အေဝမ်း တာယာ၊ ဘတ္ထရီနှင့် အင်ဂျင်ဝိုင်ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • အေဝမ်း တာယာ၊ ဘတ္ထရီနှင့် အင်ဂျင်ဝိုင်ရောင်းဝယ်ရေး

အေဝမ်း တာယာ၊ ဘတ္ထရီနှင့် အင်ဂျင်ဝိုင်ရောင်းဝယ်ရေး Distribution Tyre/Battery&Engine Oil
(PUMA & MF & EP & GF & INDEX)09-977434330, 09-977434340,09-977434350/60

(22.05.2025)ရက်နေ့🎂🎂🎂 အေဝမ်းတာယာ မိခင်ကြီးအဖွားဒေါ်စန်းမေ ၏ (၈၅)နှစ်ပြည့် မွေးနေ့မင်္ဂလာရက်မြတ်၌ တပည့်သားသမီးများအား ဗလာ...
23/05/2025

(22.05.2025)ရက်နေ့🎂🎂🎂
အေဝမ်းတာယာ မိခင်ကြီးအဖွားဒေါ်စန်းမေ ၏ (၈၅)နှစ်ပြည့် မွေးနေ့မင်္ဂလာရက်မြတ်၌ တပည့်သားသမီးများအား ဗလာမပါငွေသားကံစမ်းမဲများ၊စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်လှူဒါန်းပါ၏။🙏

အေဝမ်းတာယာ မိခင်ကြီးအဖွားဒေါ်စန်းမေ သည်မွေးနေ့မင်္ဂလာရက်မြတ် မှ နောင်နှစ်ပေါင်းများစွာတိုင် သက်ရှည်ကျန်းမာ ချမ်းသာစွာဖြင့် သက်ကျော်ရာကျော်ရှည်ပါစေသား🙏
အေဝမ်းတာယာ ဝန်ထမ်းများမှမွေးနေ့ ဆုမွန်ကောင်းတောင်းပေးပါသည်ခင်ဗျာ။
🙏🙏🙏

29/04/2025

အိမ်စီးကားမောင်းရန်

Driver (၁)ဦး

-ရန်ကုန်မြို့တွင်းလမ်းအားကျွမ်းကျင်စွာမောင်းနှင်နိုင်သူ
-လိုင်စင်သက်တမ်းအနည်းဆုံး(2)နှစ်ရှိရမည်။
-Auto & Manual ကျွမ်းကျင်စွာမောင်းနှင်နိူင်သူ။
-နယ်ခရီးသွားနိုင်သူ(လိုအပ်မှသာ)
-အသောက်အစားကင်းရှင်းရမည်။
-တာမွေမြို့နယ်၊ဗဟန်းမြို့နယ်အနီးနေထိုင်သူ ဦးစားပေးမည်။
-လိုင်စင်(အနက်)
-လစာညှိနှိုင်း

လျှောက်ထားလိုသူများ
=ရုံးချိန် (8:00Am)မှ(5;00Pm)အတွင်း
Viber-(09969731936)သို့ CV Formပေးပို့လျှောက်ထားနိူင်ပါသည်။
အမှတ်(398-A)၊ဗညာဒလမ်း၊ကျောက်မြောင်းမီးသတ်ရှေ့၊တာမွေမြို့နယ် သို့လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။

Multi-grade Engine Oil မာလ်တီဂရိတ် အင်ဂျင်ဝိုင်🏁ဥပမာ xW-xx (0W-20, 0W-40, 5W-30, 10W-30, 5W-40, 10W-40, 15W-40, 20W-50,…...
28/04/2025

