Yangon Medical Investment Co., Ltd

Yangon Medical Investment Co., Ltd Yangon Medical Investment Co., Ltd.

Potent HP Series 160 Watts Holmium Laser: ခွဲစိတ်မှုလောကကို ပြောင်းလဲပေးမည့် အစွမ်းထက် လေဆာနည်းပညာ‎Potent Medical ၏ HP S...
05/06/2026

Potent HP Series 160 Watts Holmium Laser: ခွဲစိတ်မှုလောကကို ပြောင်းလဲပေးမည့် အစွမ်းထက် လေဆာနည်းပညာ
‎Potent Medical ၏ HP Series 160W Holmium Laser ဖြင့် ခွဲစိတ်ကုသမှုအဆင့်အတန်းသစ်ကို စတင်လိုက်ပါ။ ဤစက်သည် ကမ္ဘာပေါ်တွင် ပါဝါအမြင့်ဆုံး Holmium Laser စနစ်ဖြစ်ပြီး၊ ဆီးလမ်းကြောင်းဆိုင်ရာ (Urology) ခွဲစိတ်မှုများအတွက် အကောင်းဆုံး၊ ထက်မြက်သော ဖြေရှင်းချက်ကို ပေးပါသည်။
‎✨ အဘယ်ကြောင့် Potent HP 160W ကို ရွေးချယ်သင့်သနည်း။
‎⚡ ကမ္ဘာ့အမြင့်ဆုံး ပါဝါ (World's Highest Power):
‎160 Watts အထိရှိသော စွမ်းအားဖြင့် ကျောက်ကပ်ကျောက်များ၊ ဆီးပြွန်ကျောက်များနှင့် BPH (ဆီးကျိတ်ကြီးခြင်း) ကဲ့သို့သော ခက်ခဲသည့်ရောဂါများကို အထိရောက်ဆုံးနှင့် အမြန်ဆုံး ကုသနိုင်ပါသည်။
‎🚀 Cannon Double Pulse နည်းပညာ:
‎ထူးခြားသည့် Double Pulse Technology သည် ကျောက်ခဲများကို လျင်မြန်စွာ အမှုန့်ဖြစ်အောင် ချေဖျက်ခြင်း (Dusting) နှင့် ခွဲစိတ်ဖြတ်တောက်ခြင်း (Cutting) တို့ကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်စေပါသည်။
‎ကျောက်ခဲများ နောက်ပြန်တွန်းထွက်ခြင်း (Retropulsion) ကို လျှော့ချပေးသဖြင့် ခွဲစိတ်ဆရာဝန်များအတွက် ပိုမိုထိန်းချုပ်ရလွယ်ကူစေပြီး ကုသချိန်ကိုလည်း သိသိသာသာ လျှော့ချပေးသည်။
‎🎯 အစွမ်းထက်ပြီး ဘက်စုံသုံးနိုင်ခြင်း (Versatility):
‎Holmium Laser Enucleation of the Prostate (HoLEP)၊ Lithotripsy၊ အကျိတ်ထုတ်ခြင်း (Tumor Resection) စသည့် ခွဲစိတ်မှုမျိုးစုံအတွက် စုံလင်သော စွမ်းဆောင်ရည်ကို ပေးစွမ်းသည်။
‎အများဆုံး Frequency 120Hz နှင့် Energy 8.0J အထိ ချိန်ညှိနိုင်သဖြင့် ဆရာဝန်၏ လိုအပ်ချက်နှင့် လူနာ၏ အခြေအနေအလိုက် အကောင်းဆုံး ရွေးချယ်မှုများ ပြုလုပ်နိုင်ပါသည်။
‎သင့်ခွဲစိတ်ခန်းအတွက် အသင့်တော်ဆုံး ရင်းနှီးမြှုပ်နှံမှု
‎Potent HP Series 160W သည် ပါဝါ၊ တိကျမှုနှင့် ထိရောက်မှုကို ပေါင်းစပ်ပေးထားပြီး ခွဲစိတ်ကုသမှုရလဒ်များကို အမြင့်ဆုံးမြှင့်တင်ပေးမည့် ခေတ်မီဆန်းသစ်သော လေဆာစနစ်တစ်ခုဖြစ်သည့်အတွက် ယနေ့ပဲ Potent HP 160W Holmium Laser ၏ အစွမ်းထက် စွမ်းဆောင်ရည်ကို ကိုယ်တိုင်တွေ့ကြုံခံစားလိုက်ပါ။

