်းရဲ့ Yield Strength ကိုပဲ အဓိကထား စစ်ဆေးရမှာ ဖြစ်ပြီး Ultimate Strength ကို စဉ်းစားစရာ မလိုပါ။ အကြောင်းက ဒီဇိုင်းမှာသုံးတဲ့ သံချောင်းရဲ့ အားက Fy ပါ။ Fu မဟုတ်ပါဘူး။

(၇) မအောင်တဲ့ သံချောင်းကို မှတ်ထားပါ။ အဲဒီ သံချောင်းကို နောက်ဘယ်တော့မှ မမှာပါနဲ့။

(၈) Test အောင်မြင်တိုင်းလည်း Consultant က အသိအမှတ် ပြုချင်မှ ပြုပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သံချောင်းထဲမှာ ပါဝင်တဲ့ သတ္တုတွေရဲ့ ပါဝင်မှု ပမာဏ Composition က Code သတ်မှတ်ချက်နဲ့ မကိုက်ညီရင် ငြင်းပယ်လို့ ရပါတယ်။

ဒီနေရာမှာ ဓာတုဗေဒပညာရှင် မဟုတ်တာကြောင့် ပါဝင် သတ္တု တခုချင်းစီရဲ့ အကျိုးအပြစ်ကို အတိအကျ မပြောတတ်ပါ။ Material Science စာအုပ်များမှာသာ ရှာဖွေဖတ်ကြည့်ဖို့ ဖြစ်ပါတယ်။

အတွေ့အကြုံအရ အချို့ သံချောင်းတွေက Ultimate Load ကို ရောက်ပြီး Failure ဖြစ်တဲ့အခါ Ductile Failure မဟုတ်ပဲ Brittle Manner မျိုးနဲ့ ကျိုးတတ်ပါတယ်။ ဥပမာ သံချောင်းက အစတွေ လွင့်ထွက်လာတာမျိုးပါ။

အဲဒီလိုနည်းနဲ့ Beam တချောင်းဟာ Failure ဖြစ်ခဲ့ရင် ကွန်ကရစ် အသားတွေဟာ တစစီပဲ့ပြီး ချက်ချင်း ထွက်ကျလာနိုင်ချေ ရှိပါတယ်။ အဲဒါမျိုး ဘယ်သူမှ မဖြစ်ချင်ပါ။

Mill Certificate သည် တင်ပို့လိုက်သော သံချောင်း အစည်းတွေနဲ့ အတူ တပါတည်း တွဲပါလာရပါမယ်။

Mill Certificate မှာ သံချောင်း အမှတ်အသား Barmark ကို တနည်းနည်းနဲ့ ပြထားပေးရမယ်။ အဲဒါနဲ့ တိုက်ဆိုင် စစ်ဆေးပြီးမှ Mill Certificate နဲ့ ကိုက်ညီတဲ့ သံချောင်း အမျိုးအစားကို ရွေးခြယ်နိုင်မှာ ဖြစ်ပါတယ်။

Special Credit To Thura Zin Soe.

=========================

်ကြည့်ရအောင်

၂ ပိုင်း ရှိ ပါ မယ်။

(1) Vertical Bars

(2) Lateral ties ဖြစ်ပါတယ်။

စစချင်း Vertical Bars ဒေါင်လိုက်သံချောင်းတွေ အရင်ကြည့်ပါမယ်။ Longitudinal Reinforcement တွေပေါ့။

ကြည့်ရမှာတွေက

(1) Dia. Of Bars
(2) No. of Bars
(3) Spacing
(4) Splice Length
(5) Staggering
(6) Splice Location

Drawing ထဲမှာပါတဲ့ သံချောင်းရဲ ့ Diameter နှင့် ဆင်ထားတဲ့ သံချောင်းရဲ ့ Diameter ကိုက်ညီမှု ရှိမရှိ စစ်ရပါမယ်။

No. of Bars သံချောင်း အချောင်းရေ စစ်ရပါမယ်။
Spacing သံချောင်း တချောင်းနှင့် တချောင်း အကွာအဝေး ကို စစ်ရပါမယ်။

သံချောင်းတချောင်း နှင့် တချောင်းထပ်ပြီး ဆက်ထားတဲ့ Splice Length ကို စစ်ရပါမယ်။

Diameter အ လိုက် Lap လုပ်ရမယ့် splice length တွေရှိပါတယ်။

သံချောင်းတွေ ဆက်ရာမှာ ဘေးချင်း ကပ်ရက် တချောင်း နှင့် တချောင်း အညီ မဆက်ပဲ အဆက်ချင်း လွဲထားတာ Staggering လုပ် မလုပ် စစ်ရပါမယ်။