Multi-grade Engine Oil မာလ်တီဂရိတ် အင်ဂျင်ဝိုင်
🏁
ဥပမာ xW-xx (0W-20, 0W-40, 5W-30, 10W-30, 5W-40, 10W-40, 15W-40, 20W-50,…)
W ရှေ့မှာ ပါတဲ့ နံပတ်က အင်ဂျင်အေးနေတဲ့အချိန် စွမ်းဆောင်ရည် ကို ဆိုလိုတယ်။ ရေခဲမှတ်အောက် (၃၂ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် သုံညဒီဂရီ စဲလ်ဆီးယပ်စ် အောက်) မှာ အင်ဂျင်ဝိုင်ရဲ့ စီးဆင်းနှုန်း ကို အခြေခံ သတ်မှတ်တယ်။
W နောက် မှာ ပါတဲ့ နံပတ်ကတော့ ရေဆူမှတ် (၂၁၂ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၁၀၀ ဒီဂရီ စဲလ်ဆီးယပ်စ်) မှာ ရှိတဲ့ အင်ဂျင်ဝိုင်ရဲ့ စေးပျစ်အား၊ အပူချိန်အမြင့် နဲ့ ဖိညပ်အားတွေအပေါ် အင်ဂျင်ဝိုင်ရဲ့တုန့်ပြန်မှု တို့ ကို အခြေခံ သတ်မှတ်တယ်။
SAE grade 0W30, 5W30, 10W30 စတဲ့ အင်ဂျင်ဝိုင်တွေကို ယှဉ်ကြည့်မယ်ဆိုရင် အဲ့ဒီချောဆီ အားလုံးဟာ အပူချိန်အမြင့် မှာ တူညီတဲ့ စွမ်းဆောင်ရည် ရှိကြ ပြီး၊ (အင်ဂျင်) အေးတဲ့အချိန် စွမ်းဆောင်ရည်တွေ မတူကြဘူး ။
ထို့အတူပဲ SAE grade 0W16, 0W20, 0W30, 0W40 စတဲ့ အင်ဂျင်ဝိုင်တွေကို ယှဉ်ကြည့်မယ်ဆိုရင် အဲ့ဒီချောဆီ အားလုံးဟာ (အင်ဂျင်) အေးတဲ့အချိန် စွမ်းဆောင်ရည်တွေ တူကြပေမယ့် (အင်ဂျင်) အပူချိန်အမြင့် မှာ စွမ်းဆောင်ရည် အဆင့်တွေ ကွာခြားကြတယ်။
အင်ဂျင်ဝိုင်ထုတ်လုပ်ရာမှာ ထည့်သွင်းအသုံးပြုတဲ့ စေးပျစ်အားကို ပြုပြင်ပေးသော ဓါတ်ပစ္စည်း အကြောင်း ကို လာမယ့် ပို့စ် မှာ ဆက်လက်ဖေါ်ပြပါမယ်။
Credit အင်ဂျင်ဝိုင် စကားဝိုင်း

#အေဝမ်းတာယာ၊ဘတ္ထရီနှင့်အင်ဂျင်ဝိုင်ရောင်းဝယ်ရေး

22/04/2025

Always One Trading Co;Ltd

တွင်တာဝန်ထမ်းဆောင်ရန်

Driver (2)ဦး
-✅14ပေ Box carအထိမောင်းနှင်နိုင်သူ
✅-မြို့တွင်းလမ်းအားကျွမ်းကျင်စွာမောင်းနှင်နိုင်သူ
✅(တခါတရံနယ်ဝေးသွားနိုင်သူ
✅-လိုင်စင်သက်တမ်းအနည်းဆုံး(2)နှစ်ရှိရမည်။
✅-အသောက်အစားကင်းရှင်းရမည်။
✅-လိုင်စင်(အနက်)
✅-လစာညှိနှိုင်း

လျှောက်ထားလိုသူများ👮
=ရုံးချိန်🕗 (8:00Am)မှ(5;00Pm)အတွင်း
Viber-(09969731936 )သို့CV Form ပေးပို့လျှောက်ထားနိုင်ပါတယ်။
လူကိုယ်တိုင်လာရောက်
လျှောက်ထားလိုသူများလဲ
A-1တာယာ၊ဘတ္ထရီ၊အင်ဂျင်ဝိုင်ရောင်းဝယ်ရေးဆိုင်ခွဲများသို့ Cv များပေးပို့လျှောက်ထားနိုင်ပါတယ်။
လိပ်စာ-
(1).အမှတ်(398-A)၊ဗညားဒလလမ်း၊ကျောက်မြောင်းမီးသတ်ရှေ့၊
တာမွေမြို့နယ်
(2).အမှတ်(604)၊မောင်းမကန်ကမ်သာလမ်း၊(17)ရပ်ကွက်၊တောင်ဒဂုံ