‎Potent HP Series 160W Holmium Laser အကြောင်း အသေးစိတ်သိရှိလိုပါက hotline number 09764588866 သို့ တိုက်ရိုက်ဆက်သွယ်၍‌ သော်လည်းကောင်း Viber မှ တစ်ဆင့်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ်။

ကျွန်တော်တို့ Yangon Medical Investment Co., Ltd မှ အရည်အသွေး Quality ပိုင်းဆိုင်ရာမှာ အထူးယုံကြည်စိတ်ချရသော GI Endoscop...
24/05/2026

ကျွန်တော်တို့ Yangon Medical Investment Co., Ltd မှ အရည်အသွေး Quality ပိုင်းဆိုင်ရာမှာ အထူးယုံကြည်စိတ်ချရသော GI Endoscopy Imaging System စက်ကိရိယာ များကို အထူးဦးစားပေး တင်သွင်းဖြန့်ဖြူးရောင်းချပေးလျှက်ရှိပါတယ်
‎ယခုတစ်ပတ်မှာတော့ လူကြီးမင်းတို့ရဲ့ Specialist Hospital တွေနဲ့ Medical Center တွေအတွက် အဓိက မရှိမဖြစ်လိုအပ်မယ့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါရှာဖွေကုသရေးအတွက် Brand New Full HD GI Endoscopy Imaging System စက်ပစ်စည်းကိရိယာတွေနဲ့ မိတ်ဆက်ပေးပါရစေ
‎✔️ အစာမျိုပြွန်လမ်း‌ကြောင်းမှစတင်ပြီး အစာအိမ် နှင့်အူလမ်းကြောင်း အတွင်းရှိ ရောဂါများကို ရှာဖွေကုသမှုပုံရိပ်ဖော်နည်းပညာပိုင်းမှာဆိုရင် Full HD Image resolution quality အပြည့်အဝကိုရရှိစေနိုင်မယ့် Image Video Processor နဲ့ သက်တမ်း နာရီပေါင်း တစ်သောင်း အထက်အသုံးပြုနိုင်မယ့် စွမ်းအားမြင့် LED Light source အမျိုးအစားကိုအသုံးပြုကာ ပေါင်းစပ်တီထွင်ထုတ်လုပ်ထားတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း အတွင်းပိုင်းအထိရှင်းလင်းပြီး ကြည်လင်ပြတ်သားတဲ့ပုံရိပ်များကြောင့် ခန္နာကိုယ်တွင်းဆိုင်‌ရာရောဂါများကို ရှာဖွေကုသရေးအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်

‎✔️ Endoscopy model အမျိုးအစားအလိုက် Multi -Mode chromoendoscopy တွေဖြစ်တဲ့ WL (White Light) အပြင် SFI (Spectral Focused Imaging) နှင့် VIST(Versatile Intelligence Spectrum Technology) အစရှိတဲ့ အဓိက color change function mode တွေပါဝင်လို့ သာမန် Routine Diagnosis မှစတင်ပြီး Early cancer detection and characterization အထိများစွာ အထောက်အကူဖြစ်စေပါတယ်
‎✔️Upper gastroscope & Lower Colonoscope Model အလိုက် တူညီတဲ့ အဓိက unique features တွေကတော့ ကိုင်တွယ်အသုံးပြုရလွယ်ကူစေမယ့် light weight handle, water jet function နဲ့ ပိုမိုပျော့ပျောင်း ချောမွေ့မှုရှိတဲ့ gradual stiffness endoscope working length ရှိခြင်း
‎✔️OneTouch & Waterproof အမျိုးအစားဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်