ဒီမှာတော့ သိပ်မလုပ်ကြဘူး ထင်ပါတယ်။

ကော်လံတိုင် သံချောင်းတွေကို Lapping လုပ်ဆက်ရာမှာ ကော်လံတိုင်ရဲ ့ ဘယ်နေရာမှာ ဆက်ရမယ် Splice Location ဆိုတာရှိပါတယ်။

Special Moment Resisting Frame ဆိုပါက တိုင်ရဲ ့ တ၀က်မှာ ဆက်ရမယ် ဆိုပါတယ်။

Vertical Bars တွေပြီးတဲ့ အခါ Lateral Ties ကွင်းတွေ စစ်ရပါမယ်။ Transverse Reinforcement တွေပေါ့။

ကြည့် ရ မှာ တွေ က …

(1) Dia. Of Ties
(2) No. Of Ties
(3) Spacing
(4) Hook and Bend Angle
(5) Gap Between Ties and Bars
(6) Proper Binding

Drawing ထဲမှာပါတဲ့ Ties ကွင်းရဲ ့ Dia. နှင့် ဆင်ထားတဲ့ Ties ကွင်းရဲ ့ Dia. ကိုက်ညီမှု ရှိ မရှိ စစ်ရပါမယ်။

No. Of Ties ကွင်း အရေအတွက် စစ်ရပါမယ်။

Single Ties, Double Ties, Triple Ties စသဖြင့်ရှိပါမယ်။

Spacing ကွင်းတကွင်းနှင့် တကွင်း အကွာအဝေးကို စစ်ရပါမယ်။ 3/8dia.@6"c/c ဆိုပါက ၆ လက်မ ရှိ မရှိ။

Lapping တွေ မှာ ties ကွင်းတွေ စိပ်မစိပ်။

Ties ကွင်း ရဲ ့ Standard Hook နှင့် ကွေးထားတဲ့ Angle ကိုစစ်ရပါမယ်။

Ties ကွင်းနှင့် Vertical Bars သံချောင်း သေသေချာချာ ကပ်ချည်မထားပဲ ကြားမှာ Gap ရှိ မ ရှိ စစ်ရပါမယ်။

သံချောင်းတွေကို Binding Wire နှင့် စနစ်တကျ ချည်နှောင် ထားမထား စစ်ရပါမယ်။

အဲဒါတွေ အားလုံး အိုခေရင်တော့ Formwork ဆင် ခိုင်းလို့ရပါပြီ။

Sprcial Credit to U Kyithar Myint.

==========================

" ှာ_သံချောင်းများကိုစစ်ဆေးတဲ့အခါ "

၁။ Drawing များကို အရင် နားလည်အောင် အချိန်ပေး ကြည့်ရှုရပါမယ်။ Drawing ထဲတွင် ပါသော သံချောင်းများရဲ ့ အရွယ်အစား၊ အရေအတွက်၊ နေရာတွေကို သိရှိနားလည်သဘောပေါက်မှ site ထဲမှာ ဖြတ်တောက် တပ်ဆင်ထားတဲ့ သံချောင်းများကို သေသေချာချာ မှန်မမှန် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ Drawing များကို နားလည်အောင် သေသေချာချာ ဖတ်ကြည့်တာဟာ ပထမဦးဆုံး လုပ်ရမယ့် အဆင့်ပါ။

၂။ သံချောင်းများရဲ ့ Spacing, Splice Length နှင့် Development Length တွေကို အချိန်မရွေး တိုင်းတာနိုင်ဖို့ ပေကြိုးဘူးတစ်ခုကို အမြဲတန်း ဆောင်ထားရပါမယ်။

၃။ သံချောင်းများကို စစ်ဆေးတဲ့အခါ Safety အရ လက်အိပ် စွပ်ထားရပါမယ်။ သံချောင်းများကို လက်များနှင့် ကိုင်တွယ်တာက အရေပြားများကို ရေရှည်မှာ ထိခိုက်နိုင်ပါတယ်။ နောက်ပြီး ထိခိုက်ဒါဏ်ရာအနာတရလဲ ဖြစ်နိုင်လို့ပါ။

၄။ သံချောင်းများနှင့်အတူ ကွန်ကရစ်ထဲတွင် ထည့်သွင်းလောင်းမယ့် ရေပိုက် မီးပိုက်များရဲ ့ အရွယ်အစား၊ နေရာအထားအသိုများကို သိရှိရပါမယ်။ မှန်ကန်စွာ ထည့်သွင်းတပ်ဆင်ထားခြင်း ရှိမရှိ စစ်ဆေးရပါမယ်။