🙏🙏🙏🙏🙏အေဝမ်းတာယာမိသားစုများနဲ့အေဝမ်းတာယာဝန်ထမ်းများယနေ့ ထိပ်တန်းသာမဏေကျော် စာသင်တိုက် နေ့ဆွမ်းဆည်းကပ် အလှူတော်🙏🙏🙏
27/03/2025

🙏🙏🙏🙏🙏အေဝမ်းတာယာမိသားစုများနဲ့အေဝမ်းတာယာဝန်ထမ်းများယနေ့ ထိပ်တန်းသာမဏေကျော် စာသင်တိုက် နေ့ဆွမ်းဆည်းကပ် အလှူတော်🙏🙏🙏

✴ အထူး  ✅  (10)Liter✅ တစ်ပုံး✅ 9000 ကျပ်ဖြင့် အေဝမ်း တာယာ၊ ဘတ္ထရီနှင့် အင်ဂျင်ဝိုင်ရောင်းဝယ်ရေး ဆိုင်ခွဲများမှာ ဝယ်ယူအား...
27/01/2025

✴ အထူး
✅ (10)Liter
✅ တစ်ပုံး
✅ 9000 ကျပ်ဖြင့် အေဝမ်း တာယာ၊ ဘတ္ထရီနှင့် အင်ဂျင်ဝိုင်ရောင်းဝယ်ရေး ဆိုင်ခွဲများမှာ ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ
Viber No.09984035156 သို့ဆက်သွယ်မှာယူနိုင်သလို
ဆိုင်မှာကိုယ်တိုင်ကိုယ်ကျဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ

ဆိုင်( 1 )
အမှတ် ( ၃၉၈-A)၊ဗညားဒလလမ်း၊ကျောက်မြောင်းမီးသတ်ရုံးရှေ့၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
☎= 09977434330
=09977434340

ဆိုင်ခွဲ( ၂ )
အမှတ် ( ၁၆၃)၊အနောက်မြင်းပြိုင်ကွင်းလမ်း၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့။
☎= 09940930339
ဆိုင်ခွဲ(၃)
အမှတ်(604)၊မောင်းမကန် ကမ်းသာလမ်း၊(၁၇) ရက်ကွက်၊ဒဂုံတောင်ပိုင်းမြို့နယ်၊ရန်ကုန်မြို့။
☎= 09969731936
ဆိုင်ခွဲ (၄)
အမှတ်(၁၅၈၉)၊လှော်ကားလမ်းမကြီး၊ ၅၇ရက်ကွက်၊ဒဂုံတောင်ပိုင်းမြို့နယ်၊ရန်ကုန်မြို့။
☎.09944622220.
09944622221

19/01/2025

#အေဝမ်းတာယာဘတ္ထရီနှင့်အင်ဂျင်ဝိုင်ရောင်းဝယ်ရေး
မန်နေးဂျင်ဒါရိုက်တာ
ဦးရဲထွန်း
မှ
အဖွင့်မှာစကား
ပြောကြားပေးခြင်း

19/01/2025

#အေဝမ်းတာယာဘတ္ထရီနှင့်အင်ဂျင်ဝိုင်ရောင်းဝယ်ရေး
💌 Staff Party 💌
✅ ဖွင့်ပွဲအခမ်အနား✅

အေဝမ်းတာယာ၊ဘတ္ထရီ နှင့် အင်ဂျင်ဝိုင်ရောင်းဝယ်ရေး၏ ၂၀၂၄ခုနှစ်အတွက်ပျော်ရွှင်စရာ Staff Party လေးကိုRoyal Green River Cruis...
19/01/2025

အေဝမ်းတာယာ၊ဘတ္ထရီ နှင့် အင်ဂျင်ဝိုင်ရောင်းဝယ်ရေး၏ ၂၀၂၄ခုနှစ်အတွက်
ပျော်ရွှင်စရာ
Staff Party လေးကိုRoyal Green River Cruise
ရဲ့သင်္ဘောကြီးပေါ် သာယာလှပတဲ့ရန်ကုန်မြစ်ကြီးနဲ့ အတူ အေဝမ်းမိသားစုများနှင့်အတူ ဝန်ထမ်းများ၊ဝန်ထမ်းမိသားစုများကပျော်ရွှင်စွာကျင်းပပြုလုပ် ခြင်းမှတ်တမ်းပုံရိပ်များ..........