‎✔️Image Processor Unit ပိုင်းမှာဆိုရင်လဲ Model အလိုက်တူညီတဲ့ OS အပြင် Build in internal storage Patient data management >10,000 အထိ သိမ်းဆည်းထားနိုင်သလို Capture image နဲ့ Video recording တွေကို examination အစအဆုံး မှတ်တမ်းတင်နိုင်ပါတယ်
‎ Standard Build in diagnosis reporting system လည်းပါဝင်လို့ diagnosis report များကို external media capture software ဖြင့်အသုံးပြုရသော laptop သို့မဟုတ် desktop မလိုအပ်ပဲ Recommended PC Color printer ကိုအသုံးပြုကာ တိုက်ရိုက်ချိတ်ဆက်ပြီး ကြည်လင်ပြတ်သားတဲ့ Gastroscopy & Colonoscopy report များရရှိနိုင်ပါတယ်
‎✔️ Adult Upper Gastroscope, Lower Colonoscope အပြင် ခေတ်မှီနောက်ဆုံးပေါ် ရောဂါရှာဖွေကုသရေး Endoscope တွေဖြစ်တဲ့ EUS, EBUS, ERCP, ZOOM စတဲ့ Advance Endoscope များစွာကိုလည်း ရွေးချယ်နိုင်ပါတယ်
‎Yangon Medical Investment Co., Ltd မှ တင်သွင်းဖြန့်ဖြူးရောင်းချပေးတဲ့ Endoscopy Imaging System ရဲ့ အဓိကအားသာချက်တွေ ကတော့
‎✔️ အရည်အ‌သွေးစိတ်ချရပြီး အကြမ်းခံကျစ်လစ်ခိုင်ခန့်မှုရှိခြင်း
‎✔️ After Sale Service အပြည့်ရှိခြင်း
‎✔️ ကျွမ်းကျင် Service Engineer များမှ Customer စိတ်တိုင်းကျ စက်ကိရိယာများကိုတပ်ဆင်ပေးခြင်းအပြင်
‎✔️ အသုံးပြုသူ Users တွေအတွက်လည်း နည်းစနစ်တကျ အသုံးပြုပုံတွေကို လမ်းညွှန် သင်ကြားပြသပေးနိုင်ခြင်း
‎Product Warranty ပိုင်းအနေနဲ့လည်း 1 year full warranty ပေးထားပြီး After Sale Service အနေနဲ့လည်း 24/7 အပြည့်အဝ ဝန်ဆောင်မှု ပေးနိုင်တဲ့အတွက် လူကြီးမင်းတို့၏ အထူးကုဆေးရုံကြီးများနှင့် GI Specialist Medical Center တွေ အတွက် အသင့်တော်ဆုံး ရင်းနှီးမြှပ်နှံမှုတစ်ခုဖြစ်စေမှာပါ
‎Endoscopy Imaging System တွေကို စိတ်ဝင်စား ၍ဖြစ်‌စေ ဝယ်ယူလို၍ဖြစ်စေ အသေးစိတ် သိရှိလိုပါက-
‎📞 Hotline: 09-764588866 သို့ အချိန်မဆွဲပဲ အမြန်ဆုံးတိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း သတင်းကောင်းပါးပါရစေ
https://www.yangon-medical.com
‎🏡 Office Address; No.166A, First Thiri Avenue, Lower Kyeemyindaing Road, Ahlone Township, Yangon.
‎ # Yangon
‎ # SONOSCAPE
‎ # 4LED
‎ # EWL
‎ # VIST
‎ # EUS
‎ # EBUS
‎ # ERCP
‎ # ZOOM