၅။ အရေးကြီးတာက သံချောင်း Size တွေ မှန်မမှန် လုံးပတ်တိုင်းကရိယာ Caliper နှင့် တိုင်းတာရပါမယ်။ သံချောင်း Spacing ရယ် Development Length ရယ် Lap/Splice Length ရယ် တိုင်းတာရပါမယ်။ Alignment လဲ ကြည့်ရပါမယ်။ သံချောင်းတွေ Sag အိကျနေတာ Buckling ကွေးနေတာမျိုး မရှိရပါဘူး။ သံချောင်းအဆက် Coupler တွေ သေသေချာချာ တပ်ဆင်ထားမထား။ သံချောင်းတွေ မှန်မှန်ကန်ကန် ဖြတ်တောက်ဆင်ထားမထား၊ Cover လုံလောက်မှု ရှိမရှိ၊ သံချောင်း အရေအတွက် မှန်ကန်မှု ရှိမရှိ စသဖြင့် တိုင်းတာစစ်ဆေးရပါမယ်။

၆။ Tensile Strength Test, Torsion Failure Strength Test စတဲ့ သံချောင်းအရည်အသွေးနှင့် ပတ်သက်ပြီး စမ်းသပ်ပြီးသား သံချောင်းများ ဟုတ်မဟုတ် စစ်ဆေးရပါမယ်။

၇။ သံချောင်းတွေ နေရာ အထားအသို မှားယွင်းခြင်း ရှိမရှိ စစ်ဆေးရပါမယ်။ ဥပမာ အားဖြင့် Main bars တွေဟာ အမြဲတန်း Distribution bars တွေအောက်မှာ ရှိရမှာမျိုး။

Special Credit to U Kyithar Myint

==========================

ဆောက်လုပ်ရေး သံချောင်း ဆိုဒ်အမျိုးမျိုးတို့ရဲ့ ၁ မီတာ အရှည်မှာ ရှိရမယ့် အလေးချိန်နဲ့ ၁ တန်မှာ ရှိရမယ့် မီတာအရှည်။

ဥပမာ

၁၀မီလီမီတာ အချင်းရှိတဲ့ သံချောင်းကို တစ်တန်မှာ ဘယ်လောက်ရှိလဲ ဆိုရင်

သံချောင်း တချောင်းဟာ ၁၂ မီတာရှည်ရတာဆိုတော့

၁၆၂၃.၃၈ ÷ ၁၂ = ၁၃၅.၂၁၈၆၆၇

တစ်တန်မှာ ၁၂ မီတာအရှည် သံချောင်း ၁၃၅ ချောင်းရှိတယ်လို့ ရပါတယ်။

၁ တန်မှာ ကီလိုဂရမ် ၁၀၀၀ ရှိပါတယ်။

Special Credit to Ko Htin Kyaw

===========================

ကျွန်တော်တို့ ပြောပြောနေတဲ့ #5( #16) တို့ #6( #19) တို့ ဆိုတာတွေက အားဖြည့်သံချောင်းရဲ့ Nominal Diameter သတ်မှတ် အချင်းတွေ ဖြစ်ပါတယ်။

အားဖြည့် သံချောင်းမှာပါတဲ့ Longitudinal Rib အလျားလိုက် ဖောင်းလိုင်း နှင့် Lateral Rib ကန့်လန့်ဖောင်းလိုင်းတွေပါတဲ့ Cross-Section Area အရ ရှိတဲ့ စက်ဝိုင်းရဲ့ Diameter ဖြစ်ပါတယ်။

ဖောင်းလိုင်းမှာရှိတဲ့ Outer Diameter က Nominal Diameter ထက်ကြီးပြီး ဖောင်းလိုင်း အတွင်းမှာရှိတဲ့ Inner Diameter က Nominal Diameter ထက် သေးပါတယ်။

သံချောင်းတွေ ထုတ်လုပ်တဲ့ ကုမ္မဏီတွေက Bar Size နှင့် Approximate Diameter Outside Deformation ဆိုပြီး သတ်မှတ်ထားတာတွေ ရှိပါတယ်။

ဥပမာ #5( #16) Bar ဆိုရင် ဖောင်းလိုင်းကို တိုင်းပါက 11/16 in. (18mm) ရှိပါတယ်။

Special Credit to U Kyithar Myint.

Hnin Hnin Ou.

Address

No. 68, Thamadeikhti Street, Kyauk Myaung Ward, Tamwe Township
Yangon
11211

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 12:00

Telephone

01549162

Website

Alerts

Be the first to know and let us send you an email when John Engineering & Construction Co.,ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share