🌻 Happy New Year 🌻နှစ်သစ်ဆုတောင်း 🙏🙏🙏မကြာခင်နှစ်ဟောင်းကုန်ပြီးနှစ်သစ်ကိုကူးပြောင်တော့မှာဖြစ်ပါတယ်.. လာမယ့် 2025 နှစ်သစ်မ...
31/12/2024

🌻 Happy New Year 🌻

နှစ်သစ်ဆုတောင်း 🙏🙏🙏

မကြာခင်နှစ်ဟောင်းကုန်ပြီးနှစ်သစ်ကိုကူးပြောင်တော့မှာဖြစ်ပါတယ်..

လာမယ့် 2025 နှစ်သစ်မှာ ပျော်ရွှင်ခြင်းတွေ ကိုယ်တိုင်ရှာဖွေစရာမလိုပဲရရှိပါစေ..

တကယ်လို့များ ပျော်ရွှင်ခြင်းဆိုတာ မရှိရင်တောင် ပူပင်သောကများကင်းဝေးပါစေ..

ကောင်းသော အတိတ် ကောင်းသောနိမိတ် တို့နဲ့ကောင်းသောစကားတို့ကိုသာ မြင်ရ ကြားရ ပြောရပါစေသား..

ချစ်ရပါသော မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးပဲ...

ကပ်ကြီးသုံးပါး ကင်းဝေးကြ ပြီး
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အလုပ်အကိုင် စီးပွားရေး‌တွေ
လည်း အဆင်ပြေချောမွေ့ကြပါစေလို့
#အေဝမ်းတာယာဘတ္ထရီနှင့်အင်ဂျင်ဝိုင်ရောင်းဝယ်ရေး မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ် 🙏🙏🙏

ယုံကြည်စိတ်ချစွာဖြင့် နှစ်ပေါင်းများစွာ အားပေးလာသော မိတ်ဆွေကြီးအား စိတ်တိုင်းကျ တပ်ဆင်များဆောင်ရွက်နေမှု မှတ်တမ်းပုံတောင...
08/12/2024

ယုံကြည်စိတ်ချစွာဖြင့် နှစ်ပေါင်းများစွာ အားပေးလာသော မိတ်ဆွေကြီးအား စိတ်တိုင်းကျ တပ်ဆင်များဆောင်ရွက်နေမှု
မှတ်တမ်းပုံ
တောင်ဒဂုံ၊လှော်ကားလမ်းမကြီး(တောင်ဒဂုံ၊လှော်ကားလမ်းမကြီး57)ဆိုင်ခွဲ
#အေဝမ်းတာယာဘတ္ထရီနှင့်အင်ဂျင်ဝိုင်ရောင်းဝယ်ရေး

  #ကားဘရိတ်ဆီကားရှိသူတိုင်း ကားအသုံးပြုသူတိုင်း Brake Fluid အကြောင်း သိထားသင့်ပါတယ်ကျွန်တော်တို့ ကားအသုံးပြုမယ်  ခရီးထွက...
03/12/2024