29/03/2026

ယခုတစ်ပတ်အတွက် ကျနော်တို့ Yangon Medical Investment Co., Ltd မှ အသစ်ထပ်မံ တင်သွင်းရောင်းချထားပြီး လက်ရှိသုံးစွဲသူ Customer များရဲ့ ပုံရိပ်အ‌ရည်အသွေး ထူးခြား ကောင်းမွန်မှုအပေါ်ယုံကြည် စိတ်ချရမှုကို အပြည့်အဝလက်ခံရရှိ ထားတဲ့ ဓါတ်မှန်ဆိုင်ရာ ရောဂါရှာဖွေရေး အထောက်အကူပြု X-ray & Digital DR system တွေနဲ့ မိတ်ဆက်ပေး ပါရစေ
✔️ ဓါတ်မှန်နှင့်‌ေရာဂါရှာ‌ေဖွ‌ေရးဝန်‌‌ေဆာင်မှု များကို‌အသစ်စတင်‌ေဆာင်ရွက်ချင်တဲ့ ဆေးရုံ/ဆေးခန်းများနဲ့ ရောဂါရှာဖွေရေးစင်တာများ အတွက် 500/630mA Fixed type (DR) System ဆိုပြီး မိမိအသုံးပြုချင်တဲ့ အခန်းအရွယ်အစားနဲ့ Budget အပေါ်မူ တည်ပြီး ထပ်မံရွေးချယ်စရာတွေ လည်းရှိ ပါတယ်
✔️500mA/630mA Fixed type DR System ရဲ့ Standard Configuration အနေနဲ့ကတော့
1/ Floor Mounted 500/630mA X-ray Unit
2/ Wireless Flat Panel Detector
3/ Laptop / Desktop Workstation
4/ Dry Film Thermal Printer
5/ Standard Radiography Software package
တို့ပါဝင်မှာဖြစ်ပါတယ်
✔️ Conventional X-ray System ရှိပြီး DR System သို့ပြောင်းလဲအသုံးပြုချင်တဲ့ Customer များအတွက်လည်း နည်းပညာမြင့် DR System ကိုတပ်ဆင်ချိတ်ဆက်ပြောင်းလဲ အသုံးပြုနိုင်ကြောင်း ထပ်မံသတင်းကောင်း ပါးပါရစေ
✔️ Standard DR System Configuration အနေနဲ့ကတော့
1/ Wireless Flat Panel Detector
2/ Laptop/Desktop Workstation
3/ Dry Film Thermal Printer
4/ Standard Radiography Software package
တွေပါဝင်ပါတယ်
Warranty ပိုင်းအနေနဲ့လည်း 1 year full warranty ပေးထားပြီး After Sale Service အနေနဲ့လည်း 24/7 အပြည့်အဝ ဝန်ဆောင်မှု ပေးနိုင်တဲ့အတွက် လူကြီးမင်းတို့၏ အထူးကုဆေး‌ရံု‌ေတွရဲ့ ရောဂါရှာဖွေ ကုသမှု တွေ အတွက် အသင့်တော်ဆုံး ရင်းနှီးမြှပ်နှံမှု တစ်ခုဖြစ်စေမှာပါ
Portable or Fixed type X-ray DR System နဲ့ပတ်သက်လို့ Product တွေကို စိတ်ဝင်စား၍ဖြစ်‌ေစ ဝယ်ယူလို၍ဖြစ်စေ အသေးစိတ် သိရှိလိုပါက-
📞 Hotline/Viber: 09-764588866 သို့ အချိန်မဆွဲပဲ အမြန်ဆုံးဆက်သွယ်နိုင်ကြောင်း သတင်းကောင်းပါးပါရစေ
https://www.yangon-medical.com
🏡 Office Address;No. 166A, Lower Kyeemyindaing Road, First Thiri Avenue ,Ahlone Township,Yangon
# Yangon
# Medical
# Portab X-ray
# Fixed type 400maX-ray
# Fixed type 500/630mA X-ray
# Wireless Flat Panel Detector
# Dry Film Thermal Printer
# Standard Radiography Software

