09/08/2025
မေး ။ ။ Dry Riser Hydraulic Calculation ကို FHC နဲ့ဆိုဘယ်လိုတွက်ချက်ရမလဲ။
ဖြေ ။ ။ Dry Riser အတွက် Hydraulic Calculation ကို FHC သုံးပြီးတွက်ဖို့တော့မလိုအပ်ပါဘူး။ Simple Hydraulic Calculation တွက်ထုတ်ပေးရင်လုံလောက်ပါတယ်။ FHC ပဲသုံးသုံး Simple Calculation ပဲတွက်တွက် Designer တစ်ယောက် အနေနဲ့ ပထမဆုံးနားလည်ထားသင့်တာက Code တွေ Standard တွေအပြင်လက်တွေ့ မှာ မီးဘယ်လိုသတ်ကြသလဲဆိုတာနဲ့ Fire Fighting Jets တွေကိုဘယ်လိုအသုံးပြု ကြသလဲဆိုတာမျိုးအပြင် Jets တွေရဲ့ Specifications တွေနဲ့ Performance တွေအကြောင်းဖြစ်ပါတယ်။
Jets တွေကိုအမျိုးအစားခွဲရင် Handheld Jets တွေနဲ့ Monitors တွေရယ်လို့ အကြမ်းအားဖြင့်ခွဲခြားနိုင်ပါတယ်။ Handheld Jets တွေက 750 l/min လောက်အထိအများဆုံး Water Demand ရှိတတ်ပြီး Pressure အနဲဆုံး 3.5 bar လောက်လိုအပ်ပါတယ်။ Monitor Jets တွေကတော့ 750 l/min ကနေ 2400 l/min လောက်ထိလိုအပ်ပြီး Pressure အနဲဆုံး 5.5 bar လောက်ထိလိုအပ်ပါတယ်။ Handheld Jets တွေကို Throw Range 35 မီတာလောက် အထိသုံးလေ့ရှိိကြပြီး Monitor Jets တွေကိုတော့ Long Throw Range 50 မီတာ အထက်သုံးဖို့ရည်ရွယ်ကြပါတယ်။
Jets တွေရဲ့ Pattern နဲ့ဆိုရင် Solid Jet (Straight Stream) Spray Jet (Fog or Mist Stream), Combined Jet (Combination of Solid and Mist Stream), Water Curtain or Protective Jet, Foam Jets တွေရယ်လို့ အသုံးပြုပုံအလိုက်ခွဲကြပါတယ်။ ဘယ်လိုပဲ Jet Pattern ကိုပဲသုံးသုံး (Long Throw Range အတွက်) ကလွဲရင် Water Demand 750 l/min ထက်ပိုမလိုဘူးလို့ ဖတ်မိမှတ်မိတဲ့ Spec တွေအရသိရပါတယ်။ ဒါကြောင့်လဲ BS 9990 မှာ 750 l/min ပဲတောင်းထားတာကိုတွေ့ရမှာပါ။ BS 9990 မှာ 750 l/min နဲ့ Lading Valve 2 ခုစာ 1500 l/min ဒီလိုတောင်းပေသည့်တိုင်အောင် စင်ကာပူ Standard SS 575 မှာတော့ Landing Valve 3 ခုစာ (760 l/min x 3 = 2280 l/min သို့ 38 l/sec) လို့သတ်မှတ်ပါတယ်။
Dry Riser တွေကို BS Standard က အဆောက်အဦးအမြင့် မီတာ 50 အထိသတ်မှတ်ခွင့်ပြုထားပြီး စင်ကာပူကုဒ်အရတော့ မီတာ 60 အထိခွင့်ပြုထားပါတယ်။ NFPA 1901 အရ 3000 gpm (12,000 l/min) ထက် Flow Rate (capacity) မများတဲ့ Fire Engine Pump တွေဟာ 150 psi (10 bar) မှာ 100% rated capacity ရှိရမှာဖြစ်ပြီး၊ 200 psi (14 bar) မှာ 70% rated capacity ရှိရမှာဖြစ်ပါတယ်၊ 250 psi (17 bar) မှာဆိုရင် 50% rated capacity ရှိရမှာဖြစ်ပါတယ်၊ အဓိပ္ပါယ်က 17 bar လောက်အထိ ကောင်းကောင်းအလုပ်လုပ်နိုင်ပါသေးတယ်၊ သို့ပါသော်လည်း Code တွေ Standard တွေက လက်တွေ့ မှာတွေ့ကြုံရနိုင်တဲ့ အခြေအနေအရပ်ရပ် ကိုပါထည့်သွင်းစဥ်းစားထားတာကြောင့် BS Standard မှာ Dry Riser ရဲ့ Operating Pressure ကို 12 bar လို့သတ်မှတ်ပါတယ်။ SS 575 မှာတော့ Dry Riser ရဲ့ Design Pressure ကိုအတိအကျသတ်မှတ်တာမျိုးမတွေ့ရပေသည့်တိုင် SSCP52 ကနေယူသုံးရင် 10 bar လို့ယူဆသော်သင့်ပါတယ်။ SS 575 2.3.1.2 (c) မှာတော့ BI ကနေ Most Remote LV အထိ losses တွေအပါအဝင် Total Pressure 6 bar လို့သတ်မှတ်ပါတယ်။ 6 bar + Pdrop Across LV 0.5 bar + min LV Outlet Pressure 3.5 bar = Total Source Pressure 10 bar Maximum လို့ယူဆတာသင့်တော်ပါတယ်။
