Ac Dc တိုလိမုတ်စအရောင်းအဝယ်

  • Home
  • Myanmar
  • Yangon
  • Ac Dc တိုလိမုတ်စအရောင်းအဝယ်

Ac Dc တိုလိမုတ်စအရောင်းအဝယ် မဂ်လာပါ

🌿သည်းခံတယ်ဆိုတာ🌿~~~~~~~~~~~~~~~~~🥀အတိုင်းအတာ တစ်ခုအထိပဲသည်းခံဆိုတာ🥀အတိုင်းအတာထက်လွန်ကဲလာရင်🥀ဒေါသထွက်ပြီး မခံနိုင်တဲ့စိတ်...
30/04/2023

🌿သည်းခံတယ်ဆိုတာ🌿
~~~~~~~~~~~~~~~~~

🥀အတိုင်းအတာ တစ်ခုအထိပဲသည်းခံဆိုတာ
🥀အတိုင်းအတာထက်လွန်ကဲလာရင်
🥀ဒေါသထွက်ပြီး မခံနိုင်တဲ့စိတ်တွေနဲ့
🥀ပေါက်ကွဲပစ်လိုက်ဖို့ ပြောတာမဟုတ်ဘူး
🥀ဥပေက္ခာပြုလိုက်ဖို့ကိုပြောတာ။

🥀သူများနဲ့ ရန်ပြန်ခံဖြစ်တယ်ဆိုတာ
🥀ကိုယ့်ရဲ့စိတ်ကို သူနဲ့တန်းတူအောင်
🥀အောက်ချလိုက်ချင်းပဲဖြစ်တယ်။

🥀ကိုယ်ရဲ့ စိတ်ကို တစ်စုံတစ်ယောက်က
🥀ဝမ်းနည်းအောင်လည်း လုပ်လို့ရတယ်
🥀ဝမ်းသာအောင်လည်းလုပ်လို့ရတယ်
🥀စိတ်ဒုက္ခရောက်အောင်လည်း
🥀လုပ်လို့ရတယ်ဆိုရင်
🥀ကိုယ်ကသူများစိတ်နဲ့
🥀အသက်ရှင်နေတာဖြစ်သွားပြီ။

🥀ကိုယ့်ကိုတစ်စုံတစ်ယောက်က
🥀လာကဲ့ရဲ့တယ်ဆိုရင်
🥀ကိုယ်က ဘယ်လိုလူမျိုးလည်းဆိုတာ
🥀သူဘယ်လိုထင်ထင်
🥀သူကဘယ်လိုလူမျိုးလည်းဆိုတာက
🥀ပေါ်လွင်နေပြီ။

🥀ကိုယ့်ကို အပြစ်ပြောနေတဲ့သူတွေက
🥀အရမ်းကျေးဇူးတင်ဖို့ကောင်းတယ်
🥀သူတို့ပြောလိုက်မှ ကိုယ်မှားနေတယ်ထင်တဲ့
🥀အရာတွေကို ပြန်ပြီးပြုပြင်လို့ရတာပေါ့။

🥀သူ့ရဲ့အမှားတွေကို အပြစ်မပြောခင်
🥀ကိုယ့်မှာ အဲ့အမှားမျိုးရှိနေမလားဆိုတာ
🥀အရင်ပြန်ပြီး စဉ်းစားပါ
🥀သူများအမှားတွေကို လိုက်ပြီးမပြောခင်
🥀ကိုယ့်မှာ အမှားမရှိအောင် အရင်လုပ်ပါ။

🥀ကိုယ့်ကိုယ်ကိုယ် ယုံကြည့်မှုရှိရှိနဲ့နေတဲ့သူဟာ
🥀ကိုယ့်အလုပ်ကို
🥀အမြဲတမ်းအကောင်းဆုံးဖြစ်အောင်လုပ်တယ်
🥀ကိုယ့်ရဲ့လုပ်ဆောင်ချက်အပေါ်မှာလည်း
🥀အမြဲတမ်းစိတ်ကျေနပ်မှုရှိတယ်။
🥀ကိုယ့်စိတ်ကိုအမြဲတမ်းပျော်အောင်ထားတယ်
🥀စိတ်ကို ရှင်းရှင်းလင်းလင်းပဲထားတယ်
🥀သူတပါး ကဲ့ရဲ့တာတွေ
🥀ချီးမွမ်းတာတွေအပေါ်မှာ
🥀အချိန်ကုန်မနေဘူး။

🥀ခွင့်လွတ်တတ်တဲ့စိတ်ဆိုတာ
🥀လောကမှာ အရဲရင့်ဆုံး သတ္တိအရှိဆုံးပဲ။

🥀သူတပါးကို အနိုင်လိုချင်တဲ့စိတ်ဆိုတာ