#ကားဘရိတ်ဆီ
ကားရှိသူတိုင်း ကားအသုံးပြုသူတိုင်း Brake Fluid အကြောင်း သိထားသင့်ပါတယ်
ကျွန်တော်တို့ ကားအသုံးပြုမယ် ခရီးထွက်မယ်ဆိုတိုင်း ကားကို ပုံမှန်ပြုပြင်တဲ့အခါတိုင်း ကားအင်ဂျင်ဝိုင် ယကားဂီယာဝိုင်တွေ ၊ ကားမှာပါတဲ့ Coolant တွေ ၊ ကားရဲ့ အောက်ပိုင်း ( Suspension) ပိုင်းတွေကို အထူးအလေးပေး စစ်ဆေးပြီး အင်ဂျင်ဝိုင်တွေလဲတာ ၊
ကားအောက်ပိုင်း ဘရိတ်ရှူးတွေလဲတာ အစရှိတဲ့ လိုအပ်ချက်တွေကို ပြုပြင်တတ်ကြပေမယ့်
ကားဘရိတ်စနစ်ရဲ့ အရေးကြီးဆုံး ဘရိတ်ဆီတွေကိုတော့ သေချာစစ်ဆေးပြီး အသစ်လဲလှယ်တာ
မရှိသလောက်ရှားပါတယ် ။
ဒီတခါမှာတော့ ကားမှာပါတဲ့ ဘရိတ်ဆီရဲ့
အရေးပါပုံ အကြောင်းသိသလောက်
ရှင်းပြ ပြောပြပါ့မယ်
ဘရိတ်ဆီဆိုတာဘာလဲ ?
ဘရိတ်ဆီ ဆိုတာကတော့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးပြောရရင် glycol-ether ဆိုတဲ့ Chemical ကိုအခြေခံပြီးဖွဲ့စည်းတည်ဆောက်ထားတဲံ ဟိုက်ဒရောလစ်ဆီ ( Hydraulic Oil ) တမျိုးပါပဲ ။
ကျွန်တော်တို့ လက်ရှိကားတွေမှာ အသုံးပြုနေကြတဲ့ Brake Fluid ( ဘရိတ်ဆီ) တွေကတော့ DOT 3 နဲ့ DOT 4 အမျိုးအစား ဘရိတ်ဆီတွေဖြစ်ပါတယ်
DOT ဆိုတဲ့ အဓိပ္ပါယ်ကတော့ အမေရိကန် နိုင်ငံက Department Of Transportation ကိုရည်ညွှန်းတာဖြစ်ပြီး သူတို့နိုင်ငံရဲ့ The Federal Motor Vehicle Safety Standards (FMVSS) နဲ့ အညီထုတ်လုပ်ထားတဲ့ Grade 3 ,4 အမျိုးအစား
ဘရိတ်ဆီတွေကို DOT 3 , DOT 4 လို့ခေါ်ဆိုတာယဖြစ်ပါတယ်။
ဥပမာအားဖြင့် ကားကို 100 Km လောက်နဲ့
မောင်းနှင်နေတဲ့အချိန် ရုတ်တရက်ဘရိတ်
Pedal ကို နင်းလိုက်တဲ့အခါ ဘရိတ် Pedal ကနေတဆင့် Master Cylinder ( ဘရိတ်ဆုံ) တွေ ၊
ABS Accumulator တွေကို တွန်းအားဖိအားတွေ
ဖြစ်စေပြီး အဲ့ဒီကနေတဆင့် ဘရိတ်ဆီတွေကို
ဘရိတ်ဆုံတွေထဲက ဘရိတ် Piston တွေဆီကို
အလျှင်မြန်ဆုံးနည်းနဲ့ အထစ်အငေါ့မရှိပေးပို့
ထပ်ဆင့် ဖိအားပေးမှသာ ကားက ဘရိတ်မိပြီး
ကားကို အချိန်တိုအတွင်း အရှိန်ထိန်းချုပ်နိုင်မှာပါ
ကမ္ဘာပေါ်မှာ မတူကွဲပြားခြားနားတဲ့ ဟိုက်ဒရောလစ်ဆီ (Hydraulic Oil ) အမျိုးအစားပေါင်းများစွာ ရှိတဲ့ အထဲကမှ ဘာကြောင့် ဘရိတ်ဆီတွေကို
သီးသန့်တီထွင်ဖန်တီးပြီး ကားတွေ/မော်တော်ဆိုင်ကယ်တွေမှာ အသုံးပြုရသလဲဆိုရင်တော့ ဘရိတ်ဆီဟာ အခြားဟိုက်ဒရောလစ်ဆီတွေနဲ့ မတူကွဲပြားခြားနားတဲ့ ဂုဏ်သတ္တိ တွေ ရှိဖို့လိုအပ်လို့ပါပဲ ။
ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိတွေကတော့
1- Viscosity (စေးပြစ်နှုန်း) တည်ငြိမ်ရပါမယ်
ပူတဲ့အချိန်မှာဖြစ်ဖြစ် ၊ အေးတဲ့အချိန်မှာဖြစ်ဖြစ်
ဘရိတ်ဆီရဲ့ စေးပြစ်နှုန်း မပြောင်းလဲဘဲ တည်ရှိရပါမယ် ဒါမှဘရိတ်ဖမ်းတဲ့အခါ ချောချောမွေ့မွေ့မြန်မြန် ဆန်ဆန် အလုပ်လုပ်နိုင်မှာပါ ။
2- Boiling Point (ရေဆူမှတ်) မြင့်မားရပါမယ်
ပုံမှန်အားဖြင့် ရေဟာ 100 ံC မှာ ဆူပြီး ၊ ဘရိတ်ဆီတွေ ရဲ့ ရေဆူမှတ်က DOT 3 မှာဆို 205 °C (401 °F) ရှိပြီး DOT 4 မှာဆိုရင်တော့ 230 °C (446 °F) လောက်ထိရှိပါတယ် ။
ဘရိတ်ဆီတွေဟာ ဒီလို ရေဆူမှတ်မြင့်မှလည်း
ဘရိတ်ဖမ်းလိုက်တဲ့အခါ တခုနဲ့ တခုပွတ်တိုက်ပြီး အပူချိန်မြင့်တက်လာမယ့် Brake Drum တွေ ၊
Brake Shoe တွေနဲ့ အတူတွဲဖက်အလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ။
3- Corrosion (သံချေးတက် ပွန်းစားမှု) သက်သာစေရပါမယ် ။ ဘရိတ်စနစ်မှာ ဘရိတ်ဆီနဲ့ အမြဲထိစပ်နေတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Brake Piston တွေ ၊ Master Cylinder တွေ ၊ ABS Control Valve တွေကို သံချေးတက်ပွန်းစားမှု မဖြစ်စေဖို့လည်းလိုအပ်ပါတယ် နောက် သံချေးတက် ပွန်းစားမှုတွေကို ဖြစ်စေမယ့် Moisture ဆိုတဲ့ ရေခိုးရေငွေ့တွေ ဒီဘရိတ်စနစ်ထဲ အမြောက်အများ တိုက်ရိုက် ၀င်မလာအောင်လည်း ကာကွယ်ပေးနိုင်ရပါမယ် ။
4- Compressibility (ဖိသိပ်ခံနိုင်မှု) တည်ငြိမ်ရပါမယ် အပူချိန်အမျိုးမျိုးပြောင်းလဲနိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေမှာ ဘရိတ်ဆီတွေရဲ့ ဖိသိပ်ခံနိုင်မှု တည်ငြိမ်ရပါမယ် ။ ဒါမှ ဘယ်လိုအခြေအနေမှာမဆို ဘရိတ်နင်းလိုက်တဲ့အခါ ဘရိတ် Pedal ရဲ့ အနေအထားတည်တည်ငြိမ်ငြိမ်ရှိမှာဖြစ်ပါတယ် ။
ဒီအချက်တွေက ဘရိတ်ဆီတွေမှာရှိရမယ့် ဂုဏ်သတ္တိတွေဖြစ်ပြီး ၊ DOT 4 အဆင့် ဘရိတ်ဆီက DOT 3 ထက် အပူချိန်ခံနိုင်ရယ် ၊ ဖိအားဒဏ်ခံနိုင်ရည်တွေ ပိုများပါတယ် ဒါကြောင့်နောက်ပိုင်းကားတွေမှာ DOT 4 Grade တွေကို သုံးစွဲလာကြတာဖြစ်ပါတယ် ။
ဒီ DOT 3 , 4 Grade ဘရိတ်ဆီတွေရဲ့ အားနည်းချက်တခုက ပတ်ဝန်းကျင်ထဲမှာရှိတဲ့လေထုထဲက ရေခိုးရေငွေ့တွေက ဘရိတ်ဆီထဲကို တဖြည်းဖြည်း ရောနှောဝင်ရောက်လာတာပါ ။ အချိန်ကြာလာတာနဲ့အမျှ ဘရိတ်ဆီထဲမှာ ရေခိုးရေငွေ့ တွေပါ၀င်လာပြီး ဘရိတ်ဆီတွေ ညစ်ပတ်လာပြီး ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိတွေ
ကျဆင်းလာတတ်ပါတယ် ။ ဒါကြောင့် ကမ္ဘာပေါ်က ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ကားတွေကို Km (32,000) ဒါမှမဟုတ် 2 နှစ်အကြာ မောင်းနှင်ပြီးတိုင်း ဘရိတ်ဆီတွေကို စစ်ဆေး လဲလှယ်ပေးသင့်ပါတယ်လို့ အကြံပြုပေးထားကြပါတယ် ။
အဲလို မလဲလှယ်ဘဲ အသုံးပြုနေမယ်ဆိုရင်တော့ ဘရိတ်ဆီတွေထဲ ရေခိုးရေငွေ့ပါ၀င်မှုများလာပြီး ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိတွေကျဆင်းလာကာ ဘရိတ်နင်းလိုက်တဲ့အခါ ဘရိတ်ပျော့ဆင်းသွားတာ ၊ ဘရိတ်ရှောသွားတာ ၊ ဘရိတ်မာပြီး မမိတာ ၊ ဘရိတ်နင်းလိုက်တဲ့အချိန် အသံထွက်တာ ၊ ဘရိတ် Piston တွေ ဂျမ်းဖြစ်တာ ၊ သံကြေးတက်တာ ၊ ဘရိတ်ဖမ်းလိုက်တဲ့ အချိန် ညှော်နံ့ထွက်တာ Master Cylinder တွေ ၊ ABS Accumulator တွေ အစရှိတဲ့ ဘရိတ်နဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေပျက်စီးပြီး ဘရိတ် ပြဿနာတွေ ကြုံတွေလာရမှာဖြစ်ပါတယ် ။
ဘရိတ်ပြဿနာဆိုတာ တကယ်တော့ ယာဉ်မောင်းသူနဲ့ ယာဉ်ကိုပါ အန္တရာယ်ရှိစေတဲ့ ပြဿနာပါပဲ ။
ယနေ့ကားဘရိတ်စနစ်တွေဟာလည်း ခေတ်မီဘရိတ်စနစ် တွေဖြစ်တာမို့ ဘရိတ်ဆီလဲလှယ်တဲ့နေရာမှာလည်း ဟိုးအရင်ခေတ်ဟောင်းနည်းတွေနဲ့ မတူဘဲ ဘရိတ်စနစ် ထဲမှာ လေခိုတာ ၊ လေကျန်တာမျိုးမဖြစ်ရလေအောင် ခေတ်မီ Diagnostic စက်တွေ နဲ့ Air Bleeding လုပ်တာ ၊ ဘရိတ်ဆီ သီးသန့်လဲလှယ်တဲ့ စက်တွေနဲ့ သေသေချာချာ စနစ်တကျလဲလှယ်မှ ဘရိတ်နဲ့ ပတ်သတ်တဲ့ အန္တရာယ်တွေ ပြဿနာတွေ ကင်းဝေးစေ
မှာဖြစ်ပါတယ် ။
ဒါကြောင့် ကားတစ်စီးလုံးစစ်ဆေး ပြုပြင်တဲ့အချိန်တိုငါး စတိမမူပဲ ကပ်ကျော် သွားတတ်တဲ့ မိတ်ဆွေ တို့ရဲ့
ယာဉ်နဲ့ ယာဉ်မောင်း သူတွေ လုံခြုံစိတ်ချရမှုရဲ့ အရေးကြီးဆုံး ၊ အရေးပါဆုံး ဘရိတ်စနစ်ရဲ့ ဘရိတ်ဆီတွေကို အမြန် ဆုံးစစ်ဆေးပြုပြင် လဲလှယ်ဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်ခင်ဗျာ။

#အေဝမ်းတာယာဘတ္ထရီနှင့်အင်ဂျင်ဝိုင်ရောင်းဝယ်ရေး

Address

398A, Banyardala Street, Zay St, 11211
Yangon
95

Opening Hours

Monday 08:00 - 06:00
Tuesday 08:00 - 06:00
Wednesday 08:00 - 06:00
Thursday 08:00 - 06:00
Friday 08:00 - 06:00
Saturday 08:00 - 06:00
Sunday 08:00 - 06:00

Telephone

+959977434330

Website

Alerts

Be the first to know and let us send you an email when အေဝမ်း တာယာ၊ ဘတ္ထရီနှင့် အင်ဂျင်ဝိုင်ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share