BS 5041 အရ Landing Valve တွေအတွက် Pressure Preference 4.5 bar လို့သတ်မှတ်ထားတော့ BS 9990 အတိုင်း Design လုပ်မည်ဆိုပါက Building Height 50m အတွက် Static Head 5 bar + LV Outlet Pressure Provision 4.5 bar + Installation Pressure Losses = 12 bar လို့ယူဆလိုက်ပါက Installation Losses အတွက် Allowance 2.5 bar လောက်ကျန်နေပါသေးတယ်။ SS 575 အတိုင်း Design လုပ်မည်ဆိုပါက BI ကို Riser ရဲ့ vertical position နဲ့အနီးဆုံးအနေအထား PG 2 အဆောက်အဦးတွေမှာဆို 12m horizontal run ထက်မကျော်စေရဘူးလို့ သတ်မှတ်ထားပါတယ်။ တကယ်လို့သတ်မှတ်ချက်နဲ့ မလိုက်နာနိုင်တဲ့ အခြေအနေမှာဆိုရင် တော့ Hydraulic Calculation လုပ်ပြီးတော့ SCDF မှာ Consultantion Record မှတ်တမ်းယူတာမျိုးဖြစ်စေ လိုအပ်ရင် Waiver ယူတာမျိုးဖြစ်စေ Installation မလုပ်ခင်ကထဲက ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်။ Hydraulic Calculation လုပ်ရင် Design Flow (27 l/sec သို့ 38 l/sec) အလိုက် BI ကနေ Most Remote LV အထိ Total Pressure (Installation Losses တွေအပါအဝင်) 6 bar (60m head) အထိပဲခွင့်ပြုတာမို့လို Static Head (Most Remote ရဲ့ Elevation) 60m height အထိ Design လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ FHC လိုမျိုး Software ကိုသုံးပြီး တွက်ချက််မည်ဆိုပါက Landing Valve မှာဖြစ််မည့် Pressure Drop ကိုပါထည့်တွက်ပါက 760 l/min ( 760 x 3 LVs = 2280 l/min) မှာ 0.6 bar လောက် drop ဖြစ်ဖြစ်မှာဖြစ်ပြီး Most Remote LV မှာ အနည်းဆုံးရှိသင့်တဲ့ Outlet Pressure 3.5 bar အတွက်အပါအဝင် တွက်ချက်စဥ်းစားဖို့လိုအပ်ပြီး Maximum Source Pressure Allowance 10 bar ဆိုတဲ့အခြေအနေမျိုးယူဆရင်သင့်တယ်လို့သုံးသပ်နိုင်ပါတယ်။ Calculated Required Source Pressure သည် (Fire Engine အများစုဟာ 14 bar လောက်အထိကောင်းကောင်း perform လုပ်နိုင်စွမ်းရှိသော်လည်း SS CP 52 နှင့်ညှိသင့်တာမို့) 10 bar ထက်မကျော်သင့်ဘူးလို့ သုံးသပ်ပါတယ်။
ပုံတွေကတော့ FHC နဲ့ LV 1 လုံးကို အနည်းဆုံး 760 l/m @ min pressure 3.5 bar, Horizontal Run 25m နဲ့ယူဆတွက်ချက်ထားတဲ့ FHC Result ကိုပြပေးထားပါတယ်။ LV တစ်ခုထဲကို 2280 l/min (38 l/sec) နဲ့ယူတွက်ရင်ရောမရဘူးလားမေးစရာရှိပါတယ်။ တကယ့်လက်တွေ့ Fire Fighting တွေမှာရော SS Code ကိုးကားရာ BS Standard တွေအရကြည့်ရင် LV တစ်ခုထဲကနေ 2280 l/min ထုတ်သုံးနဲ့အယူအဆဟာ မသင့်ဘူးလို့ယူဆပါတယ်။ ဒီ FHC calculation မှာ LV ကို Globe Valve လို့ယူဆထားလို့ 65mm dia Globe Valve ရဲ့ Equivalent Length 21.64 m နဲ့ယူထားတာသတိပြုမိဖို့လိုပါတယ်။
မြန်မာပြည်သူပြည်သားအားလုံး ရန်သူမျိုးငါးပါး ကပ်သုံးပါးမှ ကင်းဝေးကြပါစေ။