‎Wireless Ultrasound Scanner ‎‎Wireless Ultrasound Scanner ဆိုတာသီးသန့် Display တွေ၊ Main Processor Unit တွေ မပါဝင်ပဲ An...
16/03/2026

‎Wireless Ultrasound Scanner

‎Wireless Ultrasound Scanner ဆိုတာသီးသန့် Display တွေ၊ Main Processor Unit တွေ မပါဝင်ပဲ Android သို့မဟုတ် iOS Smart Mobile Phone, Table တွေအပြင် Window Laptop တွေမှာပါ သက်ဆိုင်ရာ Software platform ကိုအသုံးချပြီး wireless ချိတ်ဆက်မှုနည်းပညာဖြင့် လွယ်ကူလျင်မြန်စွာ ချိတ်ဆက်ပြီး ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေရေးနှင့် ကုသရေးတွင် အသုံးပြုသော ခေတ်မီ ဘက်စုံသုံး Ultrasound Scanner စက်ဖြစ်ပါတယ်

‎Wireless Ultrasound Transducer ၏ အဓိက အားသာချက်များမှာ

‎1. ပုံရိပ်အရည်အသွေး :
‎ တိကျ မြင့်မားသော resolution နှင့် ပုံရိပ်ထင်ရှားမှုကို ပေးစွမ်းနိုင်သည်။ ဆရာဝန်များအနေဖြင့် ရောဂါလက္ခဏာများကို ပိုမိုတိကျစွာ ရှာဖွေနိုင်စေရန် ကူညီပေးနိုင်ခြင်း

‎2. အသုံးပြုရလွယ်ကူမှု:
‎Dual End Convex & Linear transducer ဖြစ်ပြီး one button switch ဖြင့် တစ်ဖက်မှ တစ်ဖက်သို့ လွယ်ကူလျှင်မြန်စွာ ပြောင်းလဲရွေးချယ်အသုံးပြုနိုင်ခြင်း user-friendly software interface နှင့် ကျစ်လစ်ပေါ့ပါးသော Premium Design ကိုပေါင်းစပ်ပြုလုပ်ထားသောကြောင့် Radiology နှင့် Emergency Department တွင် အဓိကဝန်‌ဆောင်မှုပေးနေသော ဆရာဝန်များနှင့် နည်းပညာရှင်များအတွက် အသုံးပြုရန် လွယ်ကူသည်။

‎3.အဆင့်မြင့်နည်းပညာများ:
‎Wireless Ultrasound Scanner အမျိုးအစားတွင် အဆင့်မြင့် နည်းပညာများဖြင့်ပေါင်းစပ်တည်ဆောက်ထားတဲ့အတွက် Radiology Clinical Solutions တွေဖြစ်တဲ့ Abdomen, Cardiac, Urology, Superficial, MSK, Thiroid , Carotids, Upper/Lower extremity စသည့် လက်တွေ့အသုံးချ Ultrasound Clinical applications များစွာပါဝင်ပါတယ်

4.Build in Battery ပါဝင်ပြီး ပြန်လည်အားသွင်းနိုင်ရန် wireless charging စနစ်ကြောင့် မြန်မြန်ဆန်ဆန်အားပြန်လည်ဖြည့်သွင်းအသုံးပြုနိုင်ပါတယ်

‎စျေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သော Wireless Ultrasound Scanner စက်အမျိုးအစားဖြစ်လို့ Laptop/Tablet, ipad မည်သည့်အမျိုးအစားနှင့်မဆို ကောင်းစွာ ချိတ်ဆက်အသုံးပြုနိုင်လို့ဆေးခန်းများနှင့် Mobile Medical Service ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများတွင် အသုံးပြုရန် သင့်တော်သည်။