🥀ကလေးလေးတစ်ယောက်ရဲ့ စိတ်ပဲ
🥀သူတပါးရဲ့အပြစ်တွေကို ပြောတတ်တဲ့သူဟာ
🥀ရင့်ကျက်မှု မရှိသေးတဲ့သူပဲ။

🥀ကိုယ့်ကို ဘယ်လိုလူစားလည်းလို့
🥀လာပြီးသတ်မှတ်တတ်တဲ့သူတွေဟာ
🥀သူတို့ကိုယ္သူတို့ အဲ့လိုလူစားဆိုတာကို
🥀ပြောပြလိုက်တာပါပဲ။

🥀ကိုယ့်ကို တိုက်ခိုက်လာတဲ့သူတွေကို
🥀ပြန်ပြီးတော့ မတုန့်ပြန်တာ
🥀ကြောက်တာလည်း မဟုတ်သလို
🥀အရမ်းကြီးရင့်ကျက်သွားတာလည်းမဟုတ်ဘူး
🥀တိတ်ဆိတ်ခြင်းရဲ့ အေးချမ်းမှုကို သိထားလို့။

Credit.....သို့လရိပ်လေး
မေတ္တာဖြင့် မျက်၀န်း ( စကားဝါမြေ )

18-10-2021

ကိုကို သိဖို့ စိတ်ကောက်တယ်ဆိုတာကိုကိုချော့တာ ခံချင်လို့...ရစ်တယ်ဆိုတာ ကိုကိုစိတ်ရှည်ရဲ့လား သိချင်လို့...နေရာတကာလိုက်ပြော...
24/02/2023

ကိုကို သိဖို့

စိတ်ကောက်တယ်ဆိုတာ
ကိုကိုချော့တာ ခံချင်လို့...

ရစ်တယ်ဆိုတာ
ကိုကိုစိတ်ရှည်ရဲ့လား သိချင်လို့...

နေရာတကာလိုက်ပြောတာ
မှားသွားမှာ စိတ်ပူလို့...

လိုက်လျောတယ်ဆိုတာ
အားလုံးထက် ဦးစားပေးလို့...

အလျှော့ပေးတယ်ဆိုတာ
ကိုကို ငြိုငြင်မှာကြောက်လို့...

သ၀န်တိုတယ်ဆိုတာ
အချစ်စစ်နဲ့ချစ်လို့...

ဂရုစိုက်တယ်ဆိုတာ
အဆုံးရှုံးမခံနိုင်လို့...

တန်ဖိုးထားတယ်ဆိုတာ
ကိုကို့ကို တွယ်တာမြတ်နိုးလို့...

ဆူတယ်မာန်တယ်ဆိုတာ
တခုခုလွဲသွားမှာစိုးလို့...

ချုပ်ချယ်တယ်ဆိုတာ
ဘယ်သူနဲ့မှ စိတ်မချလို့...

ခွင့်လွှတ်တယ်ဆိုတာ
သဲလေးတို့ လက်တွဲခိုင်မြဲဖို့...

သည်းခံတယ်ဆိုတာ
ဝေးရမှာကြောက်လို့...

နားလည်ပေးတယ်ဆိုတာ
လုံးဝ လမ်းမခွဲနိုင်လို့ပါ...

NNH

05/01/2023

တချို့အဆုံးသတ်တွေက
ကြိုသိပြီးသားပါ ...

ဒါပေမယ့်
​ပြောင်းလဲလာနိုးနိုးနဲ့
ရပ်စောင့်နေမိရုံပါပဲ ။

#ကျေးကို

05/01/2023

မိန်းကလေးတစ်ယောက်ရဲ့ ..
အဆင်ပြေပါတယ်ဆိုတဲ့
စကားရဲ့နောက်မှာ

အဆင်မပြေဘူးဆိုပြီး
မပြောချင်တော့တဲ့ အချိန်တွေရှိတယ်

#ကျေးကို

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ac Dc တိုလိမုတ်စအရောင်းအဝယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category