17/07/2026
Grille လား Diffuser လား
~~~~~~~~~~~~~~~~~~
အဆောက်အအုံ အကြီးတွေ အတွက် Air Con
တပ်ဆင်တဲ့အခါ Duct Type ကို
တော်တော်လေး အသုံးများကြပါတယ်။
(Duct Type ဆိုတာကတော့ Air Con indoor
ကထွက်တဲ့လေအေးတွေကို ပိုက်လိုင်းတွေနဲ့
အခန်း အသီးသီး ကိုလေအေးပို့ဆောင်ပေးတဲ့
စနစ်အမျိုးအစားပါ)
Air Con လေပိုက်လိုင်း (Duct Line) တွေကို မျက်နှာကြက် အပေါ် မှာ ထားလေ့ရှိပါတယ်။
မျက်နှာကြက် မရှိတဲ့အဆောက်အဦး တွေမှာတော့ အခန်းအပေါ်ပိုင်းတွေမှာ တပ်ဆင်လေ့ ရှိပါတယ်။
Duct လိုင်းတွေရဲ့အဆုံးမှာ လေထွက်ပေါက်
တွေရှိပါတယ်။
လေထွက်ပေါက်တွေကို Grille လို့ မြန်မာနိုင်ငံက
Air Con ဆရာတွေက ခေါ်ကြပါတယ်။
ပြည်ပနိုင်ငံတွေမှာကတော့
တချို့လေထွက်ပေါက် တွေကို Grille လို့ခေါ်ပြီး
တချို့ကိုတော့ Diffuser လို့ခေါ်ပါတယ်။
Grille
~~~~
Duct လိုင်းထဲမှာ စီးဆင်းတဲ့လေဟာ
လေထွက်ပေါက်ကို ဖြတ်သန်းတဲ့အခါမှာလမ်းကြောင်း(direction) မပြောင်းဖူးဆိုရင်
Grille လို့ခေါ်ပါတယ်။
Diffuser
~~~~~~~
Duct လိုင်းထဲမှာ စီးဆင်းတဲ့လေဟာ
လေထွက်ပေါက်ကို ဖြတ်သန်းပြီးတဲ့အခါ
ဦးတည်ဖက်(Direction) ပြောင်းသွားရင်
Diffuser လို့ခေါ်ပါမယ်။