‎Yangon Medical Investment Co., Ltd မှ တင်သွင်းဖြန့်ဖြူးရောင်းချပေးတဲ့ Wireless Ultrasound Scanner ရဲ့ အဓိကအားသာချက်တွေ ကတော့
‎✔️ အရည်အ‌သွေးစိတ်ချရပြီး နည်းပညာပိုင်းဆိုင်ရာ အာမခံချက်ရှိခြင်း
‎✔️ After Sale Service အပြည့်ရှိခြင်း
‎✔️ တပ်ဆင်အသုံးပြုရန် လွယ်ကူခြင်း
‎✔️ ကျွမ်းကျင် Service Engineer များမှ Customer စိတ်တိုင်းကျ စက်ကိရိယာများကိုတပ်ဆင်ပေးခြင်းအပြင်
‎✔️ အသုံးပြုသူ Users တွေအတွက်လည်း နည်းစနစ်တကျ အသုံးပြုပုံတွေကို လမ်းညွှန် သင်ကြားပြသပေးနိုင်ခြင်း

‎Warranty ပိုင်းအနေနဲ့လည်း 1 year full warranty ပေးထားပြီး After Sale Service အနေနဲ့လည်း 24/7 အပြည့်အဝ ဝန်ဆောင်မှု ပေးနိုင်တဲ့အတွက် လူကြီးမင်းတို့၏ Radiology Department တွေ အတွက် အသင့်တော်ဆုံး ရင်းနှီးမြှပ်နှံမှုတစ်ခုဖြစ်စေမှာပါ

‎Digital wireless Ultrasound Scanner များကို စိတ်ဝင်စား ၍ဖြစ်‌စေ ဝယ်ယူလို၍ဖြစ်စေ အသေးစိတ် သိရှိလိုပါက အောက်ဖော်ပြပါ
‎📞 Hotline: 09-764588866 သို့ အချိန်မဆွဲပဲ အမြန်ဆုံးဆက်သွယ်နိုင်ကြောင်း သတင်းကောင်းပါးပါရစေ
‎💻https://www.yangon-medical.com
‎🏡 Office Address; No.166A, First Thiri Avenue, Lower Kyeemyindaing Road, Ahlone Township, Yangon.

‎ # Yangon
‎ # Wireless
‎ # Ultrasound
‎ # Scanner
‎ # Abdomen
‎ # Thiroid

✨ သင့်ရဲ့ အလှအပရေးရာ ကုသမှုတွေကို ပိုမိုတိကျပြီး စိတ်ချရစေဖို့ Wireless Probe Type Ultrasound Scanner ✨‎အလှအပရေးရာ ဆေးပည...
11/03/2026

✨ သင့်ရဲ့ အလှအပရေးရာ ကုသမှုတွေကို ပိုမိုတိကျပြီး စိတ်ချရစေဖို့ Wireless Probe Type Ultrasound Scanner ✨
‎အလှအပရေးရာ ဆေးပညာလောကမှာ ခေတ်မီတဲ့ နည်းပညာတွေနဲ့ အတူယှဉ်တွဲပြီး လူနာတွေရဲ့ ယုံကြည်မှုကို ရယူလိုက်ပါ။
‎ယခုမိတ်ဆက်ပေးမယ့် Wireless Ultrasound Scanner ဟာ လူကြီးမင်းတို့ရဲ့ Aesthetic Center အတွက် မရှိမဖြစ် လိုအပ်တဲ့ လက်စွဲတော်ကိရိယာတစ်ခု ဖြစ်လာမှာပါ။
‎💎 ဘာကြောင့် ဒီ Wireless Ultrasound ကို အသုံးပြုသင့်တာလဲ?
‎*အဆင့်မြင့် နည်းပညာ (High Resolution): 16/20MHz အထိ မြင့်မားတဲ့ Frequency နဲ့ Elements 192 အထိ ပါဝင်တာကြောင့် အရေပြားအောက်လွှာရဲ့ ပုံရိပ်တွေကို အကြည်လင်ဆုံး မြင်တွေ့ရစေပါတယ်။
‎*တိကျတဲ့ ကုသမှု (Aesthetics & Puncture Assist): Filler ထိုးခြင်း၊ သိုင်းရွိုက် (Thyroid) စစ်ဆေးခြင်းနဲ့ သွေးကြောရှာဖွေခြင်း *(VesselFlow) တွေမှာ Puncture Guide Line ပါဝင်တာကြောင့် ဘေးထွက်ဆိုးကျိုးမရှိဘဲ တိကျစွာ လုပ်ဆောင်နိုင်ပါတယ်။
‎*ကြိုးမဲ့စနစ် (Wireless Convenience): WiFi စနစ်နဲ့ အသုံးပြုရတာကြောင့် ရှုပ်ထွေးတဲ့ ကြိုးတွေ မလိုအပ်ဘဲ သင့်ရဲ့ Phone သို့မဟုတ် iPad နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
‎*ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူခြင်း: အလေးချိန် ၂၀၀ ဂရမ်သာ ရှိပြီး လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ် ကိုင်တွယ်နိုင်လို့ ခွဲစိတ်ခန်း ဒါမှမဟုတ် လူနာကုတင်ပေါ်မှာ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။

