Fog Light & DRL ရောင်းဝယ်ရေး

Fog Light & DRL ရောင်းဝယ်ရေး Fog Light & DRL supplier

10/06/2024

ယနေ့ခေတ် ကျွန်တော်တို့အားလုံးရဲ့ နေ့စဉ်သွားလာရေးမှာ မော်တော်ကားတွေကို များစွာအသုံးပြုလာတာကို သတိပြုမိကြမယ်ထင်ပါတယ်…
မော်တော်ကားသုံးစွဲမှုပိုမိုများပြားလာသလို နေ့စဉ်သတင်းစာတွေ ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ မော်တော်ကားနဲ့ပတ်သက်ပြီး မတော်တဆဖြစ်ပွားမှုတွေကိုလည်းနေ့စဉ်မြင်တွေ့လာရပါတယ်…
စစ်တမ်းတွေအရ မော်တော်ကားမတော်တဆဖြစ်မှုတွေဟာ သဘာဝပတ်ဝန်းကျင်ရဲ့ မတော်တဆမှုတွေထက် လူတွေရဲ့ပေါ့ဆမှုတွေကြောင့်ဖြစ်တာက ရာခိုင်နှုန်းပိုများပါတယ်…
တကယ်တော့ တစ်ချို့မတော်တဆမှုတွေမှာ အသက်အန္တရာယ်နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်ရတာဟာ မော်တော်ကားတွေပေါ်မှာ ပါဝင်တဲ့ အသက်ကယ်ပစ္စည်းတွေကို နည်းစနစ်တကျ မသုံးကြလို့ ဖြစ်တာက များပါတယ်…
ဒါ့ကြောင့် မော်တော်ကားတွေပေါ်မှာပါဝင်တဲ့ အသက်ကယ်ပစ္စည်းတွေအကြောင်းကို ဒီနေ့မှာ အနည်းငယ်ပြောပြပေးချင်ပါတယ်…
(၁) ဘရိတ်စနစ်
မော်တော်ကားတွေမှာ အခြေခံအကျဆုံးအသက်ကယ်ပစ္စည်းဟာ ဘရိတ်စနစ်ပဲဖြစ်ပါတယ်…မော်တော်ကားကိုမောင်းနှင်တော့မယ်ဆိုတာနဲ့ ကားရဲ့ ဘရိတ်စနစ်ကို အသေအချာ စစ်ဆေးသင့်ပါတယ်…ဒါမှသာ မတော်တဆမှုတွေဖြစ်တဲ့အခါ မိမိမောင်းနှင်တဲ့မော်တော်ကားကို တိတိကျကျနဲ့ အမြန်ဆုံး ထိန်းသိမ်းနိုင်မှာပဲဖြစ်ပါတယ်…
(၂) မီးစနစ်
မော်တော်ကားတွေရဲ့မီးစနစ်ဟာ တော်တော်ကိုအရေးကြီးတဲ့ အသက်ကယ်ပစ္စည်းတွေပါ…မိုးတွေအရမ်းသည်းတဲ့အခါ၊ မြူတွေအရမ်းကျတဲ့အခါ (သို့မဟုတ်) ညဘက်မောင်းနှင်တဲ့အခါ မတော်တဆမှုမဖြစ်ပေါ်စေဖို့ ကားမီးစနစ်ကာကွယ်ပေးပါတယ်…မီးစနစ်ထဲမှာ အချက်ပြမီးတွေလည်းပါဝင်ပါတယ်…ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအရ အချက်ပြမီးတွေကို စနစ်တကျသုံးမယ်ဆိုရင် မတော်တဆဖြစ်လာမယ့် ယာဉ်တိုက်ခြင်းတွေကို တော်တော်များများကာကွယ်နိုင်မှာ အသေအချာပါပဲ…
(၃) အသက်ကယ်အိတ်
မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အခါ အပြည့်အဝနီးပါးကာကွယ်ပေးနိုင်တာကတော့ မော်တော်ကားတွေပေါ်မှာ ပါဝင်တဲ့ အသက်ကယ်အိတ်တွေပဲဖြစ်ပါတယ်…ဒါကြောင့် မော်တော်ကားကိုအသုံးပြုပြီဆိုတာနဲ့ အသက်ကယ်အိတ်စနစ်တွေကို ကောင်းမွန်အောင်ပြုလုပ်ထားသင့်ပါတယ်…
(၄) ခါးပတ်
မော်တော်ကားထိုင်ခုံတွေမှာပါဝင်တဲ့ အသက်ကယ်ခါးပတ်တွေဟာလည်း သင့်ကို မတော်တဆမှုတွေကနေ ရာခိုင်နှုန်းတော်တော်များများ ကာကွယ်ပေးနိုင်ပါတယ်…အသက်ကယ်အိတ်တွေပြီးရင် ဒုတိယမြောက်ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းဖြစ်လို့ ကားတစ်စီးပေါ်စီးနင်းပြီဆိုတာနဲ့ ခါးပတ်ပတ်ဖို့မမေ့ပါနဲ့နော်…

မူရင်းရေးသားသူကို creditပေးပါသည်။


Honda Airwave 2008 and up, brand new DLAA fog light for salePrice 150,000/- Please contact CB for Wholesale price0943135...
28/03/2024

Honda Airwave 2008 and up, brand new DLAA fog light for sale
Price 150,000/-
Please contact CB for Wholesale price
0943135501


Honda Airwave 2008 နှင့်အထက်အတွက် DLAA brand fog lamp
12/02/2024

Honda Airwave 2008 နှင့်အထက်အတွက် DLAA brand fog lamp

Address

Yangon

Telephone

+959404449779

Website

Alerts

Be the first to know and let us send you an email when Fog Light & DRL ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share