Moe Naung

Moe Naung Air-con install service/repairing. Refrigerator

22/11/2024

အရောင်တင်တယ်

08/11/2024

လိုအပ်ရင် အရှုံးပေးလိုက်ပါ
********************

စစ်သူကြီးတစ်ယောက်ဟာ စစ်တုရင်ကစားတာ အရမ်းတော်ပါတယ်။ ဘယ်သူကမှသူ့ကိုနိုင်အောင် မကစားနိုင်ပါဘူး။

တစ်နေ့ မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့ အတူစစ်တိုက်ထွက်လာရင်း ရွာလေးတစ်ရွာကို ဖြတ်ကျော်လာကြတော့•••
အဲ့ရွာကအိမ်သေးသေးလေးတစ်လုံးမှာ “တစ်နိုင်ငံလုံးရဲ့စစ်တုရင်ကစားရာမှာနံပါတ်တစ်”
ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတာ သွားတွေ့ကြတယ်။

စစ်သူကြီးဟာမယုံတဲ့အတွက်အိမ်ရှင်ကိုသွားရှာပြီး စစ်တုရင်ပြိုင်ကစားကြတာ အိမ်ရှင်က(၃)ကြိမ်လုံးရှုံးခဲ့တော့ စစ်သူကြီးက ရယ်မောပြီးပြောတယ်။

“ဟားဟား••• မောင်မင်း ဆိုင်းပုဒ်ကြီးဖြုတ်ပစ်လိုက်တော့” ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက်ထွက်သွားတော့တယ်။

မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကိုပြန်လာကြရာ အဲ့ဒိရွာကိုပြန်ရောက်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာထပ်တွေ့တယ်။

ဒါနဲ့ အိမ်ရှင်ကိုထပ်သွားတွေ့တော့နောက်ထပ်စိန်ခေါ်စကားပြောကြရင်းထပ်ကစားဖြစ်ကြတယ်။
ဒီတစ်ခါကျတော့••• စစ်သူကြီးက(၃)ပွဲလုံးဆက်တိုက်ရှုံးသွားတယ်။စစ်သူကြီး အရမ်းအံသြသွားတယ်။ အဲ့ဒါနဲ့ အိမ်ရှင်ကိုမေးတာ ဘာကြောင့်လည်းပေါ့။

အိမ်ပိုင်ရှင်ကပြောပြတာက•••
“အရင်အခေါက်တုန်းက အသင်စစ်သူကြီးမှာ စစ်ထွက်တိုက်ရမဲ့တာဝန်ကြီးရှိနေတယ်။ ကျွန်တော်မျိုးအနေနဲ့အသင်စစ်သူကြီးကိုစိတ်ဓါတ်ကျအောင်
စိတ်အားကို ချိုးပစ်လို့မသင့်ဘူး။

ဒီတစ်ခေါက်အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှိုထားစရာ မလိုတော့ဘူးပေါ့”
တကယ်တော်တဲ့သူဆိုတာ အနိုင်ရနိုင်သော်လည်း မလိုအပ်ဘဲ အနိုင်မယူခြင်းသည်••• သူတစ်ပါးရဲ့စိတ်ကို မြင့်တင်ပေးတတ်သော စိတ်သဘောထားကြီးတဲ့သူပါပဲ။

တစ်ခါတစ်လေ ကိုယ်က မလိုအပ်ပဲ အရှုံးပေးလိုက်ခြင်းသည် သူတစ်ပါးရဲ့ စိတ်ကို ပျော်ရွှင်မှု ပေးလိုက်ခြင်းပါ၊၊

ကိုယ်က သူကို အရှုံးပေးလိုက်ရင် သူပျော်သလို••• ကိုယ်လေး ပီတိဖြစ်တာပေါ့၊၊

လက်တွေ့ဘဝမှာလည်း အတူတူပါပဲ၊၊ သိနေလည်း မလိုအပ်ဘဲ ပြောစရာမလိုပါဘူး။ မပြောဘူးဆိုတာက မသိလို့လည်း မဟုတ်ပါဘူး။ သူကို ပျော်ရွှင်ချင်လို့ပါ၊၊

14/09/2024
14/09/2024
08/09/2024

.ေတြးပါ......
ကိုယ့် ဘဝကို ပြောင်းလဲစေမယ့်
အပြုသဘောဆောင်တဲ့ အတွေးမျိုး

ပြောပါ......
လောက ကောင်းကျိုး ရှိမယ့်
ယဉ်ကျေးပျူ ငှါ တဲ့ စကားမျိုး

ကြည့်ပါ......
အကောင်းလား အဆိုးလား
ကွဲပြား ခွဲခြား သိနိုင်မယ့် အမြင်မျိုး

ပြုံးပါ......
မာန်မာန ကင်းစင် ကောက်ကျစ်ခြင်း ရှင်းတဲ့
ကြည်လင် အေးမြတဲ့ အပြုံးမျိုး

ပေးပါ.....
ကိုယ့်အတွက် ဘာမှပြန်မမျှော်လင့်တဲ့
စေတနာ စစ်စစ်နဲ့ ကူညီခြင်းမျိုး

ရှောင်ပါ.......
ရှေ့မှာတစ်မျိုး ကွယ်ရာတစ်မျိုး
မျက်နှာ နှစ်ခုနဲ့ မိတ်ဆွေမျိုး

ချစ်ပါ.......
နှလုံးသားထဲက မွေးဖွားလာတဲ့
နားလည်မှုနဲ့ ချည်နှောင်ထားတဲ့ ချစ်ခြင်းမျိုး

နေပါ......
ကြွားဝါခြင်း ဟန်ဆောင်ခြင်း မရှိတဲ့
ရိုးရှင်း ဖြူ စင်တဲ့ ဘဝမျိုး

စွန့်ပါ......
သူတစ်ပါးကို စိတ်ညစ်အောင် လုပ်ပြီးမှ
ကိုယ်စိတ်ချမ်းသာ တတ်တဲ့ အကျင့်မျိုး

ကိုယ့် ဘဝကို
အပြောင်းအလဲ ဖြစ်အောင် လုပ်ချင်တဲ့ အခါ
အတွေးအခေါ်တွေကို
အရင်ဦးဆုံး ပြောင်းလဲပစ်လိုက်ပါ

ဘာဖြစ်လို့လဲ ဆိုတော့
လုပ်ရပ်တိုင်းက
စဉ်းစား တွေးခေါ် ခြင်းက
ဆင်းသက်လာတာ ဖြစ်လို့ပါပဲ...

crd

Address

Yangon

Telephone

+959450290968

Website

Alerts

Be the first to know and let us send you an email when Moe Naung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share