‎နည်းပညာဆိုင်ရာ ထူးခြားချက်များမှာ
‎*Scanning Mode : Electronic Array (အဆင့်မြင့် ပုံရိပ်ဖမ်းစနစ်)
‎*Frequency : 16/20 MHz (အသေးစိတ် အချက်အလက်များအတွက်)
‎*Depth :10-40mm (အရေပြားအောက်လွှာအတွက် အကောင်းဆုံး)
‎*Display Mode :B, B/M, Color, PDI, PW
‎*Battery ၂ နာရီဆက်တိုက် အသုံးပြုနိုင် (Wireless Charging စနစ်ပါဝင်)
‎*Working System :iOS, Android, Windows

‎💡အလှအပရေးရာ ကုသမှုများအတွက် အကျိုးကျေးဇူးများ
‎Filler & Botox: ဆေးထိုးမည့်နေရာရှိ သွေးကြောများနှင့် တစ်ရှူးများကို ကြိုတင်ကြည့်ရှုနိုင်ခြင်း။
‎Skin Tightening: အရေပြားအထူအပါးနှင့် အလွှာလိုက် အခြေအနေများကို စစ်ဆေးနိုင်ခြင်း။
‎Safety First: မတော်တဆ သွေးကြောထဲ ဆေးဝင်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး လူနာအတွက် စိတ်အချရဆုံး ဝန်ဆောင်မှုပေးနိုင်ခြင်း။
‎✅ အိတ်ကပ်ထဲ ထည့်သွားလို့ရတဲ့ "Magic Medical Device" တစ်ခုကို ပိုင်ဆိုင်ပြီး သင့်စင်တာရဲ့ အရည်အသွေးကို မြှင့်တင်လိုက်ပါ။

‎Yangon Medical Investment Company မှ ဝယ်ယူသူများအတွက်:
‎✅ (၁) နှစ် Spare Parts & Service အာမခံ (Warranty) ပေးခြင်း
‎✅ ကျွမ်းကျင်အင်ဂျင်နီယာများကိုယ်တိုင် Installation ပြုလုပ်ပေးခြင်း
‎✅ စက်အသုံးပြုနည်း အသေးစိတ်သင်တန်းပေးခြင်း
‎✅ After-sales service အပြည့်အဝပေးခြင်း
‎📞 အသေးစိတ် ဆက်သွယ်စုံစမ်းရန်:
‎ဖုန်း: +959764588866
‎Viber: +959764588866
‎လိပ်စာ: No.166A, First Thiri Avenue, Lower Kyeemyindaing Road, Ahlone Township, Yangon.

ဆေးပညာလောကရဲ့ မရှိမဖြစ်လိုအပ်ချက်ဖြစ်  တဲ့ Handheld Mobile X-ray စက်‎‎ဆေးရုံနဲ့ ဆေးခန်းတွေအတွက် ခေတ်မီပြီး အစွမ်းထက်တဲ့ ...
01/02/2026

ဆေးပညာလောကရဲ့ မရှိမဖြစ်လိုအပ်ချက်ဖြစ် တဲ့ Handheld Mobile X-ray စက်

‎ဆေးရုံနဲ့ ဆေးခန်းတွေအတွက် ခေတ်မီပြီး အစွမ်းထက်တဲ့ Handheld Mobile X-ray စက်ကို ရှာဖွေနေပါသလား?
‎လူနာရဲ့ လိုအပ်ချက်ကို အချိန်နဲ့တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ဖို့အတွက် NICE IMAGE Brand တစ်ခုဖြစ်တဲ့ Handheld Mobile High Frequency X-ray စက်ကို အထူးမိတ်ဆက်ပေးပါရစေ။

‎ရွေ့လျားလွယ်ကူခြင်းရဲ့ အစွမ်း
‎KPA800 ဟာ နေရာမရွေး၊ အချိန်မရွေး အသုံးပြုနိုင်ဖို့အတွက် အထူးထုတ်လုပ်ထားတာပါ။ လူနာရှိတဲ့နေရာကို အလွယ်တကူရွှေ့ပြီး X-ray ရိုက်ကူးနိုင်တာကြောင့် လူနာကို မလိုအပ်ဘဲ ရွှေ့ပြောင်းစရာမလိုတော့ပါဘူး။ အရေးပေါ်လူနာဆောင်တွေ၊ ခွဲစိတ်ခန်းတွေနဲ့ အခြားလိုအပ်တဲ့နေရာတိုင်းမှာ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် အသုံးပြုနိုင်ပါတယ်။

‎တိကျပြတ်သားတဲ့ ပုံရိပ်အရည်အသွေး
‎High Frequency နည်းပညာ ကို အသုံးပြုထားတဲ့အတွက် ပုံရိပ်တွေဟာ အလွန်ရှင်းလင်းပြတ်သားပြီး အသေးစိတ်ကျပါတယ်။ ရောဂါရှာဖွေရာမှာ အရေးပါတဲ့ အသေးစိတ်အချက်အလက်တွေကို တိကျစွာ မြင်တွေ့နိုင်တဲ့အတွက် ဆရာဝန်တွေအနေနဲ့ ယုံကြည်စိတ်ချစွာ ရောဂါအဖြေရှာနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ရောင်ခြည်ထုတ်လွှတ်မှုနှုန်းလည်း နည်းပါးတဲ့အတွက် လူနာအတွက် ဘေးကင်းလုံခြုံမှု ပိုမိုရှိစေပါတယ်။

‎အသုံးပြုရလွယ်ကူမှုနဲ့ ခေတ်မီဒီဇိုင်း
‎User friendly ဖြစိစေမယ့် ထိတွေ့မျက်နှာပြင် (touch screen) စနစ်နဲ့ လွယ်ကူတဲ့ ထိန်းချုပ်မှုတွေကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် အသုံးပြုရတာ အင်မတန်လွယ်ကူပါတယ်။ ခိုင်ခံ့ပြီး အရည်အသွေးမြင့်မားတဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားတာကြောင့် ရေရှည်အသုံးပြုနိုင်ပြီး ထိန်းသိမ်းရတာလည်း လွယ်ကူပါတယ်။

‎NICE IMAGE KPA800 မိုဘိုင်း High Frequency X-ray စက်ဟာ သင့်ဆေးရုံ၊ ဆေးခန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ့် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။
‎ #ခေတ်မီနည်းပညာ
‎ #အချိန်ကုန်သက်သာစေခြင်း
‎ #ဘေးကင်းစိတ်ချရမှု
‎ #အသုံးပြုရလွယ်ကူမှု

Address

No. 166A, Lower Kyeemyindaing Road, First Thiri Avenue ,Ahlone Township,Yangon
Yangon
111181

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 12:30

Telephone

+959764588866

Alerts

Be the first to know and let us send you an email when Yangon Medical Investment Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yangon Medical Investment Co., Ltd:

Share